Switch Mode

Chapter – 135.3

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခန်းမသခင် ကျန်းဟုန်ချန်

အပိုင်း ၁၃၅•၃

” ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခန်းမသခင် ကျန်းဟုန်ချန် ”
°°°
အကြီးအကဲမုက အကြီးအကဲရွှမ်ကိုပြောလိုက်ပါတယ်။

” ရှောင်ရွှမ် ရှောင်ထောင့်ရဲ့အခြေအနေကိုကြည့်ဖို့သူ့ကိုခေါ်သွားလိုက် ယွိဟောင် ငါတို့သုံးယောက်လဲ သွားကြမယ် ”

” ဟုတ်ကဲ့ပါဆရာ ”

ဟို့ယွိဟောင်က အကြီးအကဲမုပြောတာကို ခပ်မြန်မြန်ပဲခေါင်းညိတ်လိုက်ပြီတဲ့နောက် အကြီးအကဲရွှမ်ဆီကို လျှောက်သွားပါတော့တယ်။

ယွိဟောင်ရဲ့နာမည်ကိုကြားချိန်မှာ ကျန်းဟုန်ချန်ကတော့ အကြည့်နေရာပြောင်းသွားခဲ့ပါတော့တယ်။

နေလကျောင်းတော်ရဲ့ မှတ်တမ်းထဲမှာဟို့ယွိဟောင်ရဲ့နာမည်က အများဆုံးပါနေခဲ့တာပါ။ အဖွဲ့ခေါင်းဆောင်တွေထက်တောင် သူနာမည်ကပိုပြီးထင်ရှားနေပါသေးတယ်။

အမြွှာသိုင်းပညာ၀ိညာဥ်တဲ့လား ဒါ့အပြင်တစ်ခုကလဲ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ဖြစ်နေပါသေးတယ်။ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိတယ်လို့ထင်ရပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်နဲ့အစွမ်းအစတွေကို ဖုံးကွယ်ထားပုံပါပဲ။

နောက်ဆုံးတိုက်ပွဲမှာ ဟို့ယွိဟောင်နဲ့ သူ့ရဲ့အပေါင်းအဖော်က အားကောင်းတဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစည်းမှုစွမ်းရည်တွေကို ဆက်တိုက်ထုတ်သုံးပြီအနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက အမြွှာသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပြီ ပေါင်းစည်းနိုင်စွမ်းကလဲ အရမ်းကိုမြင့်မားနေခဲ့တယ်။

ဆက်တိုက်ဆိုသလို သတင်းအချက်အလက်တွေက ကျန်းဟုန်ချန်ရဲ့စိတ်ထဲကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်အပေါ် သူ့ရဲ့အမြင်က အနည်းငယ်ပြောင်းလဲသွားခဲ့ပါတယ်။ သူက နောက်ထပ်သတင်းအချက်အလက်အသစ်တစ်ခုကို ထပ်မံရရှိလိုက်တာပါ။ အဲ့ဒါကတော့ ဟို့ယွိဟောင်က အကြီးအကဲမုကိုဆရာလို့ခေါ်တာပါပဲ။ အဲ့ဒီထူးဆန်းတဲ့လူကြီးရဲ့တပည့်က ဒီကလေးဖြစ်နေပုံရတယ်။

ဟို့ယွိဟောင်နဲ့ သူငယ်ချင်းနှစ်ယောက်ကလဲ အကြီးအကဲရွှမ်ရဲ့ဘေးကိုရောက်ရှိလို့သွားခဲ့ပြီ ကျန်းဟုန်ချန်ကို အနည်းငယ်ဂါရ၀ပြုလိုက်ပါတယ်။ နေလကျောင်းတော်ကလာတဲ့သူတွေကို အတော်လေးသဘောမကျပေမဲ့ ဂါရ၀ပြုဖို့ဆိုတာကဖြစ်သင့်တဲ့အရာပါပဲ။ အကြီးအကဲရွှမ်နဲ့ အကြီးအကဲမုတို့ကတော့ ဒီကိစ္စကိုစိတ်ထဲမထားတဲ့အတိုင်းပြုမူနေခဲ့ကြတယ်။

” ငါနောက်ကိုလိုက်ခဲ့ ”

အကြီးအကဲရွှမ်က မြန်မြန်ဆန်ဆန်လျှောက်သွားရင်း သူတို့ကိုတတိယအဆင့်ဆီခေါ်သွားပါတော့တယ်။ အကြီးအကဲမုကတော့ သူ့နေရာမှာသာကျန်ရစ်ခဲ့ပြီ မျက်လုံးတွေကိုပိတ်ထားခဲ့တယ်။ သူ့အနားယူနေပုံပါပဲ။

ကျန်းဟုန်ချန်က ဟို့ယွိဟောင်ကို စိတ်၀င်တစားကြည့်ရင်းပြောလာခဲ့တယ်။

” မင်းကဟို့ယွိဟောင်လား ဒါဆိုရင် အဲ့ဒီနှစ်ယောက်က ၀မ်သုန့်နဲ့ရှောင်းရှောင်းပဲဖြစ်ရမယ်. ”

ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့မှတ်တမ်းတွေထဲမှာ ဒီကလေးတွေရဲ့ရုပ်ရည်သွင်ပြင်ကို အသေးစိတ်ဖော်ပြလို့ထားခဲ့တယ်။

ဟို့ယွိဟောင်က ခေါင်းညိတ်ပြခဲ့ပြီ စကားမပြောခဲ့ပါဘူး။ သူက မာရှောင်ထောင့်အတွက်သာစိုးရိမ်ပူပန်နေခဲ့တာပါ။

လျစ်လျူရှုခံလိုက်ပေမဲ့ ကျန်းဟုန်ချန်ကစိတ်ထဲမထားခဲ့ပါဘူး။ ဟို့ယွိဟောင်ကိုသာအလေးအနက်ကြည့်နေခဲ့တယ်။ သူဘာတွေတွေးနေလဲဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူး။

ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့တတိယအလွှာမှာပထမဆုံးမြင်ရတဲ့အရာကတော့ မီတာနှစ်ဆယ်ကျော်လောက်ရှိတဲ့ ခန်းမအငယ်တစ်ခုပါပဲ။ ဒါ့အပြင် အဲ့ဒီခန်းမရဲ့တစ်ဖက်တစ်ချက်ဆီမှာ လှိုင်းခေါင်းတွေရှိနေခဲ့ပါတယ်။ ပိုပြီးနက်ရှိုင်းတဲ့နေရာတစ်ခုဆီကို ဦးတည်နေသယောင်ထင်ရတယ်။ အကြီးအကဲရွှမ်က ဘယ်ဘက်လမ်းကို၀င်သွားပြီ ငါးခုမြောက်တံခါးရှေ့မှာရပ်လိုက်ပါတယ်။

သူတို့ရဲ့ပတ်၀န်းကျင်မှာရှိရှိသမျှလေဟာနယ်တစ်ခုလုံးက ရွှေရောင်ပြောင်းလဲလို့သွားခဲ့ပါပြီ။ ကျန်းဟုန်ချန်ရဲ့လက်တွေလဲသိသိသာသာကြီးကို တုန်ရီလို့နေခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာပဲ သူကိုယ်သူတည်ငြိမ်အောင်ထိန်းထားနိုင်လိုက်တယ်။

ဒီလိုသန့်စင်ပြီညှိထိန်းပေးချင်မရှိတဲ့အလင်းတန်းက သူ့ကိုအများကြီးထိတ်လန့်စေခဲ့တာပါ။ ဒါ့အပြင် နှလုံးသားထဲမှာနာကျင်မှုတချို့ကလဲ မြင့်တက်လာခဲ့ပါတယ်။ သူက အသိပညာကြွယ်၀သူဖြစ်ပေမဲ့ ဒီထူးဆန်းတဲ့ပင်လယ်နတ်ဘုရားခန်းမဆောင်အကြောင်းကို ဘာဆိုဘာမှသိမနေခဲ့ပါဘူး။ အဲ့ဒီသန့်စင်တဲ့အလင်းတန်းက တစ်စုံတစ်ရာနေထုတ်လုပ်တဲ့ပုံမပေါ်ပဲ သူတို့ပတ်၀န်းကျင်မှာရှိတဲ့ သစ်သားကနေထွက်ပေါ်လာတဲ့ပုံပေါ်ပါတယ်။ ဒီအရာကြီးကိုဘယ်လိုများ တည်ဆောက်ထားတာလဲ။

အရှေ့မှာရှိတဲ့တံခါးကတော့ ရွှေရောင်အလင်းတန်းနဲ့အတူ ပွင့်သွားခဲ့ပါပြီ။ သူတို့တွေတစ်ယောက်ပြီတစ်ယောက်အခန်းထဲကို ၀င်လာကြပါတော့တယ်။

” မမကြီး ”

ဟို့ယွိဟောငိက မာရှောင်ထောင့်ကုတင်ပေါ်မှာလှဲနေတာ မြင်မြင်ချင်အော်မိပါတော့တယ်။ အေးခဲနေတဲ့ထူးဆန်းရေခဲအိပ်ရာကြီးအနားကို သူပြေးထွက်သွားချင်ပေမဲ့ အကြီးအကဲရွှမ်က သူ့ကိုတားထားလိုက်တယ်။

မာရှောင်ထောင့်က ဖြူဖျော့လို့နေခဲ့ပြီ သူမရဲ့မူလကအနီရောင်နှုတ်ခမ်းတွေကလဲ ခရမ်းပြာရောင်တောက်နေခဲ့ပါတယ်။ မိစ္ဆာအငွေ့အသက်တွေလဲ အပြည့်ရှိနေခဲ့ပြီ သူမတစ်ကိုယ်လုံးကို အနက်ရောင်မီးလျှံတွေက ဖုံးလွှမ်းထားကာအပြင်ဘက်မှာတော့ ရွှေရောင်အလင်းတန်းအလွှာတစ်အလွှာက ကာရံလို့ထားခဲ့ပါတယ်။

ဒီရွှေရောင်အလင်းတန်းက ပါးလွှာပုံထင်ရပေမဲ့ ဆက်တိုက်ဆိုသလို လှုပ်ရှားနေခဲ့ပြီ ဘယ်အရာကမှဖောက်မထွက်နိုင်တဲ့ပုံပေါ်နေခဲ့တယ်။

အကြီးအကဲရွှမ်က စိုးရိမ်ပူပန်နေတဲ့ဟို့ယွိဟောင်ကိုကြည့်ရင်း ခေါင်းခါလိုက်ပါတယ်။ ဟို့ယွိဟောင်က နှုတ်ခမ်းတွေကိုကိုက်ရင်း နောက်ကိုတစ်လှမ်းပြန်ဆုတ်သွားခဲ့တယ်။ ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့တာ နှစ်လကြာမြင့်ခဲ့ပါပြီ။ သူ့ရဲ့အစ်မကြီးအခြေအနေက ဒီလောက်တောင်ဆိုးရွားနေမယ်လို့ မထင်ထားခဲ့မိပါဘူး။ သူက အေးစက်တဲ့ရေခဲအိပ်ရာပေါ်မှာ လှဲလျောင်နေခဲ့ရပြီ အလင်းစွမ်းအားကသူ့ကိုချိတ်ပိတ်ထားပုံပါပဲ။ မာရှောင်ထောင့်ရဲ့ဖြူဖျော့နေတဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ရင်း ဟို့ယွိဟောင်ရဲ့မျက်လုံးလဲနီရဲလို့လာပြန်ပါတော့တယ်။

အကြီးအကဲရွှမ်က ကျန်းဟုန်ချန်ကို အရှေ့တိုးလာဖို့လက်ဟန်ပြလိုက်တယ်။ သူ့ကတော့မာရှောင်ထောင့်အနားမှာ ရပ်နေဆဲပါ။ အနက်ရောင်မီးလျှံတွေကိုလဲ သေချာစိုက်ကြည့်နေပါသေးတယ်။ အဲ့ဒီနောက် သူထပ်ပြီပြောလိုက်သေးတယ်။

” သူ့ရဲ့၀ိညာဥ်စွမ်းအားအပြောင်းအလဲကို လေ့လာကြည့်ဖို့အနားကပ်လို့ရမလား ”

” ရတယ် ”

အကြီးအကဲမုရဲ့အသံက ပဲ့တင်ထပ်လာခဲ့ပါပြီ။ အဲ့ဒီနောက်အားလုံးလန့်သွားလောက်အောင်ပဲ ကျန်းဟုန်ချန်ရဲ့ဘေးမှာရွှေရောင်လူရိပ်တစ်ခုက ပေါ်လာပါတော့တယ်။ အဲ့ဒီလူရိပ်က အကြီးအကဲမုရဲ့ပုံရိပ်ပါပဲ။ ဒါပေမယ့် ဝေ၀ါးတဲ့ပုံရိပ်ယောင်ပုံသဏ္ဍာန်နဲ့အတူ ထင်ထင်ရှားရှားရှိနေခဲ့တာပါ။

အဲ့ဒီနေရာမှာ အကြီးအကဲမုက ခါးကုန်းကြီးမဟုတ်ပဲ မားမားမတ်မတ်ရပ်နေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကလဲ ရွှေရောင်တောက်ပနေခဲ့ပြီ အလင်းတန်းတွေဖြာကျလို့နေခဲ့တယ်။ ဒါက ပုံရိပ်ယောင်တစ်ခုသာဖြစ်ပေမဲ့ တကယ်အစစ်အမှန်နဲ့ တစ်ပုံစံထဲတူညီနေခဲ့တာပါ။ သူဘေးနားမှာရှိရှိသမျှအရာအားလုံးက ရွှေရောင်အလင်းတန်းတွေနဲ့ လွှမ်းခြုံခံထားရပါတယ်။

ဒီအလင်းတန်းက ပြင်းထန်လွန်တာကြောင့် ၀မ်သုန့်ရဲ့သိုင်းပညာ၀ိညာဥ်တောင် ရုတ်တရက်ဆိုသလို အပြင်ဘက်ထွက်ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့လက်မှာရှိနေတဲ့၀ိညာဥ်အရိုးတွေကလဲ တောက်ပလာပါတော့တယ်။

ကျန်းဟုန်ချန်လဲ စိတ်ခံစားချက်တွေကိုမထိန်းနိုင်တော့ပဲ အထိတ်တလန့်ပြောမိတော့တယ်။

” ဒါက ဘယ်လို၀ိညာဥ်စွမ်းရည်မျိုးလဲ ”

သူက ထူးကဲသာလွန်သော့်လော့မဟုတ်ပေမဲ့ အဆင့်ကိုးဆယ်သုံးသော့်လော့ဖြစ်နေဆဲပါ။ အကြီးအကဲမုရဲ့ လက်ရှိပုံရိပ်ယောင်က သူနားလည်ထားနိုင်တဲ့အဆင့်ကို အများကြီးပိုပြီးကျော်လွန်လို့နေခဲ့ပါပြီ။ လောကမှာရှိတဲ့အကောင်းဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်တဲ့သူတောင် ဒီလိုအရာမျိုးကို၀ိညာဥ်လက်နက်တွေ အသုံးပြုပြီးအောင်မြင်နိုင်ဖို့ မလွယ်ပါဘူး။

အကြီးအကဲမုရဲ့တည်ရှိမှုက ရိုးရှင်းတဲ့ပုံရိပ်ယောင်တစ်ခုဆိုတာထက်ကို ပိုနေခဲ့ပါတယ်။ ကျန်းဟုန်ချန်လဲ ဒီလူကြီးပိုင်ဆိုင်ထားတဲ့များပြားလွန်လှတဲ့စွမ်းအားတွကြောင့် ထိတ်လန့်ကြောက်ရွံ့လို့သွားခဲ့ရတယ်။

၀ိညာဥ်ပညာရှင်တစ်ယောက်က အဲ့ဒီလောက်ကြီးမားတဲ့အစွမ်းအစကို တကယ်ပဲပိုင်ဆိုင်လိုက်တယ်လား။ သူ့အတွက်တော့ တကယ်ကိုမျက်စိပွင့်နားပွင့်ရတဲ့ကိစ္စပါပဲ။ ဒါ့အပြင် ပိုပြီးထိတ်လန့်လာခဲ့ရပါတယ်။

အကြီးအကဲမု အစောပိုင်းတုန်းက ပြောခဲ့တဲ့တိုက်ခိုက်ချင်တယ်ဆိုရင် ၀ိညာဥ်လက်နက်တွေကို သုံးကြည့်လို့တောင်မရနိုင်ဘူးဆိုတဲ့စကားကို သူရုတ်တရက်နားလည်သဘောပေါက်လို့သွားခဲ့တယ်။

အကြီးအကဲမုက ညာဘက်လက်ကိုမြောက်လိုက်ချိန်မှာ မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ပေါ်ဖုံးလွှမ်းထားတဲ့အလင်းတန်းကနေ တံခါးပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီတံခါးပေါက်က တစ်ယောက်၀င်နိုင်ရုံပမာဏပါပဲ။ မာရှောင်ထောင့်ရဲ့မီးတွေက ဒီတံခါးပွင့်လိုက်တာကြောင့် ပြင်းပြင်းထန်ထန် အပြင်ကိုမထွက်လာခဲ့ပါဘူး။ ဒီအခန်းတစ်ခန်းလုံးက ကြီးမားတဲ့အလင်းတန်းတွေချိတ်ပိတ်စည်းတစ်ခုအဖြစ် တည်ရှိလို့နေခဲ့ပြီ အရာအားလုံးကိုထိန်းချုပ်ထားခဲ့လို့ပါ။

ကျန်းဟုန်ချန်လဲ အသက်ပြင်းပြင်းရှုသွင်းရင်းသူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းဖို့ကြိုးစားနေခဲ့ပါတယ်။ မာရှောင်ထောင့်အနားကို ရောက်လာဖို့ခြေလှမ်းနှစ်လှမ်းသာတိုးသွားခဲ့ပြီ သူ့လက်တွေကိုအသုံးပြုရင်း အနက်ရောင်မီးလျှံတွေကိုစမ်းသပ်ကြည့်တယ်။ အဲ့ဒီနောက် မာရှောင်ထောင့်ရဲ့လက်ကောက်၀တ်ကိုအနည်းငယ်ဖိကြည့်ပြီ သူ့ခန္ဓာကိုယ်အခြေအနေကိုသုံးသပ်ကြည့်ပါတော့တယ်။ အဲ့ဒီနောက် ခပ်မြန်မြန်ပဲ အလင်းတန်းထဲကနေ သူပြန်ထွက်လာခဲ့ပါပြီ။

မာရှောင်ထောင့်ရဲ့လက်ကောက်၀တ်ကို သူထိလိုက်ချိန်မှာ သူရဲ့လက်ချောင်းတွေပြင်းပြင်းထန်ထန်တုန်ခါသွားတာကို ဘယ်သူမှသတိမထားမိလိုက်ပါဘူး။ အကြီးအကဲမုတောင် သတိမထားမိပဲ ရှိခဲ့ပါတယ်။

” ငါလဲမတတ်နိုင်ဘူး…ဒါကအဆင့်တက်သွားတဲ့မီးလျှံတွေရဲ့ တန်ပြန်တိုက်ခိုက်မှုပဲ အကယ်၍ ငါထင်တာသာမမှားဘူးဆိုရင် ဒီမိန်းမငယ်လေးက သူ့သိုင်းပညာ၀ိညာဥ်ကို ထိခိုက်စေတဲ့ထူးဆန်းအင်အားတစ်ခုကို ထိတွေ့မိလိမ့်မယ် ”

” အဲ့ဒါက ပြန်လည်ရှင်သန်ထမြောက်မှုဓားရဲ့အမှောင်ထုစွမ်းရည်ဖြစ်လိမ့်မယ်..သူက ဒီစွမ်းအားကိုအချိန်မီမဖိနှိမ့်နိုင်ဘူး..ဒီလိုအဆင့်တက်သွားတဲ့မီးက အမှောင်ထုစွမ်းအားနဲ့ပြည့်နေပြီတော့ သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်မှုလွှတ်သွားစေခဲ့တယ်…ဒါကိုတားလို့လဲမရဘူး ဒါ့အပြင် အဆုံးစွန်းမီးလျှံအခြေအနေကို ရောက်ဖို့တောင် အင်အားကနီးကပ်နေပြီးပြီ ”

” အကယ်၍ အတင်းအင်အားသုံးပြီဖိနှိမ့်လိုက်သည်ရှိသော် ဖျက်ဆီးလိုက်သည်ရှိသော ဒီခန္ဓာကိုယ်ကပျက်စီးသွားလိမ့်မယ်…ဒါ့အပြင် အခုအချိန်မှာ သူ့ကိုချိတ်ပိတ်ထားတာက အကောင်းဆုံးဖြေရှင်းချက်ပဲ ဒီအသွင်ပြောင်းတဲ့မီးကို ယဥ်ပါးအောင်ထိန်းသိမ်းနိုင်ဖို့နူးညံ့ညင်သာတဲ့အင်အားတစ်ခုမတွေ့သရွေ့ သူက မီးလျှံတွေထိန်းချုပ်တာကိုလဲ ခံရနိုင်ချေရှိတယ်…ဒါ့အပြင် သူ့ရဲ့စိတ်ကလဲ သူနိုးထတဲ့အချိန်ကလိုဖြစ်နိုင်တော့မှာမဟုတ်ဘူး. ”

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာသူကလုံလောက်အောင်မသန်မာနေတဲ့အတွက် စိတ်ထဲမှာအတော်ကိုမကျေမနပ်ဖြစ်နေခဲ့ပါတယ်။ အကယ်၍ သူသာလုံလောက်အောင်သန်မာခဲ့မယ်ဆိုရင် အစ်မကြီးကိုကူညီနိုင်မှာပါ။ ဒီလိုအခြေအနေမျိုးလဲ ရောက်ရှိသွားမှာမဟုတ်ပါဘူး။

ဒါ့အပြင် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်လဲ ဒီပြဿနာထဲမှာအဓိကပါနေတယ်။ ကျန်းဟုန်ချန်ကိုကြည့်နေတဲ့သူ့ရဲ့အကြည့်တွေထဲမှာကြောက်စရာအငွေ့အသက်တွေက ထွက်ပေါ်လာခဲ့ပါပြီ။

” မင်းလဲမတတ်နိုင်ဘူးဆိုမှတော့ ငါတို့ကိုဘာမှထပ်ပြီတောင်းဆိုဖို့မလိုတော့ဘူး ”

အကြီးအကဲမုက ဆက်ပြီပြောလာခဲ့ပါတယ်။

” ပြိုင်ပွဲဆိုတာငါတို့တွေအတွက် သတင်းအချက်အလက်ဖလှယ်ဖို့ အဓိကအခွင့်အရေးကြီးပဲ ပြိုင်ပွဲထဲမှာကြုံရတဲ့အပျက်အစီးတွေအတွက် ငါတို့ဘာမှကြီးကြီးမားမားခံစားနေရမှာမဟုတ်ဘူး…ကျေးဇူးပြုပြီး ဒုတိယအဆင့်ကိုပြန်ခဲ့ပါ အဲ့ဒီနေရာမှာပြောကြတာပေါ့ ”

ပြောပြီတဲ့နောက်မှာပဲ ရွှေရောင်အလင်းတန်းက ပျောက်ကွယ်သွားပါတော့တယ်။ ဒါ့အပြင် အလင်းဖြာထွက်နေခဲ့တဲ့ အကာအရံတွေကလဲ မူလအခြေအနေအတိုင်းပြန်ဖြစ်သွားခဲ့ပါပြီ။ အကြီးအကဲမုရဲ့ ပုံရိပ်ယောင်ကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ ဒီနေရာမှာဘာကြောင့်များ သူ့ရဲ့ထူးခြားတဲ့ရုပ်သွင်ကပေါ်ထွက်လာရလဲဆိုတာ ကျင်းဟုန်ချန်ကိုရှင်းပြနေမှာလဲ မဟုတ်ပါဘူး။

ဒုတိယအလွှာကို ပြန်လာနေရင်း ကျင်းဟုန်ချန်ရဲ့မျက်လုံးအကြည့်တွေက အတော်ကိုမှောင်မိုက်လို့နေပါတော့တယ်။ သူကခေါင်းတစ်ခုလုံးပိုပိုပြီးလေးလံလာတာကို ခံစားနေခဲ့ရတယ်။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်လက်နက်တွေနဲ့ အမျက်ဒေါသကျောင်းတော်ကို ခုခံနိုင်မယ်လို့ အမြဲတမ်းအခိုင်အမာတွေးထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာ အကြီးအကဲမုကို သူတို့မြင်ပြီတဲ့နောက် သူတို့နိုင်ငံကနောက်ကျနေမှန်းသတိထားမိသွားပါတော့တယ်။

ဟို့ယွိဟောင်တို့ကလဲ အကြီးအကဲမုရဲ့ဘေးကိုပြန်ရောက်သွားခဲ့ပါပြီ။ အကြီးအကဲမုကတော့ အရင်အတိုင်းသာအေးအေးဆေးဆေးသာလှဲနေခဲ့ပါတယ်။ သူ့ရဲ့အင်အားကြီးတဲ့အစွမ်းအစတွေကို ထုတ်မသုံးထားခဲ့သလို ဘာမှလဲထုတ်ဖော်ပြသထားတာမရှိပါဘူး။ ဒါပေမယ့် ကျန်းဟုန်ချန်ကိုတော့ ကြီးမားတဲ့ဖိအားဖြစ်စေခဲ့ပါတယ်။

ဒါကြောင့်သာ ကျင်းဟုန်ချန်လဲ ချွေးတွေစထွက်လာခဲ့တာပါ။ ခန္ဓာကိုယ်မျိုးနွယ်က အကြီးအကဲမုကိုမြင်ပြီတဲ့နောက် မြန်မြန်ဆန်ဆန်ထွက်ခွာသွားရတဲ့အကြောင်းအရင်းကိုသူလဲအခုမှနားလည်လို့သွားပါပြီ။

” ပင်လယ်နတ်ဘုရားခန်းမဆောင်ကပိုကောင်းလား ပုံရိပ်ယောင်အစစ်အမှန်ရဲ့ခန်းမဆောင်ကပိုကောင်းလား မင်းရဲ့အမြင်ကိုပြောပြပါဦး ”

အကြီးအကဲမုက ပြောလာခဲ့ပါတယ်။

ကျန်းဟုန်ချန်လဲ မျက်လုံးပြူးသွားခဲ့ရတယ်။ အကြီးအကဲမုရဲ့မေးခွန်းက ဝေ၀ါးနေပေမဲ့ သူချက်ချင်းဆိုသလို နားလည်သွားခဲ့ပါပြီ။ သူက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့ကြားကအားသာချက် အားနည်းချက်တွေကို မေးမြန်းနေခဲ့တာပါ။

တခဏတာစဥ်းစားပြီတဲ့နောက် ကျန်းဟုန်ချန်ပြောလာခဲ့ပါတယ်။

” မှတ်ချက်မပြု၀ံ့ပါဘူး ပင်လယ်နတ်ဘုရားခန်းမဆောင်အကြောင်းကို ကျွန်တော်အများကြီးမသိပါဘူးလေ.ကျွန်တော်နဲ့ အကြီးအကဲရွှမ်တို့ကိုပဲ ဥပမာပြုလိုက်ရအောင် အကြီးအကဲရွှမ်က ကျွန်တော်ကိုမီတာတစ်ရာအတွင်းမှာ အနိုင်ရအောင်တိုက်ခိုက်နိုင်ပါတယ်…ဒါပေမယ့် ကျွန်တော်နဲ့အတူတူသေဆုံးသွားနိုင်တယ်…အကယ်၍ ကျွန်တော်တို့ရဲ့ကြားအကွာအဝေးကနေသာ မီတာတစ်ထောင်ကိုကျော်လွန်သွားမယ်ဆိုရင် ကျွန်တော်ထွက်ပြေးနိုင်တယ်..အကယ်၍ မီတာတစ်သောင်းရှိမယ်ဆိုရင်တော့ အကြီးအကဲရွှမ် စစ်မြေပြင်ထဲကနေ မထွက်ခွာသရွေ့သူ့ကိုအနိုင်ယူနိုင်မယ်လို့ ကျွန်တော်ယုံကြည်ချက်ရှိပါတယ်…ဒါကြောင့် စစ်ပွဲတစ်ခုကအကြီးအကျယ်ဖြစ်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်မှာပါ ”

ကျန်းဟုန်ချန်က အရမ်းကိုခိုင်မာပြတ်သားတဲ့လေသံရှိနေခဲ့တယ်။ သူက လုံး၀တောင်တွေဝေမနေခဲ့ပါဘူး။ အကြီးအကဲမုက ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာပါတော့တယ်။

” ကြည့်ရတာ မင်းကယုံကြည်ချက်အပြည့်အ၀ရှိနေခဲ့ပုံပဲ ”

အကြီးအကဲမုက အနည်းငယ်ရယ်မောလိုက်ပါတယ်။

” ကျွန်တော်ယုံကြည်ချက်မရှိဘူးဆိုတာ အကြီးအကဲပြောနိုင်မယ်လို့ယုံကြည်ပါတယ်…၀ိညာဥ်လက်နက်တွေက စစ်ပွဲထဲမှာအားသာချက်ရနိုင်ပေမဲ့ အမျက်ဒေါသကျောင်းတော်ရဲ့တိုက်ကြီးမှာရှိနေခဲ့တဲ့နေရာက ပိုပြီးအဆင့်မြင့်တဲ့တိုက်ပွဲတွေမှာ လှုပ်ခတ်နိုင်မှာမဟုတ်ပါဘူး…ပုံရိပ်ယောင်အစစ်အမှန်ခန်းမရော ခန္ဓာကိုယ်မျိုးနွယ်ရောက အမျက်ဒေါသကျောင်းတော်ကို တုန်လှုပ်အောင်လုပ်နိုင်စွမ်းမရှိမှာသေချာပါတယ် ”

အကြီးအကဲမုက သူ့ကိုတစ်ချက်ကြည့်လာခဲ့တယ်။ ဒီစကားတွေရဲ့နောက်ကွယ်အဓိပ္ပါယ်ကိုသူသိနေခဲ့တယ်။ အကယ်၍ ဒီအင်အားနှစ်ခုကသာ တစ်ယောက်ချင်းဆီအမျက်ဒေါသကျောင်းတော်ဆီကို မယှဥ်နိုင်ဘူးဆိုရင် သူတို့အင်အားပေါင်းစည်းလိုက်လို့ကတော့ဘယ်လိုဖြစ်မလဲ။

” ကျင်းဟုန်ချန် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကို ငါတစ်ခေါက်တုန်းကလာခဲ့ဖူးတယ်…မင်းရဲ့၀ိညာဥ်လက်နက်တွေကို လေ့လာတဲ့နေရာမှာ တိုးတက်မှုကငါထင်ထားတာထက်ကို အများကြီးကျော်လွန်လို့နေခဲ့ပြီ မင်းရဲ့အမြင်မှာ အချက်တစ်ချက်ကိုငါသဘောတူတယ်…၀ိညာဥ်လက်နက်တွေဆိုတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့၀ိညာဥ်စွမ်းအားအပေါ်မှာမှီခိုစရာမရှိတော့တဲ့နေ့တစ်နေ့ကို ရောက်လာခဲ့မယ်ဆိုရင် ၀ိညာဥ်ပညာရှင်တွေလဲ ဖယ်ရှားခံရလိမ့်မယ်. ”

” ဒါက ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေကို ၀ိညာဥ်လက်နက်တွေကအစားထိုး၀င်ရောက်နေရာယူခဲ့တဲ့အတိုင်းပဲ ဒါပေမယ့် ငါပြောစရာတစ်ခုရှိတယ် ..အကယ်၍ အဲ့ဒီလိုနေ့ရောက်လာခဲ့မယ်ဆိုရင်တောင် ၀ိညာဥ်လက်နက်တွေက အင်အားအကြီးဆုံးအဖြစ် ရှိနေဦးမှာပဲ ဘာကြောင့်လဲဆိုတော့ အင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တွေကသာ ပိုအင်အားကြီးတဲ့၀ိညာဥ်လက်နက်တွေရဲ့အစွမ်းအစကို အကောင်းဆုံးထုတ်သုံးနိုင်တာကြောင့်လေ ငါပြောတာကိုသဘောတူရဲ့လား ”

အပိုင်း ၁၃၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset