Switch Mode

Chapter – 18

ပထမဆုံးထိပ်တိုက်ရင်ဆိုင်မှု

Chapter – 18 ပထမဆုံးထိပ်တိုက်ရင်ဆိုင်မှု

နတ်လက်နက်တွေ တဲ့လား ၊ နတ်ဘုရားတွေ သုံးတယ့် လက်နက်တွေပေါ့ ။ အရမ်းကို စွမ်းအားကြီးမားမှာပဲ ၊ ဒါတင်မကသေး လေးခုတောင်ရှိမှာ ၊ ပြောခဲ့တယ့် အကြောင်းအရာ တွေကို ကြားရတာတော့ ဒီ နတ်လက်နက် လေးခုဟာ တော်တော်ကြီး အတိုင်းမဆမရှိတယ့် စွမ်းအင်တွေ ရှိမယ့်ပုံပါပဲ ။ ဘိုင်ယုယုက ၀င်ပြောပါတယ် ။
“ဒီလက်နက်လေးခုဟာ နတ်အတွင်းအား သင်္ကေတ ၄ ခုနဲ့ အတူ မွေးဖွားလာတာပဲ ဖြစ်တယ် ။ ငါတို့ရဲ့ ဆရာက ဒီနတ်လက်နက်တွေ ပျောက်ဆုံးသွားတာဖြစ်တယ် ။ နောက် ပြီး နတ်အတွင်းအား သင်္ကေတ လေးခုကို လေ့ကျင့်တယ့် သူသာလျှင် ဒီ သားရဲနတ်လက်နတ် တွေကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်နိုင်မှာဖြစ်တယ်”
စုမေးယိုက သူမလက်တွေကို သုတ်လိုက်ရင်း ထပ်ပြောတယ် ။
“ငါ ဒီနတ်အတွင်းအားသင်္ကေတလေးခု ကျင့်စဉ်ကို လေ့ကျင့်ခဲ့ပေမယ့် ဒီလက်နတ်တွေ ရှာချင်တယ့် ရည်ရွယ်ချက်မရှိဘူး ၊ ငါစိတ်မ၀င်စားလို့လဲ ဖြစ်တယ် ။”
ချန်ရှန်နဲ့ မိန်းမလှ ၂ ယောက် အချိန်တစ်ခုထိ စကားလက်ဆုံကျ နေကြပါတယ် ။ ဒီဆွေးနွေးမှုကြောင့် သူဟာ သိုင်းလောကအကြောင်း ပိုမိုသိရှိလာရတယ် ။ ချန်ရှန် သူ့ အဖေဆီက ငွေစကြီး ၁၀၀၀၀ ယူကာ ဆေးပင်ခန်းမကို လျင်မြန်စွာ ထွက်လာခဲ့တယ်။ သူဟာ အလယ်လတ်တန်းစား ဆေးပင်ကို စ စိုက်ချင်နေပြီလေ ။ ဒါဟာ ယောင်မျိုးနွယ် ပါရမီရှင်ကို ရှုံးနိမ့်စေရုံသာမက သူ့ ခွန်အားတွေကိုလည်း လျင်မြန်စွာ တိုးစေဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ် ။
“ဘယ်လို ၊ ဈေးတွေ သုံးဆ တက်သွားတယ် ဟုတ်လား”
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားကာ ဆေးပင်ခန်းမရဲ့ လူကြီးကို ကြည့်လိုက်ပါတယ် ။ ဆေးပင်ခန်းမသခင်က မုတ်ဆိတ်မွှေးများကို ငြင်သာစွာ ပွတ်ကာဖြင့် ပြန်ပြောပါတယ် –
“ဒါပုံမှန်ဈေးပဲ ၊ မင်းတစ်ခုခုမကျေနပ်လို့ မေးမယ်ဆို ပိုင်ရှင်ကို သွားပြောလေ”
ဆေးပင်ခန်းမ ပိုင်ရှင်! အရင်က သူနဲ့ ဆုံခဲ့ဘူုးတယ် မဟုတ်လား ၊
“ဒီနေ့ကစပြီး ချန်မျိုးနွယ်က မည်သူမဆို ဘာဆေးလာဝယ်ဝယ် တန်ဖိုးရဲ့ ငါးဆပဲ”
မာနကြီးပုံရတယ့် အသံတစ်ခု ကြားလိုက်ရပါတယ် ။ ချန်ရှန်သိလိုက်ပါတယ် ၊ ဒီအသံဟာ ယောင်တျန်းဟွာ အသံပါပဲ ။ ဆေးပင်ခန်းမပိုင်ရှင်ဟာ မမျှော်လင့်ပဲ ယောင်မျိုးနွယ် ပိုင် ဖြစ်သွားပါပြီ ၊ ၀ယ်လိုက်ကြတာပါပဲ ။
ဆေးပင်ခန်းမကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်လာတယ် ၊ လူတိုင်းက လှေကားမှ ဆင်းလာတယ့် ဆက်ကျော်သက် လူငယ်ကို ကြည့်နေကြတယ် ။ သူဟာ တော်တော် ချောမောကာ ကြည့်ကောင်းလှပါတယ် ။ တော်တော်ကောင်းတယ့် ရွှေရောင် ပိုးဖဲဝတ်စုံကို ၀တ်ဆင်ထားကာ သူ့ နောက်မှာလည်း အသက်ကြီးကြီး လူ ၂ ယောက် စူုးရှ တယ့်အကြည့်တွေနဲ့ ရပ်နေကြပါတယ် ။ သူ၏မျက်လုံးများတွင် မာနကြီးမှုများ အပြည့် ၊ လူတိုင်းကို ကြည့်ပြီး နောက် ချန်ှရှန်ဆီ ရောက်တယ့်အခါ ရပ်သွားပါတော့တယ် ။
ဒါကတော့ ယောင်မျိုးနွယ်ရဲ့ ပါရမီရှင် ယောင်တျန်းဟွာ ပဲဖြစ်ပါတယ် ။ ဝိုဟူမြို့ ထဲမှာ ဆေးပင်ရောင်းတာ ဒီခန်းမ တစ်ခုပဲရှိပါတယ် ။ သူတို့ ဈေးကိုတော့ ပြောပြီးသွားကြပြီ ၊ ၀ယ်မ၀ယ်ပဲ ရှိပါတော့တယ် ။ ခုတော့ ဒီဆေးပင်ခန်းမ တစ်ခုလုံးကို ယောင်မျိုးနွယ်က ထိန်းချုပ်ထားပါပြီ ။ မနာလိုမှုတွေပြည့်နေတယ့်ပုံစံနဲ့ ယောင်တျန်းဟွာ ချန်ရှန်ဆီ လာနေ ပါတယ် ။
“မင်း မှော်ကျောက်ဖရုံဆေး လုပ်ဖို့ ဆေးပင်လာဝယ်တာလား ၊ နောက်ပြီး ဒီအပင်တွေကို မင်းက ဆေးလုပ်မယ်ပေါ့”
ယောင်တျန်းဟွာ အထင်သေးပုံနဲ့ ပြောနေတာပါ ။
“အဲတော့ ဘာဖြစ်လို့တုန်း ၊ ဒီကမ္ဘာမှာ မင်းတစ်ယောက်ပဲ ဆေးပညာရှင် ဖြစ်တယ်လို့ ထင်နေတာလား”
ချန်ရှန် လှောင်ပြောလေးပြောလိုက်ပါတယ် ။
“မင်းက ချီမီးလျံ ထုတ်တာ မဆိုးဘူး ကြားတယ် ။ ဒါပေမယ့် ဒါကို မင်းဆေးပင်တွက် အသုံးပြုလို့ရမယ်မထင်ဘူး ၊ ဆေးပညာအတွက်က မီးတောက်ဟာ အန္တရာယ်ကြီးတယ်။ နောက်မင်းလို ကြမ်းကြုတ်တဲ့လူမျိုးက ဆေးလုပ်ရင် ကမ္ဘာကြီးမှာ ဆေးပညာရှင်ဆိုတာ တောင် ရှိဦးပ မလားပဲ”
ယောင်တျန်းဟွာ ခနဲ့တဲ့တဲ့ ပြန်ပြောပါတယ် ။
ချန်ရှန်စိတ်ထဲ အတွေးတစ်ခုဝင်သွားတယ် ။ အကြံတစ်ခု ဖြတ်ခနဲ ရသွားပါတယ် ။ ထို့ နောက် ရယ်ကာဖြင့် –
“ယောင်ပါရမီရှင်ရေ ၊ ဒီလူက တစ်ကယ့်ကို ကြမ်းကြုတ်တာပါ ၊ဒါပေမယ့် ဆေးပညာတော့ နားလည်တယ်နော် ၊ ငါတို့ လောင်းမလား၊ မင်းငါနဲ့ လောင်းဖို့ ကြောက်ပြီး ရှက်နေတာလား”
ယောင်တျန်းဟွာ ရယ်ကာဖြင့် –
“မင်းက ဆေးပညာကို နားလည်တယ် ဟုတ်လား ၊ မင်းဒီလိုတော့ မကြွားသင့်ဘူး ၊ ကောင်းပြီ ကောင်းပြီ ၊ မင်းဘာဖြစ်ချင်လဲ ၊ ငါမင်းနဲ့ အဆုံးထိ လိုက်မှာ”
ငါးစာ သာ မြင်ပြီး ငါးမျှားချိတ်မမြင်တယ့် ငါးလေးကို ကြည့်ကာ သူ့ စိတ်ထဲ ပျော်ရွှင် သွား ပါတယ် ။ ထို့ နောက် အနီရောင် သွေးဝိဉာဉ်မြက်ကို ကောက်ယူလိုက်တယ် ။ ဒီမြက်က ပန်ကန်ပြားအရွယ်ရှိကာ ထူးခြားတယ့် အနံ့ ကို ထွက်စေပါတယ် ။ နှစ်တစ်ထောင် သွေးဝိဉာဉ်မြက်ဖြစ်ကာ ချန်ဟွာဟိုင်းဆီမှ အနိုင်ရရှိထားတာလည်း ဖြစ်ပါတယ် ။ မြက်ကို ရှေ့ ချလိုက်ပြီးနောက် မှာတော့ ခန်းမရှိလူတွေဟာ အမူအရာတွေ ပြောင်းလည်း သွားကြတယ် ။ ယောင်တျန်းဟွာ ပင်အံ့သြသွားပါတယ် ။ သူဟာ ယောင်မျိုးနွယ်မှ ပါရမီရှင်ဖြစ်ပြီး ဆေးပင်ကို ကြည့်လိုက်တာဖြင့် ပင် အနည်းဆုံး နှစ်တစ်ထောင် သက်တမ်းရှိမှန်း သိလိုက်ပါတယ် ။ အရမ်းကို ဈေးကြီးတယ့်မြက်ပါပဲ ၊ ဆေးဆိုင်မှာကို ၀ယ်လို့မရနိုင်ပဲ လေလံပွဲတွေမှာလိုသာ တွေ့ နိုင်တာပါ ။
“ငါဒီ နှစ် ၁၀၀၀ မြက်နဲ့ လောင်းမယ် ။ ပါရမီရှင်လေးက ကော လောင်းမလား”
ချန်ရှန် ဟန်ဆောင်ပြုံးကာ ပြောလိုက်ပါတယ် ။
“တကယ်လို့ ငါဆေးလုပ်နိုင်ရင် ငါနိုင်တယ် ၊ နောက် ငါမလုပ်နိုင်ရင်တော့ ငါရှုံးမယ် ၊ ရှင်းရှင်းလေးပါ ။ ဘယ်လိုလဲ လောင်းရဲလား”
ချန်ရှန်အမူအရာ ကြည့်ရပုံမှာ ခပ်တည်တည်ပါပဲ ၊ ယောင်တျန်းဟွာ အရမ်းကြီးကျယ် စိတ်ကြီးဝင်တယ့် ပင်ကိုစိတ်ရှိသူပါ ။ ဘယ်ကိစ္စမဆို လောင်းဖို့ ငြင်းပယ်လေ့မရှိ သို့သော် ဒီတစ်ကြိမ်လောင်းကြေးကတော့ အရမ်းမြင့်နေပါတယ် ။ သူ့ မှာ ယောင်မျိုးနွယ်ရဲ့ ပါရရှင် ဖြစ်တယ့်အတွက် ငွေများစွာ ရှိသော်လည်း ဒီဆေးပင်နဲ့ နှိုင်းယှဉ်နိုင်သည့် ပမာဏတော့ မရှိပေ ။
ချန်ရှန် ဒီမြက်ကို သယ်လာတော့ လူတွေက အထင်တကြီးနဲ့ ဖြစ်နေကြတယ် ။ ဘယ်သူမှ လည်းမလုယက်ရဲပါဘူး ၊ ဝိုဟူမြို့ မှာ ချန်မျိုးနွယ်ကို လူတိုင်း လေးစားကြတယ်လေ ။ ခုလက်ရှိမှာလည်း ချန်ရှန့်အဖေဟာ ခေါင်းဆောင်နေရာမှာလေ ။
ချန်ရှန် ယောင်တျန်းဟွာ ရဲ့ ဖြစ်ပေါ်နေတယ့် အခြေနေကိုကြည့်ကာ ကျေနပ်နေတယ် ။ သူဟာ နှစ်တစ်ထောင် မြက်ကို ညွှန်ပြရင်း –
“ယောင်ဆေးဆရာရေ ၊ ခုမှ ဝိုဟူမြို့ ကို ပထမဆုံး အကြိမ်ရောက်ဖူးတော့ စနေတာကို မသိဘူးထင်တယ် ။ ဒီ အလောင်းအစား သေးသေးလေးကို လောင်းကြစို့ ၊ ငါနိုင်ရင် မင်း မှော်ကျောက်ဖရုံ ဆေး ပြုလုပ်ဖို့ လိုအပ်တယ့် အရွယ်ရောက်ပြီးသား ဆေးပင် သုံးစုံ ပေး ရမယ် ။” လက်သည်းခွံလောက် အရွယ်အစား ရှိတယ့် ဒီ သွေးမြက် တောင် ခုနက ဆေးပင် သုံးစုံထက် ပိုတန်ဖိုးရှိပါတယ် ။ ယောင်တျန်းဟွာ လည်း သက်ပြင်းရှည်ကြီး ချကာ –
“ကောင်းပြီ ၊ စကြစို့”
ချန်ရှန်လည်း ဆေးပင်နည်းနည်းယူ ကာ ချက်ချင်းပဲ မီးဖိုလေးကို ထုတ်လိုက်တယ် ။ ခုနက ဆေးပင်ခန်းမက လူကြီးကို သေချာအောင် စစ်ဆေးခိုင်းလိုက်ပါတယ် ။ ဘာလှည့်စားမှု မှ မရှိတာကို ပြပြီးနောက် ဆေးစလုပ်ပါတော့တယ် ။
ဒီချိန်မှာ လူတိုင်းက ချန်ရှန်ကို ကြည့်နေပါတယ် ။ ဒီဆေးပင်ခန်းမကို လာတယ့် လူတိုင်းက ဆေးပညာရှင် ဖြစ်ချင်တယ့် လူတွေကြီးပဲလေ ၊ နောက် ဒီဆေးပြုလုပ်မှု ကနေ သူတို့ ဘာရမလဲလို့ စိတ်ဝင်စားနေကြတာပါ ။ ထိုထဲမှာမှ ပိုပြီး စိတ်ဝင်အစားဆုံး လူကတော့ မည်သူဆိုတာကို ပြောပြစရာလိုတော့မည် မထင်ပေ ။
ချန်ရှန် လှုပ်ရှားပုံတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရင်း ယောင်တျန်းဟွာ သွားကြိတ်မိတယ် ။ ချန်ရှန်ဟာ ဆေးပညာအသိ မှာ တော်တော်လေး နားလည်နေပြီ ဆိုတာကို သူ တွေ့ လိုက်ရပါတယ် ။ ဒါတင်မက သူ့ ထက်မတော်တောင် သူ့ ထက်တော့ မညံ့ဘူးဆိုတာကို ပါ တွေ့ လိုက်တယ် ။
ချန်ရှန်ဟာ ကိုယ်ငြိမ်းဆေးကို ကျွမ်းကျင်စွာ ပြုလုပ်နေတယ် ။ ဒီဆေးဟာ သူ့ အတွက် ပြုလုပ်လို့ လွယ်ကူရုံသာမက ဆေးပင် အနည်းငယ်သာ လိုအပ်ပါတယ် ။ မီးတောက်ကို ထုတ်လွှတ်တာ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ဆေးတွေအများကြီး ကို တစ်ကြိမ်ထဲဖြင့် ပြုလုပ်နိုင်ပါတယ် ။
လူစုလူဝေးဟာ ချန်ရှန် မျက်နာတွင် စိုးရိမ်မှုမရှိပဲ အေးဆေးစွာ ဖြစ်နေသည်ကို မြင်တယ့် အခါ အံ့အားသင့်နေကြတယ် ။ လူတစ်ယောက် ဆေးလုပ်တာ ခုလောက် အေးဆေး ဖြစ်တာကို အရင်က မမြင်ခဲ့ဘူးပေ ။ တစ်နာရီလောက်ကြာပြီးနောက် ချန်ရှန်ရဲ့ အမူအရာ နည်းနည်းလှုပ်ရှားလာတာကို မြင်တယ့်အခါ လူတိုင်းက သူ အောင်မြင်စွာ ပြီးသွားပြီ ဆိုတာကို သိလိုက်ကြပါတယ် ။
“ပြီးပြီ”
ချန်ရှန် မီးဖို အဖုံးလေးကို ဖွင့်လိုက်တယ် ။ သင့်ပျံ့ တယ့် ဆေးရနဲ့ က ခန်းမတစ်ခုလုံး ခြုံ လွှမ်းသွားပါတယ် ။ လူတိုင်း မီးဖိုနားကို တိုးကြည့်နေကြပါတယ် ။ သူတို့ အားလုံး ဖြူဖွေး တယ့် ဆေးလုံးလေး ၅ လုံးကို မြင်တွေ့လိုက်ရပါတော့တယ် ။
ဆေးပင်ခန်းမက လူကြီး မျက်နာ သွေးမရှိတော့ပေ ၊ သူ့ ရှေ့ မှာ ရှိနေတယ့် ဆေး ၅ လုံးကို ကြည့်ကာ မယုံကြည်နိုင် ဖြစ်နေပါတယ် ။ သူသည်လည်း ဆေးပညာရှင် တစ်ယောက် ဖြစ်သောကြောင့် ဒီကိုယ်ငြိမ်းဆေးတွေ၏ အရောင်နဲ့ အနံ့တွေကို တွေ့တာနဲ့ကို ဆေးရဲ့ အရည်အသွေးကို မှန်းဆနိုင်နေပါတယ်။ ဟုတ်ပါတယ် ၎င်းတို့ မှာ မြင့်မားတယ့် အရည်အသွေးတွေ ရှိနေကြပြီး ခဏလေး အတွင်းမှာ လုပ်နိုင်လိုက်တာပဲ ဖြစ်ပါတယ် ။ ဒါတင်မကသေး မီးဖိုအစုတ်လေးမှ ၁၆ နှစ်ကြာအောင် ဆေးတွေ လုပ်ယူခဲ့တာကို လူတွေဟာ မယုံကြည်နိုင်ကြဘူး ဖြစ်နေပါတော့တယ် . . . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset