Chapter – 16 ယောင်မျိုးနွယ်စု
ချန်ရှန် အမတ ချောက်ကမ်းပါးရဲ့ အစပ်မှာ မတ်တပ်ရပ်လျက် သူ၏ အတောင်ပံများကို ပြန်သိမ်းလိုက်ပါတယ် ။ ဒီလို ချီဓာတ်များအား အသုံးချကာ အတောင်ပံအဖြစ် ပြုလုပ်ခြင်းက အရမ်းကို မြင့်မားတယ့် နည်းစနစ်ဖြစ်ပါတယ် ။ သူဟာ ဒီလိုအမျိုးစာများ ပါဝင်တယ့်အရာများကို လုပ်နိုင်တာဟာ ထိုက်ကျိ နတ်အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်ခဲ့လို့ ပဲဖြစ်တယ် ။ သူ ရပ်နေတုန်းမှာပဲ အောက်ခြေမှ တိုက်ခိုက်သံများကို ကြား လိုက်ပါတယ် ။ အသံက တော်တော်ဝေးဝေးမှ လာတာဖြစ်သောလည်း သူ၏ နတ်အတွင်းအား စွမ်းရည်ကြောင့် ရှင်းလင်းစွာ ကြားနိုင်နေခြင်းဖြစ်တယ် ။ ချန်ရှန် ချက်ချင်းပဲ ထိုနေရာသို့ ပျံသန်းသွားလိုက်ပါတယ် ။ တကယ်လို့ သာမန်တိုက်ပွဲပဲဆိုရင် သူစိတ်ဝင်တစားရှိတော့မည် မဟုတ်ပဲ တစ်စုံတစ်ခုထူးခြားတယ်ဆိုရင်တော့ . . . ။ ချန်ရှန်ဟာ ဒါသာမန်တိုက်ပွဲ တစ်ခုမဟုတ်ဘူးဆိုတာကို ကောက်ချက်ချလိုက်ပါတယ် ။
ချန်ရှန်ဟာ တောစပ်ထိ တိတ်တဆိတ်ပဲ ပျံသန်းသွားပါတယ် ။ ထိုနေရာတွင်တော့ ရုပ်ရည်ကြည့်ကောင်းသော ဆယ်ကျော်သက် ၂ ယောက်ဟာ အမည်းရောင် ၀တ်ရုံဝတ် လူငါးယောက်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာကို မြင်လိုက်ရပါတော့တယ် ။
၂ ယောက်ဖက်မှ အနည်းငယ် အထိနာနေပုံပါပဲ ။ ဒါပေမယ့် သူတို့ ၂ ယောက်ရဲ့ စွမ်းအား ကလည်း စိတ်ကျေနပ်ဖွယ်ပါပဲ ။ လူ ၅ ယောက်မှ ဓားများဖြင့် ခုတ်လျက်ရှိပြီး သူတို့ ချီဓာတ်ဟာလည်း လုံလောက်မှု မရှိကြပါဘူး ။ ခဏကြာရင် ထို ၅ ယောက်ကြောင့် သူတို့ ၂ယောက် ဇာတ်သိမ်းဖို့ ပဲ ရှိပါတော့တယ် ။
“ဒါ ရွှီမျိုးနွယ်ရဲ့ ပုံရိပ်ယောင် ဓားတိုက်ကွက်ပဲ ၊ ဒီတိုက်ကွက်မှာ ဓားတွေကနေ အငွေ့ တွေ ထွက်ကာ ပုံရိပ်ယောင်တွေဖန်တီးပြီး ခုခံရ ခက်အောင်လုပ်တာ”
ချန်ရှန်ဟာ သူ့ တဘ၀လုံး သိုင်းပညာရပ်စာအုပ်တွေ ဖတ်လာတာပါ ။ ဒါကြောင့် ဘာအကွက် သုံးတာနဲ့ ဘာသိုင်းဆိုတာကို အကြည့်တစ်ချက်နဲ့ တင် သူသိပါတယ် ။ ထိုသူတွေဟာ ရွှီမျိုးနွယ်ကဆိုတာကို သိပြီးနောက်မှာတော့ ချန်ရှန်ဒီတိုင်းမနေတော့ ပါဘူး ။ နောက်ပြီး ရွှီရှန်းရှန်း ဆိုတာကလည်း သူ့ သတို့ သမီးလာင်းဖြစ်ပြီး ချန်မျိုးနွယ်နဲ့ ရွှီမျိုးနွယ်ဟာ ရင်းနီးတယ့် ဆက်ဆံရေးရှိကြတယ်မဟုတ်လား ။
“ဂရုစိုက်ကြဟေ့”
ချန်ရှန် လှမ်းအော်လိုက်ပါတယ် ။ သူပျံသန်းသွားတော့ သူ့ ကိ်ုယ်ဟာ မိုးပြောရောင် သက်တန့် တစ်ခုနဲ့ ပင်တူနေပါသေးတယ် ။ သူ့ လက်တွေ နဂါးလက်သည်းအဖြစ် ပြောင်း လဲသွားကာ အမည်းရောင်ဝတ်လူဆီသို့ ဦးတည်လိုက်ပါတယ် ။ အာ့လိုအချိန်မှာပင် ကျယ်လောင်သည့် ဟိန်းသံကြီးပြုလုပ်ကာဖြင့် သူ့ ပါးစပ်ဆီမှလည်း မိုးပြာရောင် ချီဓာတ်တွေ လွှတ်ထုတ်လိုက်ပါတော့တယ် ။ နဂါး ဟိန်းသံ ထွက်လာတာနဲ့ အတူ နဂါး လက်သည်းများဖြင့် အမည်းရောင်ဝတ်လူ၏ ခေါင်းအား ဆုပ်ကိုင်လိုက်ပါတော့တယ် ။ ထိုသူ၏ဦးခေါင်းခွံလည်း ကွဲကာ အရိုးစတွေအဖြစ် ပျံ့ ကျဲသွားပါတယ် ။
ဒီလို ရုတ်တရက် ကြီးမားတယ့် အတွင်းအား သက်ရောက်မှုကြောင့် ကျန် အမည်းရောင် ၀တ် လူ ၄ ဦးသာမက ဟို ၂ ယောက်ပါ ကြောင်သွားကာ ငေးနေကြပါတော့တယ် ။ မိုးပြာရောင် နဂါးရဲ့ ကြောက်မက်ဖွယ် ပုံစံများကြောင့် ထိုသူတို့ နှလုံးကို ရှော့ရသွားပါ စေတော့တယ် ။ ဒီလို ပညာမျိုးသူတို့ ဘ၀မှာ တစ်ခါမျှ မမြင်ဘူးတယ့်အတွက် အရမ်းကို အံ့အားသင့်လျက်ရှိနေကြတာပါ ။
ချန်ရှန် အမည်းဝတ်လူ၏ ခေါင်းကို ခွဲပီးတယ့်အခါ နဂါးလက်သည်းများဟာ ချက်ချင်း ပြန်ဝင်သွားကြပြီး လက်သီးများအဖြစ် အသွင်ပြောင်းကာဖြင့် နောက်လူတစ်ယောက်ကို ထိုးလိုက် ပါတော့တယ် ။ ဒါဇင်ပေါင်းများစွာ ထိုးလိုက်သောကြောင့် လေတွေပင်ဟပ်လျက် ရှိနေပါတယ် ။ ထိုးခံလိုက်ရသူမှ နောက်လူကိုထိကာ ဆက်တိုက် ပေါက်ကွဲမှုများ ဖြစ်ပေါ် လျက်ပါ ။ ဒါဟာ မုန်တိုင်းဖြိုလက်သီး ပဲဖြစ်ပါတယ် ။
ချန်ရှန်မှာ အခုတော့ ချီဓာတ်များစွာ ရှိနေပြီဖြစ်တယ် ။ ဒါကြောင့် ဒ်ီလက်သီးထိုးချက်ဟာ မကုန်သလောက်ကို လွယ်ကူရိုးရှင်းပါတယ် ။ ချီတွေကုန်ဆုံးမှာနဲ့ ပတ်သတ်ပြီး မစိုးရိမ်တော့ ပါဘူး ။ လက်သီးတစ်ချက်စီတိုင်းရဲ့ ပေါက်ကွဲမှုဟာ အတော်ကို ပြင်းထန်ပါတယ် ။ ခုခံနိုင်ဖို့ တော်တော် မလွယ်ကူတာပါ ။ သူဟာ ဒီအကွက်ကို အကြိမ်များစွာ အသုံးပြုခဲ့ပြီးကြောင်း ကိုတော့ ပြောနေစရာပင် မလိုတော့ပါဘူး ။
