Switch Mode

Chapter – 20

သဘာဝလွန်ပါရမီ

Chapter – 20 သဘာဝလွန်ပါရမီ

ချန်ရှန်ဟာ ဆေးဖက်ဝင် အမှုန်များ အခဲအဖြစ် ပြောင်းလဲမှု ဖြစ်စဉ်ကို စောင့်ကြည့် နေတယ် ။
“ဖုန်း”
အလွန်ကျယ်တဲ့အသံဟာ နဲ့အတူ ချီဓာတ်များ မီးဖိုမှ ထွက်လာပါတော့တယ် ။ ချန်ရှန် လျင်မြန်စွာ နောက်ဆုတ်လိုက်ပါတယ် ။ ဆွံ့ အလျက် ချွေးတွေလည်း ကျောမှာ စိုရွှဲလျက် ပါ။
“ဟူး . . .၊ မီးဖို ပေါက်ကွဲသွားပြီ”
“မင်း အဆင်ပြေရဲ့ လား”
စုမေးယိုက သူ့ ဆံပင်များအား သပ်လျက် မေးလိုက်ပါတယ် ။
“ကျွန်တော် အဆင်ပြေပါတယ် ။”
ချန်ရှန် အသက်ရှူဖို့ ကြိုးစားရင်း ပြောလိ်ုက်ပါတယ် ။ ထို့ နောက် စိတ်လျော့ ချလိုက်ရင်း မီးဖိုများ ဘာဖြစ်သေးလဲဟု ကြည့်ရှုရာ အံ့သြစွာပါပဲ ၊ သုံးလို့ ရနိုင်လောက်အောင် ကောင်းသေးလျက်ရှိနေပါတယ် ။ စုမေးယို နှုတ်ခမ်းမှ လှပသော အပြုံးလေးပြုံးကာ အားပေးလိုက်တယ် ။
“ဆက်လုပ်ပါ ၊ ဒါ ဖြစ်လေ့ဖြစ်ထရှိပါတယ်”
စုမေးယိုရဲ့ လှပပြီးဆွဲဆောင်မှု ရှိလှတယ့် အပြုံးလေးကို ကြည့်ရင်း ချန်ရှန် နှလုံးသား ပျော့ခွေသွားပါတယ် ။ စိတ်ကိုလျော့ ချပြီး ခဏမျှ အနားယူကာ ဆေးပင်တွေ ထပ်ယူ လိုက်ပါတယ် ။
တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီလောက်ကြာပြီးနောက်မှာတော့ ချန်ရှန် နောက်ဆုံး အဆင့် ကို ပြန်လည်ရောက်ရှိပြန်ပါပြီ ။ ကျရှုံးပြန်ပါတယ် ။ ကံကောင်းစွာပဲ ပထမအကြိ်မ်က လို ပေါက်ကွဲမှုတော့ မဖြစ်တော့ပါဘူး ။ချန်ရှန် သက်ပြင်းချပြီး ပြောလိုက်ပါတယ် ။
“ဆေးလုပ်ရတာ တော်တော် ခက်တာပဲ ၊ ခုဆေးပင်တွေ တစ်စုံစာပဲ ကျန်တော့တယ် ။ ခုအောင်မြင်အောင်လုပ်ဖို့ တစ်ကြိမ်ပဲ အခွင့်ရေးရှိတော့တယ်”
ချန်ရှန်မျက်နာပေါ်က ချွေးတွေကို ကြည့်ရင်း စုမေးယို သူ့ ဆီသို့ လာတော့တယ် ။ မျက်နာသုတ်ပဝါ အစိုလေးတစ်ထည်ကို ပေါ်ရင် ပြောပါတယ် ။
“ကောင်လေး ၊ မင်းရှေ့ မှာ ခုရပ်နေတယ့် ငါဟာ မှော်ကျောက်ဖရုံဆေးလုပ်တုန်းက မီးဖို ပေါက်ကွဲမှု အကြိမ်များစွာ ဖြစ်ခဲ့တယ် ။ ဒါကြောင့်မင်းလည်း ဖြစ်မှာပါပဲ ၊ ငါ့ခန့်မှန်းချက် အရဆိုရင် မင်းအောင်မြင်ဖို့ အနည်းဆုံး နောက်ထပ် အကြိမ် ၂၀ လောက် ကြိုးစား ရလိမ့် ဦးမယ်”
