Switch Mode

Chapter – 139.1

ရွှေအိုရောင်ထိန့်လန့်ခြင်းလက်သည်းဝက်ဝံ

အပိုင်း ၁၃၉•၁

” ရွှေအိုရောင်ထိတ်လန့်ခြင်းလက်သည်း၀က်၀ံ ”
°`°°
၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့အမူအရာက ဟို့ယွိဟောင်ပေါက်ကွဲမှုအကြောင်းပြောနေချိန်မှာ ပြောင်းလဲလို့သွားခဲ့ပါတယ်။ သူတို့ကြုံတွေ့ခဲ့ရတဲ့မိစ္ဆာ၀ိညာဥ်ပညာရှင်က ၀ိညာဥ်ဘုရင်အဆင့်သာရှိကြပေမဲ့ အဓိကအဖွဲ့ရဲ့လူတွေအားလုံးနီးပါးကို သေစေနိုင်လုမတတ်ဖြစ်စေခဲ့တာပါ။

မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ ပြိုင်ပွဲကြီးထဲမှာလဲ အဲ့ဒီ၀ိညာဥ်ဧကရာဇ်နှစ်ယောက်က ဘယ်လောက်အထိအင်အားကြီးလဲဆိုတာကို သူမျက်မြင်ကြုံတွေ့ခဲ့ရတယ်။ ဒါ့အပြင် ၀ိညာဥ်အရိုးတွေကိုလဲ ပိုင်ဆိုင်ထားတဲ့သူတွေပါ။ အဲ့ဒီအချိန်တုန်းကမိစ္ဆာ၀ိညာဥ်ပညာရှင်ကို သူတို့ကြောက်လန့်နေရုံကလွဲပြီ ဘာမှမတွေးမိခဲ့ကြပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်ကလဲ ဒီလိုတူညီတဲ့စွမ်းရည်မျိုးကိုပိုင်ဆိုင်ထားတယ်ဆိုတာ သတိမထားမိပဲရှိခဲ့ပါတယ်။

ရေခဲဖောက်ခွဲမှုနည်းလမ်းနဲ့ အလောင်းဖောက်ခွဲမှုနည်းလမ်းနှစ်ခုစလုံးက အတော်ကိုတူညီကြပါတယ်။ ဒါပေမယ့် သူတို့မှာကိုယ်ပိုင်မတူတဲ့ကွဲပြားခြားနားချက်တွေရှိသလို အလောင်းဖောက်ခွဲမှုက အလောင်းဆီကနေတိုက်ရိုက်ဖောက်ခွဲတာပါ။ ဒါ့အပြင် အဆိပ်ကိုထည့်သွင်းထားဖို့လိုအပ်ပါတယ်။ သေခြင်းတရားရဲ့တမန်တော်ကအဲ့ဒီဂူထဲမှာ အဆိပ်ကိုထည့်သွင်းလိုက်ပြီတဲ့နောက် အလောင်းတွေအားလုံးက အဆိပ်ထည့်သွင်းခံလိုက်ရပါပြီ။ အဲ့ဒီနောက်မှသာသူတို့တွေက ပေါက်ကွဲနိုင်ကြပါတယ်။ ဒါ့အပြင် ပေါက်ကွဲတဲ့အချိန်ကိုလဲ မထိန်းချုပ်နိုင်ပါဘူး။

ရေခဲပေါက်ကွဲမှုနည်းလမ်းကတော့ ဒီအချက်မှာသာလွန်လို့သွားပါတယ်။ အချိန်ကိုထိန်းချုပ်နိုင်ရုံတင်မက တစ်ဖက်လူကိုအေးခဲအောင်တောင် အသုံးပြုနိုင်စွမ်းရှိနေခဲ့တယ်။ ဒါကြောင့်သာ ရေခဲဖောက်ခွဲမှုနည်းလမ်းက ကြယ်တာရာအလင်းလေလံအိမ်ထဲထွက်ပေါ်လာချိန်မှာ အတော်ကိုအာရုံစိုက်ခံခဲ့ရတာပါ။

ဒါပေမယ့် ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေရဲ့ အရိုးကိုလက်မခံနိုင်ဘူးဆိုရင် ဒီကြောက်စရာကောင်းတဲ့ဖောက်ခွဲမှုနည်းလမ်းကိုလဲ သုံးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်သာ အရိုးကဟို့ယွိဟောင်ရဲ့လက်ထဲကို တည့်တည့်မတ်မတ်၀င်ရောက်လာခဲ့တာပါ။ သူ့အနေနဲ့ ပထမဆုံးအသုံးပြုရတာဖြစ်သလို အင်အားကလဲမျှော်လင့်ထားတာထက်ကို သာလွန်နေခဲ့ပါတယ်။ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ရဲ့ပေါက်ကွဲတဲ့အင်အားက မာရှောင်ထောင့်ရဲ့ အသန်မာဆုံးတိုက်ခိုက်မှုနဲ့ ယှဥ်လို့ရနိုင်သလို ပိုပြီးတော့တောင် သာလွန်ကောင်းမွန်နိုင်ပါသေးတယ်။

” မင်းတို့ငါကိုလန့်ပြီသေသွားအောင်လုပ်နေတာလား ”

အကြီးအကဲရွှမ်ရဲ့အသံက ဒီအချိန်မှာထွက်ပေါ်လာခဲ့ပါတယ်။ သူကလေးသုံးယောက်ကိုအဝေးကနေကြည့်နေခဲ့တာပါ။ ဒီကလေးသုံးယောက်သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရင်း ဖြည်းဖြည်းချင်းနောက်ဆုတ်သွားတာကိုမြင်ချိန်မှာ သူစိတ်အေးလို့သွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုရုတ်တရက်ပေါက်ကွဲမှုဖြစ်လာမယ်လို့ မထင်ထားခဲ့မိပါဘူး။

ရေခဲပေါက်ကွဲမှုထွက်ပေါ်လာချိန်မှာ အကြီးအကဲရွှမ်အနေနဲ့ သူ့နှလုံးသာတစ်ခုလုံးပါးစပ်ထဲကနေ ပြန်အန်ထွက်တော့မဲ့မတတ်ထိတ်လန့်လို့သွားခဲ့ရပါတယ်။ အစောပိုင်းဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် သူက ဒီလိုပေါက်ကွဲမှုတွေနဲ့ပတ်သက်လာရင်းအတော်လေးကိုစိတ်ထိခိုက်လွယ်နေခဲ့တာပါ။ ဒါ့အပြင် ဒီကလေးသုံးယောက်က ကျောင်းတော်အတွက်အနာဂတ်အလားအလာမှာ ဘယ်လောက်အထိအရေးကြီးမလဲ သူကောင်းကောင်းသိပါတယ်။ အားလုံးက အမြွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားတဲ့သူတွေကြီးပါပဲ။

ဒါကြောင့်သာ သူအလောတကြီးပြေးလာခဲ့ရတာပါ။ ဒီကလေးသုံးယောက်က ဘာမှမဖြစ်မှန်းသိလိုက်ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ပြောပြမှုအကြောင်းကိုသူနားထောင်လိုက်ရပါတယ်။ အဲ့ဒီအချိန်မှသာ သူဒေါသတကြီးနဲ့ထပြောတော့တာပါ။

” အကြီးအကဲရွှမ် ”

ကလေးသုံးယောက်ကသူ့ကိုဂါရ၀ပြုကြပါတယ်။

အဲ့ဒီနောက် အကြီးအကဲရွှမ်က သူလက်ကိုမြောက်လိုက်ပြိီ သူသောက်နေကြဗူးသီးခြောက်ဘူးကြီးနဲ့ ဟို့ယွိဟောင်ခေါင်းကိုခေါက်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ခေါင်းခေါက်ခံလိုက်ရတဲ့အချိန်မှာ လျှာထုတ်ပြရင်း ပြောင်းပြလို့နေခဲ့တယ်။

” ကောင်စုတ်လေး ရေခဲနဲ့ကစားတဲ့အချိန်မှာသတိထား ကိုယ့်ကိုကိုယ်မထိခိုက်စေနဲ့ အကယ်၍ မင်းသာတစ်ခုခုဖြစ်သွားမယ်ဆိုရင် ငါအကြီးအကဲမုကိုဘယ်လိုပြောပြရမှာလဲ ဒီလိုမျိုးထိန်းချုပ်ဖို့ခက်တဲ့၀ိညာဥ်စွမ်းရည်ကို နောက်ထပ်မင်းမသုံးနဲ့တော့ အကယ်၍ မင်းတို့တွေအရမ်းနီးကပ်နေမယ်ဆိုရင် အားလုံးလွှင့်ထွက်ပြီထိခိုက်ဒဏ်ရာရသွားလို့ဘယ်လိုလုပ်မလဲ အဲ့ဒီပေါက်ကွဲတဲ့အင်အားကို မင်းထိန်းချုပ်နိုင်တယ်လို့တော့ ငါ့ကိုမပြောနဲ့နော် ”

ဟို့ယွိဟောင်က မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် ကျွန်တော်လဲ ကျောင်းတော်ထဲမှာနှစ်တစ်သောင်းသားရဲကောင်တစ်ကောင်ကိုရှာပြီ ဒီလိုလုပ်လို့မရဘူးလေ ”

မှန်ကန်ပါတယ်။ အမျက်ဒေါသကျောင်းတော်မှာနှစ်တစ်သောင်းသားရဲကောင်တွေရှိနေပေမဲ့ သူတို့အားလုံးက တန်ဖိုးကြီးတဲ့အရင်းအမြစ်တွေဖြစ်တာကြောင့် စမ်းသပ်တဲ့ပစ္စည်းအဖြစ်အသုံးပြုလို့မရပါဘူး။

အကြီးအကဲရွှမ်ရဲ့မျက်လုံးထဲမှာတောက်ပတဲ့အလင်းတန်းတစ်ခုလက်သွားခဲ့ပြီတဲ့နောက် ပေါက်ကွဲတဲ့နယ်မြေဖက်ကိုသူလှည့်သွားပါတော့တယ်။ ၀ဖိုက်တဲ့ခန္ဓာကိုယ်ကြီးက ထွက်ပေါ်လာခဲ့ပါပြီ။ ဒီသတ္တ၀ါခြေလှမ်းတွေမတည်ငြိမ်ခဲ့သလို အချိန်မရွေးလဲလဲကျသွားတော့မဲ့ပုံပါပဲ။

ဒီ၀က်၀ံကြီးက အတော်ကိုမြင့်မားပြီခန္ဓာကိုယ်ကလဲ ကြီးမားတဲ့အပြင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပုံလဲရပါတယ်။ သူ့ရဲ့အမွေးတွေကရွှေအိုရောင်တောက်ပနေခဲ့ပြီ လက်ရှိအချိန်မှာတော့ သွေးတွေနဲ့အမွေးတွေတော်တော်များများက စိုရွှဲလို့နေခဲ့ပါတယ်။

အရှေ့ခြေတစ်ဖက်ကပြတ်ထွက်လို့သွားခဲ့ပြီ ပုခုံးမှာလဲပြတ်ရှရာအကြီးကြီးရှိနေခဲ့ပါတယ်။ ခန္ဓာကိုယ်နေရာပေါင်းစုံကနေ သွေးတွေစီးကျနေတဲ့အတွက် သူ့မျက်လုံးထဲက အစိမ်းရောင်အလင်းတန်းခပ်ဖျော့ဖျော့သာထွက်နိုင်ပါတော့တယ်။

သူ့ရဲ့ခန္ဓာကိုယ်တစ်ခြားတဖက်မှာကတော့ နှစ်ပေကျော်ရှည်လျားတဲ့ လက်သည်းကြီးတွေရှိပါတယ်။ ဒါ့အပြင် သူ့ရဲ့တစ်ကိုယ်လုံးသွေးချင်းချင်းနီနေခဲ့တာတောင် စွမ်းအားကတော့လျှံထွက်နေဆဲပါပဲ။

” အဲ့ဒါအစောပိုင်းတုန်းက ငါတို့တွေ့ခဲ့တဲ့၀က်၀ံမလား ”

ရှောင်းရှောင်းကတော့ အထိတ်တလန့်နဲ့ပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင် ရေခဲပေါက်ကွဲမှုနည်းလမ်းကိုရှင်းပြပြီတဲ့နောက် ဒီ၀က်၀ံအပိုင်းပိုင်းအစစဖြစ်သွားလောက်ပြီလို့ သူတို့အခိုင်အမာတွေးထားခဲ့တာပါ။ နောက်ဆုံးတော့လဲ ရေခဲပေါက်ကွဲမှုနည်းလမ်းကို ဘယ်လောက်အစွမ်းထက်မှန်းဟို့ယွိဟောင်ကမသိခဲ့ပါဘူး။ ဒါကြောင့်အမှားမျိုးကြုံတွေ့နိုင်တယ်ဆိုတာက မတွေးထားတဲ့ကိစ္စပါ။

အဲ့ဒီ၀က်၀ံကြီးက ပေါက်ကွဲမှုကနေရှင်သန်မယ်လို့ မထင်ထားခဲ့တာအမှန်ပါပဲ။ သူက ပေါက်ကွဲတဲ့စွမ်းအားကြောင့် လွှင့်ထွက်သွားတဲ့ပုံရပါတယ်။

ပေါက်ကွဲတဲ့နယ်မြေပတ်ပတ်လည်မှာ သေခြင်းတရားအငွေ့အသက်တွေကို သူတို့သုံးယောက်စလုံးကခံစားနေရဆဲပါ။ သူတို့ရဲ့နားတွေတောင်အူနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ၀က်၀ံကြီးက ပေါက်ကွဲမှုရဲ့အလယ်ဗဟိုမှာရှိနေခဲ့တာပါ။ ဒါပေမယ့် ခြေလက်တစ်ဖက်သာ ပြတ်ထွက်လို့သွားပြီအခုအထိမသေသေးပါဘူး။

ဒီပေါက်ကွဲမှုကြီးကနေ ရှင်သန်ဖို့အတွက်သူတို့ခုခံမှုက ဘယ်လောက်တောင် သန်မာလိုက်မလဲ ဒါကြောင့် သူကနှစ်တစ်သောင်းသားရဲကောင်ကိုသူ့ရဲ့နှစ်တစ်ထောင်ကျင့်ကြံဆင့်နဲ့ မကြောက်လန့်တာအံ့ဩစရာမရှိတော့ပါဘူး။ မျိုးနွယ်တွေကမတူညီတဲ့အတွက် ဒီလိုဖြစ်တာက ပုံမှန်သာဖြစ်နေခဲ့ပါတယ်။

အငယ်ဆုံးနဂါးကတောင် အင်အားအကြီးဆုံးပုတ်သင်ညိုမျိုးနွယ်တွေထက် အင်အားကြီးတယ်ဆိုတာ အမှန်ပါပဲ။ ဒီကြီးမားတဲ့၀က်၀ံကြီးက အံ့ဩစရာကောင်းတဲ့အင်အားကိုပိုင်ဆိုင်ထားတာအမှန်ပါ။

သူတို့သုံးယောက်အနေနဲ့ အကယ်၍ ပေါင်းစည်းမယ်ဆိုရင်တောင် အဲ့ဒီ၀က်၀ံကိုမနိုင်နိုင်မှန်းသေချာသွားပါပြီ။ သူတို့ရဲ့တိုက်ခိုက်မှုက ဒီ၀က်၀ံကြီးရဲ့ခုခံမှုကိုကျော်လွှားနိုင်ဖို့အလားအလာမရှိပါဘူး။ ဟို့ယွိဟောင်သာသူ့ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးခဲပြစ်ပြီပေါက်ကွဲမှုနည်းလမ်းကို အသုံးမပြုဘူးဆိုရင် သူတို့အနေနဲ့ အခွင့်အရေးမရှိနိုင်မှန်းသေချာနေခဲ့တယ်။

” ဪ ရွှေအိုရောင်အကြောက်တရားရဲ့လက်သည်း၀က်၀ံပါလား ဒီ၀ိညာဥ်သားရဲကောင်က ဒီပတ်ပတ်လည်နေရာမှာဘာလို့ပေါ်လာရတာလဲ ”

လက်ရှိအချိန် ၀က်၀ံကအတော်လေးအခြေအနေဆိုးနေခဲ့ပါတယ်။ ဒါ့အပြင် ဒီ၀က်၀ံကရှားပါးလွန်တဲ့အတွက် ကလေးသုံးယောက်ကသူ့ကိုမသိကြပါဘူး။ အကြီးအကဲရွှမ်ကတော့ အတွေ့အကြုံရင့်ကျက်တဲ့သူဖြစ်တာကြောင့် အလွယ်တကူအမျိုးအစားခွဲနိုင်ခဲ့ပါတယ်။

ဒီသတ္တ၀ါကို မြေကမ္ဘာစောင့်ရှောက်သူလို့အမည်ပေးကြပါတယ်။ သူတို့တွေက အင်အားအကြီးဆုံး၀ိညာဥ်သားရဲကောင်တွေထဲမှာပါသလို ကြယ်တာရာသစ်တောထဲမှာလဲ အတော်ကိုထူးခြားတဲ့သားရဲကောင်တွေအဖြစ် တည်ရှိကြပါတယ်။

ဟို့ယွိဟောင်က အမျက်ဒေါသကျောင်းတော်ကို ပြန်ပြီတဲ့နောက် ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ကို သေသေချာချာလေ့လာစူးစမ်းပြီ သူတို့အမျိုးအစားတွေအကြောင်းကို မှတ်သားခဲ့ပါတယ်။ အဲ့ဒီအထဲမှာရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံတစ်ကောင်ပါနေတာကို သူမှတ်မိလို့သွားခဲ့တယ်။

၀ိညာဥ်သားရဲကောင်တွေကို သူတို့ရဲ့ထူးခြားချက်တွေနဲ့ အဓိကအမျိုးအစားခွဲခြားတာပါ။ ဥပမာအားဖြင့်အရှိန်နှုန်းတိုက်ခိုက်မှု ခုခံမှုစသဖြင့်သူတို့အားသာချက်တွေအပေါ် မူတည်ပြီသုံးသပ်ကြပါတယ်။ နတ်ဆိုးကျားအသွင်ကြောင်ကတော့ အရှိန်နှုန်းကိုအဓိကသုံးတဲ့သူပါ။ သူ့ရဲ့တိုက်ခိုက်မှုက သူ့ရဲ့မြန်ဆန်လွန်တဲ့အရှိန်နှုန်းအပေါ်မှာမူတည်နေခဲ့ပါတယ်။

ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံကတော့ မတူညီပါဘူး။ သူကတိုက်ခိုက်မှုနဲ့ ခုခံမှုနှစ်ခုစလုံးမှာ ထူးချွန်တဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ရွှေအိုရောင်အမွေးတွေက အင်အားကြီးတဲ့ခုခံမှုကို ပိုင်ဆိုင်လို့ထားခဲ့ပြီ ကြောက်စရာကောင်းတဲ့လက်သည်းတွေကတော့ ထိတ်လန့်စရာကောင်းလောက်အောင် အားကောင်းတိုက်ခိုက်နိုင်ပါတယ်။ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံက မဟာနဂါးကိုတောင် စိန်ခေါ်နိုင်တယ်လို့ကောလဟာလထွက်ခဲ့ဖူးတယ်။ သူ့အနေနဲ့ ဒီလိုမျိုးသစ်တောရဲ့ အစွန်းအဖျားနေရာကိုရောက်ရှိလာတယ်ဆိုတာက တကယ်ကိုရှားပါးလွန်တဲ့ကိစ္စပါပဲ။

သူကတော်တော်လေး ဒဏ်ရာရထားပေမဲ့ အကြားအာရုံကတော့ကောင်းဆဲပါ။ အကြီးအကဲရွှမ်ရဲ့အသံကို ကြားချိန်မှာတော့ ဒေါသတကြီးအော်သံကိုထုတ်လွှတ်ပါတော့တယ်။ ဒါပေမယ့် လမ်းကတော့ရပ်သွားခဲ့ပါပြီ။ အရှေ့ကိုဆက်ပြီမတိုးလာခဲ့ပါဘူး။ အစောပိုင်းရလိုက်တဲ့နာနာကျင်ကျင်သင်ခန်းစာက သူ့ကိုအတော်လေးစိုးရိမ်ပူပန်မှု မြင့်တက်စေပါတယ်။

အကြီးအကဲရွှမ်က ပြုံးပြရင်းနဲ့ ပြောလာခဲ့တယ်။

” ကံကောင်းလို့ငါကဘာကိုမှမကြောက်ဘူး…မင်းရဲ့ကံကတော်တော်လေးကောင်းတယ်…ဒီကောင်ကမင်းအတွက်သင့်တော်ရုံတင်မကဘူး…ငါထင်ထားထက်တောင် ပိုကောင်းသေးတယ်…ငါပဲရှင်းပေးလိုက်ပါ့မယ် ”

ဒီကလေးသုံးယောက်ကို အဲ့ဒီ၀က်၀ံနဲ့ရင်ဆိုင်ခိုင်းဖို့သူမလုပ်ရဲပါဘူး။ ဒီ၀က်၀ံရဲ့တိုက်ခိုက်နိုင်စွမ်းက အရမ်းကိုကြောက်စရာကောင်းပါတယ်။ ဒီကလေးသုံးယောက်သာ အဲ့ဒီ၀က်၀ံနဲ့ထိပ်တိုက်တွေ့မယ်ဆိုရင် အသတ်ခံရမှာမလွယ်မသွေးပါပဲ။

ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့အရှေ့ကို အကြီးအကဲရွှမ်က လျှပ်စီးလက်သလိုရောက်လာခဲ့ပါတယ်။ ၀က်၀ံကလဲ ခပ်မြန်မြန်ပဲတုန့်ပြန်ခဲ့တယ်။ သူ့အနေနဲ့ တိုက်ခိုက်နိုင်စွမ်းရှိဆဲဖြစ်သလို သူ့ရဲ့ခုခံမှုကလဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာကြောင့် ကံကောင်းနေဆဲပါပဲ။

ရွှေအိုရောင်အလင်းတန်းတွေက သူ့ရဲ့မပျက်စီးသေးတဲ့ အမွေးတွေဆီကိုအပြင်ကိုစီးထွက်လာခဲ့ပါတယ်။ ဒီအလင်းတန်းက အမွေးတွေနဲ့ ကပ်မနေခဲ့ပဲ အမွေးတွေရဲ့ပေါ်မှာတောက်ပလို့နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့အမွေးတွေကလဲ အပ်တွေလိုမျိုးထောင်ထလာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ လက်သည်းတွေကိုဝှေ့ရမ်းရင်းနဲ့ အကြီးအကဲရွှမ်ဆီကိုဦးတည်တော့တယ်။

နှစ်ပေနီးပါးရှိတဲ့လက်သည်းတွေက လက်ရှိအချိန်မှာ အတော်ကိုဆန့်ထွက်လာခဲ့ပုံပါပဲ။ လက်သည်းတွေကို ဝှေ့ရမ်းလိုက်ချိန်မှာသာ ကလေးသုံးယောက်လဲဒီလက်သည်းတွေရဲ့အဓိကစွမ်းအားတွေကို နားလည်ပါတော့တယ်။ လက်သည်းတွေက ပုံမှန်ထက်အရွယ်အစားသုံးဆကြီးသွားခဲ့ပြီ နှစ်မီတာကျော်အထိကိုရှည်လျားလာခဲ့ပါပြီ။ ချွန်ထက်တဲ့လက်သည်းတွေက အကြီးအကဲရွှမ်ဆီကို ပြေး၀င်လို့သွားပါတော့တယ်။ အကယ်၍ ဒီလက်သည်းနဲ့သာထိမိမယ်ဆိုရင် တောင်တန်းကြီးတောင်မှ နှစ်ပိုင်းကွဲသွားနိုင်လောက်တယ်။ လူသားဆိုရင်ပြောဖို့တောင် မရှိပါဘူး။

ဒါပေမယ့် သူရင်ဆိုင်နေရတာကတော့ အကြီးအကဲရွှမ်ဖြစ်နေခဲ့ပါတယ်။ ထိပ်တန်းအဆင့်၀က်၀ံလက်သည်းက အကြီးအကဲရွှမ်အတွက်တော့ မုစရာကိစ္စမဟုတ်ခဲ့ပါဘူး။ ဒီ၀က်၀ံကနှစ်တစ်ထောင်ကျင့်ကြံဆင့်သာရှိသေးတာပါ။

အကြီးအကဲရွှမ်က အတော်ကိုလေးနက်တည်ကြည်လေးနက်တဲ့မျက်နှာထားနဲ့အတူရှိနေခဲ့ပြီ အ၀ါရောင်အလင်းတန်းတွေက ဖြစ်ပေါ်လာပြီတဲ့နောက် ထွက်ပေါ်လာပါတယ်။ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်က မလှုပ်မရှားပဲကျန်နေခဲ့သလို သူ့ရဲ့အောက်ပိုင်းခြေထောက်တွေက မြေပြင်ထဲကိုနစ်၀င်လို့သွားခဲ့ပါတော့တယ်။

အကြီးအကဲရွှမ်က အပေါ်ကိုခုန်တက်လာခဲ့ပြီ ၀က်၀ံရဲ့ခေါင်းကိုသူ့လက်၀ါးတွေနဲ့ ရိုက်ချလိုက်ပါတယ်။ ၀က်၀ံရဲ့အရိုးတွေကလဲ ကျိုးကြေးလို့သွားခဲ့ပါပြီ။

” ရှောင်းရှောင်း ဒီကိုလာခဲ့ ”

အကြီးအကဲရွှမ်က ခေါ်လိုက်တော့တယ်။ အကြီးအကဲရွှမ် ဘာလုပ်စေချင်နေလဲ သူမသိပါတယ်။ ဒါကြောင့် ဘေးကိုပြေး၀င်လို့သွားပါတော့တယ်။ အကြီးအကဲရွှမ်က သူမကိုဓားထက်ထက်တစ်ချောင်းပေးပြီ ၀က်၀ံရဲ့လည်ပင်းနားက အမွေးတွေကိုညွှန်ပြလိုက်ပါတယ်။

ရှောင်းရှောင်းလဲ အင်အားစိုက်ထုတ်ပေးပြီတဲ့နောက် ၀က်၀ံရဲ့လည်ပင်းကို ဓားနဲ့ထိုးစိုက်နိုင်ခဲ့တယ်။ ၀က်၀ံရဲ့အဓိကသွေးကြောစနစ်ကို သူဖောက်ထွက်နိုင်ခဲ့ပါပြီ။

အကယ်၍ အကြီးအကဲရွှမ်သာ အဲ့ဒီနေရာမှာရှိမနေနိုင်ဘူးဆိုရင် ဒီ၀က်၀ံကိုသူကိုယ်တိုင်သတ်နိုင်ပါ့မလားဆိုတာ ရှောင်းရှောင်းတွေးနေခဲ့မိပါတယ်။ ဒီ၀က်၀ံရဲ့ခုခံဆင့်က ကြောက်စရာကောင်းလွန်တာအမှန်ပါပဲ။

တလက်လက်တောက်ပနေတဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းက ၀က်၀ံအသတ်ခံလိုက်ရချိန်မှာ ပေါ်လာခဲ့ပါပြီ။

အကြီးအကဲရွှမ်က အတော်လေးလေ့လာပြီတဲ့နောက် ပြောလာခဲ့ပါတယ်။

” သူ့ရဲ့ကျင့်ကြံဆင့်က နှစ်နှစ်ထောင်လောက်ရှိပြီ မင်းရဲ့လက်ရှိစွမ်းအားနဲ့စုပ်ယူဖို့သင့်တော်တယ်…ဒါ့အပြင် ဒီတိုးတက်မှုက မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရိုးနှစ်ခုကိုလဲ တိုးတက်စေလိမ့်မယ်…စလို့ရပြီ ”

” ကျေးဇူးတင်ပါတယ် ဆရာ ”

ရှောင်းရှောင်းကတော့ ၀မ်းမြောက်၀မ်းသာမှုအပြည့်နဲ့ တင်ပလ္လင်ခွေချိတ်ထိုင်ရင်း ၀ိညာဥ်စက်ကွင်းကိုစတင်စုပ်ယူပါတော့တယ်။ ခရမ်းရောင်၀ိညာဥ်စက်ကွင်းကသူမရဲ့ခန္ဓာကိုယ်နဲ့ ဖြည်းဖြည်းချင်းပေါင်းစည်းနေခဲ့ပါပြီ။ ရှောင်းရှောင်းတစ်ကိုယ်လုံးခရမ်းရောင်အလင်းတန်းတွေက လွှမ်းခြုံလို့သွားပါတော့တယ်။

အပိုင်း ၁၃၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset