Switch Mode

Chapter – 137.3

ကြယ်တာရာသစ်တောထဲကို နောက်တစ်ကြိမ်ပြန်လည်ဝင်ရောက်ခြင်း

အပိုင်း ၁၃၇•၃

” ကြယ်တာရာသစ်တောထဲကို နောက်တစ်ကြိမ်ပြန်လည်၀င်ရောက်ခြင်း ”
°°°
ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတိုးတက်လာမှုကို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပိုပြီးပျော်ရွှင်နေခဲ့ပါတယ်။ သူ့ရဲ့ချိတ်ပိတ်စည်းတွေကို ဖြည်းဖြည်းချင်းဆိုသလို ဖွင့်ပေးနေရင်း ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ပိုမိုသိပ့်သည်းအောင်ကူညီနေခဲ့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေထဲမှာ သူ့ရဲ့မူလစွမ်းအားတွေကိုလဲ ဆက်တိုက်ပေါင်းစည်းလို့ပေးနေခဲ့ပါတယ်။

ကျင့်ကြံဆင့်က အနည်းငယ်သာတက်နေခဲ့ပေမဲ့ မူလစွမ်းအားကြောင့် လက်ရှိအချိန်မှာ စိတ်၀ိညာဥ်စွမ်းအားက အများကြီးတိုးတက်နေခဲ့တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားက မြင့်မားတဲ့အဆင့်ကိုရောက်ရှိဖို့အတွက် အချိန်အကြာကြီးစုဆောင်းဖို့လိုပါလိမ့်မယ်။ အထူးသဖြင့်သူ့ရဲ့တံခါးပိတ်ကျင့်ကြံမှုကြောင့်သာ ဒီလိုမြန်မြန်ဆန်းဆန်းတိုးတက်မှုက ဖြစ်လာခဲ့တာပါ။ အသိအမြင်အသစ်တွေပွင့်လာခဲ့ပြီတဲ့နောက် စိတ်၀ိညာဥ်စွမ်းအားရဲ့တိုးမြင့်မှုက မိုးကောင်းကင်အထိကို ထိုးတက်သွားပါတော့တယ်။

စိတ်၀ိညာဥ်ပင်လယ်ကြီးကလက်ရှိအချိန်မှာ ၀ိညာဥ်အကြီးအကဲအများစုထက် ဆယ်ဆမကကျယ်ပြန့်နေခဲ့ပြီ ၀ိညာဥ်ဘုရင်တွေတောင် သန့်စင်တဲ့၀ိညာဥ်စွမ်းအားမှာ သူ့ကိုယှဥ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သူ့မှာစိတ်၀ိညာဥ်ပင်လယ်ကနှစ်ခုတောင်ရှိနေခဲ့တာပါ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်သူ့ကိုပေးအပ်ထားတဲ့စွမ်းအားလေးခုထဲမှာ လေးခုစလုံးက အများကြီးကိုတိုးတက်လာခဲ့ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးရဲ့ ၀ိညာဥ်စက်ကွင်းနှစ်ခုကလဲ နှစ်ပေါင်းငါးထောင်စွမ်းအားအထိကို ပိုတိုးတက်လာခဲ့ပြီလဲဖြစ်ပါတယ်။

စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်က သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့တိုက်ရိုက်ချိတ်ဆက်နေခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပေါင်းတစ်သန်း၀ိညာဥ်သားရဲကောင်ဖြစ်တဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ သူနဲ့ချိတ်ဆက်ပြီးပြီ သူ့ကိုဆက်တိုက်သန့်စင်ပေးနေခဲ့တာပါ။ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားကဒါကြောင့် လန့်စရာကောင်းတဲ့အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။

ဒါပေမယ့် လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်စွမ်းအားတိုးတက်မှုက ၀ိညာဥ်စွမ်းအားထက်တောင် ပိုပြီးကန့်သတ်ချက်ရှိနေခဲ့ပါတယ်။ ဒါကြောင့် အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ အဆင့်တက်မှုကပိုပိုပြီးခက်လာခဲ့တယ်။ အကယ်၍ ဟို့ယွိဟောင်သာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ နှစ်တစ်သန်းစွမ်းအားတွေကိုအပြည့်အ၀စုပ်ယူနိုင်တဲ့နေ့တစ်နေ့ရောက်လာခဲ့မယ်ဆိုရင် သန့်စင်တဲ့စိတ်၀ိညာဥ်စွမ်းအားမှာ သူ့ကိုယှဥ်နိုင်မဲ့သူမရှိပဲ လောကနံပါတ်တစ်ဖြစ်လာခဲ့မှာပါ။

” ငါတို့အခုဘာလုပ်ကြမလဲ ”

၀မ်သုန့်က ဟို့ယွိဟောင်ကိုကြည့်ရင်းမေးနေခဲ့တယ်။

” ဒီကောင်ရဲ့ဒဏ်ရာတွေကမပြင်းထန်ဘူး….သူ့ရဲ့စိတ်၀ိညာဥ်ထိခိုက်သွားတာပဲရှိမယ်…တခဏတာကြာပြီရင် သတိပြန်လည်လာမှာပါ ဒ်ီကောင်ဆက်ပြီမလှုပ်ရှားနိုင်အောင် သစ်ပင်နဲ့ခဏချီထားကြတာပေါ့ ”

အဲ့ဒီနောက် နတ်ဆိုးကျားအသွင်ကြောင်ရဲ့ ခန္ဓာကိုယ်ကိုဆွဲယူလိုက်ပြီ သစ်ပင်ကြီးတစ်ပင်ပေါ်တက်သွားပါတော့တယ်။ အဲ့ဒီနောက် ခပ်မြင့်မြင့်သစ်ကိုင်းတစ်ကိုင်းပေါ်မှာတင်လိုက်ပါတယ်။

နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်ရဲ့ပြန်လည်ကောင်းမွန်နိုင်စွမ်းက အတော်လေးကို ထိတ်လန့်စရာကောင်းနေခဲ့တယ်။ မကြာခင်မှာပဲ ပြန့်ကျဲနေတဲ့၀ိညာဥ်စွမ်းအားတွေက သိသိသာသာကြီးကို ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။

အဲ့ဒီနောက် ၀မ်သုန့် ရှောင်းရှောင်းတို့နဲ့ခွာလိုက်ပြီအောက်ဖက်ကို ခပ်မြန်မြန်ဆင်းလာခဲ့ပါတော့တယ်။ အဲ့ဒီနောက် သူတို့သုံးယောက်စလုံးလဲ သစ်တောရဲ့အနက်ပိုင်းနေရာအထိကို ပြန်လည်၀င်ရောက်လာခဲ့ပါပြီ။

” ငါတို့သွားတာ ဆယ်ကီလိုမီတာတောင်ရောက်တော့မယ်…ယွိဟောင် ”

၀မ်သုန့်က ဆယ့်ငါးမိနစ်ကြာအောင်လမ်းလျှောက်ပြီတဲ့နောက် ပြောလာခဲ့ပါတယ်။

” ကောင်းပြီ ငါတို့ဒီအပြင်ဖက်နယ်မြေမှာဆက်ပြီလုပ်ဆောင်ကြတာပေါ့ ”

မဟာကြယ်တာရာသစ်တောကြီးက ကျယ်ပြန့်ပါတယ်။ ၀ိညာဥ်သားရဲကောင်အများစုက ဆယ်ကီလိုမီတာ၀န်းကျင်ပတ်လည်မှာသာနေကြပြီ ဒီပတ်လည်မှာနေသူတော်တော်များများကလဲ ဆယ်နှစ်နဲ့နှစ်တစ်ရာသားရဲကောင်တွေကြီးပါပဲ။ သူတို့တွေ့ခဲ့တဲ့နှစ်တစ်ထောင်သားရဲကောင်ကလွဲပြီရင် တခြားသားရဲကောင်တွေကို နှစ်နာရီအတွင်းမှာမတွေ့ခဲ့တာအမှန်ပါ။

များပြားတဲ့နှစ်တစ်ထောင်သားရဲကောင်တော်တော်များများကို သူတို့ဖြတ်သန်းလာခဲ့ပေမဲ့ သူတို့တွေအားလုံးကစိတ်သဘောထားနူးညံ့တဲ့သူတွေဖြစ်ကြသလို စတင်တိုက်ခိုက်ဖို့ကလဲ မကြိုးစားကြပါဘူး။ ဒါကြောင့်သူတို့လဲ ပြန်တိုက်ခိုက်ဖို့မလိုပဲရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်က မှောင်တော့မဲ့ကောင်းကင်ကိုတစ်ချက်ကြည့်လိုက်ပါတယ်။

” ငါတို့ပြန်သွားရအောင် သစ်တောအပြင်မှာနားမှပဲ အဆင်ပြေမယ်..ငါတို့ဒီနေရာမှာပဲရပ်လိုက်ကြမယ် ”

ရှောင်းရှောင်းကတော့ မကျေနပ်နိုင်သေးပါဘူး။

” စောသေးတယ်လေ မိုးတောင်မမှောင်သေးပဲနဲ့ကို ”

ဟို့ယွိဟောင်က ခေါင်းခါရင်းပြန်ဖြေလိုက်ပါတယ်။

” တောရဲ့အတွင်းပိုင်းလမ်းတွေက လမ်းလျှောက်ဖို့မလွယ်ဘူး ငါတို့တွေလဲ မြန်မြန်သွားနိုင်မှာမဟုတ်ဘူးလေ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုနေရာရဲ့ သက်ရောက်မှုကိုလဲကြည့်ရဦးမယ်…ငါတို့နည်းနည်းစောစောလေးပြန်လိုက်တာက ပိုကောင်းမယ် ..နောက်တစ်နေ့မနက်စောစောမှပြန်လာတာပေါ့ ငါပြောခဲ့တာကို မင်းမေ့သွားပြီလား ငါတို့တွေတွေဝေလို့လဲမရသလို စိတ်အလောကြီးလို့လဲမရဘူး..ဘယ်လိုပဲဖြစ်ဖြစ်လုံခြုံစိတ်ချအောင်နေမှ ဖြစ်မယ် ”

” ကောင်းပါပြီ ”

ရှောင်းရှောင်းလဲ ခေါင်းညိတ်လိုက်ပါတယ်။

သူတို့ကငယ်ရွယ်သေးဆဲဖြစ်သလို ကျင့်ကြံဆင့်ကလဲ တစ်၀က်မှာရပ်တန့်နေခဲ့တာပါ။ ဒါကြောင့် နောက်ထပ် ၀ိညာဥ်စက်ကွင်းတစ်ကွင်းကိုရှာဖွေပြီ စွမ်းအားကိုမြင့်တင်ချင်တာက ပုံမှန်ဖြစ်သင့်တဲ့ကိစ္စပါပဲ ဟို့ယွိဟောင်အတွက်လဲ အတူတူပဲဖြစ်ပါတယ်။ ကွာခြားချက်ကတော့ သူကပိုပြီးစိတ်ရှည်တာပါ။

အဲ့ဒီနောက် ကြယ်တာရာသစ်တောအပြင်ဖက်ကိုပြန်လျှောက်လာဖို့ လုပ်ပါတော့တယ်။

ဆယ့်ငါးမိနစ်တိတိလျှောက်ပြီချိန်မှာတော့ ဟို့ယွိဟောင်က ရုတ်တရက်ရပ်တန့်လိုက်ပါပြီ။

” ဘာဖြစ်လို့လဲ ”

ဟို့ယွိဟောင် ဒီလိုရပ်တန့်သွားတဲ့အကြောင်းအရင်းကို ၀မ်သုန့်ကနားမလည်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုနယ်မြေပတ်လည်မှာကတော့ ကြောက်စရာကောင်းတဲ့ဘယ်အရာမှ ရှိမနေတာအမှန်ပါ။

ဟို့ယွိဟောင်က မျက်မှောင်ကြုတ်ရင်းနဲ့ ပြောလိုက်ပါတယ်။

” ဘာကြောင့်လဲမသိဘူး…တစ်ယောက်ယောက်က ငါတို့ကိုစောင့်ကြည့်နေတယ်လို့ခံစားရတယ်…အန္တရာယ်များတဲ့တစ်စုံတစ်ရာပဲ ”

” မီတာတစ်ရာအကျော်ကနေငါတို့ကို ကြည့်နေတယ်လို့ပြောချင်တာလား ဒီနေရာမှာအပင်တွေအများကြီးရှိနေမှတော့ ဘယ်လိုလုပ်ငါတို့ကို မြင်နိုင်မှာလဲ ငါတို့ဆရာရဲ့အရှိန်အ၀ါကို နင်ခံစားမိနေတာလား ”

ရှောင်းရှောင်းက ပြောလာခဲ့ပါတယ်။

သူတို့သုံးယောက်က ထုတ်မပြောပေမဲ့ အကြီးအကဲရွှမ်ကသူတို့နောက်မှာလိုက်နေတာကိုတော့ သူသိနေဆဲပါ။

” မဟုတ်ဘူး ဒီသတ္တ၀ါကရန်လိုတတ်တယ် ”

ဟို့ယွိဟောင်က လှည့်ပြီတဲ့နောက် ၀မ်သုန့်ရဲ့လက်ကိုကိုင်ရင်း ရှောင်းရှောင်းရဲ့အရှေ့ကိုရုတ်တရက်ပိတ်ရပ်လိုက်ပါတယ်။

” မြောင် ”

စူးရှတဲ့အသံထွက်ပေါ်လာပြီတဲ့နောက် အနက်ရောင်အုပ်စုတစ်စုကရုတ်တရက်ဆိုသလို သူတို့ကိုဖြတ်သွားပါတော့တယ်။

အားကောင်းတဲ့ပုံစံတူတုပမှုအရှိန်အ၀ါက သူတို့အနောက်ဖက်မှာပေါ်လာခဲ့ပြီ ဒီအရှိန်အ၀ါက သတ္ထုတစ်ခုလိုမျိုးထူးခြားလွန်လှတယ်။

ဟို့ယွိဟောင်လဲ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အမြင့်ဆုံးအခြေအနေအထိ မြင့်တင်လိုက်ပါတယ်။

မူလအချိန်က မီတာတစ်ရာပတ်လည်တစ်ရာမှာသာရှိနေတဲ့ထောက်လှမ်းမှုက မီတာသုံးရာအထိကို မြင့်တက်လို့သွားခဲ့ပါပြီ။ ဒီလိုလုပ်တာကသူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို အများကြီးကုန်ဆုံးစေမှန်းသိနေပါတယ်။ ဒါပေမယ့် သူတို့ရဲ့အသက်ကိုကယ်တင်နိုင်ဖို့အတွက် ဒီလိုလုပ်တာကသိပ်ပြီကိစ္စမရှိပါဘူး။

အရိပ်လိုပုံသဏ္ဍာန်တစ်ခုက သူတို့နဲ့မီတာတစ်ရာ၀န်းကျင်မှာရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက မီတာသုံးရာပတ်ပတ်လည်ကို ရောက်ရှိနေခဲ့ပြီ အထက်ပိုင်းမီတာတစ်ရာငါးဆယ်အထိကို မြင့်တက်နေခဲ့တာပါ။ ဒါပေမယ့် ဒီသတ္တ၀ါက သူတို့အနား မီတာငါးဆယ်အထိရောက်အောင် ကပ်လာတာတောင် ဘာမှရှင်းရှင်းလင်းလင်းမမြင်ရပါဘူး။ ဒီသတ္တ၀ါရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီ ဘာမှဖမ်းလို့မရတဲ့အထိအရှိန်နှုန်းက ကြောက်စရာကောင်းနေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့အမူအရာကလဲ ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒီကြီးမားပြင်းထန်တဲ့ဖိအားကြောင့် သူ့မျက်လုံးထဲမှာရှိတဲ့ရွှေရောင်က ပိုပြီးတော့တောက်ပလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ နေ၀င်ဆည်ဆာချိန်ဖြစ်တာကြောင့် ကောင်းကင်ကြီးရဲ့အရောင်တောက်ပမှုကလဲဖြည်းဖြည်းချင်း မှိန်ဖျော့နေခဲ့ပါပြီ။ ဒါကြောင့် အာရုံစူးစိုက်မှုကို အဆုံးစွန်းအထိမြင့်ထားခဲ့ပါတယ်။

သူတို့တွေ့လိုက်တဲ့သတ္တ၀ါကတော့ တစ်မီတာကျော်ရှည်လျားတဲ့နတ်ဆိုးအသွင်ကျားတစ်ကောင်ပါ။ သူ့ရဲ့အနက်ရောင်အမွေးတွေမျက်နှာပြင်ပေါ်မှာ အစိမ်းဖျော့ဖျော့အလင်းတန်းတွေက ဖြာထွက်လို့နေခဲ့ပါတယ်။ သွေးနီရောင်တောက်ပနေတဲ့ မျက်လုံးတွေကအဆုံးစွန်းရန်လိုမှုအပြည့်ရှိနေခဲ့ပြီ တစ်ကိုယ်လုံးကလဲ ကြောက်စရာအတိပါပဲ။

သူ့ရဲ့ပတ်ပတ်လည် သုံးမီတာပတ်လည်မှာတော့ အစိမ်းရင့်ရင့်အလင်းတန်းတွေက လှိုင်းတွေအသွင်နဲ့ရှိနေခဲ့ပါတယ်။ သူ့ရဲ့ကျောပေါ်မှာလဲ သူတို့မနက်တုန်းကတွေ့ခဲ့တဲ့ နတ်ဆိုးအသွင်ကျားကရှိနေခဲ့တယ်။

” ငါတို့က အငယ်လေးကိုထိခိုက်အောင်လုပ်ပြီ အကြီးကြီးကို သွေးဆောင်လိုက်ပြီပဲ ကြည့်ရတာဒီတစ်ကြိမ်တော့ ငါတို့တွေညှာတာနေလို့မရတော့ဘူး. ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့အမူအရာတွေကလဲ ပိုပြီးအလေးအနက်ဖြစ်သွားပါတော့တယ်။ ပထမဆုံးသစ်တောထဲ၀င်တဲ့နေ့မှာတင် ဒီလိုပြဿနာကိုကြုံတွေ့ရမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေက ကြင်နာလွန်ပြီ ဒီအရူးကောင်ကိုခေါ်လာလိုက်မိသလိုဖြစ်သွားပါတယ်။

သူတို့ရင်ဆိုင်တွေ့ကြုံနေရတဲ့သတ္တ၀ါက သေချာပေါက် နှစ်တစ်သောင်းသားရဲကောင်ပါပဲ။ သူ့ရဲ့အရောင်တွေက အရမ်းကိုတောက်ပနေတာကြောင့် သေချာပေါက် နှစ်တစ်သောင်းကိုအခုမှပြည့်ပြီတာမဟုတ်မှန်း သေချာနေခဲ့တယ်။ သူတို့အနေနဲ့ ဒီလိုနှစ်တစ်သောင်းသားရဲကောင်ကိုတွေ့တာ ပထမဆုံးအကြိမ်ပါပဲ။ ဘယ်လိုလုပ်စိတ်မလှုပ်ရှားပဲနေနိုင်မှာလဲ။ ဒီလျှပ်စီးလက်သလိုအရှိန်နှုန်းနဲ့ကျားက ပုံမှန်အမြန်အမျိုးအစား၀ိညာဥ်ဘုရင်တွေထက်ကို သာလွန်နေခဲ့ပါသေးတယ်။

၀ိညာဥ်သားရဲကောင်တွေက ၀ိညာဥ်ပညာရှင်တွေနဲ့ကွာခြားချက်အများကြီးရှိပါတယ်။ သူတို့ရဲ့ကြောက်စရာအစွမ်းအစတွေက ၀ိညာဥ်ပညာရှင်တွေထက်ကိုပိုပြီးသန်မာပါတယ်။ ၀ိညာဥ်ပညာရှင်တွေကတော့ အသိဉာဏ်ကောင်းပြီ တိုက်ပွဲနည်းဗျူဟာတွေအများကြီးရှိနေတာကြောင့်သာ တိုးတက်နိုင်တာပါ။

ဒီကျားကသူတို့မြင်ဖူးသမျှအသက်ကိုခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တွေထဲမှာ အကြီးဆုံးပါပဲ။ ဒါကပြိုင်ပွဲတစ်ခုမဟုတ်တော့ပဲ သေရေးရှင်ရေးတိုက်ပွဲဖြစ်သွားခဲ့ပါပြီ။ နှစ်တစ်သောင်းကျော်နေတဲ့ နတ်ဆိုးကျားအသွင်ကြောင်က မတွေဝေတော့ပဲတိုက်ခိုက်လိုက်ပါတယ်။ သူ့ရဲ့သွေးနီရောင်တောက်ပနေတဲ့မျက်လုံးတွေက ကြောက်စရာအငွေ့အသက်တွေဖြာထွက်လို့နေခဲ့ပြီ ဒေါင်လိုက်ဖြစ်နေတဲ့အနက်ရောင်မျက်ဆံတွေက ဆက်တိုက်ဆိုသလို လှည့်ပတ်ပြောင်းလဲနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးထောက်လှမ်းမှုအရ ဒီသတ္တ၀ါကနေအချိန်မရွေးပေါက်ကွဲတဲ့စွမ်းအားတွေကို ထုတ်လွှတ်နိုင်မှန်း သူသိနေခဲ့တယ်။ ဒီအားကိုကာကွယ်ဖို့အတွက် သူတို့တွေခုခံနိုင်မှာမဟုတ်ပါဘူး။

” ကြည့်ရတာငါတို့အမြင်က နည်းနည်းမှားသွားတဲ့ပုံပဲ ”

ဟို့ယွိဟောင်ရဲ့အပြောကို ၀မ်သုန့်ကဘာမှပြန်မဖြေခဲ့ပါဘူး။ ဒါပေမယ့် နှုတ်ခမ်းတွေကိုတော့ တင်းတင်းစေ့ထားခဲ့တယ်။

ဒီလိုအခြေအနေမျိုးက အမျက်ဒေါသကျောင်းတော်ရဲ့အတွင်းတပည့်သားတွေစွမ်းအားကို မြင့်တင်ပေးနိုင်ပါတယ်။ အကြီးအကဲရွှမ်က သူတို့ကိုကာကွယ်ပေမဲ့ သူတို့အေးအေးဆေးဆေးမနေ၀ံ့ပါဘူး။ ဒီသတ္တ၀ါကို ကိုယ်ပိုင်အစွမ်းအစအဖြစ်နဲ့ရင်ဆိုင်တာကသာ တစ်ခုတည်သောဖြေရှင်းချက်ဖြစ်မှန်း သိနေခဲ့တယ်။

သူတို့ကြုံတွေ့နေရတဲ့သားရဲကောင်က နောက်တစ်ကြိမ်အော်ဟစ်ဟိန်းဟောက်ရင်းနဲ့ စတင်လှုပ်ရှားပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက မှန်ကန်တဲ့အာရုံခံမှုကို အပြည့်အ၀ရှိပြီနေပါပြီ။ ဒီတစ်ကြိမ်မှာကတော့ ဒိီရင်ဆိုင်ရတဲ့သားရဲကောင်ကိုသူဦးတည်ပါတော့တယ်။

သားရဲကောင်က အရမ်းကိုမြန်ဆန်းနေလွန်တဲ့အတွက် မူလရိုးရိုးမျက်လုံးနဲ့ မြင်အောင်ကြည့်ဖို့အခက်ခဲဆုံးပါ။ ဒါ့အပြင် သူခုန်လိုက်တိုင်းမှာ အနောက်ဖက်ပုံရိပ်ယောင်တွေက အများကြီးကျန်ပါသေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်က လေထဲမှာခုန်နေတာဖြစ်ပေမဲ့တစ်ချက်ပျောက်သွားပြီတဲ့နောက် ဟို့ယွိဟောင်တို့အရှေ့ကိုချက်ချင်းရောက်လာခဲ့ပါတယ်။

ဟို့ယွိဟောင်က နောက်ကိုမဆုတ်ခဲ့ပါဘူး။ ရှောင်းရှောင်းက သူ့နောက်မှာရှိနေခဲ့ပါတယ်။ ၀မ်သုန့်က သူ့ဘေးမှာပါ အဖွဲ့ခေါင်းဆောင်အနေနဲ့ သူကဒီအတိုင်းထွက်ပြေးလို့မရပါဘူး။ ဒါ့အပြင် သူဒီလိုလုပ်လိုက်မယ်ဆိုရင်တောင် ပြိုင်ဘက်ရဲ့မြန်ဆန်းတဲ့အရှိန်နှုန်းကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ။

ဟို့ယွိဟောင်ရဲ့ဘေးမှာရှိနေခဲ့တဲ့ ၀မ်သုန့်က ကျားနဲ့တစ်ချိန်ထဲမှာပဲ အရှေ့ကိုခုန်ထွက်လာပြီတိုက်ခိုက်ပါတယ်။ နှစ်ယောက်စလုံးက တစ်သားထဲအတိုင်းလှုပ်ရှားတာပါ။ ဟို့ယွိဟောင်ရဲ့ဘယ်ဘက်လက်က အထဲကိုကုတ်၀င်နေခဲ့ပြီ ညာဘက်လက်ကိုတော့ အပြင်ဆန့်ထုတ်ထားခဲ့ပါတယ်။ ဒီလက်နှစ်ဖက်စလုံးက ရေခဲဧကရီရဲ့ဆူးချွန်နဲ့ဆက်တိုက်သလို တောက်ပလို့နေခဲ့တယ်။

လက်ရှိအချိန်မှာ နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေက အရမ်းကိုအသုံး၀င်ခဲ့ပါတယ်။ ဒီပုလွေရဲ့တေးသွားတွေထွက်ပေါ်လာတာနဲ့ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တောင်မှ တခဏတာနှေးကွေးလို့သွားခဲ့ရတယ်။ ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို တိုက်ခိုက်ဖို့အခွင့်အရေးရရှိလို့သွားခဲ့ပါပြီ။

မီးပွားတွေက ဖြစ်ပေါ်လာပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဘေးကိုရှောင်တိမ်းလိုက်ပါတော့တယ်။ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က လက်ရှိအချိန်အတောင်ပံတွေကို ဖြန့်ကျက်လို့ထားတာကြောင့် သူတို့နှစ်ယောက်က သစ်ပင်နဲ့မတိုက်မိခဲ့ပါဘူး။

ဟို့ယွိဟောင်နဲ့ ၀င်တိုက်မိတဲ့နတ်ဆိုးကျားအသွင်ကြောင်ရဲ့ခန္ဓာကိုယ်က လိမ့်ထွက်လို့သွားခဲ့ပြီ မြေကမ္ဘာဆွဲအားနဲ့မထိတွေ့မိတော့တဲ့အတိုင်း ဆက်တိုက်တစ်ပတ်လည်ထွက်လို့သွားခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ လက်မောင်းတစ်ခုလုံးထုံသွားတာကို ခံစားလိုက်မိတယ်။ သူ့ရဲ့ လက်ဖ၀ါးတွေကဆွဲဖြဲခံလိုက်ရတဲ့အတိုင်း အရမ်းကိုနာကျင်လို့သွားခဲ့တာပါ။ ဒါ့အပြင် ရေခဲဧကရီရဲ့ဆူးချွန်ပေါ်မှာလဲ အဖြူရောင်အစင်းတစ်ခုပေါ်လာခဲ့ပါတယ်။ သူ့ကိုယ်သူကောင်းကောင်းကိုင်တွယ်လိုက်ပေမဲ့ ရင်ဘတ်အင်္ကျီကတော့စုတ်ပြတ်သွားခဲ့တယ်။ တိုက်ခိုက်မှုက ဘယ်လောက်အထိအရှိန်အဟုန်ပြင်းထန်လဲဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။

တုန်ရီနေတဲ့လက်နဲ့ ရောင်ရမ်းနေတဲ့လက်ဖ၀ါးတွေကို သူအာရုံမစိုက်နိုင်ပါဘူး။ ဒါကြောင့် ခပ်မြန်မြန်ပဲထအော်မိပါတော့တယ်။

” ရှောင်းရှောင်းသတိထား ”

သူတို့နှစ်ယောက်ဘေးကိုလွှင့်ထွက်သွားပြီတဲ့အချိန်မှာ ဒီသတ္တ၀ါက ရှောင်းရှောင်းနဲ့အနီးဆုံးဖြစ်နေခဲ့မှာပါ။

နတ်ဆိုးကျားအသွင်ကြောင်က ခြေဖ၀ါးလေးဖက်စလုံးမြေပြင်ပေါ်ကို ကျကျချင်မှာအသံတစ်သံတောင်မထွက်ခဲ့ပါဘူး။ ၀ါဂွမ်းတွေမြေပြင်ပေါ်ကိုပြုတ်ကျသွားတဲ့အတိုင်း သူ့ခန္ဓာကိုယ်က ပေါက်ကွဲမှုအရှိန်အဟုန်ပြင်းပြင်းနဲ့အတူ ရှောင်းရှောင်းဆီကို ပြေး၀င်လို့သွားပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ညာဘက်လက်သည်းတွေကို ဘေးတစ်စောင်းခုတ်ချလိုက်တယ်။

အကယ်၍ ဒီလိုမြန်ဆန်လွန်လှတဲ့ တိုက်ခိုက်မှုကိုတခြား၀ိညာဥ်စက်ကွင်းနှစ်ကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေသာ ကြုံတွေ့ခဲ့မယ်ဆိုရင် သေချာပေါက်ဘာမှခုခံနိုင်မှာမဟုတ်ပါဘူး။ ဒီလိုမျိုးနှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ကို ၀ိညာဥ်စက်ကွင်းနှစ်ကွင်းထဲရှိတဲ့သူက ခုခံတယ်ဆိုတာအရမ်းကိုရူးချင်စရာကောင်းတဲ့ ကိစ္စပါပဲ။

အပိုင်း ၁၃၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset