Switch Mode

Chapter – 15

အနီရင့်ရောင်ငှက်၏ မီးလျှံတောင်ပံများ

Chapter – 15 အနီရင့်ရောင်ငှက်၏မီးလျှံတောင်ပံများ

ချန်ရှန် အမတ ချောက်ကမ်းပါးသို့ ရောက်ရှိတယ့်အခါ သေစေနိုင်သော အနက်ရောင် ချီဓာတ်တွေကို ကြည့်ကာ တီးတိုး ရေရွတ်မိလေတယ် ။
“ဒီနေရာက တကယ်ပဲ ထာဝရ နဲ့ မိစ္ဆာတို့ ဒွန်တွဲရာလား”
စုမေးယိုက တိုးတိတ်တယ့် အသံလေးဖြင့် ၊
“ဒါပေါ့ ၊ သိုင်းပညာလေ့ကျင့်သူ အတွက် စစ်မှန်တယ့် သိုင်းပညာဆိုတာ ခွန်အား ဖြစ်တယ်လို့ မတွေးမိဘူးလား ၊ စစ်မှန်တယ့်အဆင့်အပေါ်မှာ ခက်ခဲတယ့် သုံးဆင့်ပဲ ရှိ တော့တယ် ၊ ပြီးတော့ ဒါပြီးရင် နိဗ္ဗာန်အဆင့်ရောက်မယ် ။ နိဗ္ဗာန်အဆင့်ပါ အောင်မြင် သွားရင်တော့ နောက်ဆုံးကမ္ဘာလို့ ခေါ်တယ့် စကြာဝဠာကိုပါ သွားနိုင်မယ့် အဆင့်ကို ရောက်မှာဖြစ်တယ်”
“ဒီထူးခြားတဲ့အကြောင်းအရာတွေကို မစဉ်းစားမိဘူးလား ၊ ခုငါတို့ နေတယ့် ကမ္ဘာကို သေဆုံးနိုင်တယ့်ကမ္ဘာလို့ ခေါ်တယ် ၊ ၎င်းဟာလည်း ကျယ်ပြောလှပါတယ် ။ ဒီမှာတော့ ဝိဉာဉ်ချီဓာတ်တွေဟာ ပါးလွှာလွန်းတယ် ။ ဒါကြောင့် မကောင်းဆိုးဝါးတွေ အနည်းငယ် သာရှိလေတယ် ။ စစ်မှန်တယ့် စွမ်းအားကြီးသိုင်းပညာလေ့ကျင့်သူဟာ ချီဓာတ်တွေ များစွာရှိတယ့် နေရာကို သွားရမယ် ။ ဒီလိုပညာရှင်တွေဟာလည်း ကောင်းကင်က တိမ် တိုက်တွေလိုပဲ အများအပြားရှိပြီး မကောင်းဆိုးဝါးတွေဟာ လည်း အများကြီးပါ ။ ဒီလို နေရာမှာ လုံလောက်တယ့် စွမ်းအားမရှိတယ့်လူကတော့ သေမှာ မုချပဲ”
ဒါဟာ သိုင်းလောကအကြောင်း ချန်ရှန် ပထမဆုံး ကြားဖူးခြင်းပဲဖြစ်ပါတယ် ။ သူ့ ကို လည်းတော်တော် အံ့အားသင့်သွားစေပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၎င်းက သူဘယ်လောက် အရေးမပါသေးတာလဲဆိုတာကို နားလည်အောင် ပြလိုက်သလိုပါပဲ ။ သူထင်တာက စစ်မှန်သော သိုင်းပညာက အရမ်းစွမ်းအားရှိတယ် ဆိုတာပါ ၊ အဲဒိအထက် မှာ အဆင့်အများကြီးကျန်တယ်ဆိုတာ တွေးတောင် မတွေးမိခဲ့လေဘူး ။
“ ကောင်လေး ၊ သိုင်းလောက က အများကြီး ကျယ်ပြန့် တယ် ၊ ဒီဘေးမှာကို နယ်မြေတွေ အများကြီးရှိသေးတယ် ။ မရေတွက်နိုင်တယ့် သိုင်းပညာရှင်တွေ များစွာနဲ့ လျို့ဝှက်တယ့် ပညာရပ်များစွာ ဒီ ကမ္ဘာကြီးပေါ်မှာ ရှိကြတယ် ။ လျို့ဝှက်တယ့် နယ်ပယ်တွေမှာ မင်း အဖိုးတန် ပညာရတနာများစွာ ရှာဖွေ နိုင်တယ် ။ မင်း စွမ်းအားကြီးလေ အန္တရာယ် များလေပဲ ၊ ဒီအဆုံးမရှိတယ့် သိုင်းလောကကြီးမှာ မင်း အတွေ့ အကြုံတွေ အများကြီး ရမှာပါ ။ ခုလောလောဆယ်တော့ မင်းကိုယ့်ကိုကိုယ် ဘယ်လောက် အားနည်းပြီး မပြည့် စုံသေးလဲဆိုတာ နားလည်နိုင်အောင်ကြိုစားလိုက်ပါဦး”
ဘိုင်ယုယုရဲ့ ပြောစကားတွေ ဖြစ်ပါတယ် ။ ချန်ရှန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် မိတယ် ။ ဒီအချိန်မှာ သူဟာ လောကကြီးကို ချုံ့ ကြည့်မိတယ် ။ သူ့ စွမ်းအားတွေကို သန်မာမှရမယ်ဆိုတာကို သဘောပေါက်သွားစေပါတယ် ။ သိုင်းလောကကြီးဟာ သစ်တော ထဲက သစ်ပင်တွေလိုပဲ စုစည်းခိုင်မာနေတာကို လည်း သုံးသပ်မိသွားပါတယ်။
ချန်ရှန် ချောက်ထဲ ခုန်ချလိုက်ပါတော့တယ် ။ သူဟာ အဆင့် ၅ ပညာရှင်ဖြစ်ကာ သူ့ အောက်မှာတော့ ရေကန်ကြီးရှိနေပါတယ် ။ သူ့ လိုအားနဲ့ တောင်အောက်ကို ဖြည်းညင်းစွာဆင်းဖို့ အချိန်ကုန်မခံနိုင်တော့တာပဲ ဖြစ်တယ် ။
“ဗြန်း”
ချန်ရှန် အဖြူရောင်အလင်းတွေ ထွက်နေတယ့် ရေကန်ထဲသို့ နောက်တစ်ကြိမ် ရောက် လာပြန်ပါပြီ ။ ချောက်ကမ်းပါး မိစ္ဆာတွေဟာ ရေကန်တစ်ဖက်မှာ ပေါ်လာကြတယ် ။ သို့ သော် ဒီအတွက် ချန်ရှန် မစိုးရိမ်ပါ ။ ဒီလိုကောင်တွေနဲ့ တိုက်ဖို့ ချန်ရှန်ရဲ့ စွမ်းအားက အများကြီး သာနေပါသေးတယ် ။
“အမတော် မေးယို ၊ ကျွန်တော် ဒီရေကန်နဲ့ ဘယ်လို ဆက်လုပ်ကမလဲ”
ချန်ရှန် ရေကို လက်နဲ့ မွှေနေရင်း မေးလိုက်ပါတယ် ၊ အရောင်တောက် နေတာကလွဲလို့ တခြားထူးခြားမှု တစ်စုံတရာ မတွေ့လို့ပဲ ဖြစ်ပါတယ် ။ စုမေးယိုက ပြန်ပြောလိုက်တယ် –
“ဒီရေကန်မှာ နေပြီးရင် ကြီးမားတယ့် စွမ်းအင်တွေ သူတို့ရဲ့ ဆုံမှတ်ကနေ ထွက်လာကြလိမ့် မယ် ။ ဒါပေမယ့် မင်း ဒါတွေကို စုပ်ယူနိုင်မှာမဟုတ်ဘူး ၊ ဒီစွမ်းအင်ကို မင်းကိုယ်ရဲ့ ချီဓာတ် တွေ သန့် စင်ဖို့ နဲ့ ဆေးဖက်ဝင်ဖို့ အတွက်ပဲ သုံးနိုင်တာဖြစ်တယ် ။ နောက်ပြီး ဒါက တကယ်ကို နာကျင့်မယ့် ဖြစ်စဉ်နော်”
ချန်ရှန် မျက်ခုံး မြင့်တက်သွားတယ် ။
“ရေထဲဘယ်လောက်ကြာကြာ နေရမလဲဗျ”
စုမေးယို က –
“ငါလည်းမသိဘူး ၊ ငါမင်းကို နာကျင်မှုတွေ မတိုင်ခင်ထိပဲ ကူညီပေးနိုင်မယ်၊ မင်း ရေထဲ ခုန် ချပြီး မင်းကိုယ်ထဲကို စွမ်းအင်တွေ ထောက်ပံ့ဖို့ ထိုက်ကျိ နတ်အတွင်းအားလေ့ကျင့်ခန်း သာ လုပ်နေပါ ။
ချန်ရှန် လည်း အချိန်မဆွဲတော့ပဲ သူ့ အ၀တ်တွေချွတ်ကာ ကန်ထဲ ခုန်ချလိုက်ပါတော့တယ် ။ ရေထဲကို နစ်မြုပ်လျက်ရှိနေပြီး ရေအောက်မှာ အသက်ရှူ နေနိုင်တာကိုပါ တွေ့ လိုက်ရပါ တယ် ။ ဒါကြောင့် စိုးရိမ်စရာတော့ မရှိသေးပါဘူး ၊ ဒါတင်မက ခုလိုနေတာက သူ့ ကို သားရဲ မိစ္ဆာတွေ ရန်ကလည်း ကာကွယ်ပြီးသားဖြစ်နေပါတယ် ။
သူ့ ကိုယ်သူ နစ်မြုပ်အောင်လုပ်ပြီးနောက်မှာတော့ ချန်ရှန် ထိုက်ကျိ ကျင့်စဉ်ကို စတင်ပါ တော့တယ် ။ ရုတ်တရက်ပဲ သူ့ ကိုယ်ဟာ အရပ်မျက်နာစုံက စွမ်းအားတစ်ခုခုက ဖျစ်ညစ် သလို ခံစားလိုက်မိတယ် ။ တစ်ချိန်ထဲမှာပင် စွမ်းအင်တစ်ခုခုက ဖြစ်ညှစ်မှုက သူ့ ကိုယ်ကို ပြင်းထန်စွာ ခံစားမိလိုက်စေပါတယ် ။ ဒါက သူ့ ကိုယ်ကို အမြောက်နဲ့ ဆက်တိုက် ပစ်နေသလိုကို ခံစားမိနေတယ် ။ ခန္ဓာကိ်ုယ်ကြီးတစ်ခုလုံး ပေါက်ထွက်တော့မတတ် ခံစားနေရပါတယ် ။ အရိုးတွေတိုင်းဟာ ခုနေ ပိုမွှားကောင်လေး ကိုက်ရင်တောင် သေတာ ထက်ဆိုးတယ့် ခံစားမှုမျိုး ဖြစ်ပေါ်စေနိုင်ပါတယ် ။
အနာမှ အရည်များဟာ ရေကန်ထဲသို့ ထွက်ကျနေပါတယ် ။ ရေကလည်း အဆက်မပြတ် လည်နေကာ ဒါဟာ ချန်ရှန် ကန်ထဲမှာ ရုန်ကန်နေလို့ ဖြစ်ပါတော့တယ် ။ အချိန်မည်မျှ ကြာသွားသည်မသိ ၊ ချန်ရှန်ကိုယ်ကြီးဟာ အောက်ခြေမှ ကန်ပေါ်သို့ ပေါ်လာပါတယ် ။ ချန်ရှန် ကန်အစပ်တွင် လဲလျောင်းလျက် ရေရွတ်လိုက်မိတယ် ။
“ဘယ်လိုလဲ ကျွန်တော် အဆင့် ၆ မရောက်သေးဘူးလား”
“မင်းက မြန်မြန် ထလိုက်မိတယ်လို့ မထင်မိဘူးလား ၊ ခုက ခန္ဓာကိုယ်ကို သန့်စင်တာပဲရှိ သေးတယ် ။ ဒါကြောင့် မင်းကိုယ်တစ်ခုလုံးဟာ ပိုမို အစွမ်းထက်လာပြီး သိုင်းတွေ ပိုကျင့်နိုင် မှာပါ”
စုမေးယို အသံကို စိတ်ထဲက ကြားနေရတယ် ၊ ချန်ရှန် မတ်တပ်ရပ်လိုက်ပြီး လက်သီး ၂ ဖက် ဆုပ်ကာ သူ့ ရဲ့ သန်မာနေတယ့် ခန္ဓာကိုယ်ကို သတိထားလိုက်မိတယ် ။ သူဟာ အဆင့် ၆ မရောက်သေးသော်လည်း ခိုင်မာတယ့် အောက်ခြေထုထည်တော့ ရှိနေပြီလေ ။
“ဘယ် နရက်လောက် အောက်မှာ နေရမလဲ”
ချန်ရှန် မေးလိုက်ပါတယ် ။ သူဟာ ဘယ်လောက်ပဲ နာကျင်နေပါစေ ဂရုမစိုက်တော့တယ့် ပုံပါပဲ ၊
“ငါးရက်ပါပဲ ၊ ဒီရေကန်ဟာ နည်းနည်း အသုံးပြုရင်တောင် သက်ရောက်မှု ရှိစေတာ ၅ ရက်ဆို ထာဝရမိစ္ဆာ ခန္ဓာကိုယ် အဖြစ် ဖြစ်ပေါ်စေနိုင်လိမ့်မယ်”
စုမေးယိုက ပြန်ပြောတာပါ ။ ချန်ရှန် လျို့ ဝှက်စွာ တုန်လှုပ်သွားတယ် ။ ထာဝရမိစ္ဆာခန္ဓာကိုယ် ၊ နာမည်ကြားတာနဲ့ကို တော်တော် ကြောက်မက်ဖွယ် ကောင်းနေပါပြီ ။ အမတမိစ္ဆာ ချောက် ကမ်းပါးအောက်မှာတော့ အော်ဟစ်သံတစ်ခု ထွက်ပေါ်လျက် ထူးဆန်းသော စစ်မှန်သည့် ချီ ဓာတ်များလည်း ထွက်ပေါ်လျက်ရှိပါတယ် ။ ဒီချီဓာတ်တွေမှာ ရှင်းပြလို့ မရနိုင်သည့် ဖိအား များမှ ထွက်ပေါ်လာသည့် ထူးဆန်းရှေးကျသော လေထုရဲ့ သက်ရောက်မှုတွေ ရှိပါတယ် ။ ဒီ ချီဓာတ်တွေကတော့ ချန်ရှန် သူ၏ မိုးပြာနဂါး နတ်အတွင်းအား ကျင့်စဉ်မှ ထုတ်လွှတ်နေခြင်း ဖြစ်ပါတော့တယ် ။
ချန်ရှန်ဟာ အမတ ချောက်ကမ်းပါးမှ မထွက်ခွာပဲ လေ့ကျင့်နေလျက်ပါ ။ သူ၏ မိုးပြာရောင် သံလက်သီးမှ ချီဓာတ်တွေဟာ ထင်ရှားစွာ ထွက်ပေါ်နေကြပြီး ကမ်းပါးတစ်ခုလုံးကို အဆက် မပြတ် ရိုက်ခတ်နေပါတယ် ။ ကျောက်တုံးတွေလည်း အစိတ်စိတ်အမွှာမွှာ ကွဲလျက်ပါ ။ တစ်ကိုယ်လုံးတွင် ချီဓာတ်များပြည့်လျက် ကမ်းပါးရှိ ကျောက်တုံးများကို များစွာရိုက်ခတ် စေနေပါတော့တယ် ။ သူ့ ရဲ့ အသက်ရှူ သံကတော့ ပုံမှန်ပါပဲ ။ဒါဟာ သူ၏ စွမ်းအားတွေ များစွာ ကြီးမားလာတယ် ဆိုတာကို ပြသနေခြင်းပင် ။
လက်သီးချက်တိုင်းမှာ ချီဓာတ်တွေ ဟာ လက်မောင်းမှ ခေါင်းထိတိုင် ရစ်ပတ်လျက် ၊ ရုတ်တရက်ပဲ သူ ၏ ဦးနှောက်တွင် စိတ်ဝိဉာဉ်စွမ်းအားတစ်ခု ပေါ်လာပါတော့တယ် ။ ဒါဟာ လည်း နတ်အတွင်းအား လေ့ကျင့်ခန်းထဲမှ တစ်ခုဖြစ်ပါတယ် ။ ချန်ရှန် အောက်မှာ လေ့ကျင့်နေချိန် ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်နေပါတော့တယ် ။ အသံများလည်း များစွာ မြည်ဟည်းလျက်ပါပဲ ။
၂ ရက်ကြာပြီးနောက် ချန်ရှန် သူ၏ ချီဓာတ်တွေ ပြည့်နေပြီ လို့ ခံစားလိုက်မိပါတယ် ။ သူ၏ စိတ်ဝိဉာဉ်စွမ်းအားတွေဟာလည်း ပိုမို အားကောင်းနေခဲ့ပါပြီ ၊ သူ့ ရဲ့ စိတ်စွမ်းအားကို ဖွင့် လိုက်တာနဲ့ အမျှ သူဟာ နတ်အတွင်းအားစွမ်းရည်နဲ့ အတူ သိုင်းပညာ အဆင့် ၆ သို့ တိုး တက်လာတော့မှာပဲ ဖြစ်ပါတယ် ။ ဒီလိုဖြစ်အောင်လည်း သူ့ စိတ်စွမ်းအားတွေဟာ တိုးတက် လာပြီလေ ။
၂ ရက်ကြာပြီးနောက်မှာတော့ သူ့ ကိုယ်မှာ စွမ်းအင်တွေ ပြည့်သည်ထက်ပြည့်နေသည်ကို ခံစားမိနေပြီး ဒါဟာ ရေကန်ရဲ့ သန့် စင်ပေးမှု စွမ်းအားကြောင့်ပါ ။ ချန်ရှန် မြေပေါ် တင်ပလ္လင် ခွေ ထိုင်ကာ သူ့ မျက်လုံးတွေကို မှိတ်လိုက်တယ် ။ သူ့ ကိုယ်တွင်း ရှိ ချီဓာတ်တွေကို အာရုံစိုက်လျက် ခွဲခြမ်းစိတ်ဖြာနေပါတယ် ။ ဒီလိုလုပ်နေချိန် သူဟာ ရောနှောမှု ၂ ခု လုပ်လိုက်တယ် ။ သူ့ စိတ်စွမ်းအင်ကို အသုံးပြုလျက် ဝိဉာဉ်ဂိတ်များနဲ့ ချီဓာတ်တွေသုံးကာ ဖွင့်ထွက်စေတာပါ ။ သူ့ စိတ်ဝိဉာဉ်တွင်းမှာရှိတယ့် ပုန်းကွယ်နေသော ဝိဉာဉ်ဂိတ်များကို ရှာဖွေရန် စိတ်စွမ်းအင်သုံးကာဖြင့် ချန်ရှန်ဟာ ထိုက်ကျိကျင့်စဉ်ကို ပြုလုပ်နေတာပဲ ဖြစ်တယ် ။ မကြာမှီမှာပဲ ချန်ရှန် သူ့ မျက်စိရှေ့ မှာ ရွှေရောင် တံခါးတစ်ခု ပေါ်လာတာကို မြင် လိုက်ရပါတယ် ။
တံခါးကို မြင်တယ်ဆိုတာ နတ်အတွင်းအား စွမ်းအင်တွေ သူ့ ရှေ့ ရောက်လာတာကို ဆိုလို ခြင်းပဲဖြစ်ပါတယ် ။ မိုးပြာရောင် ချီဓာတ်တွေဟာ ရုတ်တရက် လက်သည်းတစ်ခုအဖြစ် ပြောင်းလဲသွားကြတယ် ။ ထို့ နောက် နဂါးတစ်ကောင်အသွင်ပြောင်းကာ ကြီးမားလှတယ့် ဟိန်းဟောက်သံကြီးက ရွှေတံခါးကို ထိသွားပါတော့တယ် ။ တံခါးကို ထိသွားတယ့် အခါ “ဒိန်း” ဟုပင် မြည်ဟည်းသွားပါတယ် ။ ချန်ရှန် စူးရှတောက်ပတယ့် ရွှေရောင် အငွေ့ တွေ ကို မြင်လိုက်ရပါတယ် ။ တစ်ချိန်တည်းမှာပင် သူ့ မျက်လုံးတွေဖွင့်ကာ ခိုင်မာတယ့် ချီဓာတ်များ သူ့ ကိုယ်အနှံ့မှ စီးဆင်းနေပါတော့တယ် ။ သူကိုယ်တိုင်ပင် အံ့သြနေမိတယ် ။ ချီ ဒြပ်စင် ၅ ခုလည်း ပြင်းထန်စွာဖြင့် ကိုယ်ထဲမှ ထွက်နေကာ လေပြင်းတွေဟာ အရပ် လေးမျက်နာကို တိုက်နေပါတော့တယ် ။
“ဒါဟာ သိုင်းပညာ အဆင့် ၆ ပေလား”
ချန်ရှန် သူ့ ကိုယ်တွင် အတွင်းအားများ နှင့် ချီဓာတ်များ အားကောင်းစွာ ဖြစ်ပေါ်နေသည်ကို မျက်လုံးများ မှိတ်နေလျက် ခံစားမိလိုက်ပါတယ် ။ နတ်အတွင်းအားအာရုံများမှ ချီဓာတ်များ မှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်နေစေပါတော့တယ် ။ ချန်ရှန်မျက်လုံးတွေ ပြန်ဖွင့် လျက် ပြုးံကာဖြင့် –
“ ဒီလှည့်စားမှုကို သုံးနိုင်တယ့် အချိန်ရောက်ပြီပေါ့”
သူ့ နောက်မှာတော့ မီးလိုရဲရဲတောက်နေမယ့် အငွေ့ တွေကို မြင်နိုင်ပါတယ် ။ ဒီမီးတောက် တွေဟာ သူ့ နောက်ကျောတွင် အလွန်ကြီးမားသော တောင်ပံ တစ်စုံ အဖြစ် ပြောင်းလဲ သွားပါတယ် ။ ရဲရဲနီသော အငွေ့ တွေဟာ နှင်းဆီလှိုင်းတွေလို ထွက်ပေါ်နေပုံမှာ ဖီးနစ် ငှက် ၏ တောင်ပံများနှင့်ပင် တူနေပါတော့တယ် ။
“ အနီရင့်ရောင် ငှက်မီးလျှံ တောင်ပံတွေ ပျံသန်းကြစေ”
သူ့ ရဲ့ မီးတောင်ပံတွေ အထက်ကို ရိုက်ခတ်ပြီး အနည်းငယ်မြင့်တက်သွား ချိန်မှာတော့ ချန်ရှန် ရယ်မောသံတွေ ထွက်ပေါ်လာပါတော့တယ် ။ သူဟာ သေစေနိုင်သော ချီဓာတ်တွေ ကို ချန်လျက် ပျံတက်ခဲ့ပါတော့တယ် ။
ဒါဟာ သိုင်းပညာ အဆင့် ၆ ရောက်ခြင်းကို ပြသတယ့် စွမ်းရည်ပါပဲ ။ အတွင်းပိုင်းမှာ ရှိတယ့် ချီဓာတ်တွေအား စွမ်းအားပြည့်ဝတယ့် နတ်အတွင်းအား အာရုံများဖြင့် ထိန်းချုပ်ခြင်းဟာ စွမ်းအားကြီးမားလှပြီး ချန်ရှန်၏ အတွင်းပိုင်း ချီဓာတ်တွေကို အပြင်ကို ထွက်ပေါ်လာပြီး တောင်ပံကြီးများအသွင် ပြောင်းလဲသွားစေကာ ကောင်းကင်ပေါ် ပျံတက်သွားစေ နိုင်ပါတော့တယ် . . . .။

Comment

Leave a Reply

Options

not work with dark mode
Reset