Chapter-9 မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ခြင်းအစည်းအဝေး
ဒီနေ့မှာတော့ ချန်ရှန်ဟာ ဆေးပင်စိုက်ခြင်း မပြုလုပ်ပါဘူး ။ အဲဒိအစား ချန်မိသားစုအိမ်တော်ကြီးရဲ့ အလယ်မှာရှိတယ့် ကွင်းပြင်ကို ထွက်လာခဲ့ပါတယ် ။ ဒီနေ့ကခေါင်းဆောင်အပြီး သတ်ရွေးမှာပါ ။ ချန်မျိုးနွယ်မှာ အုပ်ချုပ်သူမရှိပဲ ဖရိုဖရဲဖြစ် နေတာ သုံးလရှိပါပြီ ။ ကွင်းပြင်ကို အုတ်တွေနဲ့ကာရံထားပြီး ချန်မိသားစုရဲ့ ကလေးတွေဟာ မတ်တပ်ရပ်နေကြပါတယ် ။ လက်ရွေးစင်အငယ်တန်းကလေး ၃၀၀ လောက်ကို ရှိနေကြ တာပါ ။
၄င်းတို့ဟာ စက်ဝိုင်းပုံရပ်နေကြတာဖြစ် ပြီး အလယ်မှာကွက်လပ်အဖြစ် ကျန်နေပါတယ် ။ အဲကွက်လပ်မှာ သက်လတ်ပိုင်းအရွယ် လူကြီး ၅ ဦး ရပ်နေကြပါတယ် ။ ထိုထဲကတစ်ယောက်ကတော့ ချန်တျန်းဟူ ပါ ။ ချန်ရှန်လည်းထိုလူစုလူဝေးထဲအပါအဝင်ပါ ၊ အားလုံးဟာ ခုန်ပြီး သူတို့အဖေ ခေါင်းဆောင်ဖြစ်အောင် အားပေးနေကြပါတယ် ။
သက်လတ်ပိုင်းအရွယ် မျက်ခုံးထူထူ မျက်လုံးပြူးပြူး နဲ့ ဆံပင်အညိုရောင်ရှိတယ့် လူကြီးဟာ ချန်တျန်းဟူ ကိုပြောပါတယ် ။
” ချန်တျန်းဟူ ၊ ငါတို့မှာ မျိုးနွယ်စု ခေါင်းဆောင်နေရာအတွက် အရမ်းရေးကြီးတယ့် ကိစ္စရှိတဟ်ဆိုတာ သိတယ်မလား ”
ထိုလူကြီးကတော့ ချန်မျိုးနွယ် ခေါင်းဆောင်တစ်ဦးဖြစ်တယ့် ချန်ဟွာဟိုင်း ပဲဖြစ်ပါတယ် ။ ချန်တျန်းဟူထက်နည်းနည်းအသက်ကြီးကာ သိုင်းပညာအဆင့် ၇ ကို ပိုင်ဆိုင်ထားသူပါ ။ သူခေါင်းဆောင်တယ့်အပိုင်းဟာ တကယ်ကိုတောင့်တင်းပါတယ် ။ ဒါကြောင့် သူဟာ ခေါင်းဆောင်နေရာကို ရမယ်လို့တွေးထားတာပါ ။ အမျိုးစပ်မယ်ဆိုရင် ချန်ရှန်ဦးလေးပဲ ဖြစ်ပါတယ် ။
ချန်တျန်းဟူရဲ့မျက်လုံးတွေမှာ ဒေါသတွေပြည့်လျက်ပါ ။ ထို့နောက်အေးစက်စက်နဲ့ပြန်ပြောလိုက်ပါတယ် ။
” ဒါပေါ့ ငါသိပါတယ် ၊ ဆက်ခံသူတွေမှာ ကောင်းမွန်တဲ့ စွမ်းရည်ကိုယ်စီ ရှိကြပါတယ် ။ သူများအပစ်ပြောစရာ မဖြစ်အောင် မသင့်လျော်တဲ့ ပုံစံတွေကို ရှောင်ကြရမှာပေါ့ ”
ချန်ရှန်အမေဟာ သူလူမှန်းမသိတတ်ခင်တည်းက ဆုံးပါးခဲ့တာပါ ။ ဒါကြောင့်ချန်ရှန့်အဖေဟာ မျိုးဆက်ပြတ်နေသလိုဖြစ်နေပါတယ် ။
” ဟားဟား ၊ မင်းသားမှာ သိုင်းပါရမီမပါဘူးနော် ၊ မင်းသာခေါင်းဆောင်ဖြစ်ရင်တော့ မင်းသားအတွက်ဆေးတွေ ပေးနေရတာနဲ့တင် အချိန်ကုန်ငွေကုန်ဖြစ်နေမှာပဲ ။ ဒီနှစ်တွေမှာ မင်းသူ့အတွက်ဆေးတွေ တော်တော်ဖြုန်းခဲ့တာ လူတိုင်းသိတယ် ၊ မင်းသားကို ထပ်မကူညီတော့ဘူးမလား ”
ချန်ဟွာဟိုင်း လှောင်ရီရီကာ ပြောဆိုပါတယ် ။
“တိုးတက်လာမှာမဟုတ်တဲ့လူအတွက် ဖြုန်းတီးနေတာ လူတိုင်းသိတယ် ”
ချန်ရှန်ဟာ သူနဲ့အဆင့်တူတွေကြားမှာ ပါရမီရှင်ဆိုတာ သူသိပါတယ် ။ သို့သော် ချန်ရှန်အစွမ်းကို လျို့ဝှက်ထားချင်တာပါ ၊ တနည်းအားဖြင့် အန္တရာယ်ရှိမှာဆိုးလို့ဖြစ်တယ် ။
“ငါ့သားဟာ ချီမီးတောက်တွေ ထုတ်နိုင်တယ့် ပါရမီရှင် ဆေးဆရာဖြစ်နေပြီ ။ အသုံးမဝင်ဘူးလို့ ဘယ်သူပြောလဲ ၊ မျိုးနွဟ်အကြီးတွေ အထင်မှားနေကြတာပါလေ ”
ချန်တျန်းဟူ တီးတိုးပြောကာ ပြုံးလိုက်ပါတယ် ။ဒီချိန်မှာပဲ လူတိုင်းဟာ ချန်ရှန်အကြောင်းပြောဆိုနေကြတယ်။ ချန်ရှန်ဟာ ဆေးပင်ခန်းမသခင်ကြီးရဲ့ ပညာသင်အဖြစ် ငြင်းဆိုလိုက်တယ့်သတင်းဟာ ဝိုဟူတစ်မြို့လုံး ပြန့်နေပါတယ် ။ သူ့မှာပါရမီမရှိသောလည်း ချီဓာတ်မီးလျှံတွေ ထုတ်နိုင်တယ့်အတွက် သူဟာ ဆေးဆရာကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ် ။
ချန်ဟွာဟိုင်း လက်ခေါက်မှုတ်ကာ တည်ငြိမ်စွာပြောပါတယ် ။
” သူပညာသင်အဖြစ်ငြင်းလည်း သူ့မှာပါရမီမှ မရှိတာ ၊ နောက်သင်ပေးမယ့်ဆရာမရှိတယ့်အတွက် ဆေးဆရာဖြစ်ဖို့ ခက်ခဲမှာပဲ ”
ဒီအချက်ကြောင်ပဲ ချန်ရှန်ဟာ စိတ်လျော့ဟာ လေသံတည်တည်ဖြင့် အားလုံးကြားအောင် ပြောလိုက်တယ် ။
” ကျွန်တော်အခု အနိမ့်စားအဆင့် ကိုယ်ငြိမ်းဆေးတွေ လုပ်နိုင်နေပြီ ”
ချန်ရှန်စကားကြောင့် အားလုံးတိတ်ဆိတ်သွားတယ် ။ ချန်ရှန်က ရယ်မောနေလျက်ပါ ။
” ဒီမှာ ချန်ရှန် ၊ မင်းက ၁၆ နှစ်နဲ့ ဆေးလုပ်နိုင်တယ်တယ့်လား ? ၊ မင်းဒီလိုလိမ်ညာပြောဆိုတာဟာ မင်းအဖေ ခေါင်းဆောင်ဖြစ်ဖို့ ဘာမှ အကူညီမဖြစ်ဘူးနော် ၊ လိမ်ညာလို့ အပစ်ပေးခံရမှာပဲ ရှိမယ် ”
” မင်းကိုမင်း ယောင်မျိုးနွယ်က ပါရမီရှင်များမှတ်နေလား ၊ ယောင်မျိုးနွယ်ကလူတိုင်းဟာ ဆေးလုပ်နိုင်တယ့်ပါရမီ ရှိကြတယ့် အထက်တန်းလွှာတွေဖြစ်တယ် ။ သူတို့ဟာ အမွေအနှစ်ကောင်းတွေ ရရှိကြလို့သာဖြစ်တယ် ”
ချန်ရှန် လူအုပ်ထဲမှ ထွက်လာပါတယ် ။ ထို့နောက် ချန်ဟွာဟိုင်းကိုကြည့်ကာ တည်ငြိမ်သောလေသံဖြင့်
“ကျွန်တော်နဲ့ အလောင်အစားပြုလုပ်ရဲလား ၊ ကျွန်တော်တစ်ကြိမ်ထဲနဲ့ ကိုယ်ငြိမ်းဆေးရအောင်လုပ်ပြမယ် ။ အဲဒါအောင်မြင်ရင် ခုလူတွေအရှေ့မှာ ဘယ်လိုတောင်းပန်မလဲပြောပါ ”
ချန်ဟွာဟိုင်း ပက်ပက်စက်စက်ရယ်ပါသည် ။ လူအားလုံးဟာကြောင်တေလျက် ချန်ရှန် လူအများရှေ့မှာ အကြီးအကဲတစ်ယောက်ကို ဒီလိုရဲတင်းလိမ့်မယ် မထင်မိဘူးပေါ့ ။
ချန်ဟွာဟိုင်းဒေါသလည်း ထွက်လာပါတယ် ။ သူ့ထက်အများကြီးငယ်တဲ့ တူတစ်ယောက်က လူအများရှေ့မှာ ဖီဆန်တဲ့အပြုအမူကြောင့်ပါ ။ချန်တျန်းဟူ ကတော့ အကျေနပ်ကြီးကျေနပ်နေပါတယ် ။ သူ့သားလုပ်ရပ်ကြောင့် ဂုဏ်ယူလျက်ရှိပါတော့တယ် ။
ချန်ဟွာဟိုင်းမျက်နာ ဒေါသတွေအပြည့်ဖြင့် အော်ပြောပါတယ် ။
” မင်းဘာစကားပြောတာလဲ ”
အဲဒိလိုပြောချိန်ပဲ ချန်ရှန်ဆီကို ချီဓာတ်တွေ ထွက်လာပါတယ် ။ ချန်တျန်ူဟူးဆီမှ ထွက်ခြင်းပါ ။ ချန်ရှန် ချန်ဟွာဟိုင်းအားကြည့်၍ ထပ်အော်ပြောလ်ုက်ပါတယ် ။
” ကျွန်တော်နဲ့အလောင်းအစား ပြုမလား ၊ ခုတစ်ကြိမ်ထဲနဲ့ ကိုယ်ငြိမ်းဆေးရရင် ခုလူအများရှေ့မှာ ကျွန်တော့်ကို တောင်းပန်နိုင်မလား ”
ချန်ရှန်ဟာ လူအမျာအား သူရယ်စရာပြောနေတာမဟုတ်ကြောင်းသက်သေပြရန် လေသံမြင့်၍ ထပ်ပြောလိုက်ပါတယ် ။ သူ့ပုံစံက ယုံကြည်မှု အပြည့်ပါပဲ ။ တခြား ချန်မိသားစုက လူတွေ အကြီးတစ်ယောက်ကို ဘယ်တော့မှ အာ့လိုပြောရဲမှာ မဟုတ်ပါဘူး ။
ချန်ဟွာဟိုင်း ဒေါသလည်းထွက် စိတ်လည်းရှုပ်နေပါတယ် ။ ချန်ရှန်ကတော့ တည်တည်ငြိမ်ငြိမ်မို့ သူသိပ်မလောင်းဝံ့ပါဘူး ။ လူအများကလည်းသူ့အဖြေကို စောင့်လျက်ပါ ။ချန်ရှန်လည်း သူ့ကိုကြည့်၍ ဆက်ပြောပါတယ် ။
” ကျွန်တော့ကို လူပုံအလယ်မှာ အသုံးမဝင်တယ့် အမှိုက်တစ်စလို နှိမ့်ချ မကြေငြာပါနဲ့ ၊ ကျွန်တော့်ကိုတောင်းပန်မယ်ဆို လက်တွေ့ကိုပြမယ် ။ မျိုးနွယ် အကြီးတစ်ယောက်အနေနဲ့ စိန်ခေါ်မှုကို လက်မခံရဲဘူးလား ”
ချန်ဟွာဟိုင်း ဒီကောင်လေးကို ချေးပါထွက်အောင် ရိုက်ပစ်ချင်နေပါပြီ ။ ဒါပေမယ့်သူမလုပ်ရဲပါဘူး ။ ချန်မိသားစုဝင်ကိုသတ်တာ အကြီးလေးဆုံးအပစ်ပါပဲ ။
လူကြီးတစ်ယောက်ကဝင်ပြောပါတယ် ။
” ချန်ဟွာဟိုင်း ၊ မင်းသူနဲ့ လောင်းပါ ၊ တောင်းပန်တာကိုတော့ထားလိုက်တော့ ၊ ဒါပေမယ့် သူအောင်မြင်ရင် မင်းသင့်တော်တဲ့ ပေးလျော်မှုတစ်ခုတော့ လုပ်ရမယ် ”
ချန်တျန်းဟူလည်း သူ့သားဘက်လှည့်ကာခေါင်းညိမ့်၍
” သဘောတူတယ် ။ သူရှုံးရင် ဒီရွေးကောက်ပွဲကပါ ကျွန်တော်ထွက်မယ်ဗျာ ”
ချန်တျန်းဟူစကားက အတော်လေးတာသွားပါတယ် ။ လူအများ အုတ်အုတ်ကျတ်ကျတ် ဖြစ်လျက်ပါ ။
ချန်ဟွာဟိုင်းက ခနဲ့တဲ့တဲ့ဖြင့် –
” ကောင်းပြီ ငါလက်ခံတယ် ၊ ငါရှုံးရင် မင်းကို ငါ့ရဲ့ “နှစ်တစ်ထောင် သွေးဝိဥာဉ် မြက် ” ကို ပေးမယ် ”
” နှစ်တစ်ထောင်သွေးဝိဥာဉ်မြက်!! ”
လူတွေအားလုံးတအံ့တသြ ရေရွတ်ကြပါတယ် ။ အံ့သြဆို ၄င်းဟာ အရမ်းရှားပါပြီး နှစ် ၁၀၀၀ စိုက်ရတယ့် အဆင့်နိမ့် ဆေးပင်တစ်မျိုးမို့ပါ ။
” ချန်ရှန် မင်းအခု စလုပ်မယ်ဆို ဘယ်လောက်ကြာနိုင်မလဲပြောပါ ”
လူကြီးကမေးလိုက်ခြင်းဖြစ်ပါတယ် ။ ထိုသူဟာလည်း ချန်မျိုးနွယ်က သက်ကြီးဝါကြီးတစ်ယောက်ဖြစ်ကာ သြဇာအာဏာသက်ရောက်သူတစ်ယောက်လည်း ဖြစ်ပါတယ် ။ လူတိုင်းရဲ့အတွေးမှာတော့ ဆေးလုပ်ရင် အနည်းဆုံးနေ့တဝက်ကြာကာ ကျွမ်းကျင်တယ့်ပညာရှင်ပင် ၂ နာရီ ၃ နာရီလောက်ကြာပါတယ် ။ ခုက ၁၆ နှစ်အရွယ် ဆယ်ကျော်သက်လေး ဖြစ်နေပါတယ် ။
” မြန်မြန်လုပ်နော် ငါတို့အချိန်အများကြီး အကုန်မခံနိုင်ဘူး”
ပြောနေတုန်းမှာပဲ ချန်ရှန် တင်ပလ္လင်ခွေ ထိုင်လိုက်ပါတယ် ။ထို့နောက်မီးဖိုးကို ထုတ်လိုက်၏ ၊ လူကြီးနဲ့ ချန်ဟွာဟိုင်းက မီးဖိုကို စစ်ဆေးကြည့်ပါတယ် ။ ချန်ရှန် လိမ်လည်လှည့်ဖြားမှာ ဆိုးလို့ပါ ။
” ချန်တျန်းဟူရဲ့ အဂ္ဂိရတ်မီးဖို အစုတ်လေးပဲ ၊ ဘယ်လိုတောင်ဆင်းရဲတာလဲကွာ ”
ချန်ဟွာဟိုင် လှောင်လိုက်ပါတယ် ။ လူတိုင်းကတော့ ချန်တျန်းဟူ သူ့သားဆေးဖိုးနဲ့မွဲတယ်ထင်ကြတာပေါ့ ။ ချန်ရှန်အိတ်ထဲက ဆေးပင်တချို့ထည့်ကာ မီးဖိုထဲ ထည့်လိုက်ပါတယ် ။ ထို့နောက်ချီဓာတ်မီးလျှံထုတ်ကာ မီးဖိုထဲထည့်နေပါတယ် ။ သူ့အပြုအမူအားလုံးဟာ အနုစိတ် လှပါတယ် ။
ချီမီးလျှံ ထုတ်လွှတ်တဲ့အခါ လူတွေအံ့အားသင့်လျက်ပါ ။ လူအများစုဟာ တိုက်ခိုက်ခြင်းအတွက်ပဲ မီးလျှံတွေ ထုတ်လွှတ်နိုင်တာပါ ။ တနည်းအားဖြင့် ချန်ရှန်လို မီးတောက်ကို မထိန်းချုပ်နိုင်ပါဘူး ။ မီးထိန်းချုပ်ခြင်းကျင့်စဉ်ကျင့်ထားမှသာလျှင် ရမှာပါ ဒီကျင့်စဉ်တတ်သူဟာလည်း အရမ်းရှားကာ ခက်ခဲတယ့် ကျင့်စဉ်တစ်မျိုးဖြစ်ပါတယ် ။
ချန်ရှန်မီးဖိုထဲ အဆက်မပြတ် ချီဓာတ်တွေ ထည့်နေပါတယ် ။ တစ်ချိန်မှာတော့ ဆေးနံ့တွေထွက်လာပါတော့တယ် ။ တစ်နာရီကြာပြီးနောက်မှာတော့ ချန်ရှန်မျက်ခုံးတွေ ရှုံ့လာတာ ကိုမြင်ကြရပါတယ် ။ ကြည့်ရှုသူတွေဟာ ချန်ရှန် အရေးပါတယ့်အချိန်ကို ရောက်နေပြီဆိုတာသိကြပါတယ် ။ ချန်ဟွာဟိုင်းလည်း သူရှုံးရင် ပေးရမယ့် ဆေးပင်ကြောင့် ချွေးပြန်နေပါပြီ ။ မီးဖိုမှ အငွေ့များထွက်လာပါပြီ ။ ချန်ရှန် ပျော်ရွှင်စွာဖြင့် မီးဖိုထဲကြည့်ကာပြောလိုက်ပါတယ် ။
” မီးဖိုထဲ စစ်ဆေးကြည့်လိုက်ကြပါဦး ”
” ဘာာာ ”
” တစ်နာရီ ထဲနဲ့ ဘယ်လိုပါလိမ့် ”
လူအများရဲ့ မယုံကြည်နိုင်မှုနဲ့ အသံတွေပါ ။ လူကြီးလည်း စတင်စစ်ဆေးဖို့ မီးဖိုဆီလာပါတယ် ။ သူဟာဆေးဆရာမဟုတ်သော်လည်း ဆေးပညာအကြောင်းတော့ သိသင့်သလောက်သိပါတယ် ။ ဒါကြောင့်ချန်ရှန်ဟာ အခြေခံကောင်းတွေပိုင်ဆိုင်ထားတယ်ဆိုတာ သိလိုက်တယ် ။ မီးဖိုထဲ အငွေ့တွေကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရသေးသော်လည်း သူဟာ အနုစိတ်လှတယ့် ပြောင်းလဲမှုတွေကို ခံစားမိနေပါတယ် ။
အဖုံးဖွင့်လိုက်ချိန်မှာတော့ မွှေးပျံ့လှတယ့် ဆေးရနံ့ဟာထွက်ပေါ်လာပါတယ် ။ ဒီရနံ့ဟာ လူတိုင်းနဲ့ ရင်းနီးနေပြီးသားပါ ။ ဆေးပြုလုပ်ပုံဟာ သူတို့မျက်မြင်ပါပဲ ။ လူကြီးရဲ့လက်ထဲမှာ အဖြူရောင် ဆေးလုံးလေး ၅ လုံးရောက်ရှိနေပါပြီ ။ အားလုံးဟာ ရူးမတတ် အံ့အားသင့်လျက် ဖြစ်နေပါတော့တယ် . . . ။