Chapter – 8.3 ” ကြောက်စရာကောင်းတဲ့ ဆရာ ”
°°°
ကျယ်ပြန့်တဲ့ ကျောင်းခန်းကြီးထဲမှာ လူတွေကတော့ အပြည့်ရှိနေခဲ့ပါပြီး ဟို့ယွိဟောင်ကသာ နောက်ဆုံးအချိန်မှာရောက်လာခဲ့တာကြောင့် သူထိုင်ဖို့အတွက်ကျန်နေတဲ့ခုံက အတော်ကို နည်းပါးခဲ့ပါတယ်။ ဒါကြောင့် ခက်ခက်ခဲခဲနဲ့ နေရာကို၀င်တိုးပြီး ထိုင်ခုံရလိုက်တယ်။ သူ့ရဲ့ ထိုင်ခုံပေါ်ကတော့ အတော်လေးကို ငယ်ရွယ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ ဒါပေမယ့် ဒီကောင်မလေးရဲ့ရုပ်သွင်ကတော့ ၀မ်သုန့်နဲ့ အတော်လေးကို တူညီလို့နေခဲ့တယ်။ သူမက အနည်းငယ်ဆိုးသွမ်းတဲ့ပုံစံရှိပြီး သူ့ကိုတစ်ချက်လေးတောင် မကြည့်ခဲ့ပါဘူး။
ဟို့ယွိဟောင်ကတော့ ပတ်၀န်းကျင်အခြေအနေတွေကို ထိုင်ချပြီတဲ့အချိန်မှသာ လေ့လာနိုင်ပါတော့တယ်။ ဒီအတန်းကြီးက အတော်ကို ကျယ်၀န်းလှတဲ့အပြင် လူပေါင်းရာနဲ့ချီပြီး ရှိနေခဲ့တာပါ။ နှစ်စဥ်နှစ်တိုင်း လူထောင်ချီကို ကျောင်းသားသစ်အဖြစ် လက်ခံတာကြောင့် ဒီနေရာမှာ ကျောင်းသားအသစ် အတန်းပေါင်းဆယ့်တန်းရှိနေမှာပါ။
ခပ်မြန်မြန်ပဲ ၀မ်သုန့်ကို သူရှာတွေ့သွားပါတော့တယ်။ ၀မ်သုန့်ရဲ့ ရုပ်သွင်က အတော်လေးကို ထူးခြားတာကြောင့် သူ့ဘေးမှာထိုင်နေသူတွေအားလုံးက မိန်းကလေးတွေကြီးပါပဲ။ ဒါ့အပြင် အဲ့ဒီမိန်းကလေးတွေအားလုံးကလဲ ဟို့ယွိဟောင်ဘေးမှာရှိနေတဲ့ ကောင်မလေးနဲ့ ရုပ်ချောတာချင်ယှဥ်ရင်း ဘယ်သူမမရှုံးနိုင်ပါဘူး။
ဒီအချိန်မှာပဲ လူတစ်ယောက်က ကျောင်းခန်းထဲကို ၀င်လာပါတော့တယ်။ အဲ့ဒါကတော့ အတော်လေးကို ဆံပင်တွေရှုပ်ပွနေပြီး အိုမင်းနေပုံရတဲ့ အမျိုးသမီးကြီးတစ်ယောက်ပါ။ သူမရဲ့ဆံပင်တွေကို ပေါက်ဆီတစ်လုံးလိုမျိုး အပေါ်မှာ မြင့်မြင့်မြောက်ပြီး ထုံးထားခဲ့ပါတယ်။ ဒါ့အပြင် အဖြူရောင်၀တ်ရုံရှည်ကိုလဲ ၀တ်ဆင်ထားခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်က သာမန်လူအရွယ်အစားပါပဲ။ ပုံမှန်မဟုတ်တဲ့အရာကတော့ အရမ်းကို တောက်ပနေတဲ့ မျက်၀န်းတွေပါ။ အနက်ရောင်မျက်ဆံတွေထဲကနေ အလင်းတန်းတွေတောင် ဖြာထွက်လို့နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိညာဥ်က