Chapter – 8 အောင်မြင်သွားသောဆေးအဖြစ်သို့
မီးတောက်တွေကို မီးဖိုထဲ ထည့်လိုက်ပါတယ် ။ ဆေးမြစ်တွေကို ဖုတ်တယ် နောက်ပြီး အခြောက်ခံပါတယ် ။ ခြောက်နေတယ့်ဆေးပင်တွေမှာ ချီဓာတ်တွေ ကျန်ရှိနေပါသေးတယ် ။ သူ့ပထမဆုံးကြိုးစားမှုကတော့ အရာမထင်ခဲ့ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် သူစိတ်ဓာတ်မကျပါဘူး ။ သူသင်ထားတာနည်းနည်းလေး ရှိသေးတာကိုး ။ မီးတောက်တွေ ဘယ်လိုထုတ်နိုင်လဲဆိုတာပဲ သေချာသင်ကသေးတာဖြစ်ပီး ထိန်းချုပ်မှုမှာတော့ အနည်းငယ် လိုပါသေးတယ် ။
ချန်ရှန်နောက်ထပ်ဆေးပင်တွေယူလိုက်ပါတယ် ။ ဒီတစ်ခါမှာတော့ သေချာကိုအာရုံစုစည်းမှ ဖြစ်ပါတော့မယ် ။ မီးတောက်တွေသေချာထိန်းချုပ်ရတော့မှာပါ ။ ဆေးပင်တွေ ကိုမီးဖိုးထဲထပ်ထည့်ပါတယ် ။ ကံဆိုးစွာပဲ ထပ်မံကျရှုံးခဲ့ပါတယ် ။ သုံးကြိမ်လောက် မအောင်မြင်ဖြစ်ခဲ့ တဲ့အခါမှာတော့ သူနည်းနည်းပြောင်းလဲမှရမယ်ဆိုတာ သိလိုက်တယ် ။ သူ့အသိတွေဟာ ခုနထက်တော့နည်းနည်းပိုရင့်ကျက်လာ ပါပြီ ။
လေးကြိမ်မြောက် လုပ်တယ့်အခါမှာတော့ အောင်မြင်စွာနဲ့ပဲ ချီဓာတ်အကုန်စင်အောင် လုပ်နိုင်ခဲ့ပါတယ် ။ နောက်တဆင့်ကို ဆက်သွားပါတော့မယ် ။ သူ့ရဲ့စိတ်ဝိဥာဉ် စွမ်းအားတွေကို မီးဖိုထဲထည့်တယ့်အချိန်မှာ ချန်ရှန် မီးဖိုထဲကို ကြည့်လိုက်ပါတယ် ။ မီးဖိုးထဲကဆေးပင်တွေမှာ အမျိုးမျိုးသော ချီဓာတ်တွေ ထွက်နေတာကို တွေ့လိုက်ရပါတယ် ။ ချန်ရှန်ဟာ ဒီချီဓာတ်တွေကို သက်တန့်ပုံစံ ရေဝဲကလေးတစ်ခုဖြစ်အောင် စတင်ပြုလုပ်ပါတယ် ။ ဒီပြိုကွဲလာတဲ့ ဆေးပင်တွေဟာ မီးခိုးရောင်ပြာအဖြစ် တဖြည်းဖြည်း ပြောင်းလာကြပါတယ် ။
အကုန်လုံးပြောင်းသွားကြတယ့်အခါ ချန်ရှန်ဟာ ဓာတ်ကစားပြီး ” ဆေးဖက်ဝင်စွမ်းအား” အဖြစ် ပေါင်းစပ်စေပါတယ် ။ ချန်ရှန်ဟာ အဆင့် ၅ ပညာရှင် ဖြစ်တာနဲ့အညီ သူ့စွမ်းအားတွေဟာ သတ်မှတ်နှုန်းထား မရောက်သေးတာတောင်ပင် အတော်လုံလုံလောက်လောက် ကို ရှိနေပါပြီ ။ သက်တန့်ပုံစံရေဝဲကို ဆေးဖက်ဝင်ချီဓာတ်ရေဝဲ ၅ ခုအဖြစ် ပုံပြောင်းလိုက်ပါတယ် ။ တချိန်တည်းမှာပဲ ထိုရေဝဲတွေကို ဆေးဖက်ဝင်စွမ်းအားအဖြစ်ပြောင်းလဲပါတယ် ။ သူဟာ ဆေး ၅ ခုတချိန်တည်းလုပ်နေတာပါ ။
ရေဝဲ ၅ ခုဖြစ်အောင် လုပ်နေချိန်မှာပဲ ချန်ရှန်နဖူးများတွန့်နေပါတယ် ။ နဖူးမှာလည်း ချွေးတွေထွက်လျက်ပါ ။ သူဟာ မီးတောက်ထုတ်ဖို့ ချီဓာတ်တွေသာမက ဆေးပင်တွေခဲအောင်ပြုလုပ်ဖို့ မီးတောက်တွေကိုထိန်းချုပ်ရန်ပါ လိုအပ်နေတာပါ ။ ဆေးဖက်ဝင်စွမ်းအားတွေကိုလည်း အများကြီးသုံးနေရတာပါ ။
“အောင်မြင်ခဲ့ပီပေါ့”
ချန်ရှန်နှလုံးသားထဲကကို ပျော်သွားတာပါ ။ ဆေးဖက်ဝင်ချီဓာတ် ရေဝဲလေးတွေဟာ မြန်မြန်လည်နေကြတယ် ။ ခုတော့ တိကျမှန်ကန်တဲ့ ရေပမာဏလောင်းပြီး အခဲပြုလုပ်ဖို့ပဲကျန်တော့ တာပါ ။ ချန်ရှန်ပုံဟာ ချွေးတွေထွက်နေပြီး အရမ်းကိုပင်ပန်းနေပုံပါ။ ဒါပေမယ့်လည်ူ ချီမီးလျှံတွေ ဆက်ထုတ်လွှတ်နေပါတယ် ။ သူ့မှာ ရှိတဲ့ ချီဓာတ်တွေကို အကုန်သုံးနေရတာပါ ။
” နောက်ဆုံးတော့ ငါအောင်မြင်ခဲ့ပြီ ၊ နောက်ရက်တွေကို ဒီဆေး ၅ ခုဖြစ်အောင်လုပ်ရင်းနဲ့ အချိန်ကုန်ဆုံးတော့မှာ ၊ ဆေးပညာဟာ တကယ်ကို အချိန်လိုတာပဲ ”
ချန်ရှန်သက်ပြင်းချ၍ ညည်းတွားလိုက်ပါတယ် ။ ချန်ရှန် မီးဖိုကို ဖွင့်ကာ ကာအဖြူရောင် ဆေးလုံးတွေကို အငွေ့တွေကြားက ကြည့်လိုက်ပါတယ် ။ ထို့နောက် ပြုံးစိစိ ဖြစ်လျက်ပါ ။ သူ ဒီကိုယ်ငြိမ်းဆေးတွေကိုမစားခင် ဆေးတွေဟာ အပြီးမသတ်သေးပါဘူး ။
ဆေးဆရာအိုကြီးတွေသာ သူ့ဆီရောက်လို့ သူ့ဆေးတွေတွေ့ခဲ့ရင် သူတို့ကိုယ်သူတို့ ရှက်ပီးသေသွားလောက်ပါတယ် ။ ဆေးပညာရှင်တွေဟာ ဒီလိုဆေးရဖို့ သုံးနှစ်ကနေ ငါးနှစ်လောက် ကြာပါတယ် ။ တကယ်ကိုပါရမီရှင် ဆေးဆရာတောင် တစ်နှစ်ခွဲကျော်ကျော်လောက်ကြာပါသေးတယ် ။ ဒါတောင်တစ်ကြိမ်မှာ တစ်လုံးပဲ လုပ်နိုင်မှာပါ ။ ချန်ရှန်ကတော့ ပထမဆုံးအကြိမ်မှာတင် ၅ လုံးတပြိုင်ထဲလုပ်နိုင်တာမို့ ဆေးဆရာအိုကြီးတွေ ထိတ်လန့်ရှက်ရွံ့သေသွားလောက်တယ်လို့ပြောတာပါ ။
” အမတော် စုမေးယို ၊ အမတော်ပြောတော့ ဆေးကောင်းတစ်ခုရဖို့ တစ်နှစ်ခွဲလောက်ကြာတယ်ဆို ။ ခုတော့ကျွန်တော် တစ်ရက်ထဲနဲ့ ၅ လုံးတောင်လုပ်နိုင်တယ် ၊ ဆုချပေတော့ဗျို့ ”
ချန်ရှန် ဂုဏ်ယူဝင့်ကြွားစွာ ရီမောပြောဆိုလိုက်ပါတယ် ။ စုမေးယိုလည်း အရမ်းပျော်နေပုံပါပဲ ၊ ထို့နောက် ဆွဲဆောင်မှုရှိသောအသံလေးနဲ့ ပြန်ပြောပါတယ် ။
” ကဲပါ ငါတို့ညီအမမင်းကို ဘယ်လိုဆုချရမလဲပြော ”
ချန်ရှန်လည်းရီမောကာ လက်ပိုက်၍ –
” ပါးပေါ် အနမ်းတစ်ပွင့်လောက်ဆိုရင်ရောဗျ ၊ ဟီးးဟီးး ”
” ဆုတောင်းလေ ”
ဘိုင်ယုယုက အေးစက်စက်ပြောပြီး ကွင်းထဲ ပြန်ဝင်သွားပါတယ် ။ စုမေးယိုကတော့ ရီမောရင်း ချန်ရှန် အနီး လာကာ သူမရဲ့ လှပတယ့် နှုတ်ခမ်းလေးနဲ့ပါးကို အနမ်းပေးလိုက်ပါတယ် ။
” ချန်ရှန် ၊ ခု ဒီလိုအလုပ်အောင်မြင်တာကို သိပ်ဂုဏ်ယူမနေနဲ့ဦးနော် ကြားလား ”
ချန်ရှန်ဟာ စလိုက်ခြင်းသာဖြစ်ပြီး ဒီလိုအနမ်းတကယ်ပေးမယ်လို့ မထင်မိပါဘူး ။ စုမေးယိုလည်းပဲ လက်ဖြင့်ပါးစပ်ကိုအုပ်ကာ ရယ်ရင်း ကွင်းထဲပြန်ဝင်သွားပါတော့တယ် ။
ချန်ရှန်ဟာ သူထွက်သွားတယ့်အနားကနေ သင်းပျံ့တယ့်အနံ့လေးကို နက်ရှိုင်းစွာ ခံစားမိပါတယ် ။ ချန်ရှန်လည်း ရင်ခုန်မှုကို လျော့ချကာ တီးတိုးရေရွတိမိပါတယ် ။
“သူမဟာ တကယ်ကို ကြောက်စရာပဲ ၊ သူမရဲ့ ဆွဲဆောင်မှုရှိလှတယ့် အလှတရားတွေမှာ ငါနစ်မြောသွားတာပဲ ”
ချန်ရှန် မမြင်ရတယ့်ကွင်းလေးကို ချစ်သူရဲ့ မျက်နာကို ကြင်နာစွာ ပွတ်သလို ထိလိုက်ပါတယ် ။ ဒီနတ်သမီးလေးတွေဟာ လက်စွပ်ထဲမှာ သူတို့စွမ်းအားတွေ ပြန်စုဆောင်းနေတာပါ ။ ချန်ရှန် သူ့ကိုယ်သူအားပေးလိုက်ပါတယ် ။
ကိုယ်ငြိမ်းဆေးတစ်ခုကို ငွေစ ၇၀၀ ရပါတယ် ခုသူလုပ်တာ ၅ ခုဆိုတော့ ၃၅၀၀ ရမှာပေါ့ ။ သူ့မှာ ဆေးပင်တွေ ကျန်နေပါသေးတယ် ။ ဆေးတွေလုပ်ပြီး နောက်ထပ် ငွေတွေအများကြီး ထပ်ရနိုင်ပါသေးတယ် ။
ချန်ရှန်စာအုပိတစ်ခုထဲဖတ်ဖူးပါတယ် ။ တကယ်လို့လူတစ်ယောက်ဟာ ဆေးပင်နဲ့တစ်ကြိမ်ထဲ ၅ ခုလုပ်လျှင် နောက်တစ်ကြိမ်လည်း ၅ ခုပဲရမှာပါ ။ ဒါပေမယ့် သူမသိတာက ဆေးပင်တွေဟာ သူတို့ရဲ့ အမြင့်ဆုံးစွမ်းဆောငိရည် ရှိချိန်မှာသာ ဖြစ်နိုင်ပါတယ် ။ အရမ်းကိုတော်တယ့်ဆေးဆရာသာ ဒီလိုလုပ်နိုင်တာပါ ။ အရေးကြီးဆုံးကတော့ တိုင်မင်ကိုက်ဖို့ပါ ။
စိတ်စွမ်းမားမီးတောက်တွေကို အသေးငယ်ဆုံး ဖြစ်အောင်ထိန်းချုပ်ပီးမီးဖိုးထဲထည့်ဖို့လိုပါတယ် ။ နောက်မို့ဆို အကုန်လောင်ကျွမ်းသွားမှာပါ ။ ကိုယ်ငြိမ်းဆေးပင်ဟာ အဆင့် ၃ နဲ့ ၃ အောက်ရှိသူတွေအတွက် တကယ်ကောင်းတယ့်ဆေးပါ ။ အဓိကကတော့ ကိုယ်ကိုသန့်စင်ပေးတာပါ ။ ချန်ရှန်ဟာ အဆင့် ၅ ဖြစ်တယ့်အတွက် သူ့အတွက် အကျိုးသက်ရောက်မှုတော့သိပ်မရှိလှပါဘူး ။ သို့သော် ချီဓာတ်ပြန်လည်စုဆောင်းရာမှာ တော့ မြန်ဆန်စေပါတယ် ။ ချန်ရှန်ဆေးတစ်လုံးစားလိုက်ပါတယ် ။ သူ့ကိုယ်မှာရှိရမယ့် ချီဓာတ်တဝက်ကျော်လောက်ကို ပြည့်သွားပါတယ် ။ ကျန်လေးလုံးကိုတော့ သူ့အဖေကို အမြည်းပေးဖို့ဆုံးဖြတ်လိုက်တယ် ။
“ဆေးကတော့ကောင်းတယ် ။ ဒါပေမယ့် ခုတော့ ငွေစ ၇၀၀ ကိုစားလိုက်ရသလိုပဲ ”
ချန်ရှန်သူ့အဖေစာကြည့်ခန်းဆီ ဝမ်းပန်းတနည်းနဲ့ ထွက်လာပါတယ် ။ အချိန်ကတော့ ညနက်နေသော်လည်း ချန်တျန်းဟူတစ်ယောက် မအိပ်သေးပေ ။ သိုင်းပညာနဲ့ ပတ်သတ်သည်များ ဖတ်လျက်ပါ ။ ဒါကသူ့အကျင့်ပါပဲ ။
” သားချန်ရှန် ၊ ဘယ်လိုပြသနာမျိုးဖြစ်လို့ ဒီလိုချိန်ကြီးတောင် လာရတာလဲ ”
ချန်တျန်းဟူ ချန်ရှန့်ကိုယ်ပေါ်က ဆေးအနံ့ရတယ့်အတွက် မျက်မှောင်ကြုံ့သွားပါတယ် ။
” အဖေ့ကို သားရဲ့ ပထမဆုံးဆေး အမြည်းကျွေးမလို့ပါ ”
ချန်ရှန် စပ်ဖြဲဖြဲနဲ့ ပြန်ဖြေလိုက်ပါတယ် ။
” ဘယ်လို !! ”
ချန်တျန်းဟူ မျက်လုံးကြီးပြူလျက် မယုံကြည်နိုင်ပဲ ဝုန်းခနဲကို မတ်တပ်ရပ်သွားပါတယ် ။ တကယ်တော့သူဟာ ချန်ရှန် ၈နှစ်ကနေ ၁၀ နှစ်လောက်ဆေးပင်စိုက်တာကြာမယ်လို့တွက်ထားတာပါ ။ တစ်ရက်ထဲနဲ့ ပီးမယ်ဘယ်လိုမှမထင်ထားဘူးလေ ။ တစ်ကယ့်ကို တစ်ရက်ထဲနဲ့ပါပဲ။ ချန်ရှန် သူ့အဖေကို နှင်းခဲလိုဖြူနေတယ့် ကိုယ်ငြိမ်းဆေးလေးလုံး ပေးလိုက်ပါတယ် ။ သူ့အဖေလည်း ချန်ရှန်ပေးတဲ့ဆေးတွေကို မျက်လုံးကြီးပြူးလျက် မယုံကြည်နိုင်သော မျက်နာနဲ့ အံ့သြနေဆဲပါ ။
” ပူနေတုန်းပါပဲလား ”
သူ့စိတ်တွေ အံ့သြရာကနေ တညိငြိမ်သွားပါတယ် ။ သူ့သားဟာ ဆေးပညာကိုတစ်ရက်ထဲနဲ့အောင်မြင်သွားတာ လူထောင်ပေါင်းများစွာမှာမှ တစ်ယောက်မရှိတဲ့ ပါရမီရှင်ပါပေပဲ ။
ဒီလိုပါရမီရှင်မျိုးတွေမှာ အမျိုးမျိုးသော စွမ်းအားတွေ ရှိကြပါတယ် ။ အထင်ကြီးအားကျစရာတွေချည်းပါပဲ ၊ မနာလိုသူများသောကြောင့် လုပ်ကြံသတ်ဖြတ်ချင်သူတွေလည်း ရှိတတ်ကြပါတယ် ။
ချန်တျန်းဟူ စိတ်လှုပ်ရှားမှုကိုလျော့ချကာ ဆေးတွေကိုယူ၍ –
” တကယ်ကိုကောင်းတာပဲ ၊ ခန်းမကရောင်းတဲ့ဆေးတွေထက်ကို ပိုကောင်းတယ် ။ ရောင်းရင် အနည်းဆုံး ၈၀၀ လောက်ရနိုင်တယ် ။ ငါ ဒါတွေယူပြီးရောင်းပီး မယ် ပြီးကျ ဆေးပင်တွေပြန်ဝယ်ပေးမယ် သား ”
ဆေးပင်တွေကို မြန်မြန်ကြီးထားအောင် လုပ်ပြီး ဆေးအဖြသ် ရက်ပိုင်းအတွင်း လုပ်နိုင်တယ့် ချန်ရှန်ဟာ အနာဂတ်မှာ ထိပ်သီးဆေးဆရာဖြစ်လာလိမ့်မယ်ဆိုတာကို သူ့အဖေ သဘောပေါက်လိုက်ပါတယ် ။
” မင်းသိပ်အလောတကြီးမလုပ်ပါနဲ့ ၊ ခုလိုဆေးပင်အနိမ့်စားလေးတွေ အရင်လုပ်ပါ ။ ပိုပိုအောင်မြင်လာမှ မြင့်တဲ့ဆေးပင်တွေဘက် လှည့်တာပေါ့ ”
ချန်ရှန် ခေါင်းညိ့မ်လိုက်ပါတယ် ။ ထို့နောက် သူ့အိမ်ပြန်လာကာ စွမ်းအင်တွေပြန်ဖြည့်ဖို့စောင့်နေပါတော့တယ် ။ ပြီးတာနဲ့ လက်ကျန်ဆေးပင်တွေနဲ့ ဆေးလုံးတွေ ထပ်လုပ်ဦးမှာပါ ။
နောက်တစ်နေ့မနက်မှာတော့ ချန်ရှန်စောစောနိုးကာ ကိုယ်ငြိမ်းဆေးပင်အကြောင်း စဉ်းစားနေပါတယ် ။ တစိကြိမ်ထဲနဲ့ အောင်မြင်သွားတယ့်အတွက် နည်းနည်းတော့ စိတ်လှုပ်ရှားမိနေတယ်။ ခုနောက်တစ်ကြိမ်လဲ ရှေးနည်းအတိုင်း အတိကျလုပ်သည့်အတွက် နောက်ဆုံးအဆင့်ပင်ရောက်ရှိနေပါပြီ ။ မီးဖိုထဲတွင် ဆေးဖက်ဝင်ချီ ဓာတ်တွေ ပေါင်းစပ်နေကြလျက်ရှိပါတယ် ။ ချန်ရှန်လည်း ပထမတစ်ခေါက်နဲ့မတူ အေးအေးဆေးဆေးပင်ဖြစ်လျက်ပါ ။ သူ့ရဲ့ ချီဓာတ်စွမ်းအင်တွေကိုလည်း သုံးနေလျက်ပေါ့ ။
” အောင်မြင်ပြီ ”
ချန်ရှန် ရေရွတ်လျက် မီးဖိုးအဖုံးဖွင့်ချိ်န်မှာတော့ ကိုယ်ငြိမ်းဆေး ၅ ခုကိုတွေ့ရပါတော့တယ် ။ ဒီတစ်ကြိ်မ်မှာတော့ ၂ နာရီပဲကြာလိုက်တာပါ ။
ဒီရက်ပိုင်းတွေမှာတော့ ချန်ရှန်တစ်ယောက်ဆေးပင်တွေဝယ်ကာ ဆေးတွေပြုလုပ်လျက် ကုန်ဆုံးနေပါတယ်။ ကိုယ်ငြိမ်းဆေးသာမက တခြားအနိမ့်စားဆေးပင်တွေကိုပါ အလေ့ကျင့်ရအောင် ပြုလုပ်နေတာပါ ။ ၄ င်းတို့ကတော့ – “ပြည့်ဖြိုးဆေး” ၊ “ရွှေအရသာအားဖြည့်ဆေး” ၊ “အဆိပ်ဖြေဆေး” ၊ “တည်ငြိမ်ဆေး” နဲ့ အခြားဆေးပေါင်းများစွာပါ ။
အစပိုင်းမှာ မအောင်မြင်သော်လည်း ကြာလာသည်နှင့်အမျှ စွမ်းအင်ထိန်းချုပ်မှုတွေ ကျွမ်းကျင်လာကာ ဆေးတွေကို သဘာဝကျကျ ပိုထုတ်လာနိုင်ပါတယ် ။
ဆွဲတောင်မှုရှိတဲ့ စုမေးယိုရဲ့ ဆေးနည်းတွေဟာ တကယ်ကို ထိမိလှပါတယ် ။ သူမကိုဆေးပညာတတ်မယ်လို့ သူမထင်မိပါဘူး ၊ ဆေးပညာကို ဆံပင်ဖြူဖြူ ဆေးဆရာကြီးတွေပဲ တတ်ကျွမ်းမယ်လို့ယူဆထားတာပါ ။
ချန်ရှန်ဟာ ဒီရက်ပိုင်းတွေမှာ မပင်ပန်းတော့ပါ ။ ဆေးပင်တွေ စိုက်နေရလို့လည်း သူ့ရဲ့လေ့ကျင့်ခန်းတွေကို မပျက်ကွက်ခဲ့ပေ ။ နေ့လည်ခင်းတိုင်း နဂါးတံတွေးကျင့်စဉ်ကို ကျင့်နေရတုန်းပါ ။ ဆေးပင်တွေကြီးထွားဖို့ ၄ င်းအရာက မရှိမဖြစ်ပဲလေ ။ တစ်လကြာပြီးနောက်မှာတော့ ချန်ရှန်ဟာ အနိမ့်စားဆေးဖော်တယ့်နေရာမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပါတော့တယ် . . . ။