အပိုင်း ၁၃၉•၂
” ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံ ”
°°°
ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့လဲ အခုအချိန်မှသာ ရှောင်းရှောင်းအနားကိုပြေးလာကြပါတော့တယ်။ ရှောင်းရှောင်းကိုကြည့်ရင်း အနည်းငယ်မနာလိုတောင်ဖြစ်နေခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းတွေရဲ့အရည်အသွေးကိုသူတို့သက်တမ်းနဲ့အဓိကဆုံးဖြတ်ချက်ချပေမဲ့ ၀ိညာဥ်သားရဲကောင်ရဲ့မျိုးစိတ်ကလဲ အရေးကြီးပါတယ်။ အင်အားကြီးတဲ့၀ိညာဥ်သားရဲကောင်တိုင်းက အင်အားကြီးတဲ့၀ိညာဥ်စွမ်းရည်တစ်ခုကိုထုတ်လွှတ်နိုင်ကြတယ်။
အကြီးအကဲရွှမ်ကတော့ အခုအချိန်အထိ ငြိမ်ငြိမ်မထိုင်နိုင်သေးပါဘူး။ သူက လက်တစ်ဖက်ကိုဆန့်ထုတ်ရင်း ၀က်၀ံရဲ့ခန္ဓာကိုယ်ပေါ်လက်တင်ထားကာ စိတ်လှုပ်ရှားနေခဲ့ပါတော့တယ်။
အဲ့ဒီနောက် သူ့ရဲ့လက်ကိုအသုံးပြုရင်း ဓားတစ်ချောင်းလိုပုံသဏ္ဍာန်နဲ့ လှုပ်ရှားလိုက်ပြီ ၀က်၀ံရဲ့ ညာဘက်အရှေ့လက်နှစ်ဖက်ကို ဖြန့်လိုက်ပါတယ်။ အဲ့ဒီနောက် အထဲကိုလက်နဲ့နှိုက်ပြီဆွဲထုတ်လိုက်တဲ့အချိန်မှာကတော့ ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့အရိုးတစ်ခုရှိနေခဲ့ပါတယ်။
ဒီအရိုးကရွှေအိုရောင်တောက်ပနေခဲ့ပြီ အားကောင်းတဲ့၀ိညာဥ်စွမ်းအားတွေနဲ့ ထုတ်လွှတ်လို့နေခဲ့ပါသေးတယ်။ ဒါကတော့ ၀ိညာဥ်အရိုးတစ်ခုပါ။ ရှောင်းရှောင်းရဲ့ကံတရားကကောင်းတာထက်ကို ပိုပြီအလွန်အမင်ကိုကောင်းလွန်နေခဲ့တာပါပဲ။
ဒါပေမယ့် ဒီ၀ိညာဥ်အရိုးကညာဘက်လက်မောင်း၀ိညာဥ်အရိုးတွေနဲ့ မတူညီခဲ့ပါဘူး။ အတိအကျပြောရမယ်ဆိုရင် ညာဘက်လက်ဖ၀ါးရဲ့အရိုးပါပဲ။
ဒီအရိုးကမကြီးမားပေမဲ့ ထိပ်ဖျားမှာတော့ ရှည်လျားတဲ့ဓားသွားငါးခုရှိနေခဲ့ပါတယ်။ ဒါကြောင့် အကြောက်တရားလက်သည်းတွေရဲ့အသေးစားပုံစံလို့ပြောရမှာပါ။ ဒီဓားသွားတွေက အစောပိုင်းတုန်းက တောက်ပနေခဲ့တဲ့ရွှေအိုရောင်အလင်းတန်းတွေနဲ့အတူ နတ်ဘုရားလက်နက်တစ်ခုလိုမျိုးလင်းလက်လာပါတော့တယ်။
အကြီးအကဲရွှမ်လဲ အထိတ်တလန့်နဲ့ ပြောလာမိပါတယ်။
” မင်းတို့တွေတကယ်ကံကောင်းတာပဲ ဒီလိုမျိုးရှားပါးတဲ့၀ိညာဥ်သားရဲကောင်ဆီကနေ ၀ိညာဥ်အရိုးတစ်ခုရတယ်ဆိုတာ ပုံမှန်ဖြစ်ပေမဲ့ ဒီလောက်ကြီးတန်ဖိုးကြီးလွန်လှတဲ့ ညာဘက်လက်ဖ၀ါး၀ိညာဥ်အရိုးကို ချန်ထားမယ်လို့ငါမထင်ထားခဲ့မိဘူး…ဒါကအရိုးတကအရိုးထဲမှာ တန်ဖိုးအကြီးဆုံးပဲ ”
သူတို့သုံးယောက်က ဒုတိယအတန်းမှာရောက်နေပြီဖြစ်တာကြောင့် ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်သားရဲကောင်တွေကြားကကိစ္စတွေကို သင်ယူထားပြီသားပါ။ ဒါပေမယ့် အရာအားလုံးကိုသိနေဖို့တော့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က အကြီးအကဲရွှမ်ကို သိလိုစိတ်အပြည့်နဲ့ကြည့်နေခဲ့ပါတယ်။ အကြီးအကဲရွှမ်က ဒီညာလက်ဖ၀ါးအရိုးကို သေချာပြနေရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့အင်အားက သူ့ရဲ့အကြောက်တရားလက်သည်းတွေကနေထုတ်လွှတ်နိုင်တဲ့တိုက်ခိုက်မှုမှာအကြီးမားဆုံးပါပဲ ဒါ့အပြင် ဒီ၀က်၀ံက သူ့ရဲ့အရိုးမှာရှိတဲ့အစွမ်းအစတွေအားလုံးကို အပြည့်အ၀ထုတ်လွှတ်နိုင်လောက်တဲ့အထိ အင်အားမကြီးသေးဘူး ”
” ဒါပေမယ့် ငါငယ်ငယ်တုန်းက နှစ်တစ်သိန်းသက်တမ်းရှိတဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံနဲ့ ကြုံတွေ့ခဲ့ဖူးတယ်…ငါမှတ်မိသလောက်အရဆိုရင် သူ့လက်တွေကိုတစ်ချက်ဝှေ့ရမ်းလိုက်တာနဲ့ မီတာတစ်ရာကျော်ရှည်လျားတဲ့ဓားရှည်ကြီးတွေက အပြင်ကိုပြန်ထွက်လာတော့တာပဲ အဲ့ဒီအချိန်တုန်း ဧရာမနဂါးကြီးတွေတောင် ဒီလိုရုတ်တရက်တိုက်ခိုက်မှုရဲ့အောက်မှာ အပိုင်းပိုင်းပြတ်သွားနိုင်တယ်လို့ ငါယုံကြည်ခဲ့ဖူးတယ် ”
” ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ အကြီးအကဲတစ်ယောက်ရဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံတွေအကြောင်းကို မှတ်တမ်းတင်ပြီ လေ့လာထားတဲ့စာအုပ်တွေရှိနေတယ်…အဲ့ဒီမှာဒီကောင်တွေရဲ့ လက်သည်းသတင်းအချက်အလက်တွေကို သေသေချာချာအသေးစိတ်မှတ်တမ်းတင်ထားတယ် ”
” သူတို့ရဲ့အကြောက်တရားလက်သည်းတွေက တစ်ခုနဲ့တစ်ခုတူတဲ့ပုံစံတွေရပေမဲ့ သူတို့ရဲ့ညာဘက်လက်သည်းက ပိုပြီးတော့သန်မာတယ် ”
” တကယ်တမ်းယှဥ်ကြည့်မယ်ဆိုရင် အများကြီးပ်ိုပြီးအင်အားကြီးတာပေါ့ စာလွှာမှတ်တမ်းထဲမှာ မှတ်တမ်းတင်ထားပုံအရဆိုရင် အတိတ်အချိန်တုန်းက အဲ့ဒီလိုအကြောက်တရားလက်သည်းမျိုးလေးခုတိတိပေါ်ထွန်းခဲ့ဖူးတယ်..အကြီးအကဲရှာဖွေတွေ့ရှိခဲ့တဲ့ တစ်ခုကလက်မောင်းရိုးတစ်ခုပဲ ဒါ့အပြင် အကြောက်တရားလက်သည်းလိုပဲ တိုက်ခိုက်နိုင်စွမ်းကိုပိုင်ဆ်ိုင်ကြတယ်တဲ့ တခြားအရိုးတွေကတော့ကောင်းပေမဲ့ တစ်ခုကခုခံနိုင်တဲ့စွမ်းရည်ပဲရှိတယ် ”
” ဒါပေမယ့် လက်မောင်းအရိုးတွေထဲမှာ ဘယ်ဘက်လက်မောင်းအရိုးရော ညာဘက်လက်မောင်းအရိုးရောနှစ်ခုစလုံးက တကယ်ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ လက်ဖ၀ါးအရိုးကိုတော့ မယှဥ်နိုင်ကြဘူး ”
” နှစ်တစ်သောင်းရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံကို အမဲလိုက်နိုင်တာကတင် အတော်လေးရှားပါးနေပြီ ဘွဲ့အမည်ခံရှိတဲ့သော့်လော့တွေတောင်မှ နှစ်တစ်သောင်းရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံကို အောင်အောင်မြင်မြင်အမဲလိုက်နိုင်ဖို့ဆိုတာက အတော်ကိုရှားပါးနေပြီ ဘာကြောင့်လဲဆိုတော့ သူတို့ကိုအနိုင်တိုက်ဖို့ကအရမ်းခက်ခဲတယ်လေ ဒါကြောင့် ဒီအကြောက်တရားလက်သည်း၀ိညာဥ်စွမ်းရည်က လက်မောင်းအရိုးမှာရှိနေမယ်ဆိုရင် သူတို့ရဲ့အစွမ်းအစကလဲ အကန့်အသတ်ရှိတယ်…အင်အားကြီးပေမဲ့ လက်ဖ၀ါးအရိုးလောက်တော့ အင်အားမကြီးနိုင်ဘူး ”
” တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီအကြီးအကဲက ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံကိုပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရတယ်…သူကလဲ ဒီနှစ်ပိုင်းမှာကျော်ကြားလာတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ပေါ့ ငါတို့ကျောင်းတော်ရဲ့အကြီးအကဲကလဲ အတော်လေးကျော်ကြားနေပြီဖြစ်တဲ့အပြင် သူကထူးကဲသာလွန်သော့်လော့တောင် ဖြစ်နေပြီ ဒါကြောင့် အဲ့ဒီ၀ိညာဥ်ပညာရှင်နဲ့ သတင်းအချက်အလက်အလဲအလှယ်လုပ်ခဲ့ပြီ သူတို့ရဲ့လျှို့၀ှက်ချက်ကိုထိန်းသိမ်းထားဖို့ ကတိပြုခဲ့ကြတယ်…ဒါကြောင့်သာ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့၀ိညာဥ်အရိုးတွေအကြောင်းကို သူပိုပြီးလေ့လာဖို့ အခွင့်အရေးရခဲ့တာပေါ့ ”
” ဒီရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံတွေရဲ့အရှားပါးဆုံးသော၀ိညာဥ်အရိုးက လက်ဖ၀ါးအရိုးဖြစ်တယ်လို့သူတို့တွေရှာဖွေတွေ့ရှိခဲ့တယ်…ဒါ့အပြင် အသန်မာဆုံး၀ိညာဥ်စွမ်းရည်လဲ ပိုင်ဆိုင်ထားနိုင်တယ်..အရေးကြီးဆုံးကတော့ ၀ိညာဥ်အရိုးနဲ့အတူ ဖြစ်ပေါ်လာနိုင်တဲ့၀ိညာဥ်စွမ်းရည်က တကယ်ရွှေအိုရောင်အကြောက်တရား၀က်၀ံနဲ့ပိုင်ဆိုင်တဲ့ တိုက်ခိုက်မှုနဲ့တူညီနိုင်နေတာပဲ ”
” အဲ့ဒီနောက်ပိုင်းမှာကျော်ကြားလာတဲ့ ၀ိညာဥ်ပညာရှင်ရရှိထားတာကတော့ ဘယ်ဘက်လက်ဖ၀ါးအရိုးဖြစ်ပြီ သူ့ရဲ့အမှောင်ထုဘယ်ဘက်လက်မောင်းကြောင့် သူက တော်တော်ကြီးကိုကျော်ကြားခဲ့တယ်…ဒါ့အပြင် အမှောင်ထုဘယ်ဘက်လက်သော့်လော့ဆိုပြီတော့တောင် သူ့ကိုဘွဲ့အမည်ပေးထားခဲ့ကြတယ်လေ ဒီတစ်ကြိမ်မှာ မင်းကညာဘက်လက်ဖ၀ါးအရိုးကြီးကို ရလိုက်တာပဲ ”
” ဒါက ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ ရနိုင်သမျှအရိုးတွေထဲမှာ အမြင့်ဆုံးအရိုးလို့ပြောလို့ရတဲးယ်.. လက်ဖ၀ါးအရိုးတွေက လက်မောင်းအရိုးတွေနဲ့မတူဘူး..သူတို့က ပြင်ပ၀ိညာဥ်အရိုးတွေလို့ သတ်မှတ်လို့ရနိုင်တယ်…ဒါကြောင့် သူ့နဲ့သင့်တော်တဲ့လက်မောင်းအရိုးကိုရမယ်ဆိုရင် ပေါင်းစည်းမှုကပြဿနာဖြစ်နိုင်တော့မှာမဟုတ်ဘူး….နှမြောစရာကောင်းတာက ဒီ၀က်၀ံရဲ့ကျင့်ကြံဆင့်က နှစ်နှစ်ထောင်ပဲရှိသေးတယ်….ဒါကြောင့် ညာဘက်လက်မောင်းအရိုးကို မွေးမြူးဖို့အတွက်အချိန်ကတော့ တော်တော်လေးလိုလိမ့်မယ် ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ဒီအချိန်မှသာ အဲ့ဒီလက်ဖ၀ါးအရိုးက ဘယ်လောက်အထိထူးခြားနေမှန်း နားလည်သွားပါတော့တယ်။ သူတို့အတွက်တော့တကယ်ကို မျက်စိပွင့်နားပွင့်ဖြစ်စေတာပါပဲ။ ဒါပေမယ့် အကြီးအကဲရွှမ်ပြောခဲ့တဲ့ အစွမ်းအစတွေအကြောင်းကို သူပြန်ကြားလိုက်ပြီအချိန်မှာတော့ သူတို့ရဲ့မျက်နှာတွေတောင် နီရဲလို့လာပါတော့တယ်။ ၀မ်သုန့်ကစပြီ အကြီးအကဲရွှမ်ကို မေးလိုက်ပါတယ်။
” အကြီးအကဲရွှမ် ကျွန်တော်မှာဘယ်ဘက်လက်မောင်းအရိုးရော ညာဘက်လက်မောင်းအရိုးရော ရှိနေပြီးပြီ အကြီးအကဲပြောပုံအရဆိုရင် လူတစ်ယောက်က လက်မောင်းအရိုးနဲ့မပေါင်းဆပ်ခင်မှာ လက်ဖ၀ါးနဲ့အရင်ပေါင်းဆပ်သင့်တယ်…ဒါဆိုရင် ကျွန်တော်အတွက် သေချာပေါက် အလာဟာသဖြစ်သွားမှာပဲ ကျွန်တော်လက်လျော့လိုက်ပါ့မယ် ”
” အကြီးအကဲရွှမ် ကျွန်တော်ကဒီသုံးယောက်ထဲမှာ ခေါင်းဆောင်ဖြစ်တာမှန်ပေမဲ့ ရှောင်းရှောင်းကတစ်ယောက်တည်သောမိန်းကလေးပါ သူ့ရဲ့တိုက်ခိုက်မှုကလဲ မသန်မာပါဘူး….ဒါပေမယ့်အကယ်၍ သူသာလက်ဖ၀ါးအရိုးကို ရနိုင်မယ်ဆိုရင် တိုက်ခိုက်တဲ့နေရာမှာရော ခုခံတဲ့နေရာမှာရော အဆင်ပြေသွားလိမ့်မယ်…ဒါ့အပြင် သူက ကျွန်တော်တို့စကားပြောနေတဲ့အချိန် ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ ၀ိညာဥ်စက်ကွင်းနဲ့ပေါင်းစည်းနေပြီလေ အမျိုးသမီးတွေကိုပဲ ဦးစားပေးရမှာပေါ့ ဒါသေချာပေါက် သူ့အတွက်ပိုပြီးသင့်တော်ပါလိမ့်မယ်…ကျွန်တော်တို့အနာဂတ်မှာ နောက်ထပ်ဒီလိုကံကောင်းမှုမျိုးကို ထပ်တွေ့လာဦးမယ်လို့ ယုံကြည်မိတယ် ”
ဒီကလေးတွေရဲ့ရက်ရောမှုကိုမြင်ချိန်မှာတော့ အကြီးအကဲရွှမ်လဲ စိတ်သက်သာရာရသွားခဲ့ပါတယ်။
” ကလေးတို့ ဒီညာဘက်လက်ဖ၀ါးအရိုးရဲ့တန်ဖိုးက နှစ်တစ်သိန်း၀ိညာဥ်အရိုးထက် ဘာမှမလျော့ဘူးဆိုတာ မင်းတို့သိမယ်လို့ငါယုံကြည်ပါတယ်…အကယ်၍ ဒါသာအပြည့်အ၀တိုးတက်နိုင်ပြီဆိုရင် သာမန်နှစ်တစ်သိန်း၀ိညာဥ်အရိုးတွေထက် ပိုပြီးတော့တန်ဖိုးကြီးသွားလိမ့်မယ် ”
ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ပြောလာခဲ့ပါတယ်။
” ၀မ်သုန့်နဲ့ပေါင်းလို့မရဘူး…ကျွန်တော်ကလဲ ဒီအရိုးနဲ့ပတ်သက်ပြီလောဘမကြီးပါဘူး…ကျွန်တော်မှာရေခဲကျောက်စိမ်းဘယ်ဘက်လက်မောင်းအရိုးရှိနေပြီးပြီလေ ဒါ့အပြင် ဒီအရိုးကရှောင်းရှောင်းအတွက်တကယ်ပဲသင့်တော်တယ်..ကျွန်တော်တို့အားလုံးက အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ပဲဆိုမှတော့ ကောင်းတဲ့အရာတွေကိုအတူတူမျှဝေသင့်တာပေါ့ ဒါမှသာအနာဂတ်မှာကျွန်တော်တို့ရဲ့အစွမ်းအစကို အမြင့်ဆုံးမြင့်တင်နိုင်မှာမဟုတ်လား ”
အကြီးအကဲရွှမ်ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်းခေါင်းညိတ်လို့နေခဲ့ပါတယ်။
” ဒါဆိုရင်ရှောင်းရှောင်းကိုယ်စား မင်းကိုကျေးဇူးတင်ပါတယ်. ”
သူကတကယ်တမ်းမှာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ပြီ ဒီ၀ိညာဥ်အရိုးကို ရှောင်းရှောင်းဆီပေးချင်ခဲ့ပါတယ်။ သူ့ရဲ့အမွေဆက်ခံသူတပည့်သားဖြစ်တဲ့အတွက်ကြောင့်မလို့ မျက်နှာသာပေးချင်တာက မဆန်းပါဘူး။ ပါရမီအရဆိုရင် ရှောင်းရှောင်းက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့နောက်မှာ ကျကျန်ရစ်နေခဲ့တာကို သူသတိထားမိတယ်။ အကယ်၍ သူမသာ ဒီ၀ိညာဥ်အရိုးနဲ့ပေါင်းစည်းလိုက်မယ်ဆိုရင် ဒီကွာခြားချက်ကလဲ နည်းသွားမှာပါ။
ဒါပေမယ့် ဆုံးဖြတ်ချက်ကိုသူမလုပ်နိုင်ခဲ့ပါဘူး။ ကျောင်းတော်ရဲ့အကြီးအကဲတစ်ယောက် ဆရာတစ်ယောက်အနေနဲ့ ဟို့ယွိဟောင်က ပထမဆုံးဦးစားပေးရမဲ့သူဆိုတာ သူသိနေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်က အခုအချိန်အထိ တတိယ၀ိညာဥ်စက်ကွင်းကိုမပိုင်ဆိုင်ရသေးပါဘူး။ အကယ်၍ အကြီးအကဲရွှမ်သာ ရှောင်းရှောင်းကို၀ိညာဥ်အရိုးပေးလိုက်မယ်ဆိုရင် ဒါကသူ့တို့အတွက် တွန်းအားပေးသလိုဖြစ်သွားမှာပါ။ ဒါ့အပြင် ရှောင်းရှောင်းအနေနဲ့ သူ့ရဲ့တွန်းအားပေးတယ်။ ဒီ၀ိညာဥ်စက်ကွင်းရရှိနိုင်တာကလဲ မျှော်လင့်ထားတာထက်ကျော်လွန်တဲ့ကိစ္စဖြစ်နေမှာပါ။
ဒါပေမယ့် အကယ်၍ ဟို့ယွိဟောင်သာဒီ၀ိညာဥ်အရိုးကိုလက်မခံနိုင်ဘူးဆိုရင်တော့ ဒီကိစ္စတွေကကွာခြားသွားပါလိမ့်မယ်။ ဒီဆုံးဖြတ်ချက်က အကြီးအကဲရွှမ်ကို ပျော်ရွှင်စေရုံတင်မက ဟို့ယွိဟောင်အပေါ်လေးစားမှုကလဲ ပိုတိုးလာခဲ့ပါတယ်။ အကြီးအကဲမုအနေနဲ့ ဒီကလေးကိုအများကြီးမျှော်လင့်ထားတာ ထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူး။ ဒီကလေးရဲ့စာနာစိတ်က အတော်ကြီးမားတာပါပဲ။ ဟို့ယွိဟောင်က အနာဂတ်မှာကောင်းကောင်းဖွံ့ဖြိုးတိုးတက်လာခဲ့မယ်ဆိုရင် သေချာပေါက် အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ ဗဟိုအချက်အခြာခေါင်းဆောင်ဖြစ်လာမှာပါ။
အကြီးအကဲရွှမ်ရှိနေသရွေ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ အေးအေးဆေးဆေးနေနိုင်ပါတယ်။ ဒါကြောင့် ရှောင်းရှောင်းအနားမှာသာထိုင်ရင်း သူတို့ရဲ့ကုန်ဆုံးသွားတဲ့၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် လေ့ကျင့်နေခဲ့ကြတယ်။
ရှောင်းရှောင်းအတွက် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းကို ပထမဆုံးနေ့မှာပဲ ရလိုက်တာကြောင့် သူတို့တွေရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ကလဲ အများကြီးမြင့်တက်သွားခဲ့ပါပြီ။
သူတို့ရဲ့၀ိညာဥ်စွမ်းအားက တခဏတာကြာပြီချိန်မှသာ အပြည့်အ၀ပြန်လည်ကောင်းမွန်လာပါတော့တယ်။ အတော်လေးလဲ မှောင်နေပြီဖြစ်တာကြောင့် ဟို့ယွိဟောင်က အကြီးအကဲရွှမ်ကိုကြည့်ရင်း ရယ်ချင်လာပါတော့တယ်။
အကြီးအကဲရွှမ်က သူတို့လေ့ကျင့်နေတဲ့အချိန်မှာ သစ်ကိုင်းချောက်ကြီးတစ်ခုကိုအသုံးပြုရင်း မီးမွှေးပြီမီးပုံတစ်ပုံဖိုပေးထားခဲ့တာပါ။ အဲ့ဒီနောက် ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့အသားတွေကို အတုံးဖြစ်အောင်တုံးပေးရင်း ဘေးမှာသီပေးထားခဲ့ပါတယ်။ ဒါ့အပြင် ဘေးဖက်မှာလဲ သစ်ကိုင်းချောက်တွေကိုပြင်ဆင်လို့ထားခဲ့ပြီ နောက်ထပ်ပြင်ဆင်မှုတွေလဲဆက်တိုက်လုပ်ထားခဲ့တယ်။ အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို မျှော်လင့်တကြီးကြည့်နေတဲ့မျက်နှာမြင်လိုက်ချိန်မှာတော့ ဟို့ယွိဟောင်လဲ သူ့ဘာလုပ်ရမလဲဆိုတာ နားလည်လို့သွားပါတော့တယ်။
” ရှောင်ယွိဟောင် ဒီ၀က်၀ံရဲ့အသားတွေက အရမ်းအရသာရှိတယ်…အထူးသဖြင့် လက်ဖ၀ါးအသားကပိုပြီးကောင်းသေးတယ်…လောကကြီးမှာထိပ်တန်းစားကောင်းသောက်ဖွယ်ဆယ်ခုထဲသူပါတယ်လေ ဒီလက်ဖ၀ါးအသားကို မင်းလက်ထဲအပ်လိုက်မယ်..အခုဒီအသားကိုအေးခဲပေးထား ငါတို့ပြန်ရောက်တဲ့အချိန် ထိပ်တန်းအဆင့်ပျားရည်ကိုရှာပြီချက်ရမယ် ”
” ဒါ့အပြင် အရမ်းလဲအာဟာရရှိတယ်လေ အကြီးအကဲမုကိုလဲ သေချာပေါက် ကျွေးရမှာပေါ့ ကျန်တဲ့အသားတွေကို ငါတို့ဒီမှာအ၀စားလိမ့်မယ်…မင်းတို့သုံးယောက်ကလဲ ကြီးထွားနေဆဲကလေးတွေဆိုမှတော့ အသားများများစားသင့်တာပေါ့ ”
၀မ်သုန့်ရဲ့မျက်လုံးတွေကလဲ တောက်ပလာနေခဲ့ပါပြီ။ ဟို့ယွိဟောင်ကိုကြည့်ရင်း တံတွေးမြိုချပြီလျှာတစ်သတ်သတ်လုပ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ချက်တဲ့ဟင်းတွေကိုမစားရတာအတော်ကြာပါပြီ။
” အကြီးအကဲရွှမ် ဒီလိုနေရာမျိုးမှာမီးမမွှေးသင့်ဘူးလို့ ဆရာတွေကပြောထားတာ ကျွန်တော်မှတ်မိသေးတယ်…၀ိညာဥ်သားရဲကောင်တွေက ဒီနားလေးမှာအများကြီးနေတယ်မဟုတ်လား ”
ဟို့ယွိဟောင်က စနှောက်နေခဲ့ပါတယ်။ အကြီးအကဲရွှမ်က ရယ်မောရင်းနဲ့ ပြန်ပြောလာခဲ့တယ်။
” ဒါကမင်းတို့ကလေးတွေအတွက်ပဲလေ ငါသာရှိနေမှတော့ဒီသစ်တောတစ်တောလုံးကို မီးမြိုက်ပြစ်ရင်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး…ဒီတော့မြန်မြန်လေးလုပ်တော့ ”
အပိုင်း ၁၃၉•၂ ပြီး၏။