Switch Mode

Chapter – 11

နတ်အတွင်းအားကျင့်စဥ်ရဲ့ စွမ်းအားကို ထုတ်ပြခြင်း

Chapter – 11နတ်အတွင်းအားကျင့်စဉ်ရဲ့စွမ်းအားကိုထုတ်ပြခြင်း

ချန်တျန်းဟူဟာ ချန်ရှန်ရဲ့ ချီဓာတ်တွေဟာ ပုံမှန်ထက် ထူးခြားသန်မာနေတယ်လို့ ခံစားမိနေပါတယ် ။ သူလည်းပဲ အသက်ကို ပုံမှန်ဖြစ်အောင်ကို ရှူလျက်ပါ ။ ထို့နောက် ဆုံဖြတ်ချက်တစ်ခုကို အခိုင်အမာချလိုက်ဟန်ဖြင့် –
” ငါ့သားဟာ ငါ့ကိုကိုယ်စားပြုတယ် ။ သူရှုံးတာနဲ့ ငါထွက်မယ် ။ ဒါတင်မကသေးဖူး နှစ်တစ်ထောင်ဆေးပင်ပါ ပြန်ပေးပါမယ် ”
ချန်တျန်းဟူ အကြံက သူ့သားနိုင်မယ်လို့ထင်နေတာပါ ။ ထင်လောက်အောင်လည်း ချန်ရှန်အမူအရာက တည်ငြိမ်မှုအပြည့်ပါ ။ ချန်ရှန် သူ့အဖေဖက် လှည့်လိုက်ပါတယ် ။ သူ့အဖေမျက်နာမှာ နွေးထွေးမှုတွေကို သူတွေ့ရတယ် ။
” ကောင်းပြီ ။ ကျွန်တော့ကို လာခွင့်ပြုပါ ။ ဒီလက်နှစ်ဖက်နဲ့ ပဲ စာရင်းရှင်းပါရစေ ”
ချန်ဇျန်းဟွာ ကွင်းပြင်ထဲ ထွက်လာပါတယ် ။ သူ့မျက်နာနဲ့ မျက်လုံးများမှာတော့ အထင်သေးမှုအပြည့်နဲ့ပေါ့ ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၅ ရောက်နေတယ့် သူဟာ ချန်ရှန် ဆေးပညာမှာ လုပ်ပြခဲ့တာကို ဂရုမစိုက်တယ့်ပုံပါပဲ ။ ချန်မိသားစုရဲ့ အကြီးတွေလည်း သူတို့လက်တွေမြောက်လျက်ပေါ့ ။ သူတို့ဟာ ဆေးပညာရှင်တစ်ယောက်မှ သူမတူတဲ့ စွမ်းရည်ရှိတတ်တယ် ဆိုတာ သိကြပါတယ် ။
ဒဏ်ရာရနေတယ့် ချန်ဟွာဟိုင်းက ခနဲ့တဲ့တဲ့ဝင်ပြောပါတယ် ။
” လူငယ်တွေဆိုတော့ သွေးကြွနေကြတာပေါ့ ၊ တကယ်လို့သာ တစ်ယောက်ယောက်သေသွားရင် ဘယ်လိုလုပ်မလဲ ၊ ချန်မျိုးနွယ်ရဲ့ ပါရမီရှိတယ့် ဆေးဆရာလေးကို သတ်လိုက်မိရင် ငါကတော့ အားပေးတဲ့လူတွေကိုပါ ဆူရမှာပဲ ”
ချန်တျန်းဟူကတော့ မည်သည့်စကားမျှ ဝင်ပြောခြင်းမရှိပေ ။ သူအပြင်းအထန်ကို ချင့်ချိန်စဉ်းစားနေပုံ ပါပဲ ။
” တကယ်လို့ မင်းရဲ့ဆေးဆရာ သားကို တိုက်ခွင့်ပြုပြီး ဒဏ်ရာရမယ်ဆိုရင်တော့ လူတိုင်းဟာ အတွေ့ကြုံမရှိတဲ့ လူရဲ့ အကွက်တွေကို မြင်ကြရမှာပေါ့ ”
” သေချာတာပေါ့ ၊ ကျွန်တော် အသတ်ခံရတာ ဖြစ်ဖြစ် ဒဏ်ရာရတာဖြစ်ဖြစ် ဒါကျွန်တော့ ဆုံးဖြတ်ချက်ပါပဲ ကျွန်တော် တာဝန်ယူပါတယ် ”
ချန်ရှန်ပြန်ပြောလိုက်ပါတယ် ။ သူဟာ ဆေးပညာရှင်တစ်ယောက် ဖြစ်နေတာတောင် သူ့အဖေ ခေါင်းဆောင်နေရာ မရခဲ့လျှင် ချန်ဟွာဟိုင်းရဲ့ အသေဖိနှိပ်မှုကို ခံရတော့မှာ ဖြစ်ပါတယ် ။ ချန်ဟွာဟိုင်း မျက်လုံးထဲမှာ ခြိမ်းခြောက်မှုတွေကိုတောင် ကြိုတွေ့နေရသလိုပါပဲ ။
” အားလုံးသူဘာပြောလဲဆိုတာ ကြားကြတယ်နော် ၊ ခုငါ့သားနဲ့ ပြိုင်ရမယ် ၊ တကယ်လို့ ငါ့သားရှုံးရင်တောင်မှ ငါ့ညီနဲ့ဆက်ပြိုင်ကမှာ ဖြစ်တယ် ”
ချန်ဟွာဟိုင်းမျက်နာ အပျော်တွေနဲ့ ပြည့်နေပါတယ် ။ ချန်ရှန်အာ့လောက်မစွမ်းဘူးဆိုတာသူသိတယ်လေ ။ သူ့သားရှုံးပါစေဦးတော့ နောက်တစ်ပွဲမှာ သူ့ညီလို အဆင့် ၇ ပညာရှင်ကို နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး၊ သူခေါင်းဆောင်နေရာ ရနိုင်ယုံမျှမက သူ့ဆေးပင်ပါ ပြန်ရတော့မယ့် အခွင့်အရေးပါပဲ ။
သူ့အဖေရဲ့ခွင့်ပြုချက်ရတာကြောင့် ချန်ဇျန်းဟွာ ကွင်းပြင်ထဲ ဝင်လာပါတယ် ။ ထို့နောက် မာနထောင်လွှားစွာဖြင့် ပြောပါတယ် ။
” ငါ့နမော်နမဲ့နိုင်မှုကြောင့် မင်းဒဏ်ရာရသွားရင် စိတ်မဆိုးနဲ့နော် ၊ နောက်ပြီး မင်းဝါးနိုင်တာထက် ပိုကိုက်ရမယ်လို့ ဘယ်သူများမင်းကိုပြောပြလိုက်လဲကွာ ”
ချန်ရှန်က ခံစားချက်မယ့်တဲ့ မျက်နာမျိုးနဲ့ ချန်ဟွာဟိုင်းဘက်လှည့်၍
” တကယ်လို့ကျွန်တော် နိုင်ရင် အဖေ့အစား တိုက်ခိုက်ခွင့်ပြုမှာလား ”
” ဟားဟားး . . . ၊ မင်းနိုင်အောင်ပဲ အရင်လုပ်ပါဦးကွာ ”
ချန်ဟွာဟိုင်း ရယ်မောလျက် ပြောဆိုပါတယ် ။ ချန်ဟွာဟိုင်းကိုထောက်ခံတယ့်လူများကလည်း ရယ်လျက်ပါ ။ ချန်ဇျန်းဟွာ က ကွန်ဖူးလက်သီးကွက်ထုတ်ဟန်ပြုလုပ်၍ ပြောဆိုပါတယ်။
“ငါညှာမှာ မဟုတ်ဘူးနော် ”
” စ ”
ချန်ဟွာဟိုင်း အမိန့်ပေးသံနဲ့ အော်လိုက်ပါတယ် ။ ချန်ဟွာဟိုင်း စကားဆုံးတာနဲ့ ချန်ဇျန်းဟွာ ချန်ရှန်ပြေးခုန်အပ်တယ် ။ သူ့လှုပ်ရှားမှုဟာ လှပသေသပ်ပါတယ် လက်တွေကတော့ မိုးပေါ်မြောက်လျက်ပေါ့ ။ အဲအချိန်မှာပဲ ပြင်းထန်တယ့် လေပြင်းတစ်ခု ဟာ ရှေ့ ကိုတိုက်ခိုက်ပြီး ရွှေရောင်အခိုးအငွေ့ တွေသူ့ လက်မှာ လှည့်ပတ်လျက် ကြီးမားတယ့် ရွှေရောင် ပုဆိန်ကြီး အဖြစ်ပြောင်းလဲသွားပါတယ် ။
ချန်မျိုးနွယ်ရဲ့ မြင့်မားတဲ့သိုင်းပညာတစ်ခုပါ ။ ၎င်းဟာ လူတစ်ယောက်ရဲ့ ချီဓာတ်ကို လက်နက် အဖြစ် ပြောင်းလဲပေးနိုင်ပြီါ် အရမ်းကို စွမ်းအား ကြီးမားပါပေတယ် ။ ဒီလို သိုင်းကျင့်စဉ်ဟာလည်း သင်ဖို့ အရမ်းကိုခက်ခဲပြီး စွမ်းအားကလည်း ကြီးမားလှပါပေတယ် ။
ချန်ရှန်ဟာ အဲဒိနေရာမှာ မတုန်မလှုပ်ရပ်နေဆဲပါ ။ သူ့ ဆီဝင်လာတယ့် ပုဆိန်ကို စိုက်ကြည့်နေပါတယ် ။လူတိုင်းက သူဟာ ချီဓာတ်ရဲ့ စွမ်းအားတွေကို ကြောက်ရွံ့ နေမယ် ထင်နေတာဖြစ်ပြီး ပုဆိန်နဲ့ ခေါင်းကို အခွဲခံရတော့မယ်လို့တွေးနေကြတာပါ ။ ချန်ရှန်ဆီမှ ချီဓာတ်တွေ အမြောက်များထွက်လာပြီး သူ့ ပါးစပ်ကိုဟကာ မိုးချုန်းသံလို ကြောက်မက် ဖွယ် ဟိန်းသံကြီး ထွက်ပေါ်လာပါတယ် ။
နဂါးတစ်ကောင်လိုပါပဲ ၊ ၎င်းအသံဟာ လူတိုင်းရဲ့ နားကို တဆစ်ဆစ်ဖြစ်သွားစေပါတယ် ။ နောက်ထပ်ပိုပြီး အံ့အားသင့်စရာကတော့ ချန်ရှန်ပါးစပ်မှ များစွာသော မိုးပြာရောင် ချီ အငွေ့ တွေဟာ ချန်ဇျန်းဟွာ ပေါ်သို့ လွှမ်းမိုးသွားစေတာပဲ ဖြစ်ပါတယ် ။
မိုးပြာရောင်ချီ ဓာတ်တွေဟာ မိုးပြာရောင် နဂါးအဖြစ်သို့ ပြောင်းလဲသွားပါတယ် ။ ရှေးကျတဲ့ ပုံစံရှိတယ့် နဂါးကြီးဟာ လူတိုင်းကို ရှော့ဖြစ်သွားစေပါတယ် ။ အရမ်းကို စွမ်းအားကြီးမားလှတယ့် ချီဓာတ်တွေဖြစ်ပြီး သာမန်လူအဖို့ ဘယ်လိုမှလေ့ကျင့်လို့ မရနိုင် တာပါ ။
ချန်ရှန်ဟာ နဂါးရဲ့ဟိန်းသံကို ပြုလုပ်လိုက်တယ့် အချိန်မှာ ကွင်းပြင်တဝိုက်က လူတွေ အားလုံး အထိတ်တလန့် ဖြစ်သွားပါတယ် ။သူတို့ အားလုံး ချန်ရှန်ကို အံ့အားသင့်တယ့် မျက်နာတွေနဲ့ ကြည့်နေကြတာပါ ။ ချန်ရှန်ဒီလိုလုပ်တာ အားလုံးအတွေ့ ပါပဲ သူတို့ ကိုယ် သူတို့ မယုံကြည်နိုင်ဖြစ်နေကြပါတယ် ။
ချန်တျန်းဟူတစ်ယောက် သူ့ သားက ဘယ်လိုတောင် ထူးခြားအံ့အားသင့်ဖွယ် ကောင်းလည်းဆိုတာကို တွေ့ နေရပါတယ် ။ ဒါဟာ သူ့ အတွက် အရမ်းကို ဂုဏ်ယူစရာ ကောင်းလွန်းပါတယ် ။ ချန်ဟွာဟိုင်းနဲ့ သူ့ အပေါင်းအပါ အပေါင်းတို့ ဟာ ပုံပျက်ပန်းပျက် ဖြစ်နေကြပါတယ် ။ စစ်မှန်သော ချီ ဓာတ်ဆိုတာ ဘယ်လိုတောင်ကြောက် ဖို့ ကောင်းတယ်ဆိုတာ ကို သဘောပေါက်သွားကြပါတယ် ။
ချန်ဟွာရဲ့ မိုးပြာနဂါး ဟောက်သံဟာ ချန်ဇျန်းဟွာရဲ့ ပုဆိန်ကို ထိုးခွဲလိုက်ပါတယ် ။ သူ့ ပါးစပ်ကထွက်တဲ့ ချီဓာတ်တွေဟာ အရမ်းကို ကြောက်စရာကောင်းပြီး အကုန်လုံးကို ဖျက်ဆီးပစ်နိုင်တယ့် စွမ်းအားတွေ ရှိပါတယ် ။ ချန်ဇျန်းဟွာရဲ့ ခန္ဓာကိုယ်ဟာ သွေးထွက်ရာ အပြည့်ဖြစ်သွားပါတော့တယ် ။
ဒီ မိုးပြာနဂါးဟောက်သံ ဟာ မိုးပြာနဂါးနတ်အတွင်းအားကျင့်စဉ်မှာ ပါဝင်တာ ဖြစ်ပါတယ် ။ ချန်ရှန်လုပ်လိုက်တယ့် နဂါးဟောက်သံဟာ တကယ်နဂါးဟိန်းဟောက်သံနဲ့ အတူတူပါပဲ ။ ဒီအသံဟာ နားထောင်သူရဲ့ နှလုံးသားနဲ့ ဝိဉာဉ်ကိုပါ မွှေနှောက် ဖျက်ဆီးပစ်လိုက်သလိုပါပဲ ။ တချိန်ထဲမှာပဲ သူ့ ပါးစပ်ကနေ လျှပ်စီးတွေနဲ့ သဲမုန်တိုင်းတွေဟာ အရှေ့ကို ပေါက်ထွက်နေပါတယ် ၊ ဒီလေရဲ့ စွမ်းအားဟာ ရန်သူကို ဓားတစ်ချောင်းနဲ့ တိုက်ခိုက်နေသလိုပါပဲ ။ တကယ်ကို အထိနာစေပါတယ် ။
ဘယ်သူမှအနားမကပ်ရဲကြပါဘူး ၊ ချန်ရှန်ကို ကြောက်ရွံ့ မှုကြောင့် ပါ ။ ချန်ရှန် ဟိန်းဟောက်ပြီးတဲ့နောက်မှာတော့ သူ့ကိုယ်ဟာ နဂါးတစ်ကောင်လို ပျံသန်းသွားပါတယ် ။ ချန်ဇျန်းဟွာဆီကို မူးမိုက်ပြီး အထိတ်တလန့် ဖြစ်သွားစေအောင်ကို ရိုက်ချလိုက်ပါတယ် ။
ချန်ရှန်လက်ချောင်းတွေမှာ မိုးပြာရောင်အငွေ့ တွေ တောက်လျက် လက်မောင်းတွေမှလည်း အငွေ့ တွေထွက်ကာ နဂါးတစ်ကောင်ရဲ့ လက်သည်းတွေလို ပုံစံ ဖြစ်သွားပါတယ် ။ ကြီးမား အစွမ်းထက်ကာ ပြင်းထန်တဲ့ ချီဓာတ်တွေ ထုတ်လွှတ်နေပါတော့တယ် ။ သိန်းငှက်ကြီးတစ်ကောင်ဟာ ယုန်လေးကို လျှပ်စီးလို လျင်မြန်စွာ ထိုးသုတ် လိုက်သလို ချန်ဇျန်းဟွာရဲ့ ခေါင်းကို ဖမ်းချုပ်လိုက်ပါတော့တယ် ။ လက်သည်းတွေ အရှည်ကြီးပေါ်လာကာ ၎င်းတို့ ဟာ ဓားသွားများလို ချွန်ထက်နေကြပြီး ရှင်းလင်းစွာ မြင်နိုင်ပါတယ် ။
မိုးပြာရောင်နဂါးလက်သည်းတွေဟာ ချန်ဇျန်းဟွာရဲ့ ခေါင်းကို ဖုံးအုပ်သွားပါတယ် ။ ချွန်ထက်လှတယ့် ချီဓာတ်တွေဟာ အရှေ့ ကိုပေါက်ထွက်သွားပါတယ် ။ လူတိုင်းဟာခေါင်းခါကာ ဖြင့် မြင်ကွင်းကိုကြည့်နေကြတယ် ။ သူတို့ တွေ့ လိုက်တာ ကတော့ချန်ဇျန်းဟွာရဲ့ ခေါင်းဟာ နဂါးလက်သည်းတွေနဲ့ ဖုံးအုပ်နေပြီး သနားစရာ အော်ဟစ်သံကို ကြားလိုက်ကြရပါတယ် ။ သွေးတွေထွက်လာတာကိုပါမြင်လိုက်ကြရတယ်
ဒါကတော့ မိုးပြာနဂါး လက်သည်းပဲဖြစ်ပါတယ် ။ ၎င်းဟာလည်း မိုးပြာနဂါး နတ်အတွင်းအား ကျင့်စဉ်ထဲကပါပဲ ။ လူတိုင်းဟာ ချန်ဇျန်းဟွာရဲ့ သွေးထွက်နေတယ့် ခန္ဓာကိုယ်နဲ့ ကြောက် ရွံ့ နေတယ့် မျက်နာကို အထင်းသားမြင်ကြတယ် ။ ဘာတွေဖြစ်ပျက်သွားလည်းဆိုတာ သူတို့ ကိုယ်သူကတို့ မယုံနိုင်ကြဘူးဖြစ်နေကြပါတယ် ။ ချန်ရှန်ဟာ ချန်ဇျန်းဟွာ ကို မြန်မြန်ဆန်ဆန် နဲ့ လှလှပပ အနိုင်ယူလိုက်တာပဲဖြစ်ပါတော့တယ် ။
“ဝုန်း”
ချန်ဇျန်းဟွာ တစ်ယောက် လဲကျသွားပါတယ် ။ လူတိုင်းအံ့အားသင့်လျက်ဖြစ်ကာ သူတို့ ရဲ့ ကျောရိုးတွေ အေးခနဲကို ဖြစ်သွားပါတယ် ။ ဘာဖြစ်သွား လည်းဆိုတာပြန်လည်သတိဝင်သွားကြတာလည်း ဖြစ်ပါတယ် ။
ချန်ဟွာဟိုင်းသူ့ သား ဒဏ်ရာတွေရနေတာကိုကြည့်ပြီး မကူညီနိုင်ပါဘူး ၊ ချန်ဇျန်းဟွာ အသက်ရှူနေသေးတာကို တွေ့ ရပြီး သူ့ရဲ့ ချီ ဓာတ်တွေ စုစည်းနေတာကို တွေ့ လိုက်ပါတယ် ။ ချန်ဇျန်းဟွာ ဟာ ဒဏ်ရာအပြည့်ဖြစ်နေသော်လည်း အသည်းသန်ဒဏ်ရာ ရပုံတော့ မပေါ်ပါဘူး ၊ ချန်ရှန်နောက်ဆုတ်သွားပါတယ် ။
ချန်းတျန်းဟူဟာ ချန်ဟွာဟိုင်းကို ပြုံးပြလိုက်တဲ့အခါမှာတော့ ချန်ဟွာဟိုင်းဟာ ချန်တျန်းဟူကို ကျေးဇူးတင်တယ့် အကြည့်နဲ့ ကြည့်လိုက်ပါတယ် ။
“ဒါဟာ ကျွန်တော့ နည်းနည်းလေးပဲ တိုက်လိုက်တာပါ ။ ဒဏ်ရာအများကြီးရသွားတယ့် အတွက် ၀မ်းနည်းပါတယ် ။”
ချန်ရှန်က လေသံအေးဖြင့်ပြောလိုက်ပါတယ် ။ သူ့ မျက်လုံးများနှင့် ပုံစံဟာ အလွန်အေးဆေးနေပါတယ် ။ တည်ငြိမ်စွာဖြင့် ထပ်ပြောလိုက်ပါတယ် ။
“ အခု ကျွန်တော့အဖေအစား ကျွန်တော် တိုက်ခိုက်ပါမယ်”

Comment

Leave a Reply

Options

not work with dark mode
Reset