Switch Mode

Chapter – 19

မှော်ကျောက်ဖရုံဆေး

Chapter – 19 မှော်ကျောက်ဖရုံဆေး

ယောင်တျန်းဟွာရဲ့ အံ့သြထိတ်လန့်မှုများ သူ၏ မျက်နာတွင်အထင်းသားပင် ။ ချန်ရှန်ရဲ့ ဆေးပြုလုပ်ခြင်း နည်းပညာကြောင့် တုန်လှုပ်လျက်ရှိတယ် ။ ဒီကမ္ဘာမှာ သူ့ လို ငယ်ရွယ် ပြီး အလွန်တော်တယ့် ဆေးဆရာမျိုး နောက်ထပ်ရှိမယ်လို့ မတွေးမိခဲ့ဘူး ။ ချန်ရှန် ကိုယ်ငြိမ်းဆေး ၅ လုံးကို ထုတ်လိုက်တယ် ၊ ထို့ နောက် သကြားလုံးစားသလို သူ့ ပါးစပ် အတွင်းသို့ ထည့်ဝါးလိုက်ကာ ယောင်တျန်းဟွာ အား ပြုံးလျက်ကြည့်ကာ –
“ကဲ ခု ငါ့ကို မှော်ကျောက်ဖရုံဆေးအတွက် လိုအပ်တာတွေ ပေးတော့နော်”
ကောင်းမွန်လှတယ့် ဆေးတွေကို အေးဆေးစွာ ဝါးနေသည့် ချန်ရှန်ကိုကြည့်ရင် လူတိုင်း ပါးစပ် အဟောင်းသားဖြင့် ချန်ရှန်၏ အစွမ်းကို အံ့သြနေကြပါတယ် ။ ဆေးကို သာမန် အကြော်တစ်ခုကြော်သလို လွယ်ကူစွာ ပြုလုပ်ချက်က သူတို့ ကို ကြီးစွာ တုန်လှုပ်မှု ဖြစ်စေပါတယ် ။
ဆေးပင်ခန်းမက လူကြီးဟာ လက် ၂ ဖက်မြောက်ကာဖြင့် ဆေးပင်သုံးစုံကို ချန်ရှန် ဆီ ပေးလိုက်ပါတယ် ။ထို့ နောက် အံ့အားသင့်စွာဖြင့် မေးလိုက်ပါတယ် –
“မင်းက မှော်ကျောက်ဖရုံဆေး လုပ်မလို့ လား”
“အရာအားလုံးအတွက် ပထမဆုံး အကြိမ်ဆိုတာဟာ အမြဲဆိုးသွမ်းတယ့် အရာတော့ မဟုတ်ဘူး ၊ ခင်ဗျားရဲ့ ဆေးပင်ခန်းမဟာ ဒီလို ဆေးတွေရဲ့ ဈေးတွေ ကြီးမြင့်နေလွန်း တယ် ။ ကျွန်တော်အခု ကိုယ်ပိုင်ဆေးတွေ လုပ်တော့မယ်”
ချန်ရှန် ဆေးပင်တွေယူကာ ပြန်လှည့်လာပါတော့တယ် ။ တံခါးဝသို့ ရောက်တယ့်အခါ သမင်လည်ပြန်ကြည့်ကာ ယောင်တျန်းဟွာ ကို ပြောလိ်ုက်ပါတယ် ။
“ယောင်ဆေးဆရာရေ ၊ ရက်အနည်းငယ်ကြာရင် ငါတို့ ဆေးပညာပြိုင်ပွဲ စမယ်နော် ၊ အဲဒိအချိန်ကျရင်တော့ ဒီထက်လောင်ကြေးမြင့်မယ်လို့ မျှော်လင့်တယ် ။ ဒါဟာ ပြိုင်ပွဲ တစ်ခု ဖြစ်တယ့်အတွက် ဒီထက်ပို ကျယ်ပြန့်ပြီး ပျော်စရာကောင်းသင့်တယ် ။ ငါ့ဘက်က လည်း လောင်းကြေးမြှင့်ပေးမှာပါ ။ မင်း မတတ်နိုင်ရင်တော့ ၊ ငါနဲ့ လာမပြိုင်နဲ့တော့”
ချန်ရှန် ဒီလို မခံချိမခံသာဖြစ်အောင်ပြောပြီး ခန်းမထဲမှ ထွက်လာပါတယ် ။ ခန်းမထဲရှိ လူများကတော့ သူ့ အကြောင်းကိုသာ ပြောဆိုနေကြပါတော့တယ် ။ ဒီလို နှစ်တစ်ထောင် မြက်နဲ့ လောင်းကြေးထပ်တာဟာပဲ တော်တော်ကို ကြီးမားတယ့် အလောင်းအစားတစ်ခုဖြစ်ပြီး ဒါတောင်မှ နောက်တစ်ခါထပ်မြင့်မယ်ဆိုရင်တော့ . . .၊ ယောင်တျန်းဟွာ လှေကားပေါ် ပြန်မတက်ခင်ထိကို တော်တော် ဒေါသတွေ ထွက်နေခဲ့ပါ တော့တယ် ။
ခန်းမထဲတွင် အသံများ တစ်ယောက်တစ်ပေါက်ထွက်ပေါ်နေလျက်ပါ ။
“သူ့ အသက်က ၁၆ နှစ်ပဲရှိသေးတယ် ၊ မှော်ကျောက်ဖရုံဆေးလုပ်ဖို့ မဖြစ်နိုင်ဘူး . . . .”
ချန်ရှန်ရဲ့ သရုပ်ဆောင်ချက်နဲ့ အကြံဉာဏ်ဟာ တော်တော်ကို ကောင်းပါပေတယ် ။ ခုတော့ ဆေးအတွက် လိုအပ်တယ့် ဆေးပင် သုံးစုံကို အလကားရခဲ့ပြီ ။ သ်ိပ်မကြာခင်မှာ သူ မှော်ကျောက်ဖရုံဆေး လုပ်တော့မှာ ဖြစ်ပါတော့တယ် ။
“ကောင်ဆိုးလေး ၊ သေချာလည်းပြန်ဦး”
စုမေးယိုရဲ့ ပြောစကားပါ။
“တခြားအရာတွေနဲ့ ယှဉ်ရင် ဆေးပညာက တကယ်ပျင်းဖို့ကောင်းတယ် ၊ မင်းစဉ်းစားဦးနော်”
ဘိုင်ယုယုရဲ့ ခနဲ့တဲ့တဲ့ အသံ ထွက်ပေါ်လာပါတယ် ။ ဒီလိုကြားရတယ့်အခါ ချန်ရှန် နည်းနည်း တုန်လှုပ်သွားတယ် ။ ဘိုင်ယုယုက ပြိုင်ဘက်ကင်းတယ့် မိစ္ဆာနတ်အတွင်းအား ကို လေ့ကျင့်ထားတယ့် လူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူ သိတယ်လေ ။ ရုတ်တရက်ပဲ သူမရဲ့ မိစ္ဆာသိုင်းတွေကို ထပ်တောင် မလေ့ကျင့် ချင် တော့ပါဘူး ။
ချန်ရှန် ချန်မိသားစု ရဲ့ အိမ်တော်ကို ပြန်လာခဲ့ပါတယ် ။ သူ့ အဖေကို နှုတ်ဆက်ပြီးနောက် ရွှီရှန်းရှန်းတို့ သားအဖ မြို့တော်ခန်းမ တည်းခိုဆောင်မှာ တည်းနေတာကို သိခဲ့ပါတယ် ။ ဒါတင်မကသေး ဝိုဟူမြို့ က မျိုးနွယ်တော်တော်များများကလည်း သူတို့ ကိုမကြာခဏ တည်းခိုင်းနေပါသေးတယ် ။ ဒါကြောင့် ရွှီရှန်းရှန်း အဖေမှာ အဆက်အသွယ် များစွာရှိတာပဲ ဖြစ်ပါတယ် ။
ချန်ရှန် ဟာ လျို့ ဝှက်တယ့် မြေအောက် ကျောက်တုံး ခန်းကို လာခဲ့တယ် ။ မှော်ကျောက် ဖရုံဆေးကို လုပ်ဖို့ သူပထမဆုံး အရမ်းအာရုံစိုက်ဖို့ လိုပါတယ် ။ စိတ်အနှောက်အယှက် ဖြစ်လို့ မရပါဘူး ။ အိတ်ကိုဖွင့်လိုက်တယ့်အခါ စုမေးယိုဟာ သူမ၏ လှပနူးညံ့သော လက်များဖြင့် ဆေးပင်များအား ထိကာ ကျေနပ်ဟန်ဖြင့် –
“နှစ်ငါးဆယ် သွေးဂျင်စင်း ၊ နှစ်ငါးဆယ် ဝိဉာဉ်တော် သစ်ရွက်မြက် ၊ နူးညံ့တယ့် သဘာဝ အသီး နဲ့ ယန်ဓာတ် မီးပန်း ၊၊ ဒီလေးခုရဲ့ အရည်သွေးတွေ ကောင်းမွန်တယ် ။
ချန်ရှန် အဖြူရောင် အသီးတစ်ခုကို ကောက်ယူလိုက်ပြီး ၎င်းက သစ်ကြားသီး အရွယ် ရှိပါတယ် ။ ထို့ နောက် နေကြာပန်းလို ပန်းလေးတစ်ပွင့်ကို ကောက်ယူလိုက်တယ် ။ဒါတွေကတော့ နူးညံ့တယ့် သဘာဝ အသီးနဲ့ ယန်ဓာတ် မီးပန်း တို့ ပဲဖြစ်ပါတယ် ။ ၎င်းတို့ ဟာ ဈေးအလွန်ကြီးပြီး နှစ် ဒါဇင်ပေါင်းများစွာ ကြီးထွားဖို့ စိုက်ပျိုးကြရတာပါ ။
