အပိုင်း ၁၃၈•၁
” အားနည်းတဲ့သူကို အင်အားကြီးတဲ့သူကစားသုံးတယ်….တောတွင်းနိယာမ ”
°°°
ရှောင်းရှောင်းက သာမန်အားနည်းတဲ့၀ိညာဥ်စက်ကွင်းနှစ်ကွင်း၀ိညာဥ်ပညာရှင်တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ကျင့်ကြံဆင့်ကလဲ အဆင့်သုံးဆယ်နီးပါးရောက်နေခဲ့ပါပြီ။ အရေးကြီးဆုံးကတော့ သေရေးရှင်ရေးတိုက်ပွဲအတွေ့အကြုံတွေအများကြီးရှိနေခဲ့သလို ကိုယ်အစွမ်းအစကိုကောင်းကောင်းနားလည်နိုင်တဲ့ တံခါးပိတ်ကျင့်ကြံမှုကို အောင်မြင်ထားခဲ့တာပါပဲ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကလဲ သူ့ကိုအထောက်အပံ့ပြုထားဆဲဖြစ်နေခဲ့တယ်။
သားရဲကောင်အရှေ့ကို ခုန်၀င်လာချိန်မှာ သူကအနောက်ကိုဆုတ်သွားခဲ့ပါတယ်။ ထန်မျိုးနွယ်ရဲ့တပည့်သားဖြစ်တာကြောင့် သရဲအရိပ်ခြေရာနည်းလမ်းကို ဘယ်လိုသုံးရမလဲသိပြီသားပါ။ ဆက်တိုက်ဆိုသလို ဦးတည်ရာနေရာကို ပြောင်းလဲရင်းအနောက်ဖက်ပျံသန်းထွက်လာခဲ့ပါတယ်။ တစ်ဖက်မှာရှိနေခဲ့တဲ့အလင်းတန်းဓားတွေရဲ့နေရာကိုလဲ ကပ်သီးလေးရှောင်ရှားနိုင်ခဲ့တယ်။
အလင်းတန်းဓားသွားတွေဖြတ်သွားတဲ့နေရာတိုင်းမှာ တစ်ချွင်ချွင်မြည်သံတွေက ထွက်ပေါ်လာသလိုဘေးမှာရှိနေတဲ့ အပင်တွေအများကြီးလဲ ဖြတ်တောက်ခံလိုက်ရပါတော့တယ်။
ဒီတိုက်ခိုက်မှုကို ခုန်ရှောင်နိုင်လိုက်ပေမဲ့ ရှောင်းရှောင်းကတော့ ချွေးတွေထွက်နေခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ သူကအဲ့ဒီသားရဲကောင်ရဲ့ အဓိကပစ်မှတ်မဟုတ်ခဲ့တာကြောင့်သာ ဒီလိုခုန်ရှောင်ခဲ့တာပါ။
ဒီတစ်ကြိမ်မှာတော့ နှစ်တစ်သောင်းသားရဲကောင်က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ရှေ့ကိုရောက်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်နဲ့ မျက်လုံးထဲမှာ နောက်တစ်ကြိမ်ခရမ်းရွှေရောင်အလင်းတန်းတွေက တောက်ပလာခဲ့ပါတယ်။ နှစ်တစ်သိန်းသားရဲကောင်လဲ လက်ရှိအချိန် ဟို့ယွိဟောင်ရဲ့ကြောက်စရာကောင်းတဲ့ စိတ်၀ိညာဥ်စွမ်းအားကို သူကလေးဆီကနေသိထားပုံရတဲ့အတွက်သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကိုအသုံးပြုပြီး ပြန်တိုက်ခိုက်ဖို့အတွက် ကြိုးစားနေခဲ့တော့တယ်။
ဒါပေမယ့် သူ့အမှားကိုသူနားလည်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ပစ်မှတ်က တစ်ခြားတစ်ယောက်ဖြစ်နေခဲ့တယ်။
နှစ်တစ်သောင်းသားရဲကောင်ရဲ့ကိုယ်ပေါ်မှာလဲလှောင်နေတဲ့ နှစ်တစ်ထောင်သားရဲကောင်က ဒေါသတကြီးနဲ့လဲလှောင်ပြီစောင့်ဆိုင်းနေခဲ့တာပါ။
ရုတ်တရက်ဆိုသလို ဖရဲသီးတစ်လုံးကွဲထွက်သွားသလို အသံတစ်သံကပေါ်လာပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ခေါင်းနဲ့တခြားအပေါက်တွေကနေ သွေးတွေကဆက်တိုက်ဆိုသလို စီးကျလာပါတော့တယ်။ သွေးတွေကနှစ်တစ်ထောင်သားရဲကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို စိုရွှဲနေခဲ့ပါပြီ။
ဟို့ယွိဟောင်က တစ်ချက်လေးတောင် မသနားမညှာတာခဲ့ပါဘူး။ နှစ်တစ်ထောင်သားရဲကောင်က သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို ထိခိုက်ထားပြီဖြစ်တာကြောင့် စိတ်၀ိညာဥ်ပင်လယ်ကလဲ ပြင်းပြင်းထန်ထန်ပျက်စီးနေပြီသားဖြစ်ပါတယ်။ ပြင်ဆင်ထားချင်မရှိတဲ့အတွက် သူ့ရဲ့ဦးနှောက်ကလုံး၀ကို ချေမွခံလိုက်ရပါတယ်။
ဒါကတောတွင်းနိယာမပါပဲ။ အကယ်၍ သူသာ ငါကိုသာသတ်ချင်တယ်ဆိုရင် ငါကသူ့ကိုအရင်သတ်လိုက်မှာပါ။ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းတွေသာ ဖြတ်ပြေးနေခဲ့ပါတယ်။
နှစ်တစ်ထောင်သားရဲကောင်နဲ့ သူတို့ရင်ဆိုင်ရတာသိပ်မကြာသေးပါဘူး။ အဲ့ဒီနောက် နှစ်တစ်သောင်းသားရဲကောင်က သူတို့ဆီပြေးလာနေခဲ့ပါပြီ။
နှစ်တစ်သောင်းသားရဲကောင်ရဲ့လက်ရှိအချိန်မှာ အမြင်ရှု့ထောင့်တွေကလုံး၀ကို ပြောင်းလဲသွားပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ ထိခိုက်ခံစားရတဲ့နေရာက လက်ရှိအချိန်မှာ ဖျက်ဆီးခံလိုက်ရပုံပါပဲ။ မတူညီတဲ့မျိုးစေ့တွေက မတူညီကြတဲ့အတွေးအခေါ်တွေရှိကြသလို ၀ိညာဥ်သားရဲကောင်တွေလဲ အတူတူပါပဲ။ ဒါ့အပြင် သူတို့တွေက သနားညှာတာစိတ်နဲ့ သွေးသားတွေကိုချစ်ခင်စိတ်ရှိနေသေးတာကတော့ ငြင်းပယ်မရနိုင်တဲ့အချက်ပါ။
နှစ်တစ်သောင်းသားရဲကောင်က နှစ်တစ်ထောင်သားရဲကောင်ရဲ့သေဆုံးမှုကြောင့်အရမ်းကိုထိတ်လန့်နေခဲ့ပါတယ်။ ဒါကြောင့် အော်ဟစ်ဟိန်းဟောက်ရင်းနဲ့ သူကျောဖက်မှာရှိတဲ့ နှစ်တစ်ထောင်သားရဲကောင်ဖက်ကို ပြန်လှည့်လို့သွားခဲ့တယ်။ နှစ်ပေါင်းသောင်းနဲ့ချီအောင် ရှင်သန်လာခဲ့ပြီဖြစ်တဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်အတွင်းစွမ်းရည်ကကြီးမားလာနေခဲ့ပြီသားပါ။ ဒါကြောင့် လက်ရှိလိုအချိန်မျိုးမှာ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို သူကရှောင်ရှားနိုင်လိုက်ပါတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက ဒီအချိန်မှာပူးပေါင်းပြီတိုက်ခိုက်နေခဲ့ပါပြီ။ သူတို့ရဲ့ခန္ဓာကိုယ်ထဲကနေ သုံးရောင်ခြယ်အလင်းတန်းတွေက ထွက်ပေါ်လာပါတော့တယ်။
စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုနဲ့ ညွှန်ကြားချက်နဲ့အတူနှစ်တစ်သောင်းသားရဲကောင်ကို သူတို့ရဲ့ပေါင်းစည်းစွမ်းရည်က စတင်ပြီတိုက်ခိုက်ပါတော့တယ်။ ရွှေရောင်လမ်းရဲ့ဖြတ်သန်းသွားလာလမ်းတည့်တည့်မှာရှိနေခဲ့တဲ့ သားရဲကောင်က လက်ရှိအချိန်မှာရပ်တန့်လို့သွားခဲ့ပါပြီ။
တောက်ပတဲ့ရွှေရောင်လမ်းက ပတ်ပတ်လည်မီတာရာချီအထိကို ပြန့်လွှင့်လို့သွားခဲ့ပါတယ်။ နှစ်တစ်သောင်းသားရဲကောင်က ချက်ချင်းဆိုသလို ရွှေရောင်ရုပ်ထုကြီးအသွင်ကိုပြောင်းလဲလို့သွားခဲ့ပြီ အောက်ဖက်ကိုအရှိန်ပြင်းပြင်းနဲ့ ပြုတ်ကျလာတော့တယ်။
၀ိညာဥ်သားရဲကောင်တွေကို ဒီလိုပေါင်းစည်းပြီအသုံးပြုခဲ့တာပထမဆုံးအကြိမ်ပါ။ ဒါကြောင့် ရလဒ်ကလဲနှစ်ယောက်စလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။
နှစ်တစ်သောင်းသားရဲကောင်ခန္ဓာကိုယ်ထဲကနေ ကျားတစ်ကောင်လိုအရိပ်ကခွဲထွက်လို့သွားခဲ့ပါတယ်။ သားရဲကောင်ရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ပြုတ်ကျလာပြီတဲ့နောက် မလှုပ်မယှက်ဖြစ်သွားပါတော့တယ်။ အဲ့ဒီအချိန်မှသာ ကြောင်တစ်ကောင်လိုအရိပ်ကခန္ဓာကိုယ်ထဲပြန်၀င်လာခဲ့တာပါ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်လဲ ဘာမှန်းမသိပဲတအံ့တဩဖြစ်နေခဲ့ပါတယ်။ ဒီအရိပ်ကနှစ်စက္ကန့်အတွင်းမှာပြန်၀င်လို့လာခဲ့ပြီတဲ့နောက် ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ရွှေရောင်အလင်းတန်းတွေကလဲ ဖြည်းဖြည်းချင်းပြန်လည်ပျောက်ကွယ်သွားပါတော့တယ်။
နှစ်တစ်သောင်းကျားက အခုအချိန်မှာခေါင်းမူးနေတုန်းပါပဲ။ ရွှေရောင်လမ်းက ကြီးမားတဲ့အလင်းစွမ်းအားကိုပိုင်ဆိုင်ထားတဲ့အတွက် အမှောင်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့သားရဲကောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာတိုက်စားမှုအက်ကွဲလေးတွေက ဖြစ်ပေါ်လာပါတော့တယ်။ သူ့ရဲ့အားကောင်းတဲ့အရှိန်အ၀ါကလဲ အတော်ကြီးကိုလျော့ကျလို့သွားခဲ့ပါပြီ။ ခေါင်းကိုဘယ်ညာရမ်းရင်တစ်စုံတစ်ရာဆီကလွှတ်မြောက်အောင်ရုန်းကန်နေရပုံပေါ်နေခဲ့တယ်။ လက်ရှိအချိန်မှာ နှစ်တစ်ထောင်သားရဲကောင်က မြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့ပြီ ၀ိညာဥ်စက်ကွင်းကလဲ ပေါ်ထွက်လို့နေခဲ့ပါတယ်။
ရွှေရောင်လမ်းက သားရဲကောင်တွေအပေါ်မှာ ၀ိညာဥ်ပညာရှင်တွေထက်ပိုပြီးသက်ရောက်မှုပြင်းထန်တဲ့ပုံပါပဲ။ ဟို့ယွိဟောင်က ဒီပေါင်းစည်းစွမ်းရည်ကိုရွေးချယ်လိုက်တယ်ဆိုတာ ပြိုင်ဘက်ရဲ့အစွမ်းအစကို ထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။
ဒါပေမယ့် နှစ်တစ်သောင်းသားရဲကောင်ရဲ့အဆုံးသတ်က သူ့ထင်ထားတာထက်ပိုပြီးတော့ ထူးဆန်းနေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီသတ္တ၀ါက အရမ်းကိုမြန်မြန်ဆန်ဆန်ရွေ့လျားနေခဲ့ပြီ သူ့ရဲ့အရှိန်နှုန်းက ရွှေရောင်လမ်းနဲ့တိုက်ရိုက်ထိတွေ့မှုကို တွန်းအားပေးနေခဲ့တယ်။ သူတို့အရှေ့မှာဖြစ်နေတဲ့ကိစ္စကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကအံ့ဩရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။
ခေါင်းကိုပြင်းပြင်းထန်ထန်ခါရမ်းနေခဲ့တဲ့ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်က စက္ကန့်ပိုင်းခြားပြီအချိန်မှာ ပြန်လည်ကြည်လင်လို့သွားပုံပါပဲ။ အဲ့ဒီနောက် နှစ်တစ်ထောင်သားရဲကောင်ရဲ့ ခန္ဓာကိုယ်ကိုတစ်ချက်ကြည့်လိုက်ပါတယ်။ ဒေါသတကြီးနဲ့သူအော်ဟစ်ဟိန်းဟောက်လိုက်ရင်း သွေးတွေစီးကျမတတ်တောက်လောင်နီရဲနေတဲ့မျက်လုံးတွေနဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုကြည့်ကာ ခုန်အုပ်ဖို့လုပ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာသူ့ရဲ့အရှိန်နှုန်းက အရင်ကထက်ပိုပြီးနှေးကွေးလို့နေခဲ့ပါတယ်။
နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေက အရင်လိုမျိုးနှေးကွေးစေတဲ့အလုပ်ကိုလုပ်ဆောင်ပေးနေဆဲပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကဖြစ်နေတဲ့ကိစ္စတွေနဲ့ အပြောင်းအလဲတွေကိုအာရုံမစိုက်နိုင်ပါဘူး။ ဒီတစ်ကြိမ်မှာတော့ ရန်လိုနေတဲ့သတ္တ၀ါကို ရင်ဆိုင်ဖို့သာအာရုံစိုက်နေရပါတော့တယ်။
ရုတ်တရက်ဆိုသလိုသားရဲကောင်က မြစိမ်းရောင်အသွင်ကို ပြောင်းလဲလို့သွားခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်ကလဲ ဖြည်းဖြည်းချင်းကြီးထွားလာပါတော့တယ်။ မူလခန္ဓာကိုယ်ထက် တစ်မီတာကျော်ပိုရှည်လျားလာပြီ အရှိန်အ၀ါတွေကလဲ အပြင်ကိုတစ်ပေနီးပါးဆန့်ထွက်လာခဲ့တယ်။ ဒီအစိမ်းရောင်အလင်းတန်းကြောင့် သူ့ရဲ့ခန္ဓာကိုယ်က ကြောက်စရာကောင်းတဲ့ကျားတစ်ကောင်လိုတူနေခဲ့ပါပြီ။ ဒါ့အပြင် ကြောင်လိုအော်မြည်သံတွေကလဲ ကျားရဲ့ဟိန်းဟောက်သံအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက်ခံစားနေရတဲ့ဖိအားက သူတို့နှစ်ယောက်စလုံးကို အသက်ရှုကြပ်လာစေခဲ့ပါပြီ။ ကျင့်ကြံဆင့်ကွာခြားချက်က လက်ရှိအချိန်မှာသိသာထင်ရှားလို့လာပါတော့တယ်။ သူတို့ရှေ့မှာရှိနေခဲ့တဲ့ နတ်ဆိုးကျားကနောက်ဆုံးမှာ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ တူညီနေတဲ့သတ္တ၀ါပါ။ ဒါ့အပြင် သူ့ရဲ့အစွမ်းအတွေက ၀ိညာဥ်ဘုရင်တွေထက်တောင်ပိုပြီးသာလွန်နိုင်ပါသေးတယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကလဲ ခေါင်းရမ်းနေတဲ့ကျားဆီကနေ နောက်ကိုခပ်မြန်မြန်ဆုတ်ခွာပါတော့တယ်။ ၀မ်သုန့်ရဲ့ဘယ်ဘက်လက်မောင်းကနေလဲ အလင်းတန်းစက်ကွင်းတွေက စတင်ပေါ်ထွက်လို့လာခဲ့ပါပြီ။ သူတို့နှစ်ယောက်စလုံးက ရွှေရောင်အလင်းတန်းတွေအောက်မှာ တောက်ပလို့နေပါတော့တယ်။
ဟောင်သုန့်စွမ်းအားက ရွှေအလင်းဘယ်ဘက်လက်မောင်းအရိုးရဲ့၀ိညာဥ်စွမ်းရည်တွေကို အားပြုပြီးထောက်ပံ့လို့ပေးပါတယ်။
ရွှေရောင်အလင်းတန်းတွေရဲ့ ၀ိညာဥ်စွမ်းရည်ဖြည်းဖြည်းချင် ဖြစ်ပေါ်လို့လာချိန်မှာတော့ သူတို့ခန္ဓာကိုယ်ထဲမှာ ကုန်ဆုံးသွားခဲ့တဲ့၀ိညာဥ်စွမ်းအားတွေက မြန်ဆန်းလွန်လှတဲ့အရှိန်နှုန်းနဲ့ ပြန်လည်ဖြည့်တင်းလို့လာပါတော့တယ်။
ဟို့ယွိဟောင်က ညာဘက်လက်ကိုမြောက်လိုက်ရင်း အလင်းတန်းတစ်ခုကို သူ့ဆီပြေး၀င်လာနေတဲ့သတ္တ၀ါဆီပြစ်လွှတ်လိုက်ပါတယ်။ ဒါကတော့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကိုအသုံးပြုပြီး ပစ်မှတ်ကိုတားဆီးနိုင်စွမ်းရှိနေတဲ့ သွက်ချာပါဒအလင်းတန်းပါ။
၀ိညာဥ်ကိုသွက်ချာပါဒလိုက်စေတဲ့ ဒီအလင်းတန်းက သားရဲကောင်ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်စေလို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်မှာရှိတဲ့အစိမ်းရောင်အလင်းတန်းကြောင့် ၀ိညာဥ်လက်နက်ရဲ့အင်အားက သူ့ခန္ဓာကိုယ်ပေါ်သက်ရောက်ခဲ့ပုံမပေါ်ပါဘူး။
မြစိမ်းရောင်တောက်ပနေခဲ့တဲ့ ခန္ဓာကိုယ်ကပိုမိုအရှိန်အဟုန်ကောင်းလာခဲ့ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အရှေ့ကို မျက်တောင်တစ်ခတ်အတွင်းရောက်ရှိလို့လာခဲ့ပါတယ်။
ကောင်းကင်ပေါ်မှာကတော့ တစ်မီတာကျော်အချင်ရှိတဲ့အလင်းတန်းတစ်လမ်းက ဖြစ်ပေါ်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့အနောက်ဖက်ကို နေရာရွေ့ပြောင်းလို့သွားခဲ့ပြီ ၀မ်သုန့်ရဲ့ပုခုံးကို သူလက်နှစ်ဖက်နဲ့ကိုင်ထားရင်း သရဲအရိပ်ခြေရာကိုလဲ ဆက်တိုက်အသုံးပြုနေခဲ့ပါတယ်။ သူတို့တွေက မျက်စိကျိန်မတတ်အရှိန်နှုန်းနဲ့ ရွေ့လျားလို့နေခဲ့ပြီ သတ္တ၀ါဆီကရောက်ရှိလာတဲ့အလင်းလုံးကို တိုက်ခိုက်ဖို့လုပ်နေခဲ့တယ်။
မရေမတွက်နိုင်တဲ့အလင်းတန်းတွေက တစ်ချိန်ထဲမှာပဲဖြာထွက်လို့လာခဲ့ရင်း သူတို့ရှေ့မှာရှိနေခဲ့တဲ့သားရဲကောင်ကို ဖုံးလွှမ်းလို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီသတ္တ၀ါကမူလစွမ်းရည်ကို ထုတ်လွှတ်ထားပြီဖြစ်တာကြောင့် တကယ်ကြောက်စရာကောင်းလွန်လှတယ်။
သူတို့ထုတ်သုံးလိုက်တဲ့ရွှေရောင်အလင်းတန်းတွေက မြစိမ်းရောင်အလင်းတန်းနဲ့ ထိတွေ့မိချိန်မှာချက်ချင်းဆိုသလို ပျောက်ကွယ်သွားပုံရပါတယ်။ လေထဲမှာရှိနေခဲ့တဲ့သတ္တ၀ါကတော့ ဆက်တိုက်မတိုက်ခိုက်ခဲ့ပါဘူး။ အသက်ရှုချိန်နှစ်ကြိမ်စာအထိ တခဏတာရပ်တန့်လို့သွားခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်တို့တိုက်ခိုက်နေတဲ့အလင်းတန်းတွေကလဲ ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပြီ သားရဲကောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ အကာအကွယ်အလင်းတန်းကလဲ ဖြည်းဖြည်းချင်းပါးလျလို့သွားခဲ့ပါတယ်။
သားရဲကောင်ရဲ့၀ိညာဥ်စွမ်းရည်က ထိုက်ယွဲ့ယန်ရဲ့ ကျားဖြူဒိုင်းကာနဲ့တူညီနေပါတယ်။ ဒါပေမယ့် ကွာခြားချက်ကတော့ ဒီ၀ိညာဥ်အစွမ်းက တိုက်ခိုက်မှုခုခံမှုနဲ့ အရှိန်နှုန်းအားလုံးကို မြင့်တင်ပေးနိုင်တာပါပဲ။ ၀မ်သုန့်ရဲ့ လိပ်ပြာနတ်မိမယ်ဓားချက်က ကြောက်စရာကောင်းပေမဲ့ လက်ရှိအချိန်မှာတော့ အသာစီးမရနိုင်တာအမှန်ပါ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က နောက်တစ်ကြိမ်ဗျူဟာကိုပြောင်းလဲလိုက်ပါတယ်။ ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့အနောက်ဖက်မှာ ရပ်နေဆဲဖြစ်ပြီ ဟောင်သုန့်စွမ်းအားတွေကို၀မ်သုန့်ခန္ဓာကိုယ်ထဲအပြည့်အ၀လွှဲပြောင်းပေးနေခဲ့တယ်။ ၀မ်သုန့်က ညာဘက်လက်ကိုမြောက်လိုက်ပြီ လက်ညိုးကိုထောက်ရင်းသားရဲကောင်ဆီကို လက်ညိုးထိုးထားခဲ့ပါတယ်။ သူ့ရဲ့ညာဘက်လက်မောင်းတစ်ခုလုံးက တောက်ပနေခဲ့ပါပြီ။
ဘယ်ဘက်လက်မောင်းရဲ့ အလင်းစက်ကွင်းတွေက မတူညီပဲညာဘက်လက်ရဲ့အလင်းတန်းကတော့ စူးရှထက်မြက်တဲ့စူးစိုက်မှုတွေအပြည့် ပါ၀င်နေခဲ့တယ်။
၀မ်သုန့်ရဲ့ညာဘက်လက်က လက်ရှိအချိန်မှာ ဘယ်ဘက်လက်ရဲ့အားပြုမှုနဲ့အတူ ရှိနေခဲ့ပါတယ်။ ဘယ်ဘက်လက်ရဲ့ရှိရှိသမျှအလင်းတန်းတွေအားလုံးက ညာဘက်လက်ထဲမှာသွားစုပြီ လက်ညိုးရဲ့ထိပ်ဆီကို ဦးတည်လို့နေခဲ့တယ်။ အားကောင်းတဲ့၀ိညာဥ်အရိုးနှစ်ခုစွမ်းရည်က တစ်ချိန်ထဲမှာ ဖြစ်ပေါ်လို့လာခဲ့ရင်း တစ်ဖက်နဲ့တစ်ဖက် အားဖြည့်ပေးလို့နေခဲ့ပါတယ်။
အစောပိုင်းတုန်းက လိပ်ပြာနတ်မိမယ်ဓားချက်ကိုသုံးတဲ့အချိန်ရွှေရောင်အလင်းတန်းကို အသုံးမပြုခဲ့ဘူးဆိုတာ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေအကြောင်း ကောင်းကောင်းနားလည်နေလို့ပါပဲ။ တစ်နေရာထဲကိုအားပြုတဲ့တိုက်ခိုက်မှုမဟုတ်ခဲ့ရင် ဒီလိုအားဖြည့်မှုက သိပ်ပြီအသုံးမ၀င်နိုင်ဘူးဆိုတာ သူသိနေခဲ့တယ်။ ဒါ့အပြင် အခုလက်ရှိသူသုံးနေတဲ့ တိုက်ခိုက်မှုက သူ့ရဲ့အင်အားအကြီးဆုံးတိုက်ခိုက်မှုပါပဲ။
” ယွိဟောင် အတူတူတိုက်ခိုက်မယ် ”
၀မ်သုန့်ရဲ့အော်သံနဲ့အတူ စူးရှတဲ့အလင်းတန်းတစ်ခုက သူ့ညာဘက်လက်ညိုးဆီကနေ အပြင်ဘက်ကိုပြေးထွက်လို့သွားပါတော့တယ်။ သုံးလက်မကျော်ရှည်လျားတဲ့ဒီအလင်းတန်းရဲ့ ထိပ်ဖျားကချွန်ထက်နေခဲ့ပြီ အောက်ဖက်အပိုင်းကတော့ လက်ညိုးတစ်ချောင်းလိုမျိုးထူးထပ်ပါတယ်။ ရွှေရောင်အလင်းတန်းတွေကတော့ လျှပ်စီးလက်သလိုအရှိန်မျိုးနဲ့ တောက်ပလို့နေခဲ့တယ်။
အခုလက်ရှိအချိန်မှာတော့ ဒီလက်ညိုးအသွင်ရွှေရောင်အလင်းတန်းက သားရဲကောင်ရဲ့နဖူးတည့်တည့်ကို၀င်ရောက်လို့သွားခဲ့ပါပြီ။
၀မ်သုန့်ရဲ့ အလင်းတန်းဖျက်ဆီးနတ်ဆိုးညာဘက်လက်မောင်းအရိုးက ဒီ၀ိညာဥ်စွမ်းရည်ကို ဖြစ်ပေါ်စေပါတယ်။ ၀မ်သုန့်က ဒါကို၀ိညာဥ်အရိုးနာမည်အတိုင်းသာ နာမည်ပေးထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ နာမည်စဥ်းစားရမှာသူပျင်းနေလို့ပါ။ ရှိသမျှအလင်းစွမ်းအင်တွေအားလုံးကို တစ်ခုထဲအဖြစ်စုစည်းပြီ ဒီ၀ိညာဥ်စွမ်းရည်ကတိုက်ခိုက်နိုင်ပါတယ်။ လွန်ပူတစ်ခုနဲ့ထိုးဖောက်သလိုပုံစံတူနေခဲ့တာ ၀မ်သုန့်ရဲ့ကျင့်ကြံဆင့်က မမြင့်မားသေးလို့ပါပဲ။ အကယ်၍ သူ့ရဲ့ကျင့်ကြံဆင့်သာ ပိုမြင့်လာခဲ့မယ်ဆိုရင် အပ်တစ်ချောင်းအရွယ်အစားအထိ သေးငယ်သွားမှာဖြစ်သလို အဲ့ဒီထက်ပိုသေးငယ်မယ်ဆိုရင်တော့ အပ်ချည်ကြိုးမျှင်ထက်တောင် သေးငယ်သွားတဲ့အထိကို ရောက်ရှိနိုင်ပါတယ်။
၀မ်သုန့်ရဲ့ကျင့်ကြံဆင့်က ဟောင်သုန့်စွမ်းအားကြောင့် ၀ိညာဥ်ဘိုးဘေးအဆင့်အထိကို မြင့်တက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ရွှေရောင်အလင်းတန်းရဲ့ထောက်ပံ့မှုကြောင့်သာ ဒီ၀ိညာဥ်စွမ်းရည်ကိုထုတ်သုံးနိုင်ခဲ့တာပါ။ အမှောင်ထုသားရဲကောင်ဖြစ်တဲ့ နတ်ဆိုးကျားအသွင်ကြောင်ကို တိုက်ခိုက်တဲ့နေရာမှာလဲ ဒီစွမ်းရည်ကအသုံး၀င်နေခဲ့တယ်။
အပိုင်း ၁၃၈•၁ ပြီး၏။