အပိုင်း ၁၃၅•၁
” ပုံရိပ်ယောင်အစစ်အမှန်ခန်းမသခင် ကျန်းဟုန်ချန် ”
°°°
အကြီးအကဲမုက စိတ်ပျက်လက်ပျက်ပုံစံနဲ့ပြောလာခဲ့ပါတယ်။
” လူတစ်ယောက်ရဲ့သက်တမ်းဆိုတာက ကန့်သတ်ချက်ရှိတယ်…ငါတို့လိုသော့်လော့ဘွဲ့ခံလူတွေလဲအတူတူပဲ ငါရဲ့အချိန်က ကျရောက်လာတော့မှာကို ငါခံစားမိတယ်..ငါထွက်သွားပြီတဲ့နောက် ကျောင်းတော်ကိုမင်းနဲ့တခြားအကြီးအကဲတွေရဲ့လက်ထဲကိုအပ်ထားခဲ့ရမှာ ရှောင်ရွှမ် မင်းကအရမ်းကိုခေါင်းမာလွန်တယ်…ဒါ့အပြင် တည်ငြိမ်မှုလဲမရှိသေးဘူး ဒီလိုကိစ္စမျိုးအနာဂတ်မှာကြုံလာရမယ်ဆိုရင် သေချာပေါက် ဒီလိုလုပ်မှရမယ်..ကျောင်းတော်အတွက်ကို မင်စစဥ်းစားရမယ် ”
အကြီးအကဲရွှမ်က အထိတ်တလန့်ဖြစ်သွားပါတော့တယ်။
” အကြီးအကဲမု တကယ်ကြီး ”
” မစိုးရိမ်နဲ့ ငါချက်ချင်းတော့သေမသွားပါဘူး..ဒီကလေးတွေအရွယ်ရောက်လာပြီလို့ စိတ်ချလက်ချသွားနိုင်လောက်တဲ့ အချိန်အထိနောက်နှစ်နည်းနည်းလောက် ဆက်နေဦးမှာပါ ”
သူပြောရင်းနဲ့ ဟို့ယွိဟောင်တို့သုံးယောက်ကို လှမ်းကြည့်ပါတော့တယ်။
” ယွိဟောင် ဒီကိုလာခဲ့ ”
အကြီးအကဲမုက ဟို့ယွိဟောင်ကို လက်ဝှေ့ရမ်းပြရင်း ခေါ်လိုက်ပါတယ်။
ဟို့ယွိဟောင်က ခပ်မြန်မြန်ပဲ အကြီးအကဲမုအနားကို ရောက်လာခဲ့ပါတယ်။
” ကလေး ငါကမင်းရဲ့အစောပိုင်းတုန်းကအဖြေကိုအတော်လေးသဘောကျမိတယ်..မင်းကသိပ်ပြီအသက်အရွယ်မကြီးရင့်သေးပေမဲ့ စိတ်ဆုံးဖြတ်ချက်ကအတော်လေးခိုင်မာပြတ်သားတယ်…ပြိုင်ပွဲကြီးပြီတဲ့နောက် မင်းရဲ့တိုးတက်မှုတွေကိုငါလေ့လာပြီးပြီ ဒီရလဒ်တွေက တကယ်ထိတ်လန့်စရာကြီးတွေပဲ ၀ိညာဥ်ပညာရှင်တစ်ယောက်က ဘက်ပေါင်းစုံမှာတိုးတက်လာအောင်မွေးမြူးနိုင်ပေမဲ့ ကိုယ်ကျင့်သိက္ခာနဲ့စိတ်ထားကိုတော့ မွေးမြူးလို့မရနိုင်ဘူး..မင်းကတော့ ဒီအရာကိုပါကောင်းမွန်အောင်ထိန်းထားနိုင်တယ် ”
ဟို့ယွိဟောင်ကတော့ ခေါင်းငုံ့နေရင်းပြောလာခဲ့ပါတယ်။
” အကြီးအကဲမုကကျွန်တော်ကို အထင်ကြီးလွန်နေပါပြီ ကျွန်တော်ကမိဘမဲ့တစ်ယောက်ပါ ကျွန်တော်အမေဆုံးပါးသွားပြီနောက်ပိုင်းကထဲကစလို့ သွေးသားဆိုတာမရှိတော့ပါဘူး…ကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အမုန်းတရားနဲ့ပဲပြည့်နှက်ခဲ့ရပါတယ်..ဆရာရှောင်ယာ့နဲ့ အစ်ကိုကြီးကို ကြယ်တာရာသစ်တောထဲမှာတွေ့ပြီတဲ့နောက် ထန်မျိုးနွယ်ရဲ့၀င်ခွင့်ကိုအသုံးပြုပြီး ကျောင်းတော်ထဲကို၀င်လာနိုင်ခဲ့ပါတယ်…ဒါ့အပြင် ကျွန်တော်မွေးကထဲက ကျွန်တော်အမေနဲ့အတူတူ အေးခဲတဲ့နေရာမှာပဲကြီးပြင်းလာခဲ့ရတာပါ အနိုင်ကျင့်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကိုပဲ ကျွန်တော်တစ်ဘ၀တာလုံးရင်ဆိုင်ခဲ့ရတယ်..ကျောင်းတော်ထဲကို၀င်ရောက်ပြီတဲ့နောက်မှသာ မိသားစုရဲ့နွေးထွေးတဲ့အငွေ့အသက်ကိုကျွန်တော်ခံစားရတာပါ ကျောင်းတော်က ကျွန်တော်ကိုနွေးထွေးမှုပေးရုံတင်မကဘူး..အစားအသောက်လဲကျွေးမွေးပြီ အ၀တ်အစားလဲဆင်ပေးပါတယ်…ဒါ့အပြင် ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ လူသားတစ်ယောက်ဖြစ်လာဖို့လဲ သင်ကြားပေးခဲ့တယ်…ဒါကြောင့် ကျောင်းတော်က ကျွန်တော်ရဲ့မိသားစုပါပဲ မိသားစုကလွဲပြီကျန်တဲ့ရှိရှိသမျှအရာအားလုံးက ပြောင်းလဲနိုင်တယ်…ဒါကြောင့် ကျွန်တော်မိသားစုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ထိန်းသိမ်းဖို့အတွက် ကျွန်တော်ဘာမဆိုလုပ်မှာပါ ”
ဟို့ယွိဟောာင်ရဲ့စကားတွေက နှလုံးသားထဲကနေလာတဲ့စကားတွေဖြစ်နေတာကြောင့် သူပြောရင်းနဲ့သာ မျက်လုံးတွေကနီရဲလာခဲ့ပါပြီ။
အကြီးအကဲရွှမ်က သူ့ရဲ့စိတ်ထိခိုက်နေတဲ့ပုံစံကိုကြည့်ရင်း အနည်းငယ်လန့်သွားခဲ့ပါတယ်။ အကြီးအကဲမုက ဟို့ယွိဟောင်ရဲ့ ညာဘက်လက်ကိုဆွဲလိုက်ရင်း ပြောလာခဲ့တယ်။
” ငါမင်းကိုပထမဆုံးတွေ့တဲ့အချိန်က မင်းကနောက်ကြောင်းတစ်ခုရှိတဲ့ကလေးဆိုတာသိခဲ့တယ် ..ဘာကြောင့်လဲဆိုတော့ မင်းရဲ့မျက်လုံးထဲမှာ ရှိနေတဲ့အငွေ့အသက်တွေက တခြားကလေးတွေနဲ့မတူညီလို့ပဲ မင်းရဲ့မျက်လုံးတွေက ကြည်လင်တောက်ပနေပေမဲ့ သူတို့ကနာကျင်မှုကိုဖုံးကွယ်ထားတယ်…အခုရက်ပိုင်းမှသာဒီနာကျင်မှုက ပျောက်ကွယ်သွားတာကို ငါသတိထားမိတယ်..မင်းပြောသလိုပဲ ကျောင်းတော်က မင်းရဲ့မိသားစုဖြစ်သလို ငါတို့ကလဲမင်းရဲ့မိသားစုပဲ ဒါ့အပြင်အစောပိုင်းတုန်းက သုပုစီးနဲ့ငါစကားပြောရင်း မင်းကငါရဲ့တပည့်သားလို့ပြောလိုက်တယ် ..သူကလဲ မင်းကျောင်းတော်ကနေထွက်မသွားသရွေ့ မင်းကိုပစ်မှတ်မထားဘူးလို့ပြန်ဖြေခဲ့တယ်..သူပြောချင်တာကို ငါနားလည်ပါတယ်…မင်းကျောင်းတော်ကနေ သင်ကြားမှုတွေပြီးမြောက်အောင်မြင်တဲ့အချိန်မှာ သူကမင်းကိုနောက်တစ်ကြိမ် ပစ်မှတ်ထားလာလိမ့်မယ် ”
ဟို့ယွိဟောင်လဲ ဒီကိစ္စမျိုးကိုထင်ထားခဲ့မိပါတယ်။ ခန္ဓာကိုယ်မျိုးနွယ်က အခုအချိန်အထိ သူ့ကိုလက်မလျှော့နိုင်သေးဘူးလား။
အကြီးအကဲရွှမ်က နောက်ထပ်စိတ်မထိန်းန်ိုင်တော့ပဲပြောလာခဲ့ပါတော့တယ်။
” ငတုံးလေး မြန်မြန်ဆရာအဖြစ်အရိုအသေပြုလိုက်လေ ”
ဟို့ယွိဟောင်လဲ အခုအချိန်မှသာ သတိ၀င်လာပါတော့တယ်။ သူချက်ချင်းဒူးထောက်ရင်း အကြီးအကဲမုကို ကန်တော့ပါတယ်။
” အကြီးအကဲမု ကျွန်တော်ကိုတပည့်အဖြစ်လက်ခံပေးပါ ”
” လိမ်မာတဲ့ကလေးထရပ်လိုက်ပါ ”
အဲ့ဒီနောက် ဟို့ယွိဟောင်ကိုသူဆွဲထူးလိုက်ပါတယ်။ နူးညံ့ညင်သာတဲ့အင်အားက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ချက်ချင်းဆိုသလို ၀င်ရောက်လာပြီ သူကိုမတ်တပ်ရပ်သွားစေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ စိတ်ရင်းမှန်ကန်တဲ့မျက်လုံးတွေကို မြင်ရချိန်မှာအကြီးအကဲမုက ပိုပြီးတော့တောင်စိတ်ကျေနပ်လာပါသေးတယ်။
သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ဟို့ယွိဟောင်ကို သူ့ရဲ့တပည့်သားဖြစ်လာစေဖို့တိုက်ရိုက်တောင်းဆိုလို့မရနိုင်ပါဘူး။ အရိပ်အမြွက်သာပြလို့ရပါတယ်။ ကံကောင်းစွာနဲ့ပဲ သူ့ကိုသတိပေးမဲ့အကြီးအကဲရွှမ်က ဘေးမှာရှိနေခဲ့လို့ပါ။ ဒါကြောင့်အခုလိုအခွင့်အရေးမျိုးကြီးကို လက်လွှတ်မသွားခဲ့ပါဘူး။
” အကြီးအကဲမု တကယ်သဘောတူလိုက်ပြီလား ”
ဟို့ယွိဟောင်မယုံနိုင်သေးတဲ့အတွက် နောက်တစ်ကြိမ်ထပ်ပြီမေးနေခဲ့ပါသေးတယ်။
” ငတုံးလေး အခုအခြေအနေအထိရောက်လာပြီ မင်းနားမလည်သေးဘူးလား ”
အကြီးအကဲမုက ရယ်နေခဲ့ပါတယ်။
ဟို့ယွိဟောင်က ပျော်ရွှင်လို့သွားတာကြောင့်ခပ်မြန်မြန်ပဲ သူပြောပါတော့တယ်။
” ဆရာ တပည့်အဖြစ်လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အဲ့ဒီနောက် သူနောက်တစ်ကြိမ်ဒူးထောက်လိုက်ရင်း ဦးညွတ်ပါတော့တယ်။ ဒီတစ်ကြိမ်မှာအကြီးအကဲမုက သူ့ကို၀ိညာဥ်စွမ်းအားအသုံးပြုပြီး ခပ်မြန်မြန်ပဲ ပြန်ထရပ်စေခဲ့တယ်။
” ဒီနေ့ကနေစပြီ မင်းကငါရဲ့အနီးကပ်တပည့်သားဖြစ်သွားပြီ ငါကထုံတမ်းစဥ်လာတွေနဲ့ပတ်သက်ပြီ အများကြီးသဘောမထားပါဘူး…ဒါကြောင့် အနာဂတ်မှာမင်းငါ့ကိုဒူးထောက်စရာမလိုဘူး…တစ်ချက်ဦးညွတ်လိုက်ရုံနဲ့ရပြီ ”
” ဟုတ်ကဲ့ပါဆရာ ”
ဟို့ယွိဟောင်က အကြီးအကဲမုကို အစောပိုင်းကထဲကလေးစားပြီသားပါ။ အကယ်၍ အကြီးအကဲမုနဲ့ အကြီးအကဲရွှမ်သာဒီနေရာမှာရှိမနေခဲ့ရင်း သူပျော်လွန်လို့ခုန်ပေါက်နေလောက်ပါပြီ။
၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ဒီမြင်ကွင်းကိုမြင်ချိန်မှာ အနည်းငယ်မနာလိုဖြစ်နေခဲ့ပေမဲ့ သူတို့တွေခပ်မြန်မြန်ပဲ ဂုဏ်ပြုစကားဆိုကြပါတယ်။
အကြီးအကဲမုကတော့ ပြုံးနေခဲ့တယ်။
” မင်းတို့နှစ်ယောက်လဲအဆင်ပြေတာပဲ ရှောင်းရှောင်း နောက်ပိုင်းမှာအကြီးအကဲရွှမ်ဆီကနေသင်ယူ သူ့ကမင်းကိုအသေးစိတ်အကဲဖြတ်ပေးလိုက်မယ်..ဒါ့အပြင် ထူးခြားတဲ့အထောက်အပံ့ပြုရေးအမျိုးအစားတိုက်ပွဲ၀ိညာဥ်ပညာရှင်ဖြစ်လာဖို့ကိုကူညီပေးလိမ့်မယ်…၀မ်သုန့်အတွက်ကတော့ အလင်းအမျိုးအစားပညာရှင်ဖြစ်နေတာကြောင့်အတူတူပဲ မင်းလဲငါ့ရဲ့နာမည်အောက်မှာယာယီတပည့်သားတော့ဖြစ်နိုင်တယ် ”
၀မ်သုန့်ကတော့ အခုလက်ရှိအချိန်မှာ လျှာကိုကိုက်ထားခဲ့ပါတယ်။
” အကြီးအကဲမု ဒါကမတရားတဲ့ကိစ္စပဲ ကျွန်တော်က အကြီးအကဲနဲ့တူညီတဲ့အလင်းအမျ်ိုးအစား၀ိညာဥ်ပညာရှင်ပဲလေ ဒါပေမယ့် အလင်းစွမ်းအားကိုမသုံးနိုင်တဲ့ ဟို့ယွိဟောင်ကို တပည့်သားအဖြစ်လက်ခံတယ်…ဘာလို့ဒီလိုခွဲခြားနိုင်ရတာလဲ ကျွန်တော်လဲ အနီးကပ်တပည့်သားဖြစ်ချင်ပါတယ် ”
၀မ်သုန့်ရဲ့မကျေနပ်တဲ့ပုံစံကိုမြင်ချိန်မှာ အကြီးအကဲမုကတော့ ရယ်မောမိတော့တယ်။
” ဒီကလေးကတော့လေ မင်းကငါ့ကိုဒီလိုတောင်းဆို၀ံ့တဲ့ပထမဆုံးလုပ်တဲ့သူပဲ လောကမှာအနီးကပ်တပည့်သားတစ်ယောက်ပဲရှိနိုင်တယ် ”
၀မ်သုန့်က အကြီးအကဲမုစိတ်မဆိုးတာကို မြင်ချိန်မှာပိုပြီးအနားကပ်လာပါတော့တယ်။ အဲ့ဒီနောက် သူဆက်ပြောပါတယ်။
” ဒါဆိုရင်လဲ အဆင်ပြေပါတယ်…အကြီးအကဲရဲ့အဆင့်အတန်းနဲ့ဆိုရင် ချွင်းချက်လုပ်လို့ရတယ်လေ ဘယ်သူကအကြီးအကဲကို သံသယ၀င်ရဲမှာလဲ ဒါ့အပြင် ယွိဟောင်နဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးက သိုင်းပညာပေါင်းစည်းစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့သူပါ ကျွန်တော်တို့ကပြောရမယ်ဆိုရင် တစ်သားထဲပဲလေ ကျွန်တော်တို့နှစ်ယောက်ကို တစ်ယောက်ထဲလို့တောင်မှတ်ယူလို့ရတယ် ”
အကြီးအကဲမုကတော့ ပိုပြီးကျေကျေနပ်နပ်ပြုံးနေခဲ့ပါတယ်။
” ဪ နှစ်ယောက်ကတစ်သားထဲလား ”
အကြီးအကဲမုကတော့ကြည့်ရင်း ၀မ်သုန့်ရဲ့မျက်နှာကတော့ နီနေခဲ့ပါပြီ။ အဲ့ဒီနောက် အကြီးအကဲမုရဲ့ တခြားလက်တစ်ဖက်ကိုသူဆွဲရင် ပြောပါတော့တယ်။
” ကျွန်တော်ကိုလက်ခံပေးပါ မဟုတ်ရင် သူတစ်ယောက်ထဲကတရား၀င်တပည့်သားဖြစ်ပြီ ကျွန်တော်ကအမည်ခံပဲဖြစ်လို့ အနာဂတ်မှာသူကျွန်တော်ကို အနိုင်ကျင့်လိမ့်မယ် ”
အကြီးအကဲရွှမ်က ဒါကိုမြင်ချိန်မှာတော့ မျက်လုံးပြူးနေခဲ့ပါတယ်။ သူမှတ်မိသလောက်အရဆိုရင် တစ်ဘ၀လုံးမှာ ရန်ရှောင်ကျဲ့အပါအ၀င် ဘယ်သူကမှအကြီးအကဲမုရဲ့အရှေ့မှာဒီလိုမျိုး မပြော၀ံ့ပါဘူး။ ဒါပေမယ့် ၀မ်သုန့်ကတော့ အကြီးအကဲမုကို လုံး၀အတင်းအကြပ်တောင်းဆိုနေခဲ့ပေမဲ့ အကြီးအကဲမုက စိတ်ဆိုးတဲ့ပုံမရှိပဲ ပျော်နေတဲ့ပုံပေါ်ပါတယ်။
” ကောင်းပြီ ကောင်းပြီ ငါမင်းကို စကားပြောလို့မနိုင်ဘူး ငါမင်းကိုလက်ခံလိုက်မယ် ”
၀မ်သုန့်က ချက်ချင်းဆိုသလိုဒူးထောက်ရင်း အကြီးအကဲမုကိုဦးချပါတော့တယ်။
အကြီးအကဲမုက ဘယ်ဘက်လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာ ၀ိညာဥ်စွမ်းအားတွေထွက်ပေါ်လာပြီ ၀မ်သုန့်ကိုဒူးမထောက်စေပဲ ပြန်ထလာစေပါတယ်။
” ရှောင်ရွှမ် မင်းမြင်ရဲ့လား ငါတော့တပည့်သားနှစ်ယောက်ကို လက်ခံဖို့အတင်းအကြပ်ဖိအားပေးခံလိုက်ရပြီ ”
” အကြီးအကဲမုပျော်နေတာကို ကျွန်တော်မြင်နေရတယ်…ဒါပေမယ့် မဆိုးဘူးလေ ဒီကလေးနှစ်ယောက်ကတော်တာပဲ ဒီလိုဖြစ်မှတော့ ကျွန်တော်လဲအနီးကပ်တပည့်သားတစ်ယောက်ကိုလက်ခံမှနဲ့တူတယ်..ဘယ်လိုပဲဖြစ်ဖြစ်အသက်လဲငယ်တော့တာမဟုတ်ဘူးလေ ”
ရှောင်းရှောင်းကတော့ အတော်လေးပါးနပ်ပါတယ်။ ဒါကြောင့် အကြီးအကဲရွှမ်ရဲ့အရှေ့မှာချက်ချင်းဒူးထောက်ရင်းသူလဲဦးချပါတော့တယ်။
” ဆရာကျွန်မကို တပည့်အဖြစ်လက်ခံပေးပါ ”
အကြီးအကဲရွှမ်ကတော့ သူမကိုပြန်ထူးရင်းနဲ့ရယ်မောနေခဲ့ပါတယ်။
” ကလေးမလေး မင်းက ငါရဲ့သင်ကြားမှုအောက်မှာဆိုရင် အများကြီးထူးချွန်လာလိမ့်မယ်…အဲ့ဒီကလေးနှစ်ယောက်ကို မရှုံးစေနဲ့ ”
ရှောင်းရှောင်းက ရယ်မောရင်းပြန်ဖြေလိုက်ပါတယ်။
” အကောင်းဆုံးကြိုးစားပါ့မယ်ဆရာ စွမ်းအားကိုတိုးတက်စေနိုင်မဲ့ အထောက်အပံ့တွေအကုန်လုံးသာပေးပါ ”
” ငါတကယ်ပဲ တပည့်သားတစ်ယောက်လက်ခံမိလိုက်တာလား ပြဿနာမီးမွှေးမဲ့သူကို လက်ခံမိလိုက်တာလား မင်းကတော့လေ တကယ်ပဲ မထင်မှတ်ထားတဲ့ကိစ္စတွေကိုစပြောနေတာပဲ ”
ရှောင်းရှောင်းကတော့ ရယ်နေခဲ့ပါတယ်။
” အခုကျွန်မတို့တွေက တစ်ဖက်သားတွေဖြစ်သွားပြီလေ ဘာကြောင့်များ မအံ့ဩစရာကောင်းတဲ့ကိစ္စတွေကိုလုပ်ရမှာလဲ ဆရာအတွက်ကြက်ပေါင်တွေ၀ယ်ပေးဦးမှာပေါ့ ”
နောက်ဆုံးမှာတော့ ရှောင်းရှောင်းလဲ အကြီးအကဲရွှမ်နဲ့ အတူတူလေ့ကျင့်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အတော်လေးလဲ ရင်းနှီးမှုက ပိုတိုးလာခဲ့တယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဆရာအဖြစ်တရား၀င်အသိအမှတ်ပြုခံလိုက်ရတဲ့အတွက် ပိုပြီးစိတ်လှုပ်ရှားနေရတာမဆန်းပါဘူး။
အကြီးအကဲမုကတော့ တစ်ချက်မျက်လုံးအရောင်လက်သွားခဲ့ပြီ ပြောလာခဲ့ပါတယ်။
” သုပုစီးဆီကအခုပဲထွက်သွားတယ် ဒါပေမယ့် တစ်ယောက်ယောက်ကတော့ အခုပဲ၀င်လာတယ်…ကြည့်ရတာဒီနေ့ကတော့ နေ့ကောင်းနေ့ရက်ဖြစ်မဲ့ပုံပဲ ”
အကြီးအကဲရွှမ်က မျက်မှောင်ကြုတ်ရင်း သူ့တစ်ကိုယ်လုံးကိုစူးရှထက်မြက်တဲ့အလင်းတန်းတွေက ဖုံးလွှမ်းလို့သွားပါတော့တယ်။ သူက တိုက်ခိုက်ဖို့အသင့်ပြင်နေခဲ့တာပါ။
အကြီးအကဲမုက လက်ကိုဝှေ့ရမ်းရင်းနဲ့သာ တားလိုက်ပါတယ်။
” ရောက်လာတဲ့သူက ဧည့်သည်တော်တစ်ယောက်ပဲ သူ့ကိုအထဲခေါ်လိုက်ပါ ”
အကြီးအကဲရွှမ်က ထိတ်လန့်သွားခဲ့ပါတယ်။
” ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကိုခေါ်မှာလား ”
” ဟုတ်တယ် ခန်းမဆောင်ထဲကိုခေါ်လိုက် ”
အကြီးအကဲရွှမ်က ထိတ်လန့်နေခဲ့ပေမဲ့ အကြီးအကဲမုရဲ့ညွှန်ကြားချက်ကိုသူမလွန်ဆန်ခဲ့ပါဘူး။ ဒါပေမယ့် ဘယ်လူစိမ်းကိုမှပင်လယ်နတ်ဘုရားခန်းမဆောင်ထဲ မခေါ်ခဲ့ဘူးတာကို ကောင်းကောင်းကြီးသိနေခဲ့ပါတယ်။
အပိုင်း ၁၃၅•၁ ပြီး၏။