သူ့ရဲ့ စိတ်၀ိညာဥ်မျက်လုံးပါပဲ။ ဒါကြောင့် သူများတွေရဲ့ မျက်၀န်းကို ကြည့်မယ်ဆိုရင် အတော်လေး ထူးထူးခြားခြား တုန့်ပြန်မှုရှိပါတယ်။ အမျိုးသမီးကြီးရဲ့ မျက်၀န်းထဲကနေ အားကောင်းတဲ့ စိတ်၀ိညာဥ်စွမ်းအားဖိနှိမ့်မှုတွေကို သူခံစားလို့နေခဲ့မိတယ်။
ဒီအမျိုးသမီးကြီးက အတော်လေးကို အိုမင်းနေခဲ့ပေမဲ့ သူမက ခါးကုန်းတာမျိုး တစ်စက်မှမရှိခဲ့ပါဘူး။ အရမ်းကို မားမားမတ်မတ်ကိုယ်ခံနဲ့သာ လျှောက်လာခဲ့ပါတယ်။
သူက ဒီအတန်းရဲ့ဆရာဆိုတာ သေချာပေါက် သံသယဖြစ်နိုင်ဖွယ်မရှိပါဘူး။
ဆရာ၀င်လာတာကို မြင်မြင်ချင်မှာပဲ အစောပိုင်းဆူညံနေခဲ့တဲ့ အခန်းက ချက်ချင်းဆိုသလို ငြိမ်သက်လို့သွားပါတော့တယ်။ အားလုံးက အပေါ်စင်မြင့်ကိုသာ ကြည့်နေခဲ့ကြပါပြီ။
အမျိုးသမီးကြီးကတော့ လူအုပ်ကို ဘယ်ကနေညာတစ်ချက်ကြည့်လိုက်ပြီး အားလုံးကို မမြင်သာတဲ့ဖိအားတစ်ခုနဲ့ လွှမ်းခြုံပြစ်လိုက်ပါတယ်။
” ငါက ကျိုးယိ မင်းတို့အတန်းရဲ့ဆရာပဲ ဒီတစ်နှစ်လုံးဘယ်လောက်လူများများက ငါနဲ့အတူလိုက်ပြီး စာသင်နိုင်မလဲဆိုတာ ငါမသေချာဘူး…ဒါပေမယ့် မင်းတို့ကို ပြောစရာတစ်ခုရှိတယ်…ငါ အတန်းထဲမှာ အမှိုက်လိုကောင်တွေက ငါ့ရဲ့စမ်းသပ်ချက်ကို ဖြတ်နိုင်မှာမဟုတ်ဘူး…ငါက ငတုံးတွေကို မမွေးမြူးဘူး မိစ္ဆာတွေကိုပဲ မွေးမြူးတယ် ”
ဆရာကျိုးရဲ့အသံက အရမ်းကို နား၀င်ဆိုးလွန်ပါတယ်။ မောင်းကြီးတစ်လုံး တီးလိုက်သလိုပါပဲ။
သူမရဲ့စကားတွေကို ကြားချိန်မှာတော့ ကျောင်းသားတော်တော်များများရဲ့ မျက်နှာပေါ်မှာ ဒေါသထွက်တဲ့အကြည့်တွေက ပေါ်လာပါတော့တယ်။ သူတို့တွေက ၀င်ခွင့်ကို ဖြတ်ကျော်ပြီးမှသာ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေဖြစ်နိုင်မှာပါ။ ဒါ့အပြင် အားလုံးကလဲ တိုက်ကြီးတွေကနေ အသီးသီးရွေးချယ်ထားတဲ့ အဖိုတန်းလူတွေကြီးပါပဲ။ သူတို့တွေကို သေချာပေါက် ထူးချွန်လူငယ်တွေလို့တောင် ပြောဆိုလို့ရနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အမှိုက်သရိုက်တို့ ငတုံးတို့ဆိုတဲ့ အသုံးပြုခံနေရတာက အတော်လေးကို စိတ်မကျေနပ်စရာကောင်းလွန်းလှတယ်။
တစ်ဖက်မှာရှိတဲ့ ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေး ဖြစ်နေဆဲပါ။ ဆရာကျိုးကို မြင်ချိန်မှာတော့ သူ့ရဲ့ ဆရာတူအစ်ကိုကြီးနဲ့ ဆရာရှောင်ယာ့တို့ ပြောခဲ့တဲ့စကားတွေကို ပြန်မှတ်မိလာပါတော့တယ်။ ဆရာကျိုးက အရမ်းကို တင်းကြပ်ပြီး စိတ်ဓာတ်ကတင်းမာတဲ့သူဖြစ်ပေမဲ့ အရည်အချင်းရှိတဲ့သူပါ။
” လွန်ခဲ့တဲ့ရက်တွေမှာ ရန်ဖြစ်ခဲ့တဲ့သူတွေ မတ်တပ်လိုက်ကြစမ်း ”
ကျိုးယိက ပြောချိန်မှာ အခန်းတစ်ခုလုံး ချက်ချင်းဆိုသလို မျက်လုံးပြူးသွားကြပါတော့တယ်။
သူတို့တွေက ကျောင်းတော်ထဲမှာ ၀င်ရောက်တာ သိပ်မကြာသေးပါဘူး။ ဘယ်သူကများ တိုက်ခိုက်ဖို့အချိန်ရှိမှာလဲ အကယ်၍ သူတို့ တိုက်ခိုက်ခဲ့ကြတယ်ဆိုရင်တောင် ဘယ်သူက၀န်ခံမှာလဲ။
ကျောင်းတော်တစ်ခုလုံးက လုံး၀ကို တိတ်ဆိတ်လို့နေခဲ့ပါတယ်။ လူတစ်ယောက်ထဲသာ ထရပ်ခဲ့တယ်။ အဲ့ဒါကတော့ ဟို့ယွိဟောင်ပါပဲ။ သူထရပ်တာ ရိုးသားတာကြောင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာကျိုးက လှည့်စားလို့ရတဲ့သူမဟုတ်မှန်း သိနေခဲ့လို့ပါ။
ဟို့ယွိဟောင် ထရပ်တာကို မြင်ချိန်မှာ ၀မ်သုန့်ကလဲ တစ်ချက်နှာခေါင်းရှုံ့လိုက်ပါတယ်။ သူလဲ နောက်ဆုံးမှာ ထရပ်လိုက်တယ်။
ရာချီတဲ့ ကျောင်းသားတွေထဲမှာ သူတို့နှစ်ယောက်သာ ထရပ်ခဲ့တာပါ။ သူတို့တွေကတော့ တစ်ခန်းလုံးအာရုံစိုက်တာကို ခံလိုက်ရပါတော့တယ်။
” မင်းတို့ နှစ်ယောက်ပဲလား ”
ကျိုးယိက မျက်မှောင်ကြုတ်နေခဲ့တယ်။
” တကယ်ကို အမှိုက်သရိုက်တွေပဲ မင်းတို့တွေက တခြားသူတွေကို ရန်စရမယ်ဆိုရင်တောင် မသိကြဘူးလား ဒါပြီးရင်း ရန်စ၀ံ့တဲ့သတ္တိလဲ မရှိကြဘူးလား ဒီနှစ်ယောက်ကလွဲပြီ ကျန်တဲ့သူတွေအားလုံး ရင်ပြင်အပြင်ဘက်မှာ အပတ်တစ်ရာပြေးရမယ်…မပြေးနိုင်တဲ့ဘယ်သူမဆို ထုတ်ပယ်ခံရမယ် ”
သူပြောပြီချိန်မှာပဲ ကျောင်းခန်းတစ်ခုလုံး တအံ့တဩတွေ ဖြစ်ကုန်ကြပါတော့တယ်။ သူတို့ကျောင်းစတက်တဲ့ ပထမဆုံးနေ့မှာ အတန်းတောင်မစရသေးဘူး ဘယ်သူက ဒီလိုပြစ်ဒဏ်မျိုးကို လက်ခံနိုင်မှာလဲ။
ကျောင်းသားတစ်ယောက်က ချက်ချင်းဆိုသလို ထရပ်လိုက်ပါတယ်။
” ဆရာကျွန်တော်တို့ဒါကိုမနာခံနိုင်ဘူး ကျွန်တော်တို့ မတိုက်ခိုက်ပဲနဲ့ ဘာကြောင့် အပြစ်ပေးခံရမှာလဲ ”
ကျိုးယိက ထူးမခြားနားလေသံနဲ့ မေးလိုက်ပါတယ်။
” ငါပြောလိုက်လို့လေ အကယ်၍ မင်းတို့ဒါကို လက်မခံချင်ဘူးဆိုရင် ထွက်သွားလိုက် ဆရာတစ်ယောက်အနေနဲ့ ကျောင်းသားတွေကို ထုတ်ပယ်ဖို့ငါ့မှာ အခွင့်အရေးအပြည့်အ၀ ရှိတယ်…မင်းတို့ကို အချိန်တစ်မိနစ်ပေးမယ် အဲ့ဒီတစ်မိနစ်အတွင်း ရင်ပြင်ထဲမှာပြေးနေတာမျိုးမရှိရင်း မင်းတို့အားလုံးထုတ်ပယ်ခံရမယ် ”
သူပြောလိုက်ချိန်မှာပဲ ကြောက်စရာအရှိန်အ၀ါတွေက သူမခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပါတယ်။ ဒီလို၀ိညာဥ်စွမ်းအားက ရှိရှိသမျှကျောင်းသားတွေအားလုံးကို အသက်ရှုကြပ်သွားစေခဲ့တယ်။ အဲ့ဒီနောက် ကျိုးယိရဲ့ခြေထောက်အောက်မှာ ၀ိညာဥ်စက်ကွင်းတွေကလဲ ပေါ်လာခဲ့ပါပြီး အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခု အနက်ရောင်နှစ်ခုက ကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဆရာကျိုးယိက ၀ိညာဥ်ဧကရာဇ်အဆင့်ပညာရှင်ပါပဲ။ ဒါ့အပြင် သူ့မှာ နှစ်တစ်သောင်း ၀ိညာဥ်စက်ကွင်းနှစ်ခုတောင် ရှိနေခဲ့ပါတယ်။ အကယ်၍ သူ့ရှေ့မှာရှိတဲ့ ကျောင်းသားတစ်ရာကို သူရှင်းထုတ်ပြစ်ချင်တယ်ဆိုရင်တောင် လက်၀ါးတစ်ချက် ရိုက်လိုက်ရုံတင် မပိုပါဘူး။
ကျောင်းသားတွေအားလုံးက လူသစ်တွေကြီးပါပဲ ကြောက်စရာကောင်းတဲ့ ဖိအားအောက်မှာ ဘယ်သူကများ တောင့်ခံနိုင်မှာလဲ အားလုံးက တံခါးအပြင်ကို ထွက်သွားပါတော့တယ်။ ကျိုးယိကတော့ သူ့ရဲ့ ၀ိညာဥ်စက်ကွင်းတွေကို ပြန်သိမ်းလိုက်ပါပြီး အဲ့ဒီနောက် အတန်းအပြင်မှာရှိတဲ့ ကျောင်းသားတွေကို မျက်နှာသေနဲ့သာ လှမ်းကြည့်လိုက်ပါတယ်။
” မင်းတို့အားလုံးကို ငါသတိပေးမယ် မင်းတို့မှာ နှစ်နာရီပဲအချိန်ရမယ်…နှစ်နာရီပြီးတဲ့နောက် အပတ်တစ်ရာမပြေးနိုင်တဲ့ သူတွေအားလုံး အရည်အချင်းမပြည့်မီလို့ ထုတ်ပယ်ခံရမယ်…ဒါက မင်းတို့အတန်းထဲ ၀င်ပြီတဲ့နောက် ပထမဆုံးစမ်းသပ်ချက်ပဲ ”
သူမရဲ့စကားတွေကိုကြားချိန်မှာ ကျောင်းသားတွေအားလုံးက ချက်ချင်းဆိုသလိုထရပ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် အခန်းအပြင်ကို ထွက်သွားကြတော့တယ်။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်း လန့်နေခဲ့ပုံပါပဲ။ ဒီတစ်ကြိမ်မှာ သူတို့နှစ်ယောက်ထဲ အခန်းထဲမှာသာ ကျန်ရှိလို့နေခဲ့ပါတယ်။ ကျိုးယိရဲ့ အမူအရာကတော့ သူတို့နှစ်ယောက်ကိုမြင်ချိန်မှာ အနည်းငယ်ပိုပြီး နွေးထွေးလာခဲ့တယ်။
၀မ်သုန့်နဲ့ ဟို့ယွိဟောင်က သူမဆီကို အတူတူလျှောက်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်ကိုကြည့်ရင်း ကျိုးယိက စိတ်ကျေနပ်မှုအပြည့်နဲ့ ခေါင်းညိတ်လိုက်တယ်။
” မဆိုးဘူးပဲ အနည်းဆုံးမင်းတို့ နှစ်ယောက်မှာ သတ္တိရှိတယ်ပေါ့ ပြောလိုက် မင်းတို့တွေ ဘာကြောင့် တိုက်ခိုက်တာလဲ ”
၀မ်သုန့်ပြောမဲ့အချိန်မှာ ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ဆရာကို သတင်းပို့ပါတယ် ကျွန်တော်တို့က အခန်းဖော်တွေပါ ကျွန်တော်တို့က အမြင်မတူတာကြောင့် ပဠိပက္ခလေးအနည်းငယ်ရှိခဲ့ပါတယ် ”
ကျိုးယိက အတော်လေးကို စိတ်၀င်စားနေတဲ့ပုံပါပဲ။
“‘ဪ ဒီတော့မင်းတို့နှစ်ယောက်က အခန်းဖော်တွေလား တိုက်ခိုက်တယ်ဆိုတာ ကောင်းတာပဲ ဒါ့အပြင် အခန်းဖော်တွေကြားမှာ တိုက်ခိုက်တယ်ဆိုတာက အကောင်းဆုံးတိုက်ခိုက်တဲ့ ကိစ္စပဲ မင်းတို့တွေ ဒီအတိုင်းသာဆက်ပြီးယှဥ်ပြိုင်နေ အတူတူတိုးတက်လာလိမ့်မယ် ”
သူတို့နှစ်ယောက် ကျိုးယိရှေ့မှာ ရပ်နေရင်း ကျောရိုးထဲကနေတောင် စိမ့်ပြီးချမ်းနေခဲ့ပါတယ်။ ဒါ့အပြင် ချွေးတွေကလဲ ထွက်လာခဲ့ပါပြီး ဒီဆရာကျိုးက တကယ်ကို ကြောက်စရာကောင်းတဲ့အမှန်ပါပဲ။ ဒါ့အပြင် သူ့က သာမန်လူတွေတောင် လုံး၀အေးအေးဆေးဆေး ရှိမနေခဲ့ပါဘူး။ သူမရဲ့ တွေးတောတဲ့ နည်းလမ်းက သာမန်လူတွေနဲ့ လုံး၀ကို ကွာခြားနေခဲ့ပါတယ်။ ပေ့ပေ့ခေါ်တဲ့ ကြောက်စရာကောင်းတဲ့ဆရာဆိုတာ အမှန်ပါပဲ။
ကျိုးယိရဲ့မျက်နှာပေါ်မှာ ဖြစ်ပေါ်လာခဲ့တဲ့အပြုံးတစ်ခုက လူတိုင်းကို ငိုချင်စိတ်ပေါက်သွားစေခဲ့ပါတယ်။
” တိုက်ခိုက်တယ်ဆိုတာက ကောင်းတဲ့အရာပဲ ဒါပေမယ့် ငါ့ကျောင်းသားအချင်းချင်း တိုက်ခိုက်တာကိုတော့ ငါတကယ်သဘောမကျဘူး မှတ်ထား အကယ်၍ မင်းတို့တွေ တိုက်ခိုက်ချင်တယ်ဆိုရင် တခြားအတန်းက ကျောင်းသားတွေနဲ့တိုက်ခိုက်လို့ရတယ်…ငါတို့ အမျက်ဒေါသကျောင်းတော်ရဲ့ စည်းမျဥ်းတွေက အမြဲတမ်းအေးအေးဆေးဆေးပဲ ငါတို့ကျောင်းသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် တိုးတက်စေဖို့ကိုပဲ အဓိကအားပေးတယ်…ဒါကြောင့် တိုက်ခိုက်တဲ့ကိစ္စတွေနဲ့ ပတ်သက်လာရင်း ငါတို့သိပ်ပြီးအာရုံမစိုက်ဘူး…ပြောရမဲ့ကိစ္စတစ်ချို့ကတော့ နည်းနည်းရှိတာပေါ့ အတန်းကြီးကျောင်းသားတွေက အတန်းငယ်ကျောင်းသားတွေကိုလာပြီး ရန်စခွင့်ရော တိုက်ခိုက်ခွင့်ရောမရှိဘူး…အကယ်၍ ဒါကိုတစ်ယောက်ယောက် လုပ်တဲ့အကြောင်းသာသိသွားခဲ့မယ်ဆိုရင် သေချာပေါက် ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ရရှိလိမ့်မယ်…ဒါပေမယ့် နှစ်အနှိမ့်ပိုင်းကျောင်းသားတွေကတော့ နှစ်အမြင့်ပိုင်းကျောင်းသားတွေကို စိန်ခေါ်လို့ရတယ်…ဒီလိုစိန်ခေါ်မှုအတွက် ဆရာတစ်ယောက်တော့ လိုလိမ့်မယ်…ဒါမှသာ ကျောင်းသားကြီးတွေက ကျောင်းသားငယ်တွေကို အနိုင်ကျင့်လို့မရမှာ အတန်းတူတဲ့ကျောင်းသားတွေအတွက်ကတော့ စိတ်ရှိတိုင်းတိုက်ခိုက်ကြတော့ တစ်ယောက်ကိုတစ်ယောက် သေစေနိုင်လောက်တဲ့အထိ ဒဏ်ရာမရစေဘူးဆိုရင် ကျောင်းကလုံး၀ ၀င်မစွက်ဖက်ဘူး….ပြောရမယ်ဆိုရင် တိုက်ခိုက်တယ်ဆိုတာက ကိုယ်အင်အားကို သင်ကြားပေးဖို့အတွက် အကောင်းဆုံးပဲလေ ”
” အကယ်၍ မင်းတို့ဒုတိယနှစ်ကို ရောက်သွားပြီဆိုရင် ၀ိညာဥ်လက်ရည်စမ်းပွဲ နယ်မြေမှာ သွားပြီးတိုက်ခိုက်လို့ရတယ်.. အများကြီးနိုင်မယ်ဆိုရင် ကျောင်းတော်က မင်းတို့ကို ဆုချလိုက်မယ်..ဒါပေမယ့် အခုအချိန်ကတော့ မင်းတို့နှစ်ယောက် တခြားသူတွေနဲ့ အပြင်မှာ သွားပြေးလိုက် ”
၀မ်သုန့်က မျက်လုံးပြူးသွားပါတော့တယ်။
” ဆရာကျွန်တော်တို့ သတ္တိရှိတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား ”
အပိုင်း ၈•၃ ပြီး၏။