အပိုင်း ၁၄၀•၂
” ဘာ၀တစ်ခုမှာအဆုံးသတ်ဆိုတာရှိစမြဲပဲ ”
°°°
ကောင်းကင်အိပ်မက်ပိုးကောင်နဲ့ ရေခဲဧကရီတို့နှစ်ယောက်က နိုးထပေမဲ့ဟို့ယွိဟောင်ကို တားဖို့မကြိုးစားတဲ့အတွက် သူကိုယ်တိုင်အနည်းငယ်အံ့ဩနေခဲ့မိပါတယ်။ သူတို့က သတိပေးတာလဲမလုပ်ကြသလို လက်ရှိအခြေအနေတွေအားလုံးကိုလုံး၀လျစ်လျူရှုထားတဲ့အတိုင်း ရှိနေခဲ့ပါတယ်။
၀ိညာဥ်စွမ်းအားလှည့်ပတ်မှုပြင်းထန်လာတာနဲ့အမျှ သူ့တစ်ကိုယ်လုံးကိုလဲ ၀ိညာဥ်စွမ်းအားတွေက မြန်မြန်ဆန်ဆန်စီးဆင်းပါတော့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကတော့ သူ့ရဲ့ညာဘက်လက်မှာစတင်ပြီ ဦးတည်နေခဲ့ပါပြီ။
အကြီးအကဲရွှမ်က သူ့ရဲ့ အင်အားကိုအသုံးပြုရင်း ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့ကြောက်စရာဖိအားကို ဖိနှိမ့်လို့ထားခဲ့ပါတယ်။ ဟို့ယွိဟောင်သာဒီနေရာရှိမနေခဲ့ဘူးဆိုရင် ဒီစွမ်းအားတွေက ရှောင်းရှောင်းရဲ့လက်ဖ၀ါးမှသာ ကျန်ရှိနေမှာဖြစ်ပြီ နောက်ဆုံးခံနိုင်ရည်မရှိတော့အကန့်အသတ်ကိုရောက်တဲ့အချိန်ထိ နောက်နှေးကျကျန်နေခဲ့မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ ဒီစွမ်းအားတွေက ဟို့ယွိဟောင်ရဲ့ညာဘက်လက်ထဲကို စီးဆင်းလို့နေခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့လက်ထဲကို စီး၀င်သွားတာနဲ့ ရှောင်းရှောင်းနာကျင်ခံစားနေရတဲ့ဝေဒနာတွေကိုသူလဲ ချက်ချင်းဆိုသလို နားလည်သဘောပေါက်ရပါတော့တယ်။
ဒီပူပြင်းတောက်လောင်တဲ့ စွမ်းအားတွေက ပြင်းပြင်းထန်ထန် ထိုးတက်လို့လာခဲ့တာ ဒေါသတကြီးတောက်လောင်နေတဲ့ မီးပြင်းဖိုကြီးအတိုင်းပါပဲ။ ဒါ့အပြင် မရေမတွက်နိုင်တဲ့ ဓားငယ်လေးတွေက သူ့ရဲ့လက်ကိုဆက်တိုက်ဆိုသလို လှီးဖြတ်နေသလိုမျိုးနာကျင်ခံစားမှုကလဲ ပြင်းထန်ပါတယ်။ ဒီကြောက်စရာစွမ်းအားတွေက ဟို့ယွိဟောင်ကို တုန်ရီသွားစေခဲ့ပေမဲ့ သူခပ်မြန်မြန်ကိုယ်ကိုကိုယ်ထိန်းချုပ်လိုက်တော့တယ်။
လက်ရှိအချိန်မှာ နောက်ဆက်တွဲဖြစ်လာမဲ့ကိစ္စတွေကို သူမစဥ်းစား၀ံ့ပါဘူး။ အကယ်၍ သူနဲ့ရှောင်းရှောင်းနှစ်ယောက်သာဒါကိုမတောင့်ခံနိုင်ဘူးဆိုရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သူသိနေခဲ့ပါတယ်။ အကြီးအကဲရွှမ်က ဒီနေရာမှာရှိနေဆဲပါပဲ။ အများဆုံးဖြစ်နိုင်တာကတော့ သူ့ရဲ့ညာဘက်တစ်ခုလုံးပျက်စီးသွားနိုင်ပါတယ်။ ဒါပေမယ့် ရှောင်းရှောင်းကတော့ သူလက်တစ်ဖက်လုံးပြတ်သွားနိုင်လောက်တယ်။
နှစ်ဖက်စလုံးအတွက် အကြီးအကဲရွှမ်က စွမ်းအားကိုညီမျှနေခဲ့ပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ပါ ဟို့ယွိဟောင်က ရှောင်းရှောင်းကို ကူညီပြီဒီပြဿနာကိုဖြေရှင်းပေးဖို့ မတွေဝေခဲ့ပါဘူး။ သူကသာ ဒီကိစ္စကိုလုပ်နိုင်မဲ့တစ်ယောက်တည်သောသူမှန်း သူသိနေခဲ့ပါတယ်။ သူ့ကိုယ်သူလဲ ယုံကြည်ချက်ကအပြည့်ရှိနေခဲ့တယ်။ လက်ရှိအချိန် လက်ခံနေရတဲ့ စွမ်းအားတွေက ရေခဲဧကရီကင်းမြီးကောက်ရဲ့ ၀ိညာဥ်အရိုးနဲ့ယှဥ်နိုင်မှာမဟုတ်တာကို သူအခိုင်အမာသိနေခဲ့ပါတယ်။
ကြောက်စရာကောင်းလွန်လှတဲ့ နာကျင်မှုကို နှစ်ကြိမ်တိတိရင်ဆိုင်ထားခဲ့ရတဲ့သူက ဒီအရိုးရဲ့တောက်လောင်မှုကို ဘာများမှုစရာလိုမှာလဲ။ ဒါ့အပြင် အကယ်၍ သူတကယ်ပဲမတောင့်ခံနိုင်တော့ဘူးဆိုရင်တောင် ရေခဲဧကရီက ကူညီပေးမှာပါ။ ဒါကြောင့်သာ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိနေတာလဲ ဖြစ်ပါတယ်။
ဟို့ယွိဟောင်ရဲ့ အစောပိုင်းတွက်ချက်မှုတွေအားလုံးက အမှန်တကယ်မှန်ကန်ခဲ့ပါတယ်။
သူရဲ့ရေခဲကျောက်စိမ်းလက်က ရှောင်းရှောင်းရဲ့ အင်အားကိုလက်ခံတဲ့အချိန်မှာ ပိုပြီးတော့အသုံး၀င်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ညာဘက်လက်ထဲကို ဒီအင်အားတွေစီး၀င်လာချိန်မှာသူ့လက်၀ါးတစ်ခုလုံးက ရွှေရောင်တောက်ပလာခဲ့ပြီ ရွှေသားချထားတဲ့ရတနာတစ်ခုအသွင်ကိုပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒီတောက်ပမှုက ရှိရှိသမျှစွမ်းအားတွေအားလုံးကို စုစည်းထားတာပါပဲ ဒါ့အပြင် အရှေ့ကိုဆက်ပြီလဲ ပြန့်နှံ့လာနေခဲ့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်အဖြစ် ပြောင်းလဲလိုက်ပါပြီ။ ၀ိညာဥ်အရိုးတွေကလဲ စတင်ပြီတောက်ပလာပါတော့တယ်။ ဒီတောက်ပမှုက ပြင်းထန်လွန်တာကြောင့် အပြင်ဘက်ရဲ့အလင်းတန်းတွေအားလုံးတောင် လွှမ်းခြုံလို့သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အရေပြားအပြင်ဘက်ကကြည့်မယ်ဆိုရင်တောင် ရှင်းရှင်းလင်းလင်းမြင်နေရတာပါ။
ဒီစွမ်းအားတွေက အစောပိုင်းတုန်းကရဲ့ အရမ်းကိုအင်အားကြီသယောင်ထင်ရတဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ တိုက်ခိုက်မှုတစ်ခုကို တန်ပြန်တိုက်ခိုက်နေခဲ့ပါပြီ။ ဒီ၀က်၀ံက ရေခဲကျောက်စိမ်းဧကရီနဲ့ သေချာပေါက် အဆင့်အတန်းမတူညီခဲ့ပါဘူး။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကို ပိုင်ဆိုင်ထားတဲ့ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါကို သူကယှဥ်နိုင်ဖို့မပြောနဲ့ လုံး၀ကို ထိပ်တိုက်မတွေ့နိုင်တဲ့အနေအထားမှာရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့ပထမ၀ိညာဥ်စွမ်းရည်ကို စတင်အသုံးပြုခဲ့ပါပြီ။ လက်ရှိအချိန်မှာ ရေခဲဧကရီရဲ့ဆူးချွန်တွေက စတင်အသက်၀င်လာခဲ့တဲ့အတွက် သူ့ရဲ့လက်၀ါးတစ်ခုလုံးကလဲ စိန်ပွင့်အသွင်ကိုပြောင်းလဲလို့သွားပါတော့တယ်။
ရှောင်းရှောင်းက ဒီအရှိန်အ၀ါရဲ့ တိုက်ခိုက်မှုကို မပြင်ဆင်ထားတဲ့အချိန်မှာ ထိတွေ့မိလိုက်တာပါ။ သူမမှာ သူမရဲ့လက်ဖ၀ါးကိုအားဖြည့်ပေးတဲ့ဘယ်လို၀ိညာဥ်စွမ်းရည်မှလဲရှိမနေခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ လက်ရှိအချိန်မှာ အပြတ်အသတ်ကိုသာလွန်နေခဲ့ပါတယ်။ ရေခဲဧကရီရဲ့အစွမ်းတွေကို စတင်ပြီအသုံးပြုလိုက်တဲ့အချိန်မှာကတော့ သူ့အပေါ်မှာဖိနေတဲ့ဖိအားတွေကို ချက်ချင်းခံစားလိုက်ရပါတော့တယ်။ လက်ဖ၀ါးတစ်ခုလုံးက နာကျင်နေဆဲဖြစ်ပေမဲ့ လက်၀ါးသာနာပြီ လက်ကောက်၀တ်အထိကို ပြန့်နှံ့မလာခဲ့ပါဘူး။ ရွှေအိုရောင်အလင်းတန်းကို စိန်ပွင့်တွေလိုအလင်းတန်းက တားဆီးထားခဲ့ပါတယ်။
ဒီတားဆီးထားတဲ့အလင်းတန်းက လုံး၀ကိုကြည်လင်နေခဲ့ပြီ ဟို့ယွိဟောင်ရဲ့လက်၀ါးပေါ်မှာတော့ အလင်းတန်းနှစ်ခုက အားပြိုင်လို့နေခဲ့ပါတယ်။
အကြီးအကဲရွှမ်က အရမ်းကိုထက်မြက်တဲ့သူပါ။ သူ့ရဲ့မျက်လုံးတွေက တောက်ပလို့လာခဲ့ပြီတဲ့နောက် မျှော်လက့်ချက်ရှိလာတာကိုသူသိလာပါတော့တယ်။
ရှောင်းရှောင်းရဲ့နာကျင်မှုကတော့ လက်ရှိအချိန်မှာ ဟို့ယွိဟောင်ဆီကို ကူးပြောင်းနေပြီဖြစ်တဲ့အတွက် အတော်လေးကို သက်သောက်သက်သာဖြစ်လာခဲ့ပါတယ်။
သူမဖောင်းဖွနေတဲ့လက်ကပုံမှန်အခြေအနေကို ဖြည်းဖြည်းချင်းပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူမကတော့ နာကျင်လွန်လို့စကားတောင်မပြောနိုင်သေးပါဘူး။ ဟို့ယွိဟောင်နဲ့ အကြီးအကဲရွှမ်တို့ပြောတဲ့စကားတွေကို ကြားနိုင်ရုံသာရှိနေခဲ့တယ်။ လက်ရှိအချိန် နာကျင်မှုကိုခုခံနေတဲ့ ဟို့ယွိဟောင်ရဲ့မျက်နှာကိုကြည့်ရင်း ရှောင်းရှောင်းအနေနဲ့ ကျေးဇူးတင်ရုံကလွဲလို့ ဘာမှတတ်နိုင်တာမရှိခဲ့ပါဘူး။
ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့စွမ်းအားက မီးစွမ်းအားရဲ့အောက်မှာရှိမနေခဲ့ပဲ သံသတ္ထုတွေရဲ့စွမ်းအားအောက်မှာရှိနေခဲ့တာပါ။ ဒါ့အပြင် ထက်မြက်စူးရှမှုကို ကိုယ်စားပြုတဲ့ကြောက်စရာစွမ်းအားပါပဲ။
တစ်ဖက်လက်သည်းကနေ အသံလှိုင်းစွမ်းအားတွေကို ထုတ်လွှတ်ပြီရေခဲဧကရီရဲ့အင်အားကို တန်ပြန်တိုက်ခိုက်နေမှန်းဟို့ယွိဟောင်အသံကြားနေခဲ့ရပါတယ်။
မကြာခင်မှာပဲ ရွှေအိုရောင်နဂါးလက်သည်းရဲ့စွမ်းအားက ဟို့ယွိဟောင်ရဲ့ညာဘက်လက်ထဲကို စီးဆင်း၀င်ရောက်လာခဲ့ပြီ ဒီတစ်ကြိမ်မှာတော့ ရှောင်းရှောင်းက အကြီးအကဲရွှမ်ရဲ့ရှေ့မှာတင် သတိလစ်လို့သွားခဲ့ပါတယ်။
၀မ်သု့န့်က အစောပိုင်းတုန်းကလို ဟို့ယွိဟောင်ကို ရပ်တန့်ဖို့ကြိုးစားမနေခဲ့ပါဘူး။ ဒါပေမယ့် သူဘာလုပ်ရမလဲဆိုတာကို သူသိပါတယ်။ ရှောင်းရှောင်းကို အကြီးအကဲရွှမ်ဆီကနေ လက်လွှဲယူလိုက်ပြီတဲ့နောက် ဟို့ယွိဟောင်ကိုအလုပ်မရှုပ်စေပဲ ကူညီပေးနေခဲ့ပါတယ်။
အကြီးအကဲရွှမ်ကတော့ ဟို့ယွိဟောင်ဘေးမှာရပ်နေရင်း သူ့ကိုစိုးရိမ်တကြီးနဲ့ကြည့်နေခဲ့တယ်။ ဘာတွေဖြစ်နေလဲဆိုတာကို သူနားလည်ပါတယ်။ ဒါကြောင့် သတိလက်လွှတ်မလှုပ်ရှားရဲပါဘူး။ ဟို့ယွိဟောင်သာ ဒီ၀ိညာဥ်အရိုးရဲ့စွမ်းအားကို လက်ဖ၀ါးထဲမှာ ထိန်းသိမ်ထားနိုင်ခဲ့မယ်ဆိုရင် သေချာပေါက် ဒီစွမ်းအားကို သူစုပ်ယူလို့ရမှာပါ။ ဒီအရိုးက တန်ဖိုးကြီးတဲ့အတွက်လဲ အကြီးအကဲရွှမ်စိုးရိမ်နေတာမျိုးမဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟို့ယွ်ိဟောင်ရဲ့ညာလက်ကို ထိန်းသိမ်းထားဖို့က ပိုအရေးကြီးတာကို သူသိနေခဲ့လို့ပါပဲ။
ရှိရှိသမျှစွမ်းအားတွေအားလုံးက ဟို့ယွိဟောင်ရဲ့ညာလက်ထဲမှာ စုစည်းနေခဲ့ပါပြီ။ ထူးဆန်းကျောက်စိမ်းလက်နဲ့ ရေခဲဧကရီရဲ့အစွမ်းအစတွေတောင်မှ ဒီကျူးကျော်လာတဲ့စွမ်းအားတွေကြောင့် အနည်းငယ်ဖိအားရှိနေခဲ့တာကို သူသိလိုက်ရပါတယ်။
သူ့ရဲ့၀ိညာဥ်စွမ်းရည်ကို အသုံးပြုထားခဲ့တဲ့အတွက် ဒီ၀ိညာဥ်အရိုးကို မစုပ်ယူနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အကယ်၍ သူသာရေခဲဧကရီရဲ့အစွမ်းတွေကို ပြန်သိမ်းလိုက်မယ်ဆိုရင် ဒီပြင်းထန်တဲ့နာကျင်မှုကို စိတ်အင်အားနဲ့ ခန္ဓာကိုယ်ရဲ့မာကျောမှုကိုသာအသုံးပြုပြီး တောင့်ခံရတော့မယ်မှန်းသူသိနေခဲ့တယ်။
ဒါကိုတွေးမိတဲ့အခါ သူရယ်သာရယ်ပါတော့တယ်။ ဒီဘ၀မှာကြုံရတဲ့အဆိုးဆုံးရန်သူတွေက ဒီ၀ိညာဥ်အရိုးတွေဖြစ်မလားလို့ တွေးနေလိုက်မိလို့ပါ။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့အရိုးတွေကရော ဒီ၀ိညာဥ်အရိုးကရော ပေါင်းစည်းတဲ့အချိန်မှာ သူ့ကိုပြင်းထန်တဲ့နာကျင်မှုတွေဖြစ်စေခဲ့ပြီ အမျိုးမျိုးအခက်အခဲတွပေးနေခဲ့တာပါ။ လက်ရှိအခြေအနေက သေစေနိုင်လောက်တဲ့အထိ မပြင်းထန်သလိုရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်တွေလောက်လဲ မနာကျင်ပေမဲ့ အခုအချိန်အထိနာတော့နာနေဆဲပါပဲ။
ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ ဒီကိစ္စကိုရင်ဆိုင်ဖို့သာဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေကို ဒီအတိုင်းလက်ဗလာနဲ့ရင်ဆိုင်ဖို့မဖြစ်နိုင်တာတော့ သိနေဆဲပါ။ အကယ်၍ ရင်ဆိုင်နေတဲ့အချိန်တစ်၀ိုက်မှာသာ လဲပြိုသွားခဲ့မယ်ဆိုရင် သေချာပေါက် ဒီနာကျင်မှုက သူ့ကို၀ါးမြိုသွားပါလိမ့်မယ်။
ဒါကြောင့် အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း ထူးဆန်းကျောက်စိမ်းလက်ထဲမှာ ၀ိညာဥ်စွမ်းအားကို ပိုမိုထည့်သွင်းကာလှည့်ပတ်စေတော့တယ်။ အဲ့ဒီနောက် မျက်လုံးတွေကိုမှိတ်လိုက်ချိန်မှာတော့ တောက်ပတဲ့အလင်းတန်းက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ရွှေရောင်အလင်းတန်းကသာ ဒီတစ်ကြိမ်မှာသူ့လက်ဖ၀ါးဆီကျန်ရှိနေပါတော့တယ်။
၀မ်သုန့်ကတော့ လက်ရှိအချိန်တအံ့တဩထမအော်မိအောင် လက်နဲ့ပါးစပ်ကိုပိတ်ထားခဲ့ရပါတယ်။ အကြီးအကဲရွှမ်ရဲ့ခန္ဓာကိုယ်ကလဲ တွန့်သွားခဲ့ရတယ်။ သူလဲလန့်သွားတာအသေအချာပါပဲ။
စိတ်ဆုံးဖြတ်ချက်ခိုင်မာပြီ သတ္တိရှိလိုက်တာ ဟို့ယွိဟောင်တစ်ယောက်သာ ဒီလိုအခြေအနေမျိုးမှာ ကြောက်စရာကောင်းတဲ့ စိတ်ဆုံးဖြတ်ချက်ကို ချနိုင်မှာပါ။
ပြင်းထန်တဲ့နာကျင်မှုက သူ့ရဲ့အရိုးတွေကို စုတ်ဖြဲပြစ်တော့မယ်လို့ ဟို့ယွိဟောင်ထင်လာစေခဲ့တဲ့အထိ ပြင်းထန်ပါတယ်။ အဲ့ဒီအရိုးရဲ့ကြောက်စရာကောင်းလွန်လှတဲ့ အလင်းတန်းက စတင်မြင့်တက်လာခဲ့ပြီ ကျန်ရစ်တဲ့လက်မောင်းဆီကို ပြေး၀င်လို့လုပ်ပါတော့တယ်။ အကယ်၍ အဲ့ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် သူလဲရှောင်းရှောင်းလိုမျိုးအဆုံးသတ်သွားရမှာပါ။ ဒါ့အပြင် အဲ့ဒီအင်အားက သူ့ခန္ဓာကိုယ်ကိုမွှေနှောက်ပြစ်ပါလိမ့်မယ်။
ဟို့ယွိဟောင်လဲ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်ကို အသုံးချပြီ နာကျင်မှုကိုရင်ဆိုင်ရပါတော့တယ်။ ဒီလက်ဖ၀ါးက သူနဲ့မပိုင်ဆိုင်တော့အတိုင်းပြုမူလိုက်ပါတယ်။ သူ့ရဲ့ကြီးမားပြင်းထန်တဲ့စိတ်၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး အဲ့ဒီလက်မောင်းတစ်လျှောက်မှာ ရူးသွပ်နေတဲ့စိတ်ဆန္ဒနဲ့ စတင်တိုက်ခိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့နဖူးကလဲ တောက်ပလို့လာခဲ့ပြီ ကျောက်စိမ်းရောင်အလင်းတန်းက အပြင်ကိုဖြာထွက်လို့လာခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ပွင့်နေခဲ့ပြီ ပြင်းထန်တဲ့အလင်းတန်းတွေလဲ မျက်လုံးတွေရဲ့အပြင်ဘက်ကို လျှံထွက်လို့နေခဲ့ပါတယ်။ သူ့ရဲ့တတိယမျက်လုံးကလဲ စတင်ပြီဖြည်းဖြည်းချင်း ပွင့်လာခဲ့ပါပြီ။ အဲ့ဒီနောက် အပြာရောင်အလင်းတန်းက ဒီမျက်လုံးသုံးစလုံးထဲကနေ လျှပ်စီးတွေလိုအလင်းတန်းနဲ့ ဆန့်ထွက်လို့လာခဲ့ရင်း ရွှေလိုအသက်က သူ့ရဲ့ညာဘက်လက်မောင်းဆီကို ပြေး၀င်လို့သွားပါတော့တယ်။
စိမ်းပြာရောင်အလင်းတန်းက စတင်ပြန့်နှံ့လို့လာခဲ့ပြီ ဒီအရှိန်အ၀ါတွေက သူ့ရဲ့ညာဘက်လက်ထဲမှာရှိနေတဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့စွမ်းအားတွေကို စတင်ပြီချိတ်ပိတ်ပါတော့တယ်။
အကြီးအကဲရွှမ်ကတော့ အထိတ်တလန့်ဖြစ်နေခဲ့ရပါပြီ။ ဒီစိမ်းပြာရောင်အလင်းတန်းက ထွင်းထုရေးဓားတစ်လက်ဆိုတာ သူသိနေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်မှာ ဘာကြောင့်များတတိယမျက်လုံးရှိနေခဲ့ရတာလဲ။
ဒီတစ်ကြိမ်မှာတော့ သူလဲအတွေးပေါ်လာခဲ့ပါပြီ။ အဲ့ဒါကခန္ဓာကိုယ်၀ိညာဥ်ရဲ့ဒုတိယနိုးထမှုပါ။
စိမ်းပြာရောင်အလင်းတန်းက သူ့ရဲ့ညာဘက်လက်မှာတင် ပေါ်လာတာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့ ရွှေလိုအသက်ကဒီတစ်ကြိမ်မှာတော့ သူ့ရဲ့အင်အားတွေကို ဖြည်းဖြည်းချင်း ထုတ်ဖော်ပြသပါတော့တယ်။ အလင်းတန်းရဲ့စွမ်းအားတွေက သူ့တစ်ကိုယ်လုံးအနှံ့ကို ပြန့်နှံ့လို့နေခဲ့ပါပြီ။ ဒီအရှိန်အ၀ါရဲ့ပေါ်ထွက်လာခဲ့မှုက ၀မ်သုန့်နဲ့ အကြီးအကဲရွှမ် နှစ်ယောက်စလုံးကို စိတ်သက်သာရာရသွားစေခဲ့ပါတယ်။ ဒါက ဟို့ယွိဟောင်ရဲ့ ဒုတိယ၀ှက်ဖဲတစ်ခုပါ။ ရှောင်းရှောင်းကိုကယ်တင်ဖို့အတွက် တောင်းဆိုခဲ့တာက အနည်းငယ်ရူးသွပ်မိုက်မဲရာကျပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်အစွမ်းအစအကြောင်းကိုတော့ သူကယုံကြည်ချက်ရှိနေဆဲပါပဲ။ ရေခဲဧကရီက တစ်ဖက်အရိုးရဲ့ရူးသွပ်တဲ့တိုက်ခိုက်မှုကို တားဆီးပေးနိုင်ပါတယ်။ အဲ့ဒီနောက် သူကသူ့ရဲ့အသက်ကိုကာကွယ်နိုင်တဲ့ဓားနဲ့ အသက်စွမ်းအားကိုအသုံးပြုပြီ ဒီအင်အားတွေကိုပိုပြီးဖိနှိမ့်နိုင်လိုက်တယ်။
ဒီလှုပ်ရှားမှုနဲ့ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်က အဆုံးစွန်းတားဆီးမှုကိုရရှိမှာပါ။ ဒါတွေအားလုံး လုပ်နေတဲ့အချိန်မှာ ဟို့ယွိဟောင်အနေနဲ့ လုံး၀ကိုအပြည့်အ၀တစ်ကိုယ်လုံး အသုံးချရမှာဖြစ်ပြီ ဒီအရိုးကိုမစုပ်ယူမနိုင်မချင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။
ရွှေလိုအသက်ရဲ့အင်အားက နောက်တစ်ကြိမ်သက်သေပြနေခဲ့ပြန်ပါပြီ။ များပြားလွန်လှတဲ့ အသက်စွမ်းအားတွေက ဒီလက်ထဲမှာရှိနေတဲ့အင်အားကိုတန်ပြန်တိုက်ခိုက်ရင်း အသားစီးရယူဖ်ို့လုပ်နေခဲ့ပါတယ်။
ဟိုရှေးရှေးတုန်းက ကပ်ဆိုးတွေရဲ့အရှင်သခင်ဖြစ်တဲ့ လျှပ်စီးဧကရာဇ်က ဟို့ယွိဟောင်ကို ရွှေလိုအသက်ရဲ့ခမ်းနားမှုအကြောင်းကို ပြောခဲ့ပါတယ်။ အခုအချိန်မှသာ ဒီခမ်းနားမှုကကို ကိုယ်တိုင်ကိုယ်ကြမျက်မြင်ကြုံတွေ့ခဲ့ရတာလဲ ဖြစ်နေခဲ့တယ်။
ရွှေလိုအသက်ရဲ့စွမ်းအားတွေနဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့စွမ်းအားကဖျက်ဆီးမှုနဲ့ တည်ဆောက်မှုနှစ်ခုကို သံသရာလည်နေသလိုလှည့်ပတ်နေရင်း ဟို့ယွိဟောင်ရဲ့လက်ဖ၀ါးထဲမှာ တိုက်ခိုက်နေခဲ့ပါတယ်။ ဖျက်ဆီးမှုကဒေါသတကြီးနဲ့ ဖျက်ဆီးနေခဲ့ပေမဲ့ ရွှေလိုအသက်ရဲ့ပြန်လည်ကုသန်ိုင်စွမ်းကို ဘယ်လိုမှမယှဥ်သာနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ညာဘက်လက်အခြေအနေကတော့ ဖျက်ဆီးခံရတိုင်းမှာပြန်လည်တည်ငြိမ်လို့လာခဲ့ပါတယ်။
တည်ငြိမ်နေခဲ့ပေမဲ့ မခန့်မရပ်နိုင်တဲ့နာကျင်မှုကိုလဲ ခံစားရစမြဲပါ။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုနာကျင်မှုကိုကြုံတွေ့ရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့ဖျက်ဆီးနိုင်တဲ့စွမ်းအားတွေက သူ့ကိုအနာကျင်ဆုံးတိုက်ခိုက်တဲ့အချိန်မှာ ရွှေလိုအသက်ရဲ့ပြန်လည်ကုသနိုင်စွမ်းက သူ့ကိုထုံထိုင်သွားခဲ့ပါတယ်။ ဒီအဆုံးစွန်းရောက်နေတဲ့ ခံစားချက်နှစ်ခုက ဟို့ယွိဟောင်အတွက်တော့ နှိပ့်စက်နည်းအသစ်တစ်ခုလိုပါပဲ။ ပြင်းထန်တဲ့နာကျင်မှုကို ရေခဲကျောက်စိမ်းဧကရီရဲ့ ကျောရိုးမကြီးကနေ စတင်ပြီကြုံတွေ့ခဲ့ရပေမဲ့ လက်ရှိနာကျင်မှုကြောင့် သူလဲ ချွေးတွေဗူးသီးလုံးလောက်ကျနေခဲ့ပါပြီ။
ချွေးလုံးကြီးကြီးတွေက သူ့ရဲ့နဖူးပေါ်ကနေ စီးကျလို့လာခဲ့ရင်း အင်္ကျီတစ်ခုလုံးလဲ စိုရွှဲနေပါတော့တယ်။ သူ့တစ်ကိုယ်လုံးကနေ အငွေ့တွေတောင်စတင်ထွက်ပေါ်နေခဲ့ပါပြီ။
၀မ်သုန့်အနေနဲ့ ဟို့ယွိဟောင်ဒီလောက်ကြီးအထိ နာကျင်မှုကိုခံနိုင်ရည်စွမ်းရှိနေမယ်လို့ ထင်မထားခဲ့သလိုသူမြင်ဖူးတာလဲ ပထမဆုံးအကြိမ်ပါပဲ။ ဒါကြောင့် လက်ရှိမြင်ကွင်းကိုသူကြည့်နေရင်း ဘာပြောရမှန်းမသိအောင်ဖြစ်နေခဲ့ရပါတယ်။
အပိုင်း ၁၄၀•၂ ပြီး၏။