Chapter – 12 သိုင်းပညာခြားနားမှုပြိုင်ပွဲ
ချန်ရှန်ဟာ ငယ်ရွယ်တဲ့ ဆေးပညာရှင်လေးတစ်ယောက်ဖြစ်ရုံမျှမက သူဟာသိုင်းပညာ အဆင့် ၅ ကိုရောက်ရှိနေပြီဖြစ်ပါတယ် ။ သူဟာ ဒီလိုအောင်မြင်ခဲ့သော်ငြားလည်း စိတ်ကြီး ၀င်ခြင်း မာနထောင်လွှားခြင်း မဖြစ်ပါဘူး ။ သူဒီလိုသိမ်သိမ်မွေ့ မွေ့ ပြုမူတာဟာ ချန်မိသားစု အကြီးတွေနဲ့ အကြီးအကဲတွေကို သဘောကျစေပါတယ် ။ ချန်ရှန်ဟာ ချန်ဟွာဟိုင်း ဘေး မှာရပ်နေတယ့် သက်လတ်ပိုင်းအရွယ် လူကြီးကို ကြည့်လိုက်တယ် ။ သူကတော့ ချန်ဟွာဟိုင်းရဲ့ ညီ ချန်ရိဟန် ပဲဖြစ်ပါတယ် ။ အဆင့် ၇ ရှိတယ့် ပညာရှင်တစ်ယောက်ပါ ။ သူဟာမုတ်ဆိတ်မွှေးများနှင့် လူရည်သန့် တစ်ဦးလည်းဖြစ်ပါတယ် ။ သူဟာ ချန်ရှန်ဆီသို့ ပွဲစကတည်းက စကားတလုံးမှမပြောပဲ လျှောက်လာပါတယ် ။
ချန်ရှန်ဟာ အဆိုပါသူနဲ့ တိုက်ခိုက်ရမှာပါ ။သူ့ မှာကတော့ သိုင်းပညာ အဆင့် ၅ ပဲရှိနေတယ် ။ ချန်မိသားစုဝင်တွေဟာ လုံးဝကို ထထွက်သွားတယ့်လူမဟုတ်ပါဘူး ၊ ဒီရလဒ် ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားနေကြပါတယ် ။ ချန်ရိဟန်ဟာ သူ့ တူ ရှုံးသွား တာကို မြင်ခဲ့တယ် ။ သို့ သော်လည်း ဒေါသထွက်တယ့် အမူအရာမပြခဲ့ဘူး ၊ လျို့ ဝှက်တဲ့ အပြုံးမျိုးပြုံးကာဖြင့် –
“မင်းဟာမင်း ပါရမီ ဘယ်လောက်ရှိရှိ အရေးမကြီးပါဘူး ၊ မင်းကအခု အဆင့် ၇ သိုင်းပညာရဲ့ အောက်မှာ ရှုံးနိမ့်တော့မှာပါ”
ချန်ရိဟန် တစ်ခုတော့ ၀န်ခံရပါမယ် ။ တကယ်လို့ ချန်ရှန်ကိုသာ နှစ်အနည်းငယ်လောက် သိုင်းလေ့လာခွင့်ပေးခဲ့ရင် သူသေချာပေါက်ကို ရှုံးနိုင်တယ်ဆိုတာကိုပါ ။ ဒါပေမယ့်လည်း အဲဒါ အနာဂတ်ကိစ္စပါ ။ ခုလက်ရှိတော့ သူနိုင်မှာ ၁၀၀ ရာခိုင်နှုန်းကို သေချာပါတယ် ။ ချန်ရိဟန်ဟာ ချန်မျိုးနွယ်မှာ ရေခဲ ချီဓာတ်ကို လေ့ကျင့်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ် ။ဒီလိုအမျိုး အစား လေ့ကျင့်နိုင်သူဟာ တကယ့်ကို အထူးကျွမ်းကျင်သူပါပဲ ။
ချန်မျိုးနွယ်ရဲ့ လက်သစ်မျိုးဆက်ထဲမှ မည်သူမျှ ကိုယ့်ထက်အကြီး သိုင်းပညာအဆင့် ၇ ရှိသူကို စိန်မခေါ်ရဲပါဘူး ။ ဒီပွဲမတိုင်ခင်ကသာ အဲလိုလုပ်မယ်ဆိုတာ သိရင် အရူးလို့သာ သတ်မှတ်လိုက်ကြမှာ ဖြစ်ပါတယ် ။ ဘယ်သူမှမယုံကြည်နိုင်ကြပါဘူး ၊ သို့ သော်လည်း သူတို့ ဟာ ချန်ရှန်ရဲ့ အားကျဖွယ် ဖြုံရလောက်တယ့် အကွက်တွေကို မြင်ခဲ့ပြီမို့ သူတို့ လည်း သေချာတော့ မပြောနိုင်ကြတော့ပါဘူး ။
ဒါပေမယ့်လည်း အများစုကတော့ ချန်ရှန်ရှုံးမယ်ထင်နေကြတယ် ။ အသက်ရွယ်ကွာခြားမှု ရှိရုံသာမက အားချင်းလည်းကွာပေတာကိုး ၊ ချန်ရိဟန် ဆိုတာကလည်း နှစ်ပေါင်းများစွာ အဆင့်မြင့်သိုင်းပညာတွေကို လေ့လာထားတယ့် လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ချီဓာတ်စွမ်း အားဟာ ပိုမို အားကောင်းပါတယ် ။
သိုင်းပညာကွာခြားမှုပြိုင်ပွဲကြီး ( စွမ်းအားခြားနားမှုကြီးမားလှတယ့်ပြိုင်ပွဲကြီး) ကတော့ စတင်ပါတော့မယ် ။ လူတိုင်းဟာ မျက်တောင်မခတ်တမ်း ကြည့်နေကြပါတယ် ။ ဒီရလဒ်ဟာ မျိုးနွယ်စုခေါင်းဆောင်နေရာအတွက် အဆုံးအဖြတ်ပါပဲ ။
ချန်ရှန်ဟာ မိုးပြာနဂါးကျင့်စဉ်ကို ၂ လမျှလေ့ကျင့်ခဲ့တာဖြစ်ပြီး သူ့ မှာ ယင် နဲ့ ယန် နတ်အတွင်းအားတော့ ရှိနေပါတယ် ။ သူဟာ အချိန်အကြာကြီး ကောင်းကင်နဲ့ မြေကြီးကြားမှာ ရှိနေတယ့် စစ်မှန်တဲ့ ချီဓာတ်တွေကို သူ့ ကိုယ်ထဲ စုပ်ယူခဲ့ ပါတယ် ။ ဒါတင်မကသေး သူဟာ စစ်မှန်သောချီဓာတ် ရေဝဲ ၅ ခုကို မတူညီတယ့် အမျိုးအစားများအဖြစ် ပြုလုပ်နိုင်ပြီး ၎င်းဟာ သူ့ ရဲ့ ချီဓာတ်တွေက်ို ပိုမိုအားကောင်းလာစေ ခဲ့ပါတယ် ။
သိုင်းပညာ အဆင့် ၅ နဲ့ ၇ ကြားမှာတော့ အဆင့် ၆ ရှိပါတယ် ။ နတ်အတွင်းအားအသိဟာလေ့ကျင့်သူရဲ့ စိတ်ဝိဉာဉ်ကို တည်ငြိမ်စေပြီး ချီဓာတ်ကိုထိန်း ချုပ်ပေးနိုင်တယ့် စိတ်စွမ်းအားတစ်ခုပဲဖြစ်ပါတယ် ။ ဒါဟာ စစ်မှန်သော ချီဓာတ်တွေကို ထိန်းချုပ်ရာမှာ အဓိက အထောက်အကူပြုပြီး လေ့ကျင့်သူရဲ့ ချီဓာတ်စွမ်းအင်ကို ခိုင်မာစေ ပါတယ် ။ ဒီလိုလေ့ကျင့်ပြီးသူဟာ ချီဓာတ်ရဲ့ မိုးပြာရောင် အတွင်းအားတွေကို ရရှိမှာဖြစ် ပါတယ် ။
ချန်ရိဟန်ဟာ အဆင့် ၇ စစ်မှန်တယ့် ပညာရှင်တစ်ယောက်ဖြစ်ပြီး သူဟာ ကြီးမားတဲ့ ချီဓာတ် အခိုးအငွေ့ တွေကို ထုတ်လွှတ်နိုင်ပါတယ် ။ ဒါကြောင့် သူ ချန်ရှန်ကို ရှုံးအောင် ပြုလုပ်နိုင်မယ်လို့ တထစ်ချ ယုံကြည်ပါတယ် ။ ချန်ရှန်ရဲ့ ကြောက်မက်ဖွယ် သိုင်းအစွမ်းက လူတိုင်းကို ဟန့်တားစေနိုင်ပါတယ် ၊ သို့ သော် ချန်ရှန်ရဲ့ စစ်မှန်သော ချီဓာတ်ဟာ ချီအငွေ့ စွမ်းအင်နဲ့ မနှိုင်းယှဉ်နိုင်ပါဘူး ။ ဘာပဲဖြစ်ဖြစ်ပါ တခြား level တူတွေထက် အများကြီး စွမ်းအားကြီးပါတယ် ။
ချန်ရိဟန်ဟာ ချန်ရှန်ဆီသို့ တဖြည်းဖြည်း တိုးလာပါတယ် ။ တစ်လှမ်းချင်းတိုးလာတာနဲ့ အမျှ သူ့အပူချိန်ကို ချက်ချင်းချပစ်နေပါတယ် ။ အေးစက်လှတယ့် လေတွေဟာ ပတ်ပတ်လည်ကို တိုက်ခတ်နေပါတယ် ။ လူများစုဟာ ချန်ရိဟန် ရဲ့ ရေခဲချီဓာတ်ဟာ အရမ်းကို ပြင်းထန်နေတာကို တွေ့ နေကြရပါတယ် ။ ချန်ရှန်ဟာ ချန်ရိဟန်နဲ့ သိပ်မဝေးတော့ ပါဘူး ၊ အေးမြလှတယ့် ရေငွေ့ တွေကိုလည်း ခံစားမိနေတယ် ။ ဒီအချိန်မှာပဲ ချန်ရိဟန်ဟာ အဆင့် ၇ သိုင်းပညာရှင်တွေသာ အောင်မြင်နိုင်တဲ့ ချီငွေ့တွေကို ခဲစေလိုက်ပါတယ် ။
ချန်ရှန်ဟာ အနီရင့်ရောင်ငှက်ချီဓာတ်ကနေ သူ့ ကိုယ်မှတဆင့် မီးတွေကို ထုတ်လွှတ်လိုက် ပါတယ် ။ ရေခဲချီဓာတ်တွေကို သက်ရောက်စေတယ့်အတွက် ချန်ရှန် စိတ်ဓာတ်တက်ကြွ လာပါတယ် ။အနီရင့်ငှက်ချီဓာတ်ဟာ သူ့ စွမ်းအင်သိုလှောင်ရာကနေတဆင့် သူရဲ့ များစွာ သောအရိုးတွေ ၊ ခြေလက်အင်္ဂါတွေစီကနေ ထွက်လာကြပါတယ် ။ အနီရင့်ငှက်ရဲ့ နွေးထွေးတဲ့ ချီဓာတ်တွေကို ခံစားမိပြီးနောက်မှာတော့ သူ့ ကိုယ်ဟာ အေးစက်စက် တောင့် နေတယ့်အခြေအနေကနေ ပြန်လည် နွေးထွေးသွားပါတော့တယ် ။
“ဟီး ဟီး ဟီး”
ချန်ရိဟန်ရဲ့ ရက်စက်ပုံပေါက်တယ့် ရီသံဟာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပါတယ် ။ ရုတ် တရက်ပဲ သူ့ကိုယ်မှ အဖြူရောင် ရေခဲချီတွေဟာ စ တင် လည်ပတ်စီးဆင်းပါတယ် ။ ကြောက်စရာကောင်းလှတယ့် ရေခဲ ချီအငွေ့ တွေဟာ ချန်ရှန်ခေါင်းဆီသို့ ပြေးထွက်သွား တာကို ရှင်းလင်းစွာ မြင်လိုက်ကြရပါတယ် ။
ချန်ရှန်ဟာ သူ့ ပြိုင်ဖက်ရဲ့ လှုပ်ရှားမှုကို မြင်လိုက်ရတယ့်အတွက် ရှေ့ကို လိမ်ကောက်ကာမြွေတစ်ကောင်လိုမျိုး ရှောင်လိုက်တယ် ။ ချန်ရိဟန်ရဲ့တိုက်ကွက်ကို ရှောင်ဖို့ကြိုးစားစဉ် မှာပဲ မမျှော်လင့်ပဲ တိုက်ခိုက်လိုက်ပါတယ် ။ချန်ရန်ရဲ့ လှုပ်ရှားမှုဟာ ခန့်မှန်းရခက်ပြီး လျို့ ဝှက် လှပါတယ် ။ အဲဒိအချိန်မှာပဲ သူ့ လက် ၂ ဖက်က နဂါးလက်သည်းပုံစံပြောင်းလိုက်ပါတယ် ။ ညှို့ ယူဖမ်းစားပုံရှိတယ့် မိုးပြာရောင်နဂါး ချီဓတ်ာတွေဟာ သူ့ လက် ၂ ဖက်မှာ စီးဆင်းနေကြတယ် ။ ဒီပုံဟာခုနက ချန်ဇျန်းဟွာကို အနိုင်ယူခဲ့တုန်းကလုပ်ခဲ့တယ့် ပုံစံပါပဲ ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူဟာ လူတိုင်းရဲ့ အသက်ရှူသံတွေကို ရပ်သွားစေမယ့် လက်သည်းထုတ်ခြင်းမျိုးပါ ။
“ဟက်”
ချန်ရိဟန်ရဲ့ အေးစက်စက်လှောင်သံထွက်လာပါတယ် ။ ပြီးနောက် အေးစက်လှတယ့် ရေခဲ ချီဓာတ်တွေဟာ သူ့ ကိ်ုယ်က ထွက်သွားပြီး ချန်ရှန်ရဲ့ နဂါးလက်သည်းဆီ ဦးတည်နေပါတယ်။ ၂ ခု ဆုံထိတဲ့အခါမှာတော့ ချန်ရိဟန်ရဲ့ ရေခဲဓာတ်လဲ ပြိုကွဲကာ ချန်ရှန် ရဲ့ လက်သည်း ၂ ဖက်လည်း ပြန့်ကျဲသွားပါတော့တယ် ။ ချန်ရှန်ရဲ့လက်မောင်းတွေဟာ ထူထည်းတဲ့ ရေခဲချီဓာတ်တွေနဲ့ စိမ့်ဝင်ကာ တောင့်နေပါတယ် ။
ချန်ရိဟန် အေးစက်စွာ ပြုးလိုက်ပြီးတော့ သူ့ ခြေထောက်တွေကို ခဲစေပြီး အနည်းငယ် ခုန်လိုက်ပါတယ် ။ ထို့ နောက် ချန်ရှန် ရဲ့ မျက်နာကို အားကုန်ကန်လိုက်ပြီး ချန်ရှန်ကို ၁၀ ပေ အကွာသို့ လွင့်ထွက်သွားပါတော့တယ် ။
ချန်ရှန်ဟာ မြေကြီးပေါ် လဲနေပါတယ် ။ သူ့ မျက်နာလဲချွန်ထက်လှတဲ့ ရေခဲကန်ချက်ကြောင့် ကွဲနေလျက်ပါ ။ သူ့ လက်မောင်းတွေမှာရှိတယ့် ရေခဲတွေပါ ကွဲကုန်ပါတော့တယ် ။ သို့သော်လည်း လက်တွေတောင့်နေသလို ဖြစ်နေတုန်းပါ ။ နတ်အတွင်းအားကျင့်စဉ်မှ ထိုက်ကျိရုပ်ပုံလွှာဟာ သူ့ ကိုယ်မှာစီးဆင်းနေတယ့် အအေးဓာတ်တွေကို စုတ်ယူဖို့ စတင် လည်ပတ်ပါတော့တယ် ။ အနီရင့်ငှက် ချီဓာတ်ဟာ လည်းအအေးဓာတ်များအား လက်တွေဆီမှ ပထုတ်နေလျက်ပါ ။
ချန်ရှန်ဟာ သူ့ မှာ နတ်အတွင်းအားတွေ ရှိနေတာတောင် သူတို့ ၂ ယောက်ရဲ့ ကွာခြားမှုဟာ အရမ်းကိုခြားနားလှတယ်ဆိုတာကို နားလည်လိုက်ပါတယ် ။ ဒါပေမယ့် သူနိုင်ဖို့ လိုနေသေးတယ် ။
“ဟား ဟား ဟား ၊ ချန်မျိုးနွယ်မှာ ရှိသမျှ ပါရမီရှင်တွေထဲမှာတော့ မင်းဟာ အတော်ဆုံးဆိုတာ ငါလက်ခံပါတယ် ၊ ဒါပေမယ့် မင်းနဲ့ မင်းအဖေဟာ သိပ်ပြီး စိတ်ကြီးဝင် လွန်းတယ်”
ချန်ရိဟန် တစ္ဆေတစ်ကောင်လို ပြုံးလိုက်ပါတယ် ၊ ထို့ နောက် ချန်ရှန်ဆီသို့ တစ်လှမ်းခြင်း လှမ်းလာနေပါတယ် ။ သူ ချန်ရှန်ကို မြန်မြန်သတ်စရာမလိုတော့ပါဘူး ၊ သူဟာ ချန်မျိုးနွယ်တွေအားလုံးရှေ့ မှာ ချန်ရှန်ကို အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး သူ့ စွမ်းအားကိုပြရန်နဲ့ လူတွေက သူ့ ကိုတားတာကို လိုချင်တာဖြစ်ပါတယ်။
ရုတ်တရက်ပဲ ချန်ရှန်ဟာ ဖြတ်ခနဲ လဲနေရာမှ ထလိုက်ပါတယ် ။ အားလုံးဟာ ခုနက ကန်ချက်ကြောင့် ချန်ရှန် တော်တော် ထိသွားပြီ ထင်နေကြပါတယ် ။ ဒါပေမယ့် သူ့ ပုံစံကြည့် ရတာ သိပ်တောင်မထိသွားတယ့် ပုံပါပဲ ။ ချန်ရိဟန်အပါအ၀င် လူတိုင်း အံ့အားသင့် သွားကြပါတယ် ။ ဘေးမှာရှိနေတယ့် ချန်တျန်းဟူလည်း စောင့်ကြည့်နေလျက်ပါ ။ သူဟာ သူ့ ကိုယ်သူ ချီဓာတ်တွေ စုဆောင်းရင်းမှ ပြန်လည်သက်သာနေပြီဖြစ်ပါတယ် ။
ချန်ရှန်သ်ိပြီး ထိခိုက်တာမရှိတာကို မြင်တယ့်အခါ ချန်ရိဟန် ရှေ့ ကိုခုန်လိုက်တယ် ။ ရွေ့ လျားမှုဟာ သိမ်မွေ့ သပ်ရပ်လှပကာ လူတိုင်းရဲ့အမြင်မှာ တော်တော်ကို ရသမြောက်စွာ ခံစားလိုက်ကြရပါတယ် ။
ချန်ရိဟန် ချဉ်းကပ်လာပုံမှာ ရေခဲနဲ့နှင်းဓာတ်တွေ သူ့ ဆီမှာ များစွာပါဝင်လိမ့်မယ်လို့ ချန်ရှန် ခံစားမိလိုက်ပါတယ် ။ ချန်ရိဟန် ခြေထောက်အောက်မှာလည်း ရေခဲထုကြီး ကာရံလျက်ပါ ။
ချန်ရိဟန် ခုန်ပြီး အေးခဲနေတယ့် မိုးကောင်းကင်ကိုပါ ခွဲနိုင်လောက်တယ့် လက်သီးကြီးနဲ့ အတူ ချန်ရှန်ရဲ့ ရင်ဘတ်ကို ထိုးလိုက်ပါတယ် ။ ထိုးခံရတယ့် နေရာမှ သွေးတွေ ကျလာကာ ချက်ချင်းပင် ခဲသွားစေမှာပါ ။
“ဒါဟာ နူးညံ့တဲ့ ရေခဲငွေ့ စွမ်းအားပဲ ၊ အရမ်းကို အဆင့်မြင့်တယ့် ပညာဖြစ်ပြီး သတ္တုတွေကျောက်ခဲတွေကိုတောင် ကွဲကြေသွားစေနိုင်တယ်”
ချန်တျန်းဟူ တည်ငြိမ်တယ့် လေသံနဲ့ ပြောလိုက်ပါတယ် ။ ထိုးပြီးနောက်မှာတော့ ချန်ရှန်ဟာ လွတ်ရုံလေးရှောင်လိုက်သောကြောင့် ချန်ရိဟန်ရဲ့ လက်သီးဟာ မြေကြီးကို ထိမှန်ကာ ကြီးစွာသော အက်ကွဲမှုကြီးဖြစ်လျက် မြေကြီးတွေ ကျောက်ခဲတွေ လွင့်ထွက်ကုန်ကာ ခဲသွားပါတော့တယ် ။
“ချီငွေ့ကို ပုံသွင်းခြင်းမှာ အားနည်းချက် ၂ ခု ရှိတယ် ၊ ၎င်းက စစ်မှန်သော ချီဓာတ်နဲ့ အတွင်းအားကို လျင်မြန်စွာ ကုန်ဆုံးစေတယ် ၊ ဒါပေမယ့် သူ ဒီချီဓာတ်ငွေ့ကို မသုံးဘူးဆိုရင် မင်းဒဏ်ရာရမှာမဟုတ်ဘူး”
ချန်တျန်းဟူ ပြောခဲ့တာပါ ။ ချန်ရှန် တိုက်ပွဲစတည်းက သိနေတာဖြစ်ပါတော့တယ် . . . ။