Switch Mode

Chapter – 14

ထာဝရမိစ္ဆာရေကန်

Chapter – 14 ထာဝရမိစ္ဆာရေကန်

ကွင်းပြင်ထဲမှာတော့ ချန်တျန်းဟူတစ်ယောက် ဒဏ်ရာရနေတယ့် ချန်ဟွာဟိုင်း နဲ့ ချန်ရိဟန် တို့ ရဲ့ ဘေးသို့ ရောက်နေပါတယ် ။ သူတို့ ကိုမျက်နာချင်းဆိုင်ကာ ပြောလိုက်ပါတယ် ။
“မင်းတို့ နဲ့ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှုအားလုံး ပြီးပြီပေါ့ ။ ငါဒီလို အဆုံးသတ် မယ်လို့ မမျှော်လင့် ပါဘူး ၊ ငါတို့ ဟာ ချန်မိသားစု ၀င်တွေဖြစ်တယ် ။ ဒါကြောင့် ငါတို့ စည်းလုံးသင့်တယ် ။ မင်း ငါ့ကို ခေါင်းဆောင်နေရာအဖြစ်ကနေ လက်မခံနိုင်ရင် မင်းနဲ့ မင်း အပေါင်းအပါတွေ ချန်မျိုးနွယ်ကနေ ထွက်သွားလို့ ရပါတယ် ။”
ချန်ဟွာဟိုင်းနဲ့ ချန်ရိဟန်တို့ ဟာ ချန်ရှန်ဆီသို့ မကြည့်ခင် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လေးလံတယ့် သက်ပြင်းတွေ ကိုယ်စီ ချလိုက်ကြပါတယ် ။
ချန်ဟွာဟိုင်း ချန်တျန်းဟူ လက်မောင်းကိုဆုပ်ကိုင်ကာ လေးနက်သောလေသံဖြင့် –
“မင်းမျိုးနွယ်ခေါင်းဆောင်နေရာကို ကောင်းကောင်း ဦးဆောင်နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် ၊ ငါချန်ဟွာဟိုင်း သေသွားရင်တောင်မှ ချန်မျိုးနွယ်မှာ တစ္ဆေ တစ်ကောင် အဖြစ် ရှိနေမှာပါ ။ ခေါင်းဆောင်အသစ်ကို ခြွင်းချက်မရှိ ထောက်ခံပါတယ် ။”
ချန်ဟွာဟိုင်းနဲ့ ချန်ရိဟန်တို့ ဟာ အရူးတွေမဟုတ်ကြပါဘူး ၊ ချန်ရှန်ရဲ့ စွမ်းအား ဘယ်လောက်ကြီးမားတယ်ဆိုတာကို စိတ်ထဲမှာ သိနေကြပါပြီ ၊ သူ့ ကိုသာ ကောင်းမွန်စွာ လေ့ကျင့်လိုက်ရင် သူဟာမကြာခင် သိပ်ကိုတော်တယ့် ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်လာမှာ မလွဲပါပဲ ။ မြင့်မားတယ့် အဆင့်ရှိတယ့် ဆေးပညာကော သိုင်းပညာကော တတ်တယ့် လူတစ်ယောက်ကို အမှားမပြုလုပ်ချင်ကြတော့ပါဘူး ။ ခုတော့ ချန်တျန်းဟူဟာ အတိတ်ကဖြစ်ခဲ့တယ့် အာဃာတတွေ အားလုံးကို ခဝါချလိုက်ပါတော့တယ် ။ ဒါဟာ သူတို့ အားလုံးအတွက် အကောင်းဆုံး ဖြစ်မှာပါ ။
