Chapter – 10 ကျွန်တော်တိုက်ခိုက်မှာပါ
” ငါပဲမျက်စိမှားနေတာလား ? ၊ ဒီကောင်လေးဟာ ၁၆ နှစ်ပဲရှိသေးတယ် ဆေး ၅ လုံးလုပ်နိုင်လောက်အောင်တော်တာ ဘဟ်လိုပါရမီရှင်မျိုးပါလိမ့် ”
လူကြီးတစ်ယောက် အံ့သြစွာ ထအော်ပါတယ် ။
“ဒီဆေးက ငါတို့သုံးနေကျဆေးတွေထက် အများကြီး ကို သာပါပေတယ် ။ ချန်ရှန်ဒီလောက် လျို့ဝှက်လိမ့်မယ်လို့ မထင်မိဘူး ၊ သူအမြဲသူ့စွမ်းအားတွေကို လျို့ဝှက်ထားပေတာပဲ ။ ဒီလိုစွမ်းအားတွေကြောင့် သူဟာ တခြား သိုင်းပညာမှာ မြင့်မားတယ့် ပါရမီပါသော လူတွေထက်ကို ပိုပြီး အသုံးကျပါပေတယ်
နောက်တစ်ယောက်ရဲ့ ထောက်ခံအားပေးသံပါ ။ ချန်မျိုးနွယ်စုအားလုံး အဆိုပါကွင်းပြင်ထဲ စုရုံးရောက်ရှိနေပြီး မနာလိုမှုတွေကိုယ်စီဖြင့် သက်ပြင်းချလျက်ရှိပါတယ် ။ ချန်ဟွာဟိုင်းကတော့ ဝမ်းနည်းမှုနဲ့ အတူဒေါသထွက်နေပါတယ် ။ ဒေါသကြောင့် သူ့အသားအရည်တွေပင် အရောင်ပြောင်းလျက်ပါ ။ အသိသာဆုံးဒေါသထွက်စေတာကတော့ သူ့ရဲ့ နှစ်တစ်ထောင်ဆေးပင်ကို ဆုံးရှုံးရတော့မယ်လေ ၊ သူဟာ ဆေးပင်ကို လေလံပွဲတစ်ခုကရရှိခဲ့တာဖြစ်ပြီး အရမ်းကိုဈေးကြီးပါတယ် ။
ချန်မိသားစုဝင်တွေဟာ လက်တွေကို လှုပ်ရမ်းနေပါတယ် ။ သူတို့မျက်လုံးတွေဟာလည်း ဆေးလုံးကိုမြင်ကတည်းက အပြူးသားဖြစ်လျက်ပါ ။
“နောက်ဆုံးတော့ ချန်မျိုးနွယ်မှာ ဆေးဆရာတစ်ယောက် ပေါ်ထွန်းပြီလေ ”
ချန်မျိုးနွယ်မှာ ဆေးပညာရှင်ရှိပြီဆိုတယ့်စကားဟာ ချန်မျိုးနွယ်တစ်ခုလုံးရဲ့သွေးတွေကို ဆူပွက်လာစေပါတယ် ။ သူတို့မှာ ဆေးပညာရှင် မရှိတယ့်အတွက် သူတို့ဟာ သူများလုပ်တယ့်ဆေးတွေကို ဈေးကြီးပေးပြီး ဝယ်သုံးနေရတာပါ ။ ဒီအချက်ဟာ တခြားမျိုးနွယ်တေမှ သူတို့ကို ရယ်စရာအချက် ဖြစ်နေပါတယ် ။ အခုတော့ သူတို့မှာ ဆေးပညာရှင်တစ်ယောက် ရှိနေပြီလေ ။ အထူးဖော်ပြစရာမလိုပါဘူး ၊ ၁၆ နှစ်အရွယ်ဆယ်ကျော်သက်လေးပဲ ဖြစ်ပါတယ် ။ သူဟာမကြာခင် ထိပ်တန်း ဆေးဆရာတစ်ယောက် ဖြစ်လာတော့မှာပါ ။
” ချန်ဟွာဟိုင်း ၊ မင်းငါ့သားနဲ့လောင်းထားတာ အရှုံးကို ဝန်ခံပါတော့ ”
ချန်တျန်းဟူ ရယ်ရယ်မောမောနဲ့ ပြောလိုက်တယ် ။
” ဟက် ”
ချန်ဟွာဟိုင်း နှစ်တစ်ထောင်ဆေးပင်ကို ချန်ရှန်ဆီသို့ ပေးလိုက်ပါတယ် ။ သူ့မျက်နာမှာတော့ ဒေါသနဲ့ နှမြောမှုတွေ အထင်းသားပါ ။ ခုတော့ချန်မျိုးနွယ်မှ မည်သူမျှ ချန်ရှန်ကို အထင်မသေးဝံ့တော့ပေ ။ ဒါတွေပြီးရင်တော့ ဒီ ၁၆ နှစ်သာရှိတယ့်ကောင်လေးကို ချန်မျိုးနွယ် အသီးသီးမှ သမီးပျိုများက လာရောက် ပတ်သတ်ကြတော့မှာ မလွဲပေ ။ များစွာသော ချန်မိသားစုက လူငယ်များသည် ချန်ရှန်အား မီးလိုစူးရှတယ့် မျက်လုံးများဖြင့်ကြည့်နေကြပါတယ် ။ မနာလိုမှုတွေကတော့ သေလောက်ပါတယ် ။ ဒီမတိုင်ခင်မှာ ထိုလူများက ရှန်ရှန်အပေါ် လှောင်ပြောင်ခဲ့ကြတာကို သတိရသဖြင့် ချန်ရှန်လည်း ခပ်တည်တည်နဲ့ ဂရုမစိုက်ပဲနေလျက်ပါ ။
” မင်း သား ကဆေးဆရာတစ်ယောက်ဖြစ်နေတောင်မှ ဒီရွေးကောက်ပွဲကို မင်းပြိုင်ကမှာပဲ ”
ချန်ဟွာဟိုင်း က သတိပေးလိုက်ပါတယ်။ သတ်လတ်ပိုင်း အရွယ် လူကြီး ၂ ဦးကတော့ ချန်တျန်းဟူး နဲ့ အကြီးအကဲနေရာ ယှဉ်ပြိုင်မှုကို ရုတ်သိမ်းသွားပါတယ် ။ ချန်ရှန်ဟာ ၁၆ နှစ်နဲ့ ဆေးပြုလုပ်နိုင်တာကို မြင်တဲ့အခါ ဒီလူငယ်ရဲ့အနာဂတ်ဟာ ဘယ်လိုမှ တိုင်းတာလို့မရနိုင်တော့ဘူးဆိုတာ သဘောပေါက်သွားကြပုံပါ ။ ကလန်ကဆန်မပြုလုပ်ခြင်းဟာ အကောင်းဆုံး ချဉ်းကပ်ခြင်း ဆိုတာ သူတို့သိကြတယ်လေ ။ ခုတော့ ကွက်လပ်မှာ ချန်ဟွာဟိုင်း ၊ ချန်တျန်းဟူ နဲ့ နောက်လူတစ်ယောက်ပဲ ကျန်ပါတော့တယ် ။ ချန်ဟွာဟိုင်းက ခုလိုပြောပါတယ် ။
” ကဲ ချန်တျန်းဟူ ၊ ခုငါတို့ညီအကိုနှစ်ယောက်နဲ့ မင်းပဲကျန်တယ် ။ ငါတို့ကိုနိုင်ရင် ခေါင်းဆောင်နေရာက မင်းအတွက်ပဲ ”
ချန်တျန်းဟူ မျက်လုံးများမှေးလျက် ပြန်ပြောပါတယ် ။
” မင်းကဘာပြောချင်တာလဲ ၊ ကဲကောင်းပြီ ၊ မင်းတို့ ၂ ယောက် တူတူလာမလား တစ်ယောက်ချင်းလာမလားပြော ”
၂ ယောက် တစ်ယောက်ဖြစ်သော်လည်း ချန်တျန်းဟူ လေသံတွင် ကြောက်ရွံ့မှု တစ်စက်မပါဝင်ပေ ။ အဲဒိအစား သူ့ရဲ့ ခွန်အားတွေလိုသာ ပြန်ပြောလိုက်တာပါ။
” ဒါပေါ့ ၊ တစ်ယောက်ချင်းပဲ ယှဉ်မှာပါ ၊ ငါတ်ု့ဟာ အများနဲ့ တစ်ယောက် အနိုင်ကျင့်တယ့်လူတွေ မဟုတ်ဘူး ၊ ဟုတ်တယ်မလား ”
ချန်ဟွာဟိုင်းအသံကြားပြီးနောက် လူစုလူဝေးဟာ အနောက်ကို အနည်းငယ် ဆုတ်ခွာကြပါတယ် ။ သူတို့ ၃ ယောက်အတွက် နေရာကျယ်ကျယ်ရသွားပါတယ် ။ သိုင်းပညာအဆင့် ၇ ရှိတယ့် လူနှစ်ဦးရဲ့ အပြင်းအထန်တိုက်ခိုက်မှုတွေမှ လှိုင်းများဟာ ထွက်ပေါ်လျက်ရှိပါတယ် ။ ချန်တျန်းဟူ နဲ့ ချန်ဟွာဟိုင်းတို့ ရေကုန်ရေခန်းတိုက်ခိုက်မှုကြောင့် ကွင်းပြင်အစပ်ကလူတွေဟာ နောက်ကိုတဖြည်းဖြည်းဆုတ်ခွာကြပါတယ် ။ ချန်ဟွာဟိုင်းရဲ့ကိုယ်မှာ အလွန်ပူလောင်လှတယ့် ချီဓာတ်တွေ နဲ့ ကာရံထားပါတယ် ။ ချန်တျန်းဟူ တိုက်ခိုက်မှုတွေက ထိုကာရံထားမှုကြောင့်သိပ်မထလှပါဘူး ။ သူ့ကိုယ်ကတော့ ကြောက်မက်ဖွယ် အပြာရောင် အတွင်းအားတွေ ပြည့်နေတယ့် ချီဓာတ်တွေ ထွက်လျက်ပါ ။
နှစ်ယောက်စလုံးဟာ နီးကပ်စွာဖြင့် ရေကုန်ရေခန်း ယှဉ်ပြိုင်လျက်ပါ ။ ရုတ်တရက်ပဲ ကွင်းပြင်ကြီးတစ်ခုလုံး တုန်လှုပ်ကာ မြည်ဟည်းသွားပါတယ် ။ မြေကြီးလည်း အက်ကွဲလာကာ လေလှိုင်းများကြောင့် ဖုန်တွေ သဲတွေဟာလည်း အရပ်မျက်နာအဖက်ဖက်သို့ ပြန့်ထွက်လျက်ပါ ။ ချန်တျန်းဟူ ရဲ့ ကြောက်မက်ဖွယ် ကြုံးဝါးသံကို ကြားလိုက်ချိန်မှာ မြေကြီးတွေ လှုပ်တာ ရပ်သွားပြီး လေပြင်းတွေလည်း မတိုက်တော့ပါဘူး ။ ချန်တျန်းဟူ နောက်အနည်းငယ်ဆုတ်လိုက်ပါတယ် ။ ချန်ဟွာဟိုင်းကတော့ သွေးတွေထွက်လျက် နောက်သို့လန်နေလျက်လဲကျသွားပါတယ် ။
ချန်ဟွာဟိုင်း လဲနေရာမှ ပြန်ထဖို့ကြိုးစားနေတယ် ။ သူရှုံးလုလုဖြစ်နေမှန်း သိပါတယ် ၊ သို့သော် သူ့မျက်နာမှာ မာနကြီးတဲ့ အပြုံးတစ်ချို့ ရှိနေလျက်ပါ ။ ချန်တျန်းဟူ ဒီတစ်ချီမှာ အနိုင်ရခဲ့ပါပြီ ။ သို့သော်လည်းပဲ သူလည်း ဖြူလျော်လျက် ရှိပါတယ် ။
ချန်ဟွာဟိုင်းက ရယ်မောလျက် –
” မင်းခုနက နိုင်ပေမယ့် ခုတော့ ရှုံးတော့မှာပါ ၊ ခုမင်းအဆင့်ဟာ အဆင့် ၆ လောက်ပဲရှိတော့မယ် ၊ ခဏလေးနဲ့ကို ရှုံးမှာပါပဲ ”
ရယ်မောပြောဆိုနေတုန်းမှာပဲသွေးတွေ အန်လျက်ရှိနေတယ် ။ အတွင်းဒဏ်ရာ တ်ာတော်ရသွားပုံပါပဲ ။
” မင်းကကော အဆင့် ၈ ပညာရှင်ပဲလား ”
ချန်တျန်းဟူ သူ့ဗိုက်ကို လက်တစ်ဖက်ဖြင့် အုပ်လျက် မေးလိုက်ပါတယ် ။ ချန်ဟွာဟိုင်းဟာ အဆင့် ၈ ကို မရောက်သေးဖူးဆိုတာကို မထင်မိပါဘူး ။
” မင်းနဲ့မတူဘူးလား ”
ချန်ဟွာဟိုင်း လှောင်ပြောင်လျက် ပြောဆိုပါတယ် ။ တကယ်တော့ သူတို့ ၂ ယောက်လုံးဟာ အဆင့် ၈ ပညာရှင်တွေပါ ။ ဒါဟာ လူတိုင်းကို အံ့အားသင့်စေပါတယ် ။ ချန်တျန်းဟူကြောင့် ချန်ဟွာဟိုင်း ဒဏ်ရာရသွားတာ အားလုံးအတွေ့ပါပဲ ။ ချန်တျန်းဟူ မှာ နောက်တစ်ပွဲ ချဖို့ ကျန်နေပါသေးတယ် ။ ချန်ဟွာဟိုင်းရဲ့ ညီ နဲ့ပဲ ဖြစ်တယ် ။ ချန်ရှန် သူ့အဖေနားသွားကာ မေးလိုက်ပါတယ် ။
” အဖေ ဘယ်လိုနေသေးလဲ ”
မေးနေတုန်းမှာပဲ သူ့အဖေဗိုက်ကို ကိုင်ကာ စစ်မှန်သော သစ်သားချီဓာတ်တွေ ပေးနေတာပါ ။ အားကောင်းလှတယ့် သစ်သားချီဓာတ်တွေ စီးဆင်းမှုကြောင့် ချန်တျန်းဟူ တုန်သွားပါတယ် ။ ချန်ရှန်ကို စိတ်လှုပ်ရှားစွာကြည့်ကာ စိတ်ကို ပြန်စုစည်းလိုက်ပါတယ် ။
” ချန်ဟွာဟိုင်းကြောင့် အတွင်းပိုင်း နည်းနည်းပဲ ထိခိုက်မှု ဖြစ်တာပါ ။ မင်းရဲ့ ချီဓာတ်တွေကို မဖြုန်းနဲ့တော့ ”
ချန်တျန်းဟူ သူ့သားကြောင့် အံ့သြနေပါတယ် ။ သူ့သားရဲ့ ချီဓာတ်တွေဟာ အလွန်အားကောင်းလှပြီး သူထင်တာထက်ကို ပိုမိုအားကောင်းလွန်းနေတာကြောင့်ပါ ။ သူ့အဖေစကားကြောင့် ချန်ရှန် တော်တော်ကြီး စိုးရိမ်သွားပါတယ် ။ ခုပွဲသာ သူ့အဖေရှုံးရင် သူတို့ မျှော်လင့်ချက်တွေ မဲ့ပါတော့မယ် ။
” ဒုတိယပွဲ စမယ်ဟေ့ ၊ အချိန်တွေ အကျိုးမရှိပဲ ဖြုန်းမနေကြနဲ့ ”
ချန်ဟွာဟိုင်း ဖျော့တော့သောအသားအရည် နှင့် လေသံတိုးတိုးပြောပါတယ် ။ သူ့စိတ်ထဲမှာတော့ လှုပ်ရှားလျက်ပါ ။ သူ့ညီ ရှုံးသွားမှာလည်း ဆိုးနေပါတယ် ။
ချန်ရှန် လည်း ချန်ဟွာဟိုင်းကို အငွေ့ထွက်မတတ်စူးစူးရဲရဲကြည့်ကာဖြင့် –
” ကျွန်တော် တိုက်ခိုက်မယ် ”
ချန်ရှန်မမျှော်လင့်ပဲ သူ့အဖေအတွက် တိုက်ခိုက်တော့မှာပါ ။ လူအားလုံးကို အံ့အားသင့်သွားစေပါတယ် ။ သူတို့ဟာ ချန်ရှန်မှာ မွေးရာပါ သိုင်းပါရမီ မပါတာ သိတယ့်အတွက် အားမရှိဘူး ထင်ကြတာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ရှန်ဟာ ချီဓာတ် ထုတ်လွှတ်နိုင်ပြီး တခြားသူများထက် ပိုမိုသိမ်မွေ့နက်နဲတဲ့ ပညာအဆင့်အတန်းရှိသူတစ်ယောက်ပါ ။ သို့သော်လည်း သူ့ရဲ့ ကုန်ဆုံးနေတယ့် ချီဓာတ်တွေကို ဒီချိန်အတွင်း ပြန်ဖြည့်ဖို့တော့ မဖြစ်နိုင်ပါဘူး ။
နောက်ပြီး သူ့ပြိုင်ဖက်ဟာ လည်း သာမန်လူမဟုတ် ၊ အဆင့် ၇ နေရာရှိတယ့် သိုင်းပညာရှင်တစ်ဦးပါ ။ အားလုံးဟာ ချန်ရှန် သူ့အဖေကို ခေါင်းဆောင်နေရာ ရဖို့ ရူးကြောင်ကြောင် ဆုံးဖြတ်ချက်ချတယ်ပဲ ထင်ကြပါတယ် ။
ချန်ဟွာဟိုင်း တော်တော်အံ့သြနေပါတယ် ။ သို့သော် ချန်ရှန် မျက်လုံးထဲ ယုံကြည်မှုအပြည့်တွေ့ရသဖြင့် သူလည်း အံ့သြရာမှ ပြန်လည်တည်ငြိမ်လာပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ခုသူဟာ အတော်ဒဏ်ရာပြင်းထန် ရနေတာပါ ။ ဒီခြေနေနဲ့သာ ချရင် ရှုံးဖို့များမှာဖြစ်ပါတယ် ။
ဆယ်ကျော်သက်လူငယ်တစ်ယောက် ရှေ့သို့ ခွက်လာကာ ရယ်မောကာဖြင့်
” မင်းမှာ သိုင်းပညာ ပါရမီတောင်မရှိပဲ မင်းက ခေါင်းဆောင်ရွေးပွဲကို အငြင်းပွားဖွယ် ဖြစ်အောင်လုပ်နေတာလား ၊ ဆေးလေးမဖြစ်စလောက် လုပ်နိုင်တာနဲ့ပဲ မင်းကိုယ်မင်း စွမ်းလှပြီ ထင်နေလား ၊ ငါလိုသိုင်းပညာ အဆင့် ၅ ရောက်စရှိတယ့် လူတောင် မင်းကို တောက်ချလိုက်လို့ရတယ် ”
ထိုလူငယ်ကတော့ ချန်ဇျန်းဟွာ ပဲ ဖြစ်ပါတယ် ။ ဆေးပင်ခန်းမ မှာ ရန်စရှိခဲ့သူပေါ့ ။ နောက်ပြီးသူဟာ ချန်ဟွာဟိုင်းရဲ့ သားလည်းဖြစ်ပါတယ် ။ ဒီအရွယ်နဲ့ အဆင့် ၅ ရောက်တယ်ဆိုတာလည်း ရှားပါးတဲ့ ပါရမီရှင်မျိုး ဖြစ်သဖြင့် သူ့ကိုယ်သူ အတော် ဘဝင်လေဟပ်နေပုံပါပဲ ။
” ချန်ဇျန်းဟွာရေ မင်းကိုငါ ထပ်နိုင်ရင် ဘာဆက်ဖြစ် မှာလဲကွ ”
ချန်ရှန် ပျင်းတွဲတွဲ လေသံနဲ့ပဲ မေးလိုက်ပါတယ် ။ သူ့ပုံစံက အရမ်းကို တည်ငြိ်မ်နေပြီး လုံးဝ အေးအေးဆေးဆေးကို ဖြစ်နေပါတော့တယ် . . . ။