Switch Mode

Chapter – 136.1

ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ဝင်ကြေး

အပိုင်း ၁၃၆•၁

” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ၀င်ကြေး ”
°°°
ကျန်းဟုန်ချန်က ခေါင်းညိတ်ရင်ပြောလာခဲ့ပါတယ်။

” ဟုတ်တယ် မှန်ပါတယ်…၀ိညာဥ်လက်နက်တွေကိုအသုံးပြုတဲ့သူက ပိုပြီးသန်မာလေလေ ၀ိညာဥ်လက်နက်တွေက ပိုအစွမ်းထက်လေပါပဲ ”

” ဒါပေမယ့် ရွေ့လျားနိုင်တဲ့၀ိညာဥ်လက်နက်တွေအပြင် ၀ိညာဥ်ပညာရှင်မပါပဲနဲ့ အသုံးပြုလို့ရတဲ့၀ိညာဥ်လက်နက်တွေကို ဖန်တီးပြီးခဲ့ပြီ ဒါကြောင့် နောက်ထပ်အနာဂတ်မှာ ဘယ်လိုတိုးတက်မှုတွေဖြစ်လာမလဲဆိုတာ ထပ်ပြီမတွေးတောနိုင်သေးဘူး…ဒါပေမယ့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ တိုးတက်မှုက တားဆီးလို့မရတော့ဘူးလေ ၀ိညာဥ်လက်နက်တွေကို နောက်ဆုံးအချိန်မှာ ပြောင်းလဲလာမဲ့လက်နက်တွေနဲ့ အစားထိုးလို့ရလိုက်သလိုပဲပေါ့ ”

သူ့ရဲ့စကားကအရမ်းကိုစိတ်ရင်းမှန်ကန်တဲ့ပုံစံပေါ်နေပေမဲ့ တကယ်တော့ စိတ်ထဲမှာအရမ်းကိုလှုပ်ရှားနေခဲ့ပါတယ်။ အကြီးအကဲမုက ပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုလာခဲ့တာလား။

” ဒီလိုမျိုးမခန့်မှန်းနိုင်လောက်အောင် ထူးကဲနေတဲ့သော့်လော့က အဲ့ဒီကိုရောက်ခဲ့တယ်ပေါ့ ”

တွေးရင်ကနေ သူချွေးစေးတွေထွက်လာခဲ့ပါပြီ။

” ပြန်လည်ရှင်သန်ထမြောက်ရေးဓားကို မင်းနဲ့ပြန်ယူသွားလို့မဖြစ်ဘူး…မင်းဒီနေရာကို ဘာကြောင့်ရောက်လာလဲဆိုတာ ငါပြောနိုင်တယ်…အကယ်၍ အမျက်ဒေါသကျောင်းတော်ကို နောက်တစ်ကြိမ် မင်းရဲ့၀ိညာဥ်လက်နက်တွေနဲ့ တိုက်ခိုက်၀ံ့မယ်ဆိုရင် ငါကိုယ်တိုင်နေလနိုင်ငံတော်ရဲ့ မြို့တော်ကြီးကိုလာရောက်ရလိမ့်မယ် ”

ကျန်းဟုန်ချန်ရဲ့အမူအရာက လုံး၀ပြောင်းလဲလို့သွားပါပြီ။ ဘာကြောင့်များ သူကအမျက်ဒေါသကျောင်းတော်ထဲကို ၀င်လာဖို့သတ္တိရှိခဲ့တာလဲဆိုရင် အဆင့်ကိုး၀ိညာဥ်လက်နက်တွေကို အပြည့်အ၀တပ်ဆင်ထားလို့တင်မကပဲ ကျောင်းတော်ရဲ့အပြင်မှာ တပ်ပုန်းတွေလဲချထားခဲ့လို့ပါ။ ဒါပေမယ့် အကြီးအကဲမုက ဒီအကြောင်းတွေသိနေမယ်လို့ သူမမျှော်လင့်ထားခဲ့မိပါဘူး။ အကြီးအကဲမုရဲ့ အလင်းတန်းခန္ဓာကိုယ်ကိုပြန်တွေးမိလိုက်ရုံနဲ့တင် ပထမဆုံးအနေနဲ့ သူထိတ်လန့်မှုကို ခံစားရပါတော့တယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ခန်းမသခင်ဖြစ်ပြီကထဲက ဒီလိုထိတ်လန့်မှုမျိုးကို မခံစားခဲ့ရတာကြာပါပြီ။