ခဏလေးအတွင်းမှာပဲ ချန်ရှန် ၀တ်ရုံအနက်လူ ၃ ဦးကို အနိုင်ယူလိုက်ပါတယ် ။ ကျန် ၂ ယောက်မှာတော့ ထွက်ပြေးသွားကြပါတော့တယ် ။ ဒါပြီးနောက် မှတော့ ရွှီမျိုးနွယ်မှ လူငယ် ၂ ယောက်ဟာ သူတို့ ရဲ့ ဓားတွေနဲ့ အရိုသေပေးဟန်ပြုကြ ပါတယ် ။ ချန်ရှန် တိုက်ပွဲကို ၀င်မပါခဲ့ရင် သူတို့ ၂ ယောက် တော်တော် အထိနာကြမှာ ဖြစ်ပြီး အသက်ပါပါနိုင်ပါတယ် ။
“ကျေးဇူးအများကြီးတင်ပါတယ် ၊ အကိုတော်”
အရပ်ရှည်ရှည်နဲ့ လူငယ်တစ်ယောက်က ပြောခြင်းဖြစ်တယ် ။
“သူကတော့ ရွှီမင်ပါ ၊ ကျွန်တော်ကတော့ ရွှီဇိလန် ပါ ။ ကျွန်တော်တို့ ကို လာပြီးကယ် တယ့်အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကြီးမြတ်လှတယ့် အကိုတော်”
ချန်ရှန်ဟာ ၁၆ နှစ်သာ ရှိသေးသော်လည်း သူ ဟာ ထွားကြိုင်းကာ ရှည်လျားသော အရပ် အမောင်ရှိနေပါတယ် ။ သူ့ ပုံစံက ရင့်ကျက်တဲ့ ပုံလည်း ပေါက်နေတာကြောင့်ပါ ။
“အရမ်းယဉ်ကျေးမနေကြနဲ့ဗျာ ၊ ကျွန်တော်ကတော့ ချန်ရှန်ပါ ၊ ကျွန်တော်တို့ ချန်မျိုးနွယ် နဲ့ ရွှီမျိုးနွယ်ဟာ မျိုးရိုးစဉ်ဆက် မိတ်ဆွေတွေပါပဲ”
ချန်ရှန် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်တာပါ ။ ထို ၂ ယောက်လည်း မျက်နာအမူရာ ပြောင်း သွားပါတယ် ။ သူတို့ ကို ကယ်တင်တယ့်လူဟာ ချန်ရှန်လို့ မမျှော်လင့် မိကြပါဘူး ။ ချန်ရှန်ကတော့ ရွှီမိသားစုမှာ နာမည်ကြီးပါ ။ သူတို့ ရဲ့ အသည်းကျော်ဖြစ်တယ့် ရွှီရှန်းရှန်း နဲ့ မေတ္တာ သက်ဝင်မှုနဲ့ ပတ်သက်ပြီး သိနေကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီမိသားစုရဲ့ မျိုးဆက်သစ်အများစုဟာ ချန်ရှန်ကို သိပ်သဘောမတွေ့ ကြပါဘူး ။ ဘာကြောင့်လဲဆိုရင် ချန်ရှန်မှာ ပါရမီမပါ ဘူး ဆိုတာကို သိနေကြလို့ ပါ ။ ခုတော့သူတို့ ချန်ရှန် ရဲ့ စွမ်းအားတွေ မြင်ပြီး အံ့အားသင့်ကြရပါပြီ ။
“မင်းက တကယ်ပဲ ချန်ရှန်ပေါ့”
ရွှီမင် မယုံကြည်နိုင်ပဲ မေးလိုက်ပါတယ် ။ ချန်ရှန်လည်း ပြုံးပြုံးလေးပင် ခေါင်းညိမ့်လျက် –
“ဒါပေါ့ ၊ ခင်ဗျားတို့ ၂ယောက် ကျွန်တော်တို့ ချန်မိသားစုရဲ့ စားသောက်ပွဲကို တက်ကြမယ် မဟုတ်လားဗျ”
ရွှီမင် နဲ့ ရွှီဇိလန် သူတို့ ခေါင်းတွေကို ညိမ့်ကြပါတယ် ။ တက်မတက်မသေချာသော်လည်း ချန်ရှန်ကို ဘာမှ ထပ်မပြောနိုင်ကြပါဘူး ၊ ဒါတင်မက ချန်ရှန်က သူတို့ ကိုကယ်တင် ထားသော ကြောင့် ငြင်းလျှင် ရိုင်းရာကျမှာ ဆိုးလို့ ပါ ။
“ခုနလူတွေက ဘယ်သူတွေလဲဗျ ၊ ဘာလို့ ခင်ဗျားတို့ ကို သတ်ဖို့ ကြိုးစားနေကြတာလဲ”
ချန်ရှန် မြေပေါ်မှာ ဒဏ်ရာရလဲကျနေတယ့် လူ ၃ ယောက်ကို ကြည့်လျက်မေးလိုက်ပါတယ် ။
ရွှီမင်က ပြန်ပြောပြတယ် ။
“သူတို့ က အမည်မသိ အဖွဲ့ စည်းတစ်ခုက လူသတ်သမားတွေပါ ။ ကျွန်တော်တို့ တိုက်ခိုက် တုန်းက သူတို့ ဟာ အဆင့် ၅ တွေဖြစ်တယ်ဆိုတာ သိလိုက်ရတယ် ။”
ထိုလူငယ် ၂ ယောက်လည်း လူဆိုး ၃ ယောက်အား ခေါင်းတွေ ဖြတ်လိုက်ကြပါတယ် ။ ထိုသူတို့ ၏ ပါတယ့် ပစ္စည်းတွေကိုလည်း စိတ်ဝင်စားခြင်းမရှိကြပါဘူး ။ ဒီလူသတ်သမား တွေဟာ ကောင်းကောင်းလေ့ကျင့်ထားကြတာပါ ။ ခုတော့ သူတို့ ရဲ့ ပါးစပ်တောင် မဟ နိုင်ပဲ ကို သေသွားကြရပါပြီ ။
“ချန် ၊ ခင်ဗျားဟာ သိုင်းပညာ အဆင့် ၆ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ် ။ အာ့လိုမှ မဟုတ်ရင် ဒီလူသတ်သမားတွေကို လွယ်လွယ် အနိုင်ယူ နိုင်မှာ မဟုတ်ပေဘူး”
သူတို့ ၂ ယောက်ဟာ ချန်ရှန်ထက် အသက်ကြီးကြသော်လည်း သူတို့ ထက် စွမ်းအားကြီး တယ့် ချန်ရှန်ကို လေးစားနေကြပါတယ် ။ချန်ရှန် ပြုံးကာဖြင့် –
“ဟုတ်ပါတယ်”
ချန်ရှန် ချီဓာတ်တွေထုတ်ပြီး မီးတောက်တွေ ထုတ်တာဟာ သူတို့ ၂ ယောက်ကို အရမ်း အံ့အားသင့်သွားစေပါတယ် ။ စစ်မှန်သောချီဓာတ်မီးလျံဟာ ဆေးပညာရဲ့ မီးလျှံ ဖြစ်တယ်၊ တချိန်ထဲမှာပင် ချန်ရှန်ဟာ ယောင်မျိုးနွယ်ရဲ့ ပါရမီရှင်နဲ့ ဘာကြောင့် ယှဉ်ပြိုင်ရဲတယ် ဆိုတာ ကို နားလည်သွားကြပါတော့တယ် ။
ရွှီဇိလန်က ရှက်ရှက်နဲ့ ထပ်ပြောပါတယ် ။
“ချန် ၊ မင်းကို စွမ်းအားတွေ တချိန်လုံး လျို့ ဝှက်ထားမယ်လို့ မထင်ခဲ့မိဘူး ၊ ဒါမတိုင်ခင်က မင်းကို အမြဲ အထင်သေးခဲ့ဘူးတယ် ။ ခွင့်လွှတ်ပါကွာ”
ချန်ရှန်ခေါင်းညိမ့်လျက် အပြုံးလေးနဲ့ပင် –
“ကိစ္စ မရှိပါဘူးဗျာ ၊ ဒါနဲ့ ရှန်းရှန်းကော စားပွဲ တက်မှာလားဗျ”
ရွှီမင် ပြုံးကာဖြင့် ပြန်ဖြေလိုက်တယ် ။
“သူမက မင်းနဲ့ ယောက်မျိုးနွယ်ကဆေးဆရာရဲ့ စိန်ခေါ်ပွဲ ရဲ့ အဓိက အကြောင်းရင်းပဲလေ ၊ မလာပဲ နေနိုင်ပါ့မလား ၊ ဒီကောင်မလေး ရဲ့ နှလုံးသားမှာ ညီတော် ချန်လို အလွန်တော်တယ့် လူရှိတာ ဘယ်လောက် ၀မ်းသာစရာကောင်းလဲ ၊ သူမရဲ့ ယုံကြည်မှု ရွေးချယ်မှု တကယ်မှန် ပါပေတယ်”
ချန်ရှန် စကားဆက်မပြောတော့ပါဘူး ၊ ရွှီရှန်းရှန်း သူတို့ ပြိုင်ပွဲကို ဒီလို မြန်မြန် စစေလိမ့် မယ်လို့ မထင်မိပါဘူး ။
“ညီတော် ချန် ၊ ဒီယောင် ဆေးဆရာလေးက ဉာဏ်နီဉာဏ်နက် တော်တော်များတယ် ။ မင်းက စွမ်းအားကြီးတာ မှန်သော်လည်း သူ နဲ့ ယှဉ်ပြိုင်တာက ပြသနာတစ်ခုပဲနော် ။ သူဟာ ဆေးပညာမှာ လုံးဝကို သေချာ ယှဉ်ပြိုင်လိမ့်မယ် ။ သူ့ အစွမ်းကိုလည်း ပေါ့သေးသေး မထင် လေနဲ့ ၊ မထင်မှတ်ထားတယ့် အရာတွေဆိုတာ နေရာတိုင်းမှာ ဖြစ်တတ်တယ်”
ရွှီမင်က သတိပေးတာပါ ။ ရွှီဇိလန်ကလည်း ခေါင်းညိမ့် ထောက်ခံကာ ထပ်ပြောပြပါတယ် ။
“ငါအာ့ကောင်လေးကို တွေ့ ဖူးတယ် ။ ဒီကောင် တော်တော် စိတ်ကြီးဝင်တယ့် ကောင်ကွ ၊ ငါတို့ ရွှီမျိုးနွယ် ကနေ သူ့ ကို အရင်က ဖိတ်ဖူးတယ် ။ သူ က ညီမတော် ရွှီရှန်းရှန်းကို ကြည့်နေတာ ၊ တခြားလူတွေကို ဂရုစိုက်ခြင်းလည်း မရှိဘူး ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ ဆေးပညာကတော့ မသေးဘူးနော် ၊ နောက်ပြီး ခေါင်းဆောင်တွေနဲ့ သက်ကြီးဝါကြီးတွေ ကလည်း သူ့ ကို သဘောကျနေကြတယ် ။ဒါကြောင့် သူတို့ ဟာ ရွှီရှန်းရှန်း နဲ့ သဘောတူပြီး အိမ်ထောင်ချပေးချင်နေကြတာ”
ချန်ရှန် ဒီ ယောက်မျိုးနွယ် အကြောင်း ကြားထားပြီးပါပြီ ၊ ဟိုဆေးဆရာ အကြောင်းကိုကော ပါပဲ ။ ထိုဆေးဆရာလေးဟာ အရမ်းမာနကြီးပြီး စိတ်ကြီးဝင်နေတာလို့ ကျော်ကြားပါတယ် ။ လူတွေကလည်း အသက်ငယ်ငယ်လေးနဲ့ ဒီလောက်တော်တယ့် ဆေးပညာရှင်ဖြစ်နေတာ မာနကြီးမယ်ဆိုလည်း ကြီးလောက်ပါတယ် လို့ လက်ခံထားကြတာပါ ။
သွားနေရင်းမှ ဝိုဟူမြို့ နားအရောက်တွင် ခပ်လှမ်းလှမ်းဆီမှ မြင်းခွာသံများ ဆူညံစွာ ဖြတ်သွားသည်ကို ချန်ရှန် နဲ့ ရွှီမင်တို့ သတိပြုမိလိုက်ကြပါတယ် ။ လှမ်းမြင်လိုက်ရတာတော့ ရထားလုံးများနဲ့ မြင်းများဟာ ဝိုဟူမြို့ ဆီသို့ ဦးတည်နေတာကို တွေ့ လိုက်ကြရပါတယ် ။ အလွန်ကောင်းတယ့်မြင်းများနဲ့ ခမ်းနားလှတယ့် ရထားလုံးများပဲ ဖြစ်ပါတယ် ။ အရေအတွက် အားဖြင့်တော့ ရထားလုံး ၅ ခုဖြစ်ကာ တစ်ခုသော ရထားလုံးရဲ့ မြင်းပေါ်မှာတော့ လူကြီးတစ်ယောက်ဟာ တက်စီးကာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေတာကို တွေ့ လိုက် ကြရပါတယ် ။ ထိုသူ၏ မျက်နာတစ်ခုလုံးတွင်လည်း ချီဓာတ်များ ကို မြင်လိုက်ရတယ် ။ အထူးပြောစရာမလိုလောက်ပါဘူး ၊ ထိုသူကတော့ ကိုယ်ရံတော်ကြီးပင် ဖြစ်ပေလိမ့်မည် ။
“ဟုတ်တာပေါ့ ၊ ယောင်မိသားစုဝင်တွေဟာ တကယ်ပဲ သာမန်ထက်လွန်ကဲကြတယ်”
ချန်ရှန်ဟာ ရထားလုံးပေါ်က ယောင် သင်္ကေတကို မြင်လိုက်သောကြောင့် ပြောလိုက်ခြင်း ဖြစ်ပါတယ် ။ ထိုကိုယ်ရံတော်ကြီး ၏ ခမ်းနားတယ့် အင်္ကျီတွင်လည်း ယောင် သင်္ကေတ ကို ထွင်းထားလျက်ပါပဲ ။ ယောင်မျိုးနွယ်ရဲ့ ပုံစံတွေကတော့ ဒီလိုကြီးကြီးကျယ်ကျယ်တွေပဲ ဖြစ်ပါတယ် ။
“မင်းတို့ သုံးယောက် နာမည်တွေမြန်မြန်ပြောပြစမ်း ၊နောက်ပြီး မင်းတို့ ဟာ လူသတ်သမားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်တယ်”
ရုတ်တရက်ပဲ ကြောက်မက်ဖွယ် ကြိမ်းမောင်းသံကြီးဟာ ရထားလုံးတွေ ဆီမှ ထွက်ပေါ်လာ ခြင်းပါတယ် ။
ချန်ရှန်နဲ့ ရွှီမင် တို့ ၂ ယောက် စိတ်မသက်မသာ ဖြစ်သွားပါတယ် ။ သူတို့ ဆီမှ ပြန်လည် ဖြေ ကြားမှာကိုတောင် မစောင့်ပဲ ရှည်လျားသည့် အစွန်း ၂ ဖက်ရှိသော ဓားကို မြားတစ်စင်းလို ပစ်လိုက်ပါတယ် ။ ဓားထိပ်မှာတော့ အားကောင်းလှသည့် ချီဓာတ်များကို အထင်းသားမြင် နိုင်ပြီး ၎င်းဟာ ချန်ရှန်ဆီသို့ တည့်တည့်ပင် လာနေပါတော့သည် . . . . . ။