စုမေးယိုနဲ့ ဘိုင်ယုယု တို့ ဟာ နေ့ တိုင်း ကွင်းလေးထဲမှာ မနေချင်ကြပါဘူး ။ ဒါကြောင့် သူတို့ ထွက်လာနိုင်လို့ ရတယ့် အခွင့်အရေး ရှိချိန်မှာ ထွက်လာကြပါတော့တယ် ။ အဲ လိုအချိန်တွေမှာ သူတို့ ဟာ သူတို့ ရဲ့ ပျင်းရိမှုတွေကို ချန်ရှန်ကို စကားတွေ ပြောခြင်းဖြင့် ဖြေဖျောက်ကြပါတော့တယ် ။
ချန်ရှန်ကလည်း အဲလို အချိန်တွေကို သဘောကျပါတယ် ။ ဒီလို လှပတယ့် မိန်းမလှ ၂ ယောက်နဲ့ အတူရှိပြီး စကားလက်စုံကျမယ့် မည်သူမဆို ပျော်ရွှင်ကျေနပ်စရာကောင်းနေ မှာပါ ။ ဒီလို မိန်းမလှလေး ၂ ယောက်နဲ့ အတူရှိနေခြင်းဟာ တကယ်ကို ထူးခြားတယ့် အခွင့်အရေးကြီးပါပဲ ။
“အမတော် မေးယို ၊ ကျွန်တော် နဂါးတံတွေး ကျင့်စဉ်ကို လုပ်ပြီး ဒီကျောက်ဖရုံပင်ကိုစိုက်မယ်ဆို ဘယ်လောက်လောက်ကြာမယ်လို့ ထင်လဲဗျ”
ချန်ရှန် မေးလိုက်ပါတယ် ။ ဒီမှော်ကျောက်ဖရုံပင်ဟာ ရှင်သန်ကြီးထွားဖို့ နှစ် ဒါဇင်ပေါင်းများစွာ လိုအပ်မယ်ဆိုတာကို သူသိပါတယ် ။
စုမေးယို မျက်လုံးလေးများဝိုင်းလျက် ပြန်ဖြေပါတယ် ။
“ခန့် မှန်ခြေ ၁၀ ရက်လောက်တော့ကြာလိမ့်မယ် ။ မင်းကအခု အဆင့် ၆ ပညာရှင် ဆိုတော့ အရင်ကထက် ပိုပြီး နဂါးတံတွေးရဲ့ စွမ်းအားတွေကို ရရှိမှာပါ ။”
နှစ်ပေါင်းများစွာ စိုက်ရမယ့် ဆေးပင်ကို ၁၀ ရက်ထဲနဲ့ပေါ့ ၊ ဒါဟာ ချန်ရှန်ကို တော်တော် အံ့သြသွားစေပါတယ် ။ စုမေးယိုက ဆက်လက်ကာ –
“ခုစလုပ်တော့ ၊ ဒီဆေးပင်ပြုလုပ်နေတုန်း မင်း အချက် ၂ ချက်အပေါ် ဂရုပြုဖို့ လို တယ် ။ ပထမတစ်ခုက – ဆေးပြုလုပ်ဖို့ ဆေးပင်တွေ အများကြီးလိုမယ် နောက်ပြီး ဆေးပင် တစ်ခုချင်းဆီက မီးလျံကို ခံနိုင်တယ့် စွမ်းအားတွေမတူညီဘူး ၊ မင်းရဲ့ မီးလျှံတွေကို သေချာစနစ်တကျ ထိန်းချုပ်ပြီး တစ်ခုကို လုပ်နေချိန် တခြားအပင်တွေကို မလောင်အောင် ဂရုပြုရမယ် ။ နောက် ဒုတိယ အချက်ကတော့ – ဆေးကို ခဲမယ့် အချိန် ရောက်ရင် အဲဒိအချိန်မှာ မင်းဟာ ဆေးရဲ့ အနစ်သာရ ကို နားလည်ရမယ်”
ချန်ရှန် စကားလုံးတစ်ခုချင်းဆီကို သေချာမှတ်ထားပါတော့တယ် ။ ထို့ နောက် သူ မလှမ်းမကမ်းမှာရှိနေတယ့်မိန်းမလှဘက်လှည့်ကာ မေးလိုက်တယ် ၊
“အမတော် ယုယု ၊ အမတော် ကွင်းထဲကို ကျေးဇူးပြုပြီး ပြန်သွားနိုင်မလား ၊ အေးစက်တဲ့ ချီဓာတ်တွေ အမတော်ကိုယ်က ထွက်နေတယ့်အတွက် ကျွန်တော့ မီးတောက် ထိန်းချုပ် ရတာ ခက်ခဲလို့ပါ”
ဘိုင်ယုယုရဲ့ ပုံစံက ချက်ချင်းပဲ ပိုမို အေးစက်သွားသလိုပါပဲ ၊ ဒါကြောင့် ချန်ရှန်လည်း ခပ်မြန်မြန်ပင် ထပ်ပြောပါတယ် ။
“အမတော် ယုယု ၊ အမတော်ကတကယ်ကို လှပပါတယ် ။ အဲဒါကြောင့် ကျွန်တော် မှင်သက်နေမှာဆိုးလို့ အမတော်ကို ပြန်ဝင်ခိုင်းတာပါဗျ”
စုမေးယိုလည်း ဒီစကားတွေကြောင့် ဆက်တိုက်ကို ရယ်မောနေပါတော့တယ် ။
“လှပတယ့် င့ါအမရေ ၊ ဒီကောင်လေးကို ဗွေမယူနဲ့တော့ ၊ သူဆေးတွေ ကောင်းကောင်း လုပ်ပါစေတော့”
ကွင်းလေးထဲမ၀င်ခင် ဘိုင်ယု က ချောင်းတစ်ချက် ဟန့်သွားပါသေးတယ် ။ ချန်ရှန်ဟာ မှော်ကျောက်ဖရုံဆေးကို စလုပ်ပါတော့တယ် ။ ၎င်းဆေးတစ်လုံးကိုရောင်းလျှင်ပင် ငွေစ ၅၀၀၀ လောက်ရရှိနိုင်မှာ ဖြစ်ပါတယ် ။ ဆေးပင်ခန်းမရဲ့ ဈေးနှုန်းကြီးမြင့်ပုံမျိုးဖြင့် ဆိုလျှင်တော့ သူတို့ ငွေစ ၁၀၀၀၀ လောက်ကို ရောင်းမှာဖြစ်ပါတယ် ။ ဒါဟာတကယ်တော့ ငွေစအသေး တစ်သန်းလောက်နဲ့ကို ညီမျှနေပါပြီ ။
ဆေးပင်တွေကို မီးဖိုထဲထည့်ပြီးတယ့် အခါမှာတော့ ချန်ရှန် သူ၏ မီးတောက်များကို စထုတ် လွှတ်ပါတော့တယ် ။ တဆက်တည်းမှာပင် မီးတောက်တွေကို ထိန်းချုပ်ကာ ဖြင့် မီးဖိုထဲထည့်ပါတယ် ။ တစ်နေရာဆီမှ အပူချန်ဟာလည်း ကောင်းမွန်သည့် မီးတောက် များကြောင့် အမျိုးမျိုး ပြောင်းလဲလျက်ရှိနေပါတယ် ။ မှော်ကျောက်ဖရုံဆေးအတွက် လိုအပ်တယ့် ဆေးပင်တွေကို အသုံးပြုရန် မလွယ်ကူပါ ။ ဆေးပင်တစ်ခုချင်းဆီရဲ့ သွင်ပြင်ကို ဆုပ်ဖမ်းနိုင်ပြီး သူတို့ ရဲ့ မီးတောက်ခံနိုင်ရည်စွမ်းအင်ကို အသိအမှတ်ပြုဖို့ တစ်နာရီကျော်လောက် ကြာသွားပါပြီ ၊ ဒီအချိန်မှာ အရောင်စုံလှတယ့် ချီဓာတ်တွေ ဟာ မီးဖိုမှ ထွက်လာပါတယ် ။ ဒီဓာတ်တွေကတော့ ဒီဆေးပင်တွေကို စစ်မှန်သော မီးလျံများ သုံးကာ ဖုတ်ခြင်းကြောင့်ဖြစ်လာတာပါ ။
ဆေးပင်တွေဟာ ဆေးဖက်ဝင် အမှုန့်များအဖြစ်သို့ တဖြည်းဖြည်း ပုံပြောင်းလာကြပြီး ချန်ရှန်ရဲ့ နတ်အတွင်းအား အာရုံများဟာလည်းဆေးဖက်ဝင်အမှုန်များ ပတ်လည်တွင် ဖြည်းညင်းစွာ လှည့်နေပါတော့တယ် ။ဒီအချိန်မှာပဲ ဆေးဖက်ဝင် အမှုန့် များနဲ့ ထွက်နေတယ့် ဆေးဖက်ဝင် ချီဓာတ်များဟာ ပေါင်းစပ်သွားကြပါတော့တယ် ။ ခုတော့ ဆေးအဖြစ်ခဲမယ့် အဆင့်ကို အောင်မြင်စွာ ရောက်ရှိခဲ့ပါပြီ ။
အရာအားလုံး ကောင်းမွန်စွာ အဆုံးသတ်ပြီး ခုနောက်ဆုံးအဆင့် ရောက်တယ့်အချိန်မှာ ချန်ရှန် တကယ်ကို ချွေးပြန်ပါပြီ ။ ဒီဆေးဖက်ဝင် ချီဓာတ်များဟာ သဘာဝအားဖြင့် ကြမ်း တမ်းလှပါတယ် ။ မတူညီတယ့် အမျိုးအစားများကို အတူတကွ ပေါင်းစပ်ဖို့က ခက်ခဲလှပါတယ် ။
“ဒီဆေးကို မခဲခင် နတ်အတွင်းအားအာရုံတွေ အလုံလောက်ရှိဖို့ လိုအပ်တယ် ။ ဒီ ဆေးဖက်ဝင် ချီ ဓာတ်တွေဟာ ထိန်းချုပ်ဖို့ အတော်ခက်ခဲတာပဲ”
ချန်ရှန်စဉ်းစားမိနေတာဖြစ်တယ် ။ သူ ဟာ အာရုံစိုက်ကာ နတ်အတွင်းအား အာရုံတွေ ကို ထုတ်လွှတ်နေပါတယ် ၊ ဒီအရောင်စုံလှတယ့် ချီဓာတ်တွေဘက်လှည့်ကာ ထုတ်လွှတ်နေခြင်းဖြစ်ပြီး ၎င်းတို့ တစ်ခုနဲ့တစ်ခု ပေါင်းစပ်ရန် ဖြစ်ပါတယ် ၊ ထို့ နောက်မှာ တော့ ၎င်းချီဓာတ်တွေဟာ အမည်းရောင်အဖြစ် ပြောင်းသွားပြီး မီးခိုးရောင်အမှုန့် အဖြစ် စတင် ပေါင်းစပ်လာကြပါတယ် ။
“ငါအောင်မြင်ရမယ်”
ချန်ရှန် နှလုံးသားထဲ ဒီအတွေးတစ်ခုပဲရှိပါတယ် ။ ဆေးဖက်ဝင် အမှုန်များနှင့် ဆေးဖက် ၀င်ချီဓာတ်များဟာ တဖြည်းဖြည်း ပေါင်းစပ်နေကြတယ် ။ သို့ သော် သူ့ နတ်အတွင်းအား အာရုံဟာ ၎င်းတို့ ကို ဆေးအဖြစ် ခဲသွားစေရန် လုံလောက်တယ့် စွမ်းအား မရှိဘူးလို့ သူ့ ကိုယ်သူ ခံစားလိုက်မိပါတော့တယ် . . . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset