Switch Mode

Chapter – 138.2

အင်အားကြီးတဲ့သူက အင်အားနည်းတဲ့သူကို စားသုံးတယ်......တောတွင်းနိယာမ

အပိုင်း ၁၃၈•၂

” အင်အားကြီးတဲ့သူက အားနည်းတဲ့သူကို စားသုံးတယ်..တောတွင်းနိယာမ ”
°°°
သားရဲကောင်က ၀မ်သုန့်တိုက်ခိုက်ချိန်မှာပဲ လှုပ်ရှားခဲ့ပါတယ်။ နှစ်တစ်သောင်းအထိကျင့်ကြံလာပြီဖြစ်တာကြောင့် အန္တရာယ်နဲ့ရင်ဆိုင်လာရချိန်မှာ သူက အရမ်းကိုပေါ့ပါးဖျတ်လတ်နေခဲ့တယ်။ အကာအကွယ်အလွှာကို အမြန်ဆုံးအနေအထားနဲ့ ဖြန့်ကျက်လိုက်ပြီ ဒီတိုက်ခိုက်မှုကိုရှောင်ရှားဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုက လက်ရှိအချိန်မှာရောက်ရှိလာခဲ့ပါပြီ။

၀မ်သုန့်ရဲ့ဘယ်ဘက်ပုခုံးပေါ်ကနေကျော်ပြီ ခရမ်းရွှေရောင်အလင်းတန်းက အ​ပြင်ကိုပြေးထွက်လာခဲ့ပါတယ်။ နတ်ဆိုးကျားရဲ့ကျင့်ကြံမှုက အထင်ကြီးစရာပါပဲ။ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားကိုတော့ ဘယ်လိုမှမယှဥ်သာနိုင်ခဲ့ပါဘူး။ နောက်တစ်ကြိမ် အော်ဟစ်ဟိန်းဟောက်လိုက်ရင်း အရိပ်လိုတစ်စုံတစ်ရာက သူ့ခန္ဓာကိုယ်ကနေနောက်တစ်ကြိမ် အပြင်ကိုပြေးထွက်သွားရပြန်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချက်ချင်းဆိုသလို ပြန်၀င်လာခဲ့တယ်။

ဒီအချိန်အခိုက်အတန့်လေးကတင် အာရုံလွဲစေနိုင်ဖို့လုံလောက်နေခဲ့ပါပြီ။

အလင်းတန်းဖျက်ဆီးနတ်ဆိုးရဲ့ တိုက်ခိုက်မှုက မြစိမ်းရောင်အကာအကွယ်ထဲကို ပြေး၀င်လို့သွားခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အင်အားအကြီးဆုံးတိုက်ခိုက်မှုက အားအကောင်းဆုံးခုခံစစ်နဲ့ ကြုံတွေ့ရချိန်မှာ ဆီတွေဆူပွက်လာသလိုမျိုး အလွှာတစ်လွှာကဖြစ်ပေါ်လာတော့တယ်။ အစိမ်းရောင်အလင်းတန်းက ဒီတစ်ကြိမ်မှာတော့ မူလနေရာကိုပြန်လည်ရောက်ရှိလို့သွားခဲ့ပါပြီ။ သားရဲကောင်ရဲ့ခန္ဓာကိုယ်ကလဲ မြေပြင်ပေါ်မှာပြားပြား၀ပ်လို့သွားပါတော့တယ်။

အလင်းတန်းက ဖြည်းဖြည်းချင်းဖောက်၀င်လို့သွားချိန်မှာ သားရဲကောင်ရဲ့အစိမ်းရင့်ရောင်အကာအကွယ်ကလဲ ပိုမိုအားကောင်းလာခဲ့ပါတယ်။ ဒီအလင်းတန်းက ဖြည်းဖြည်းချင်းဆိုသလို ပျောက်ကွယ်လာခဲ့ပေမဲ့ ရွှေရောင်အလင်းတန်းကတော့ လက်ရှိအချိန်မှာညိုးနွမ်းမတတ်ဖြစ်နေခဲ့တယ်။

သူတို့ပြိုင်ဘက်ရဲ့အင်အားကြီးလွန်လှတဲ့ ၀ိညာဥ်စွမ်းအားကိုမြင်ချိန်မှာ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်လဲ ထိတ်လန့်လာခဲ့ပါတယ်။ ဒီ၀ိညာဥ်စွမ်းရည်က ခန္ဓာကိုယ်ကိုအင်အားမြင့်တင်ပေးရုံတင်မက ဖောက်ထွက်လာတဲ့၀ိညာဥ်စွမ်းအားကိုတောင် ဆက်တိုက်ဆိုသလို အင်အားနည်းအောင်လုပ်နိုင်ခဲ့ပါတယ်။

သားရဲကောင်ကတော့ လက်ရှိအချိန်ခက်ခဲတဲ့အခြေအနေကို ဖြတ်ကျော်ရတဲ့ပုံပါပဲ။ တခြားဘာကိုမှမလုပ်နိုင်ပဲနဲ့ ဒီတိုက်ခိုက်မှုကို ရှောင်ရှားဖို့သာကြိုးစားနေခဲ့ရတယ်။

နောက်ဆုံးမှာတော့ ခက်ခက်ခဲခဲနဲ့ အလင်းတန်းက သူ့ရဲ့ဦးနှောက်ကိုမထိခိုက်အောင် ရှောင်ရှားလိိုက်ပါတယ်။

သားရဲကောင်ရဲ့ဘေးမှာအနက်ရောင်အိုးသုံးလုံးက ရုတ်တရက်ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် နားစည်ကွဲအက်မတတ်အသံတွေက ပြင်းထန်တဲ့လှိုင်းတွေနဲ့အတူ သားရဲကောင်ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်ပြီတိုက်ခိုက်ပါတော့တယ်။

ဟို့ယွိဟောင်က ဒီတိုက်ခိုက်မှုပြီးပြီချင် ၀မ်သုန့်နဲ့နေရာပြန်လဲလိုက်ပါပြီ။ သူရဲ့ရွှေရောင်တောက်နေတဲ့မျက်လုံးတွေက ချက်ချင်းအစိမ်းရောင်ကို ပြောင်းသွားပါတော့တယ်။ လေထုရဲ့အပူရှိန်က သူ့ကိုဗဟိုပြုထားရင်း ချက်ချင်းဆိုသလိုအပြောင်းအလဲတွေဖြစ်လာပါတယ်။ သူ့ခန္ဓာကိုယ်ကလဲ သီခြားဆန်တဲ့အငွေ့အသက်တွေကို အပြည့်အ၀ထုတ်လွှတ်လို့နေခဲ့ပါပြီ။

အစိမ်းရောင်အလင်းတန်းက သူ့အရိုးကနေတောက်ပလို့လာခဲ့ပြီ ဒီတစ်ကြိမ်မှာတော့ ဘယ်ဘက်လက်မောင်းရိုးတစ်လျှောက်ကိုဆန့်ထွက်လို့လာပါတော့တယ်။ ဒီအစိမ်းရောက်အလင်းတန်းက ရင်ဘတ်ပေါ်မှာဆက်တိုက်စုစည်းလို့သွားခဲ့ပြီ ကြောက်စရာကောင်းတဲ့အဆုံးစွန်းစွမ်းအားက ဒီတစ်ကြိမ်မှာအပြင်ကိုပေါက်ကွဲထွက်လာပါတော့တယ်။

ကြောက်စရာကောင်းလှတဲ့ အလင်းတန်းရဲ့တိုက်ခိုက်မှုကို ခုခံပြီမောပန်းနေတဲ့သားရဲကောင်ကတော့ အိုးတွေရဲ့တုန်ခါလှုပ်ရှားတဲ့ အစွမ်းအစကြောင့် သူ့ရဲ့အရှိန်နှုန်းက နှေးကွေးလို့သွားပါတယ်။ လက်ရှိအချိန် နောက်ဆုံးတိုက်ခိုက်မှုကို သူ့အနေနဲ့ရင်ဆိုင်ဖို့အခွင့်အရေးတစ်ခုသာရှိပါတော့မယ်။

သူ့ကိုတိုက်ခိုက်ဖို့ကောင်းကင်ဧကရာဇ်ရဲ့တူက အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဒါပေမယ့် သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်က သုံးရက်မှာတစ်ကြိမ်ပဲအသုံးပြုလို့ရတာပါ။ ဒီနေ့ကတောထဲကိုရောက်တာပထမဆုံးအကြိမ်ပဲရှိပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထိန်းကျန်ထားတာက အကောင်းဆုံးဖြစ်လိမ့်မယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်လက်ထဲကို ရောက်နေတဲ့အင်အားကြီး၀ိညာဥ်စွမ်းရည်တစ်ခုထပ်ရှိနေပါပြီ။ ဒါကတော့ တံခါးပိတ်ကျင့်ကြံမှုကြောင့် ဖြတ်ကျော်တိုးတက်လာခဲ့တဲ့၀ိညာဥ်စွမ်းရည်တစ်ခုပါပဲ။

အစိမ်းရောင်အလင်းတန်းက သူ့ရင်ဘတ်အပြင်ကိုပြေးထွက်လို့သွားပါတော့တယ်။ အလင်းတန်းရဲ့ပတ်လည်မှာရှိရှိသမျှလေတွေအားလုံးက တောင့်တင်းအေးခဲလို့သွားခဲ့ပြီ ရေခဲတိုင်လုံးတစ်ခုအဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ပတ်ပတ်လည်လေဟာနယ်ကို ဖြတ်သန်းရင်းအစိတ်စိတ်အမွှာမွှာအဖြစ်ကျိုးကြေးကာမြေပြင်ပေါ်ကို ပြုတ်ကျလို့သွားတော့တယ်။

ဒီနေရာကြီးရဲ့လေထုကအတော်ကိုစိုစွတ်နေခဲ့တာကြောင့် အဆုံးစွန်းအေးစက်မှုကထုတ်သုံးဖို့အကောင်းဆုံးအချိန်ပါပဲ။

ဒီအစိမ်းရောင်အလင်းတန်းက စွမ်းအားတွေရဲ့ပုံစံနဲ့ကွာခြားပါတယ်။ လက်ရှိအချိန်မှာတော့ မြစိမ်းရောင်ခုခံမှုအလင်းတန်းက နောက်တစ်ကြိမ် တိုက်ခိုက်ခံလိုက်ရပြန်ပါပြီ။ လက်ရှိအချိန်မှာ စွမ်းအားသုံးဆယ်ရာခိုင်နှုန်းသာ ကျန်ရစ်ခဲ့တဲ့အလင်းတန်းဖျက်ဆီးနတ်ဆိုးရဲ့ ၀ိညာဥ်စွမ်းရည်က အကာအကွယ်အလွှာထဲကို ထိုးဖောက်နိုင်သွားခဲ့ပါတယ်။ သားရဲကောင်ကတော့ ခေါင်းကိုဘေးဖက်ရှောင်လိုက်ရင်း သူနဖူးနဲ့မထိအောင်ကြိုးစားလိုက်ပါတယ်။ ဒါပေမယ့် အလင်းတန်းက သူ့ခေါင်းကိုဖောက်ထွက်လို့သွားခဲ့တာကြောင့် ရွှေရောင်အစွန်းအထင်တွေက တစ်ကိုယ်လုံးကိုပြန့်ထွက်လို့သွားတော့တယ်။

ဒီနှစ်တစ်သောင်းသားရဲကောင်က လက်ရှိအချိန်မှာ မအော်ဟစ်ခဲ့ပဲလုံး၀ကိုတောင့်တင်းအေးခဲသွားခဲ့ပါတယ်။ ရေခဲဧကရီရဲ့ လွှမ်းခြုံမှုက ဟို့ယွိဟောင်ရဲ့အစွမ်းထက်ဆုံး၀ိညာဥ်စွမ်းရည်ပါ။ ရေခဲဧကရီရဲ့ အရိုးတွေထဲကနေလာတဲ့ ၀ိညာဥ်စွမ်းအားနှစ်ခုထဲက တစ်ခုပါပဲ။

အစောပိုင်း၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာလဲ တစ်ခေါက်ပေါ်ထွက်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပိုပြီးတိကျပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်စွမ်းအားကို ကုန်ဆုံးလုနီးပါးဖြစ်သွားအောင်လဲ စုပ်ယူခဲ့တယ်။

အကယ်၍ သူတစ်ယောက်ထဲသာဒါကိုအသုံးပြုမယ်ဆိုရင် သေချာပေါက် အင်အားအပြည့်အ၀ရှိနေမှသာလုပ်နိုင်မှာပါ။ ဒီစွမ်းရည်တစ်ခုကိုသုံးဖို့အတွက် သူ့ရဲ့အင်အားကိုးဆယ်ရာခိုင်နှုန်းအထိကို အသုံးပြုဖို့လိုနေခဲ့တယ်။

ရေခဲဧကရီရဲ့လွှမ်းခြုံမှုက ကြောက်စရာကောင်းလွန်လှပါတယ်။ တစ်ဖက်မှာရှိတဲ့သားရဲကောင်ကတော့ ရုပ်ထုတစ်ခုအဖြစ်လုံး၀ကို အေးခဲလို့သွားခဲ့ပါပြီ။ ပတ်ပတ်လည်ဆယ်မီတာအတွင်းမှာရှိနေခဲ့တဲ့ အပင်တွေအားလုံးတောင်မှ ရေခဲအပိုင်းအစတွေဖြစ်ကုန်ကြပါတော့တယ်။ ဒီမြင်ကွင်းက ထူးခြားသလိုရေခဲပြင်ကြီးတစ်ခုကသာ ဒီနေရာထဲမှာ လွှမ်းခြုံနေတာကိုမြင်တွေ့ရတော့တယ်။ ရှောင်းရှောင်းကလဲ သူ့ရဲ့အိုးသုံးလုံးကိုပြန်သိမ်းရင်း ခိုက်ခိုက်တုန်အောင်ချမ်းအေးနေခဲ့ပါပြီ။

” အရမ်းအေးတာပဲ နင်ရဲ့အဆုံးစွန်းရေခဲက ကြောက်စရာကောင်းလိုက်တာယွိဟောင်ရယ် ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က မြေပြင်ပေါ်မှာမောမောပန်းပန်းနဲ့ထိုင်နေခဲ့ပါတယ်။ သိသာထင်ရှားတဲ့ဆုံးရှုံးမှုမရှိပဲ ဒီတိုက်ပွဲကိုနိုင်သွားပုံပါပဲ။ ဒါပေမယ့် တကယ်တော့ရှိသမျှအစွမ်းကုန်ထုတ်သုံးရင်း တိုက်ခိုက်လို့သာရနိုင်တာပါ။

ရွှေရောင်လမ်းကိုအသုံးပြုထားပြီဖြစ်သလို ၀မ်သုန့်ရဲ့အင်အားအကြီးဆုံးတိုက်ခိုက်မှုနဲ့ ဟို့ယွိဟောင်ရဲ့အင်အားအကြီးဆုံးတိုက်ခိုက်မှုနှစ်ခုစလုံးကိုလဲ အသုံးပြုလိုက်ရပါတယ်။

သူတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့ပါရမီအရှိဆုံးအုပ်စုတွေပါပဲ။ ရှိရှိသမျှအရာအားလုံးကို အသုံးချပြီတော့မှာသာ ဒီလိုအောင်ပွဲကိုရရှိခဲ့တာပါ။ ဒါ့အပြင် တစ်ဖက်မှာရှိနေတဲ့သားရဲကောင်က မသေသေးပေမဲ့ ရုပ်ထုတစ်ခုလိုအေးခဲခံလိုက်ရပါပြီ။ သွေးတွေတောင်အေးခဲလို့သွားခဲ့တာကြောင့် ဒီရေခဲတုံးထဲကနေ ဖောက်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။

အပြင်ကနေတစ်နာရီအတွင်းရေခဲဖျော်ပြစ်တဲ့တစ်စုံတစ်ရာသာမရှိခဲ့ဘူးဆိုရင် သူက ရေခဲထဲမှာအသက်ပျောက်သွားမှာပါ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့ပါတယ်။

” ကြည့်ရတာ ငါတို့ရဲ့မူလဆုံးဖြတ်ချက်က မှားသွားတဲ့ပုံပဲ ဒီလောကကြီးကတောတွင်းနိယာမအတိုင်းဆက်သွားနေတယ်..သနားညှာတာမှုထားတာက အန္တရာယ်တွေကိုပဲ ပိုပြီးဖိတ်ခေါ်လိုက်လိမ့်မယ် ”

၀မ်သုန့်ရဲ့စိတ်ကတော့အများကြီးသက်ရောက်ခံလိုက်ရတဲ့အတွက် သူခေါင်းသာညိတ်နေခဲ့ပါတယ်။ ဘာမှလဲမပြောပါဘူး။ ဟို့ယွိဟောင်က သူ့ရဲ့ပုခုံးကိုလာကိုင်ရင်းပြောလိုက်ပါတယ်။

” သိပ်ပြီလဲ စိတ်မပျက်ပါနဲ့ အကယ်၍ ငါတို့သာဒါမျိုးကိုမကြုံတွေ့ရဘူးဆိုရင် ဘယ်လိုလုပ်ဒီကိစ္စကိုသိလာမှာလဲ ဒါကငါတို့အတွက် အတွေ့အကြုံရဖို့အရေးကြီးတဲ့အထောက်အကူဖြစ်လာလိမ့်မယ် ”

” ငါတို့ခုနကရွှေရောင်လမ်းကို သုံးလိုက်တဲ့အချိန် တိုက်ရိုက်ထိတွေ့ပြီဘာတွေဖြစ်သွားလဲဆိုတာ မင်းတွေးမိလား ”

သူပြောနေချိန်မှာပဲ သူ့ရဲ့လက်မောင်းကနေရွှေရောင်အလင်းတန်းတွေ ဖြာထွက်လို့လာခဲ့ပြီ ဟောင်သုန့်စွမ်းအားနဲ့ စွမ်းအင်လှည့်ပတ်မှုက သူတို့ရဲ့ကုန်ဆုံးသွားတဲ့၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ဖြည့်တင်းပါတယ်။

” ငါတွေးမိတာတစ်ခုတော့ရှိတယ်…ငါရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားတယ်..အဲ့ဒီအရိပ်ပေါ်လာတာက သားရဲကောင်ရဲ့ခေါင်းပေါ်မှာပဲ ဒါ့အပြင် သူ့ခန္ဓာကိုယ်ကို လုံး၀ထိန်းချုပ်မှုလွှတ်သွားတာကိုလဲ ခံစားမိတယ်..သတိလစ်သွားတယ်လို့တောင် ပြောလို့ရနိုင်တယ်….ငါတို့တွေက ရွှေရောင်လမ်းနဲ့ သားရဲကောင်တွေကိုတိုက်ရိုက်တိုက်ခိုက်လို့မရနိုင်ပေမဲ့ သူတို့ရဲ့စိတ်၀ိညာဥ်ကို ခွာထုတ်နိုင်တဲ့ပုံပဲ ”

” ဒါကြောင့်သာ သူ့ခန္ဓာကိုယ်ထဲကို အဲ့ဒီအရိပ်ပြန်၀င်ဖို့အတွက် စက္ကန့်ပိုင်းလောက်ကြာသွားတာ သေချာပေါက် အဲ့ဒီအချိန်မှာ သူအားနည်းသွားတယ်…ဒါ့အပြင် သိသိသာသာလဲ နှေးသွားသေးတယ်..တိုက်ပွဲအဆုံးသတ်သွားတဲ့အထိ သူတို့ကိုတိုက်ခိုက်တဲ့အချိန်မှာ အင်အားအကြီးဆုံး၀ိညာဥ်စွမ်းရည်ကို သူမထုတ်သုံးနိုင်တာအဲ့ဒါကြောင့်ပဲဖြစ်လိမ့်မယ် ”

” အကယ်၍ မင်းရဲ့ခန့်မှန်းချက်သာမှန်ကန်မယ်ဆိုရင် အကယ်၍ အဲ့ဒီစိတ်၀ိညာဥ်ပေါ်လာပြီတဲ့နောက် ငါတို့တိုက်ခိုက်ခဲ့လို့က ဘာတွေဖြစ်လာမယ်ထင်လဲ ”

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်လဲ တုန်ရီလို့သွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးကလဲ အရမ်းကိုတောက်ပနေခဲ့ပါပြီ။ အဲ့ဒီနောက် သူပေါင်သူရိုက်ရင်းနဲ့ ပြောလာပါတော့တယ်။

” ဟုတ်တယ် ငါဒါကိုဘာလို့မတွေးမိတာလဲ အကယ်၍ စိတ်၀ိညာဥ်ပေါ်လာချိန်သာငါတို့စိတ်၀ိညာဥ်ကိုတိုက်ခိုက်ခဲ့လိုက်မယ်ဆိုရင် သေချာပေါက်လုံး၀ကို အပြည့်အ၀အနိုင်ရနိုင်မှာပဲ ဒီသားရဲကောင်ကလဲသေချာပေါက် ဖုတ်ကောင်ဖြစ်သွားလိမ့်မယ်..သက်ရှိတွေအားလုံးမှာ သိသာထင်ရှားတဲ့စိတ်၀ိညာဥ်စွမ်းရည်မရှိသေးသရွေ့ သူတို့ရဲ့စိတ်၀ိညာဥ်ခန္ဓာကိုယ်ကနေ ဖယ်ခွာသွားတာနဲ့အရမ်းကိုအားနည်းသွားတာပဲ အကယ်၍ ငါတို့က သူတို့ရဲ့စိတ်၀ိညာဥ်ကိုတိုက်ရိုက်မဖျက်ဆီးနိုင်ရင်တောင် တိုက်ခိုက်နိုင်စွမ်းကိုအများကြီးလျော့ကျသွားတဲ့အထိ လုပ်လိုက်လို့ရတယ်…မင်းရဲ့မျက်လုံးတွေက ငါထက်အမြင်ပိုကောင်းတာပဲ၀မ်သုန့် ”

၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ဒီစိတ်၀င်တစားပြောကြားချက်ကိုကြားချိန်မှာထအော်ပါတော့တယ်။

” မင်းရဲ့လက်တွေငါပေါင်ပေါ်ကနေဖယ်လိုက်စမ်း ”

ဒီတစ်ကြိမ်မှာသာ ဟို့ယွိဟောင်ကသူ့ပေါင်သူရိုက်မိတာမဟုတ်ပဲ ၀မ်သုန့်ပေါင်ကိုသွားရိုက်မိမှန်းနားလည်လို့သွားပါတော့တယ်။ သူမနာမဆန်းပါဘူးဒါကြောင့် သွားဖြီးပြီရယ်လိုက်ရင်းသာ ပြောလာခဲ့တယ်။

” မတော်တဆဖြစ်သွားတာပါ ငါတို့တွေနောက်တစ်ကြိမ်ရွှေရောင်လမ်းကိုသုံးရင်း စမ်းသပ်ကြည့်လို့ရတယ်လေ စိတ်၀ိညာဥ်ရှိတဲ့ပစ်မှတ်တွေကို ငါတို့ရွေးချယ်လို့ရတယ်…ဒါပေမယ့် ရွှေရောင်လမ်းက မျဥ်းဖြောင့်အတိုင်းသွားလို့ပဲရတာကနှမြောစရာကောင်းလွန်တယ်….အကယ်၍ စိတ်၀ိညာဥ်မုန်တိုင်းလိုမျိုး အများကြီးသုံးလို့ရမယ်ဆိုရင် ၀ိညာဥ်စွမ်းရည်နှစ်ခုကို ပေါင်းလို့ရပြီ ”

” အိပ်မက်မက်မနေနဲ့တော့ ငါတို့တွေက လောကမှာရှိရှိသမျှအရာအားလုံးကို ဘယ်လိုလုပ်ကောင်းတာတွေရနိုင်မလဲ ငါတို့ရဲ့၀ိညာဥ်စွမ်းရည်တွေက သန်မာပေမဲ့ ကျင့်ကြံဆင့်က အကန့်အသတ်ရှိနေခဲ့တယ်…လုံလောက်တဲ့၀ိညာဥ်စွမ်းအားမရှိဘူးဆိုရင် ၀ိညာဥ်စွမ်းရည်တွေရှိပြီ မသုံးနိုင်လို့ကတော့ ဘာအသုံး၀င်မှာလဲ အင်အားမြန်မြန်ပြည့်အောင်လို့ ဒီနေရာကနေမမှောင်ခင်မြန်မြန်သွားရမယ် ”

ရှောင်းရှောင်းကတော့ အင်အားကုန်ဆုံးမှုအနည်းဆုံးပါပဲ။ ဒါကြောင့် သူက နှစ်ယောက်စလုံးကိုကာကွယ်ဖို့အတွက် တာ၀န်ယူထားခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ရေခဲရုပ်ထုနားမှာခပ်မြန်မြန်ပဲတရားထိုင်ရင်းလေ့ကျင့်နေခဲ့ပါတယ်။

ရေခဲထဲကနေ သားရဲကောင်ရုတ်တရက်လွှတ်လာပြီထွက်ပြေးမှာကို ဟို့ယွိဟောင်မစိုးရိမ်ပါဘူး။ အပြင်ဘက်ကအရည်ဖျော်ပေးမဲ့သူမရှိဘူးဆိုရင် သေချာပေါက် လွှတ်လာနိုင်မှာကို သူသိနေခဲ့တယ်။ ဒါ့အပြင် ဒီလောက်အကြာကြီးအေးခဲနေပြီတဲ့နောက် ဟို့ယွိဟောင်တို့ကိုတိုက်ခိုက်ဖို့လောက်အထိ စွမ်းအားအပြည့်အ၀ရှိမနေနိုင်ပါဘူး။

၀မ်သုန့်ကတော့ သူ့ရဲ့အစွမ်းအစတွေကိုအရင်ကထက်ပိုပြီးကောင်းကောင်းနားလည်လာခဲ့ပါတယ်။ သူတို့ရဲ့ပြန်လည်ကောင်းမွန်လာတုန်းက ရွှေရောင်အလင်းတန်းတွေကြောင့် အများကြီးပိုပြီးတိုးတက်လာခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားသုံးဆယ် လေးဆယ်ရာခိုင်နှုန်းကို မျက်တောင်တစ်ခတ်အတွင်းမှာ ပြန်လည်ရရှိခဲ့ပါပြီ။

အကြီးအကဲရွှမ်ကတော့ သူတို့နဲ့မီတာငါးရာအကွာမှာ အေးအေးဆေးဆေးပုံမှန်အတိုင်း စားလိုက်သောက်လိုက်လုပ်နေရင်း ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ ရွှေရောင်အလင်းလုံးလေးတစ်လုံးက တိတ်တဆိတ်ဖြတ်သန်းလို့သွားခဲ့တယ်။

အပိုင်း ၁၃၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset