Switch Mode

Chapter – 6

စစ်မှန်သော ချီ မီးလျှံ

Chapter – 6 စစ်မှန်သောချီမီးလျှံ

ချန်ရှန်ဟာ သစ်သားဓာတ်ဖြစ်သော မိုးပြာနဂါးကျင့်စဉ်ကို လေ့ကျင့်လျက်ရှိပါတယ် ။ ဒီကျင့်စဉ်မှာ ထုထည်ကြီးမားလှသော အတွင်းအားကို ဖြစ်စေတဲ့ ချီဓာတ်တွေပါဝင်ပါတယ် ။ ဒါဟာ စိတ်ဝိဥာဉ်ဆေးပင်တွေ စိုက်ပျိုးရာမှာ တော်တော်လေး အထောက်အကူ ပြုပါတယ် ။
ဒီကျင့်စဉ်ကို နဂါးတံတွေးကျင့်စဉ်လို့ တောင်ခေါ်လို့ ရပါသေးတယ် ။ အဓိကကတော့ အပင်တွေရှင်သန် ကြီးထွား စေနိုင်လို့ ပါ။
သူရဲ့ကျင့်စဉ်ကနေ မိုးပြာရောင်အငွေတွေက နဂါးတံတွေးလို မှော်ဆန်တဲ့ အရည်တွေကို ဖန်တီးပေးနိုင်တာပါ ။
အနီရင့်ရောင်ငှက်ကျင့်စဉ်ကို ကျင့်ခြင်းတော့ ၄င်းဟာ မီးလျံတွေကို ဖန်တီးပေးနိုင်ပါတယ် ။ အဲဒိမီးလျံတွေဟာ ဆေးပညာမှာ တော်တော်ကို အသုံးဝင်တာပါ ။ ဒီနတ်အတွင်းအား သင်္ကေတလေးခု လေ့ကျင့်ခန်းဟာ ကိစ္စတော်တော်များများ မှာ အသုံးဝင်ပါတယ် ။ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ခန်းတွေလည်း အများကြီး ပါဝင်ပါတယ် ။ ချန်ရှန်အတွင်းအားဟာ ခုလောက်နဲ့ မပြည့်စုံ သေးပါဘူး ။ ကျင့်စဉ်အများစုကို သူ မလေ့ရသေးလို့ ဖြစ်ပါတယ် ။
ခုချန်ရှန်မှာ သူ့ အဖေပေးလိုက်တဲ့ ဝိဥာဉ်တော်ငွေစကြီး ၃၀၀၀ ရှိပါတယ် ။ ၄င်းဟာ ငွေစအသေး ၃၀၀,၀၀၀ နဲ့ညီမျှပါတယ် ။ ဒါပေမယ့် ၄င်းပမာဏဟာ အလယ်လတ်တန်းစား ဆေးပင်ဖြစ်တဲ့ မှော်ကျောက်ဖရုံဆေးပင်ကိုတောင် မဝယ်နိုင်လောက်ပါဘူး ။ ဒိလိုဆေးပင်တွေ ဈေးနှုန်းအဆမတန်ကြီးမြင့်တာကြောင့် သာမန်ပညာရှင်တွေ အဖို့ ဈေးနှုန်းအသက်သာဆုံးဆေးပင်ဆိုတာကိုတောင် ဝယ်ဖို့မလွယ်ကူလှပါဘူး ။
ဝိုဟူတစ်မြို့လုံးမှာ ဒီလိုဆေးပင်များစွာ ရရှိနိုင်တာတစ်နေရာပဲရှိပါတယ် ။ အဲဒါကတော့ မှော်ဆေးပင် ခန်းမပဲဖြစ်ပါတယ် ။ ၄င်းဟာ ၄ ထပ်ဖြစ်သော်လည်း သိပ်တော့ မကျယ်ဝန်းလှပါ ။ အထဲမှာရောင်းတယ့် အရာတွေကတော့ အရမ်းကို ဈေးကြီးလှပါတယ် ။ ထိုမျှမကသေးပါဘူး ၊ အဲဒိခန်းမကြီးနောက်မှာရှိတယ့် ၁၆ ဧကခွဲလောက်ရှိတယ့် မြေပေါ်မှာ သူတို့ရဲ့ အဖိုးတန်ဆေးမြစ်ပင်တွေ စိုက်ပျိုးထားကြတာဖြစ်ပါတယ် ။
ဒီဆေးပင်ခန်းမဟာ မည်သည့်မျိုးနွယ်စုနဲ့မှ သက်ဆိုင်ဆက်ခြင်း မရှိပေမယ့် သူတို့ ထဲတွင်လည်း ပညာရှင်များစွားရှိပါတယ် ။ ဒီခန်းမထဲမှာ သူတို့ အလုပ်ကိုအရမ်းအလေးထားတဲ့ ဆေးပညာရှင်တွေ အများပြားရှိနေတာပါ ။ ဆေးပင်တွေ ဆေးမြစ်တွေဆိုတာဟာလဲ အရမ်းကိုအဖိုးတန် ရှားပါးတဲ့အရာတွေဖြစ်ကာ ကျင့်စဉ်တွေလေ့ကျင့်ရာမှ အတွင်းအား တွေကို တိုးလာစေနိုင်တယ့် ဂုဏ်သတ္တိတွေ ရှိပါတယ်။
ချန်ရှန်ခန်းမထဲ ဝင်သွားချိန်မှာတော့ ဆေးပင်ရနဲ့တွေဟာ လေထဲမှာ မွှေးပြန့် နေပါတယ် ။ ခန်းမထဲကလူတွေအားလုံးအပေါ် အနံ့အာရုံဟာ ဖမ်းစားနေပါတော့တယ် ။ ဒီနေရာမလာခင်က စုမေးယိုဟာ သူ့ ကိုဆေးပင် အနိမ့်စားလေးတွေကို စမ်းသပ် လေ့လာဖို့ အကြံပေးခဲ့ပါတယ် ။ ဒါကြောင့် အခု သူဟာ အနိမ့်စား ဆေးပင်ဖြစ်တဲ့ “ကိုယ်ငြိမ်းဆေးပင်” ကို လိုက်ရှာနေတာပါ ။ ၄င်းက ဈေးလဲနိမ့်ကာ ရောင်းရလဲလွယ်ပါတယ် ။ ဆေးမြစ်တစ်ခုကို ဝိဥာဉ်ငွေစ ၇၀၀ ဝန်းကျင်နဲ့ ပြန်ရောင်းနိုင်မှာပါ ။ သိုင်းပညာ အဆင့် ၄ အောက်ရှိသူတွေအတွက် သူတို့ ရဲ့အားတွေဖြည့်ဖို့ အတွက် သည်းခြေကြိုက်ဆေးတစ်မျိုးပါပဲ ။
” သခင်လေး ၊ ဒီမှာ ဆေးတွေ အမြောက်အများ ရှိပါတယ် ။ ဒီကောင်တာမှတော့ အထူးသဖြင့် ဆေးပင်တွေ ရောင်းတာပါ ။ ”
ပြောတဲ့လူကတော့ ကောင်တာနောက်မှာ ရပ်နေတယ့် လှပတယ့် ကောင်မလေးတစ်ယောက်ဖြစ်ပါတယ် ။ ခန်းမထဲမှာတော့ လူတွေအများကြီးပါ ။ ချန်ရှန်ကတော့ စုတ်ပြတ်နေတယ့် အဝတ်ကို ဝတ်ထားတဲ့အတွက်ပိုမိုပေါ်လွင်နေပါတယ် ။ ဒီလိုစုတ်နေတာတောင် ရောင်းတယ့် ကောင်မလေးဟာ သူ့ က်ု အထင်မသေးရဲပါဘူး ။ တခါတရံ လျို့ဝှက်တတ်တဲ့ ပညာရှင်မျိုးတွေဟာ ဒီလိုပဲ လာဝယ်လေ့ရှိကြတာမို့ လို့ ပါ ။
” ဟုတ်တယ်ဗျ ၊ ကျွန်တော်က ကိုယ်ငြိမ်းဆေးပင်ပေါက်လေးတွေ ဝယ်ချင်လို့ ပါ ။ ဒီမှာရှိလားခဗျ”
ချန်ရှန်လဲ ကောင်မလေးဆီ လျှောက်သွားရင်း မေးလိုက်ပါတယ် ။
လူအနည်းငယ်လောက်ဟာပဲ ဆေးပင်ပေါက်လေးတွေ ဝယ်ဖို့လာတာဖြစ်ပါတယ် ။ သိတယ့်အတိုင်း ဆေးပင်ကောင်းဖြစ်ဖို့ နှစ်များစွာကြာတယ့်အတွက်မစောင့်ချင်ကြပါဘူး ။ အရွယ်ရောက်ပြီး သားဆေးပင်တွေသာ အဝယ်များကြတာပါ ။
ကောင်မလေး နည်းနည်းတော့ အံ့အားသင့်သွားပါတယ် ၊ ဒါပေမယ့် အပြုံးလေးနဲ့ပင် ပြန်ပြောတယ် ။
“ရှိတာပေါ့ ၊ ဒီကိုယ်ငြိမ်းဆေးပင်အတွက် လေးပင် ဝယ်ဖို့လိုပါတယ် ။ တစ်ပင်ချင်းစီရဲ့ဈေးနှုန်းကလဲ အတူတူပါပဲ ၊ ဈေးလဲသင့်ပါတယ် ၊ တစ်ပင်ကို ငွေစအကြီး ၁၀၀ ထဲပါ ”
ဆေးဖက်ဝင် ကိုယ်ငြိမ်းဆေးဖြစ်ဖို့ လိုအပ်တဲ့အရာတွေကတော့ – မိုးပြာရောင်ဝိဥာဉ်တော်မြက် ၊ သွေးသန့်စင်ပန်း ၊ သိမ်မွေ့ပန်း နဲ့ ဝိဥာဉ်တော်သစ်ရွက်မြက် တို့ပဲဖြစ်ပါတယ် ။ ချန်ရှန်လဲ ခဏတာ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်တယ် ။
“တစ်မျိုးစီကို ငါးပင်စီပေးပါ”
သူ့ အဖေက ငွေစအကြီး ၃၀၀၀ ပေးတယ့်အတွက် သူအခု ဝယ်တာ ၂၀၀၀ ဖိုးပါ ။ ဒီလိုဈေးအပေါဆုံးဖြစ်တယ့်ဆေးပင်တောင် ဒီလောက်ဈေးကြီးတဲ့အတွက် သာမန်သိုင်းသမားအတွက်တော့ ဝယ်နိုင်ဖို့ မလွယ်ပါဘူး ။
ကောင်မလေးအံ့သြသွားပါတယ် ။ ချန်ရှန်လိုအရွယ်ဟာ ဆေးပညာကိုလိုက်စားပြီး ဆေးပင်စိုက်မယ်ဆိုတော့ တော်တော်အံ့အားသင့်စရာပါ ။
” ကျွန်မသွားယူပေးပါ့မယ် ၊ ဒီမှာ ခဏစောင့်နေပါနော် ”
ချန်ရှန်လဲ စောင့်နေလိုက်ပါတယ် ။ အဲဒိအချိန်မှပဲ .
” ဟေ့ ၊ ဒီမှာ ငါတို့ ရနိုင်တာ ဘာရှိလဲ .”
ဈေးကြီးကာ တန်ဖိုးရှိလှတဲ့ အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ကာ ယပ်တောင်တစ်လက်ကိုင်ထားတဲ့ ဆယ်ကျော်သက် တစ်ယောက်ဟာ လှေကားပေါ်က ဆင်းလာရင်း ချန်ရှန့်ကို အထင်သေးစွာ ကြည့်နေပါတယ် ။
ဆေးပင်ခန်းမရဲ့ အပေါ်ထပ်တွေဟာ ဈေးကြီးပြီး တန်ဖိုးရှိ ရှားပါးလှတယ့် ဆေးပင်တွေပဲထားတာဖြစ်ကာ အဲဒိအပေါ်ကို အထူးဧည့်သည်တော်တွေလောက်ပဲ တက်ကြတာပါ ။
” မင်းမျက်လုံးကန်းးနေလား ! .၊ မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်း !.၊ မင်းပါးစပ်ဟလိုက်တိုင်း သောက်အရေးမပါတာတွေပဲ ထွက်ထွက်လာတယ်”
ချန်ရှန် နှုတ်လမ်းတွေတွန့် လိမ်လျက် ပြန်ပြောလိုက်ပါတယ် ။
ဒါကတော့ သူနဲ့ရွယ်တူလောက်ရှိတဲ့ ချန်ဇျန်းဟွာ ပဲဖြစ်ပါတယ် ။သူလည်းပါရမီရှင်တစ်ယောက်ပါပဲ ။ အသက်ငယ်ငယ်နဲ့ အဆင့် ၄ ထိတက်ရောက်နိုင်ခဲ့သူဖြစ်ကာ ခုဆို အဆင့် ၅ ရောက်ဖို့ သိပ်မလိုတော့ပါဘူး ။
ချန်ဇျန်းဟွာ မျက်နာ အစိမ်းရောင်သန်းသွားကာ –
” ချန်ရှန် ၊ မင်းဟာ ငါတို့ကလေးဘဝထဲက လူတော်တစ်ယောက် ပါ။ ဒါပေမယ့် မင်းမှာ မွေးရာပါအားနည်းချက်ပါတယ် ။ ခုတော့ မင်းကို ငါလက်တစ်ဖက်ကို နောက်မှာချည်ပြီးတော့တောင် တိုက် ခိုက်နိုင်တယ်နော်”
ချန်ရှန်လို အဆင့် ၅ ရောက်နေပြီဖြစ်တယ့် လူတစ်ယောက်အတွက် တော့ ဒီစကားလုံးတွေဟာ အလွန်ရယ်စရာပါ ။ အဆင့် ၄ က လူက ဘယ်လိုပဲစွမ်းစွမ်း ၅ ကိုမှီမည်မဟုတ်ပေ ။
“အော် ချန်ရှန်ဆိုတာသူလား ၊ လက်ရှိ ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးရဲ့ မြေးပေါ့ ၊ သူ့ မှာသိုင်းပညာအထုံပါရမီမပါလာဘူး ၊ သူ့ သိုင်းပညာဟာ အဆင့် ၃ မှာပဲ ရပ်နေတာလို့ကြားဖူးတယ် ”
ခုနကမိန်းမလှလေးလည်း ချန်ဇျန်းဟွာနောက်ကနေ ထွက်လာကာ ချန်ရှန်ကို အထင်သေးသလိုကြည့်ကာ ပြောခြင်းဖြစ်တယ် ။
ထိုမိန်းမလှလေးဟာ ဝိုဟူပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ သမီးဆိုတာကို ချန်ရှန်သဘောပေါက်သွားပါတယ် ။
“ပုလင်းတူ ဗူးစို့ ဆိုသလိုပါပဲ ၊ ပြည်နယ်မှူးရဲ့သမီးက ဒီလို အပေါ်ယံဟန်ဆောင်ပြုံးတွေ ရှိလိမ့်လို့မထင်မိဘူး”
ချန်ရှန်လဲ အာ့လိုပြောပြီးတာနဲ့ သူတို့ ၂ ယောက်ကို ဂရုမစိုက်သလို နေလိုက်ပါတယ် ။ သူတို့ ၂ ယောက်ကြောင့် စိတ်အနှောက်ယှက် ဖြစ်သွားတာမှန်သော်လည်း ခုသူဟာ သူ့ရှေ့မှာရှိနေသူ ၂ ယောက်ထက် အများကြီး အင်အားကြီးတဲ့လူဖြစ်နေပြီလေ ။ ဒီလိုဖြစ်အောင်လည်း အပြင်းအထန် လေ့ကျင့်ထားခဲ့ရတာပါ ။
ချန်ရှန်က ဂရုမစိုက်သလိုနေတော့ သူတို့ ၂ ယောက် ဒေါသထွက်လာကြပါတယ် ။ ချန်ဇျန်းဟွာက ကောင်မလေးရှေ့မှာ သူ့အစွမ်းထုတ်ပြချင်နေတာပါ ။ ဒါကြောင့် ချန်ရှန်ဆီ လျှောကိလာပါတယ် ။
“ကဲ သခင်လေး ၊ ဒီမှာ ရှင်မှာထားတယ့် ဆေးပင်တွေရပြီ ”
ကောင်မလေးလည်း သူမှာထားတဲ့ ဆေးပင်တွေကို အိတ်တစ်အိတ်နဲ့ လာပေးတယ် ။
ချန်ဇျန်းဟွာ တော်တော် အံ့သြသွားပါတယ် ။ ချန်ရှန်ဒီကို ဆေးပင် လာဝယ်တယ်ဆိုတာ သူ့ အတွက်တော်တော်အံ့အားသင့်စရာပါ ။ ဒါပေမယ့်လည်း လှောင်ပြုံးပြုံးကာ –
“ချန်ရှန် ၊ မင်းမှာသိုင်းပါရမီ မရှိတာတောင်မှ ဆေးပင်စိုက်ဖို့ စဉ်းစားရဲသေးတယ် ၊ မင်းဆေးပညာရှင်တစ်ယောက် ဖြစ်ချင်တာလို့ ငါ့ကိုမပြောနဲ့နော် ၊ တော်တော်ကြီးရယ်စရာကောင်းတာပဲဟေ့ ”
ထိုအချိန် ခန်းမထဲတွင် လူအများကြီးမရှိသောကြောင့် အနည်းငယ် တိတ်ဆိတ်လျက်ရှိပါတယ် ။ ဒီလိုချိန်မှာ အသံကျယ်ကျယ်ဖြင့် သိုင်းပါရမီမပါတဲ့လူတစ်ယောက်ဟာ ဆေးပညာရှင်ဖြစ်ချင်တယ် ဆိုတယ့် အသံကို လူတိုင်းကြားပါတယ် ။ ကူတော့မကူညီကြပါဘူး သို့သော် ရပ်တော့ကြည့်နေကြတာပါ ။
ချန်ရှန်ဟာ ဒီဝိုဟူမှာ သူ့အဖိုးက အထင်ကရပုဂ္ဂိုလ်ကြီး ဖြစ်တယ့်အတွက် လူသိများပါတယ် ။ သူ့မှာပါရမီမပါဘူးဆိုတာကတော့ သိတယ့်လူလည်း သိကြပါတယ် ။
ချန်ရှန် ကျသင့်ငွေပေးကာ ဆေးပင်းတွေယူပြီးအားလုံးရဲ့ အကြည့်တွေကို လျစ်လျူရှုလိုက်ပါတယ် ။ ပြန်ထွက်ခွာဖို့ပြင်နေတုန်းမှာပဲ ချန်ဇျန်းဟွာ ကခနဲ့တဲ့တဲ့လေသံနဲ့
“တန်ဖိုးမရှိတဲ့လူကြောင့် တန်ဖိုးရှိတဲ့ ဆေးပင်တွေ ဆုံးရှုံးဦးတော့ မှာပဲ ”
ချန်ရှန်မျက်ခုံး၂ဖက်မြင့်တက်သွားတယ် ။ ချန်ဇျန်းဟွာက သူ့ မှာပါရမီမရှိဘူးပြောလိုက်တယ့်အချိန်မှာ သူလျစ်လျူရှုလိုက်ပါတယ် ။
အရင်လိုသာဆို သူ့ကို တန်ဖိုးမရှိတဲ့လူလို့ပြောတာကို သူသည်းခံနိုင်မှာ မဟုတ်ပါဘူး ။
လူတိုင်းဟာ ချန်မျိုးနွယ်က လူအချင်းချင်း တိုက်ခိုက်တာကို မြင်တယ့်အခါ ကြိတ်ပျော်နေကြမှာပါ ။ ဒါဟာ စိတ်ဝင်စားစရာ ကစားပွဲဆိုတာ လူတိုင်းသိကြတယ်လေ ။ ချန်ရှန် တချက်လှည့်ကာ ချန်ဇျန်းဟွာကို အထက်ဆီးဆန်ဆန် ကြည့်လိုက်ပါတယ် ။ ရုတ်တရက်ပဲ သူ့ကိုယ်ကနေ ထန်းပင်ပုံစံ မီးတောက်တွေ ထွက်လာပါတယ် ။ လူတွေကို ရေနွေးကန်ထဲရောက်သွားသလို ခံစားရစေမယ့် မီးတောက်တွေပါ ။
ဆေးပင်ခန်းမဆောင်ထဲမှာ လူများစွာဖြစ်နေပါပြီ ။ သူတို့ အားလုံးဒီမီးလျံတွေဟာ သာမန်မဟုတ်ပဲ ဆေးပညာရှင်ရဲ့မီးလျံဆိုတာကို သဘောပေါက်ကြပါတယ် ။
“ချန်ဇျန်းဟွာ . ၊ မင်းပြောတဲ့ တန်ဖိုးမရှိတဲ့ကောင်က လုပ်တဲ့ ဒီစစ်မှန်သောချီ မီးလျံတွေကို မင်းရင်ဆိုင်ရဲလားကွ”
ချန်ရှန် ဟာ အလေးနက်နဲ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ် ။
ဒီလို ရှားပါးကျင့်စဉ်နဲ့ အထူးစွမ်းအားကပဲ စစ်မှန်သော ချီမီးလျှံကို ထုတ်လွှတ်နိုင်တာပါ။
ချန်ဇျန်းဟွာဟာ ချန်ရှန်နဲ့ အတော်နီးကပ်စွာ ရှိနေတယ့်အတွက် တကိုယ်လုံး ချွေးစေးတွေ ပြန်နေပါတော့တယ် ။ သူ့နောက်မှာရှိတယ့် မိန်းမလှလေးဟာလည်း ထို့အတူပါပဲ ။ သူမရဲ့အဝတ်ပါးပါးလေးမှာ ချွေးတွေ စိမ့်ဝင်မှုကြောင့် သူမရဲ့ အလှတရားတွေပါ ထိုးဖောက်မြင်ရမလို ဖြစ်နေပါတယ် ။
ချန်ရှန်ရဲ့ ကြမ်းတမ်းတယ့် မီးလျှံတွေဟာ ခန်းမထဲရှိ လူအားလုံးကို ရပ်ပြီး ဆွံအ စေပါတယ် ။ အားလုံးဟာ အံ့သြ မှင်သက်လျက် ရှိနေပါတော့တယ် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset