အပိုင်း ၁၃၈•၃
” အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကိုစားသုံးတယ်…တောတွင်းနိယာမ ”
°°°
ကြယ်တာရာသစ်တော်ထဲမှာ အကြီးအကဲရွှမ်က ဒီကလေးသုံးယောက်ကိုအစွမ်းကုန်ကာကွယ်ပေးနေခဲ့တာပါ။ အစောပိုင်းတုန်းက ဖြစ်ခဲ့တဲ့စိတ်မကောင်းစရာကိစ္စတွေက သူ့အတွက်တော့ သတိပေးချက်ကြီးတစ်ခုလိုပါပဲ။ ဒါကြောင့် ကလေးသုံးယောက်နောက်ကို ဆက်တိုက်လိုက်နေခဲ့ပေမဲ့ သူကမြေပြင်ပေါ်မှာမရှိပဲ ဟိုအပေါ်ဆီကနေသာကြည့်နေခဲ့ပါတယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက သူ့ကိုမထောက်လှမ်းမိတာပါ။
နှစ်တစ်သောင်းသားရဲကောင်အကြောင်း ရှာဖွေတွေ့ရှိသွားချိန်မှာ အကြီးအကဲရွှမ်လဲ မျက်လုံးပြူးသွားခဲ့ရပါတယ်။ ဒီသားရဲကောင်က သူ့အတွက် ဘာမှမဟုတ်ပေမဲ့ ဟို့ယွိဟောင်တို့သုံးယောက်ကို သတ်နိုင်တဲ့အခြေအနေမှာရှိနေခဲ့တယ်။
ဒါပေမယ့် အကြီးအကဲရွှမ်လဲ လွယ်လွယ်ကူကူမလှုပ်ရှားခဲ့ပါဘူး။ ဒီကလေးသုံးယောက်အသက်အန္တရာယ်ကြုံလာရချိန်မှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို သူမြင်ချင်နေခဲ့တယ်။ ဒါ့အပြင် သူတို့တွေအကာအကွယ်ရှိနေတာဆိုတာ ပေါ့ပေါ့လျော့လျော့ဖြစ်သွားမှာကိုလဲ မလိုလားခဲ့ပါဘူး။
ကလေးသုံးယောက်က အံ့ဩစရာကောင်းလောက်တဲ့အင်အားကိုထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီသားရဲကောင်ရဲ့တိုက်ခိုက်မှုကိုအချိန်တချို့သာတောင့်ခံနိုင်မယ်လို့ အကြီးအကဲရွှမ်က မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် သူတို့က အဲ့ဒီသားရဲကောင်ကို အောင်အောင်မြင်မြင်အလဲထိုးနိုင်ခဲ့ပြီ အရှင်တောင်ဖမ်းနိုင်ခဲ့ပါသေးတယ်။
ဒီလိုအဆုံးသတ်မျိုးကို အကြီးအကဲရွှမ်က မမျှော်လင့်ထားခဲ့မိပါဘူး။ ပထမဆုံးအနေနဲ့ ဒီကလေးသုံးယောက်ကို သူတို့ရဲ့လက်ရှိကျင့်ကြံဆင့်ကိုကြည့်ရုံနဲ့အကဲဖြတ်လို့မရမှန်း သူလက်ခံလိုက်ရပါတယ်။
ဟို့ယွိဟောင်အသုံးပြုလိုက်တဲ့ ရေခဲဧကရီရဲ့ လွှမ်းခြုံမှုကို မြင်ချိန်မှာအကြီးအကဲရွှမ်အနည်းငယ်ထိတ်လန့်သွားခဲ့ပါတယ်။
” လူတစ်ယောက်က သေရေးရှင်ရေးအခြေအနေမျိုးမှာ အကြီးမားဆုံးတိုးတက်မှုကို ရရှိပိုင်ဆိုင်နိုင်တယ်…ဒီကလေးသုံးယောက်က အတော်လေးထူးချွန်နေပြီ ကြယ်တာရာသစ်တောထဲမှာတောတွင်းနိယာမတွေကို ကြုံတွေ့စေဖို့ငါခွင့်ပြုပေးမှရမယ်…သူတို့ရဲ့ ကံကတကယ်ကောင်းတဲ့ပုံပဲ ”
အကြီးအကဲရွှမ်စကားပြောနေချိန်မှာပဲ အ၀ါရောင်အလင်းတန်းတစ်လုံးက သူ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို ဖြည်းဖြည်းချင်းမြင့်တက်လို့လာပါတော့တယ်။
ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့ရဲ့ ၀ိညာဥ်စွမ်းအားတွေကမြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်နေခဲ့ပါပြီ။ သူတို့ရဲ့အင်အားကုန်ဆုံးနေတဲ့အခြေအနေကနေ ဆယ်ငါးမိနစ်အတွင်းမှာ ငါးဆယ်ရာခိုင်နှုန်းစွမ်းအားပြန်လည်ရရှိလို့သွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ရုတ်တရက်ပွင့်လာခဲ့ပါပြီ။
ကြယ်တာရာသစ်တောထဲကို ရောက်ရှိတဲ့အချိန်ကစလို့သူက သတိအပြည့်ရှိနေခဲ့တာပါ။ ဒီနေရာကြီးထဲမှာ၀ိညာဥ်သားရဲကောင်တွေကအပြည့်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို ၀ိညာဥ်စွမ်းအားကုန်ဆုံးသွားတဲ့အချိန်မှာတောင် ဆက်တိုက်သုံးထားခဲ့တယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကိုသုံးတာက တစ်ကြိမ်မှမရပ်လိုက်တဲ့အတွက် ပတ်၀န်းကျင်ရဲ့အပြောင်းအလဲတွေကို သူကောင်းကောင်းခံစားမိနေပါတယ်။
” နောက်ထပ်သားရဲကောင်တစ်ကောင် ထပ်ပြီရောက်လာပြန်ပြီ ”
သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက စတင်တဲ့အချိန်မှာ ပြောနိုင်နေခဲ့ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့အမူအရာကလဲ ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူတို့ရဲ့ခန္ဓာကိုယ်အခြေအနေက အကောင်းဆုံးမှာရှိနေသေးတာမဟုတ်ပါဘူး။ ဒါကြောင့် သတိကြီးကြီးထားမှသာ ကောင်းပါလိမ့်မယ်။
ဟို့ယွိဟောင်အချက်ပြလိုက်ချိန်မှာတော့ သူတို့သုံးယောက်စလုံးက ရေခဲနေတဲ့သားရဲကောင်ဘက်ကိုအတူတူစုပြီသွားလိုက်ကြပါတယ်။ ဟို့ယွိဟောင်က ဘယ်ဘက်လက်ကိုမြောက်ရင်းနဲ့ သားရဲကောင်ကိုလက်နဲ့ဖိချလိုက်တယ်။ မိုးပြာရောင်အလင်းတန်းတွေက ဆက်တိုက်ပြန့်ထွက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် လက်ကိုဝှေ့ရမ်းလိုက်ရင်း သူ့ရဲ့ပုံစံတူတုပမှုကိုစတင်ပါတော့တယ်။
သူကဘယ်သားရဲကောင်ရဲ့အရှိန်အ၀ါကိုမှတုပနေတာမဟုတ်ပါဘူး။ အပင်တွေရဲ့အရှိန်အ၀ါကို တုပလိုက်တာပါ။ သူတို့သုံးယောက်ကို အစိမ်းရောင်အလင်းတန်းကဖုံးလွှမ်းလို့သွားခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ညွှန်ကြားချက်နဲ့အတူ သူတို့တွေသစ်တောကနေ ဖြည်းဖြည်းချင်းပြန်လျှောက်သွားပါတော့တယ်။ တတ်နိုင်သလောက်ဘာအသံမှမထွက်အောင် ကြိုးစားနေခဲ့တယ်။
ဟို့ယွိဟောင်တွေ့ခဲ့ရတဲ့ ၀ိညာဥ်သားရဲကောင်က သူတို့အစောပိုင်းမှာတွေ့ခဲ့ရတဲ့နတ်ဆိုးကျားအသွင်ကြောင်လိုမမြန်ဆန်ပါဘူး။ အနည်းငယ်နှေးကွေးလို့နေခဲ့တယ်။
ကြီးမားပြီတစ်ကိုယ်လုံးမဲမှောင်နေတဲ့ ၀က်၀ံကြီးတစ်ကောင်က သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုဧရိယာထဲကို ၀င်လာခဲ့ပါတယ်။ သူ့ရဲ့နှာခေါင်းတွေကတော့ တစ်စုံတစ်ရာရဲ့အနံ့ကိုခံမိတဲ့အတိုင်း တစ်ရှုံ့ရှုံ့လုပ်နေခဲ့တယ်။ ၀ိညာဥ်စွမ်းအားလှည့်ပတ်မှုကိုကြည့်ရုံနဲ့တင် နှစ်ထောင်ချီသက်တမ်းရှိနေပြီဖြစ်တဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ဖြစ်မှန်း ဟို့ယွိဟောင်သိနိုင်ပါတယ်။ သူ့ရဲ့ အမျိုးအစားတွေကိုတော့ မခွဲခြားနိုင်သေးပါဘူး။ သာမန်သားရဲကောင်မဟုတ်ပဲ အနည်းဆုံးနှစ်သုံးထောင်နီးပါးလောက်ရှိတဲ့သားရဲကောင်ဆိုတာ သေချာနေခဲ့တယ်။
ဒီကြီးမားတဲ့၀က်၀ံကြီးက အစောပိုင်းတိုက်ခိုက်မှုကို ကောင်းကောင်းအနံ့ခံရင်းရောက်လာပုံပါပဲ။ ပထမဆုံးအနေနဲ့ ရေခဲခဲနေပြီသားဖြစ်တဲ့ နတ်ဆိုးကျားအသွင်ကြောင်ဆီကို သူအကြည့်ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှသာ ဘေးမှာလဲကျနေတဲ့နှစ်တစ်ထောင်သားရဲကောင်ဖက်ကို လှည့်သွားတော့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အသုံးပြုရင်း တခြားသူငယ်ချင်းနှစ်ယောက်ကိုပြောလိုက်ပါတယ်။
” ကြည့်ရတာသွေးနံ့တွေကြောင့် ရောက်လာတဲ့ပုံပဲ ”
ဒီ၀က်၀ံကြီးက သုံးမီတာကျော်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့အနက်ရောင်အမွေးတွေက ရွှေရောင်ဖျော့ဖျော့အလင်းတန်းတွေနဲ့ အပြင်ဘက်လျှံထွက်လို့နေခဲ့တယ်။ ရေခဲထဲမှာရှိနေတဲ့ နှစ်တစ်သောင်းသားရဲကောင်ကို မြင်ချိန်မှာတောင် သူကကြောက်လန့်တဲ့ပုံမပေါ်ပါဘူး။
၀ိညာဥ်သားရဲကောင်တွေရဲ့လောကမှာ ကျင့်ကြံမှုကအရေးကြီးပါတယ် ဒါ့အပြင် သူတို့ရဲ့သန်မာမှုကိုလဲ အမျိုးအစားနဲ့သတ်မှတ်လို့ရနေခဲ့တယ်။ ဒီ၀က်၀ံကြီးကတော့ နှစ်သုံးထောင်ကနေ ငါးထောင်ကြားကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားပေမဲ့ နှစ်တစ်သောင်းသားရဲကောင်မြင်ချိန်မှာတောင် ကြောက်ပုံမပေါ်ပါဘူး။
အမျိုးအစားမတူတဲ့နှစ်တစ်ထောင်သားရဲကောင်နှစ်ကောင်က သူတို့ရဲ့အရည်အသွေးတွေမတူမညီဖြစ်နေကြပေမဲ့ နှစ်တစ်သောင်းသားရဲကောင်ကတော့ သူတို့ထက်ပိုမြင့်မားတဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။ အကယ်၍ နှစ်တစ်သောင်းကျားအမျိုးအစား၀ိညာဥ်သားရဲကောင်သာ ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင် ဒီကြီးမားတဲ့၀က်၀ံကြီးက အနားကိုဘယ်လိုမှကပ်လာမှာမဟုတ်ပါဘူး။
လက်ရှိအချိန်မှာကတော့ ဒီ၀က်၀ံကြီးကနှစ်တစ်ထောင်နတ်ဆိုးကျားအသွင်ကြောင်ကို နှစ်ကိုက်သုံးကိုက်နဲ့ အပြည့်၀ါးစားလိုက်ပါတော့တယ်။ အဲ့ဒီနောက် ရေခဲတုံးထဲမှာရှိနေတဲ့နတ်ဆိုးကျားအသွင်ကြောင်ဆီကို ကပ်လာပြီရေခဲတွေကိုလက်သည်းနဲ့ကုတ်ခြစ်ပြီထုတ်ဖို့လုပ်နေခဲ့တယ်။
သူ့ရဲ့စွမ်းအားကအတော်ကိုကြောက်စရာကောင်းလွန်လှပါတယ်။ ဟို့ယွိဟောင်ရဲ့လက်ရှိကျင့်ကြံဆင့်ကြောင့် အဆုံးစွန်းရေခဲကိုထပ်ပြီအကြာကြာသုံးလို့မရတော့ပေမဲ့ အဲ့ဒီအေးခဲနေတဲ့ရေခဲတွေကအရမ်းကိုမာကြောတယ်ဆိုတာအမှန်ပါ။
ဒါပေမယ့် ၀က်၀ံကတော့ ရေခဲမှာအက်ကွဲကြောင်းတွေဖြစ်လာတဲ့အထိ အလွယ်တကူပဲကုတ်ခြစ်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာရှိနေတဲ့သားရဲကောင်က အေးခဲနေတာသူ့ရဲ့အသွေးအသားတွေတင်မကျန်ပါဘူး။ ဒါကြောင့်ရေခဲတုံးကို ခွဲခံရချိန်မှာအထဲမှာရှိနေတဲ့သားရဲကောင်ကလဲ ရေခဲတုံးနဲ့အတူစတင်အက်ကွဲပါတော့တယ်။
ဟို့ယွိဟောင်က ရှောင်းရှောင်းဖက်ကိုလှည့်လာခဲ့တယ်။
” ဘယ်လိုလုပ်ကြမလဲ ”
” ဘာကိုဘယ်လိုလုပ်ရမှာလဲ ”
ရှောင်းရှောင်းက မျက်လုံးအပြူးသားနဲ့ပြန်မေးပါတယ်။
” ဒီ၀က်၀ံကမင်းရဲ့၀ိညာဥ်စက်ကွင်းဖြစ်ဖို့သင့်တော်လား ”
” နင်အခုဘာတွေတွေးနေတာလဲ သူ့ရဲ့အခုကျင့်ကြံဆင့်က သင့်တော်ပေမဲ့ ငါတို့တွေလက်ရှိအချိန်မှာနင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုလဲ အသုံးပြုပြီးအာရုံခံလို့ရတာလေ ဒီကောင်ကိုမမြင်ရသေးဘူး…ဘယ်လို၀ိညာဥ်သားရဲကောင်ဆိုတာလဲ အတိအကျမသိရသေးဘူး…သင့်တော်လားမသင့်တော်လားဆိုတာ ဘယ်လိုလုပ်ဆုံးဖြတ်လို့ရနိုင်မလဲ ”
” အသက်သုံးချောင်းချေဖျက်အိုးကြီးကို အထောက်အပံ့ပြုဖို့အတွက် ခုခံရေးသို့မဟုတ် ထိန်းချုပ်ရေးစွမ်းရည်လိုနေမယ်ဆိုတာငါသိတယ်..ဒီ၀က်၀ံက နှစ်တစ်သောင်းသားရဲကောင်ကိုမြင်တဲ့အချိန်မှာ တစ်ချက်လေးတောင်တွန့်မသွားဘူး…သူ့ရဲ့စိတ်ခံစားချက်ကတည်ငြိမ်တယ်ဆိုလိုတာပဲ ဒါပေမယ့် နောက်တစ်ခုထပ်ရှိသေးတယ်…သူကနတ်ဆိုးကျားအသွင်ကြောင်ကိုမကြောက်ဘူး…ဒီအချက်တွေကြည့်လို့ရှိမယ်ဆိုရင် ဒီကောင်ရဲ့ခုခံမှုကအတော်ကိုသန်မာလိမ့်မယ် ”
” ဒါ့အပြင် နတ်ဆိုးကျားအသွင်ကြောင်ရဲ့တိုက်ခိုက်မှုကလဲ သူ့ကိုအများကြီးခြိမ်းခြောက်နိုင်တဲ့ပုံမပေါ်ဘူးလေ ဒီ၀က်၀ံကသန်မာတဲ့မျိုးနွယ်ထဲကဖြစ်လိမ့်မယ် ”
” ဟုတ်တယ် နင်ကအတန်းခေါင်းဆောင်ဖြစ်နေတာဘယ်အံ့ဩစရာရှိမလဲ မျက်လုံးနဲ့မကြည့်ပဲနဲ့တောင် ဒီလောက်အများကြီးလေ့လာနိုင်နေပြီ ”
ရှောင်းရှောင်းက မျက်လုံးအပြူးသားနဲ့ပြန်ပြောလာခဲ့တယ်။
” ငါရဲ့အဓိကသိုင်းပညာ၀ိညာဥ်မှာ စိတ်၀ိညာဥ်နဲ့ထိန်းချုပ်မှုအမျိုးအစားနှစ်ခုစလုံးပါတယ်လေ ဒါကြောင့် စူးစမ်းလေ့လာပြီ ခွဲခြားသုံးသပ်တာကငါရဲ့ထူးချွန်တဲ့ကိစ္စတွေပဲ အခုဆုံးဖြတ်ချက်ချ မဟုတ်ရင်နောက်ကျသွားလိမ့်မယ် ”
” ဒါပေါ့ ငါလိုချင်တာပေါ့ လက်လွှတ်လိုက်လို့မဖြစ်ဘူး…ဒါပေမယ့် နတ်ဆိုးကျားအသွင်ကြောင်ကိုမကြောက်တဲ့သားရဲကောင်ကို ငါတို့ဘယ်လိုရင်ဆိုင်ရမလဲ ”
ဟို့ယွိဟောင်ကသူ့ရဲ့လုပ်ရပ်ကို အသုံးပြုရင်း ရှောင်းရှောင်းရဲ့ သံသယတွေကိုပယ်ဖျက်လိုက်ပါတယ်။
ဒီ၀က်၀ံကနှစ်တစ်သောင်းသားရဲကောင်ရှိတဲ့ရေခဲကို အကြိမ်ကြိမ်ခွဲထုတ်ပြီတဲ့နောက် အထဲမှာရှိနေတဲ့သားရဲကောင်ကိုမလိုက်ပြီ မြေပြင်ပေါ်ကိုပြစ်ချရင်း ချေမွဖျက်ဆီးဖို့လုပ်ပါတော့တယ်။
ဒီအချိန်မှာပဲ အဲ့ဒီနတ်ဆိုးကျားအသွင်ကြောင်က မိုးပြာရောင်အလင်းတန်းတွေနဲ့ ဖုံးလွှမ်းလို့သွားခဲ့ပြီ တုန်ခါသံကြီးတစ်ခုလုံးကလဲ ကြယ်တာရာသစ်တောတစ်လျှောက်လုံးကို ပြန့်နှံ့လို့သွားခဲ့တယ်။
အဲ့ဒီနောက်မှာတော့ ၀က်၀ံအော်သံကြီးတစ်သံကိုကြားလိုက်ရပါတော့တယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က မီတာတစ်ရာမှာရှိနေပေမဲ့ ကြောက်စရာကောင်းလွန်လှတဲ့လှိုင်းတွေပြန့်နှံ့နေတာကိုတော့ ခံစားမိလိုက်တယ်။ ဒါ့အပြင် အဲ့ဒီအင်အားလှိုင်းကြီးက ကြီးလွန်တာကြောင့် လမ်းမှာရှိတဲ့အပင်တွေနဲ့ သစ်ပင်တွေအများကြီးလဲ ချက်ချင်းဆိုသလို ဖျက်ဆီးခံလိုက်ရပါပြီ။ သူတို့သုံးယောက်တောင်မှ ဆယ်မိီတာလောက်အထိ လွှင့်ထွက်လို့လာခဲ့ပြီ ပြုတ်ကျလာပါတော့တယ်။
ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက အစောပိုင်းမှာ သူတို့ကိုသတိပေးထားတဲ့အတွက် ကြိုကြိုတင်တင်ပြင်ဆင်မှုလုပ်နိုင်တာကြောင့် မထိခိုက်ခဲ့ပါဘူး။
၀မ်သုန့်နဲ့ရှောင်းရှောင်းတို့တွေ လန့်နေရုံတင်မက ဟို့ယွိဟောင်တောင်မှ မျက်လုံးပြူးနေခဲ့ရပါတယ်။ အဲ့ဒီကြောက်စရာလှိုင်းက ရေခဲတွေနဲ့အတူပြန့်ထွက်လာတာဖြစ်တဲ့အတွက် အေးစက်တဲ့ခံစားချက်က လူတိုင်းရဲ့ခန္ဓာကိုယ်ထဲကို စိမ့်၀င်နေခဲ့ပါပြီ။
ကြောက်စရာကောင်းလွန်လှတဲ့ ပေါက်ကွဲမှုကြောင့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကလဲ ပျက်စီးလို့သွားခဲ့ရပါတယ်။ ဒါပေမယ့် သူတို့နောက်ထပ်အသုံးပြုဖို့မလိုတော့ပါဘူး။ မျက်စိရှေ့မှာရှိနေတဲ့ အရာတွေအားလုံးကရှင်းလင်းသွားခဲ့လို့ပါ။
သူတို့ရှေ့မှာကြောက်စရာကောင်းတဲ့မြင်ကွင်းက ရှိနေခဲ့ပါတယ်။ ကြီးမားတဲ့အက်ကွဲကြောင်းကြီးက မြေပြင်ပေါ်မှာရှိနေခဲ့ပြီ ရေခဲနေခဲ့တဲ့နတ်ဆိုးကျားအသွင်ကြောင်ကအပေါ်ကရှိနေခဲ့ပါတယ်။ ရေခဲတွေကသူ့ရဲ့ပတ်ပတ်လည်မီတာတစ်ရာအထိကို လွှမ်းခြုံနေခဲ့ပြီ အဲ့ဒီနေရာမှာရှိရှိသမျှအပင်တွေအားလုံးပျောက်ကွယ်သွားကာပြာကျသွားတဲ့အတိုင်းဖြစ်နေခဲ့တော့တယ်။
အဲ့ဒီအလယ်ဗဟိုသုံးမီတာကတော့ အောက်ဖက်ကိုချိုက်၀င်နေခဲ့ပြီ စက်၀ိုင်းခြမ်းအသွင်ရှိနေခဲ့ပါတယ်။ ဒီစက်၀ိုင်းခြမ်းပတ်လည်ထဲမှာရှိနေတဲ့ အပင်နဲ့သစ်ပင်တွေအားလုံးကလဲ ပျက်စီးသွားခဲ့ပါပြီ။ အရာအားလုံးက အခုအချိန်မှာ ဂျုံမှုန့်လိုမျိုးမှုန့်ညက်နေခဲ့တယ်။
” ဘယ်လိုအခြေအနေဖြစ်သွားတာလဲ ”
ရှောင်းရှောင်းက မျက်လုံးအပြူးသားနဲ့ ပြောနေခဲ့တယ်။
ဟို့ယွိဟောင်ကလဲ ရယ်သာရယ်နေနိုင်ခဲ့ပါတယ်။
” အဲ့ဒီလောက်ကြီးဆိုးသွားမယ်လို့ ငါမထင်ထားခဲ့မိဘူး…ငါအခုပဲအဲ့ဒိီနှစ်တစ်သောင်းသားရဲကောင်အပေါ်မှာရေခဲပေါက်ကွဲမှုနည်းလမ်းကိုသုံးလိုက်တာ ”
” မင်းရဲ့ရေခဲပေါက်ကွဲမှုနည်းလမ်းက ဒီလောက်ကြီးအင်အားပြင်းတယ်လား ”
၀မ်သုန့်ကအထိတ်တလန့်မေးလာခဲ့တယ်။
” မင်းတို့နှစ်ယောက်မေ့သွားပြီလား ကြယ်အလင်းလေလံအိမ်ရဲ့ လေလံပွဲမှာငါရဲ့ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ဘယ်ဘက်လက်မောင်းအရိုးတစ်ခုကို ငါရခဲ့တယ်လေ ဒါကသာမန်အရိုးတွေထက်ကို ပိုပြီးသာလွန်တယ်…ဒါ့အပြင် နှစ်တစ်သန်းကနေ ၀ိညာဥ်သားရဲကောင်ရဲ့သန္ဓေသားလောင်ထက်နည်းနည်းပဲ အဆင့်နှိမ့်နေတာ ဒါကြောင့်မလို့သာ ရေခဲပေါက်ကွဲတဲ့နည်းလမ်းက သင့်တော်တဲ့အခြေအနေမှာကောင်းကောင်းသုံးနိုင်မယ်ဆိုရင် နတ်ဘုရားဆန်လွန်လှတဲ့ စွမ်းရည်လို့ပြောရမှာပဲ ဒါပေမယ့် တချို့အခြေအနေမှာတော့ အသုံးမ၀င်နိုင်ဘူး ”
” ရေခဲတွေကိုဖောက်ခွဲပြစ်တဲ့အချိန်မှာ အကြိမ်တိုင်းနီးပါးကဒီလောက်လေးအင်အားမကြီးနိုင်ဘူးလေ ပုံမှန်နည်းလမ်းအရဆိုရင် ဒီပေါက်ကွဲမှုက ငါရဲ့၀ိညာဥ်အင်အားနဲ့ပဲသက်ဆိုင်နေလိမ့်မယ်…ဒီလောက်ကြီးအင်အားကြီးမှာမဟုတ်ဘူး ဒီနည်းလမ်းကအလောင်းဖောက်ခွဲတဲ့နည်းလမ်းနဲ့ တော်တော်လေးတူတယ် ”
” ဖောက်ခွဲမဲ့အလောင်းက ပိုပြီးအင်အားကြီးလေလေ ပေါက်ကွဲမှုအားက ပြင်းထန်လေပဲ ဒါပေမယ့် အဓိကအခြေအနေနှစ်ခုတော့လိုလိမ့်မယ်…ပထမဆုံးတစ်ကိုယ်လုံးက အေးခဲပြီသားဖြစ်ရမဲ့အပြင် အထဲမှာလဲရေတွေက အပြည့်ရှိရဦးမယ်…ဒုတိယတစ်ခုကငါရဲ့ဘယ်ဘက်လက်ကို အသုံးပြုပြီး အဲ့ဒီဖောက်ခွဲမဲ့ပစ္စည်းတွေကို ခန္ဓာကိုယ်ထဲထည့်သွင်းထားရမယ်. ”
” ဒါမှသာ အဲ့ဒီခန္ဓာကိုယ်ရဲ့ကိုယ်ပိုင်အင်အားက ထူးခြားတဲ့တုန့်ပြန်မှုဖြစ်ပေါ်လာပြီ အချိန်မရွေးပေါက်ကွဲနိုင်မှာ ပစ်မှတ်ကပိုပြီးတော့သန်မာလေလေ ပေါက်ကွဲမှုအင်အားကပိုကြောက်စရာကောင်းလေပဲ ”
အပိုင်း ၁၃၈•၃ ပြီး၏။