” အကြီးအကဲမု တကယ်ကိုလေးစားစရာကောင်းလှပါတယ် ”

သူဦးညွတ်လိုက်ပြီတဲ့နောက် သူ့ရဲ့ထိတ်လန့်ကြောက်ရွံ့မှုတွေကို ဖိနှိမ့်ဖို့အတွက်ကြိုးစားနေခဲ့ရတယ်။

” ဒီကိုလာရတာငါအတွက်တော့ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိပါတယ်…လွန်ခဲ့တဲ့လပိုင်းတုန်းက အမျက်ဒေါသကျောင်းတော်ကနေ ငါတို့ကျောင်းနဲ့အလဲအလှယ်သဘောတူခဲ့တယ်…ဒါပေမယ့် ဒီကိစ္စကအကြောင်းအရင်းတချို့ကြောင့် ပြောင်းရွေ့သွားခဲ့ရတယ်…နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရော အမျက်ဒေါသကျောင်းတော်ရောနှစ်ခုစလုံးက တိုက်ကြီးရဲ့ထိပ်တန်းအဆင့်ကျောင်းတော်တွေပါ ဒါကြောင့် ဒီကျောင်းသားပြောင်းလဲပြီ သင်ကြားမှုကမရှိမဖြစ်လိုအပ်မယ်လို့ ယုံကြည်ပါတယ်..ဒါ့အပြင် ကျောင်းတော်နှစ်ခုကြားက သင်ကြားမှုနဲ့ပေါင်းစည်းမှုကိုလဲ တိုးတက်စေနိုင်မယ်လို့ ခံစားရတယ် ”

” ဒီလိုမျိုးကျောင်းသားတွေကို အပြောင်းအလဲလုပ်ပြီသင်ကြားခိုင်းတာက အဆင်ပြေတယ်…ဒါပေမယ့် ငါကျောင်းသားတွေရဲ့ လုံခြုံစိတ်ချမှုကို မင်းအာမခံနိုင်ပါ့မလား ဒါ့အပြင် ငါတို့ကျောင်းတော်ရဲ့ကျောင်းသားတွေက မင်းကျောင်းတော်ကနေဘာကိုများသင်ယူလို့ရနိုင်မှာလဲ ”

ကျန်းဟုန်ချန်က ဒီကိစ္စကို မျှော်လင့်ထားတဲ့ပုံစံပါပဲ။ ဒါကြောင့် သူပြန်ဖြေလာခဲ့ပါတယ်။

” သူတို့ရဲ့ အသက်အန္တရာယ်လုံခြုံစိတ်ချမှုကို အပြည့်အ၀အာမခံနိုင်ပါတယ်…ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ဂုဏ်သိက္ခာနဲ့သစ္စာပြုပြီးကျိန်ဆိုနိုင်တယ်…ဒီသင်ကြားနေတဲ့အချိန်ကာလအတွင်းမှာ ကျောင်းသားတွေအားလုံးက အကောင်းဆုံးညွှန်ကြားချက်တွေကိုရရှိမှာပါ အကယ်၍ သူတို့သာ လုံလောက်တဲ့အထိစွမ်းဆောင်ရည်ရှိခဲ့မယ်ဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို၀င်ရောက်ပြီတော့သင်ကြားနိုင်ပါလိမ့်မယ် ”

” မင်းရဲ့စကားတွေကို သက်​သေပြနိုင်ဖို့ ဘာသက်​သေအထောက်အထားမှရှိမနေဘူး. ”

” အကယ်၍ စိုးရိမ်တယ်ဆိုရင် ကျောင်းတော်ရဲ့ဆရာတွေကိုလဲ စေလွှတ်နိုင်ပါတယ်…စိတ်ကြိုက်ဆရာတွေကိုစေလွှတ်ပြီ စစ်ဆေးခိုင်းလို့ရတယ် ”

အကြီးအကဲမုက ခေါင်းခါလိုက်ပါတယ်။

” ဒါကတော့ မလိုအပ်တဲ့ကိစ္စပဲ ကျောင်းသားတွေကို အပြောင်းအလဲသင်ကြားခိုင်းတာက အဆင်ပြေတယ်..မင်းရဲ့ကျောင်းတော် ငါကျောင်းသားတွေမရောက်ခင် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်ကို ငါကျောင်းဆီအရင်လွှတ်လိုက် သူတို့တွေက ငါကျောင်းတော်ရဲ့အတွင်းနယ်မြေထဲမှာ သင်ကြားရစေမယ်လို့ ငါအာမခံနိုင်တယ်…ဒါ့အပြင် ဒီအလှည့်အပြောင်းမှာ ငါရဲ့ကျောင်းသားတွေကို မင်းကိုယ်တိုင်ခေါ်လာပြီ အကြိုအပို့လုပ်ရမယ်. ”

ကျန်းဟုန်ချန်က ခေါင်းခါလိုက်မိပါတယ်။

” ဒါကမသင့်တော်ဘူး အကြီးအကဲကိုယုံပေမဲ့ သတိထားတာကပိုကောင်းလိမ့်မယ်…အကြီးအကဲတို့ရဲ့ကျောင်းသားတွေကို ကျောင်းပြန်ပို့တဲ့အချိန်မှာ ကျောင်းတော်က ”

” ဒါဆိုရင် မင်းဘာများတောင်းဆိုချင်လဲ ”

” အခုလက်ရှိအချိန်မှာ ကျောင်းသားတွေအပြောင်းအလဲသင်ကြားဖို့ကို အလောကြီးစရာမလိုပါဘူး..အခုကနေစတွက်လို့ နောက်နှစ်နှစ်အကြာမှာ သုံးနှစ်တိတိသင်ကြားဖို့အကြံပြုချင်ပါတယ်..ဒီလိုနည်းနဲ့ ကျောင်းတော်ရဲ့တိုက်ကြီးရဲ့အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ စတင်ချိန်ကလဲ ကွက်တိဖြစ်သွားလိမ့်မယ်…ဒါ့အပြင် ကျောင်းတော်ရဲ့ဆရာတွေကို ပြိုင်ပွဲဆီစေလွှတ်ပြီကြည့်ရှုခိုင်းလို့လဲရပါတယ်…သင်ကြားမှုပြီးပြီသွားဆိုရင် ကျောင်းသားတွေကိုပြန်ခေါ်လို့ရလိမ့်မယ်…တစ်ချိန်ထဲမှာပဲ ငါရဲ့ကျောင်းသားတွေကိုလဲပြန်လာပို့ဖို့ အဆင်ပြေသွားလိမ့်မယ် ”

အကြီးအကဲရွှမ်က မေးလာခဲ့မိပါတယ်။

” ဒါဆိုရင် တူညီတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမှာလဲ ”

ကျန်းဟုန်ချန်ရဲ့ အကြုံပြုချက်က အကြီးအကဲမုရဲ့အစောပိုင်းအကြုံပြုချက်နဲ့အတော်လေးကို တူညီပါတယ်။ ကွာခြားချက်ကတော့ အကြိုအပို့လုပ်ရမဲ့သူပါပဲ။

ကျန်းဟုန်ချန်က ပြန်ဖြေလိုက်တယ်။

” နေလနိုင်ငံတော်က ပြိုင်ပွဲကိုအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပေးရမဲ့သူတွေပါ ဒါ့အပြင် ငါတို့ကိုစောင့်ကြည့်နေလိမ့်မယ်..အကယ်၍ ငါတို့သာ ကွယ်၀ှက်ပြီကြွက်တွေလိုတစ်ခုခုလုပ်ခဲ့မယ်ဆိုရင် သေချာပေါက်လူတွေအလှောင်ရယ်ခံရတာဖြစ်သွားမှာပေါ့ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်နဲ့လဲ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်…ပြိုင်ပွဲကြီးပြီးဆုံးတဲ့အချိန်မှသာ ကျောင်းသားတွေကိုဘေးမသီရန်မခပဲ အန္တရာယ်ကင်းကင်းနဲ့ပြန်ပို့ပေးမယ်…ဒါပေမယ့် အကယ်၍ ပြိုင်ပွဲထဲမှာ သူတို့တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကို အပြစ်တင်လို့မရဘူး ”

” ကောင်းပြီလေ ဒါကကတိစကားပဲ အခုကနေ နောက်နှစ်နှစ်အကြာမှာ မင်းတပည့်သားတွေကို မင်းခေါ်လာလိုက် ငါတို့ရဲ့ကျောင်းသားတွေကို နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ဆီပို့ဖို့ ရှောင်ရွှမ်ကို ငါလွှတ်လိုက်မယ်..ဒါက ယွိဟောင်လဲပါလိမ့်မယ် ”

အကြီးအကဲမုက ပြောလိုက်ပါတယ်။

” ဒါဆိုရင် ဒီကတိစကားအတိုင်း မှတ်သားလိုက်ပါပြီ ”

ကျန်းဟုန်ချန်က ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြား ကွာခြားချက်ရှိတာကိုသိပ်ပြီ လက်မခံနိုင်ဖြစ်ပေမဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလဲ သူတို့ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ တိုးတက်မှုအတွက်အများကြီးအရေးကြီးမယ်ဆိုတာကို သူကောင်းကောင်းကြီးသိနေခဲ့တယ်။

ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ သင်ကြားမှုတွေကို အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေဆီပေးဖို့ဆိုတာက နည်းနည်းပါးပါးပေးရင် ရပါပြီ။

အမျက်ဒေါသကျောင်းတော်အနေနဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ အသိပညာတချို့လဲရသွားနိုင်ပါတယ်။

ဒါပေမယ့် အမျက်ဒေါသကျောင်းတော်က ဘယ်နိုင်ငံတော်နဲ့ချိတ်ဆက်မနေတာကို သေချာပေါက်နားလည်ထားရမှာပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က နေလနိုင်ငံတော်ရဲ့လက်အောက်မှာရှိနေခဲ့တယ်။ ဒီကွာခြားချက်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမကြီးကို ပိုပြီးတော့အားသာချက်ရှိလာစေမှာပါ။ ဒါ့အပြင် ရေရှည်အတွက်လဲအကျိုးအမြတ်ကပိုများနိုင်ပါတယ်။

ကျန်းဟုန်ချန် ဒီလိုမျိုးသဘောတူလိုက်တဲ့နောက်ထပ်အကြောင်းအရင်းက ရှိနေပါသေးတယ်။ သူက ဟို့ယွိဟောင်ကို နေလကျောင်းတော်ဆီပို့မယ်ဆိုတဲ့ အကြီးအကဲမုရဲ့ပြောဆိုချက်ကြောင့်ပါပဲ။ ဟို့ယွိဟောင်သာ ပါနေခဲ့မယ်ဆိုရင် ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ရဲ့ အသင်အန္တရာယ်အတွက်ကိုသူလဲစိုးရိမ်စရာမရှိတော့ပါဘူး။ နှစ်ဖက်ကျောင်းတော်ရဲ့ပို့လွှတ်တဲ့ကျောင်းသားတွေရဲ့အဆင့်အတန်းနဲ့ အနာဂတ်အလားအလာက တူညီလို့နီးပါးရှိနေခဲ့တယ်။

ဒါ့အပြင် ဟို့ယွိဟောင်က အမြွှာသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူပါ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ကျွမ်းကျင်ဖို့အတွက်အတော်လေးလဲ ကြိုးစားအားထုတ်ရပါဦးမယ်။ သူက ၀ိညာဥ်လက်နက်တွေကို အဓိကအားပြုပြီသင်ကြားမယ်ဆိုရင်တောင် ဒါတွေကိုအာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ လက်ရှိအချိန်မှာ ဟို့ယွိဟောင် ပို့လွှတ်လိုက်မယ်ဆိုတာနဲ့တင် နှစ်ဖက်ကျောင်းသားတွေရဲ့ ကွာဟချက်ကကွက်တိလောက်ဖြစ်သွားပြီ။

” ကိစ္စတွေက စီစဥ်ပြီဆိုတော့မင်းအခုသွားလို့ရပြီ ”

ကျန်းဟုန်ချန်က နောက်တစ်ကြိမ်ဦးညွတ်လိုက်ပါတယ်။

” ကျေးဇူးတင်ပါတယ်အကြီးအကဲ ကြင်နာပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်…ဒါပေမယ့် မထွက်ခွာခင်အချိန်မှာ ကျွန်တော်တစ်ခုမေးချင်ပါတယ်..အမျက်ဒေါသကျောင်းတော်က နေလနိုင်ငံတော်နဲ့ ပိုပြီးနက်ရှိုင်းတဲ့အပေးအယူလုပ်လို့ရနိုင်ပါ့မလား ”

အကြီးအကဲမုက မျက်မှောင်ကြုတ်သွားခဲ့တယ်။

” အမျက်ဒေါသကျောင်းတော်က သော့်လော့တိုက်ရဲ့ကျောင်းတော်ပဲ ”

” နေလနိုင်ငံတော်ကလဲ သော့်လော့တိုက်ရဲ့နိုင်ငံတော်ပါပဲ ”

ကျန်းဟုန်ချန်လဲ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။

” ကောင်းပါပြီ ကျွန်တော်နားလည်ပါပြီ ”

အဲ့ဒီနောက် သူလှည့်ထွက်လို့သွားပါတော့တယ်။

” နေပါဦး ”

အကြီးအကဲမုက ကျန်းဟုန်ချန်ကိုတားလိုက်တယ်

” နောက်ထပ်အကြောင်းကိစ္စရှိပါသေးရဲ့လားအကြီးအကဲ ”

” မင်းကပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ပထမဆုံး၀င်ဖူးတဲ့အပြင်လူပဲ ဒီနေရာကလူတွေအလွယ်တကူ၀င်နိုင်ထွက်နိုင်တဲ့နေရာမဟုတ်ဘူး…မင်းလက်ထဲမှာရှိနေတဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်ကို ချန်ထားခဲ့ပြီရင်း ဒါကိုဘယ်လိုသုံးရမလဲဆိုတာ သင်ကြားပေး ဒါက ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ၀င်လာခဲ့တဲ့မင်းအတွက်၀င်ကြေးပဲ ”

” ၀င်ကြေးဟုတ်လား ”

အကြီးအကဲမုကိုကြည့်ရင်း ကျန်းဟုန်ချန်က မျက်လုံးပြူးနေခဲ့ပါတယ်။ ဒီလိုအရာမျိုးတောင်းဆိုခံရမယ်လို့ သူမတွေးထားခဲ့ပါဘူး။ ဒါက လုံး၀ကိုခြိမ်းခြောက်ပြီငွေညစ်နေတာနဲ့အတူတူပါပဲ။ ဒါ့အပြင် အဲ့ဒီ၀င်ကြေးဆိုတဲ့အရာက အရမ်းကိုစျေးကြီးလို့လှပါတယ်။

” အကြီးအကဲက ကျွန်တော်ကိုအနိုင်ကျင့်နေတာပဲ ”

ကျန်းဟုန်ချန်က ပြောလိုက်မိပါတယ်။ အကယ်၍ အကြီးအကဲမုရဲ့အစွမ်းအစတွေကိုသာ သူမမြင်ခဲ့ဘူးဆိုရင် အခုထက်ခေါင်းမာကောင်းခေါင်းမာနေပါလိမ့်မယ်။ ဒါပေမယ့် ဒီနေရာကြီးက အရမ်းကိုကြောက်စရာကောင်းပြီ သူနဲ့မသိတဲ့နေရာဖြစ်နေခဲ့တာကြောင့် အတော်လေးကိုတွေဝေလို့နေခဲ့တယ်။

အကြီးအကဲမုကတော့ ဘာမှမပြောပဲပြုံးနေဆဲပါ။ ကျန်းဟုန်ချန်ကိုကြည့်ရင်း အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ ကျန်းဟုန်ချန်လဲ လန့်သွားပြီ နံရံတွေကအရောင်တောက်လာတာကို သတိထားမိတယ်။ ဒါ့အပြင် အဲ့ဒီအလင်းတန်းတွေက သူ့ရဲ့လည်ပင်းကိုလာညစ်နေသလိုပါပဲ။

” အကြီးအကဲက ခန်းမထဲကိုလာဖို့ကျွန်တော်ကိုဖိတ်ခေါ်ခဲ့တာမလား ”

ကျန်းဟုန်ချန်က ပြောလာခဲ့ပါတယ်။ အကြီးအကဲမုအနေနဲ့ ၀င်ကြေးတောင်းလို့မရကြောင်း သူပြောချင်တာပါ။

အကြီးအကဲမုက ပြုံးပြရင်းပြောလာခဲ့တယ်။

” ငါမင်းကိုခန်းမဆောင်ထဲ ဖိတ်ခေါ်ခဲ့ပေမဲ့ ကျောင်းတော်ထဲကိုမဖိတ်ခေါ်ခဲ့ဘူး…ဒီနေရာက လျှို့၀ှက်နယ်မြေမဟုတ်ပေမဲ့ ကျောင်းသားတွေရဲ့လုံခြုံစိတ်ချမှုကိုလဲ ငါတွေးတောဖို့လိုသေးတယ်..အကယ်၍ မင်းအနေနဲ့ ၀င်ကြေးမပေးချင်ဘူးဆိုရင် ငါမင်းကိုအတင်းမတောင်းပါဘူး…ဒါပေမယ့် အဲ့ဒီကျောင်းသားတွေအလဲအလှယ်မလုပ်ခင် နှစ်နှစ်အချိန်အထိ ငါနဲ့ဒီနေရာမှာနေရမယ် ”

” ဒီနေရာမှာ နှစ်နှစ်နေရမယ်ဟုတ်လား ”

ကျန်းဟုန်ချန်ရဲ့နေရာက တောင့်တင်းအေးခဲလို့သွားပါတော့တယ်။ အကယ်၍ သူသာဒီနေရာမှာနှစ်နှစ်နေလိုက်မယ်ဆိုရင် အုပ်ချုပ်နေတဲ့ကျောင်းတော်တွေအားလုံးက ဖရိုဖရဲဖြစ်ကုန်မှာပါ။

သူသာမားမားမတ်မတ်ရှိမနေခဲ့ဘူးဆိုရင် သူ့အောက်မှာရှိနေတဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက တခြားသူတွေအလွယ်တကူကိုင်တွယ်လို့ရနိုင်တဲ့သူတွေမဟုတ်ပါဘူး။

အကြီးအကဲမုက နူးညံ့ညင်သာတတ်တဲ့ပုံပေါ်ပေမဲ့ သူထုတ်လွှတ်နေတဲ့ ဖိအားတွေက အရမ်းကိုများပြားလွန်လှပါတယ်။ အကယ်၍ သူသာအစွမ်းကုန်တိုက်ခိုက်ခဲ့မယ်ဆိုရင် အခွင့်အရေးရှိမယ်လို့ယုံကြည်ချက်အပြည့်ထားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အလောင်းကောက်ဖို့တောင် ကျန်မယ်မထင်ပါဘူး ”

ကျန်းဟုန်ချန်လဲ အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ ခေါင်းညိတ်လိုက်ပါတယ်။

” ဒီလိုဖြစ်မှတော့ အမိန့်ကိုနာခံပါ့မယ်…ခွင့်ပြုချက်မရပဲ ကျောင်းတော်ထဲကို၀င်လာမိတာက ငါအမှားပါပဲ ဒါကြောင့် ၀ိညာဥ်လက်နက်တစ်ခုကို လက်ဆောင်အဖြစ်ချန်ရစ်ထားခဲ့ပါ့မယ် ”

ပြောပြီတာနဲ့ ကျန်းဟုန်ချန်က လက်ကိုမြောက်ရင်းဝှေ့ရမ်းလိုက်ပါတယ်။ သူ့ရဲ့ရင်ဘတ်ပတ်လည်မှာ သတ္ထုပြားတစ်ပြားက ဖြည်းဖြည်းချင်းပေါ်ထွက်လို့လာခဲ့ပါပြီ။

ဒီသတ္ထုပြားက စက်၀ိုင်းပုံသဏ္ဍာန်ရှိပြီ အရမ်းကိုပါးလျလွန်လှပါတယ်။ နူးညံ့တဲ့ရွှေရောင်အလင်းတန်းတွေကို ထုတ်လွှတ်နေခဲ့ပြီ အထူးခြားဆုံးအပိုင်းကတော့ သူ့ရဲ့မျက်နှာပြင်ပါပဲ။ မျက်နှာပြင်မှာထွင်းထုထားတဲ့အရာတွေအားလုံးက အရမ်းကိုအသေးစိတ်ပြီ သပ်ရပ်လို့နေခဲ့တယ်။ ဒါပေမယ့် ဖန်တီးမှုနဲ့ စိတ်ကူးစိတ်တမ်းကူးမူရဲ့လက်ရာတွေအပြည့်အ၀ပါ၀င်နေခဲ့တာပါ။

အဲ့ဒီပစ္စည်းကနေ ၀ိညာဥ်စွမ်းအားတစ်ခုမှရှိမနေခဲ့ပါဘူး။ ဒါပေမယ့် တောင်တန်းကြီးတစ်ခုလိုမျိုးခိုင်မာတဲ့ခံစားချက်ကို ပေးစွမ်းလို့နေခဲ့ပါတယ်။ မှိန်ဖျော့ဖျော့အလင်းတန်းကလဲ ဆက်တိုက်ဆိုသလို ဖြာထွက်လို့နေခဲ့ပြီ အတော်လေးကို အာရုံဖမ်းစားနိုင်နေခဲ့တယ်။

ကျန်းဟုန်ချန်က ပြောလာခဲ့ပါတယ်။

” ဒီ၀ိညာဥ်လက်နက်က ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါ ဟုန်ချန်ကောင်းချီးမင်္ဂလာလို့ခေါ်ပါတယ်…အလိုအလောက်အသုံး၀င်နိုင်တဲ့ ခုခံရေး၀ိညာဥ်လက်နက်ပါပဲ ဒါကိုရင်ဘတ်နေရာမှာထားထားပြီ ခန္ဓာကိုယ်နဲ့ချိတ်ဆက်ထားရင်း ၀ိညာဥ်စွမ်းအားကို စုပ်ယူခိုင်းလို့ရပါတယ်…၀ိညာဥ်လက်နက်နဲ့လူကလဲ အဲ့ဒီနောက်တစ်သားထဲဖြစ်သွားမှာပါ အလစ်၀င်တိုက်ခံရတာပဲဖြစ်ဖြစ် အန္တရာယ်များတဲ့တိုက်ခိုက်မှုပဲဖြစ်ဖြစ် သူကခိုင်မာတဲ့ခန္ဓာကိုယ်တစ်ခုကို ပြုလုပ်ပေးပါလိမ့်မယ်…ဒါ့အပြင် ၀ိညာဥ်ပညာရှင်စိတ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီ အဖွင့်အပိတ်လဲလုပ်လို့ရပါတယ် ”

” ဒီဟုန်ချန်ကောင်းချီးမင်္ဂလာရဲ့အစိတ်အပိုင်းတချို့ကိုတော့ တော်တော်လေးကျေနပ်မိတယ်…ပထမဆုံးအနေနဲ့ ဒါကအသုံးပြုသူရဲ့ကျင့်ကြံဆင့်ကို ကန့်သတ်မထားဘူး..၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိရှိ နှစ်ကွင်းပဲရှိရှိ ဘယ်သူမဆိုအသုံးပြုနိုင်တယ်…ဒါ့အပြင် သူ့ရဲ့ ခုခံနိုင်တဲ့အကျ်ိုးရလဒ်က အသုံးပြုတဲ့သူ့ရဲ့ဘယ်၀ိညာဥ်စွမ်းရည်နဲ့မှ ထိတွေ့စရာမလိုပဲ ၀ိညာဥ်စွမ်းအားနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေလိမ့်မယ်..ဒါပေမယ့် ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကလဲ ငါးပုံတစ်ပုံလောက်အထိပဲ ကုန်ဆုံးနိုင်လိမ့််မယ်..ဒါကြောင့် ၀ိညာဥ်ပညာရှင်တွေအတွက် အားလုံးသင့်တော်တယ်..အကယ်၍ သော့်လော့တစ်ယောက်ရဲ့လက်ထဲကို အပ်လိုက်မယ်ဆိုရင် သေချာပေါက်ထူးကဲသာလွန်သော့်လော့တစ်ယောက်ရဲ့အင်အားကို ခုခံနိုင်တဲ့လက်နက်ပါပဲ ”

” ဒါ့အပြင် ဒီပစ္စည်းမှာပြိုင်ဘက်ကင်းတဲ့အသက်သွင်းနည်းလမ်းမျိုးရှိနေတယ် ”

” သူက အဲ့ဒီနည်းလမ်းကိုအသုံးပြုပြီး အသက်သွင်းလိုက်လို့ရှိရင်း မပျက်သုန်းအတားအဆီးလိုမျိုးဘယ်အရာကိုမဆိုခုခံနိုင်ပြီ ဆယ့်ငါးစက္ကန့်တိတိ ကြာရှည်ခံနိုင်တယ်..ဒါ့အပြင် ဒီအကာအကွယ်အတားအဆီးရဲ့အင်အားက အသုံးပြုတဲ့သူ့ရဲ့ အစွမ်းအစထက်ကိုသုံးဆတိတိ ပိုပြီးကြီးမားနိုင်တယ်. ”

” ဒီလိုမျိုးအဆင့်ကိုး၀ိညာဥ်လက်နက်ဖြစ်လာခဲ့တယ်ဆိုတာ သူ့ရဲ့ဒီလိုအစွမ်းအစတွေကြောင့်ပဲ ဒါပေမယ့် တစ်ခေါက်အသုံးမပြုခင်မှာ သေချာပေါက် အကြာကြီးမြင့်တင်ထားဖို့လိုတယ်…ဒါကိုလူကိုယ်တိုင်အသုံးပြုပြီး အင်အားဖြည့်တင်းပေးလို့မရဘူး..အသုံးပြုတဲ့သူကျင့်ကြံမယ်ဆိုရင် သူက သုံးရက်နီးပါးလောက် အတူတူလေ့ကျင့်ပြီတော့မှ အင်အားဖြည့်တင်းပေးလို့ရလိမ့်မယ်…ဒါ့အပြင် အသုံးပြုသူအနေနဲ့စွမ်းအားတွေကို အဆုံးစွန်းအထိ အပြည့်အ၀ထည့်သွင်းပြီ အတင်းအကြပ်အသက်သွင်းလို့လဲရတယ်..ဒီလိုလုပ်မယ်ဆိုရင် အနည်းဆုံးတစ်နေ့နဲ့တစ်ညတိတိ တရားထိုင်ဖို့လိုအပ်လိမ့်မယ်…ဒီလိုအချိန်အတွင်းမှာ အသုံးပြုတဲ့သူအနေနဲ့ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကိုဒီ၀ိညာဥ်လက်နက်ထဲမှာ ဆက်တိုက်ထည့်နေဖို့လိုလိမ့်မယ် ”

အပိုင်း ၁၃၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset