Chapter – 13 ဒြပ်စင်ငါးခုပေါင်းစပ်ခြင်း
“ကောင်းပြီ ၊ အဲဒါအသုံးမ၀င်ဘူးကွ ၊ ငါ့မှာ ချီဓာတ် အမြောက်အများ ရှိတယ်လေ ။ တစ်ခါလေးလွဲသွားတာနဲ့ ငါ့ကို အချိန်ဆွဲဖို့ မကြိုးစားလေနဲ့”
ချန်ရိဟန်က ရီမောပြောဆိုလိုက်တယ် ။ သူကချန်ရှန်ကို ပိုပြီး ပြင်းပြင်းထန်ထန် ဆက် တိုက်ပါတော့တယ် ။ မရေတွက်နိုင်တယ့် စွမ်းအားပစ်ချက်တွေနဲ့ တရစပ်ကို တိုက်ခိုက်တာ ပါ ။ ဒီလိုမတိုက်ခိုက်ခင်တည်းက ချန်ရှန်မှာ အနည်းငယ် ဒဏ်ရာရှိနေပြီဖြစ်ပါတယ် ။ ချန်ရိဟန်ကတော့ သူ့ လက်ချက်နဲ့ချန်ရှန်သေမယ်လို့ ယုံကြည်နေတယ့် အတွက် အဆက် မပြတ်ကို တိုက်ခိုက်နေပါတော့တယ် ။
ချန်ရိဟန်ဟာ ခြေကို ဆောင့်ကာ သူ့ရဲ့ ရေခဲငွေ့ စွမ်းအင်တွေနဲ့ တောက်လျှောက်တိုက်ခိုက် နေတာပါ ။ နောက်ပြီး အဝေးကနေ ချန်ရှန် မခံစားနိုင်အောင်ကို တိုက်ခိုက်နေလျက်ရှိပါတယ် ။
“ဟား ဟား ဟား ၊ ခုနလေးကပဲ မင်းပြောခဲ့တယ်မလား မင်းတိုက်နိုင်တာရဲ့ တ၀က်ပဲ ရှိသေးတယ်ဆို ၊ ခုတော့ကြည့်ပါဦး . . ခုခံနိုင်တယ့် အားတောင် မရှိရှာတော့ဘူး”
ချန်ရိဟန် စူးစူးဝါးဝါးကို ရယ်မောနေပါတယ် .။ ချန်ရှန်ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ရေခဲငွေ့ စွမ်းအားကြောင့် ဒဏ်ရာများစွာဖြင့် သွေးများ ထွက်နေပါတော့တယ် ။ ချန်ရှန်ဟာ အသက်ကို ခပ်ပြင်းပြင်းရှူကာ ထိုက်ကျိ ယင်ယန် ပုံကြမ်းကို သူ့ ကိုယ်အတွင်း လှည့်စေလျက် ရှိပါတယ် ။ သူ့ ရဲ့ စိတ်စွမ်းအား အကူအညီနဲ့ သူဟာ စစ်မှန်သော ချီဓာတ် ရဲ့ ဒြပ်စင် ၅ ခုကို သူ့ ကိုယ်ထဲမှာ ထိန်းချုပ်ကာ ၎င်းတို့ အား ပေါင်းစပ်အောင် ပြုလုပ်နေတာပါ ။
ဒြပ်စင် ၅ ခုဟာ ပေါင်းစပ်လာကြပါပြီ ၊ ခုတော့ ချန်ရှန်အတွက် နိုင်ဖို့ အခွင့်အရေးဟာ ဒီချီ ဒြပ်စင် ၅ ခုကို ပေါင်းစပ် အသုံးပြုရုံကလွဲပြီး တခြားမရှိတော့ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ခု ဒြပ်စင် ၅ ခု ပေါင်းစပ်ကာ သူဟာ ရဲရင့်ကြမ်းတမ်းလာပါပြီ ၊ ဒီလို ချီ ဒြပ်စင် ၅ ခု ပေါင်းစပ်ခြင်း ကို အရင်က ဘယ်သူမှ မလုပ်ဘူးပါဘူး ၊ အဓိကကတော့ ဘယ်သူမှာမျှ အဆိုပါ အခွင့်အရေး မရှိကြလို့ ပဲဖြစ်ပါတယ် ။ ချန်ရှန်သာလျှင် “စစ်မှန်တယ့် ရူးသွပ်ခြင်း” လို့ ခေါ်တယ့် အလွန် လျို့ ဝှက်လှတယ့် ကျင့်စဉ်ကြီးကို ပထမဆုံး စတင်တယ့် သူဖြစ်ပါတော့တယ် ။ သူသာ ချီဓာတ် ကို မထိန်းချုပ်နိုင်ရင် ချီဓာတ် ဖောက်ပြန်သွေဖယ်ခြင်း ကြောင့် သူ့ အသက်ပါ ဆုံးရှုံးစေနိုင်ပါတယ် ။
ဘယ်လိုဖြစ်ဖြစ် သူ အောင်မြင်ခဲ့တာပါ ။ သူ့ရဲ့ ကြောက်မက်ဖွယ် ချီ ခွာဖြာခြင်းကြောင့် သူ့ စွမ်းအင် သိုလှောင်ရာမှာ ချီ ဒြပ်စင် ၅ ခုကို အောင်မြင်စွာ ပေါင်းစပ်လိုက်နိုင်ပါတယ် ။ သို့ သော်လည်း ထိန်းချုပ်ဖို့ က ပိုမိုခက်ခဲသွားတာပါ ။ နောက်ပြီး သူ့ စွမ်းအင်သိုလှောင်ရာမှ ချီဓာတ်အမြောက်အမြားကို ဆုံးရှုံးလိုက်ရတာပဲဖြစ်တယ် ။ ချီဓာတ်တွေ မကုန်ဆုံးခင် ချန်ရှန် ဟာမြန်မြန် အဆုံးသတ်ရမယ်ဆို တာ သိလိုက်ပါတယ် ။ ဒီကြောက်မက်ဖွယ် စွမ်းအားနဲ့ ပဲ ချန်ရိဟန်ကို ရှုံးနိမ့်သွားစေဖို့ လိုအပ်ပါတယ် ။
ခရမ်းရောင် အခိုးငွေ့တွေ ရုတ်တရက် ချန်ရှန် ဆီမှ ပေါက်ကွဲ ထွက်လာပါတယ် ။ ချန်ရိဟန် ရဲ့ တုန်လှုပ်မှုကို ဘယ်သူမှ မကူညီနိုင်ပါဘူး ၊ ရုတ်တရက်ပဲ စစ်မှန်သော ချီဓာတ်တွေဟာ သူ့ လမ်းကြောင်းမှာရှိတယ့် ဘယ်အရာကိုမဆို ဖျက်ဆီးမယ့်ဟန်ဖြင့် အသံများစွာ မြည်ဟည်းလျက် ထွ့က်ပေါ်လာပါတော့တယ် ။
“ အ”
ချန်ရှန်ရဲ့ ကိုယ်ဟာ ခရမ်းရောင် ချီ ဓာတ်များ ထုတ်လွှတ်မှုကြောင့် နာကျင်နေပါတယ် ။ ရုတ်တရက် မြင်သာတဲ့ ချီ ဓာတ်လှိုင်းတွေဟာ ထွက်ကျလာပါတော့တယ် ။ အော်သံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ပင်လယ်ကြီးလို လွှမ်းမိုးသွားပါတော့တယ် ။ ကွင်းပြင်တစ်ခုလုံး ရှော့ရသွားစေပါတယ် ။ ချန်ရှန်နားက ကျောက်တုံးတွေ စကွဲလာပါတယ် ။ လောကကြီးတစ်ခုလုံး ဟာ ဒြပ်စင် ၅ ခုနဲ့ ညီမျှပါတယ် ။၎င်းတို့ ကိုပေါင်းစပ်ခြင်းကတော့ဖြင့် နိဗ္ဗာန်နဲ့ ငရဲသာမက လောကဓာတ်တစ်ခုလုံးစာကို ပါဝင်စေမှာပါ ။ အဲဒိအချိန်တွင် ချန်ရှန်ဟာ ဒြပ်စင် ၅ ခု အားနဲ့ စကြာဝဠာအတွင်းအားကိုဖြစ်ပေါ်စေလျက် “စကြာဝဠာ ချီဓာတ်” ကို ဖြစ်ပေါ်စေလိုက်ပါတယ် ။
“ လဲကျပြီ”
ချန်ရိဟန်ရဲ့ ကိုယ်မှာ ရေခဲချီဓာတ်တွေ ရှေ့ကိုပေါက်ထွက်လျက်ရှိနေတယ် ။ သူဟာ ချန်ရှန်ကို ပိုကြောက်လာပါပြီ ။ သူက တိုက်ပွဲမြန်မြန် အဆုံးသတ်ကာ ချန်ရှန်ကို ရှုံးနိမ့်စေ ချင်တာဖြစ်ကာ အခုတော့ ကြောက်လာရပါပြီ ။
ချန်ရှန် မျက်လုံးမှာ လျှပ်စီးတွေ တဖြတ်ဖြတ်တောက်လျက် ခြေလှမ်းကျဲကြီးဖြင့် ချန်ရိဟန် ဆီသို့ သွားလိုက်ပါတယ် ။ သူ့ ခြေဖဝါးတွေမှာ သဘာဝကိုတောင် ဖျက်ဆီးနိုင်တယ့် စွမ်းအင် တွေ ပါဝင်တယ့် စကြာဝဠာ အတွင်းအားတွေ အပြည့် ပါဝင်လျက်ပါ ။ ခြေတလှမ်း ချင်းဆီလှမ်းတိုင်း မြေကြီးတွေပါ အက်ကွဲ လျက်ပါ ။ သူ့ လှုပ်ရှားမှု အဟုန်ဟာ နှစ်တစ်သောင်းသက်တမ်းရှိ စွမ်းအားရှင်မြင်းကြီးများလို ကို ဖြစ်နေပါတော့တယ် ။
“နူးညံ့တယ့် ရေခဲငွေ့ စွမ်းအား”
ချန်ရိဟန် မျက်ခုံး ၂ ဖက်မြင့်တက်ကာ ချန်ရှန်ကို ကြည့်လိုက်ပါတယ် ။ သူ့ လက် ၂ဖက် ကို အတူလှုပ်ရှားလိုက်ပြီး အေးခဲတယ့် ရေခဲငွေ့ စွမ်းအားတွေကို ဖြန့် ခွဲလျက် ချန်ရှန်ဆီ ပစ်လိုက်ပါတယ် ။ ဒီအချိန်တွင်ပဲ ချန်ရှန် စိတ်အခြေအနေဟာ မူမမှန်လိုဖြစ်လျက်ပါ ။ သူ့ စိတ်ထဲမှာ အတွေးတစ်ခုပဲရှိပါတယ် ။ ချန်ရိဟန်ကို အနိုင်ရစေရန်ပေါ့ ။
ဒီရေခဲငွေ့ ၂ ခုဟာ ကျောက်တုံးတွေတောင် ကွဲနိုင်တာဖြစ်ပါတယ် ။ ချန်ရှန် တစ်ချက်ကြုံးဝါး ကာ သူ့ လက် ၂ ဖက်ဖြင့် ကြောက်မက်ဖွယ် အငွေ့ အတွင်းအားတွေကို ဖမ်းလိုက်ပါတယ် ။ သူ့ လက်မှာ ရေခဲတွေ ခဏတာ ကပ်ညိသွားတယ် ။ထို့ နောက် ကွဲထွက်သွားပါတော့တယ် ။
ဒီအချိန်လေးတွင်းမှာပဲ ချန်ရှန်ဟာ ချန်ရိဟန်ရဲ့ အရှေ့ ကိုရောက်နေပါပြီ ။ သူ့ လက်သီး ၂ ဖက်ဟာ ချီဓာတ်တွေ ထုတ်လွှတ်လျက် ရှေ့ ကို ထိုးချလိုက်ပါတယ် ။ ဒါဟာ အရမ်းအဆင့်မြင့်တယ့် “မုန်တိုင်းဖြို လက်သီး” ပဲဖြစ်ပါတော့တယ် ။ လက်သီးတစ်ချက်ဆီမှာ ချီ ဓာတ်တွေ ပေါက်ကွဲထွက်လျက် ထုတ်လွှတ်နေတာပါ ။၎င်းဟာ သေစေနိုင်လောက်ပြီး ချီဓာတ်အမြောက်အမြားကို အသုံးပြုနေရတာပါ ။
လေထဲကို လက်သီးထိုးချိန်မှာကိုပဲ ကြောက်စရာ ချီအငွေ့ လှိုင်းတွေဟာ ထွက်ပေါ်နေကြပါတယ် ။ လက်သီးချက်တွေကလည်း လျှပ်စီးလို မြန်ဆန်လှပါပေတယ် ။ တစ်ချက်ပြီးတစ်ချက် လှိုင်းတွေဟာမှ မရပ်မနားဖြစ်နေတယ့်အခါ ချီဓာတ် ဟာ မကုန်တော့ပါဘူး ။
ချန်ရှန်ဟာ မုန်တိုင်းဖြိုလက်သီးကို စကြာဝဠာ ချီဓာတ်နဲ့ ထိုးနေတာဖြစ်ပါတယ် ။ ဒီကြောက်စရာကောင်းတယ့် အကွက်ဟာ လူတိုင်းရဲ့ နှလုံးသားကို တုန်လှုပ်သွားစေပါ တယ် ။
ချန်ရိဟန်လည်းပဲ ချန်ရှန်ရဲ့ မိုးစက်မိုးပေါက်များလို သူ့ ဆီသို့ ကျလာ တယ့် လက်သီးချက်တွေကို ကာကွယ်ရန် ရေခဲချီငွေ့ တွေ သုံးနေရတာပါ ။ တစ်ချက်တစ်ချက်ကို ကာကွယ်လိုက်တိုင်း သူ့ နှလုံးသားဟာ တုန်လှုပ်နေပါတယ် ။ ခရမ်းရောင် ချီဓာတ် ပေါက်ကွဲ မှုဟာ သူ့ ကို ထိတ်လန့် စေပါတယ် ။ တစ်ချက်လောက် ထိခဲ့ရင်ကို သူတော်တော်ကြီး အထိနာသွားစေမှာဖြစ်ပါတော့တယ် ။
ခဏကြာကြာအတွင်းမှာပဲ ချန်ရှန် ဟာ ဒါဇင်ပေါင်းများစွာသော မုန်တိုးဖြိုလက်သီး များကို အဆက်မပြတ် ထိုးနေခဲ့တာပါ ။ ချန်တျန်းဟူရဲ့မျက်လုံးများ အတော်ပြူးကျယ်နေပါပြီ ။ သူ့ သားဒီလောက် တကယ်ကို ရဲစွမ်းသတ္တိရှိတာကိုမြင်နေရတယ် ၊ သို့ သော် သူလည်းမကူ ညီနိုင်ပါဘူး ။ သူ့ အခြေနေကလည်း အကောင်းကြီး မဟုတ်သေးတာကြောင့်ပါ ။
“ခွေးကောင်”
ချန်ရိဟန်ရေရွတ်ရင်း အဆက်မပြတ် လက်သီးတွေကို ကာကွယ်နေရပါတယ် ။ သူ့ အတွက် ပါးစပ်ဖြင့် ဆဲရေးနေခြင်းပဲ တတ်နိုင်ပါတော့တယ် ။ လူတိုင်းအတွက်ဒီလိုထူးကဲတယ့် ပညာမျိုးဖြစ်တယ့် မုန်တိုင်းဖြိုလက်သီး တိုက်ကွက်ကို သူတို့ ဘ၀မှာ ပထမဆုံးမြင်ဖူးခြင်းပင် ဖြစ်ပါတယ် ။ နောက်ပြီး ဒီလိုတိုက်ကွက်ကို ဘယ်လောက်ကြောက်စရာ ကောင်းလည်းဆိုတာကို နားလည်သွားကြပါတယ် ။
စကြာဝဠာချီဓာတ်တွေကို ချန်ရှန်သုံးနေတာဖြစ်ပါတယ် ။ လက်သီးကြောင့်ချီဓာတ်မကုန် သော်ငြားလည်း တိုက်ခိုက်ရတယ့် အချိန်နဲ့ သူသုံးခဲ့တာတွေကြောင့် သိပ်မကျန်ချင်တော့ပါဘူး ။ ချန်ရိဟန်လည်း သိပ်မခုခံနိုင်တော့ပုံပေါ်နေပါပြီ ။ ဒါကြောင်ချန်ရှန် မျက်လုံးများမှိတ်ကာ သူ့ ပါးစပ်မှ ကြီးမားတဲ့ ဟိန်းသံကြီးကိုပြုလိုက်ပါတယ် ။ နဂါးဟောက်သံဟာ ၀န်းကျင်တစ်ခုလုံးမြည်းဟည်းလျက်ပါ ။ ထို့ နောက် သူ၏ ပါးစပ်မှ ခရမ်းရောင် စစ်မှန်သောချီဓာတ်တွေကို ထုတ်လှုပ်ကာ ချန်ရိဟန်ကို တစ်ချက် ဟောက်သံပေးလိုက်ပါတယ် ။
ဒါဟာ မိုးပြာနဂါး ဟောက်သံပါ ။ ဒီတစ်ကြိမ်မှာတော့ အရောင်မရှိတယ့် စကြာဝဠာ ချီဓာတ်တွေပါ ထုတ်လွှတ်လိုက်တာပါ ။ ဟိန်းဟောက်သံကြီးထွက်တာနဲ့ လျပ်စီးများ ၊ မီးတောက်များ ၊ ရေခဲများ ၊ ရေများနဲ့ တခြားစွမ်းအားကြီး အရာများ ပါဝင်ပါတော့တယ် ။
ချန်ရိဟန်ဟာ ချန်ရှန် ဒီလို ကြီးမားတဲ့ အကွက်ကြီး ထုတ်မယ်လို့ မမျှော်လင့်ထားပါဘူး ။ သူဟာ လျင်လျင်မြန်မြန်ပဲ သူ့ ချီဓာတ်တွေ ထုတ်နေရင်းနဲ့ ဆုတ်ခွာနေပါတယ် ။ သူဟာ သူ့ ရေခဲ ဓာတ်ဖြင့် ဒိုင်းကာသဘောမ်ျိုးလုပ်ကာ ခရမ်းရောင်ချီဓာတ်တွေမှ ကာကွယ်ရန် ပြုလုပ်ပါတယ် ။
ရုတ်တရက်ပဲ ချန်ရှန်လက်မှာ အရောင်ဖျော့ဖျော့နဲ့ ဓားပြားကြီးတစ်လက်ပေါ်လာပါတယ် ။ ချန်ရှန်တစ်ကိုယ်လုံးလည်း ခရမ်းရောင် ချီဓာတ်တွေ ထုတ်နေလျက်ပါ ။သူဟာ ဓားကိုဆွဲလျက် စူးစူးဝါးဝါးအော်ကာ သူ့ ရဲ့ကျန်ရှိနေတယ့် ချီဓာတ်တွေအားလုံးကို ဓားဆီသို့ ထည့်နေပါတယ် ။ မြင်ကွင်းက ကြည့်ှရှုသူများရဲ့ နှလုံးသားကို ဆွဲဆောင်နေပါတော့တယ် ။
ချန်ရှန် မိုးပေါ်ခုန်တက်လိုက်ကာ သူရဲ့ ဓားမှာလည်းမိုးပြာရောင်အလင်းတန်းတွေ ကို မြင်နေရပါတယ် ။ လေကို အဆုံးမရှိတယ့် အားဖြင့် အလွှာလွှာခွဲကာ ချန်ရိဟန်ရဲ့ ခေါင်းဆီ ချိန်လျက်ရှိနေပါတယ် ။
“မလုပ်နဲ့”
တစ်နေရာမှ အသံတွေထွက်လာပါတယ် ။ ချန်ရှန်ဓား ကိုလမ်းတစ်ဝက်မှာပဲ အားစိုက်လိုက်ပါတယ် ၊ သို့ သော် ချန်ရိဟန်ရဲ လည်ပင်းကို ချိန်လျက် ရပ်သွားပါတော့တယ် ။ ဒီလို မြန်ဆန်ပြင်းထန်လှတယ့် တိုက်မှုကို ချန်ရှန်ဆီမှာ ရရှိခြင်းက ခရမ်းရောင် ချီဓာတ်တွေ အရပ်လေးမျက်နာကို ပျံ့ ထွက်နေပါတော့တယ် ။
လူတိုင်းဟာ ချန်ရှန်ရဲ့ ရူးသွပ်စွာ တိုက်ခိုက်မှုတွေမှ ရှော့ရနေပါတော့တယ် ။ ဒီလိုလူငယ်က မွေးရာပါ ပါရမီမပါတယ့် လူတစ်ယောက်တဲ့လား ၊ အလွန်ကြောက်စရာ နတ်ဆိုးတစ်ပါးပါပဲ ။ အဆင့် ၇ ပညာရှင်တောင် ရှုံးနိမ့်ရတယ့် အသက် ၁၆ နှစ်မပြည့်တပြည့် လူငယ်လေးတစ်ယောက် ! ၊ တကယ်ကို မှော်ဆန်ပါပေတယ် ။ ဒါတင်မကပါဘူး ဆေးပညာ ရှင်တစ်ယောက်လည်းပဲ ဖြစ်နေပါတယ် ။
ဒီလိုပါရမီရှင်မျိုးကို သူတို့ ချန်မျိုးနွယ်အတွက် လက်ဆောင်ပေးခြင်းခံရတာဟာ များစွာသော ချန်မိသားစုရဲ့ နှလုံးသားကို လှုပ်ရှားသွားစေပါတယ် ။
“ချန်ရှန် . . . . ချန်ရှန် . . . . ချန်ရှန်!”
များစွာသောလူတွေဟာ ချန်ရှန် နာမည်ကို အော်ဟစ်အားပေးနေကြပါတယ် ။ သူတို့ နှလုံး သားထဲမှာ သူတို့ ခံစားချက်များဟာ လေးနက်စွာ ဂုဏ်ယူနေမိကြပါတယ် ။ ဒီမတိုင်ခင်မှာ လည်း ချန်ရှန်ဟာ ယောင်မျိုးနွယ်ရဲ့ ဆေးဆရာနဲ့ ပြိုင်မယ်ဆိုတုန်းကလည်း ရူးသွပ်တဲ့ စိန်ခေါ်မှုလို့ ပဲ ထင်ခဲ့ကြတာပါ ။သို့ သော် ခုမြင်လိုက်ရတယ့် အခြေအနေများကြောင့် ချန်ှရှန် ဟာ 100% ကို နိုင်မယ်လို့ ယုံကြည်သွားကြပါတော့တယ် . . . ။