Chapter – 7 နဂါးတံတွေးကျင့်စဉ်
” ဟာာ. . ဒါဘာလဲ ရပ်ကြစမ်း ၊ ငါ့ဆေးပင်ခန်းမကို ပြာကျအောင်လုပ်မလို့လား ”
လူကြီးတစ်ယောက်က စပြီး အော်ပြောလိုက်ပါတယ် ။ချန်ရှန်ဆီက မီးတောက်တွေ စငြိမ်းစပြုလာတယ် ။ ခန်းမထဲက လူတွေလဲ ခုမှ သတိပြန်ဝင်လာကြပါတယ် ။ ချန်ရှန်လုပ်လိုက်တယ့် မီးလျှံတွေကြောင့် ဒေါသလည်း နည်းနည်းထွက်နေကြပုံပါပဲ ။
” ဒီမှာ ချန်ဇျန်းဟွာ၊ တန်ဖိုးမရှိတဲ့လူတစ်ယောက်က လုပ်တယ့် မီးတောက်ကို ကြောက်တယ်လို့ မပြောနဲ့နော် ၊ ကဲခုကောဘယ်လိုလဲ ပိုတန်ဖိုးမရှိတဲ့လူဖြစ်သွားပြီပေါ့ ဟုတ်တယ်မလား ”
ချန်ရှန်ခနဲ့တဲ့တဲ့နဲ့ ပြန်ပြောလိုက်တယ် ။
ချန်ဇျန်ူဟွာ ဖြစ်ပျက်နေတယ့်ပုံစံက တော်တော်ကို ရုပ်ဆိုးပါတယ် ။ ဒီလိုမီးတောက်ကို ထုတ်နိုင်တဲ့လူ ဒီမှာ မရှိပါဘူး ၊ ပြည်နယ်မှူးသမီးလည်း အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်လျက်ပါ ။ ချန်ရှန်ကိုလည်း ငေးကြည့်လျက်ပေါ့ ၊ မီးလျှံတွေရဲ့စွမ်းအားကို မျက်ဝါးထင်ထင်တွေ့လိုက်ရတာကိုး ၊ ခေါင်းလည်းငုံ့နေလျက်ပါ ခုနက ချန်ရှန်ကို လမ်းဘေးခွေး တစ်ကောင်လို ဆက်ဆံခဲ့တာကြောင့်ပေါ့ ။ ချန်ရှန်ဟာ သူ့စွမ်းအင်တွေကို ထုတ်ပြမယ့်အစား လျို့ဝှက်ထားဖို့ ဆုံးဖြတ်ထားမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ ၊သူ့အရွယ် ဘယ်သူမှလဲ ဒီလိုမလုပ်တတ်ဘူးလေ ၊ ဆိုလိုတာက ရှိနေတောင် ထုတ်မပြလောက်ဘူးထင်မိကြတာပေါ့ ။
“ခန်းမသခင်ကြီး . ၊ ဒီလူငယ်လေးလုပ်တာပါ”
အသက်ခပ်လတ်လတ်အရွယ် အဖြူရောင်ဝတ်ရုံအတိုကို
ဝတ်ဆင်ထားတယ့် လူတစ်ယောက် ချန်ရှန်အနောက်က ထွက်လာပါတယ် ။ လူကြီးက ချန်ရှန်ကို စိုက်ကြည့်နေပါတယ် ။ သူ့မျက်နာမှာတော့ မယုံကြည်နိုင်မှု ၊ အံ့အားသင့်မှု ၊ စိတ်ကျေနပ်မှု တွေ ရောထွေးလျက်ပါ ။
ဒီလူကြီးကတော့ ဒီခန်းမရဲ့ပိုင်ရှင် သခင်ကြီးပဲဖြစ်ပါတယ် ။ သူဟာအလွန်တော်တယ့် ဆေးပညာရှင်တစ်ယောက်ပါ ။ သူ့အဘိုးနဲ့လဲ ဇာတ်လမ်းလေးတွေ ရှိခဲ့တယ့် လူတစ်ယောက်ပေါ့ ။
“လူကလေး ၊ မင်းငါ့ရဲ့ အလုပ်သင်အဖြစ် သင်ယူလိုသလား”
လူကြီးရဲ့အမေးစကားကြောင့် ခန်းမထဲရှိလူအားလုံး အံ့အားသင့်သွားပါတယ် ။ ချမ်းသာပြီးအာဏာရှိတယ့် မျိုးနွယ်စုတွေဟာ သူတို့ရဲ့ကလေးတွေကို ဒီလူကြီးဆီမှာ ပညာသင်အဖြစ် ထားချင်ကြတာ လူတိုင်းအသိပါ ။ သူနဲ့တချို့ရင်းနီးတဲ့လူတချို့ သူ့ဆီလာပြောကြတာတောင် သူဟာ ငြင်းလွှတ်တတ်စမြဲပါ ။
အားလုံးမှင်သက်နေကြပုံပါပဲ ။ ချန်ရှန်လည်း တခြားသူများနည်းတူပါ ။သိုင်းပညာပါရမီမရှိဘူး ၊ စစ်မှန်တဲ့ ချီမီးလျှံတွေကိုထုတ်လွှတ်နိုင်တယ် ၊ စတယ့်အချက်တွေကြော်င့ ခန်းမသခင်ကြီး ဟာ ဒီကောင်လေးက တကယ်တော်မယ့် မျိုးစေ့လေးပဲ ဆိုတာ သိလိုက်ပါတယ် ။
ချန်ရှန်လည်းခေါင်းကုတ်လျက်ပြန်ပြောလိုက်ပါတယ် ။
” အကယ်၍ ကျွန်တော်က သင်ချင်စိတ်ရှိတောင် ဆရာနဲ့ ကျွန်တော့အဖိုးဟာ ရန်သူတွေဖြစ်နေပါတယ် ။ ဒါကြောင့် ဝမ်းနည်းစွာပဲ ငြင်းဆိုပါရစေ ” ချန်ရှန်လည်း အေးဆေးစွာ နောင်တရမှု ဝမ်းနည်းမှုမရှိပဲ ပြန်လှည့်ထွက်ခဲ့ပါတယ် ။ ချန်ရှန်ဒီလိုငြင်းလိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်နိုင်ကြပါဘူး ။ သူတို့ဟာ ခန်းမသခင်ကြီးပြောတာကို ချန်ရှန်နားလည်မှုလွဲနေတာလို့ထင်နေကြပါတယ် ။ သခင်ကြီးညည်းတွားသံကြားပြီး မှသာ လူတွေဟာ သခင်ကြီးရဲ့ ပညာသင်အဖြစ် ငြင်းတာကို ယုံကြည်သွားကြပါတယ် ။
အားလုံး ချန်ရှန်ကို အရူးလို့ထင်သွားကြတယ် ။ ချန်ရှန်အဘိုးနဲ့ ခန်းမသခင်ကြီးတို့ကြားက အမုန်းတရားကြောင့် သူဟာ ဒီအခွင့်အရေးကို လွှတ်ချခဲ့တာပဲဖြစ်ပါတယ် ။
ချန်ဇျန်းဟွာကတော့ မနာလိုမှုတွေနဲ့ ပြည့်လျက်ပါ ။ ခုနက ချန်ရှန်ကြောင့်သူ တော်တော်အရှက်တကွဲဖစ်ခဲ့ရတာပါ ။ အစက အားလုံးရဲ့အကြည့်တွေဟာ ချန်ရှန်ကို အထင်သေးဟန်နဲ့ ကြည့်ကြတာလေ ၊ ခုတော့ အထင်ကြီးလေးစားမှုတွေကို မြင်နေရပါတယ် ။ သူတို့ရဲ့မျက်လုံးထဲမှာ ပါရမီရှင် ဆေးဆရာဟာ တခြား ပါရမီရှင်တွေထက် ပိုတော်ပိုတတ်တယ် ဆိုတာကို ဖော်ပြနေသလိုပါပဲ ။
ချန်ရှန်ဟာ မွေးရာပါအားနည်းချက်ပါသော်လည်း ကြောက်စရာကောင်းတယ့် တိုက်ခိုက်ရေးပညာရှင်တစ်ယောက် ဖြစ်နိုင်ပါတယ် ။ ချန်ရှန်ဟာ နတ်အတွင်ွှအားတွေ ရှိရုံမက ဆေးဆရာတပိုင်းတောင်ဖြစ်နေပါပြီ ။ ခုတော့သူဟာ ဆေးမြစ်တွေစိုက်နိုင်နေပြီး ချီဓာတ်တွေပါ ထုတ်နိုင်နေပြီလေ။ ဆေးဆရာတစ်ယောက်ဟာ ဒီထက်မက အတွေ့အကြုံတွေနဲ့ အသိပညာတွေလိုအပ်သော်လည်း သူကတော့ မကြာခင် ဆေးတွေဖော်နိုင်တော့မှာပါ။
သူ့ အဘိုးနဲ့ ခန်းမသခင်တို့ဟာ ပြိုင်တွေဖြစ်ခဲ့တာ ချန်ရှန်သိပြီးသားပါ ။ ဒါတင်မကသေး သူ့ အဖိုးဟာချန်ရှန်အပေါ် အတော်ကောင်းခဲ့ပါတယ် ၊ အချိန်တွေအကြာကြီး သူ့ကိုဆေးတွေပေးခဲ့ပါတယ် ။ သူ့သိုင်းပညာအဆင့် ၃ ကတက်စေဖို့ပါ ။
ချန်ရှန်အိမ်ပြန်ရောက်တယ့်အခါမှာတော့ သူ့အဖေကို ဆေးပင်ခန်းမဆောင်မှာ ဘယ်လိုတွေဖြစ်ပျက်ခဲ့လဲဆိုတာ ပြန်ပြောပြပါတော့တယ် ။
“ကောင်းတယ် ချန်ရှန် ၊ အဲခန်းမသခင်ဆိုတယ့်လူဟာ ငါတို့ချန်မျိူးနွယ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တာပဲ ၊ ဆေးမြစ်တွေကို မတန်တဆဈေးတွေ တင်ရောင်းခဲ့တယ် ။ မင်းမှာ ဒီလိုချီမီးလျှံတွေ ရှိနေပြီဆိုမှတော့ ဆေးပညာရှင်ဖြစ်ဖို့ မခက်ခဲတော့ပါဘူး ၊ ငါမင်းကို အပြည့်အဝ ကူညီမယ် ”
ချန်တျန်းဟူ အတော်စိတ်လှုပ်ရှားနေပါတယ် ။ သူ့သားဟာ ချီ ဓာတ်တွေ ထုတ်နိုင်နေပြီလေ ။ ဒါဟာ တခြားမွေးရာပါ သိုင်းပညာပါရမီပါလာတယ့်လူတွေထက်ကို ပိုကောင်းတယ့်အနာဂတ်ရှိတယ်ဆိုတာ ပြနေသလိုပါပဲ ။
ချန်ရှန်လည်းအနောက်ဖက်က သူ့နားနေဆောင်မှာခဏနားပြီး ဆေးပင်တွေစိုက်ဖို့ပြင်ပါတယ် ။ နေ့လည်ခင်းအချိန် သူ၏ကုတင်ပေါ်တင်ပလ္လင်ခွေထိုင်ကာ ကောင်းကင်နဲ့မြေကြီးရှိ ဝိဥာဉ်ချီဓာတ်တွေကို အာရုံပြုနေပါတယ် ။ ထိုက်ကျိကျင့်စဉ်မှာပါတဲ့ နဂါးတံတွေးကျင့်စဉ်ကိုစကျင့်ကာ ချီဓာတ်တွေ အလျင်မြန်ပဲ ပြုလုပ်နေပါတော့တယ် ။
ဒီနဂါးတံတွေးကျင့်စဉ်ကျင့်ပီးတဲ့အခါမှာ သူလျာပေါ်မှာ အရသာတခုခုကျန်နေမှာပါ ။ အဲဒိအရာသာကျန်တဲ့အရာကိုထွေးကာ ရေနဲ့လျော၍ ဆေးမြစ်ကို စိုက်မှာဖြစ်ပါတယ် ။ အချိန်တိုတိုတွင်း ဆေးမြစ်ဟာရှင်သန်ကြီးထွားလာပါလိမ့်မည် ။
မနက်ခင်းရောက်တဲ့အခါ ချန်ရှန် သူ့လျာကိုထုတ်လိုက်ပါတယ် ။ မိုးပြာရောင် နှင်းပေါက်ပုံစံလေးရှိနေတာပါ ။ ၄င်းကိုပင် နဂါးတံတွေးလို့ခေါ်ခြင်းဖြစ်ပါတယ် ။
၄င်းကိုမြင်သောအခါ ချန်ရှန်အရမ်းကိုဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ် ။ သူ့ပထမဆုံးလေ့ကျင့်တယ့်အခေါက်မှာပဲ ဒီလိုအောင်မြင်လိမ့်မယ်လို့ မထင်မိဘူးလေ ။ ချက်ချင်းပဲ နဂါးတံတွေးကို ရေအပြည့်ရှိတယ့်ပုံးထဲ ချလိုက်ပါတယ် ။ ပုံးတစ်ခုလုံး မိုးပြာရောင်တောက်သွားပါတော့တယ် ။
ချန်ရှန်လည်း ရေပုံးကိုဂရုတစိုက်ကိုင်ကာ ဆေးမြစ်များပေါ် လောင်းပေးနေပါတယ် ။ မိုးပြာရောင်ဝိဥာဉ်တော်မြက် ၊ သွေးသန့်စင်ပန်း ၊ သိမ်မွေ့ပန်း နဲ့ ဝိဥာဉ်တော်သစ်ရွက်မြက် တို့ဟာ အနည်းငဟ်အဆင့်နိမ့်တယ့် ဆေးပင်များဖြစ်ပြီး အများအားဖြင့် ရှင်သန်ကြီးထွားရန် ၃ နှစ်ခန့် အချိန်လိုအပ်ပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန်ရဲ့ နဂါးတံတွေးကြောင့် ၁ လနဲ့ကို ကောင်းကောင်းကြီးထွားသွားတော့မှာပါ ။
မိုးပြာရောင်မြက်အဆင်းရှိတယ့် မြက်ဟာ ချီဓာတ်ထုတ်လွှတ်နိုင်တယ့် “မိုးပြာရောင်ဝိဥာဉ်တော်မြက် ” ပဲဖြစ်ပါတယ် ။ သွေးလိုနီပြီးလက်သီးဆုပ်အရွယ်ရှိတာကတော့ “သွေးသန့်စင်ပန်း” ပါ ။ နှင်းလိုစွတ်စွတ်ဖြူပြီး အခိုးတွေထွက်နေတာကတော့ သိမ်မွေ့ပန်းဖြစ်ပြီး သစ်ရွက်ကို လှီးဖြတ်ထားသလိုပုံစံရှိတာကတော့ “ဝိဥာဉ်တော်သစ်ရွက်မြက်” ဖြစ်ပါတော့တယ် ။
ချန်တျန်းဟူတစ်ယောက် လမ်းလျှောက်ရင် ချန်ရှန် အဆောင်ဘက် ရောက်တယ့်အခါ အံ့သြသွားပါတယ် ။ လွန်ခဲ့တဲ့တစ်လက သူတွေ့ခဲ့တာ ပျိုးပင်ပေါက်လေးတွေပါ ၊ သူကောင်းကောင်းမှတ်မိတာပေါ့ ။
” ချန်ရှန် ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့စွမ်းအင်တွေကို တခြားသူတွေကို ပြတာ ရှောင်ကြဉ်ရမယ် ။ ဒီအကြောင်းကို မင်းနဲ့ငါပဲသိတာ ၊ ရတနာတွေရှိတယ့်လူဟာ သူ့ပစ္စည်းတွေကို ထုတ်ဖော်မပြသသလို မင်းလည်းစွမ်းရည်တွေ မပြနဲ့နော်”
ချန်တျန်ူးဟူ အသည်းသန်မှာနေပါတယ် ။ သူ့သားဘယ်လိုစွမ်းရည်တွေရလည်းဆိုတာတော့ မေးမြန်းခြင်းမရှိပါဘူး ။
ချန်ရှန်ခေါင်းတညိမ့်ညိမ့်နဲ့ပါ ။ ဒီသူ့အိမ်ဟာ ချန်တျန်းဟူ ပိုင်နက်ထဲရှိနေတာမို့ တစ်စုံတစ်ယောက်လာမယ်ဆို သူ့အဖေခွင့်ပြုချက်ယူရပါတယ် ။ ဒါကြောင့်ပဲသူဟာ စိတ်ချလက်ချနဲ့ ဆေးပင်တွေ စိုက်နေတာပါ ။
“ဆေးပညာအရည်အချင်းတွေ ရှိနေရင်တောင်မှ ဆေးပညာရှင်ဖြစ်ဖို့ အာ့လောက်မရိုးရှင်းဘူး ။ ဆေးပညာနဲ့ပက်သတ်ပြီး ကိုယ့်ဟာကိုယ်လေ့လာဖို့ဆိုတာကတော့ ခက်ခဲလွန်းတယ်။ ဒါကြောင့် အခြေခံကျကျ ပိုင်နိုင်အောင် လုပ်ရမယ် ။ တကယ်လို့မင်းအဆင့်တွေမှားရင်တောင် ငါတို့ လိုအပ်တယ့် ဆေးဆရာတစ်ယောက်ရှာပြီး ပြန်ပြင်ရမှာပေါ့ ”
ချန်တျန်းဟူးလည်း မှာကြားပြီး သူ့အိတ်ထဲက အဂ္ဂိရတ် မီးဖိုးတစ်ခုကို ထုတ်လိုက်ပါတယ် ။
ချန်တျန်းဟူက ဆက်လက်၍
” ဒီမီးဖိုးလေးကသိပ်အကောင်းကြီးတော့မဟုတ်ပါဘူး ၊ ဒါပေမယ့် ငါတတ်နိုင်တယ့် အကောင်းဆုံး လက်ဆောင်ပါ ၊ အကြီးအကဲတွေနဲ့ ပိုက်ဆံကိစ္စစကားပြောတာစောင့်ဦးနော် ၊ ဒီထက်ကောင်းတာဝယ်ပေးပါ့မယ် ”
ဆေးပညာရှင်တစ်ယောက်အတွက် မရှိမဖြစ်အရေးကြီးဆုံးအရာကတော့ ဒီလိုမီးဖိုးပါ ။ ဒုတိယအနေနဲ့က ဆေးပင်ဆေးမြစ်တွေပါ ။ ချန်ရှန်လည်း သဘောကျဟာ ရယ်မောလျက် သူ့အဖေကို ပြန်ပြောပါတယ် ။
” ကျေးဇူးပါအဖေ ၊ အဖေက ကျွန်တော်ပထမဆုံးလုပ်မယ့် ဆေးကို စားမယ့်လူပဲ ဖြစ်တယ် ”
ချန်တျန်းဟူ လည်း ရယ်မောလျက် ထွက်ခွာသွားလေသည် ။
ဒီလအတောအတွင်းမှာတော့ ချန်ရှန်ဟာ ဆေးပင်စိုက်တယ့်အချိန်ကလွဲလို့ ကျန်အချိန်များမှာ စုမေးယိုအား ဆေးပညာရဲ့လျို့ဝှက်ချက်များ မေးမြန်းခြင်း ဖြင့်သာ ကုန်ဆုံးစေခဲ့ပါတယ် ။ အဆိုပါမိန်းမလှလေးကလည်း ချန်ရှန်သေချာနားလည်အောင်ကို သေချာရှင်းပြပေးပါတယ် ။
ချန်ရှန်ဆေးပညာသင်နေတုန်းမှာပဲ တခြားအခက်ခဲများလည်း ကြုံရပါသေးတယ် ။ ဥပမာအားဖြင့် – မီးလျှံများထိန်းချုပ်ခြင်း ၊ ချီဓာတ်တွေ အဆက်မပြန် လွင့်ထွက်ခြင်း ၊ ဆေးအဖြစ်ခဲရာမှာ တိကျမှုများလ်ိုနေခြင်း နဲ့ စိတ်ဝိဥာဉ်စွမ်းအားဆိုင်ရာပြသနာတွေကြုံတွေ့ရတာပါ ။
” အမတော် စုမေးယို ၊ ဆေးပင်တွေကို ဆေးဖြစ်အောင် ဘယ်ချိန်မှာ စပြင်ဆင်သင့်လဲ ”
ချန်ရှန် စိတိစွမ်းအားနဲ့ ကွင်းလေးထဲမှာရှိတယ့် စုမေးယိုကို ဆေးပင်နှုတ်ရင်း မေးလိုက်ပါတယ် ။ ဒီလိုတွေထဲက တချို့ကပဲ ဆေးအဖြစ် အသုံးပြုလို့ရတာပါ ။ ဒီလိုအဆင့်များစွာ ရှိပေမယ့် ချန်ရှန်ဟာ အေးဆေးပါ ။ စုမေးယို သူ့ကို အကုန်သင်ပေးပြီးဖြစ်နေပြီလေ ။
စုမေးယိုက ချိုသာတယ့်အသံလေးဖြင့် . .
” သိပ်မကြာခင် တစ်နှစ်ခွဲလောက်ဆို ရပြီ ”
” ဘယ်လို ! ၊ ကျွန်တော် ယောင်မျိုးနွယ်နဲ့ပြိုင်ဖို့ နောက်တစ်လလောက်ပဲ အချိန်ရတော့တယ်ဗျ ”
ချန်ရှန် ထိတ်လန့်စွာ ပြန်ပြောလိုက်ပါတယ် ။
ဘိုင်ယုယုက အေးစက်စွာဖြင့် . .
” ဘယ်လိုတောင် အသုံးမကျရတာလဲ ၊ မင်းဘာလို့ ဆေးပညာမှာ သွားပြိုင်မှာတုန်း ၊ မင်းအားနဲ့ဆို သူ့ကို အမဲဖျက်သလိုလိုက်လို့ရတယ်လေ ”
ချန်ရှန် ပါးစပ်အဟောင်းသားဖြစ်သွားတယ် ။ သူသာ ဟိုဆေးဆရာကို အမဲဖျက်လိုက်ရင် ယောင်မျိုးနွယ်နဲ့ ချန်မျိုးနွယ်ကြားမှာ စစ်ပွဲကြီးလိုဖြစ်တော့မှာ ၊ သူ့အဖေတွေ အကြီးအကဲတွေပါ ပါဝင်လာတော့မယ့်အရေးပါ ။ အရမ်းကို စိတ်အနှောက်အယှက်ပေးလွန်းရာ ကျသွားမှာပါ ။
သူဆေးပင်တွေကို မီးဖိုထဲစထည့်ပါတယ် ။ အဆင့်တိုင်းအဆင့်တိုင်းကို အရမ်းတိကျစွာ ပြုလုပ်ရမှာဖြစ်ပါတယ် ။
ဆေးပညာရဲ့ အဓိက အဆင့်တွေမှာ – စစ်မှန်သော ချီဓာတ်များ မီးဖိုအတွင်း ထည့်ခြင်း ၊ ဆေးပင်တွေကို ဖုတ်ခြင်း ၊ မီးဖိုကနေ ချီဓာတ်တွေ ထွက်လာတာကိုစောင့်ခြင်း ၊ ဒီလိုထွက်လာတယ့်အမျိုးမျိုးသော ချီဓာတ်တွေကို ဆေးပင်အခြောက်များဖြင့် ရောနှောခြင်း ၊ တစ်နေရာထဲတွင် တပေါင်းထဲထားခြင်း နှင့် ဆေးအဖြစ် ပြစ်ခဲသွားအောင်လုပ်ခြင်း တို့ပါဝင်ပါတယ် ။
ချန်ရှန်ဟာ သူ့လက်တွေနဲ့ မီးဖိုရဲ့ တစ်ဖက်စီကို ကိုင်ပါတယ် ။ သူ့ရဲ့စိတ်စွမ်းအားနဲ့ မီးဖိုရဲ့အတွင်းပိုင်းမှာရှိတယ့် အခြေအနေကို စစ်ဆေးရင်း သူ့ကိုယ်က မီးတောက်မီးလျှံတွေကို မီးဖိုထဲ ထည့်လိုက်ပါတော့တယ် . . . ။