“ဦးလေးတို့ ၊ ပြီးခဲ့တယ့် ကိစ္စ တွေအတွက် ကျွန်တော့ကို ခွင့်လွှတ်ပေးကြပါ ။ ကျွန်တော် တို့ ချန်မျိုးနွယ်တွေ ဒီမြေမှာ နှစ်များစွာ ရှင်သန်နေထိုင်နိုင်ဖို့ လိုအပ်တယ်လေ ၊ မျိုးနွယ်စု တွင်းမှာပဲ အမုန်းတရားတွေ ချေဖျက်ကြပါစို့ ”
ချန်ရှန် ဟာ ချန်ဟွာဟိုင်းနဲ့ ချန်ရိဟန် တို့ ၂ ယောက်ရှေ့ ရောက်တယ့် အခါမှာ တောင်း ပန်လိုက်ပါတယ် ။ ချန်ရှန်အပြုအမူနဲ့ အပြောအဆိုကြောင့် များစွာသော ချန်မိသားစု ၀င်တွေနဲ့ အသက်ကြီးသူများအားလုံးဟာ လျို့ ဝှက်စွာ အသိမှတ် ပြုသွားကြပါတော့တယ် ။ သူဟာ ငယ်ရွယ်သူ တစ်ယောက် ဖြစ်ကာ အကြီးအကဲတစ်ယောက်ကို ရှုံးနိမ့်သွားစေသော် လည်း မာနကြီးပုံမရှိပါ ၊ ဒီလိုနူးညံ့သိမ်မွေ့ မှုဟာ ချန်မိသားစုရဲ့ မျိုးဆက်သစ် လူငယ်တွေ ကြားမှာ မရှိသလောက်ကို ရှားတာပါ ။ ချန်မိသားစုရဲ့ လူငယ်အချို့ လည်း တစ်ခုခုကို ရှက်နေ ကြပုံပါ ။
“င့ါတူ ၊ ခုအရင်ဆုံး မြန်မြန် အားဖြည့်လိုက်ပါဦး ၊ သွေးတွေ အကြာကြီးထွက်ခြင်းက ရှေ့ လျှောက် သိုင်းပညာလေ့ကျင့်ရာမှာ ထိခိုက်နစ်နာမှုတွေဖြစ်နေတယ်”
ချန်ရိဟန်ဟာ သူ့ ရဲ့ အားပြည့်ဆေးတွေကို ဖြည်းညင်းစွာ ထုတ်ရင်း ပြောပါတယ် ။ သက်ကြီးပိုင်းတွေကလည်း ကျေနပ်နေကြတာပါ ။ သက်ကြီးပိုင်းတစ်ယောက်က ရှင်းလင်း ပြတ်သားသောလေသံဖြင့် –
“လူကြီးမင်းတို့ ၊ ဆယ်ရက်ကြာရင် စားသောက်ပွဲ ကြီး ကျင်းပကြမယ် ။ သို့ သော် ကျွန်တော် တစ်ခုလူတိုင်းကို တောင်းဆိုချင်တာက အဲဒိ စားသောက်ပွဲပြီးတဲ့အထိနေကြဖို့ ပါပဲ ၊ အဲအချိန်မှာပဲ တခြားမျိုးနွယ်တေကို လည်း ဖိတ်ကြားမှာပါ ။ ဒီအချက်က တခြား မျိုးနွယ်တွေ နဲ့ ပိုပြီးရင်းနီးမှု ရစေမယ့် အခွင့်အရေးပါပဲ”
ချန်ရှန် သူ့ အခန်းကို ပြန်လာခဲ့ပါတယ် ။ သူ့ ဒဏ်ရာရနေတယ့် ခန္ဓာကိုယ်ကို ကြည့်မိတဲ့အခါ သူဘာမှမလုပ်နိုင်ပါဘူး သက်ပြင်းတွေသာ ချနေမိပါတော့တယ် ။ ဒါမတိုင်ခင်က သူဟာ ချန်ရိဟန်နဲ့ အန္တရာယ်များတယ့် တိုက်ပွဲကို တိုက်ခဲ့ရတာပါ ။ ခုချိန်ထိကို ချန်ရှန် စိတ်လှုပ်ရှား နေပါတယ် ။ သူ့ လို အဆင့် ၅ပညာရှင်လေးက အဆင့် ၇ ကို ရှုံးနိမ့်သွားစေတာကြောင့်ပါ ။
ခုနက တိုက်ခိုက်မှုပြီးတယ့်အခါ သူ့ ရဲ့ စွမ်းအားအဆင့်ဟာ တစ်ခုခုထူးခြားတိုးတက်သွား သလို ခံစားလိုက်ရပါတယ် ။ သူဟာ ချီဓာတ်အသုံးချခြင်းမှာ တော်တော်လေးအတွေ့ အကြုံ တွေရလိုက်တယ် ။ စွမ်းအားတွေနဲ့ ပြည့်စုံမယ့်လူတစ်ယောက်ဟာ တိုက်ပွဲများစွာ တိ်ုက်ဖူးရန် လိုအပ်တာပေါ့ ။
ချန်ရှန် အားပြည့်ဆေးစားတော့မယ့်အချိန်မှာ သူ့ မျက်လုံးတွေရှေ့ သို့ အငွေ့ ၂ ခု ရောက်လာ ပါတယ် ။ မျက်တောင်ခပ်ကြည့်တယ့်အခါမှာတော့ ဘိုင်ယုယု နဲ့ စုမေးယိုတို့ မတ်တပ်ရပ် လျက် သူ့ ရှေ့ ရောက်လာပါတော့တယ် ။
“ကောင်လေး ၊ ခုနတုန်းက မင်းတော်တော် မစဉ်းစားမဆင်ခြင် ပြုလုပ်လိုက်တာပဲ ၊ မင်းသာသေရင် ငါတို့ က ဘယ်လိုလုပ်မလဲ ၊ ငါတို့ မင်းကိုယ်ထဲကို အားတွေ တော်တော် ထည့်ပေးလိုက်ရတာ”
ဘိုင်ယုယု က အေးစက်စွာဖြင့် ပြောပါတယ် ။ ချန်ရှန်ကျောရိုးထိကို အေးစက်စက် ခံစား လိုက်ရပါတယ် ။
စုမေးယိုကတော့ လျာ ထုတ်လျက် ပြောပါတော့တယ် ။
“အခြေအနေတွေကိုစဉ်းစားပြီးသွားပြီလား ၊ ကောင်လေး ဘယ်လိုတောင် သတ္တိတွေ ရှိနေ တာလဲ ၊ ဒီတစ်ကြိမ်တော့ မင်းကို ခွင်လွှတ်လိုက်မယ် ၊ နောက်တစ်ခါဆို မလွယ်ဘူးနော် ၊ ကဲ အခု မင်းအ၀တ်တွေ ချွတ် ၊ ငါဆေးလိမ်းပေးမယ်”
ချန်ရှန်နဲ့ ချန်ရိဟန်တို့ တိုက်ပွဲမှာ သူ့ တစ်ကိုယ်လုံး များစွာသော ရှရာပြတ်ရာတွေ ဖုံးအုပ်လျက်ပါ ။ ဒါဟာ ရေခဲငွေ့ ချီဓာတ်ကြောင့်ပဲ ဖြစ်ပါတယ် ။ သွေးထွက်ရာတွေ အပြည့်ပါ ပဲ ၊ တကယ်လို့ သေချာသာ မကုသရင် အားပြန်ဖြည့်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ် ။
ချန်ရှန်ဟာ အခု သူ့ အိပ်ယာပေါ် လှဲနေပါတယ် ။ နူးညံ့လှတယ့် လက်ကလေးတွေနဲ့ ဆေး လိမ်းပေးတာခံရင်းပေါ့ ၊ အရမ်းကို သက်တောင့်သက်သာဖြစ်နေပါတော့တယ် ။
ချန်မျိုးနွယ်ရဲ့ ခေါင်းဆောင်သစ် ကြိုဆိုပွဲသို့ တခြားမျိုးနွယ်တွေ ဖိတ်ကြားမှာ ဖြစ်ပါတယ် ။ တခြားမျိုးနွယ်စုတွေ ဒီရောက်ရန် တချို့ သော ဝေးလံသည့်အရပ်မှ လာသူများအဖို့ အချိန် တစ်ခု ကြာနိုင်ပါတယ် ။ ဒါကြောင့် ၁၀ရက်ခန့် ခွာ ချိန်းရခြင်း ဖြစ်ပါတယ် ။
သို့ သော်လည်း ဒီ စားသောက်ပွဲမှာ လူတိုင်းရဲ့ စိတ်ဝင်စားမှကတော့ ချန်ရှန်နဲ့ ယောင် မျိုးနွယ်မှ ပါရမီရှင်ကောင်လေးတို့ အပေါ်မှာပဲ ဖြစ်ဖို့ များနေပါတယ် ။လူတိုင်းက ဖြစ်လာတော့မယ့် ဆေးပညာပြိုင်ပွဲအကြောင်းပဲပြောဆိုနေကြတယ် ။ ဒါကြောင့် လူတော် တော်များများဟာ ဒီစားသောက်ပွဲကို လာကြလိမ့်မှာ ဖြစ်ပါတယ် ။ လူအများဟာ ချန်မျိုးနွယ် ရဲ့ အရှက်ရတာကို ကြည့်ဖို့ လာချင်ကြတာပဲဖြစ်ပါတယ် ။ ချန်မျိုးနွယ်ရဲ့ လျို့ ဝှက်ချက်ဖြစ် တယ့် ချန်ရှန်ရဲ့ သိပ်မကြာသေးခင်အချိန်က အောင်မြင်မှု အကြောင်းကို မသိကြသေးပါဘူး။
မနက်ပိုင်းမှာတော့ မိုးပြာရောင် အဆင်းရှိတယ့် အစက်ကလေးဟာ ချန်ရှန်ဆီမှ ထွက်လာ ပါတယ်။ ဒီ အစက်ပြောက်လေးကိုတော့ သူ့ လေ့ကျင့်ခန်းဖြစ်တဲ့ “နဂါးတံတွေး” လေ့ကျင့် ခန်းမှ ပြုလုပ်လိုက်တာပဲဖြစ်ပါတယ် ။သူဟာ လာမယ့် ၁၀ ရက်အတွင်း ဆေးပညာကို ပိုပြီး တတ်ကျွမ်းနေချင်ပါတယ် ။ အလယ်အလတ်အဆင့်ရှိတယ့် ဆေးကို ပြုလုပ်ချင်နေတာပါ ။
သူ့ အရွယ်နဲ့ ကိုယ်ငြိမ်းဆေး လုပ်နိုင်တာဟာပဲ တခြား ပါရမီရှင်တွေနဲ့ ယှဉ်ဖို့ လုံလောက် နေပါပြီ ။
“မင်းက အချိန်တိုလေး တစ်ခုအတွင်းမှာ အလယ်လတ်ဆင့် ဆေး လုပ်ချင်တယ် ဟုတ်လား ၊ ဒါကတော့ တကယ်ခက်ခဲတာပဲ ၊ ဒါပေမယ့် စုမေးယိုကလဲ ဒီလို စိန်ခေါ်မှုတွေကိုပဲသ ဘောကျတာ”
စုမေးယိုရဲ့ နူးညံ့တယ့် အသံက ချန်ရှန် နားထဲ စွဲနေပါတယ် ။ ချန်ရှန်က ရယ်ပြီးပြောပါတယ် ။
“အမတော် စုမေးယို ၊ ကျွန်တော့ကို မြန်မြန်သာ သင်ပေးပါတော့”
စုမေးယို နုးညံ့စွာ ပြုံးပြီး –
“ပျော်ပြီး စပ်ဖြဲဖြဲလုပ်မနေပါနဲ့ ၊ ငါ့ကို တန်ကြေးတစ်ခုပေးရမယ် ။ မင်းမှာ အနိမ့်စားဆေးပင် တွေ ပြုလုပ်နိုင်နေတယ့် စွမ်းရည်တွေရှိပြီး အလယ်တန်းစားဆေးတွေ လုပ်ဖို့ အနည်းငယ် အတွေ့ ကြုံရှိနေပြီဖြစ်သော်လည်း မင်းရဲ့ စိတ်စွမ်းအားဟာ မလုံလောက်သေးဘူး ၊ သိုင်းပညာအဆင့် ၇ ရောက်ဖို့ လိုအပ်သေးတယ် ၊ နောက်ပြီး နတ်အတွင်းအားတွေဟာ မင်းကို မီးတောက်တွေကို ထုတ်လုပ်နိုင်ပြီး ဆေးတွေ လုပ်ဖို့ လုံလောက်တယ့် ထိန်းချုပ်မှုတွေ ပေးလိမ့်မယ် ။
ချန်ရှန်ခေါင်းညိမ့်လျက် ပြောပြန်ပါတယ် ။
“ကောင်းပါပြီ ၊ ကျွန်တော် ကျင့်စဉ်တွေကို ကျင့်ပြီး တိုးတက်အောင်လုပ်ပါ့မယ် ၊ ဆေးပညာ ပြိုင်ပွဲ မတိုင်ခင် မှီဖို့ လိုတယ် ။
စုမေးယိုက ဆက်ပြောပါတယ် ။
“နတ်အတွင်းအားလေ့ကျင့်ခန်းတွေ လေ့ကျင့်ဖို့ မင်းမှာ လုံလောက်တယ့် ချီဓာတ်တွေ အများကြီး ရှိဖို့ လိုတယ် ။ နောက်ပြီး စိတ်စွမ်းအားတွေကို နတ်အတွင်းအားအဖြစ် ပေါင်းစပ်ဖို့ လိုတယ် ။ ဒါကနည်းနည်းခက်ခဲပါတယ် ။ ဒါပေမယ့် မင်းဟာ ထိုက်ကျိကျင့်စဉ်ကို လေ့ကျင့်ထားတယ့်အတွက် မြန်မှာပါ ၊ ၁၀ ရက်အတွင်း မှီ ဖို့ ကတော့ မသေချာဘူးနော်”
ချန်ရှန် သက်ပြင်းအနည်းငယ် ချမိတယ် ။ သူ စိတ်မရှည်တော့ပါဘူး ၊ နောက်ပြီး ဒါဟာ ကြီးမားတယ့် ရည်ရွယ်ချက်ကြီးဖြစ်နေတယ် ။
“ကောင်းပါပြီ ၊မင်းရဲ့ စွမ်းအင်တွေ အမြန် တိုးတက်ဖို့ နည်းလမ်း တစ်ခုတော့ရှိတယ်”
စုမေးယိုက အပြုံးလေးနဲ့ ပြောပါတယ် ။
“ဘယ်လိုလဲ”
ချန်ရှန် အမြန်မေးလိုက်တယ် ။ ရုတ်တရက်ပဲ ဘိုင်ယုယုက ရေခဲတမျှ အေးစက်လှတယ့် အသံဖြင့် ၀င်ပြောလိုက်ပါတယ် ။
“ထာဝရမိစ္ဆာရေကန်”
ဒီအချိန်မှာပဲ ချန်ရှန် သတိရသွားပါတယ် ။
‘ထာဝရတစ္ဆေ ချောက်ကမ်းပါး’
၎င်းဟာ ထူးဆန်းတယ့် ရေကန်တစ်ခုဖြစ်ပါတယ် ။ သူရေထဲကျသွားတုန်းက ရေထဲ အသက်ရှုနေနိုင်ခဲ့တာဖြစ်တယ် ။ ဒါတင်မကသေးဘူး ရေကန်က တောက်ပလျက် လည်းရှိနေတယ် ။ ဒါပေမယ့် ဒီထက်ထူးဆန်းတယ့် အရာတော့ သူမတွေ့ ခဲ့မိဘူး ။
“အဲဒိချောက်ကမ်းပါး အောက်ခြေက ရေကန်က ထူးဆန်းတယ်လား”
ချန်ရှန်မသေချာသလို ပြန်မေးလိုက်ပါတယ် ။
“ဒါပေါ့ ၊ မင်းမမှတ်မိဘူးလား ၊ ငါတို့ ရဲ့ ရန်သူနဲ့ တိုက်ခိုက်ခဲ့တယ့်နေရာလေ”
စုမေးယိုရဲ့ အမေးက ချန်ရှန် ကို သိချင်စိတ်ပြင်းပြလာစေပါတယ် ။ ဒီပြိုင်ဘက်ကင်း မိန်းမလှလေး ၂ ယောက် ပြုတ်ကျခဲ့တာကို မှတ်မိနေပါတယ် ။
“အဆုံးမှာ ဘယ်လိုမျိုး လျို့ ဝှက်နက်နဲတာလဲ”
ချန်ရှန်စဉ်းစားလေလေ ပိုပြီး သိချင်လေလေ ဖြစ်လာပါတယ် ။ အမတမိစ္ဆာ ချောက်ကမ်းပါး ဟာလည်း သေစေနိုင်တယ့် ချီဓာတ်တွေနဲ့ ပြည့်နေတာလေ ။ ရေကန် အနီးမှာတော့ ၎င်း ချီဓာတ်တွေ မတွေ့ရပါဘူး ။ ထာဝရ ရေကန်ဟာ ပုံမှန်မဟုတ်တာ တော့ သေချာပါတယ် ။ သူချက်ချင်းပဲ နဂါးတံတွေးပြုလုပ်ကာ ဆေး ဖက်ဝင်အပင်တွေနဲ့ ပန်းတွေပေါ် လောင်းချလိုက်ပါတယ် ။ ပြီးနောက်မှာတော့ သူ့ အဖေကို နှုတ်ဆက်ကာ ချန်မိသားစုအိမ်တော်မှ တိတ်တဆိတ် ထွက်လာပါတယ် ။ သူ့ဦးတည်ရာကတော့ အမတမိစ္ဆာ ချောက်ကမ်းပါးဆီသို့ ပဲ ဖြစ်ပါတော့တယ် ။
လမ်းမှာ သူဟာ စုမေးယိုရဲ့ ဒီ အမတ ချောက်ကမ်းပါး အကြောင်း ပြောပြမှု တွေကို နားထောင်လာခဲ့ပါတယ် ။
“ဒီနေရာကိုတော့ အမတ မိစ္ဆာ ချောက်ကမ်းပါးလို့ ခေါ်တယ် ၊ ဘာလို့ လဲဆိုတော့ ဒီနေရာ ဟာ ထာဝရ ရှင်သန်နိုင်တယ့် မိစ္ဆာတွေ ရဲ့ နေရာလည်းဖြစ်တယ် ။ ဒီရေကန်က အထူးစွမ်းအားတွေ ဖြစ်ပေါ်နေတယ် အထူးစွမ်းအားတွေဟာ သူတို့ ရဲ့ စုဆုံရာ ကနေ ထွက်ပေါ်လာတာဖြစ်တယ် ။တစ်စုံတစ်ယောက်က ဒီရေကန်ကို ဖန်တီးခဲ့တာဖြစ်ပြီး ၎င်း ပတ်ဝန်းကျင်မှာ သေစေနိုင်တယ့် ချီဓာတ်တွေ ရှိနေခြင်းဟာလည်း ခုနက ထာဝရ မိစ္ဆာ ရေကန် ရဲ့ ဆုံမှတ်ကနေ အလွန်ကျွံ ရေစီးလို့ ဖြစ်တယ်”
စုမေးယို ပြောပြခဲ့တာပဲဖြစ်ပါတယ် ။
ချန်ရှန်ဟာ တုန်လှုပ်နေပါတယ် ။ ထာဝရမိစ္ဆာ ကန် ဟာ ဒဏ္ဍာရီလာ တစ်ခုဖြစ်ပြီး သူမတို့ လိမ်ပြောတာလည်း မဖြစ်နိုင်ပါဘူး ။ သူတော်တော်ကို စိတ်လှုပ်ရှားနေတာပါ ။ ဒီရေကန်က တစ်ကယ်ပဲ စစ်မှန်တဲ့ စွမ်းအားတွေ ရှိနေပြီး သူသာ ၎င်းစွမ်းအားတွေ ရ ရှိခဲ့မယ် ဆိုရင်တော့ဖြင့် . . . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset