Chapter – 17 သိုင်းပညာဖလှယ်ပွဲ
ချန်ရှန် လျင်မြန်စွာပဲ ခြေလှမ်းလိုက်ပါတယ် ။ သူ့ လက်တွေကလည်း နဂါးလက်သည်း တွေ ထွက်လျက်ပါ ။ ၎င်းလက်သည်းများဟာ လျှပ်စီးလိုလျင်မြန်တယ့် ဓားကို မြဲမြံစွာ ဖမ်းဆုပ်ကာ ရုတ်တရက် ချီဓာတ်တွေ ထွက်လာပါတော့တယ် ။ ဒီလိုအရာတွေကို ချန်ရှန်ဟာ လက်မောင်း လေးကို အနည်းငယ် လှုပ်ရှားလိုက်ရုံပဲ လုပ်လိုက်ခြင်း ဖြစ်ပါတယ် ။ ထို့ နောက် တောင်တစ်လုံးကဲ့သို့ မတ်တပ်ရပ်ကာဖြင့် အေးစက်စွာ မေးလိုက်ပါတယ် ။
“ငါကချန်ရှန်ပဲ ၊ ချန်မျိုးနွယ်စုက ဖြစ်တယ် ။ မင်းတို့ က ဘယ်သူတွေလဲ ၊ မြန်မြန်ပြောနော် မဟုတ်ရင် မင်းကို လူသတ်သမားလို့ သတ်မှတ်လိုက်မယ်”
ဒီလိုပြောဆိုပြုမူချက်ဟာ ဘေးက လူငယ် ၂ ယောက် ရင်ထဲ တုန်လှုပ်သွားပါတော့တယ် ။ ချန်ရှန်ဟာ ယောင်မိသားစုရဲ့ ရထားလုံးဆီကို အိနြေ္ဒ ရရပဲ လှမ်းသွားလိုက်ပါတယ် ။ ယောင်မိသားစုဟာ သူတို့ ရဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့ ကျွမ်းကျင်သူတွေကို အများကြီး စေလွှတ်ထားတာပါ ။ ဒီဓားပျံဟာ သူတို့ ရဲ့ အစွမ်းကို ပြသဖို့ အတွက် လုံလောက်နေပါပြီ ။ ချန်ရှန်သာ မရှောင်တိမ်းဖြစ်ခဲ့ရင် သေချာပေါက်ကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး ။
“အကိုတော် ရှန်”
သူတို့ ကြားက တိတ်ဆိတ်မှုကို ချိုသာ ယဉ်ကျေးတယ့် အော်ခေါ်သံ တစ်ခုက ရထားလုံးထဲ မှ ထွက်လာပါတယ် ။ ရုတ်တရက် ပိန်ပိန်ပါးပါး တစ်ယောက်ဟာ ခုန်ထွက်လာပါတယ် ။ လူကဲသေချာမခတ်တတ်တယ့် လူအဖို့ ဒီလူရဲ့ သွင်ပြင်ကို ဖမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး.။
ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ ချန်ရှန်ခုတော့ သေချာ ပြောနိုင်ပါပြီ ။ ရွှီရှန်းရှန်း ဖြစ်ပါတော့တယ် ။ သူမရဲ့ ကွင်ဂွန် လို့ ခေါ်တယ့် တရုတ်သိုင်းစွမ်းရည်ဟာ လည်း မြင့်မားတယ့် စွမ်းရည်ကို ရောက်ရှိနေပါပြီ ၊ ရွှီရှန်းရှန်းရဲ့ လှုပ်ရှားမှုဟာ မြေကြီးနဲ့ မထိသလိုတောင် ဖြစ်နေပါသေး တယ် ။ အသက်ရှူသံ တစ်ချက်အတွင်းမှာပဲ ခြေလှမ်း တစ်ရာလောက်အကွာအဝေးမှာ ရှိတယ့် ချန်ရှန်တို့ ဆီ ရောက်လာပါတော့တယ် ။ ထို့ နောက် ချိုသာသော အသံလေးနဲ့ –
“ရှောင်ကွီနဲ့ ရှောင်ဘ တို့ လည်းပါတာကိုး”
ရွှီမင် နဲ့ ရွှီဇိလန်တို့ ၂ ယောက် နည်းနည်းတင်းသွားကြပါတယ် ။ ထို့ နောက် ရွှီမင်က –
“ညီမလေး ၊ မင်းသူစိမ်းလူတွေရှေ့ မှာ ဒီလိုမခေါ်သင့်ဘူးနော် ၊ ခုတော့ ငါတို့ မျက်နာကို ဘယ်လိုထားရမလဲ”
ရွှီရှန်းရှန်းဟာ လျာထုတ်ကာဖြင့် ရယ်မောပါတယ် ။ ပါးချိုင့်လေး ၂ ဖက်လည်း ပါးပေါ်တွင် ချစ်စဖွယ် ပေါ်နေလျက်ရှိပါတယ် ။ တကယ်ကို နှလုံးရပ်သွားစေမယ့် အမူအရာလေး ပါပဲ ။ ချန်ရှန်လည်း ပြန်လည်ရယ်မောကာဖြင့် –
“မင်းရဲ့ ခင်ပွန်းလောင်း ရန်သူတွေနဲ့ ဘယ်လို တူတူပါလာတာလဲကွ ၊ ခုငါ ဒီလူအုပ်ကို သတ်မိတော့မလိုတောင် ဖြစ်နေတာ”
ရွှီရှန်းရှန်း ပါးချိုင့်လေး ပေါ်ရုံ ဖြည်းညင်းစွာ ရယ်ကာဖြင့် –
“အကိုတော်ရှန်ဟာ သိုင်းစွမ်းအင်တွေ ပြည့်ဝနေမယ်ဆို သိသားပဲ ၊ ခုနက ဓားက ယောင် မျိုးနွယ်က လူကြီးတစ်ယောက်ကပစ်လိုက်တာလေ”
ချန်ရှန်ရဲ့ ခုနက ထုတ်လွှတ်လိုက်တယ့် ချီ ဓာတ်ပေါက်ကွဲမှုဟာ တကယ်ကို ကြောက်စရာပါ ၊ ၎င်းစွမ်းအားဟာ အနည်းဆုံး အဆင့် ၇ ပညာရှင်လောက်သာ ပြုလုပ်နိုင်တာပဲဖြစ်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ချီဒြပ်စင် ၅ ခုကို ပိုင်နိုင်စွာ လေ့ကျင့်ခဲ့တယ့် အတွက် သူ့ အတွက် ကတော့ လွယ်လွယ်ပါပဲ ။
ယောင်မျိုးနွယ် ရထားလုံးတွေ ရပ်သွားကာ လူအချို့ ရထားလုံးပေါ်မှ ဆင်းလိုက်ကြပါတယ် ။ ကြည့်ရတာ ချန်ရှန် ထွက်သွားတာကို စောင့်နေကြပုံပါပဲ ။
“အကိုတော်ရှန် ၊ ကျွန်မတို့ သွားရတော့မယ်”
ရွှီရှန်းရှန်း ညင်သာစွာ ပြောဆိုလိုက်တယ် ။
“မလိုအပ်တော့ပါဘူး”
ချန်ရှန် ရထားလုံးတွေကို ကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်တာပါ ။ ခုနက ဓားကြောင့် သူတော်တော် စိတ်ဆိုးနေတယ် ။ ဒါဟာဘာလို့ လဲဆိုတော့ သာမန်လူတစ်ယောက်သာဆို သေသွားနိုင်ပါတယ် ။
“ချန်မျိုးဆက်သစ်လေး ၊ ယောင်မျိုးနွယ်ရဲ့ အကြီးတွေကို လာပြီး အရိုသေပေးပါဦး”
ရထားလုံးမှာ စောင့်နေတယ့် လူကြီးတစ်ဦးကအော်လိုက်တာပါ ။
“ကျွန်တော့ကို သတ်ဖို့ ကြိုးစားတယ့်လူတွေကို အရိုသေမပေးနိ်ုင်ဘူး ၊ နောက်ပြီး ချန်မျိုးနွယ် ကလူတစ်ယောက်က ယောင်မျိုးနွယ်က အကြီးတွေကို အရိုသေပေးရတယ်ဆိုတဲ့ စည်းမျဉ်း မရှိဘူး”
ချန်ရှန် အေးစက်စွာ ပြောလိုက်ပါတယ် ။ ရွှီ်မင်နဲ့ရွှီဇိလန်တို့ ၂ ယောက် ချန်ရှန်ကို လေးစား သွားကြပါတယ် ။ ယောင်မျိုးနွယ်ရဲ့ အကြီးတစ်ယောက်ကို ပြန်ပြောရဲလို့ပါ ။
“ဟက် ၊ စိတ်ကြီးဝင်တယ်ဆိုတာ ကောင်းတယ့်အရာမဟုတ်ဘူး ၊ ငါတို့ ခရီးဆက်ရတော့မယ်”
အသံစွမ်းအားပြည့်ဝစွာ ပြောသံကို ကြားလိုက်ရတယ် ။ သူတို့ နဲ့ ချန်ရှန်အကြား ပေ ၁၀၀ လောက်ဝေးပေမယ့် အသံကို ကောင်းစွာ ကြားလိုက်ရပါတယ် ။ ဒါဟာ ထိုသူမှာ စွမ်းအား ကောင်းကောင်းရှိနေတာကို ပြသနေခြင်းပင် ဖြစ်တယ် ။ ရွှီရှန်းရှန်း မျက်ခုံးများ မြင့်တက် သွားတယ် ။ ထို့ နောက် ချန်ရှန်လက်မောင်းကို ကိုင်ကာဖြင့် –
“သူ့ ကို ဂရုမစိုက်နေပါနဲ့”
ချန်ရှန် လှောင်ပြောင်မိတယ် ။ သူဟာ ခုနက ပစ်လွှတ်လိုက်ပြီးသူဖမ်းခဲ့တယ့် ဓားထဲသို့ ချီဓာတ်များ ထည့်လိုက်ပြီး မြဲမြံစွာ ကိုင်ထားပါတယ် ။ ထို့ နောက်ရထားလုံးများဆီ ပစ်လွှတ်လိုက်ပါတော့တယ် ။ မိုးပြာရောင်ချီဓာတ်များ ထွက်ပေါ်လျက် ဓားဟာ အလယ်က ရထားလုံးကိုထိမှန်ကာရထားဘီးတစ်ခုလုံး ပေါက်ကွဲထွက်သွားပါတော့တယ် ၊ သို့ သော် ဇိမ်ခံရထားလုံး ဖြစ်ပြီး ဘီးလေးလုံး ပါသောကြောင့် မလဲသေးပါဘူး ။
ရွှီရှန်းရှန်း အပါအ၀င် ဟို ၂ ယောက်လည်း ဆွံ့ အသွားလျက်ရှိနေကြတယ် ။ ချန်ရှန် ဒီလို ယောင် မျိုးနွယ်ကို ရန်စလိမ့်မယ်လို့ မမျှော်လင့်ထားကြဘူးပေါ့ ။ သူတို့ ဟာ ချန်ရှန်ဆီက ထွက်သွားတယ့် ဓားကိုလည်း တော်တော်လေး လန့်သွားကြပါတယ် ။ ကြောက်မက်ဖွယ် အတွင်းအားဟာ ယောင်မျိုးနွယ်မှ ခုနက ပစ်လွှတ်လိုက်တယ့် ဓားရဲ့ အားနဲ့ ကောင်းကောင်း ကြီးယှဉ်လို့ ရပါတယ် ။
“ဆောရီးပါ ။ ငါကဓားကို ပြန်ပေးတာပါ ၊ ဖမ်းမယ့်လူမရှိဘူးဖြစ်သွားတယ်”
ချန်ရှန် မဲ့ပြုံးပြုံးကာ ပြောလိုက်ပါတယ် ။ သာမန်လိုပြောလိုက်ပေမယ့် သူ့ အသံက အရပ် မျက်နာ အားလုံးကို ပြန့်ထွက်သွားပါတယ် ။
“မင်းတော့ သေပြီပဲ”
ယောင်တျန်းဟွာ စိတ်ဆိုးမာန်ဆိုးနဲ့ အော်လိုက်တာပါ ။ သူ့ ဝတ်ရုံတောင် မ၀တ်ရသေးပါဘူး ။ ဒါက ဘာမဆို ဖြစ်သွားနိုင်ပါတယ် ။
“ကျွန်မအဖေ အထဲမှာပဲရှိသေးတယ် ၊ သူနဲ့ အတူတူ ကျွန်မ လိုက်လာတာ ၊ ခုတော့ အနာဂတ်မှာ အဖေနဲ့ အတူတူနေဖို့ အခွင့်ရေးတောင် ရှိပဦးမလား”
ရွှီရှန်းရှန်း စိတ်ပူတယ့် လေသံနဲ့ ပြောပါတယ် ။ သူ့ မျက်နာ လှလှလေးတွင် စိုးရိမ်မှုများ အထင်းသားမြင်နေရပါတယ် ။ ချန်ရှန် သူမ၏ ဆံနွယ်များအား ညင်သာစွာ ထိတွေ့ ကာ ပြော လိုက်ပါတယ် ။
“သွားတော့”
ရွှီရှန်းရှန်း ပြေးထွက်သွားတယ် ။ ရထားလုံးများလည်း ထွက်ခွာသွားပါတော့တယ် ။ ချန်ရှန် သူမပြေးထွက်သွားသည်ကို ကြည့်ကာ စဉ်းစားပြီး မေးလိုက်ပါတယ် ။
“ဘာလို့ သူမအဖေနဲ့ အနာဂတ်မှာ အတူနေဖို့ အခွင့်အရေး မရှိရတာလဲ”
ရွှီမင် ကမျက်ခုံးများမြင့်တက်ကာဖြင့် –
“ချန် ၊ မင်း အင်မော်တယ် တောင်က သိုင်းပညာ ဖလှယ်ပွဲ အကြောင်း မကြားဘူးလား ၊ ဒီကောင်မလေး က ပြိုင်ဖို့ စာရင်သွင်းထားတယ်လေ ၊ နောက်ပြီး မင်းပစ်လိ်ုက်တာ သူ့ အဖေ များထိသွားလားလို့ စိုးရိမ်နေတာဖြစ်မှာပေါ့”
များစွာသော စွမ်းရည်ပြည့်ဝသည့် ပညာရှင်များဟာ ကောင်းကင်က တိမ်တိုက်များလို များစွာ ရှိကြတယ် ။ ဒီလိုပညာရှင်တွေဟာ သူတို့ ဘ၀တစ်ခုလုံးမှာ အဲဒိနေရာကို အရမ်းကို သွားချင်ကြတယ် ။ အကောင်းဆုံး သွားဖို့ အသင့်တော်ဆုံးကတော့ ငယ်ရွယ်တယ့် ကာလမှာ ပဲဖြစ်ပါတယ် ။
“မင်းဒီပွဲကို ၀င်ချင်ရင် သိုင်းပညာ အဆင့် ၉ ကိုရောက်ပြီးမှသာ အကောင်းဆုံး ဖြစ်လိမ့်မယ်၊ ဆိုလိုတာက မင်းသူနောက်ကို လိုက်ဖို့ က မဖြစ်နိုင်ဘူး”
စုမေးယို က ရုတ်တရက်ပြောလိုက်တာပါ ။ ချန်ရှန်ဟာ ဒီပွဲကို အရမ်းကို ၀င်ချင်စိတ်တွေ ဖြစ်ပေါ်နေပါတယ် ။ နောက်ပြီး သူရောက်သွားရင် များစွာသော ပညာရှင်တွေရဲ့ စွမ်းအားကို တွေ့ရမယ် ၊ချီဓာတ်တွေလည်း များပြားသောကြောင့် သူ၏ ယင်နဲ့ယန်နတ်အတွင်းအားတွေ ကို ပိုမို အားကောင်းစေပါလိမ့်မယ် ။ ချန်ရှန်နဲ့ ဟို ၂ ယောက်လည်း ဝိုဟူ မြို့ထဲသို့ ၀င်ရောက် လာကြပါတယ် ။ ရွှီမိသားစုတွေ ရဲ့ ဆိုင်ခန်းတွေလည်းရှိပါတယ် ။သူတို့ ဟာ ချန်ရှန်ရဲ့ ဖိတ်ကြားမှုကြောင့် သူ၏ ချန်အိမ်တော်သို့ လာကြတာဖြစ်ပါတယ် ။
ချန်အိမ်တော်ကြီးဟာ အထဲမှာ တော်တော် ကျယ်ပါတယ် ။ စားသောက်ပွဲ စတင်ဖို့ ၃ ရက်ပဲ လိုပါတော့တယ် ။ ချန်ရှန် သူ့ အိမ်မပြန်ခင် သူ့ အဖေကို အမြန် သွားနှုတ်ဆက်ပါတယ် ။
“ကျွန်တော့် သိုင်းပညာဟာ ယခု အဆင့် ၆ ရောက်ပြီ ၊ ခုကျွန်တော် အလယ်လတ်တန်းစား ဆေးပင်တွေ စစိုက်နိုင်ပြီပေါ့”
ချန်ရှန် လက်ဖက်ရည်သောက်နေတယ့် မိန်းမလှ ၂ ယောက်ကို ကြည့်ကာ ပြောလိုက်တယ်။ ဘိုင်ယုယုက ပြန်ပြောပါတယ် ။
“ငါဟာဆေးပညာရှင်တစ်ယောက် မဟုတ်သော်လည်း အလတ်တန်းစား ဆေးပင်တွေ အရမ်းဈေးကြီးတယ်ဆိုတာကိုတော့သိတယ် ။ မင်းလုပ်ချင်တယ် ဆိုရင်တော့ ငွေစအကြီး တွေ တော်တော် လိုမယ်နော်”
စုမေးယိုက လက်ဖက်ရည်သောက်ရင်း ပြုံးကာ ပြောပါတယ် ။
“ဒါပြသနာ မဟုတ်ပါဘူး ၊မင်းမှာ ငရဲဝိဉာဉ်တော် မြက်နဲ့ နှစ်တစ်ထောင် သွေးဝိဉာဉ် မြက် ရှိတယ်မဟုတ်လား ၊ အဲ ၂ ခုကို ရောင်းလိုက်လေ ဒါဆို ကုန်ကျစရိတ်အတွက် ကာမိသွားပြီ”
ချန်ရှန်ဟာ သူ့ မှာ ဒီ တန်ဖိုးရှိလှတယ့် ဆေးပင် ၂ ခု ရှိနေတာကို လုံးလုံး မေ့နေတာပါ ။ သူပြုးပြီး ပြန်ပြောလိုက်ပါတယ် ။
“အမတော်တို့ ၊ အမတော်တို့မှာ ဘာရတနာလက်နက် မှ မရှိဘူးလား ၊ ကျွန်တော့မှာတော့ ဘာလက်နက် မှ မရှိသေးဘူး”
စုမေးယိုက သက်ပြင်းချကာဖြင့် –
“ငါ့ရဲ့ မှော် လက်နက်အိတ် ကို ရန်သူက ယူသွားတယ် ။ ကံကောင်းစွာပဲ ထူးဆန်းတယ့် ကွင်းလေး တော့ကျန်သေးတယ် ၊ ဒါပေမယ့် အဲဒိထဲမှာလည်း အ၀တ်အချို့ ကလွဲလို့ ဘာမှ မရှိဘူး”
ဒီအကြောင်းရာ ပြောနေတုန်းမှာပဲ ဘိုင်ယုယုရဲ့ လှပချောမောတယ့် မျက်နာ ဟာ ဒေါသတွေ ဖြစ်လာတာကို မြင်လိုက်ရပြီး ရုတ်တရက် လက်ဖက်ရည် ပန်းကန်ကို ခွဲ လိုက် ပါတယ် ။ချန်ရှန် နားလည်လိုက်ပါပြီ ၊ ဒီ မှော်လက်နက်အိတ်ထဲမှာ အတော်ကောင်းတယ့် အရာတွေပါမယ်ဆိုတာကိုပါ ။ ဒါကြောင့် ဘိုင်ယုယု စဉ်းစားရင်း ဒေါသဖြစ်လာတာ ဖြစ်ပါတယ်။
“မင်း နတ်အတွင်းအား သင်္ကေတ ၄ ခုကို လေ့ကျင့်ခဲ့တာပဲ ။ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးကတော့ သားရဲလေးကောင်ရဲ့ နတ်လက်နက် တွေပဲ ၊ ဒါပေမယ့် အဲဒါတွေက ရှာဖို့ တော်တော်ခက်တယ် ၊ ဘာကြောင့်လဲဆိုတော့ တစ်ခုချင်းဆီဟာ နတ် လက်နက်တွေ ဖြစ်နေလို့ ပဲ”
စုမေးယိုရဲ့ စကားများကြောင့် ချန်ရှန် စိတ်တွေ လှုပ်ရှားသွားပါတော့တယ် . . . . . ။