စုမေးယိုရဲ့ ညှို့ ဓာတ်ပါလှတယ့် မျက်လုံးများကို စိုက်ကြည့်ရင်း ချန်ရှန် ပြာယာခတ် နေ ပါတော့တယ် ။ သူမရဲ့ ညှို့ ဓာတ်ကြောင့် သူ သွေးတက်နေပြီလေ ၊ ဒီ ချိန်မှာပဲ သူ့ စိတ်ထဲ သူမရဲ့ ကိုယ်လုံးတီးပုံရိပ်ကို မြင်ယောင်ကာ စိတ်တွေ ပူလောင်လျက် ရှိနေတော့တယ် ။
“ဘယ်လို ၊ အကြိမ် ၂၀ ဟုတ်လား ၊ မဖြစ်နိုင်လောက်ဘူးဗျ ၊ ကျွန်တော့မှာ အဲလောက် သုံးဖို့ ပိုက်ဆံမရှိဘူး”
ချန်ရှန်ပြန်ပြောလိုက်ပါတယ် ။ သူခေါင်းတွေခါလျက် ခုနက သူ့ စိတ်ထဲ ပေါ်နေတယ့် ပုံရိပ်တွေကို မေ့ပစ်ဖို့ ကြိုးစားနေပါတော့တယ် ။ ချန်ရှန်စိတ်ကို နည်းနည်းရိပ်မိနေတယ့် အတွက် စုမေးယိုဟာ ချစ်စဖွယ် ပုံစံဖြင့် သူမ၏ ရင်အုံများကို အနည်းငယ်လှုပ်ခါလျက် ရှိနေပါတော့တယ် ။
“ကောင်လေး ၊ မင်းရဲ့ စိတ်ဆင်ရိုင်းတွေက ငါ့ကိုကျော်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ၊ မင်းရဲ့ အတွေးတွေက မင်းရဲ့ စီနီယာ အမအပေါ် သာယာနေရင် မင်းကံဆိုးမှုတွေပဲ ရလိမ့်မယ်”
ရုတ်တရက် သွေးဆာပြီး ရက်စက်တယ့် ချီဓာတ်တွေပြည့်နေတယ့် ချောမောလှပသော ဘိုင်ယုယုတစ်ယောက် ချန်ရှန်ရဲ့ စိတ်ထဲပေါ်လာပါတယ် ။ သူရယ်မိတယ် ။ သူဟာ စုမေးယိုရဲ့ တခစ်ခစ်ရယ်သံနဲ့ အတူ ဖြစ်ပေါ်နေတယ့် အလှကို အကြည့်မလွှဲ နိုင်ခဲ့ဘူး ။ လှပလှတယ့် စုမေးယိုရဲ့ မျက်နာမှာ အပြုံးပန်းတွေ ပွင့်နေလေတော့တယ် ။
ဒါပြီးနောက်မှာတော့ ချန်ရှန်ဟာ တစ်နာရီကျော်လောက် နားနေလိုက်ပါတယ် ။ အဲဒိနားနေချိန်မှာတော့ စုမေးယိုရဲ့ သူမကြုံတွေ့ ခဲ့ရတယ့် ဒီ မှော်ကျောက်ဖရုံဆေးလုပ် တုန်းက အကြောင်းအရာတွေကို နားထောင်နေတာလည်း ဖြစ်ပါတယ် ။ချန်ရှန် အနားယူ ပြီးတယ့် အခါမှာတော့ နောက်တစ်ကြိမ်ဆေးလုပ်ဖို့ ကြိုးစားပါတော့တယ် ။ ဒီတစ်ခါမှာ တော့ စစချင်းအဆင့်များပြုလုပ်တာဟာ ၂ ဆလောက်မြန်နေပြီလေ ။ တစ်နာရီခွဲ လောက် ကြာတယ့်အခါမှာတော့ နောက်ဆုံး အခဲလုပ်တယ့် အဆင့်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ် ။
စုမေးယိုရဲ့ မျက်လုံးတွေ တဖိတ်ဖိတ် တောက်ပလျက် စောင့်ကြည့်နေပါတယ် ။ သူမ အထင်ကတော့ ချန်ရှန် ဒီလောက်မြန်မြန်လုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပါ ။ ဒါပေမယ့် အောင်မြင်သွားပြီ ။ ဒါကြောင့် စုမေးယိုဟာ ဒီကောင်လေးရဲ့ ဆေးပညာပါရမီကို လုံးဝ လေးစားသွားရပါတော့တယ် ။ ဒီချိန်မှာ သူမဟာ ချန်ရှန်နဲ့ပတ်သက်ပြီး တစ်ခုစဉ်းစား မိနေပါတယ် ။
“အမတော် ၊ ညီမတို့ရဲ့ နတ်အတွင်းအားပေးတာ လူရွေးမှန်သွားတယ် ။ ဒီကောင်လေးက ညီမတို့ ကို စိတ်မပျက်စေဘူးနော်”
ကွင်းလေးအတွင်းမှ စုမေးယိုက ဘိုင်ယုယုအား နတ်အတွင်းအားအာရုံကို အသုံးပြုကာ လှမ်းပြောလိုက်ပါတယ် ။
“ဒါက နည်းနည်းပို ကောင်းရုံပါ”
ဘိုင်ယုယုက အေးစက်စက်ပဲ ပြန်ပြောတယ် ။ စုမေးယိုကတော့ ကျေနပ်ကာ ပြုံးမိနေပါ တယ် ။ ခဏကြာပြီးနောက်မှာတော့ ချန်ရှန် သူ့ မျက်လုံးတွေ ဖွင့်လိုက်တယ် ။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ပေါ့ ၊ အိုးအဖုံးကို လှပ်လိုက်တယ် ၊ အထဲမှာ ဘာရှိလဲဆိုတာကို တွေ့ ပြီးနောက်မှာတော့ ၊ သူ စုမေးယို ဆီသို့ စိတ်လှုပ်ရှားမှုဖြင့် ကြည့်ကာ –
“အမတော် မေးယို ၊ ကျွန်တော် လုပ်နိုင်ပြီ ။မှော်ကျောက်ဖရုံဆေးကို လုပ်နိုင်ပြီဗျ”
ဘိုင်ယုယု ကွင်းအတွင်းမှ ထွက်လာပါတယ် ။ ဒီအချိန်မှာ စုမေးယို မျက်နာဟာလည်း အံ့အားသင့် ပျော်ရွှင်လျက်ပါ ။ ဒီလိုထူးခြားတယ့် ပါရမီကို မြင်တယ့်အခါ အရမ်းပျော်ရွှင် ပြီး သူတို့ရဲ့ မျှော်လင့်ချက်အားလုံး ကို ချန်ရှန်အပေါ်ယုံကြည်စွာ ပုံအပ်ထားလျက်ပါ ။ သာမန်အားဖြင့် ဒီမှော်ကျောက်ဖရုံဆေးကို လုပ်လျှင် တစ်ချိန်တည်း ၃ လုံးရရမှာ ဖြစ်ပြီး ခုချန်ရှန်ကတော့ ၂ လုံးသာလျှင် ရရှိခဲ့ပါတယ် ။ သို့ သော်လည်း ဒီလို တစ်ရက်ထဲနဲ့ အောင်မြင်တာဟာပဲ တော်တော်အံအား သင့်စရာပါ ။
ဒီလိုအရာကို လုပ်နိုင်တာဟာ တော်တော်ကြီး ပါရမီထူးကဲလို့ပါ ။ ဒီလိုနည်းနည်းလေး ကြိုးစားရုံဖြင့် ချန်ရှန်ဟာ ဆေး ကို သဟဇာတဖြစ်အောင် ဘာတွေလိုအပ်လဲဆိုတာကို သိလာတာပါ ။ စုမေးယိုချန်ရှန်ရဲ့ ဆံပင်များကိုပွတ်သပ်ကာ ရယ်လျက် ပြောပါတယ် ။
“တော်တယ် ကောင်လေး ၊ မင်းငါတို့ ကို စိတ်မပျက်စေဘူးပဲ”
စုမေးယို စကားကို နားထောင်ပြီး ဘိုင်ယုယုကလည်း ခေါင်းညိမ့်လျက် အသိအမှတ် ပြု ပါတယ် ။ အေးစက်တယ့် သူမမျက်လုံးတွေတောင် ပျော့ပြောင်းနေသယောင်ပါပဲ ။ မိန်းမလှ ၂ ယောက်က ဒီလို သူ့ ကို အထူးကို ချီးမွမ်းခန်းဖွင့်နေတယ့် အတွက် သူ့ ကိုယ်သူ တော်တော် ဂုဏ်ယူမိနေတယ် ။ ဒါပေမယ့် သူဒီတစ်ကြိမ် အော်မြင်တာ မှန်ပေမယ့် အမြဲတမ်းအောင်မြင်မယ်လို့ မဆိုလိုသေးပါဘူး ။
ဒီလို ဂုဏ်ယူမိတာနဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေကို လျော့ချပစ်မှာ မဟုတ်ပါဘူး ။ သူဒီမြေအောက် ကိုယ် ပိုင်အခန်းထုက မထွက်ခင် ဆေးအချို့ လုပ်ချင်နေသေးတာပါ ။ သူထွက်လာတယ့်နောက်မှာတော့ ကောင်မလေးတစ်ယောက် ခရမ်းရောင်စကပ်ကို ၀တ်လျက် အခန်းငယ်ထဲ ထိုင်နေတာကို တွေ့ လိုက်ရပါတယ် ။
ပုံစံကတော့ ဆွေကြီးမျိုးကြီးထဲမှဖြစ်ပြီး ခဏအကြာမှာပဲ ချန်ရှိစိတ်ထဲသိလိုက်ပါတယ် ။ ထို့နောက် စိတ်သိပ်မကြည်သောလေသံဖြင့် –
“ရှန်းရှန်း ၊ မင်းဒီကို ဘယ်လိုရောက်နေတာလဲ”
ရွှီရှန်းရှန်း လည်း ချန်ရှန်ကိုကြည့်ကာ ပြောလိုက်ပါတယ် ။
“ဘယ်လို ၊ ကျွန်မ အကိုတော်ကို မရှာရဘူးလား ။ ကောင်းပါပြီ ၊ အကိုတော်ကအရွယ် ရောက်ပြီဆိုတော့ အကိုတော်ကပဲ ကျွန်မကို ပြုစုစောင့်ရှောက်ရမှာပေါ့ ဟုတ်တယ်မ လား ။ ဘာလို့ ကျွန်မကပဲ အကိုတော်အတွက် အမြဲတမ်းလာနေရတယ့်လူပဲ ဖြစ်နေတာလဲမသိ ၊ ဟက် ! နောက်ပြီး တခြားလူတွေရှေ့ မှာလည်း ဟာသလုပ်ခံရတယ်”
ချန်ရှန် စိတ်ကသိကအောက်ဖြင့် ခေါင်းကုတ်လိုက်ပါတယ် ။ တကယ်တော့ သူ ကောင်မလေးဆီ သွားချင်တာပါ ။ ဒါပေမယ့်လည်း ဆေးပညာလေ့ကျင့်ဖို့က တကယ်ကို အရေးကြီးနေလို့ဖြစ်ပါတယ် ။ သူလည်း ရှန်းရှန်း ဆီသို့ ဖြေးညင်းစွာ လျှောက်သွားပြီး သူမမျက်နာလေးကို ကိုင်လိုက်ပါတယ် ။ ကောင်မလေးလဲ ရှက်သွေးဖြာမှုကြောင့် မျက်နာများ ရဲလျက်ရှိနေတယ် ။
“ရွှီရှန်းရှန်း ၊ ငါတကယ်ကို တောင်းပန်ပါတယ် ။ ငါဆေးပညာကိစ္စတွေနဲ့ အရမ်း အလုပ်များ နေလို့ပါ ။ ငါ့တောင်းပန်မှုအဖြစ် ဒါကို လက်ခံပေးပါ ။”
ချန်ရှန် ဆေး အမည်းလေး ၂ လုံးပါတယ့် သေတ္တာလေးကိုထုတ်လိုက်ပါတယ် ။ ဒါခုနက သူလုပ်ခဲ့တယ့် မှော်ကျောက်ဖရုံဆေး လေးတွေပါ ။ ရွှီရှန်းရှန်းသေတ္တာလေးကို ဖွင့်ပြီး နူးညံ့တယ့် အသံလေးနဲ့ –
“မှော်ကျောက်ဖရုံဆေးးးး ! ဒါကို တကယ်ပဲ အကိုတော် လုပ်တာလား . . .”
ချန်ရှန်ပြုံးလျက် ပြန်ပြောလိုက်တယ် ။
“ငါကံကောင်းလို့ လုပ်နိုင်သွားတာပါ ။ နောက်ထပ်ကုန်ကြမ်းလည်းမရှိတော့ဘူး ၊ ထပ်ဝယ်ဖို့ ပြင်ဆင်နေတုန်းပါ ။ ဒါပေမယ့် ခု ဆေးပင်ခန်းမကို ယောင်မိသားစု ပိုင်သွားပြီ၊ ငါသူတို့ ဆီက ၀ယ်ရင် အချိန်အများကြီးပေးရပြီး ဈေးကလည်း #$#$^*& . . .၊ ငါ့ကို ဆေးပင်တွေဝယ်ဖို့ ကူညီပေးနိုင်မလား”
ကောင်မလေးခေါင်းထဲ ဖြတ်ကနဲ တွေးမိလိုက်တယ် ။ သူမ၏ မျက်နာနဲ့ ပုံစံဟာ တင်းမာလာပြီး ပြန်ပြောလိုက်တယ် ။
“သေချာတာပေ့ါ ။ဒါပေမယ့် အကိုတော်ချန် ဒီအသက်အရွယ်နဲ့ ဒီဆေးလုပ်နိုင်တာ တော်တော် အံ့သြမိတယ်”
ရွှီရှန်းရှန်း လေသံကို ပြန်လျော့ချလိုက်ပြီး ထပ်ပြောပါတယ် ။
“အကိုတော် ၊ အကိုတော် သိုင်းပညာဂိုဏ်းကို မကြာခင် ၀င်နိုင်မယ် ။ နောက်ပြီး သိုင်းပညာ အထွှဍ်အထိပ် ရောက်နိုင်မယ်”
ချန်ရှန်ခေါင်းညိမ့်လျက် ပြန်ပြောပါတယ် ။
“ငါ့မှာ အစီစဉ်ရှိပါတယ် ။ ဒါပေမယ့် ခုတော့ လုံလောက်တယ့် အတွင်းအားမရှိသေးဘူး ၊ ရှန်းရှန်း မင်းကိုအဲဒိဂိုဏ်းက အဖွဲ့ ဝင်လာခေါ်တာလား”
ကောင်မလေး သက်ပြင်းချပြီး ပြန်ဖြေလိုက်တယ် ။
“၎င်းက ဂိုဏ်းတစ်ခုမဟုတ်ဘူး ၊ လူတစ်ယောက်ပဲ ၊ သူမက ကျွန်မတို့ ရွှီမျိုးနွယ်ရဲ့ အလေးထားခြင်းခံရတယ် ။ နောက်ပြီးကျွန်မကိုသဘောကျတယ် ။ သူ့ ပညာသင်အဖြစ် ရှိစေချင်တာပါ ။ သူမဟာ သိုင်းပညာဂိုဏ်းတစ်ခုက ဖြစ်ပုံပဲ ဒါပေမယ့် သူမဟာ သူ့ ကိုသူ နဲ့ပတ်သတ်ပြီး သေသေချာချာ ပြောလေ့မရှိဘူး ။
“ကျွန်မသူနဲ့ လိုက်မယ် ၊ ပြီးရင်တော့ . . . .”
ရွှီရှန်းရှန်း စကားစကို ရပ်လိုက်ပါတော့တယ် ။
“ကိစ္စ မရှိပါဘူး ၊ ဒါက သိုင်းပညာရှင်တိုင်းရဲ့ ပန်းတိုင်ပဲလေ ၊ ကြာလာရင် ငါလည်း ရောက်လာမှာပါ”
ချန်ရှန်ပြောလိုက်ပြီးနောက် ငွေစ ၁၀၀၀၀ ကို ထုတ်လိုက်ပြီးနောက် ကောင်မလေးကို ပေးလိုက်ပါတော့တယ် ။ ငွေကိုယူပြီးနောက် ရွှီရှန်းရှန်းမှ –
“ဒီမှော်ကျောက်ဖရုံဆေးက ကျွန်မအတွက် အခုမလိုသေးပါဘူး ၊ ဒါကြောင့် ကျွန်မ ဒါကိုရောင်းပြီး ဆေးပင်တွေနဲ့ လဲခဲ့မယ် စောင့်နေဦးနော် မြန်မြန်ပြန်လာခဲ့မယ်”
ကောင်မလေး ထွက်သွားပြီးနောက် ချန်ရှန် ရေမြန်မြန်ချိုးလိုက်တယ် ။ သူပြီးတယ့်အခါ အဖြူရောင်ဝတ်ရုံဝတ်ဆင်လျက် အရွယ်ရောက်နေတယ့် ကောင်မလေး ရွှီရှန်းရှန်း ပြန် ရောက်နေတာ တွေ့ လိုက်ရတယ် ။ သူသာတကယ်လို့ ဘိုင်ယုယုနဲ့ စုမေးယိုတို့လို မိန်းမလှ မျိုးနဲ့ မကြုံတွေ့ ခဲ့ပါက ဒီကောင်မလေး အလှမှာ ကျရှုံးစေလောက်ပါတယ် ။
မိန်းမလှလေး ရွှီရှန်းရှန်းဟာ ဘဲဥပုံမျက်နာရှိပြီး မိတ်ကပ်လုံးဝ မလိမ်းပါဘူး ၊ အသားရေက ၀င်းပဖြူစင်ကာ နူးညံ့လှပါတယ် ။ ကောင်မလေး က ချန်ရှန်အား ဖီးနစ်ငှက် ၏ မျက်လုံးများဖြင့် အလားတူသော မျက်လုံးများဖြင့် ပြုံးပြပါတယ် ။ သူမရဲ့ ကျက်သရေ ရှိလှတယ့် ပုံရိပ်ကြောင့် အပြစ်ဒဏ်ကျတော့ မလိုတောင် ခံစားမိစေပါတယ် ။ ဒီမျက်လုံးများရဲ့ စွမ်းအားကြောင့် သူမဟာ နတ်ဘုရားတွေကိုပင် အထင်မှားစေကာ စစ်ပွဲ တွေ ဖြစ်စေရလောက်သည်ထိ ဖြစ်စေနိုင်ပါတော့တယ် . . . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset