Switch Mode

Chapter – 137.1

မဟာကြယ်တာရာသစ်တောထဲကို ပြန်လည်ဝင်ရောက်ခြင်း

အပိုင်း ၁၃၇•၁

” မဟာကြယ်တာရာသစ်တောထဲကို ပြန်လည်၀င်ရောက်ခြင်း ”
°°°
၀မ်သုန့်က တခဏတာတွေနေရင်း ပြောလာခဲ့ပါတယ်။

” ယွိဟောင်ပြောသလိုပဲ ငါတို့တွေသားရဲကောင်တွေကို ဆက်တိုက်အမဲလိုက်ပြီသတ်တာမျိုး ရှောင်သင့်တယ်…လူတွေလောက်ပဲအမဲလိုက်ရမယ်…ဒါပေမယ့် အကယ်၍ ငါတို့သာ အရင်ရန်ပြုပြီတိုက်ခိုက်ခံရမယ်ဆိုရင်တော့ နောက်တစ်မျိုးဖြစ်သွားတာပေါ့ ”

ဟို့ယွိဟောင်က ပြုံးနေခဲ့ပါတယ်။ တတိယမြောက်၀ိညာဥ်စက်ကွင်းအဖြစ် ဘယ်လို၀ိညာဥ်စက်ကွင်းမျိုးကို ရယူရမလဲဆိုတာ သူမသိပါဘူး။ ဒါ့အပြင် သူ့အတွက်သင့်တော်မဲ့သားရဲကောင်ကို ရှာမတွေ့နိုင်မှာတော့ စိုးရိမ်စရာမလိုပဲရှိနေခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အကြည့်ကနေ ဘယ်၀ိညာဥ်သားရဲကောင်က လွှတ်မြောက်နိုင်မှာလဲ။

ဒါက သူ့အနေနဲ့ကြယ်တာရာသစ်တောထဲကို ဒုတိယအကြိမ်ရောက်ရှိတာပါ။ လက်ရှိအချိန်မှာ ပထမဆုံး၀င်ခဲ့တုန်းကနဲ့မတူပဲ ခံစားချက်တွေကလုံး၀ပြောင်းလဲနေခဲ့ပါတယ်။ ပထမတစ်ကြိမ်တုန်းက မကောင်းတဲ့စိတ်ခံစားချက်တွေသာ အပြည့်အ၀ဖြစ်နေခဲ့တာပါ။

လွန်ခဲ့တဲ့နှစ်တွေတုန်းက မြို့စားအိမ်တော်ကနေ သူထွက်ခွာလာခဲ့ရင်း ကြယ်တာရာသစ်တောထဲကို တစ်ယောက်ထဲ၀င်လာခဲ့ပါတယ်။ သူ့ရဲ့ဘ၀ကို အောင်မြင်မှုအတွက်စွန့်စားဖို့ဆုံးဖြတ်ခဲ့တယ်။ အကယ်၍ ၀ိညာဥ်စက်ကွင်းတစ်ကွင်းကို မတွေ့ခဲ့ရင်း သေချာပေါက်သေဖို့ အဆင်သင့်ပြင်ထားပြီးသားပါ။ ဒါ့အပြင် သူ့ကိုယ်တိုင်ကလဲ သစ်တောထဲမှာအပင်တွေအာဟာရမြေဩဇာဖြစ်သွားနိုင်ပါတယ်။ နှလုံးသားထဲကို အရင်တုန်းက ခံစားချက်နှစ်မျိုးက ပြန်လည်ရောက်ရှိလို့လာပါတော့တယ်။ ဒီခံစားချက်တွေက အဆုံးစွန်းလက်စားချေလိုမှုနဲ့ ခိုင်မာပြတ်သားမှုတို့ပါ။

သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက အခုကွာခြားလို့နေခဲ့ပါပြီ။ တစ်နှစ်ခွဲကျော်သာရှိသေးပေမဲ့ ထာ၀ရကြာရှည်မှုကို ဖြတ်သန်းလိုက်ရသလို တွေးထင်နေခဲ့မိပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းရော စိတ်ဓာတ်ရောက အများကြီးပြောင်းလဲလို့သွားခဲ့ပါပြီ။

အံ့ဖွယ်ရာကောင်းတဲ့ ကံတရားအလှည့်အပြောင်းတွေက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို တွေ့ဆုံတဲ့နေ့ကထဲကစတင်ခဲ့တာပါ။ အဲ့ဒီနေရာမှာ သူ့ရဲ့ကံကြမ္မာကလုံး၀ကို အပြည့်အ၀ပြောင်းလဲလို့သွားခဲ့ပါတယ်။ နှစ်လတိတိတံခါးပိတ်ကျင့်ကြံပြီတဲ့နောက် လွန်ခဲ့တဲ့တစ်နှစ်ခွဲအတွင်းမှာ ဖြတ်ကျော်ခဲ့ရတဲ့ သူ့ရဲ့ဘ၀အခြေအနေအမျိုးမျိုးနဲ့ အတွေ့အကြုံတွေကို ပြန်လည်ဆင်ခြင်မိခဲ့တာကြောင့် ကံကောင်းမှုကြီးကိုကြုံတွေ့လိုက်ရတယ်ဆိုတဲ့ စကားကသူ့စိတ်ထဲကို၀င်ရောက်လာခဲ့ပါတယ်။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို ရှာဖွေတွေ့ရှိခဲ့တာက အတော်ကိုကံကောင်းပါတယ်။ ဒါ့အပြင် ဆရာရှောင်ယာ့နဲ့ သူ့ရဲ့အစ်ကိုကြီးတို့ကို တွေ့ရှိခဲ့တာကလဲ ကံ​ကောင်းနေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတာကလဲ ကံကောင်းလို့ပဲဖြစ်သလို ပြိုင်ဘက်ကင်းတဲ့ဆရာတွေနဲ့ သင့်တော်တဲ့အပေါင်းအဖော်တွေကို တွေ့ရှိတာကလဲ ကံကောင်းမှုပဲဖြစ်နေခဲ့တယ်။

သူ့ရဲ့ရှေးဆယ်စုနှစ်ပိုင်းထက် အခုတစ်နှစ်ခွဲသာအတွေ့အကြုံတွေက ပိုပြီးများပြားပါတယ်။ အခုတော့ သူကအသက်ဆယ့်သုံးနှစ်တောင်မပြည့်သေးပေမဲ့ ရင့်ကျက်တည်ငြိမ်နေတဲ့ခံစားချက်တွေကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။

” အမေကျွန်တော်အတွက် စိတ်မပူနဲ့ကျွန်တော်ရဲ့ဘ၀လမ်းခရီးကို ကျွန်တော်ကိုယ်တိုင်ဖောက်မှာ ဒါ့အပြင် အမေအဖြစ်ချင်ဆုံးဆန္ဒတွေကိုလဲ ပြီးမြောက်အောင်မြင်အောင်လုပ်ပေးမယ်..အမေဘယ်တုန်းကမှ ထုတ်မပြောခဲ့တဲ့သူ အမေကသူ့ကိုမေ့ပြစ်ရမဲ့အစား သေဖို့သာရွေးချယ်ခဲ့တဲ့လူဆီကိုပဲ ကျွန်တော်ရောက်အောင်ပြန်သွားမယ် ”

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ သူ့အမေအကြောင်းကိုလွမ်းဆွတ်တမ်းတမှုတွေက နက်နက်ရှိုင်းရှိုင်းပေါ်ထွက်လာပါတော့တယ်။ အကယ်၍ သူအမေသာအသက်ရှင်နေပြီ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကို မျက်မြင်ကိုယ်တွေ့ရခဲ့မယ်ဆိုရင် ဘယ်လောက်တောင်ပျော်ရွှင်လိမ့်မလဲ။ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ဒီအတွေးကိုတွေးပြီတာနဲ့ စတင်ပြီနီရဲရင်းမျက်ရည်တွေ၀ဲလာခဲ့ပါပြီ။

ရှောင်းရှောင်းက သိပ်ပြီသတိမထားမိပေမဲ့ ၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့စိတ်ခံစားချက်အပြောင်းအလဲတွေကို အတော်လေးသိတဲ့သူပါ။ ဟို့ယွိဟောင်ကြုံတွေ့ခဲ့ရတွေကို ရှောင်းရှောင်းထက်လဲပိုပြီးနားလည်ပါတယ်။ ဒါကြောင့် တစ်ဖက်လူရဲ့အတွေးကိုသူခန့်မှန်းနေခဲ့မိတယ်။ ဒါကြောင့် နောက်ဆုံးမှာလက်ဆန့်ထုတ်လိုက်ရင်း ဟို့ယွိဟောင်ရဲ့လက်ကို သွားကိုင်ပါတော့တယ်။

သူ့ကိုပြုံးပြနေခဲ့တဲ့ ၀မ်သုန့်ကို ဟို့ယွိဟောင်ပြန်မြင်လိုက်ရတယ်။ အဲ့ဒီနောက် သူ့ရဲ့မျက်လုံးထဲမှာ ၀မ်းနည်းတဲ့အရိပ်အယောင်တွေမရှိတော့ပါဘူး။ စိတ်အားထက်သန်မှုကသာ ပြန်လည်၀င်ရောက်လာပါတော့တယ်။ ဟို့ယွိဟောင်လဲ ပြန်ပြီပြုံးပြလိုက်တယ်။ သူတို့တွေက စကားနဲ့တောင်ပြောစရာမလိုပဲ တစ်ယောက်နဲ့တစ်ယောက်နားလည်နေကြဆဲပါ။

” နင်တို့နှစ်ယောက် ဒီလောက်ဆိုရင်တော်လောက်ပြီ ငါကဒီနေရာမှာရှိနေတဲ့ တစ်ယောက်တည်သောမိန်းကလေးလေ ဒါတောင်ငါကိုတတိယလူလို့ဖြစ်အောင်လုပ်နေကြတာပဲ ”

သူမရဲ့ပြောစကားကို ဟို့ယွိဟောင်က ဘာမှမတုန့်ပြန်ခဲ့ပါဘူး။ ဒါပေမယ့် ၀မ်သုန့်ရဲ့မျက်နှာကတော့ နီရဲလို့လာပါတော့တယ်။

” ဘာလဲဒီကောင်ကိုမင်းကြိုက်နေလို့လား အရင်တုန်းကမင်းငါ့ကိုကြိုက်ခဲ့တယ်ဆိုတာ ငါမှတ်မိသေးတယ်နော် အခုတကယ်တခြားတစ်ယောက်ကို စိတ်ပြောင်းသွားပြိီလား တကယ်ပဲ အမျိုးသမီးတွေရဲ့စိတ်ကတော့လေ ”

ရှောင်းရှောင်းကတော့ နီရဲနေတဲ့မျက်နှာနဲ့ပြန်အော်ပါတော့တယ်။

” မပြောနဲ့တော့ နင်တို့နှစ်ယောက်က သူမတူအောင်ထူးခြားသာလွန်ပါတယ်..ဒီအတန်းတွေထဲမှာတောင် နင်တို့ကိုကြိုက်နေတဲ့သူတွေက အများကြီးပဲ ဒါ့အပြင် နင်ရဲ့လက်ထဲမှာကောင်မလေးဘယ်လောက်များများအသဲကွဲကြေသွားရပြီလဲဆိုတာ တွက်ကောတွက်နိုင်လို့လား ”

” နင်က ဘယ်သူကိုမဆိုဂရုမစိုက်ပဲ ယွိဟောင်ငါးကင်ရောင်းတဲ့နေရာပဲ အမြဲလိုက်သွားနေတယ်လေ အားလုံးပြောကြတာက နှစ်သက်မြတ်နိုးတယ်ဆိုတဲ့အဓိပ္ပါယ်ကို နင်မသိဘူးတဲ့ ဟွိဟောင်ကြတော့လဲ လေ့ကျင့်တာကိုပဲ စွဲလမ်းနေတယ်..လေ့ကျင့်တာကလွဲပြီ သူစိတ်၀င်စားတဲ့တခြားဘယ်အရာကိုမှ မမြင်ဘူး…နင်တို့နှစ်ယောက်က မိုးကောင်းကင်ကနေဖန်တီးပေးလိုက်တဲ့ အထူးအဆန်းကြီးနှစ်ကောင်ပဲ ဒါပေမယ့် နင်တို့နှစ်ယောက်စလုံးယောင်္ကျားလေးတွေဖြစ်နေတာ နှမြောစရာကောင်းလိုက်တာ ”

ဟို့ယွိဟောင်က နှာခေါင်းကိုပွတ်ရင်းနဲ့ အားတင်းပြီရယ်နေခဲ့ပါတယ်။

” လေ့ကျင့်တာကိုစွဲလမ်းနေတယ်တဲ့လား ငါအဲ့ဒီလောက်ရူးပါ့မလား ဒါဆိုရင်လူတွေက ငါအကြောင်းအဲ့ဒီလိုပြောနေတယ်ပေါ့ ”

” အဲ့ဒါကိုနင်မသိဘူးလား ငါတို့အတန်းတွေထဲမှာ လူပြောအများဆုံးကိစ္စက ငါတို့ရဲ့ချောမောခန့်ညားတဲ့၀မ်သုန့်အကြောင်းမဟုတ်ရင် နင်အကြောင်းတွေကြီးပဲ ပြောကြတာကတော့ မြေအောက်လောကစစ်ဆေးကြီးတစ်ခုကို ပြုလုပ်ဖို့နင်ကြံစည်နေတယ်လို့တောင် ထင်ကြသေးတယ်…ဒါ့အပြင် ကျောင်းထဲကို၀င်၀င်ချင်တုန်းက နင်ရဲ့၀ိညာဥ်စွမ်းအားကအားအနည်းဆုံးဆိုတာ ငါမှတ်မိသေးတယ်…ဒါပေမယ့် အဲ့ဒီလောက်ဘာဖြစ်လာလဲ တစ်နှစ်ခွဲအတွင်းမှာပဲ နင်ကအတန်းနံပါတ်တစ်ရဲ့ခေါင်းဆောင်ဖြစ်လာနိုင်ပြီ ထိပ်တန်းအဆင့်တိုက်ခိုက်ရေးသမား ထိုက်ဟွပင်းကိုအနိုင်ယူနိုင်ခဲ့တယ် ”

” ဒုတိယနှစ်တွေထဲမှာ နင်ကအင်အားအကြီးဆုံးသူဖြစ်တယ်ဆိုတာ ဘယ်သူကိုမှငါအလိုလိုက်ပြီ မေးဖို့လိုမနေဘူး…ဒါ့အပြင် ငါတို့က အတန်းနံပါတ်နှစ်ကို အပြတ်အသတ်အနိုင်ယူလိုက်သေးတယ်လေ အပြင်နယ်မြေရဲ့နံပါတ်တစ်ကြယ်ပွင့်အဖြစ် နင်ရဲ့ဂုဏ်သတင်းက အခိုင်အမာရှိနေပြီ ငါတို့ရဲ့အတန်းဖော်တွေအားလုံးပြောနေကြတာရှိတယ်…နင်က ကြိုးစားအားထုတ်မှုနဲ့ လုံလ၀ိရိယအပြည့်ရှိပြီ အောင်မြင်ဖို့အတွက် အပြည့်အ၀စိတ်ဆုံးဖြတ်ချက်ချထားတဲ့သူပဲ ဒါကြောင့်မလို့ ငါတို့ရဲ့အတန်းဖော်တွေတောင် နင်ကိုနမူနာယူပြီကြိုးကြိုးစားစားလေ့ကျင့်ကြတယ် ”

” သူတို့တွေက အခုတတိယ၀ိညာဥ်စက်ကွင်းရှိတဲ့ကျောင်းသားတွေမဟုတ်သေးပေမဲ့ မစိုးရိမ်နဲ့ ငါတို့အတန်းထဲမှာအနည်းဆုံးလူဆယ်ယောက် ဒါမှမဟုတ်အတန်းတစ်၀က်နီးပါးတောင်မှ ဒုတိယနှစ်စာသင်ပြီတဲ့အချိန်မှာ သေချာပေါက် ၀ိညာဥ်အကြီးအကဲတွေဖြစ်လာလိမ့်မယ်…အဲ့ဒါတွေအားလုံးက နင်ကြောင့်ကြီးပဲ ”

ဒါကိုကြားချိန်မှာ ဟို့ယွိဟောင်က ပါးစပ်ကြီးဟပြီ တအံ့တဩဖြစ်နေခဲ့ပါတယ်။

” တကယ်ကြီးလား မင်းငါတို့နဲ့အတူတူ ပြိုင်ပွဲမှာဒီလောက်အကြာကြီးရှိနေခဲ့တာဘာကြောင့်များ ဒီလောက်အထိ သိနေရတာလဲ ”

” နင်တို့နှစ်ယောက်က အမြဲတမ်းကိုယ်လောကမှာကိုယ်နေနေတာလေ အပြင်လူတွေနဲ့ဘယ်တုန်းကစကားပြောလို့လဲ ငါမှာတော့ သူငယ်ချင်းကောင်းတွေအများကြီးရှိတယ်…ဒီကိစ္စတွေကို လန်စုစုနဲ့ လန်လော့လော့ဆီကနေ ကြားလာတာ သူတို့နှစ်ယောက်က နင်တို့ကိုအတော်အထင်ကြီးတာပဲ ”

” ကြည့်ရတာ ငါလဲအတော်ကျော်ကြားလာပုံရတယ် ”

ဟို့ယွိဟောင်က ရယ်နေခဲ့ပါတယ်။ ရှောင်းရှောင်းက မကျေမနပ်နဲ့ပြန်ပြောလာခဲ့တယ်။

” သေချာပေါက် နင်ကကျော်ကြားတာပေါ့ ဒါပေမယ့် အချစ်ရေးကိစ္စနဲ့ပတ်သက်လာလို့ရှိရင် နင်ဘေးနားမှာရှိနေတဲ့ကောင်လောက်တော့ ဘယ်ကျော်ကြားမလဲ အဲ့ဒီကောင်မလေးနှစ်ယောက်က နင်ရဲ့အရည်အချင်းတွေကို လေးစားအားကြပေမဲ့ သူတို့တွေတကယ်ကြိုက်နေတာက ၀မ်သုန့်ကိုလေ ငါတို့မသွားခင် ၀မ်သုန့်ရဲ့အတွေးတွေကိုတောင် သူတို့နှစ်ယောက်က ငါကိုအတင်းမေးခိုင်းသေးတယ်”

၀မ်သုန့်ကတော့ လက်နောက်ပြစ်ရင်းအဝေးကောင်းကင်ကိုလှမ်းကြည့်နေခဲ့ပါတယ်။ သူက ဒီနေရာမှာအသက်ရှိမနေတဲ့လူအတိုင်းပါပဲ။ ဒါပေမယ့် သူကလက်ရှိအချိန်မှာ ဟို့ယွိဟောင်ကို အနိုင်ပိုင်းနိုင်လိုက်တဲ့ပုံစံပေါ်နေခဲ့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကသူ့ကိုသွားပြီတော့ ရိုက်ပါတော့တယ်။

” ယွိဟောင် မင်းငါ့ကိုရိုက်၀ံ့တယ်ပေါ့ ဟုတ်လား လွှတ်အောင်သာပြေးစမ်းပါ ”

သူတို့သုံးယောက်က ဒီလိုရယ်မောစနောက်ရင်းနဲ့ အရှေ့ကိုဆက်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ကြယ်တာရာသစ်တောရဲ့အပြင်နယ်မြေက သူတို့မျက်စိရှေ့ကိုရောက်လာခဲ့ပါပြီ။

အဆုံးမဲ့အောင် နက်ရှိုင်းနေတဲ့သစ်တောကြီးက ဟို့ယွိဟောင်တစ်ခါတုန်းကမြင်ခဲ့ဖူးတဲ့ဆိုင်ဘုတ်တွေ သတိပေးစာတွေအတိုင်း ပေါ်လာပါတော့တယ်။

ဒီနေရာကို ပထမဆုံးအကြိမ်ရောက်တုန်းကမကြောက်လန့်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကတကယ်ကိုဘာမှမသိတဲ့ကလေးတစ်ယောက်ဖြစ်နေခဲ့လို့ပါ။ အဲ့ဒီအချိန်တုန်းက ဆယ်နှစ်၀န်းကျင်ရှိတဲ့ ၀ိညာဥ်သားရဲကောင်နဲ့ တိုက်ခိုက်မိပြီ သူအသက်ဆုံးရှုံးလုနီးပါးလဲ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် သစ်တောကိုမြင်လိုက်ရတာနဲ့ အဲ့ဒီခံစားချက်တွေက သူ့စိတ်ထဲကိုပြန်လည်၀င်ရောက်လာတော့တယ်။ ရုတ်တရက်ဆိုသလို သွားနေရာကနေရပ်လိုက်မိပါပြီ။

ဟို့ယွိဟောင်ရဲ့အမူအရာက ပိုပြီးတော့တည်ကြည်လာခဲ့ပါတယ်။ ၀မ်သုန့်က စိတ်မထိန်းနိုင်ပဲမေးလာခဲ့တယ်။

” ဘာများမှားနေလို့လဲ ”

ဟို့ယွိဟောင်က အသံကိုနှိမ့်လိုက်ရင်း ခပ်တိုးတိုးပြောလာခဲ့တယ်။

” ဒီသစ်တောကြီးက ပုံမှန်ထက်မတူပဲ နက်ရှ်ိုင်းပြီတစ်စုံတစ်ရာကို ဖိတ်ခေါ်နေတယ်လို့မထင်ဘူးလား ”

ရှောင်းရှောင်းက မျက်မှောင်ကြုတ်ရင်းပြောလာခဲ့ပါတယ်။

” မထင်မိဘူး နင်အရင်တစ်ခေါက်လာတုန်းက ပြဿနာတစ်ခုခုတက်ခဲ့တာကြောင့် ဒီနေရာမှာနင်ရဲ့စိတ်ပိုင်ဆိုင်ရာနဲ့ ပတ်သက်တဲ့အတားအဆီးရှိနေပုံပဲ ”

၀မ်သုန့်က တခဏတာစဥ်းစားနေရင်း ပြောလိုက်ပါတယ်။

” ငါရဲ့စိတ်ထဲမှာလဲ မကောင်းတဲ့ခံစားချက်ရှိတယ်..ဒါပေမယ့် မသိသာဘူးနည်းနည်းပဲ နင်ရဲ့စိတ်၀ိညာဥ်မျက်လုံးက စိတ်၀ိညာဥ်အမျိုးအစားဖြစ်တာကြောင့် မင်းရဲ့အမြင်နဲ့ရှု့ထောင့်တွေက ငါထက်ပိုပြီးသန်မာတယ်…ဒါ့အပြင် ကြယ်တာရာသစ်တောက တိုက်ကြီးတစ်ခုလုံးရဲ့ ၀ိညာဥ်သားရဲကောင်တွေ မှီတင်နေထိုင်တဲ့နံပါတ်တစ်နေရာပဲ ဒါကြောင့် ပုံမှန်ထက်ခြောက်ခြားစရာကောင်းနေတာ ပုံမှန်ပဲလေ ”

ဒီအထဲမှာ ဘယ်လောက်အင်အားကြီးတဲ့သားရဲကောင်တွေ ပုန်းအောင်နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ အကယ်၍ ၀ိညာဥ်သားရဲကောင်တွေသာ ငါတို့ရဲ့ကျင့်ကြံဆင့်အတွက်မလိုအပ်ခဲ့ဘူးဆိုရင် ဒီကြီးမားတဲ့သစ်တောကြီးကို နိုင်ငံတော်တွေက ဖယ်ရှား လိုက်ပြီ ဒါ့အပြင် ကြီးမားတဲ့မြေပြန့်ကြီးအဖြစ်ရှိနေတော့မှာပဲ ”

ရှောင်းရှောင်းရဲ့ မျက်လုံးထဲမှာမယုံနိုင်တဲ့အမူအရာတွေက ပေါ်လာခဲ့ပါတယ်။

” နိုင်ငံတော်တွေက ဒီသစ်တောကြီးတစ်ခုလုံးကို ပျက်စီးအောင်လုပ်နိုင်တယ်လား ဒီအထဲမှာအင်အားကြီးတဲ့သားရဲကောင်တွေအများကြီးရှိနေတာလေ ”

၀မ်သုန့်က ပြန်ဖြေလာခဲ့ပါတယ်။

” ဒါပေါ့ အလွယ်လေးတော့ဘယ်လုပ်လို့ရမလဲ အကယ်၍ များပြားလွန်လှတဲ့ ထိပ်တန်းအဆင့်ပညာရှင်တွေသာ မဟာမိတ်ပြုလိုက်ကြမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ သူတို့ကအပြင်နယ်မြေကနေ စတင်ပြီ ရှင်းလင်းခုတ်ထွင်းသွားလို့တယ်..ဒါကဇီ၀ဖြစ်စဥ်တွေအများကြီးကို နှောင့်ယှက်ခံရမှာပဲ ဒါဆိုရင်အထဲမှာရှိတဲ့၀ိညာဥ်သားရဲကောင်တွေရဲ့ အင်အားကလဲ ဖြည်းဖြည်းချင်းထိခိုက်လာလိမ့်မယ်…ဒီသစ်တောကြီးကို ဖျက်ဆီးဖို့ဆိုတာ လူသားတွေနှစ်အများကြီးကြာမှသာ မဟုတ်လောက်ဘူး…ငါတို့ရဲ့အသိပညာနဲ့ဆိုရင် ဖျက်ဆီးနိုင်ဖို့က လွယ်လိမ့်မယ်..

ဟို့ယွိဟောင်က ခေါင်းကိုတစ်ဖက်စောင်းရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ၀ိညာဥ်ပညာရှင်တွေရဲ့ တည်ရှိမှုနဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့အရွယ်မရောက်နိုင်တော့ပဲ စောစောစီးစီးသေဆုံးကုန်ကြတဲ့အဖြစ်က အနာဂတ်မှာကြီးမားတဲ့ပဠိပက္ခကြီးဖြစ် ဖြစ်လာလိမ့်မယ် ”

၀မ်သုန့်က ခေါင်းညိတ်ရင်းဆက်ပြောပါတယ်။

” ဒါကြောင့်ပဲ ငါစိုးရိမ်နေတာ အကယ်၍ ၀ိညာဥ်သားရဲကောင်တွေသာ မျိုးသုန်းသွားခဲ့မယ်ဆိုရင် ၀ိညာဥ်ပညာရှင်ဆိုတာ ရှိလာနိုင်မလား ”

ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။

” မဟုတ်ဘူး ၀ိညာဥ်သားရဲကောင်တွေက မစုစည်းကြဘူး…ဒါပေမယ့် မျိုးသုန်းမဲ့အန္တရာယ်နဲ့သေခြင်းတရားကို ရင်ဆိုင်တဲ့အချိန်မှာ သူတို့ကအမြဲတမ်းတုန့်ပြန်ကြတယ်…အနာဂတ်မှာ ၀ိညာဥ်သားရဲကောင်တွေစုပေါင်းပြီ ပြန်လည်တိုက်ခိုက်ကြမှာ ဖြစ်နိုင်သေးတယ်..ငါတို့လူသားတွေကလဲ ကပ်ဆိုးအကြီးကြီးနဲ့ ကြုံတွေ့နိုင်တယ်လေ ”

” ဒီပြဿနာက ငါတို့တွေပိုပြီး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဖြစ်လာမှာပဲ ၀ိညာဥ်လက်နက်တွေအပေါ်ထားရှိတဲ့ငါတို့ရဲ့တိုးတက်မှုနဲ့ အသိပညာတွေပြောင်းလဲလိုက်ရင်းဖြစ်စဥ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနိုင်တယ် ”

” အခုလိုမျှချေမပျက်စီးသွားဖို့ပဲ မျှော်လင့်ကြတာပေါ့ အကယ်၍ ကံကောင်းခဲ့မယ်ဆိုရင် ၀ိညာဥ်ပညာရှင်တွေရဲ့အရေအတွက်က သင့်တော်တဲ့ပမာဏမှာအမြဲတမ်းထိန်းသိမ်းထားနိုင်လိမ့်မယ်..ဒါဆိုရင် ၀ိညာဥ်ပညာရှင်တော်တော်များများကလဲ ၀ိညာဥ်သားရဲကောင်တွေကို အကြောင်းရင်းမရှိပဲ သတ်ဖြတ်နေကြတော့မှာမဟုတ်ဘူး ”

” အခုအချိန်ကနေစပြီ မင်းတို့နှစ်ယောက်ငါနဲ့ငါးပေအကွာအတွင်းမှာပဲနေကြ ကြိုမမြင်ရတဲ့ဘယ်ကိစ္စအတွက်မဆိုငါတို့ပြင်ဆင်ထားရမယ်…ငါရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကလဲ အချိန်အကြာကြီးအထိ ရှိနေမှာပဲ အထဲကို၀င်ရောက်ပြီတာနဲ့ တစ်ခါထဲသတိကြီးကြီးထားရမယ်..ဒါ့အပြင် သစ်တောထဲကို ဆယ်ကီလိုမီတာအထိပဲ၀င်မယ်..ငါတို့တွေတအားအနက်ကြီးကို ၀င်လို့မရဘူး…ဒါ့အပြင် ညတိုင်းသစ်တောထဲကနေ ထွက်ခွာပြီအပြင်မှာပဲအိပ်ကြရမယ်…အကယ်၍ ငါဒီစည်းမျဥ်းတွေကိုမလိုက်နာဘူးဆိုရင် ငါကိုသတိပေးကြ အန္တရာယ်ကင်းဖို့ဆိုတာက အမြဲတမ်းအဓိကပဲ ”

” ကောင်းပါပြီ ”

၀မ်သုန့်နဲ့ ရှောင်းရှောင်းနှစ်ယောက်စလုံးကလဲ တစ်ပြိုင်နက်ထဲမှာသဘောတူလိုက်ပါတယ်။ ဟို့ယွိဟောင်က ဒီလိုအခြေအနေမျိုးတွေမှာစွမ်းအားအပြည့်အ၀ထုတ်သုံးနိုင်တဲ့ အုပ်စုခေါင်းဆောင်တစ်ယောက်ပါပဲ။

အပိုင်း ၁၃၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset