Switch Mode

Chapter – 135.2

ပုံရိပ်ယောင်အစစ်အမှန်ခန်းမသခင် ကျန်းဟုန်ချန်

အပိုင်း ၁၃၅•၂

” ပုံရိပ်ယောင်အစစ်အမှန်ခန်းမသခင် ကျန်းဟုန်ချန် ”
°°°
အကြီးအကဲရွှမ်က သူရပ်နေခဲ့တဲ့နေရာကနေ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အပြင်ဘက်ကို ရောက်သွားပါတော့တယ်။ အဝေးနေရာကိုသူလှမ်းကြည့်ရင်း အော်တော့တယ်။

” မင်းရောက်နေပြီဆိုမှတော့ ခိုးကြောင်ခိုး၀ှက်လုပ်မနေနဲ့ ထွက်လာခဲ့လိုက် ”

သူပြောပြီလေထဲကို ဆွဲယူလိုက်ချိန်မှာတော့ ကြီးမားတဲ့လက်အသွင်အ၀ါရောင်အလင်းတန်းကြီးက ပေါ်ထွက်လာပါတော့တယ်။ ဒီကြီးမားတဲ့အလင်းတန်းကြီးက တစ်ဖက်နေရာကို ဆွဲယူလိုက်ချိန်မှာမရေမတွက်နိုင်တဲ့အနက်ရောင်အက်ကွဲကြောင်းတွေက ရုတ်တရက်လေထဲမှာဖြစ်ပေါ်လာခဲ့ပါပြီ။

ဒီအက်ကွဲကြောင်းတွေက သုပုစီးနဲ့ယှဥ်နိုင်လောက်အောင် မကြီးမားပေမဲ့ တည်ရှိနေဆဲပါပဲ။

” အကြီးအကဲရွှမ် ဒါကဧည့်သည်တွေကို ဖိတ်ခေါ်တဲ့နည်းလမ်းတစ်ခုမဟုတ်ဘူးလေ ”

ရွှေရောင်ခပ်ဖျော့ဖျော့အလင်းတန်းတွေ ထွက်ပေါ်လာပြီတဲ့နောက် အကြီးအကဲရွှမ်ရဲ့ကြီးမားတဲ့လက်အလင်းတန်းကြီးကို တစ်ဖက်လူကတားဆီးလိုက်ပါတယ်။ အဲ့ဒီနေရာမှာလူကလဲ ပေါ်လာခဲ့ပါပြီ။

ပေါ်လာသူကတော့ အရပ်မရှည်ပဲနဲ့ အတော်လေးကို၀၀ဖိုက်ဖိုက်ပုကွကွနဲ့လူပါပဲ။ ဒါ့အပြင် သူ့ရဲ့ရှည်လျားတဲ့၀တ်ရုံကြီးက ရွှေချည်ထိုးပုံရိပ်တွေအပြည့်နဲ့ တောက်ပလို့နေခဲ့တယ်။ လက်နှစ်ဖက်ကိုနောက်ပြစ်ထားခဲ့ရင်း အကြီးအကဲရွှမ်ကို သူက ပြုံးပြနေခဲ့ပါတယ်။

ဒါကပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခန်းမသခင်မဟုတ်ပါလား။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို တာ၀န်ယူဦးစီးနေသူက ဒီနေရာအထိကို ကိုယ်တိုင်လာရောက်တယ်လား။

” ကျန်းဟုန်ချန် မင်းရောက်နေတာလား ”

အကြီးအကဲရွှမ် လန့်သွားခဲ့ပါတယ်။ တစ်ဖက်လူရဲ့သန်မာတဲ့ဖြစ်တည်မှုကို ခံစားမိပေမဲ့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမသခင် ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။

ကျန်းဟုန်ချန်က ပြုံးပြရင်းပြောလာခဲ့ပါတယ်။

” အကြီးအကဲရွှမ် ဘာလို့အံ့ဩနေရတာလဲ ခန်းမကနေပစ္စည်းတစ်ခုယူသွားတယ်မဟုတ်လား ဒါကြောင့် ကိုယ်တိုင်ကျောင်းတော်ကိုလာလည်ရတာပေါ့ ”

အကြီးအကဲရွှမ်ရဲ့မျက်လုံးတွေက နတ်ဘုရားအလင်းတန်းတွေနဲ့တောက်ပလာခဲ့ပြီ သူဘာသာသူတွေးနေခဲ့ပါတယ်။

” ဒီကျန်းဟုန်ချန်က တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတာပဲ သူကခန္ဓာကိုယ်မျိုးနွယ်နဲ့လာတာလား ဒါမှမဟုတ်အခုအချိန်မှာ ထွက်လာတာတိုက်ဆိုင်မှုတစ်ခုလား ”

အကြီးအကဲရွှမ်က သူ့အတွေးတွေကို မထုတ်ဖော်ပဲနဲ့ ပြောလာခဲ့ပါတယ်။

” မင်းကဧည့်သည်တော်တစ်ယောက်ပဲ အထဲ၀င်ခဲ့လိုက် ”

သူပြောရင်းနဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်ဖက်ကိုလှည့်၀င်သွားပါတော့တယ်။

အခုအချိန်မှာလန့်ရတဲ့သူကတော့ ကျန်းဟုန်ချန်ဖြစ်သွားပါပြီ။ အစောပိုင်းသူတွေ့ခဲ့တဲ့ကိစ္စတွေကြောင့် လန့်နေရာကအခုပိုဆိုးသွားပါတော့တယ်။ သူက ဖုံးကွယ်ရေး၀ိညာဥ်လက်နက်အမျိုးအစားတစ်ခုနဲ့ သူ့ကိုယ်သူဖုံးကွယ်ထားတာကြောင့် သူမလှုပ်ရှားသရွေ့ဘယ်သူမှမတွေ့ဘူးလို့ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကဲရွှမ်က သူ့ကိုထွက်လာပြီဆွဲခေါ်ခဲ့ရုံတင်မကပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲအထိပါ ဖိတ်ခေါ်နေခဲ့ပါပြီ။

ကျန်းဟုန်ချန် တွေဝေနေခဲ့ပါတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်က ၀င်ဖို့လွယ်ပေမဲ့ထွက်ဖို့တော့မလွယ်ပါဘူး။ နောက်ဆုံးတော့လဲ ဒါကအမျက်ဒေါသကျောင်းတော်ဖြစ်နေဆဲပါ။ သူရဲ့လက်ထဲမှာ၀ှက်ဖဲတွေအများကြီးရှိနေပေမဲ့ အခြေခံခိုင်လွန်လှတဲ့ ကျောင်းတော်ရဲ့တည်ရှိမှုက သူ့စိတ်ထဲကိုအရိပ်လိုလာမိုးနေခဲ့ပါတယ်။

နေလနိုင်ငံတော်ရဲ့တိုက်ပွဲမှာအမျက်ဒေါသကျောင်းတော်ရဲ့၀င်ရောက်စွက်ဖက်မှုက များပြားတဲ့ကိစ္စတွေကို ဖြစ်စေခဲ့တာကြောင့် သူဒီလောက်သတိကြီးနေရတာလဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လုံလောက်တဲ့အင်အားမရှိသရွေ့ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို မ၀င်၀ံ့ပါဘူး။

အကြီးအကဲရွှမ်က ခန်းမရဲ့အရှေ့ကိုရောက်လာချိန်မှာ နောက်ကိုမလှည့်ပဲနဲ့ ​လှောင်ရယ်ပါတော့တယ်။

” ဘာလဲပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ခန်းမသခင်က ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို မ၀င်၀ံ့ဘူးလား ဒါဆိုရင်ဘာဖြစ်လို့အဲ့ဒီနေရာမှာရောက်နေသေးတာလဲ ”

ကျန်းဟုန်ချန်က မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ သူ့ရဲ့စိတ်လေလံမှုက သုပုစီးထက်တောင်ပိုကြီးမားနေခဲ့တယ်။ ခန္ဓာကိုယ်မျိုးနွယ်နဲ့ ရောနှောပြီရောက်ရှိလာတာသူ့ရဲ့ဂုဏ်သတင်းကို ထိခိုက်မှာစိုးလို့ပါ။ အကြီးအကဲရွှမ်က သူ့ကိုဒီလိုလှောင်ရယ်လိုက်ပြီတဲ့နောက် ရယ်ရယ်မောမောနဲ့ ခန်းမထဲပြန်၀င်သွားပါတော့တယ်။

အကြီးအကဲမုကတော့ ပြုံးသာပြုံးနေခဲ့ပြီ အကြီးအကဲရွှမ်ကိုစိတ်ထဲမှာ ရယ်နေခဲ့မိတယ်။ အကြီးအကဲရွှမ်က တကယ်ပဲလူတွေရဲ့စိတ်ကိုကစားနိုင်တဲ့ပညာရှင်တစ်ယောက်ပါ။ ဒီလိုရိုးရှင်းတဲ့လုပ်ရပ်က ကျန်းဟုန်ချန်ကို ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲ ရောက်ရှိလာစေခဲ့ပါတယ်။

ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ပထမအဆင့်ကို၀င်ပြီတဲ့နောက် ကျန်းဟုန်ချန်က မျက်စိလျှောက်ကစားတော့တယ်။ ဒီနေရာက သာမန်ထက်ထူးခြားတယ်ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့တင်သူပြောနိုင်ပါတယ်။

အကြီးအကဲရွှမ်က ရွှေသစ်ပင်ရဲ့ထိုင်ခုံတွေဆီကို လျှောက်သွားပြီတဲ့နောက် တစ်ဖက်မှာထိုင်ချလိုက်ပါတယ်။ အဲ့ဒီနောက် ကျန်းဟုန်ချန်ကိုလဲ ထိုင်ဖို့လက်ဟန်ပြလိုက်ပါတယ်။

ကျနိးဟုန်ချန်ကလဲ ထုံတမ်းစဥ်လာတွေကိုဂရုစိုက်မနေပါဘူး။ အကြီးအကဲရွှမ်ရဲ့ မျက်နှာချင်ဆိုင်မှာသာ၀င်ထိုင်ပါတော့တယ်။

ဘယ်သူမှလဲစကားမပြောခဲ့ပါဘူး။ တစ်ယောက်ကိုတစ်ယောက်သာ ဒီအတိုင်ထိုင်ရင်းစိုက်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အားကောင်းတဲ့အရှိန်အ၀ါတွေကြောင့် လေဟာနယ်တစ်ခုလုံးက တင်းမာလို့လာခဲ့ပါပြီ။

အကြီးအကဲရွှမ်နဲ့ ကျန်းဟုန်ချန်တို့နှစ်ယောက်အရှိန်အ၀ါတွေက တူညီလို့နီးပါးရှိသလို ဖိအားကလဲပြင်းထန်လွန်လှပါတယ်။ ဒါပေမယ့် ကွာခြားချက်ကတော့ အကြီးအကဲရွှမ်ရဲ့အငွေ့အသက်က မြေကမ္ဘာလိုအခိုင်အမာရှိနေခဲ့ပြီ ကျန်းဟုန်ချန်ကတော့ အချိန်မရွေးထပေါက်ကွဲမဲ့ဖိနှိမ့်မှုတစ်ခုလို ဖြစ်နေခဲ့တာပါ။

” ကြည့်ရတာ၀ိညာဥ်လက်နက်တွေက ၀ိညာဥ်ပညာရှင်တွေကို အတိုင်အတာတစ်ခုအထိကူညီပေးနိုင်တဲ့ပုံပဲ မင်းရဲ့ကျင့်ကြံဆင့်ကအဆင့်ကိုးဆယ်သုံးမှာရှိနေပေမဲ့ ငါရှေ့မှာကိုယ့်ကိုကိုယ်ငြိမ်အောင်ထိန်းထားနိုင်သေးတယ် ”

အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။

” ၀ိညာဥ်လက်နက်တွေကို လေ့လာမှုက အစောပိုင်းအဆင့်မှာရှိနေသေးတယ်လို့ပြောလို့ရတယ်…အနာဂတ်မှာ ဒီလောကကြီးတစ်ခုလုံးကို ၀ိညာဥ်လက်နက်တွေက ကြီးစိုးသွားလိမ့်မယ်…အဲ့ဒီနှစ်ယောက်သာထွက်လာခဲ့မယ်ဆိုရင် ၀ိညာဥ်လက်နက်တွေဆိုတာက ၀ိညာဥ်ပညာရှင်တွေရဲ့စွမ်းအားအပေါ်မှာ မူတည်နေတော့မှာမဟုတ်ဘူး ..၀ိညာဥ်ပညာရှင်တွေလဲ ဖယ်ရှားခံရလိမ့်မယ်…အကြီးအကဲရွှမ် ဒါကိုယုံကြည်မလားဆိုတာ သိချင်မိပါရဲ့ ”

” ငါယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အရေးမကြီးဘူး ဘယ်လိုပဲဖြစ်ဖြစ် မင်းလဲအဲ့ဒီနေ့အထိ အသက်ရှင်မှာမဟုတ်ဘူးလေ ”

” အဲ့ဒီနေ့အထိ အသက်ရှင်နိုင်ဖို့ဆိုတာကလဲ သိပ်အရေးကြီးတဲ့ကိစ္စမှမဟုတ်ပဲ ”

ကျန်းဟုန်ချန်က ပုံမှန်အတိုင်းပြောလာခဲ့ပါတယ်။

” အကယ်၍ ဒါမျိုးသာနေလနိုင်ငံတော်မှာဖြစ်မယ်ဆိုရင် လုံလောက်ပါပြီ ဒါ့အပြင် သေချာပေါက် နေလနိုင်ငံတော်မှာပဲဖြစ်ရမယ်…ကြယ်တာရာလော့နိုင်ငံတော် ထျန်းဟွမ်နိုင်ငံတော် သုန့်လင်းနိုင်ငံတော်နဲ့ အမျက်ဒေါသကျောင်းတော်အားလုံးက ၀ိညာဥ်လက်နက်တွေနဲ့သက်ဆိုင်တဲ့နေရာမှာ အများကြီးနောက်ကျနေသေးတယ် ”

” ဪ ဟုတ်လားငါတို့က အဲ့ဒီလောက်နောက်ကျနေတာလား ငါတော့မထင်ဘူးနော် မင်းကဘယ်တုန်းကများ အမျက်ဒေါသကျောင်းတော်ကို အမီလိုက်ပြီအနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ကိုယ့်ကိုကိုယ် ဒီလောက်ရှိသွားရတာလဲ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲမှာ ငါတို့ရဲ့အဓိကအုပ်စုတစ်၀က်တောင်မရှိပေမဲ့ မင်းတို့ရှုံးသွားခဲ့တယ်လေ ငါတို့ကတော့နိုင်သွားတုန်းပဲ မင်းတို့ရဲ့၀ိညာဥ်လက်နက်အပေါ်မှာ အသာစီးရမှုက အခုအထိမခိုင်မာသေးဘူးလို့ သက်သေပြနေတာဟုတ်တယ်ဟုတ် ”

ကျန်းဟုန်ချန် ဒီစကားကိုကြားပြီချိန်မှာခေါင်းညွတ်လိုက်မယ်လို့ အကြီးအကဲရွှမ် မထင်ထားပဲဖြစ်နေခဲ့ပါတယ်။

” အကြီးအကဲရွှမ်ပြောတာ မှန်တယ်..ဒီပြိုင်ပွဲသတင်းတွေက ငါအကုန်ကြားပြီးပြီ ဒါ့အပြင် နေလနိုင်ငံတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်နဲ့ ကျောင်းသားတွေကို အရွေ့အပြောင်းလုပ်ရင်း သင်ကြားဖို့အတွက် စိတ်၀င်စားနေတယ်ဆို ဒီစကားကိုကြားမိလို့၀မ်းသာမိပါတယ်…ဒါပေမယ့် ကျောင်းတော်က စိတ်ပြောင်းလဲသွားခဲ့တယ်တဲ့ အဲ့ဒါပြိုင်ပွဲကြောင့်ဖြစ်မယ်ဆိုရင်တော့ မှန်တယ်မထင်ပါဘူး…နေလနိုင်ငံတော်က ရက်ရောပါတယ်…ပြိုင်ပွဲကပြိုင်ပွဲပဲလေ ပြိုင်ပွဲမှာဖြစ်တဲ့ကိစ္စကြောင့်နဲ့တင် အမုန်းမပွားနေသင့်ပါဘူး ”

” ဒီတော့မင်းအခုကျောင်းတော်ကိုလာတာဒီကိစ္စကြောင့်လား ”

” တစ်စိတ်တစ်ပိုင်းလို့ပြောရမှာပေါ့ နောက်ထပ်ပြဿနာတစ်ခုလဲရှိသေးတယ်လေ…ပြန်လည်ရှင်သန်ထမြောက်မှုဓားကိုပြန်ယူသွားချင်တယ်…ဒါက ငါရဲ့အကောင်းဆုံးဖန်တီးမှုတွေထဲက တစ်ခုပဲ ဒါ့အပြင် အလေးထားရတဲ့ပစ္စည်းတစ်ခုလဲဖြစ်နေသေးတယ်…ပြန်ပေးမယ်လို့မျှော်လင့်ပါတယ် ”

” ပြန်ပေးနိုင်ပါတယ်…မာရှောင်ထောင့်ကိုအပြည့်အ၀ကုသဖို့ခွင့်ပြုမယ်ဆိုရင် သေချာပေါက် ပြန်ပေးမှာပေါ့ ”

” အကြီးအကဲရွှမ်ဒီလိုပြောလို့မရဘူးလေ ငါတို့ရဲ့ထိပ်တန်းကျောင်းသားတွေအများကြီးက မင်းတို့ကျောင်းသားတွေရဲ့လက်ထဲမှာသေခဲ့ရတယ်…ဒါပေမယ့် ငါတို့ဘာလျော်ကြေးမှမတောင်းခဲ့ဘူးလေ ”

” မင်းတို့ကျောင်းသားတွေက ရှောင်ထောင့်နဲ့ယှဥ်လို့ရလား မာရှောင်ထောင့်က ငါတို့ကျောင်းတော်ရဲ့ နောက်တက်မဲ့သိုင်းပညာ၀ိညာဥ်ကျောင်းတော်ရဲ့ကျောင်းအုပ်လှောင်လျာပဲ သူက အသက်နှစ်ဆယ်တောင်မပြည့်သေးပေမဲ့ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့၀ိညာဥ်သူတော်စင်ဖြစ်နေပြီ ဒါ့အပြင် ထိပ်တန်းအဆင့်သိုင်းပညာ၀ိညာဥ်ကိုလဲ ပိုင်ဆိုင်ထားတယ်..ဒီတိုက်ကြီးတစ်ခုလုံးမှာ တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲအတွက် သူနဲ့ယှဥ်နိုင်တဲ့သူဘယ်သူရှိမနေဘူး…ကျောင်းတော်ကမင်းရဲ့ပစ္စည်းကို အတင်းယူသွားတာမဟုတ်ဘူးလေ ဒါပေမယ့် ရှောင်ထောင့်ရဲ့အခြေအနေက ထူးဆန်းတယ်..သူ့ရဲ့သိုင်းပညာ၀ိညာဥ် က လက်ရှိအချိန်မှာအဆိုးဖက်ကို အများကြီးပြောင်းလဲနေပြီ သူလက်ရှိသတိလစ်နေသေးပေမဲ့ အခြေအနေတွေက မတည်ငြိမ်သေးဘူး…ဒီဓားကိုအသုံးပြုပြီ သူ့အတွက်ကုသမှုကိုရှာနိုင်မယ်ဆိုရင် မင်းကိုပြန်ပေးလို့ရတယ် ”

” နောက်ထပ်ညှိနိုင်ဖို့မရှိတော့ဘူးလား ”

ကျန်းဟုန်ချန်က မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ အကြီးအကဲရွှမ်ကတော့ စကားမပြောတော့ပဲ ဒီအတိုင်းသာကြည့်နေခဲ့တယ်။ တခဏတာစဥ်းစားပြီတဲ့နောက်မှာတော့ ကျန်းဟုန်ချန်က ပြောလာခဲ့ပါတယ်။

” ဒါဆိုရင် တန်ဖိုးညီတဲ့တစ်စုံတစ်ခုနဲ့လှဲလှယ်မယ်ဆိုရင် ဘာဖြစ်မလဲ ”

” ငါတို့ပြောပြီသားပဲ ဒီဓားကိုသိမ်းထားတာရှောင်ထောင့်ရဲ့သိုင်းပညာ၀ိညာဥ်အသွင်ပြောင်းတဲ့ကိစ္စကို လေ့လာဖို့လိုတယ်လို့ ”

ကျန်းဟုန်ချန်က အနည်းငယ်တင်းမာသွားခဲ့ပါတယ်။

” ဒါဆိုရင်သူ့ကိုသွားကြည့်လို့ရလား”

လက်ရှိအချိန်မှာတော့ အကြီးအကဲရွှမ်က တစ်ချက်တွေဝေသွားခဲ့ပါပြီ။

အကြီးအကဲမုရဲ့အသံက ဒီအချိန်မှာပဲထွက်ပေါ်လာခဲ့ပါတယ်။

” ရတယ်သွားကြည့်လို့ရတယ်…သူ့ကိုဒုတိယအလွှာခေါ်သွားလိုက် ”

ဒီအသံကိုကြားချိန်မှာ ကျန်၆းဟုန်ချန်အရမ်းကိုထိတ်လန့်လို့သွားခဲ့ပြီ သူက ခပ်မြန်မြန်ပဲထရပ်ပါတော့တယ်။

အစောပိုင်းတုန်းက ခန္ဓာကိုယ်မျိုးနွယ်နဲ့သူအတူမလာခဲ့ပေမဲ့ အကြီးအကဲရွှမ်နဲ့ သုပုစီးတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုမြင်တွေ့ခဲ့ပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်ရဲ့ ရွှေရောင်အလင်းတန်းကြောင့် သုပုစီးဆုတ်ခွာသွားခဲ့တာကို သူမြင်ခဲ့တယ်။

ထူးကဲသာလွန်သော့်လော့အဆင့်ကို ကျန်းဟုန်ချန်မရောက်ရှိသေးပေမဲ့ သူကအင်မတန်ကိုထက်မြက်တဲ့သူပါ။ အမျက်ဒေါသကျောင်းတော်ကို လူတွေရဲ့နားလည်မှုထက် သူကအများကြီးနက်နက်ရှိုင်းရှ်ိုင်းသိနေခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတော်ထဲမှာအသန်မာဆုံးသူက အကြီးအကဲရွှမ်မဟုတ်နိုင်ပဲ တခြားသူတစ်ယောက်ဖြစ်မယ်ဆိုတာ သူချက်ချင်းနားလည်သွားခဲ့တယ်။

သုပုစီးတောင် အဲ့ဒီလူကြောင့်ထွက်ခွာသွားခဲ့ရတယ်ဆိုရင် အဲ့ဒီလူကဘယ်လောက်များအင်အားကြီးလို့လဲ ဒါကြောင့်သာ ခန္ဓာကိုယ်မျိုးနွယ်ထွက်ခွာသွားပြီတဲ့နောက် ကျောင်းတော်ထဲကိုခိုး၀င်လာခဲ့တာပါ။ ခန္ဓာကိုယ်မျိုးနွယ်လိုလဲ မားမားမတ်မတ်အမှန်တရားဘက်တော်သားတစ်ယောက်လိုခေါင်းမော့ရင်ကော့ပြီ၀င်မလာရဲခဲ့ပါဘူး။

ကျန်းဟုန်ချန်က ပြောလာခဲ့ပါတယ်။

” အကြီးအကဲရွှမ်နဲ့ အမည်မသိရတဲ့အကြီးအကဲ ကျွန်တော်မှာလက်ရှိအချိန်အလိုအလောက်အသက်၀င်နိုင်တဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်အနည်းဆုံးသုံးခုပါလာပါတယ်…အကယ်၍ တိုက်ခိုက်ခံရမယ်ဆိုရင် ဒီ၀ိညာဥ်လက်နက်တွေက အမျက်ဒေါသမြို့တော်တစ်ခုလုံးကို ဖျက်ဆီးပြစ်နိုင်ဖို့လုံလောက်လိမ့်မယ်…ဒါ့အပြင် အဲ့ဒီနေရာမှာတင် ရပ်တန့်မှာမဟုတ်ပါဘူး ”

သူကရန်ရှောင်ကျဲ့နဲ့ သက်တူရွယ်တူရှိတာပါ။ ဒါကြောင့် အကြီးအကဲရွှမ်နဲ့ အကြီးအကဲမုကို အကြီးအကဲတွေလို့ခေါ်တာပုံမှန်ပါပဲ။ ဒါ့အပြင် သူ့ရဲ့အင်အားကိုထုတ်ပြဖို့အသင့်ဖြစ်နေခဲ့တယ်။

ဒီနေရာကြီးက အမျက်ဒေါသကျောင်းတော်ပါ ထူးကဲသာလွန်သော့်လော့တွေက ငါးယောက်မကပါဘူး။ ကျင်းဟုန်ချန်သိသလောက်အရဆိုရင် ငါးယောက်ထက်လဲပိုပါတယ်။ သူ့ရဲ့၀ိညာဥ်လက်နက်တွေက ဘယ်လောက်ပဲသန်မာပါစေ သူက အဆင့်ကိုးဆယ်သုံးသာရှိတာပါ။ အနီးကပ်နေရာမှာ ထူးကဲသာလွန်သော့်လော့တွေအများကြီးရှိနေလဲ သူရဲ့ပြိုင်ဘက်မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်ကိုပြင်ဆင်ပြီရောက်တာလဲရောက်ပါတယ်။ အမျက်ဒေါသကျောင်းတော်က သူတို့ရဲ့မြင့်မားတဲ့အဆင့်အတန်းတွေကြောင့် သူကိုတိုက်ရိုက်မတိုက်ခိုက်ဘူးလို့ ယုံကြည်နေခဲ့တယ်။

” မင်းကငါတို့ရဲ့ဧည့်သည်တော်ပါပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ၀င်လာပြီးပြီဆိုတော့ ဧည့်သည်ပဲလေ ”

အကြီးအကဲမုက ပြောလာခဲ့ပါတယ်။

” အကယ်၍ ငါမင်းကိုတိုက်ခိုက်ချင်တယ်ဆိုရင် မင်းရဲ့၀ိညာဥ်လက်နက်တွေက အစွမ်းပြချိန်တောင်ရလိုက်မှာမဟုတ်ဘူး ”

ကျင်းဟုန်ချန်လဲ ပြန်မပြောပဲစိတ်သက်သာရာရသွားခဲ့ပါတယ်။ အဲ့ဒီနောက် ရယ်မောရင်းနဲ့ ပြန်ဖြေလိုက်တယ်။

” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ဧည့်သည်တော်တစ်ယောက်ဖြစ်ရတာဂုဏ်ယူစရာပါပဲ ”

အဲ့ဒီနောက် အကြီးအကဲရွှမ်ရဲ့လမ်းပြမှုနဲ့အတူ ဒုတိယအလွှာကိုခပ်မြန်မြန်ပဲတက်သွားပါတော့တယ်။

အကြီးအကဲမုကတော့ သူ့ရဲ့လက်တွန်းခုံပေါ်မှာ လှဲလျောင်နေဆဲပါ။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ အနောက်မှာရှိနေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ အတော်လေးစိုးရိမ်နေခဲ့ပါတယ်။ သူတံခါးပိတ်မကျင့်ကြံခင်အချိန်တုန်းက မာရှောင်ထောင့်ရဲ့အခြေအနေကို အကြီးအကဲမုဆီတစ်ခေါက်မေးခဲ့ဖူးတယ်။ မာရှောင်ထောင့်အဆင်ပြေတယ်လို့သာ ပြောခဲ့ပေမဲ့တခြားအများကြီးမပြောခဲ့ပါဘူး။ ဒါကြောင့်သာ သူလဲအေးအေးဆေးဆေးသွားပြီကျင့်ကြံနေခဲ့တာပါ။ ကြည့်ရတာ သူမအခြေအနေက မကောင်းပုံပါပဲ။ ဒါကြောင့် သူမစိုးရိမ်ပဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။

ကျန်းဟုန်ချန်က အကြီးအကဲမုကို အတော်လေးကိုအာရုံစိုက်နေခဲ့ပါတယ်။ အကြီးအကဲမုက အတော်လေးကိုအိုမင်းနေတဲ့အဘိုးကြီးတစ်ယောက်နဲ့ တူညီနေခဲ့ပြီ ဘယ်လိုအင်အားကြီးတဲ့အရှိန်အ၀ါမှရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်မျိုးနွယ်ကို မောင်းထုတ်လိုက်တဲ့သူက ဒီလူကြီးဆိုတာသူသိနေခဲ့ပါတယ်။ အကြီးအကဲမုရဲ့ကျင့်ကြံဆင့်တွေကို မျက်လုံးနဲ့ကြည့်ရုံနဲ့မမြင်နိုင်ခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်အနေနဲ့ ဒီလိုအင်အားကြီးတဲ့လူတစ်ယောက်ရှိတယ်ဆိုတာ အတော်ကိုမမျှော်လင့်ထားနိုင်စရာကိစ္စပါ။ သူ့အနေနဲ့ ပိုသတိထားတာကောင်းမယ်လို့ သေချာသထက်ပိုသေချာလာပါတော့တယ်။

” ကျွန်တော်အရိုအသေပြုပါတယ်…အကြီးအကဲရဲ့နာမည်ကိုသိခွင့်ရနိုင်ပါ့မလား ”

ကျန်းဟုန်ချန်က တလေးတစားနဲ့ဦးညွတ်လိုက်ပါတယ်။

” ငါ့ရဲ့နာမည်ကမုအန်း ဒီလောကကြီးထဲမှာငါ့နာမည်ကို မှတ်မိတဲ့သူကအများကြီးမရှိလောက်ဘူးလို့ ထင်ပါတယ် ”

အကြီးအကဲမုရဲ့နာမည်ကိုကြားချိန်မှာ ကျန်းဟုန်ချန်တကယ်ကို ဘာဆက်တွေးလို့တွေးရမှန်းမသိဖြစ်သွားခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ကို သူလေ့လာနေတာကြာလှပြီဖြစ်ပေမဲ့ ဒီနာမည်မျိုးကိုမှတ်တောင်မမှတ်မိပါဘူး။ ဒါကြောင့် ပိုပြီးတော့စိုးရိမ်လာခဲ့ပါတော့တယ်။

အပိုင်း ၁၃၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset