အပိုင်း ၁၃၉•၃
” ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံ ”
°°°
ဟို့ယွိဟောင်ကလဲ ရယ်မောရင်းအသားကင်ဖို့အဆင်သင့်ပြင်ပါတော့တယ်။ အခုလက်ရှိအချိန်မှာ လူသားတွေရဲ့အရည်အသွေးကိုစစ်ဆေးလို့နေခဲ့တယ်။
မတူညီတဲ့အသားတွေမှာ မတူညီတဲ့အရည်အသွေးတွေရှိတဲ့အတွက် အသုံးပြုရမဲ့နည်းလမ်းတွေကလဲ အမျိုးမျိုးပါပဲ။ ဟို့ယွိဟောင်အနေနဲ့ ချက်ပြုတ်တဲ့နေရာမှာ ပါရမီပါပြီသားဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီပါရမီကိုလဲကောင်းကောင်းအသုံးချရမှာပါ။
တချို့လူတွေက နှစ်ပေါင်းများစွာကြာပြီတဲ့နောက် သာမန်အရသာရှိတဲ့ဟင်းတွေကိုသာ ချက်ပြုတ်နိုင်ပါတယ်။ ဒါပေမယ့် တချို့သူတွေမှာတော့ မွေးရာပါပါရမီက ပါနေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အသုံးပြုပြီး ဒီအသားတွေကိုသင့်တော်သလို ကောင်းကောင်းချက်ပြုတ်ရင်းနဲ့ အရသာကိုပိုကောင်းမွန်လာစေမှာပါ။
ဒီ၀က်၀ံရဲ့အသားတွေက အတော်လေးကိုအနီရင့်ရောင်တောက်ပနေခဲ့ပြီ အတော်လေးညီးပါတယ်။ ဒါ့အပြင် အဆီကလဲအပြည့်အ၀ရှိနေခဲ့ပြီ အပေါ်ယံမှာအကြောလေးတွေက ခပ်ရေးရေးပေါ်နေခဲ့တယ်။
ဒီအသားတွေကအတော်ကိုလတ်ဆတ်တယ်ဆိုတာ ပြောစရာမရှိပါဘူး။ ဒါကြောင့် ကျားဖြူဓားကိုဟို့ယွိဟောင်ထုတ်ယူလာရင်း အသားတွေကို ဖြည်းဖြည်းချင်းလှီးဖြတ်ပြီ ကျောဘက်ကရှိတဲ့အသားတွေကို သေချာလေ့လာကြည့်ပါတော့တယ်။
အကြီးအကဲရွှမ်ကတော့ အသားကင်တဲ့ကိစ္စမှာ ဘယ်လိုလုပ်ရမလဲဆို မသိပါဘူး။ အရသာကောင်းနေသရွေ့ သူက ဘယ်လိုပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။
အသားတုံးလေးတွေကို သေးသေးလေးလှီးလိုက်ပြီတဲ့နောက် ၀မ်သုန့်ကတော့ တစ်ဖက်သစ်ကိုင်းမှာမီးပုံဖိုပြီအသားကင်ဖို့ အဆင်သင့်ပြင်တဲ့အလုပ်ကို တာ၀န်ယူထားခဲ့ပါတယ်။ သူတို့တွေက ဟင်းချက်ပြုတ်တဲ့နေရာမှာ အတော်လေးကို အပေးအယူမျှမျှနဲ့ အလုပ်လုပ်နိုင်ကြတယ်။ ပြီးတဲ့နောက် ဟို့ယွိဟောင်က မီးမွှေးပြီစတင်လို့ကင်ပါတော့တယ်။
တစ်ဖက်မှာရှိနေတဲ့ သစ်ကိုင်းတစ်ကိုင်ကိုလဲ ဆွဲယူလို့ထားခဲ့ပြီ ဆက်တိုက်ဆိုသလို မီးခိုမှိုင်တိုက်နေခဲ့ရင်းအသားတွေရဲ့တစ်စက်စက်ကျဆင်းလာတဲ့ အဆီတွေကို ဖြည်းဖြည်းချင်းစုပ်ယူစေခဲ့ပါတယ်။ မွှေးပျံ့လွန်လှတဲ့အသားကင်အနံ့က လေထဲမှာပြန့်လွှင့်လို့လာခဲ့ပြီ အသားရဲ့အရောင်ကလဲ ဖြည်းဖြည်းချင်းပြောင်းလဲလို့လာခဲ့ပါပြီ။ အရွယ်ကလဲ မြန်မြန်ဆန်ဆန်ကျုံ့၀င်လို့သွားပါတော့တယ်။
အဲ့ဒီနောက် မီးပုံထဲကနေအသားကိုထုတ်ရင်းဆားကိုမျှမျှတတဖြူးပေးပြီတဲ့နောက် ဘေးနားမှာရှိတဲ့သစ်ကိုင်းအပေါ်ပြန်တင်လိုက်ကာ အသားကိုအအေးခံပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့အသားကင်အသစ်ကိုအနည်းငယ်မြည်းစမ်းကြည့်ခဲ့တယ်။
ဘေးမှာရှိတဲ့အကြီးအကဲရွှမ်ကတော့ အတော်ကိုဗိုက်ဆာနေခဲ့ပါပြီ။ လက်ရှိအချိန် ကျောင်းတော်ရဲ့ထိပ်တန်းအဆင့်ပညာရှင်နဲ့မတူပဲ အတော်လေးသနားစရာကောင်းနေခဲ့တယ်။ သူဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုတာ မေးခွန်းထုတ်စရာတော့မလိုခဲ့ပါဘူး။ ထျောင်ထျဲ့သော့်လော့က အစားကောင်းအသောက်ကောင်းတွေနဲ့ ဘယ်တော့မှမငြင်းပယ်တဲ့လူဆိုတာ လူတိုင်းသိနေခဲ့လို့ပါ။
ဟို့ယွိဟောင် အသားကင်ကို၀ါးနေချိန်မှာပဲ အသားကင်ရဲ့နူးညံ့တဲ့ အသားအဆီအနှစ်တွေက ပါးစပ်ထဲကိုပျော်၀င်လို့လာခဲ့ပါတယ်။ ခပ်မြန်မြန်ပဲ အသားကင်တစ်ချောင်းလုံးကို သုံးကိုက်နဲ့သူအပြတ်ရှင်းလိုက်တယ်။ ဒီသားရဲကောင်က ခုခံမှုအရမ်းကောင်းပေမဲ့ သူ့ရဲ့အသားကတော့ အင်မတန်ကိုနူးညံ့လွန်ပြီ ၀ါးလိုက်တာနဲ့ပါးစပ်ထဲမှာအရည်ပျော်ကျသွားနိုင်လောက်တဲ့အထိကို နူးအိနေခဲ့တယ်။
အစောပိုင်းတုန်းက အကြီးအကဲရွှမ်ရဲ့စကားတွေကို အနည်းငယ်သံသယ၀င်ခဲ့ပေမဲ့ သေချာပေါက် ဒီ၀က်၀ံရဲ့လက်ဖ၀ါးအသားက လောကရဲ့ထိပ်တန်းစားကောင်းသောက်ဖွယ်ဆယ်ခုထဲက တစ်ခုဖြစ်မယ်ဆိုတာကို သူအခုတော့ယုံမှားသံသယမရှိတော့ပါဘူး။ ဒီအသားကင်ကိုစားရင်းအတော်ကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြုံးနေခဲ့ပါသေးတယ်။
ဒီလိုမမေ့နိုင်စရာကောင်းလွန်လှတဲ့အသားကင်ရဲ့အရသာက နွေးထွေးတဲ့ခံစားချက်နဲ့အတူ အစားအိမ်ထဲကို၀င်ရောက်လို့လာခဲ့ပါတယ်။ သူ့ရဲ့အစာအိမ်တစ်ခုလုံး လေပူပူတွေနဲ့ပြည့်နှက်သွားသလိုပါပဲ။ တစ်နေ့တာလုံးမှာရှိသမျှ ပင်ပန်းမှုတွေနဲ့ ညှောင်ချိမှုတွေအားလုံးက ပျောက်ကွယ်လို့သွားပါတော့တယ်။
” တကယ်အရသာရှိတာပဲ ”
ဟို့ယွိဟောင်က စတင်ပြီချီးမွမ်းတော့တယ်။
” ကောင်စုတ်လေး မင်းအကြီးအကဲကိုဘယ်လိုအရိုအသေပေးရမလဲဆိုတာ မသိဘူးလား မင်းငါကို အရင်ဆုံးတော့နည်းနည်းကျွေးသင့်တယ် ”
” အကြီးအကဲရွှမ် စိတ်ရှည်လက်ရှည်စောင့်ပါဦး ကျွန်တော်က ဒီ၀က်၀ံအသားကိုချက်တဲ့အချိန် မီးအရှိန်အဆင်ပြေမပြေအနည်းငယ်တော့ စမ်းသပ်ကြည့်ရသေးတယ်…ပါ၀င်ပစ္စည်းတွေကို မကျက်တစ်ကျက်အသားအပေါ်မှာ ကျွန်တော်ဖြုန်းတီးပြစ်လို့မရဘူးလေ ဒါကြောင့် နောက်တစ်ခေါက်ကင်ပြီတာနဲ့ အကြီးအကဲကိုကျွေးပါ့မယ်…စိတ်မဆိုးပါနဲ့ ဒါ့အပြင် ဒီ၀က်၀ံရဲ့အသားကအရမ်းကိုလတ်ဆတ်ပြီနူးညံ့နေတယ်…ဒါကြောင့် ချက်ဖို့အချိန်သိပ်မကြာပါဘူး…ကျွန်တော်တို့မှာ ကြက်ဥတွေဘာတွေနည်းနည်းပါးပါးမရှိတာတော့နှမြောစရာပဲ ဒါဆိုရင်အရသာပိုရှိအောင်လုပ်လို့ရတယ် ”
” ဘာများဒီလောက်တောင်ခက်ခဲနေလို့လဲ ကြက်ဥကိုအကျက်လိုချင်လား အစိမ်းလိုချင်လား ”
” အစိမ်းပေါ့ အကြီးအကဲရွှမ်ဘာလုပ်မလို့လဲ ”
ဟို့ယွိဟောင်က မျက်လုံးပြူးသွားခဲ့ပါတယ်။
သူစကားတောင်ပြောလို့မပြီးသေးဘူး အကြီးအကဲရွှမ်ရဲ့ လက်ပေါ်မှာရောင်စုံခြယ်တောက်ပနေခဲ့တဲ့ ကြက်ဥတွေအသီးသီးပေါ်လာပါတော့တယ်။
” ဒါကငါးရောင်ခြယ်ရစ်ငှက်ရဲ့ဥတွေပဲ ဒီလောက်ဆိုလောက်ပြီလား ”
အကြီးအကဲရွှမ်က ပြောလာပါတော့တယ်။
” အကြီးအကဲ ဒီကြက်ဥတွေကို ခရီးတစ်လျှောက်လုံးယူလာတာလား ”
ဟို့ယွိဟောင်က မျက်လုံးအပြူးသားနဲ့ ပြောလာခဲ့ပါတော့တယ်။ အကြီးအကဲရွှမ်ကတော့ ထူးထူးဆန်းဆန်းပုံစံနဲ့သာပြန်ဖြေလာခဲ့တယ်။
” မင်းတို့အားလုံးကို လျှို့၀ှက်ချက်ပြောပြမယ်…လောကကြီးမှာဒီပစ္စည်းတွေမပါပဲနဲ့ ငါလုံး၀ဘယ်ကိုမှမသွားနိုင်ဘူး…အဲ့ဒါဘာလဲဆိုတော့ အစားအသောက်တွေပဲသိလား ကြက်ဥတွေတင်မကဘူး ရှိရှိသမျှအစားအသောက်တွေအကုန်လုံးငါ့ဆီမှာပါတယ်….ငါဘယ်ကိုပဲသွားသွား အနည်းဆုံတော့ အစားအသောက်တွေကို တစ်ဆယ်ကိုးပတ်မီတာလောက်အထိ သယ်သွားရတယ်လေ မဟုတ်ရင် ငါအတွက် ဘယ်လွယ်ကူမလဲ ချင်းသောသောကိုအကူအညီတောင်းပြီ သိမ်းဆည်းဖို့အတွက် အဆင်ပြေတဲ့သိုလှောင်ကိရိယာတစ်ခုကို ငါလုပ်ထားခိုင်းတယ်…အထူးသဖြင့် အစားအသောက်တွေကိုသယ်ဖို့ပေါ့ ဒါမှသာ အစားအသောက်တွေက လတ်လတ်ဆတ်ဆတ်ရှိမှာ ”
၀မ်သုန့်က ရယ်မောပါတော့တယ်။
” ဒါကြောင့်မလို့ ထျောင်ထျဲ့သော့်လော့လို့ခေါ်ကြတာ အံ့ဩစရာမရှိတော့ဘူးပဲ ”
အကြီးအကဲရွှမ်က အဲ့ဒီဥတွေကို ဟို့ယွိဟောင်ဆီပေးလိုက်ပြီတဲ့နောက် အလောတကြီးပြောပါတော့တယ်။
” မြန်မြန်လုပ် ”
” ဒါဆိုရင် ပန်ကန်လုံးလေးရောဘာလေးရောမပါဘူးလား အကြီးအကဲရွှမ် သုပ်လို့ရတဲ့စုပ်တံတစ်ခုခုပါရင် ပိုကောင်းတာပေါ့ ”
သူတောင်းဆိုတဲ့ပစ္စည်းတွေကလဲ တစ်စက္ကန့်အတွင်းမှာပဲရောက်ရှိလာပါတော့တယ်။
အကြီးအကဲရွှမ်က ကလေးငယ်တစ်ယောက်လိုမီးပုံဘေးမှာစောင့်ကြောင့်ထိုင်ရင်း ဟို့ယွိဟောင်လုပ်သမျှကို မျက်လုံးအ၀ိုင်းသားလေးနဲ့ ကြည့်နေခဲ့ပါတယ်။
ဟို့ယွိဟောင်လဲ သူ့ကိုစောင့်ဆိုင်းရအောင် မလုပ်၀ံ့ပါဘူး။ အသားတွေကို ခပ်မြန်မြန်ကင်ပါတော့တယ်။
အတွေ့အကြုံရှိပြီဖြစ်တဲ့အတွက် ဒီတစ်ကြိမ်အသားကင်တဲ့အချိန်မှာ ပိုပြီးတော့တောင် ယုံကြည်ချက်ရှိလာပါသေးတယ်။ ဒီလိုအရသာရှိတဲ့ ပစ္စည်းမျိုးကတခြားအကူပစ္စည်းတွေနဲ့ အများကြီးချက်ပြုတ်စရာမလိုပါဘူး။ မူလအရသာကိုကကောင်းပြီသားဖြစ်ပါတယ်။
ဒါကြောင့်သာ ၀က်၀ံအသားကိုဟိုလှန်းဒီလှန်လုပ်လိုက်ပြီ မီးဖိုပေါ်ကချကာဆားအနည်းငယ်ဖြူးလိုက်ပါတယ်။ အဲ့ဒီနောက် တရှဲရှဲမြည်နေတဲ့ဥတွေကို အသားပေါ်မှာအနည်းငယ်လောင်းချလိုက်တယ်။
” အကြီးအကဲရွှမ် ကြိုက်မကြိုက်စားကြည့်ပါဦး ”
” ဒီလိုမျိုးပဲလား အသားပေါ်မှာဒီလိုဥတွေတင်တာ ငါမြင်ဖူးတာပထမဆုံးပဲ ဒါပေမယ့် ”
သူစကားတောင်မဆုံးသေးခင်အချိန်မှာပဲ ပါးစပ်ထဲကိုအသားတွေကအပြည့်အသိပ့်ရောက်နေခဲ့ပါပြီ။
” အရသာဘယ်လိုရှိလဲအကြီးအကဲရွှမ် ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
အကြီးအကဲရွှမ်က သူ့ကိုဒီအတိုင်းသာစိုက်ကြည့်လို့နေခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့မျက်လုံးထဲမှာ ရှိနေတဲ့အ၀ါရောင်အလင်းတန်းက သုပုစီးနဲ့တိုက်ခိုက်ချိန်တုန်းကအတိုင်း တောက်ပလို့လာပါတော့တယ်။
” ငါတကယ်ပဲ နောင်တရမိတယ် ”
အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။
” ဘာကိုနောင်တရတာလဲ အရသာမရှိလို့လား မဖြစ်နိုင်ဘူးနော်ဒီ၀က်၀ံအသားကအရမ်းနူးညံ့ပြီတော့ အရည်ရွှမ်းလွန်တယ် ဒါ့အပြင်အဆီကလဲ သိသိသာသာကောင်းတာကြောင့် အကြာကြီးချက်ဖို့မလိုဘူး ”
” ဒါ့အပြင် ဒီအပေါ်မှာအဆီတွေသုပ်ထားပေတဲ့ ဥတွေကပိုပြီးတော့ နူးညံ့အောင်လုပ်ပေးသေးတယ်…အနံ့ကလဲ ခွာလိုက်ပြီဆိုတာနဲ့ နှာခေါင်းကနေတစ်ဆင့်ဦးနှောက်ထဲအထိ ရောက်သွားမှာလေ ဒါ့အပြင် အသားကလဲပျော်၀င်သွားပြီ အရမ်းကိုအရသာရှိမှာ ဒီလောက်ကောင်းတဲ့ပစ္စည်းတွေကို ကျွန်တော်တစ်ခါမှတောင်မသုံးဖူးဘူး ”
” ငါနောင်တရတယ်လို့ပြောတာ မင်းကိုငါတပည့်အဖြစ် လက်မခံမိတာပဲ အကယ်၍ မင်းသာငါတပည့်ဖြစ်ခဲ့မယ်ဆိုရင် ငါမင်းကိုတိုက်ကြီးတစ်တိုက်လုံးအနှံ့ခေါ်သွားပြီ တိုက်ကြီးတစ်ခုလုံးမှာ စားဖိုမှူးဖြစ်အောင်လုပ်ပေးလို့ရသေးတယ် ”
၀မ်သုန့်က ဒီအချိန်မှာရယ်မောမိပါတော့တယ်။
” ယွိဟောင် ငါလဲပေးပါဦး အကယ်၍ အကြီးအကဲရွှမ်က မင်းကိုစားဖိုမှူးဖြစ်အောင်လုပ်ပေးချင်တယ်လို့ ပြောနေပြီဆိုရင် သေချာပေါက်အရသာရှိလို့ပဲ ဖြစ်ရမယ် ”
သူတို့တွေက ဟို့ယွိဟောင်ကိုပြောပြီတဲ့နောက် ပါးစပ်အပြည့်အသိပ်အသားကင်တွေ ထိုးထည့်နေကြချိန်မှာ ဟို့ယွိဟောင်ကတော့ အတော်လေးအလုပ်များနေခဲ့ပါတယ်။ အသားတွေရဲ့တစ်၀က်နီးပါးက အကြီးအကဲရွှမ်ရဲ့ဗိုက်ထဲကိုရောက်သွားခဲ့ပါပြီ။ အသားတွေမလုံလောက်တော့မှန်းသိချိန်မှာသာ ဟို့ယွိဟောင်က နောက်ထပ်၀က်၀ံအသားတွေကိုသွားပြီတော့ ဖျက်ရပါတော့တယ်။
အကြီးအကဲရွှမ်ကတော့ ဒီအသားကင်ကိုအရင်ကစားဖူးခဲ့ပေမဲ့ သူစားဖူးတဲ့လက်ရာတွေက ဟို့ယွိဟောင်ထက်အများကြီးနှိမ့်ပါးလို့နေခဲ့တယ်။ ဒါကြောင့်သာ ဒီအသားတွေက ပိုပြီးအရသာရှိနေခဲ့တာပါ။
သူတို့သုံးယောက်ဗိုက်ပြည့်တော့မဲ့အချိန်မှာပဲ ရှောင်းရှောင်းကနိုးလာပါတော့တယ်။ သူမရဲ့အာရုံခြောက်ပါးကလဲ ပြန်လည်ရရှိလာပြီဖြစ်သလို ပထမဆုံးရလိုက်တဲ့အာရုံကတော့ အမြင်အာရုံမဟုတ်ပဲ အနံ့ခံအာရုံပါ။
” မွှေးလှချေလား ဘာတွေပါလိမ့် ”
ရှောင်းရှောင်းက မျက်လုံးဖွင့်ပြီတဲ့နောက် ထအော်ပါတော့တယ်။
” ရှောင်းရှောင်း ဒီ၀ိညာဥ်စက်ကွင်းနဲ့ပေါင်းစည်းလိုက်ပြီတဲ့နောက် မင်းရဲ့သိုင်းပညာ၀ိညာဥ်က အဆင်ပြေရဲ့လား ”
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။
ရှောင်းရှောင်းကတော့ ဖြေဖို့စိတ်၀င်စားပုံမပေါ်ပါဘူး။ အနီးဆုံးမှာရှိနေခဲ့တဲ့ အသားကင်ကိုယူပြီတစ်ခါထဲ ပါးစပ်ထဲထိုးထည့်နေခဲ့ပါတော့တယ်။
” အရသာရှိလိုက်တာ အရသာရှိလိုက်တာ ငါတကယ်ပဲ နင်ကိုလက်ထပ်လာချင်လာပြီ အနာဂတ်မှာနင်ဘယ်သူနဲ့ပဲ လက်ထပ်ပါစေ အဲ့ဒီလူကတကယ်ကံကောင်းမှာပဲ မဟုတ်ဘူး ငါဆက်ပြောလို့မဖြစ်ဘူး…ငါလျှာကိုကိုက်မိတော့မယ် ”
ရှောင်းရှောင်းက အကြီးအကဲရွှမ်ရဲ့တပည့်ပီပီသသ တကယ်ကိုအစားကြီးလွန်လှပါတယ်။ အများကြီးစားပြီတဲ့နောက် သူအရမ်းကိုပျော်နေခဲ့ပါတယ်။
” စားလို့ကောင်းလိုက်တာ နောက်ဆုံးတော့ဗိုက်ပြည့်သွားပြီ ”
သူကျေကျေနပ်နပ်နဲ့ ပြောပြီတဲ့နောက် အင်္ကျီလက်တွေကိုအသုံးပြုရင်း ဆီတွေကိုသုတ်ကာပြုံးပျော်နေပါတော့တယ်။
အကြီးအကဲရွှမ်ကလဲ ဗိုက်ပြည့်နေခဲ့ပါပြီ။ ရှောင်းရှောင်းအစာအစားနေတဲ့အချိန်မှာ သူက ၀က်၀ံအသားတွေကို ရှစ်ပိုင်းခွဲပေးရင်း ဟို့ယွိဟောင်ကို အေးခဲစေဖို့ခိုင်းနေခဲ့ပါတယ်။ ဒါမှသာသူတို့ကျောင်းကိုပြန်ယူသွားလို့ရမှာပါ။
ဒီအသားတွေကအရမ်းကို အာဟာရပြည့်၀ပါတယ်။ ဒါကြောင့် ကျောင်းတော်ရဲ့အဓိကတပည့်သားတွေအတွက်လဲ ကောင်းမွန်တဲ့အစားအသောက်ပါပဲ။ ဒါပေါ့ အကြီးအကဲရွှမ်က သူတို့ကိုအများကြီးပေးဖို့စေတနာမရှိပါဘူး။ သေချာပေါက် ဒီအသားတွေကိုသူ့အတွက် သိမ်းထားဦးမှာပါ။ လက်ဖ၀ါးအသားကိုသာ ဟို့ယွိဟောင်ဆီပေးလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီလက်ဖ၀ါးအသားက ဘာကိုကိုယ်စားပြုနေမှန်း ဟို့ယွိဟောင်မသိခဲ့ပါဘူး။
” အကြီးအကဲရွှမ် ကျွန်တော်တို့အခုသွားကြတော့မလား ဒါမှမဟုတ်ရှောင်းရှောင်း ၀ိညာဥ်အရိုးစုပ်ယူတာကို ဒီနေရာမှာစောင့်ကြမလား ”
ဟို့ယွိဟောင်က အကြီးအကဲရွှမ်ကို မေးလိုက်ပါတယ်။
” ဒီမှာပဲလုပ်ကြမယ်လေ ငါအခုဗိုက်ပြည့်နေပြီ ထပ်ပြီငါဘယ်မှမသွားချင်တော့ဘူး..ဒီမှာရှိမှတော့ ဘယ်၀ိညာဥ်သားရဲကောင်မှလဲ လာ၀ံ့မှာမဟုတ်ဘူးလေ ”
ဒါကအမှန်တကယ်ပါပဲ သူတို့တွေမီးဖိုဖိုပြီတဲ့အပြင် အသားကင်တွေကင်နေပေမဲ့ ဘယ်သူမှသူ့ကိုလာမနှောင့်ယှက်ကြပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ အကြီးအကဲရွှမ် ဒါကိုဘယ်လိုလုပ်လဲဆိုတာ လက်ရှိအချိန်မှာ နားမလည်နိုင်ပဲရှိနေခဲ့ပါတယ်။
ရှောင်းရှောင်းက အကြီးအကဲရွှမ်ရဲ့ ၀ိညာဥ်အရိုးကြောင့် ရှင်းပြချက်ကိုကြားတဲ့အချိန်မှာတော့ ဟို့ယွ်ဟောင်နဲ့ ၀မ်သုန့်ဘက်ကိုသူပြန်လှည့်မိပါတော့တယ်။
” အတန်းခေါင်းဆောင်ဒီ၀ိညာဥ်အရိုးကို လက်လျှော့လိုက်တဲ့အတွက် နောင်တစ်ချိန်မှာကျေးဇူးပြန်ပြုဖို့ကတိသစ္စာဆိုလို့ရနိုင်မလား ”
ရှောင်းရှောင်းက မျက်ရည်အ၀ဲသားနဲ့ပြောလာခဲ့ပါတယ်။
” မလုပ်ရဘူး ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက တစ်ပြိုင်နက်ထဲထအော်ပါတော့တယ်။
” နင်တို့နှစ်ယောက်ဒီလိုမျိုး ဘာကြောင့်ချက်ချင်းတုန့်ပြန်နေကြတာလဲ နှစ်ယောက်ကြားမှာကိစ္စတစ်ခုခုရှိလို့လား ”
” မင်းအသက်ဘယ်လောက်ရှိလို့ တခြားတစ်ယောက်ကိုကတိသစ္စာပြုဖို့တွေ ပြောနေရတာလဲ ဒါကဘာအဓိပ္ပါယ်မှန်းတောင် မင်းသိလို့လား ”
ဟို့ယွိဟောင်က ထအော်ပါတော့တယ်။
“:အတန်းခေါင်းဆောင်မပြောနဲ့ ရပ်လိုက်တော့ ငါတို့ရဲ့အသက်အရွယ်တွေကို ယှဥ်လိုက်မယ်ဆိုရင် ငါကငါးယောက်မြောက် အသက်ကြီးတဲ့သူပြီရင်း နင်ကခြောက်ယောက်မြောက် ၀မ်သုန့်က အငယ်ဆုံးပဲ အတန်းခေါင်းဆောင်နင်ကငါထက် ငယ်မှာတော့ ငါကိုသင်ပြ၀ံ့သေးတယ်လား ”
ဟို့ယွိဟောင်အနေနဲ့ မာရှောင်ထောင့်နဲ့ ကိစ္စတချိူ့ကိုပြန်တွေးပြီတဲ့နောက် သူ့မျက်နှာက နီရဲလို့သွားခဲ့ပါတယ်။
” ငါလဲမသိတော့ဘူး ”
” ကိုယ်ကိုတိုင်တောင်မသိတဲ့ကိစ္စကို ဘာကြောင့်များလာသင်ပြလို့ရမလဲ ဟုတ်တယ်ဟုတ် ငါပြောချင်တာကို နင်သိပါတယ်..အကယ်၍ နင်ငါနဲ့လက်ထပ်ချင်တယ်ဆိုရင် မြန်မြန်လှုပ်ရှားမှရမယ်နော် ငါအရမ်းနာမည်ကျော်ကြားတဲ့သူ ဒါမှလွယ်လွယ်ကူကူဖြစ်လာမှာ ”
အကြီးအကဲရွှမ်ကတော့ ရှောင်းရှောင်းကိုကြည့်ရင်း ထအော်ပါတော့တယ်။
” ဘာပေါက်ကရတွေပြောမနေနဲ့ကလေးမ ၀ိညာဥ်အရိုးနဲ့မြန်မြန်ပေါင်းစည်းတော့ ဒီညာဘက်လက်ဖ၀ါးအရိုးက ဘယ်လောက်ထူးခြားမလဲဆိုတာကို ငါမြင်ချင်နေပြီ ”
သူပြောပြီတာနဲ့ ရှောင်းရှောင်းဆီ၀ိညာဥ်အရိုးကို ပြစ်ပေးလိုက်ပြီ စတင်စေပါတော့တယ်။
ရှောင်းရှောင်းက ၀ိညာဥ်အရိုးကိုငုံ့ကြည့်နေပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဖက်ကိုလှည့်လာရင်း အလေးအနက်ပြောလာခဲ့ပါတယ်။
” တကယ်ကျေးဇူးတင်ပါတယ် ”
အဲ့ဒီနောက် ညာဘက်လက်ဖ၀ါးအရိုးကို ကိုင်ထားခဲ့ရင်း နေရာမှာတင်ထိုင်ပြီ ၀ိညာဥ်စွမ်းအားတွေကို ပြင်ဆင်ကာပေါင်းစည်းဖို့လုပ်ပါတော့တယ်။
ညာဘက်လက်ဖ၀ါးအရိုးက သူ့ရဲ့၀ိညာဥ်စွမ်းအားတွေအောက်မှာ သိသိသာသာကို အရည်ပျော်လို့သွားခဲ့ပြီ ရွှေအိုရောင်အရည်တွေအဖြစ် ပြောင်းလဲလို့သွားပါတော့တယ်။ အဲ့ဒီနောက် သူရဲ့ညာဘက်လက်ထဲကို စီး၀င်လို့သွားတော့တယ်။
” ရှောင်းရှောင်းကို သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်ထုတ်ပြခိုင်းဖို့မေးဖို့မေ့သွားတယ်…သေချာပေါက် ဒီ၀ိညာဥ်စွမ်းရည်က အံ့ဩစရာကောင်းမှာပဲ မကြာခင်မှာ နှစ်နှစ်ထောင်၀ိညာဥ်စွမ်းရည်အသစ်နဲ့ အသက်သုံးချောင်းချေဖျက်အိုးကြီးက လုံး၀ပြောင်းလဲသွားမှာကို ငါစိတ်ထဲထင်နေမိပြီ ”
အပိုင်း ၁၃၉•၃ ပြီး၏။