Switch Mode

Chapter – 98

ရဲစွမ်းသတ္တိ ရှိသည့် ဘ၀ပုံစံ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၉၈ – ရဲစွမ်းသတ္တိရှိသည့် ဘဝပုံစံ

ဤသည်မှာ လူတစ်ယောက် သူမကို အသားယူရဲသည့်ပထမဆုံးအကြိမ်ပင်။ သူမ အံ့အားသင့်လွန်းသောကြောင့် ချက်ချင်းပင် မတုံ့ပြန်လိုက်နိုင်။

ကျန်းလော့ရှန်း၏ နှုတ်ခမ်းများ တုန်ယင်လာကာ သူမ သူ့ကို အော်ဟစ်ရန် ပြင်ဆင်လိုက်သည်။ သူမ ဤသည်ကို သည်းမခံနိုင်တော့။

သို့သော် ထိုအချိန်တွင် ချူဖုန်းသည် ပါးစပ်နား၌ လက်ညှိုးကပ်လိုက်ပြီး သူမကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ဘာလားဟ .. ကျန်းလော့ရှန်း ကြောင်အသွားရသည်။

သို့သော် ခဏကြာပြီးနောက် သူမ ပို၍ပင် ဒေါသထွက်လာရသည်။ သူ့ကို အသားယူပြီးတော့ ဒီလူက သူ့ကို တိတ်တိတ်လေး နေခိုင်းနေတာလား..

ရှားချန်းယုသည် ငေးကြောင်နေရာမှ အသိပြန်ဝင်လာသည်နှင့် ရေခွက်ကို ကောက်ကိုင်လိုက်ပြီး ဤနှာဗူးကို လှမ်းပက်ရန် ပြင်လိုက်သည်။

သို့သော် ဤလူ၏အရှိန်ကြောင့် သူမ အံ့အားသင့်သွားရသည်။ တစ်ခဏအတွင်း သူ့လက်ထဲမှ ခွက်ကို ယူသွားပြီး သူမအား တိုးတိုးနေရန် အချက်ပြလာသည်။

ချူဖုန်းမှာ ခေါင်းကိုက်နေရလေပြီ။ ယဲ့ချင်းရုန်တို့အုပ်စုမှာ စားသောက်ဆိုင် တံခါးဝသို့ ရောက်နေလေပြီ။

သူ ခွက်ထဲ လက်ထည့်လိုက်ကာ စားပွဲပေါ်၌ စာရေးပြလိုက်သည်။ “အခြေအနေက အန္တရာယ်များနေတယ် .. စကားတစ်ခွန်းမှ မပြောနဲ့..”

ကျန်းလော့ရှန်း သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် သူမစိတ်ကို ထိန်းချုပ်လိုက်သည်။ သူ ချက်ချင်း မပေါက်ကွဲတော့။ ဤနေရာ၌ လူများစွာ ရှိနေသောကြောင့် ဤလူ ဘာထပ်လုပ်လာမည်ကို သူမ သိချင်သည်။

ထို့အပြင် သူမ တကယ်တိုက်ခိုက်မည်ဆိုလျှင်လည်း သူမရှေ့မှ ဤလူကို ကြောက်စရာမလို။ သူမသည် မြင့်မြတ်သည့်မိသားစုမှ မွေးဖွားလာပြီး အစောကြီးကတည်းက သူမကို သန္ဓေပြောင်းလူများထဲ ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ထားပြီးသားပင်။

“လုပ်ကြံရေးသမားတွေ စားသောက်ဆိုင်ထဲ ဝင်လာတယ် .. မလှုပ်နဲ့ .. သူတို့ ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့..” ချူဖုန်း ရေးပြလိုက်သည်။

သူ ရွေးချယ်စရာမရှိ။ သူတို့ကို အန္တရာယ်များသည့်အခြေအနေ ရောက်နေသည်ဟု ထင်နေအောင်သာ လုပ်နိုင်သည်။ အနည်းဆုံးတော့ သူတို့ ပြဿနာထပ်ရှာမည်မဟုတ်တော့။

ရှားချန်းယုသည် မနေနိုင်တော့ပဲ နောက်လှည့်ကြည့်လိုက်သည်။ ဒီနေရာမှာ အန္တရာယ်ရှိနေတာလား..

ကျန်းလော့ရှန်းကတော့ အတော်လေး တည်ငြိမ်နေသည်။ သူမသည် ချူဖုန်းကိုသာ တိတ်တိတ်လေး စိုက်ကြည့်နေလိုက်သည်။

သူမသည် အလွန်ဉာဏ်ထက်သည့်အမျိုးသမီးပင်။ ချူဖုန်း ဉာဏ်ကောင်းသော်လည်း သူမ ချူဖုန်း လှည့်ထွက်ထဲ ကျမည်မဟုတ်။

သူမသည် ခုံကို မှီထိုင်လိုက်ပြီး သူမရှေ့မှလူကိုသာ ကြည့်နေလိုက်သည်။

ချူဖုန်း အနည်းငယ် စိတ်သက်သာရာ ရသွားရသည်။ အနည်းဆုံးတော့ သူ့ရှေ့မှ အမျိုးသမီးနှစ်ဦး တိတ်ဆိတ်သွားလေပြီ။

စိတ်အေးသွားသည့်အချိန်မှသာ ချူဖုန်း ချိုမြိန်လှသည့် မွှေးရနံ့တစ်ခုကို သတိပြုမိသွားသည်။

ဒီအမွှေးနံ့က ကျန်းလော့ရှန်း ဆီကပဲ .. သူ ချက်ချင်း စဉ်းစားမိသွားသည်။

သူ့နှာခေါင်း၏ လှုပ်ရှားမှုကို ကျန်းလော့ရှန်း သတိပြုမိသွားသည်ပင်။ ထို့နောက် သူမ မျက်ဝန်းထဲ လူသတ်လိုသည့်အငွေ့အသက်များ ဖြစ်ပေါ်လာသည်။

“တောင်းပန်ပါတယ် .. တမင်သက်သက်လုပ်တာ မဟုတ်ပါဘူး ..” ချူဖုန်း စားပွဲပေါ်၌ စာရေးပြလိုက်သည်။ “ဒါက ဘာရေမွှေးလဲ..” သူ ထပ်ရေးပြလိုက်သည်။

ဤအနံ့ကို ရေမွှေးအနံ့အဖြစ် ဟန်ဆောင်လိုက်ပြီး ကသိကအောင့်ဖြစ်နေသည့် အခြေအနေကို ဖြေလျော့လိုခြင်းပင်။

သို့သော် ကျန်းလော့ရှန်းကတော့ ပို၍ စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။

ဤသည်မှာ သူမ ဝတ်ထားသည့်မက်စ်ပင်။ ဤမက်စ်သည် သူမ၏ မျက်နှာ၊ ပါးစပ်၊ နှာခေါင်းနှင့် ကပ်ထားသောကြောင့် ဤအနံ့မှာ သူမထံမှ လာခြင်းမဟုတ်လျှင် မည်သူ့ထံမှ ရမည်နည်း.. ဤလူကတော့ တစ်လက်မပေးလျှင် တစ်မိုင်လောက် လိုချင်နေသည်။

ရှားချန်းယု သူမကို မျက်လုံးပြူးကျယ်စွာ ကြည့်လိုက်ပြီးနောက် ရုတ်တရက် ကျန်းလော့ရှန်း၏ ဖန်ခွက်ကို ဆွဲယူလိုက်လေသည်။

“ရှင် စာလုံး‌တွေ အများကြီး ရေးနေရတာ မပင်ပန်းဘူးလား..” ကျန်းလော့ရှန်း ထူးမခြားနားသည့်အပြုံးဖြင့် မေးလိုက်သည်။ သူမသည် ခုံပေါ်၌ မှီထိုင်ထားနေဆဲပင်။

သူမ အသံမှာ မကျယ်သော်လည်း ချူဖုန်း ထိတ်လန့်သွားရသည်။

“ကြည့်ရတာ ရှင် အဲဒီအုပ်စုနဲ့ သိတယ်ထင်တယ်..” ကျန်းလော့ရှန်း ပြောလိုက်သည်။ သူမ ဤလူကို ချက်ချင်း ရိုက်နှက်ပစ်ချင်သော်လည်း သူ့ကို အရင်ဆုံး စိတ်ဒုက္ခရောက်အောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူ စိုးရိမ်လေလေ သူမ ထိုလူများကို ပို၍ ဆွဲဆောင်လေလေပင်ဖြစ်လိမ့်မည်။

“အဲဒီလူတွေက ကျွမ်းကျင်တဲ့ လုပ်ကြံရေးသမားတွေ .. သူတို့ကို ရန်မစနဲ့..” ချူဖုန်း စာအရှည်ကြီး ရေးပြလိုက်သည်။

ရှားချန်းယု အနည်းငယ် စိုးရိမ်လာသည်။ ဤလူကို ကြည့်ရသည်မှာ သရုပ်ဆောင်နေပုံမပေါ်။ ဒီမှာတကယ် လုပ်ကြံရေးသမားတွေ ရှိနေတာလား..

ကျန်းလော့ရှန်း ရှားချန်းယုကို မျက်လုံးလှန်ပြလိုက်ကာ “ငါသာ လိုက်မလာရင် နင် တကယ် သူ့နောက်လိုက်သွားပြီး လူမရှိတဲ့နေရာမှာ အခွင့်ကောင်းယူခံရလောက်ပြီ..”

ရှားချန်းယု ရှက်ဒေါသထွက်သွားရသည်။ “မဖြစ်နိုင်တာ .. ငါက အဲဒီလောက်မအဘူး .. ပြီးတော့ ဒီနေ့ အခွင့်ကောင်းယူခံနေရတာ နင်လေ..”

ချူဖုန်းကတော့ ‘သွားပြီ’ ဟု ခံစားလိုက်ရသည်။ ဤမိန်းကလေးနှစ်ယောက် ဤကဲ့သို့ဖြစ်နေလျှင် သူတို့ကို သေချာပေါက် ရှာတွေ့သွားတော့မည်။

သို့သော် ယုယန်ချင်းသည် သူကဲ့သို့ပင် သူ၏အကြားအာရုံကို ပိတ်ထားသောကြောင့် သူ မျှော်လင့်ချက် ရှိသေးသည်။

ကျန်းလော့ရှန်း သူ့နာမည်ကို ထုတ်မပြောသရွေ့ ယုယန်ချင်း သူတို့ကို သတိပြုမိလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။

ချူဖုန်း သူ့နားထင်မှ ချွေးများကို သုတ်လိုက်ပြီး ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ကျန်းလော့ရှန်းသည် မကောင်းသည့်အပြုံးကြီး ပြုံးလိုက်ကာ “နေ့လည်တောင် ရောက်နေပြီပဲ .. ကျွန်မတို့ အခုထိ ဘာမှမစားရသေးဘူး .. မုန့်တစ်ခုခု မှာရအောင်..”

ထို့နောက် သူမသည် စားပွဲထိုးခေါ်ကာ မုန့်များ မှာလိုက်သည်။

စားပွဲတစ်ဖက်ခြမ်းမှ နိုင်ငံ့နတ်ဘုရားမ ကျန်းလော့ရှန်းကို သူ အေးခဲစွာကြည့်လိုက်သည်။ သူ ဗိုက်မဆာဘူးလို့ ပြောခဲ့တာလေ .. အခုတော့ သူက ရုတ်တရက်ကြီး စားချင်လာတာလား..

“ဟုတ်တယ် .. ငါလည်း ဗိုက်ဆာနေပြီ .. ဘာပဲဖြစ်ဖြစ် ငါတို့ကို စားကောင်းသောက်ဖွယ်တွေ ကျွေးမယ့်လူရှိနေပြီလေ .. အရသာရှိတာလေးတွေ မှာရအောင်..” ရှားချန်းယု ပြောလိုက်သည်။

ကျန်းလော့ရှန်းမှာ ဤဆိုင်မှ စားစရာများကို သိသောကြောင့် ဈေးအကြီးဆုံးဟင်းပွဲများအပြင် ဝိုင်တစ်လုံးပါ မှာလိုက်သည်။

ချူဖုန်းမှာ အသက်ရှူပင် ကြပ်လာသည်။ သူ ထွက်သွားချင်သော်လည်း ကြောက်နေမိသည်။ ဤမိန်းကလေးနှစ်ဦး၏ အထုအထောင်းခံရမည်ကို ကြောက်သည်မဟုတ်။ သူ့အသိများ မှတ်မိသွားမည်ကို ကြောက်နေသည်ပင်။

“မလှုပ်နဲ့ .. မဟုတ်ရင် ကျွန်မ အဲဒီလူတွေကို ဖိတ်လိုက်မယ်..” ကျန်းလော့ရှန်း ပြောလိုက်သည်။ သူမ၏နူးညံ့သည့်အပြုံးမှာ တောက်ပလှသကဲ့သို့ နတ်ဆိုးလည်း ဆန်နေသည်။

ဤအမျိုးသမီးသည် သူနှင့် အသစ်ရောက်လာသည့်လူအုပ်ကို ဆက်စပ်မိသွားပြီး သူ့အား တမင်သက်သက်နှိပ်စက်နေသည်ကို သိလိုက်ရသည်။

သူ အတော်လေး အံ့အားသင့်သွားရ၏။ ဤအမျိုးသမီးသည် လှပရုံသာမက အလွန်ထက်မြက်လှသည်။ သူ့ကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ပင်။

“ရှင် မစားဘူးလား..” သူမ ဆံပင်များကို ဆော့ကစားပြီး မေးလိုက်သည်။ သူမသည် ပေါင်မုန့်မီးကင်ကို ကမ်းပေးလိုက်ပြီးနောက် ရှားချန်းယုနှင့် ခွက်တိုက်လိုက်သည်။

“ငါ ဗိုက်မဆာဘူး..” ဤတမင်သက်သက် နှိပ်ကွပ်မှုကို သူ စိတ်ရှုပ်လာသည်။ သို့သော် သူ တကယ်ကို ဗိုက်ဆာနေလေပြီ။

“ဒီဟင်းပွဲတွေက တကယ် မဆိုးဘူး..” ရှားချန်းယု ရယ်မောလိုက်သည်။ သူမသည် နှာဗူးကောင်၏ ပိုက်ဆံဖြင့် အစားကောင်းများ စားနေရသည့်အပြင် သူ့ကိုလည်း စိတ်တိုအောင် လုပ်နေနိုင်သောကြောင့် တကယ်ကို‌ ကျေနပ်စရာကောင်းလှသည်။

“အင်း .. ဒီဝိုင်နီလည်း တော်တော်လေး ကောင်းတယ်..” ကျန်းလော့ရှန်း ကြည်လင်တောက်ပနေသည့် ဝိုင်ခွက်ကို ညင်သာစွာ လှုပ်ခါ၍ ပြောလိုက်သည်။ သူမ ဝိုင်ကို အနံ့ခံပြီး တစ်ငုံသောက်လိုက်သည်။ ဝိုင်သည် သူမနှုတ်ခမ်းအား စိုစွတ်တောက်ပသွားစေသာကြောင့် ဤမြင်ကွင်းမှာ ဆွဲမက်ဖွယ်ကောင်းလှသည်။

ချူဖုန်း အံကြိတ်လိုက်သည်။ အခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပြီး သူက အနိုင်ကျင့်ခံရသည့်သူဖြစ်နေသည်။

ထို့နောက် သူသည် မက်စ်မှ မွှေးရနံ့ကို ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာထက်တွင် ဇိမ်ခံနေသည့်အမူအရာမျိုး ပေါ်လာသည်။

“ကျွန်မကိုပြန်ပေး..” ကျန်းလော့ရှန်း အသိပြန်ဝင်လာပြီး သူမပစ္စည်းအား ပြန်ပေးရန် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

သူမ ဤသည်ကို တောင့်မခံနိုင်တော့။ ဤသည်မှာ သူမမျက်နှာနား တစ်ယောက်ယောက် လာအသက်ရှူနေသကဲ့သို့ပင်။ သူမ ဆံပင်မွေးများပင် ထောင်ထလာသည်။

“မပေးဘူး..” ချူဖုန်း ရေးပြလိုက်သည်။

ကျန်းလော့ရှန်းသည် အေးစက်စွာ ရယ်လိုက်ကာ “ရှင်က တကယ်ပဲ သူတို့ကို ခေါ်လိုက်စေချင်တာလား..”

“ရပါတယ် .. အများဆုံးမှ ငါဘလိုင်းဒိတ်တွေ့နေလို့ သူတို့ငါ့ကို လှောင်ရယ်ရုံပဲ .. ဒါပေမဲ့ ငါ နိုင်ငံ့နတ်ဘုရားမနဲ့ ဒိတ်နေကြောင်း အော်ပြောလိုက်တာနဲ့ အားလုံးလှည့်ကြည့်လိမ့်မယ်ဆိုတာ ငါ အာမခံတယ် .. အဲဒီအချိန်ကျရင် ဘယ်သူက ပိုဆိုးမလဲဆိုတာ ကြည့်ကြတာပေါ့..”

ချူဖုန်း ဤစကားလုံးများကို ဖြေးညှင်းစွာ ရေးပြလိုက်သည်။

သူက ဘာကိုကြောက်နေရမည်နည်း.. ကျန်းလော့ရှန်းသာ သတိထားသင့်သည့်သူပင်။

“ရှင်..” ရှားချန်းယု အလွန်ထိတ်လန့်သွားရသည်။ မည်သူက ဤကဲ့သို့သော အကြံမျိုး ထွက်လာမည်နည်း.. ဤလူမှာ အရှက်တရားကင်းမဲ့လှသည်။

ကျန်းလော့ရှန်း၏ လှပသည့်မျက်နှာလေး အေးခဲသွားသည်။ သူမကို မည်သူမှ ဤကဲ့သို့ မခြိမ်းခြောက်ဖူး .. သူ တကယ်ကို ဒေါသထွက်နေလေပြီ။

“အဲဒါဆိုရင် ငါ စအော်လိုက်တော့မယ် .. နတ်ဘုရားမက ငါ့ကောင်မလေးပါလို့ ငါ ပြောလိုက်မယ်” ချူဖုန်း ရေးပြလိုက်သည်။

“ရှင် .. အယုတ်တမာ .. အရှက်မရှိတဲ့လူ .. လူရမ်းကား..” ကျန်းလော့ရှန်းသည် ပုံမှန်ဆိုလျှင် တည်ငြိမ်အေးဆေးသည့်သူဖြစ်သော်လည်း ယခုတော့ အလွန်ဒေါသထွက်နေလေပြီ။ သူမ ဤလူမျက်နှာကို ဝိုင်ခွက်ဖြင့် ပက်ချင်လာမိသည်။

“စိတ်လျှော့ .. မင်းရဲ့နတ်ဘုရားမ ဂုဏ်သိက္ခာကို မထိခိုက်စေနဲ့” ချူဖုန်း သတိပေးလိုက်သည်။

“လော့ရှန်း ငါ့ကို မတားနဲ့..” ရှားချန်းယုမှာ ပို၍ပင် စိတ်ပျက်နေသည်။ သူမ ဤလူကို ဝိုင်ဖြင့်ပက်ရန် ပြင်လိုက်သော်လည်း ကျန်းလော့ရှန်း သူမကို တားလိုက်သည်။

ကျန်းလော့ရှန်းလည်း ချူဖုန်းနည်းတူ ဤနေရာမှ မြန်မြန်ထွက်သွားချင်နေသည်ပင်။ စားသောက်ဆိုင်အပြင်ဘက်ရောက်သည်နှင့် သူမ ဤလူကို ရှင်းနိုင်မည့်နည်းလမ်းများစွာ ရှိသည်။ သူမ ဤလူကို ငိုအောင်လုပ်ရမည်။

ချူဖုန်းလည်း ထွက်သွားရန် မစောင့်နိုင်တော့။

သို့သော် ယဲ့ချန်းရုန်တို့အုပ်စုမှာ ထွက်ပေါက်နှင့်နီးသည့်နေရာ၌ ထိုင်နေသည်ကို သူ တွေ့လိုက်ရသည်။

ဘယ်လိုထွက်ပြေးရမလဲဟု သူ စဉ်းစားလိုက်သည်။ ရုတ်တရက် သူ အကြံတစ်ခု ရသွားသည်။ ထို့နောက် သူသည် လျင်မြန်စွာဖြင့် ကျန်းလော့ရှန်း နေကာမျက်နှာကို ဆွဲချွတ်ပြီး သူ့မျက်နှာထက်၌ တပ်ဆင်လိုက်လေသည်။ သူသည် အပြစ်ရှိစိတ်နည်းနည်းပင်မရှိ။

ကျန်းလော့ရှန်းမှာ စိတ်လည်းတိုသလို အံ့လည်း အံ့ဩမိသည်။ ဤလူ၏အရှိန်မှာ ကြောက်စရာကောင်းလှသည်။ သူမပင် အချိန်မှီ မတုံ့ပြန်နိုင်။

ရှားချန်းယု ချူဖုန်းကို ဒေါသတကြီး ကြည့်လိုက်သည်။ ဤလူ မလုပ်ရဲသည်မှာ ဘာမှမရှိ။

ကျန်းလော့ရှန်းသည် ရှားချန်းယု လည်ပင်းမှ ချစ်စရာကောင်းသည့်လည်စီးကို ဆွဲချွတ်ပြီး သူမမျက်နှာတစ်ဝက်ကို အုပ်ထားလိုက်သည်။ လူများ သူမအား မှတ်မိသွားမည်ကို သူမ တကယ်ကို ကြောက်မိသည်။

အဝေးရှိ စားပွဲတစ်ခုတွင် တိဟွိုင်ကျင်းသည် ယဲ့ချန်းရုန်ကို ဖားယားရင်း အလုပ်များနေသည်။

“ဒီစားသောက်ဆိုင်ကို ဘိုကင်တင်ဖို့က တကယ်ခက်တယ် .. ဘိုကင်ကြိုတင်ရင်တောင် ရဖို့မသေချာဘူး .. မစ္စယဲ့ စကားလေး နည်းနည်းလေး ပြောလိုက်ရုံနဲ့ အားလုံး ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..”

ယုယန်ချင်းလည်း သူမကို ချီးကျူးနေသည်။ “ဟုတ်တယ် .. အစ်မချင်းယဲ့က တကယ်မိုက်တယ် .. ဒီစားသောက်ဆိုင်က အစောပိုင်းက ကျွန်တော်ဘိုကင်တင်ထားတဲ့စားသောက်ဆိုင်ထက် ပိုမိုက်တယ် .. နေရာပြောင်းလိုက်တာက ကောင်းတဲ့ ရွေးချယ်မှုပဲ”

ရုတ်တရက် တိဟွိုင်ကျင်းမျက်နှာထက်၌ သံသယအကြည့်များ ဖြစ်ပေါ်လာသည်။ “အမ်.. ဟိုလူက ဘာလို့ ငါတို့ဘော့စ်နဲ့ အရမ်းတူနေတာလဲ..”

စားပွဲနှစ်ခုကြားမှ အကွာအဝေးမှာ နီးသည်ဟု ပြော၍မရ။ ထို့အပြင် ကြားရှိ စားပွဲများ၌လည်း ဧည့်သည်များ ပြည့်နေသည်ပင်။ ဤသည်ကိုပင် တိဟွိုင်ကျင်းမှာ ချူဖုန်းကို မြင်နေသေးသည်။

ယဲ့ချန်းရုန် အံ့အားသင့်သွားသည်။ တိဟွိုင်ကျွင်းက ချူဖုန်းကို တကယ်မြင်လိုက်တာလား..

“ငါ နားထောင်ကြည့်မယ်..” အကြားသမားယုယန်ချင်း ပြောလိုက်ပြီး သူ့နားရွက်ကြီးများ အနည်းငယ် လှုပ်ခတ်သွားသည်။ ထို့နောက် အံ့အားသင့်သည့်အမူအရာဖြင့် သူ ပြောလာလေသည်။ “အဲဒါ ငါတို့ဘော့စ်ပဲ .. ငါ သူ့အသက်ရှူသံကို မှတ်မိတယ်”

ချူဖုန်းမှာတော့ မျက်ရည်ကျမတတ် ဖြစ်နေလေပြီ။ ဤ ပေါတောတောလက်အောက်ငယ်သားနှစ်ယောက်တွင် ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်များ ရှိမည်မဟုတ်တော့။

နောင်ကျလျှင် သူတို့ကို နည်းနည်းလေး ပို’လေ့ကျင့်’ပေးရန် ဆုံးဖြတ်လိုက်သည်။ မည်သည့်အချိန်မဆို သူတို့စွမ်းအားများအသုံးပြုပြီး သူ့အား မချောင်းရန် တားမြစ်ထားရမည်။

ထင်ထားသည့်အတိုင်းပင် ယဲ့ချင်းရုန် ဦးဆောင်ကာ သူတို့သုံးယောက် လျှောက်လာနေကြလေပြီ။

“ဘော့စ် တကယ်ဘောစ်ပဲ .. ဘော့စ်က အလှလေးနှစ်ယောက်နဲ့ ညစာစားနေတာလား..” တိဟွိုင်ကျင်းသည် စားပွဲနားသို့ မရောက်ခင်ကတည်းက အော်ပြောနေပြီဖြစ်သည်။

“အစ်ကိုကြီးက အလှလေးတွေနဲ့ နှစ်ယောက်၊ တစ်ယောက် စားနေတာလား.. သူရဲကောင်းတွေက တကယ်ကို မကျေနပ်နိုင်ကြဘူးပဲ .. ” ယုယန်ချင်း ပြောလိုက်သည်။

အပြစ်မရှိသည့် ရှားချန်းယုမှာ ဒေါသထွက်လွန်းသောကြောင့် အဆုတ်ပေါက်လုနီးပါးပင်။ ဒီလူတွေက ဘယ်က ရောက်လာတာလဲ .. သူတို့သည် ဤနှာဗူးနှင့် တကယ်ကို လိုက်ဖက်လှသည်။

နှစ်ယောက်၊ တစ်ယောက်ဟုတ်လား .. ကျန်းလော့ရှန်း မျက်နှာထက်တွင် အနက်ရောင်မျဉ်းကြောင်းများစွာ ပေါ်ထွက်လာသည်။

“မင်းတို့နှစ်ယောက် .. မင်းတို့ စကားနည်းနည်းလေး လျှော့ပြောလိုက်တာနဲ့ ဘယ်သူမှ မင်းတို့ကို အ,နေတဲ့လူလို့ ပြောမှာမဟုတ်ဘူး..” ချူဖုန်း ပြောလိုက်သည်။

သူ ဤလူများကို မမြင်ချင်ယောင်ဆောင်၍ မရတော့သဖြင့် သူတို့ကို သတိပေးဆုံးမရန်သာ တတ်နိုင်တော့သည်။ ယဲ့ချန်းရုန်ကိုတော့ သူ ပြုံးပြလိုက်လေ၏။ သူ၏ဆက်ဆံပုံမှာ ကွာခြားလှသည်။

သို့သော် ယဲ့ချန်းရုန်ကတော့ သူ့အပြုံးကို အသိအမှတ်မပြု။ သူမသည် သူမဆံပင်များကို ဆော့ကစားရင်း လမ်းလျှောက်လာနေလေ၏။ သူမသည် စားပွဲရှိ လူသုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် “ဒါက ဘလိုင်းဒိတ်နဲ့တူနေသလိုပဲ..”

“ဘာ .. ဘော့စ်က ဘလိုင်းဒိတ်တွေ့နေတာလား..” တိဟွိုင်ကျွင်းသည် အခြားသူများ မသိမှာစိုးသည့်အလား အော်ပြောလိုက်လေ၏။

ယုယန်ချင်းသည် မျက်လုံးများပြုးကျယ်သွားကာ ချူဖုန်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီးနောက် “လေးစားစရာပဲ .. တကယ်ကို လေးစားစရာကောင်းတယ် .. နှစ်ယောက်ကို တစ်ခါတည်း ချိန်းတွေ့နေတာ..”

“ပါးစပ်ပိတ်တော့..” ချူဖုန်းမှာ ခေါင်းအကြီးကြီး ကိုက်နေရလေပြီ။

အဘယ်ကြောင့်ဆိုသော် စားပွဲတစ်ဖက်ခြမ်းမှ ကျန်းလော့ရှန်း ဒေါသတကြီးအံကြိတ်နေသည်ကို သူ တွေ့နေရသည်ပင်။ သူမသည် အချိန်မရွေး ပေါက်ကွဲရန် အသင့်ဖြစ်နေလေပြီ။

“ရှင်တို့နှာဗူးနှစ်ယောက် မဆိုင်တဲ့မှတ်ချက်တွေ လျှောက်ပေးမနေနဲ့..” ရှားချန်းယု သူတို့ကို သတိပေးလိုက်သည်။

“ဘော့စ် .. ဘော့စ်ကဘာလို့ နေကာမျက်မှန်နဲ့ မက်စ်တပ်ထားတာလဲ .. ကျွန်တော်တို့ကို ပုန်းဖို့ ကြိုးစားနေတာလား..” ယုယန်ချင်း စလိုက်သည်။

“နေဦး .. တစ်ခုခုတော့ မှားနေတယ် .. ဘုရားရေ .. ငါ ဘယ်သူ့ကို ချောင်းကြည့်မိသွားတယ်ထင်လဲ..” တိဟွိုင်ကျင်းသည် ကျန်းလော့ရှန်းကို စိုက်ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ကိစ္စများကို သူ ထိန်းချုပ်၍မရတော့ဟု ချူဖုန်း ခံစားနေမိသည်။ ဤကောင်သည် ကျန်းလော့ရှန်းကိုပင် မှတ်မိနေနိုင်သည်။

“ဘုရားရေ .. ငါ မေ့လဲတော့မယ် .. တကယ်ကို နိုင်ငံ့နတ်ဘုရားမပဲ..” တိဟွိုင်ကျင်းမှာ စိတ်လှုပ်ရှားလွန်းသောကြောင့် ဘာလုပ်ရမှန်းပင် မသိတော့။

သူ သာမန်ပြည်သူတစ်ဦး ဖြစ်နေစဉ်ကတည်းက သူသည် ကျန်းလော့ရှန်း၏ ဖန်အကြီးစားပင်။ ယနေ့ သူမနှင့် အပြင်၌တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း..

“ဘာ .. သူက ကျန်းလော့ရှန်းလား..” ယုယန်ချင်း ထိတ်လန့်တကြား‌ အော်ဟစ်လိုက်သည်။ “ဘော့စ် .. ကျွန်တော် ဘော့စ်ကို အထင်သေးမိတာပဲ .. ဘော့စ်က တကယ်ကို နတ်ဘုရားပဲ .. ကျန်းလော့ရှန်းနဲ့တောင် ဒိတ်လုပ်နိုင်တယ် .. ပြီးတော့ နှစ်ယောက်၊ တစ်ယောက် တွေ့နေတာ..”

ရှားချန်းယုမှာ ရူးတော့မတတ် ဖြစ်နေလေပြီ။ ဤဘလိုင်းဒိတ်မှာ ဆိုးရွားလှပြီး သူမဘဝ၏ အမည်းစက်ကြီး ဖြစ်တော့မည်မှာ သေချာသည်။

ကျန်းလော့ရှန်းကတော့ ဤလူကို သတ်ချင်နေသည်သာသိသည်။ ယနေ့အတွေ့အကြုံမှာ ဆိုးရွားလှသည်။ ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့။

တစ်ဖက်လူမှာ တကယ်ကို ကျန်းလော့ရှန်းဖြစ်နေသည်အား တွေ့လိုက်ရသည့်အချိန် ယဲ့ချင်းရုန်လည်း အံ့အားသင့်သွားရသည်။

တိဟွိုင်ကျင်းသည် လက်ထဲ၌ ဘောပင်ကိုင်ကာ ပြေးလာပြီး ကျန်းလော့ရှန်း၏လက်မှတ်ကို တောင်းလိုက်လေ၏။

ကျန်းလော့ရှန်းသည် လူသတ်ချင်နေသော်လည်း လက်မှတ်လာတောင်းခံနေရသောကြောင့် သူမလက်ထဲမှဘောပင် အဘယ်ကြောင့်နှစ်ပိုင်းကျိုးသွားသည်ကို စဉ်းစားရန်မလိုတော့။

“နတ်ဘုရားမ ခဏစောင့်ပေးပါ .. ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေလို့ .. ကျွန်တော် နောက်ထပ်ဘောပင်တစ်ချောင်း ထပ်သွားရှာလိုက်မယ်..” တိဟွိုင်ကျင်း တောင်းဆိုလိုက်သည်။

“ဘော့စ် .. ဒီနေ့ကစပြီးတော့ ဘော့စ်က ကျွန်တော့် အိုင်ဒေါလ်ပဲ … ဘော့စ်က နတ်ဘုရားမနဲ့ ဒိတ်နေတယ် .. နတ်ဘုရားမက သူ့ကို လူတွေတွေ့သွားမှာကိုတောင် မကြောက်ပဲ ဘော့စ်နဲ့ တွေ့နေတာဆိုတော့ သူ ဒီဒိတ်ကို ဘယ်လောက်ထိ လိုချင်နေလဲဆိုတာ သိသာတယ် .. ဘော့စ်က ဆွဲဆောင်မှုက ကျွန်တော်တို့လို သာမန်လူတွေ လိုက်မမှီနိုင်တဲ့အရာပဲ”

ဖုန်း.. စားပွဲကိုဖြတ်ကာ ကျန်းလော့ရှန်း ဤလူ့ကို လက်သီးတစ်လုံးဖြင့် လွင့်ထွက်သွားအောင် လုပ်လိုက်သည်။ သူမ သည်းမခံနိုင်တော့။

စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအချို့မှာ မတ်တပ်ရပ်ကာ ဤနေရာသို့ လာနေကြလေပြီ။

နိုင်ငံ့နတ်ဘုရား လူမိသွားလေပြီ။

ဤသတင်းသာ ပျံ့သွားလျှင် မယုံကြည်နိုင်လောက်သည့် မုန်တိုင်းကြီး ဖြစ်ပေါ်လာလိမ့်မည်။

ရွှီး ရွှီး..

ချူဖုန်းနှင့် ကျန်းလော့ရှန်းတို့မှာ တစ်ပြိုင်နက်တည်းပင် ထွက်ပြေးသွားလိုက်ကြလေသည်။

အပိုင်း ၉၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset