အပိုင်း ၁၃၆•၂
” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ၀င်ကြေး ”
°°°
ကျန်းဟုန်ချန်ရဲ့ မိတ်ဆက်ပေးမှုကိုကြားချိန်မှာ အကြီးအကဲရွှမ်ကတော့ လန့်နေခဲ့ပါတယ်။ ကျန်းဟုန်ချန်က ဒီအဆင့်ကိုး၀ိညာဥ်လက်နက်နဲ့ဆိုရင် ဘယ်လိုအန္တရာယ်များတဲ့အခြေအနေမျိုးမှာမဆို ရုန်းထွက်နိုင်မယ်ဆိုတာကို သူသိထားခဲ့တယ်။ ဒါကြောင့် အမျက်ဒေါသကျောင်းတော်ကို သူခိုး၀င်လာ၀ံ့တဲ့ဆိုတာ အံ့ဩစရာမရှိတော့ပါဘူး။
အကြီအကဲမုက ခေါင်းညိတ်လိုက်ပါတယ်။ ကျန်းဟုန်ချန်ရဲ့လက်ထဲမှာရှိနေတဲ့ပစ္စည်းက အကြီးအကဲမုရဲ့အရှေ့ကို ရောက်သွားခဲ့ပါပြီ။ အကြီးအကဲမုက မျက်မှောင်ကြုတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” မင်းကအခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီ ကောင်းကောင်းနေနိုင်တာပဲ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက မင်းရဲ့ဦးဆောင်မှုအောက်မှာနေ့တိုင်းတိုးတက်နေတာအံ့ဩစရာမရှိဘူး…မင်းအခုသွားလို့ရပြီ ဒါပေမယ့် အကယ်၍ နောက်တစ်ကြိမ် ခွင့်ပြုချက်မရပဲ ဒီနေရာကိုလာဖို့ကြံစည်၀ံ့တယ်ဆိုရင် အပြည့်အ၀ယုံကြည်ချက်ရှိနေပါစေလို့ မျှော်လင့်ပါတယ်…အကယ်၍ အပြည့်အ၀ယုံကြည်ချက်မရှိဘူးဆိုရင်တော့ မင်းရဲ့၀င်ကြေးက အဆင့်ကိုး၀ိညာဥ်လက်နက်တစ်ခုလို ရိုးရှင်းနေမှာမဟုတ်ဘူး ”
ကျန်းဟုန်ချန်က ပြုံးပြနေခဲ့ပါတယ်။ သေချာပေါက် မချိပြုံးဖြစ်နေခဲ့တာပါ။ သူ့အနေနဲ့ အတော်လေးခေါင်းမာမာရှိပေမဲ့ အခုအချိန်မှာတော့ ခေါင်းမမာနိုင်တော့ပါဘူး။ အကြီးအကဲမုကို တစ်ချက်ဦးညွတ်လိုက်ရင်း ထွက်ခွာဖို့ပြင်ပါတော့တယ်။
ပင်လယ်နတ်ဘုရားခန်းမဆောင်ကနေ ထွက်ခွာပြီးပြီချင်မှာပဲ လေထဲကိုသူခုန်တက်သွားပါတယ်။ သူ့ရဲ့နောက်ကျောဖက်မှာကတော့ ရွှေရောင်အတောင်ပံတွေက ပေါ်လာခဲ့ပါပြီ။ ချက်ချင်းဆိုသလို သူပျောက်ကွယ်သွားပါတော့တယ်။ ကျောင်းတော်ထဲမှာ တစ်စက္ကန့်လောက်တောင်နေချင်တဲ့ပုံမပေါ်တော့ပါဘူး။
ကျန်းဟုန်ချန်က သူပိုင်ဆိုင်တဲ့အရာကိုပြန်ယူဖို့လာပေမဲ့ အခုတော့ပိုပြီးဆုံးရှုံးသွားခဲ့ရပါပြီ။ အဆင့်ရှစ်ပြန်လည်ရှင်သန်ထမြောက်ရေးဓားကို ပြန်မယူနိုင်ရုံတင်မက အဆင့်က်ိုး၀ိညာဥ်လက်နက်တစ်ခုကိုတောင် ဆုံးရှုံးခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်အနေနဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်ဆိုတာက တစ်ခါမှမရှိခဲ့ဘူးတာအမှန်ပါ။ အဆင့်ကိုး၀ိညာဥ်လက်နက်တွေက နေလနိုင်ငံတော်ထဲမှာသာ ထူးခြားတဲ့ရည်ရွယ်ချက်တွေနဲ့ဖန်တီးပြုလုပ်နိုင်တာဖြစ်ပါတယ်
ကျန်းဟုန်ချန် အမျက်ဒေါသကျောင်းတော်ကို ပေးလိုက်တဲ့အဆင့်ကိုး၀ိညာဥ်လက်နက်က အကောင်းဆုံးမဟုတ်ခဲ့ပါဘူး။ အဆိုးဆုံးမဟုတ်တာလဲဖြစ်ခဲ့ပါတယ်။ ဟုန်ချန်ကောင်းချီးမင်္ဂလာကိုသူရွေးချယ်ပြီပေးလိုက်တယ်ဆိုတာ တိုက်ခိုက်နိုင်စွမ်းဘာမှရှိမနေခဲ့လို့ပါ။ ဒါ့အပြင် သူ့ရဲ့အဓိကဗျူဟာချက်က အရမ်းကိုခိုင်မာလွန်တာကြောင့် အလွယ်တကူနားလည်နိုင်ဖို့ မလွယ်ကူနိုင်ပါဘူး။
ကျန်းဟုန်ချန်က လက်ဗလာနဲ့ပြန်လာခဲ့တာမဟုတ်တာတော့အသေအချာပါ။ သူက အကြီးအကဲမုကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ နောက်ခံအင်အားအကြောင်းကိုလဲ ပိုပြီးနက်နက်ရှိုင်းရှိုင်းနားလည်ခဲ့ရတယ်။ ဒါကသူ့အတွက်အကြီးမားဆုံးဆုလာဘ်ဖြစ်သွားခဲ့တာပါ။ ဒါ့အပြင် တခြားအစီအစဥ်တွေကိုလဲ သူပြုလုပ်ခဲ့ပါတယ်။ ကျရှုံးမှုဆိုတာက အောင်မြင်မှုရဲ့မိခင်ပါပဲ။ တစ်ကြိမ်တစ်ခါလောက်ခေါင်းငုံ့လိုက်ရတာကို သူမကြောက်ပါဘူး။ သူဘယ်လောက်ပဲစိတ်ပျက်အားလျော့နေပါစေ ကျန်းဟုန်ချန်ရဲ့စိတ်ထဲမှာနောက်ထပ် အကြံအညံတွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် သူအစောပိုင်းတုန်းက တပ်ဆင်လာခဲ့တဲ့ ၀ိညာဥ်လက်နက်တွေရှိရာနေရာကို သူရောက်ချိန်မှာတော့ ပါးစပ်အပြည့်သွေးတွေအန်ထုတ်မတတ်ဖြစ်သွားပါတော့တယ်။
ကျန်းဟုန်ချန်က အမျက်ဒေါသကျောင်းတော်ထဲကို မ၀င်ခင်အလိုအလောက်အသက်၀င်နိုင်တဲ့ ၀ိညာဥ်လက်နက်ရှစ်ခုတိတိကို ဖန်တီးခဲ့တာပါ။ အဲ့ဒီထဲမှာလေးခုက အဆင့်ကိုး၀ိညာဥ်လက်နက်တွေဖြစ်ပါတယ်။ တခြားလေးခုကတော့ အဆင့်ရှစ်၀ိညာဥ်လက်နက်တွေဖြစ်နေခဲ့တယ်။ သူတို့ကို နေရာတကျထားထားမယ်ဆိုရင် ခလုတ်လေးတစ်ချက်နှိပ့်လိုက်ရုံနဲ့ အမျက်ဒေါသကျောင်းတော်နဲ့ အမျက်ဒေါသမြို့တော်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်မှာပါ။ ဒါ့အပြင် လုံလောက်တဲ့ပြင်ဆင်ထားမှုမရှိပဲနဲ့ ဘယ်သူကမှ ဒီတိုက်ခိုက်မှုတွေကို အပြည့်အ၀ခုခံနိုင်မှာမဟုတ်ပါဘူး။ ထွက်ပြေးလွှတ်မြောက်ကောင်းလွှတ်မြောက်ပေမဲ့ သာမန်၀ိညာဥ်ပညာရှင်တွေနဲ့ အဆောက်အအုံတွေအားလုံးကတော့ ဖျက်ဆီးခံရမှာဖြစ်ပါတယ်။
ဒါပေမယ့် အဆင့်ရှစ်၀ိညာဥ်လက်နက်တွေကို သူထားခဲ့တဲ့နေရာရောက်ချိန်မှာတော့ ရှိခဲ့တယ်ဆိုတဲ့ ခြေရာလက်ရာတွေပဲကျန်ပါတော့တယ်။ အားလုံးက ပျောက်ကွယ်လို့သွားပါပြီ။ အကြီးအကဲမုက သူ့တို့ကိုတစ်ခုခုလုပ်လိုက်ပြီမှန်း နားလည်သွားပါတယ်။ ဒါကြောင့် သူ့ရဲ့ခလုတ်ကိုယူပြီ စမ်းသပ်ကြည့်ဖို့လုပ်ပါတယ်။ ဘာတုန့်ပြန်မှုမှလဲမရခဲ့ပါဘူး။ သူတို့ရဲ့လက်ခံတဲ့ပစ္စည်းတွေက ဖျက်ဆီးခံလိုက်ရပြီဆိုတာ သေချာနေခဲ့တယ်။
” ခွေးမသား သေလိုက်ပါတော့လား အဲ့ဒီအဘိုးကြီးက ဒီပစ္စည်းတွေကိုလာထိရင်း သေချာပေါက်အလိုအလောက်ပျက်စီးသွားအောင် ငါလုပ်လိုက်သင့်တယ်….သေသင့်တဲ့အမျက်ဒေါသကျောင်းတော် ”
ကျန်းဟုန်ချန် ဒေါသတကြီးနဲ့ကျိန်ဆဲနေခဲ့မိပါတယ်။ အခုလက်ရှိအချိန်ခန်းမဆောင်ထဲမှာလို ငြိမ်ငြိမ်သက်သက်လေး သူမနေနိုင်တော့ပါဘူး။
ဒါပေမယ့် တစ်ခေါက်အော်ဆဲပြီတဲ့နောက် သူဒေါသထွက်တာပြန်ပျောက်ကွယ်သွားပါတော့တယ်။ ကျောင်းတော်ဖက်ကို သူပြန်လှည့်ကြည့်လိုက်ချိန်မှာတော့ ကြောက်စရာကောင်းတဲ့အငွေ့အသက်တွေက တစ်ကိုယ်လုံးကိုလျှံတက်လို့လာခဲ့တယ်။ အဲ့ဒီနောက် သူခပ်မြန်မြန်ပဲပြန်ထွက်လို့သွားခဲ့ပါပြီ။
” အကြီးအကဲမု ကျွန်တော်တို့အောင်မြင်သွားပါပြီ ”
ရှန်လင်းအယ်နဲ့ ချင်းသောသောတို့က အကြီးအကဲမုကို သတင်းကောင်းလာပြောပြခဲ့တယ်။
ကျန်းဟုန်ချန်ရဲ့ ၀ိညာဥ်လက်နက်တွေက ဘယ်ကိုပျောက်ကွယ်သွားတာလဲ သေချာပေါက် အဝေးကိုယူသွားခံလိုက်ရတာပါ။ အကြီးအကဲမုက ကျန်းဟုန်ချန်ကို ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ တမင်တကာအချိန်ဆွဲထားခဲ့တာဖြစ်ပါတယ်။
” မင်းတို့၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အနေနဲ့ ဒီတစ်ကြိမ်မှာတိုးတက်မှုရအောင် ပြုလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်…ဒါပေမယ့် သတိတော့ထား အကယ်၍ ဒီအင်အားကြီးတဲ့၀ိညာဥ်လက်နက်တွေသာ ပေါက်ကွဲသွားမယ်ဆိုရင် ကောင်းတဲ့ကိစ္စဖြစ်မလာနိုင်ဘူး ”
ရှန်လင်းအယ်က ပြောလိုက်ပါတယ်။
” အကြီးအကဲမု စိတ်ချပါ အခုလက်ရှိအချိန်မှာ အဓိကဗျူဟာကိုပဲလေ့လာဖို့လုပ်ပါ့မယ်…သူတို့ကိုနားမလည်ပဲနဲ့ တစ်စဆီဖြုတ်မပြစ်ပါဘူး…ဖြုတ်ပြစ်မယ်ဆိုရင်တောင် သေချာပေါက် ကျောင်းတော်ကိုမထိခိုက်အောင်လုပ်မှာပါ ဖန်းယွီက သူတို့ကို ကျောင်းတော်ထဲထည့်ပြီးပါပြီ ဒါကြောင့် စပြီလေ့လာတော့မှာပါ ”
ဟို့ယွိဟောင်ကတော့ နားထောင်နေရင်းမျက်လုံးပြူးနေခဲ့ပါတယ်။ အကြီးအကဲမုက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ကျောင်းအုပ်နှစ်ယောက်ကို အင်အားကြီး၀ိညာဥ်လက်နက်တွေ စုဆောင်းဖို့ညွှန်ကြားထားပုံပါပဲ။
ချင်းသောသောက ဟို့ယွိဟောင်ကိုကြည့်ရင်း ထရယ်ပါတော့တယ်။
” ရှောင်ယွိဟောင် သိချင်နေမှာပေါ့ ပြောပြမယ်…ကျန်းဟုန်ချန်က ငါတို့ကျောင်းတော်ထဲကိုခိုး၀င်လာခဲ့တယ်…ဒါကိုအကြီးအကဲမုက တွေ့သွားတယ်…ဒါ့အပြင် ကျောင်းတော်ရဲ့အပြင်မှာ သူ၀ိညာဥ်လက်နက်တွေတပ်ထားတာကိုလဲ အကြီးအကဲမုကသိတယ်..ဒါကြောင့်ငါတို့ကိုပြောပြီ ၀ိညာဥ်လက်နက်တွေကိုသွားစုဆောင်းခိုင်းလိုက်တာ သူတပ်ဆင်ထားတဲ့၀ိညာဥ်လက်နက်တွေမှာ လေးခုကအဆင့်ရှစ် လေးခုကအဆင့်ကိုးတွေ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ငွေကြေးကြွယ်၀မှုတွေက ဘယ်လောက်ပဲများပြားပါစေ သေချာပေါက် သူတို့တော့နှလုံးတွေနာကုန်ကြတော့မှာပဲ ”
ဟို့ယွိဟောင် မျက်လုံးပြူးသွားပါတယ်။ လေလံပွဲမှာရောင်းချတဲ့ ထိပ်တန်းအဆင့်၀ိညာဥ်လက်နက်တွေရဲ့တန်ဖိုးကိုသူကောင်းကောင်းကြီးမှတ်မိနေဆဲပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ဒီ၀ိညာဥ်လက်နက်ရှစ်ခုအပြင် ကျန်းဟုန်ချန် ပေးခဲ့ရတဲ့ဟုန်ချန်ကောင်းချီးမင်္ဂလာနဲ့ပေါင်းလို့ကတော့ သေချာပေါက် အတော်ကိုငွေကြေးဆုံးရှုံးမှုများမှာပါပဲ။
အကြီးအကဲမုက ဟုန်ချန်ကောင်းချီးမင်္ဂလာကို ရှန်လင်းအယ်လက်ထဲပေးလိုက်ရင်း ပြောလိုက်ပါတယ်။
” ဒီ၀ိညာဥ်လက်နက်ကိုလဲ သေချာလေးလေ့လာကြည့် ငါဒါကိုခုနကပဲကြိုးစားကြည့်ပြီတာ ကျန်းဟုန်ချန်က အသုံးပြုတဲ့ပုံကို ရှင်းပြတဲ့အချိန်မှာ လိမ်ညာခဲ့တာမျိုးမရှိဘူး…ဒါပေမယ့် မပျက်စီးစေနဲ့ ဒီပစ္စည်းကိုနောက်ထပ်သုံးဖို့စိတ်ကူးထားတာတွေရှိသေးတယ် ”
” ဟုတ်ကဲ့ပါ ”
ရှန်လင်းအယ်က စိတ်လှုပ်ရှားမှုအပြည့်နဲ့လက်ခံလိုက်ပါတယ်။ သူက ငယ်ရွယ်တဲ့သူမဟုတ်ပေမဲ့ အခုလက်ရှိအချိန်မှာတော့ မိန်းမငယ်လေးတစ်ယောက်လိုမျိုးစိတ်လှုပ်ရှားနေခဲ့တယ်။
ဒီနှစ်ပိုင်းတွေပါ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက တိုးတက်မှုနည်းနေတာအတော်ကိုကြာပါပြီ။ သူတို့အတွက် ဒါကကြီးမားတဲ့အခွင့်အရေးကြီးပါပဲ။ ဒီနေ့ရလာတဲ့၀ိညာဥ်လက်နက်တွေကိုလဲ လေ့လာရုံနဲ့တင် အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနကသေချာပေါက် သိသာထင်ရှားတဲ့တိုးတက်မှုတွေကိုရရှိမှာပါ။ ဒါ့အပြင် ထိပ်တန်းအဆင့်၀ိညာဥ်လက်နက်တွေကို ပုံရိပ်ယောင်အစစ်အမှန်ခန်းမကသာ ထုတ်လုပ်နိုင်ပြီ သူတို့ကိုရရှိဖို့က မလွယ်ကူပါဘူး။
အကြီးအကဲမုက လက်ဟန်ပြရင်းနဲ့ ပြောလိုက်ပါတယ်။
” ဒါဆိုသွားကြတော့ ယွိဟောင်နဲ့ ၀မ်သုန့် ငါကိုတတိယအလွှာဆီခေါ်သွား ရှောင်းရှောင်းကတော့ ရှောင်ရွှမ်နဲ့လိုက်ပြီ သူ့ဆီကကောင်းကောင်းသင်ယူ ရှောင်ရွှမ် မနက်ဖြန်မနက်ကြရင် ဒီကလေးတွေကို ကြယ်တာရာသစ်တောဆီ ခေါ်သွားလိုက် ”
” ဟုတ်ကဲ့ပါ ”
အကြီးအကဲရွှမ်က ပြန်ဖြေလိုက်ပါတယ်။
ဟို့ယွိဟောင်နဲ့ရှောင်းရှောင်းတို့ကတော့ ကြယ်တာရာသစ်တောကိုသွားမဲ့ကိစ္စကြားပြီးပြီချင်မှာတင် မျက်လုံးတွေကတောက်ပလာကြပါတော့တယ်။ သူတို့ရဲ့ကျင့်ကြံဆင့်က အဆင့်သုံးဆယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ကြယ်တာရာသစ်တောကို သွားမဲ့ကိစ္စက အကြောင်အရင်းတစ်ခုသာရှိပါတယ်။ သူတို့ရဲ့တတိယ၀ိညာဥ်စက်ကွင်းကို ရရှိဖို့ပါပဲ။ ၀ိညာဥ်အကြီးအကဲတစ်ယောက်ဖြစ်လာတာက လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်အတွက် သိသာထင်ရှားတဲ့တိုးတက်မှုကြီးပဲဖြစ်ပါလိမ့်မယ်။
အဆင့်သုံးဆယ်ဆိုတဲ့ အတားအဆီးကိုကျော်ဖြတ်ပြီမှသာ သူတို့အနေနဲ့ အလယ်ပိုင်းကျင့်ကြံဆင့်ရဲ့အစပျိုးမှုကိုလုပ်နိုင်ပါလိမ့်မယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က အကြီးအကဲမုရဲ့ခုံကိုဖြည်းဖြည်းချင်းတွန်းပြီ တတိယအလွှာကိုရောက်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။ အကြီးအကဲမုရဲ့ညွှန်ကြားမှုအောက်မှာ ဘယ်ဘက်လှိုင်းခေါင်းထဲကို၀င်သွားခဲ့ပြီ အဆုံးမှာရှိတဲ့အခန်းအထိကို လျှောက်လာခဲ့ကြရတယ်။
ရွှေရောင်အလင်းတန်းတွေတောက်ပလာပြီတဲ့နောက် တံခါးက ပွင့်လာခဲ့ပြန်ပါပြီ။ အဲ့ဒီနောက် သူတို့လဲတံခါးထဲကို၀င်လိုက်ကြပါတယ်။
ဒီအခန်းကမကြီးမားခဲ့ပါဘူး။ သုံးဆယ်စတုရန်မီတာလောက်သာရှိပြီရိုးရှင်းတဲ့သစ်သားစားပွဲ ကုလားထိုင်တစ်ခု အိပ်ရာတစ်ခုနဲ့ စာအုပ်စင်တစ်ခုတို့သာရှိနေခဲ့တယ်။ အတွင်းပိုင်းပြင်ဆင်မှုက အရမ်းကိုရိုးရှင်းပြီ ပင်လယ်နတ်ဘုရားကျွန်းတစ်ခုလုံးကို ဒီကနေလှမ်းကြည့်လို့ရပါတယ်။
” ဆရာ”
ဟို့ယွိဟောင်က အကြီးအကဲမုလို့ခေါ်လိုက်ခါနီးမှာ သူကိုယ်သူပြန်ပြီးထိန်းချုပ်လိုက်ပါတယ်။ အကြီးအကဲမုကို ဆရာအဖြစ်ခေါ်ဖို့အခုအချိန်အထိ သူကျင့်သားမရသေးပါဘူး။
” ကျွန်တော်ရဲ့အစ်မကြီးအခြေအနေကောဘယ်လိုရှိပါသလဲ သူ့ကို ကုသမဲ့နည်းလမ်းရှိလား ကျွန်တော်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က အဆုံးစွန်းရေခဲဖြစ်တာကြောင့် ကျွန်တော်သာအစွမ်းအစရှိမယ်ဆိုရင် အစ်မကြီးကို အကောင်းဆုံးကူညီမှာပါ ”
၀ိညာဥ်အကြီးအကဲဖြစ်ဖို့ မာရှောင်ထောင့်ရဲ့အခြေအနေကို ဟို့ယွိဟောင်ကပိုပြီး အာရုံစိုက်နေခဲ့ပါတယ်။ သူက မာရှောင်ထောင့်ရဲ့မွေးစားမောင်လေးဖြစ်ပေမဲ့ သူကတော့ လက်ရှိအချိန်မှာ ကြီးမားတဲ့ဒဏ်ရာကြီးကြောင့် ရေခဲအိပ်ရာပေါ်မှာလဲလျောင်းလို့နေခဲ့ရတယ်။
” သိပ်ပြီလဲ မစိုးရိမ်ပါနဲ့ လက်ရှိရှောင်ထောင့်ရဲ့အခြေအနေက ထူးခြားတယ်…သူ့ရဲ့သိုင်းပညာ၀ိညာဥ်ပုံစံပြောင်းလဲသွားတယ်ဆိုတာ ဆိုးတဲ့ကိစ္စမဟုတ်ဘူး…သူ့ကိုချိတ်ပိတ်ပြီတဲ့နောက် အမှောင်ထုနတ်မီးငှက်မီးတွေက အဆုံးစွန်းမီးအဖြစ်ကို ပြောင်းဖို့အခြေအနေစနေပြီ အမှောင်ထုရဲ့အရှိန်အ၀ါတွေက သူ့ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်လိုရှိနေပေမဲ့ ဒါကိုအလွယ်တကူဖြေရှင်းလို့တော့မရနိုင်ဘူး ”
” အမှောင်ထုရဲ့အရှိန်အ၀ါကို ပျောက်ကွယ်သွားအောင် ကျွန်တော်တို့ဘယ်လိုလုပ်ရနိုင်မှာလဲ ”
” ငါစဥ်းစားထားတဲ့နည်းလမ်းတစ်ခုတော့ရှိတယ်…ဒါပေမယ့် အခုတော့လုပ်လို့မရဘူး…ငါရဲ့ချိတ်ပိတ်စည်းထဲမှာအကြာကြီးအိပ်ဖို့လိုလိမ့်မယ်..နှစ်နှစ် သုံးနှစ်လဲဖြစ်နိုင်သလို လေးနှစ် ငါးနှစ်လဲဖြစ်သွားနိုင်တယ်..ဒါကတော့ ကံတရားအပေါ်မှာပဲ မူတည်နေမှာပေါ့ အချိန်ကြာလာရင် သေချာပေါက် မင်းရဲ့အင်အားကိုလိုအပ်လိမ့်မယ်…ဒါပေမယ့် အခုတော့ မင်းပြောခဲ့တဲ့ကိစ္စကိုပဲ သေသေချာချာလေး မှတ်ထားလိမ့် ”
” ကျွန်တော်အစ်မကြီးကို ဘယ်လောက်ပဲပေးဆပ်ရပါစေ ကယ်တင်ပါ့မယ်..ကျွန်တော်လုပ်နိုင်သရွေ့ အတတ်နိုင်ဆုံးကြိုးစားမှာပါ ”
” ယွိဟောင်နဲ့ ၀မ်သုန့် ငါမင်းတို့ကို မေးဦးမယ်…မင်းတို့နှစ်ယောက်ငါဘာကြောင့်များ ကျန်းဟုန်ချန်ကို ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲဘာလို့၀င်ခိုင်းလိုက်လဲသိကြလား ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီတဲ့နောက် ၀မ်သုန့်က အရင်ပြောလာခဲ့ပါတယ်။
” နေလနိုင်ငံတော်နဲ့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ဆရာရှိတဲ့အကြောင်းပြချင်လို့လား ဒါ့အပြင် ကျွန်တော် ဆရာ၀မ်ဆီကနေကြားဖူးတယ်…နေလနိုင်ငံတော်ရဲ့ ၀ိညာဥ်လက်နက်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မှုက အရမ်းကိုမြန်ဆန်လွန်တယ်…မကြာခင်မှာစစ်ပွဲကြီးတစ်ခုစတော့မဲ့အတိုင်းပဲ ”
၀မ်သုန့်ရဲ့သုံးသပ်မှုကို အကြီးအကဲမုက မဝေဖန်ခဲ့ပါဘူး။ ဟို့ယွိဟောင်ဆီကိုသာ လှည့်ရင်းနဲ့သူမေးလိုက်ပါတယ်။
” မင်းကောဘယ်လိုလဲ ”
” ကျွန်တော်နဲ့၀မ်သုန့်နဲ့ အတွေးတူပါတယ်…ဒါပေမယ့် အစောပိုင်းတုန်းက ဆွေးနွေးခဲ့တဲ့ ကျောင်းသားအလဲအလှယ်ပွဲကိုအတော်လေးအာရုံစိုက်ထားတယ်လို့ ကျွန်တော်ထင်တယ် ”
” မင်းတို့နှစ်ယောက်လုံးမှန်တယ်…ငါရှိနေတဲ့အကြောင်းပြပြီး သူ့ကိုခြောက်လန့်ချင်တာနဲ့ အကျိုးအမြတ်တွေကိုရိတ်သိမ်းချင်လို့ပဲ သူ့ကိုအထဲ၀င်ခိုင်းတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိတယ်…ဒါပေမယ့် အဓိကအကြောင်းအရင်းကတော့ မင်းတို့အားလုံးအတွက် အချိန်ရအောင်တိုက်ခိုက်ပေးချင်လို့ပဲ ”
” ကျွန်တော်တို့အတွက်လား ”
” အမျက်ဒေါသကျောင်းတော်ထဲမှာ ငါရဲ့တည်ရှိမှုဆိုတာက အကြီးဆုံးလျှို့၀ှက်ချက်ပဲလေ ကျောင်းတော်ထဲမှာရှိနေတဲ့ အကြီးအကဲတွေပဲ ငါအကြောင်းကိုသိကြတယ်…ဒါပေမယ့် မင်းတို့လူငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့အချိန်များများရအောင် တိုက်ခိုက်ပေးဖို့အတွက် ငါကိုယ်ငါထုတ်ဖော်လိုက်တယ်…ဘာကြောင့်လဲဆိုရင် ကျောင်းတော်ကိုငါနောက်ထပ် မကာကွယ်နိုင်တော့လို့ပဲ ”
အပိုင်း ၁၃၆•၂ ပြီး၏။