Switch Mode

Chapter – 134.3

ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ခေါင်းဆောင်သုပုစီး

အပိုင်း ၁၃၄•၃

” ခန္ဓာကိုယ်မျိုးနွယ်ရဲ့ခေါင်းဆောင်သုပုစီး •
°°°
” မသိချင်ယောင်ဆောင်မနေနဲ့ ခန္ဓာကိုယ်၀ိညာဥ်ရှိတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးက ခန္ဓာကိုယ်မျိုးနွယ်ရဲ့တပည့်သားတွေအဖြစ် အလိုအလောက်အသိအမှတ်ပြုခံထားပြီသားပဲ ဒါကိုမင်းမသိဘူးလား တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့အဲ့ဒီကလေးဘယ်မှာလဲ သူ့ကိုငါလက်ထဲအပ်လိုက် မဟုတ်ရင် မကြင်နာတတ်ဘူးလို့ ငါ့ကိုအပြစ်တင်မလေနဲ့ ငါရဲ့နာမည်က ဘယ်လိုကြောင့်ထင်ရှားနေလဲဆိုတာ မမေ့လိုက်နဲ့ အကယ်၍ ငါသာ ငါခန္ဓာကိုယ်မျိုးနွယ်ရဲ့ အဆိပ်ကိုထုတ်လွှတ်လိုက်မယ်ဆိုရင် မင်းဘယ်လောက်များခံနိုင်ရည်ရှိမှာမလို့လဲ ဒီလိုဖြစ်မယ်ဆိုရင် မင်းတို့ရဲ့အမျက်ဒေါသကျောင်းတော်ကတော့ ”

” ယွိဟောင်အတွက် မင်းဒီလိုလာတယ်ဆိုတာ ငါသိတယ်…မင်းကဒီလိုမျိုးမောက်မာတဲ့ပုံစံနဲ့ ကိုယ်အင်အားကိုချီးမွမ်းပြချင်နေတာမဟုတ်ဘူးလား ငါပြောလိုက်မယ်…အကယ်၍ အဲ့ဒီမင်းသေစေနိုင်တဲ့အဆိပ်ကို ထုတ်သုံးမယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်မျိုးနွယ်ထဲက လူတစ်၀က်နီးပါးဒီနေရာမှာ အသက်ပျောက်သွားစေရမယ်..မင်းအပါအ၀င်ပဲ ဒါငါအာမခံနိုင်တယ် ”

သုပုစီးရဲ့အမူအရာက ပြောင်းလဲလို့သွားခဲ့ပါပြီ။

” ရှောင်ရွှမ် ငါမင်းရဲ့ကျောင်းတော်ကိုမတိုက်ခိုက်၀ံ့ဘူးလို့မင်းထင်နေတာလား အကယ်၍ ငါသာငါမျိုးနွယ်ရဲ့အမွေဆက်ခံမှုအတွက် အရာအားလုံးကို စတေး၀ံ့တယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ ”

” အဘိုးကြီးအကယ်၍ မင်းမှာဒီလိုထောင်လွှားဖို့အရည်အချင်းရှိတယ်ဆိုရင် လုပ်လိုက်လေ မင်းကစကားကြီးစကားကျယ်တွေပြောနေရုံသက်သက်ပဲ ခန္ဓာကိုယ်မျိုးနွယ်က ငါတို့အမျက်ဒေါသကျောင်းတော်ကို ခြိမ်းခြောက်နိုင်မယ်များတကယ်ထင်နေတာလား ”

” မင်းကောငါ့ကိုတားနိုင်မယ်ထင်လို့လား သူ့ကိုငါလက်ထဲမြန်မြန်အပ်လိုက် မဟုတ်ရင် ငါကိုယ်တိုင်သွားပြီသူ့ကိုရှာရလိမ့်မယ်…ဒီလိုအခြေအနေရောက်လာရင် မင်းလဲလွယ်မယ်မထင်နဲ့ ”

သူကအမျက်ဒေါသကျောင်းတော်ကို မျက်နှာသာပေးပြီးနေပါပြီ။ မဟုတ်ရင် အကြီးအကဲရွှမ်နဲ့ ဒီလောက်အကြာကြီးသူစကားပြောနေမှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်မျိုးနွယ်ကလဲ ခေါင်းမာတဲ့သူတွေဖြစ်သလို တစ်ဇွတ်ထိုးနိုင်တဲ့သူတွေအမြဲတမ်းဖြစ်နေခဲ့တာပါ။ အကြီးအကဲရွှမ်က သူ့ထက်အနည်းငယ်အရည်အချင်းနှိမ့်ပါးပေမဲ့ ဒီကွာခြားချက်သိပ်ပြီမကြီးပါဘူး။ အကယ်၍ အစွမ်းကုန်သာတိုက်ခိုက်ရမယ်ဆိုရင် ဖြစ်လာမဲ့ရလဒ်ကို သုပုစီးခံနိုင်ရည်မရှိမှာတော့အမှန်ပါ။

” ရှောင်ရွှမ်က မင်းကိုမတားဘူးဆိုရင် ငါကောဘယ်လိုလဲ ”

နူးညံ့ညင်သာတဲ့အသံက တိတ်တဆိတ်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဖျော့တော့တဲ့အလင်းတန်းတွေက အမျက်ဒေါသကျောင်းတော်ဆီကနေ ပျံ့ထွက်လို့လာခဲ့ပါပြီ။ အတိအကျပြောရမယ်ဆိုရင် ပင်လယ်နတ်ဘုရားခန်းမဆောင်ကနေလာတာပါပဲ။

ညင်သာတဲ့ရွှေရောင်အလင်းတန်းက ခပ်မြန်မြန်ပဲကောင်းကင်တစ်ခွင်လုံးကို သိသိသာသာလွှမ်းခြုံလို့သွားပါတော့တယ်။ ဒါ့အပြင် မြင့်မားထူးခြားတဲ့အရှိန်အ၀ါတစ်ခုနဲ့အတူ ဖြစ်ပေါ်လာခဲ့တာပါ။ မှော်ဆန်တဲ့မြင်ကွင်းတစ်ခုကလဲ စတင်ပြီအသွင်ပေါ်လာပါတော့တယ်။ အကြီးအကဲရွှမ်နဲ့ သုပုစီးတို့ရဲ့အလင်းတန်းတွေအားလုံးက ဒီရွှေရောင်အလင်းတန်းရဲ့အရှိန်အ၀ါအောက်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ကောင်းကင်ပေါ်မှာရှိနေခဲ့တဲ့ ပြင်းထန်တဲ့ဖိအားကလဲပျောက်ကွယ်လို့သွားပါတော့တယ်။ ရွှေရောင်အလင်းတန်းက အမျက်ဒေါသကျောင်းတော်ကို ဖုံးလွှမ်းထားရုံတင်မက အမျက်ဒေါသမြို့တော်တစ်ခုလုံးပါ ကာကွယ်ပေးလိုက်တာပါ။ အမျက်ဒေါသမြို့တော်ကြီးတစ်ခုလုံးက အပြင်ကနေကြည့်မယ်ဆိုရင် ရွှေရောင်မြို့တော်ကြီးတစ်ခုလိုမျိုးပုံစံပြောင်းသွားပါတော့တယ်။

သုပုစီးရဲ့အမူအရာကတော့ ဒါကိုမြင်ချိန်မှာ ပြောင်းလဲလို့သွားခဲ့ပါပြီ။

” ပင်လယ်နတ်ဘုရားအလင်းတန်းလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ပင်လယ်နတ်ဘုရားအလင်းတန်းကို ထုတ်သုံးနိုင်တဲ့သူက ဘယ်လိုလုပ်အမျက်ဒေါသမှာရှိနေတာလဲ ”

” ပုစီးမတွေ့ရတာကြာပြီ ကြည့်ရတာမင်းငါ့ကိုမေ့သွားတဲ့ပုံပဲ ”

ညင်သာတဲ့အသံက သုပုစီးရဲ့နားထဲမှာကြားနေခဲ့ရသာဖြစ်ပါတယ်။

” ခင်ဗျာက ”

သုပုစီးကတော့ ထိတ်လန့်လွန်လို့ သူ့ရဲ့တောက်ပနေတဲ့အလင်းတန်းတွေတောင် ပြန်လည်ပျောက်ကွယ်လို့သွားပါတော့တယ်။ ဒါ့အပြင် နဖူးပြောင်ပြောင်ပေါ်မှာလဲ ချွေးတွေကဖြစ်ပေါ်လာခဲ့ပါပြီ။

” မင်း ငါအတွက်ဘာကိုချန်ထားခဲ့လဲဆိုတာ ငါမှတ်မိပါသေးတယ် ”

အကြီးအကဲမုက ဖြည်းဖြည်းချင်းပြောလာခဲ့တယ်။

” မင်းရဲ့အစ်ကိုလဲ မင်းရဲ့ တူညီတဲ့စိတ်ထားမျိုးကိုပိုင်ဆိုင်ထားတယ်…မိုက်ရူးဆန်တယ်ဆိုတာက မကောင်းတဲ့စိတ်ပဲအကယ်၍ မင်းရဲ့အစ်ကိုသာ အဲ့ဒီတုန်းက တစ်ဇွတ်ထိုးမဆန်ခဲ့ဘူးဆိုရင် သူအသက်ရှင်ကောင်းရှင်နေလိမ့်မယ် ”

ဒီအချိန်အထိကြားပြီတဲ့နောက် သုပုစီးလဲသူ့ရဲ့ခန့်မှန်းချက်ကို အတည်ပြုမိပါတော့တယ်။

” ခင်ဗျာမသေသေးဘူးလား ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

” အကယ်၍ ငါသေသွားတယ်ဆိုရင် မင်းကအမျက်ဒေါသကျောင်းတော်ကို အနိုင်ကျင့်မှာလား ”

အကြီးအကဲမုက ဖြည်းဖြည်းချင်းပြန်ဖြေလိုက်တယ်။ သူ့ရဲ့စကားလုံးတွေက ရိုးရှင်းပေမဲ့ သုပုစီးကတော့အထိနာသွားခဲ့ပါပြီ။ ပြင်းထန်တဲ့ရွှေရောင်အလင်းတန်းက လေထဲကိုထိုးတက်လာပြီတဲ့နောက် သုပုစီးရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက အနည်းငယ်ကျုံ့သွားပါတော့တယ်။ သုပုစီးက ရှုပ်ထွေးနေတဲ့လေသံနဲ့ပြောလာခဲ့တယ်။

” နဂါးနတ်ဘုရားသော့်လော့ ဒီတိုက်ပွဲကလူတစ်ယောက်ရဲ့ခံစားချက်နဲ့ သက်ဆိုင်တဲ့ကိစ္စမဟုတ်ဘူး…ငါရဲ့အစ်ကိုကြီးကို ဒီနေရာမှာဘာကြောင့် ထုတ်ပြောဖို့လိုမှာလဲ ”

” ဖြစ်ခဲ့တဲ့ကိစ္စတွေကို မင်းလဲအပြည့်အ၀သိပါတယ်ငါမင်းနဲ့မငြင်းခုန်ချင်ဘူး…ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်က ငါဖြစ်နေတုန်းပဲဆိုတာ မင်းသိဖို့လိုတယ်…ဒါ့အပြင် ယွိဟောင်ကိုခန္ဓာကိုယ်မျိုးနွယ်နဲ့ပတ်သက်ပြီ ငါမေးပြီးပြီ သူကကျောင်းတော်မှာနေချင်တယ်လို့ပြောခဲ့တယ်…ကျေးဇူးပြုပြီး ပြန်လိုက်ပါ မင်းရဲ့အစ်ကိုမျက်နှာကိုထောက်ထားတဲ့အနေနဲ့ ဒီကိစ္စကိုငါရှောပေးလိုက်မယ်…ဒါပေမယ့် နောက်တစ်ကြိမ် ဖြစ်လာခဲ့မယ်ဆိုရင် ခန္ဓာကိုယ်မျိုးနွယ်က ငါရဲ့ဒီတပည့်သားကို အနာဂတ်မှာတစ်စုံတစ်ရာအကွက်ဆင်ပြီတိုက်ခိုက်ခဲ့တယ်ဆိုရင် ခန္ဓာကိုယ်မျိုးနွယ်ကို ငါကိုယ်တိုင်လာရှာပြီ ဖြေရှင်းချက်တောင်းမှာကိုမမေ့လိုက်လေနဲ့ ”

” အဲ့ဒီကလေးက မင်းတပည့်သားဖြစ်သွားပြီလား ”

သုပုစီးရဲ့အမူအရာက ပြောင်းလဲလို့သွားပါတော့တယ်။

” ဟုတ်တယ်ဘာကြောင့်များလဲ သူ့ကိုသင်ကြားပေးဖို့ မင်းကငါထက်ပိုသင့်တော်တဲ့သူလို့ ကိုယ့်ကိုကိုယ်တွေးမိလို့လား ”

အကြီးအကဲမုက အေးစက်တဲ့လေသံနဲ့ပြန်ဖြေလိုက်ပါတယ်။

” နဂါးနတ်ဘုရားသော့်လော့ ကောင်းပြီမင်းကြောင့် ဒီကိစ္စကို ငါအလျှော့ပေးလိုက်မယ်…ရိုးသားတဲ့သူတစ်ယောက်က ခိုးကြောင်ခိုး၀ှက်မလုပ်ဘူးဒီကလေးနဲ့ပတ်သက်ပြီငါတို့လက်မလျှော့သေးဘူးဆိုတာ မင်းကိုပြောပြချင်တယ်..မင်းကငါထက်ပိုပြီးအသက်အရွယ်ကြီးရင့်တဲ့သူပါ ဒါ့အပြင် ငါတို့ကလဲ သက်တမ်းကုန်တော့မဲ့အချိန်ရောက်နေပြီဆိုတာ မင်းသိသင့်တယ်…ခန္ဓာကိုယ်မျိုးနွယ်မှာ အခုအချိန်အထိ ဆက်ခံမဲ့သူကမရှိသေးဘူး. ”

” မင်းမှာဘာဖြစ်လို့ ဆက်ခံသူမရှိရသေးတာလဲ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ အမွေအနှစ်အစေ့က မင်းခန္ဓာကိုယ်ပေါ်ရှိနေတာမဟုတ်ဘူးလား ”

အကြီးအကဲမုက ပြောလာခဲ့ပါတယ်။ သုပုစီးကတော့ ရှင်းပြနေခဲ့တယ်။

” ဒါပေမယ့် နှစ်နှစ်ဆယ်ရှိပြီ မျိုးနွယ်စုထဲမှာဘယ်သူမှလူသစ်မပေါ်ထွန်းခဲ့ဘူး..ဒါ့အပြင် အမွေအနှစ်အစေ့က လူတိုင်ကိုပေးလို့ရမယ်များထင်နေတာလား ဒီကိစ္စကိုဒီနေရာမှာအဆုံးသတ်လိုက်တော့မယ်..သူအမျက်ဒေါသကျောင်းတော်မှာရှိနေသရွေ့ အဲ့ဒီကလေးကိုငါလုံး၀မထိဘူး…ဒါပေမယ့် သူအပြင်ထွက်လာပြီဆိုရင် ငါတို့တွေမျှမျှတတယှဥ်ပြိုင်ကြမယ်..နဂါးနတ်ဘုရားသော့်လော့ ငါရဲ့အစ်ကိုကြီးက မင်းကိုမနိုင်ခဲ့ပေမဲ့ မင်းဒီလိုအသက်ရှင်နေနိုင်တာစွမ်းအားအပြည့်အ၀ရှိသေးမယ်လို့ ငါတော့မထင်ဘူး…ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်ပေမဲ့ အကယ်၍ မင်းငါကိုသတ်မယ်ဆိုရင် သေချာပေါက် ကြီးမားတဲ့တန်ဖိုးကိုပေးဆပ်ရလိမ့်မယ်…ခန္ဓာကိုယ်မျိုးနွယ်က အခုအချိန်မှာ အမျက်ဒေါသကျောင်းတော်အတွက် ပြိုင်ဘက်မဟုတ်သေးပေမဲ့ နောက်တစ်နေ့တွေ့ကြတာပေါ့ ”

သူပြောပြီတာနဲ့ သုပုစီးကလက်ကိုဝှေ့ရမ်းရင်း လှမ်းအော်လိုက်ပါတယ်။

” ခန္ဓာကိုယ်မျိုးနွယ်ဆုတ်ခွာမယ် ”

သူခေါ်လာခဲ့တဲ့လူနှစ်ဆယ်က ခပ်မြန်မြန်ကောင်းကင်ပေါ်ကိုတက်ရင်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ရွှေရောင်အလင်းတန်းကလဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ပြန်လည်၀င်ရောက်လာပါတော့တယ်။

အမျက်ဒေါသကျောင်းတော်တစ်ခုလုံးထဲနဲ့တင် လှုပ်လှုပ်ရှားရှားဖြစ်နေတာမဟုတ်ပါဘူး။ အစောပိုင်းကဖြစ်ခဲ့တဲ့လှုပ်ရှားမှုတွေကြောင့် မြို့တော်ကြီးတစ်ခုလုံးပါဆူညံနေပါတော့တယ်။

အကြီးအကဲရွှမ်ကလဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ၀င်ရောက်လို့လာခဲ့ပါပြီ။ ကျောင်းအုပ်လေးယောက်လဲအတူတူရောက်ရှိလာပါတော့တယ်။

” ရှောင်ကျဲ့ မြို့ကလူတွေကိုသွားပြီရှင်းပြလိုက် ကျန်တဲ့လူတွေအားလုံးပြန်နိုင်ပြီ ရှောင်ရွှမ် ကလေးသုံးယောက်ကိုအထဲကိုခေါ်ခဲ့ ”

အကြီးအကဲမုရဲ့အသံက အပြင်ကိုထွက်ပေါ်လာခဲ့ပါတယ်။

” ကောင်းပါပြီဆရာ ”

ရန်ရှောင်ကျဲ့က ခပ်မြန်မြန်ပဲထွက်သွားပါတော့တယ်။ အမျက်ဒေါသ​မြို့တော်က ကျောင်းရဲ့နယ်နမိတ်ထဲမှာရှိနေဆဲပါ။ ဒါ့အပြင် ကျောင်းတော်အတွက် အဓိကအချက်အခြာလဲပြောလို့ရနိုင်ပါတယ်။ အစောပိုင်းဖြစ်သွားတဲ့ကိစ္စတွေက ထူးဆန်းလွန်တဲ့ဒီကိစ္စတွေကိုကိုင်တွယ်ဖို့တစ်စုံတစ်ယောက်လိုနေမှာပါပဲ။

ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကလဲ အခုအချိန်မှာတော့ မထိတ်လန့်ကြပါတော့ပါဘူး။ ပထမဆုံးအကြီးအကဲရွှမ်နဲ့ သုပုစီးတို့ရဲ့သူတို့တိုက်ပွဲကိုမြင်ခဲ့ရပါတယ်။ အဲ့ဒီနောက် ကြီးမားတဲ့ရွှေရောင်အလင်းတန်းက အားလုံးကိုဖြေရှင်းပေးလိုက်တယ်။ သုပုစီးရပ်တန့်သွားတာကိုသိပေမဲ့ အကြီးအကဲမုကိုယ်တိုင်ဖြေရှင်းလိုက်မှန်း သူတို့လဲ နားလည်ကြပါတယ်။

ခန္ဓာကိုယ်မျိုးနွယ်လိုအင်အားကြီးတဲ့ မျိုးနွယ်စုတောင်မှအကြီးအကဲမုရဲ့ရှေ့မှာဘာမှမဟုတ်တော့ပါဘူး။ ဒါကအမျက်ဒေါသကျောင်းတော်ရဲ့တကယ်စစ်မှန်တဲ့အင်အားပါပဲ။ အကြီးအကဲမုက တိုက်ခိုက်စရာမလိုပဲရန်သူရဲ့အင်အားတွေကို ဖိအားပေးလိုက်နိုင်ပါတယ်။ အကြီးအကဲမုအပေါ်ထားတဲ့ သူတို့ရဲ့တန်ဖိုးက ကလေးသုံးယောက်ရဲ့နှလုံးသားထဲမှာ ထပ်မံမြင့်တက်လို့သွားခဲ့ပါပြီ။ သူ့ကိုကိုးကွယ်ချင်လောက်တဲ့အဆင့်အထိတောင် ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အတန်းနံပါတ်နှစ်အဖွဲ့ရဲ့တိုက်ခိုက်ချိန်တုန်းက ဘာကြောင့်များ စိတ်အေးလက်အေးဖြစ်နေရလဲဆိုတာကိုဟို့ယွိဟောင်နားလည်လို့သွားရပါတော့တယ်။

သူက တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ အချီတိုင်းလိုလိုပြင်းထန်တဲ့ဖိအားအောက်တိုက်ခိုက်ခဲ့ရတာပါ။ ဒါ့အပြင် အဲ့ဒီလိုဖိအားအောက်မှာလဲ သူ့ရဲ့အပေါင်းအဖော်တွေနဲ့အတူ ကောင်းကောင်းရင်ဆိုင်ကိုင်တွယ်ခဲ့ပြီ ချန်ပီယံတွေဖြစ်လာခဲ့ပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်နီးပါးတိုင်းက သူ့ထက်သန်မာတဲ့သူတွေကြီးပါပဲ။ ထိုက်ဟွပင်းနဲ့ တခြားသူတွေကပါရမီရှင်တွေဖြစ်ပေမဲ့ အားလုံးကတော့ငယ်ရွယ်တဲ့သူတွေဖြစ်နေခဲ့သူတွေပါ။ ဒါ့အပြင် အသက်ဆယ်ကိုးနှစ်အောက်မှာရှိတဲ့ ပါရမီရှင်တွေနဲ့ကြည့်ရင်း သူတို့ကတိုက်ခိုက်ခဲ့ရတာကလဲ ဖြစ်နေခဲ့တယ်။

တံခါးပိတ်ကျင့်ကြံမှုကြောင့် ဟို့ယွိဟောင်တို့သုံးယောက်စလုံးက အရေးကြီးတဲ့ဆင်ခြင်သုံးသပ်မှုတွေကိုပြုလုပ်ခဲ့မိပါတယ်။ လက်ရှိအချိန်သူတို့ရဲ့အတွေ့အကြုံတွေက အရင်နဲ့လုံး၀ကွာခြားသွားပြီဖြစ်နေခဲ့တယ်။

သူတို့အနေနဲ့ အဓိကအဖွဲ့၀င်တွေနီးပါးတိုက်ခိုက်ခဲ့ရသလို သာမန်အကြိုအဖွဲ့တွေရင်ဆိုင်ရမဲ့ကိစ္စတွေကို အများကြီးရင်ဆိုင်ခဲ့ရပါတယ်။

လက်ရှိအချိန် ထိပ်တန်းအဆင့်လူတွေရဲ့တိုက်ခိုက်မှုကို မျက်မြင်တွေ့ကြုံရပြီကာမှ ကြီးမားပြင်းထန်တဲ့ပေါက်ကွဲမှုဆိုတာ ဘယ်လိုမှန်းနားလည်သွားခဲ့ရပါတယ်။ သူတို့တွေကထိပ်တန်းအဆင့်၀ိညာဥ်ပညာရှင်တွေဖြစ်ဖို့ အလှမ်းဝေးကွာနေကြဆဲပါ။ ဒါပေမယ့် အရင်ကလို စိတ်မရှည်တာမျိုးမဖြစ်တော့ပါဘူး။ သူအများကြီးရင့်ကျက်လို့သွားခဲ့ပါပြီ။

ကိုယ်ရွေးချယ်ထားတဲ့ခရီးလမ်းကို တစ်လှမ်းပြီတစ်လှမ်းလျှောက်လမ်းရင်းနဲ့ အခြေခံခိုင်နေခဲ့ပြီလဲဖြစ်ပါတယ်။ ဒါ့အပြင် သူကြိုးစားနေသရွေ့သူရဲ့အောင်မြင်မှုတွေဆိုတာက နှိမ့်ကျသွားမှာမဟုတ်ပါဘူး။ အကြီးအကဲရွှမ်နဲ့ အကြီးအကဲမုတို့လိုမျိုး အဆင့်မျိုးရောက်လာနိုင်ဖို့တစ်နေ့တော့ဖြစ်လာမှာဖြစ်ပါတယ်။

အကြီးအကဲရွှမ်ကတော့ သိပ်ပြီမကျေနပ်တဲ့ပုံပါပဲ။ သုပုစီးက သူ့ကိုဖိနှိမ့်သွားခဲ့တဲ့အတွက် ဒီလိုမကြည်သာတဲ့မျက်နှာနဲ့တင် ကလေးသုံးယောက်ကိုခေါ်ပြီ အထဲ၀င်လာခဲ့ပါတယ်။

အကြီးအကဲမုကတော့ ခုံပေါ်မှာအေးအေးဆေးဆေးထိုင်နေဆဲပါ။ သူကတော့ အမြဲတမ်းဒီပုံစံအတိုင်းပါပဲ။ ဒီအဘိုးကြီးက ခန္ဓာကိုယ်မျိုးနွယ်ကို မောင်းထုတ်လိုက်တဲ့သူလို့ တွေးကြည့်မယ်ဆိုရင်ဘယ်သူမှထင်မိမှာတောင်မဟုတ်ပါဘူး။

” အကြီးအကဲမု ”

အကြီးအကဲရွှမ်ကတော့ အကြီးအကဲမုကိုအရိုအသေပြုရင်း စိတ်ဖိစီးနေပုံပေါ်ပါတယ်။

” မင်းဘာဖြစ်လို့စိတ်ဖိစီးနေတာလဲ မင်းမရှုံးခဲ့ဘူးလေ သုပုစီးက မင်းကိုဒီလိုဖိနှိမ့်နိုင်လိုက်တယ်ဆိုတာ ဘာမှမဟုတ်ဘူး..အကယ်၍ ငါသာကံကောင်းခဲ့တာကြောင့်သာမဟုတ်ရင် သုပုစီးရဲ့အစ်ကိုနဲ့အတူတူသေသွားလောက်ပြီ ငါအသက်ကိုအခုအချိန်အထိ ရှည်အောင်ထိန်းထားနိုင်ပေမဲ့ ဒုက္ခတိဖြစ်သွားခဲ့တယ်လေ..အကယ်၍ ငါတိုက်ခိုက်မယ်ဆိုရင် မင်းထက်လဲပိုသန်မာမှာမဟုတ်ဘူး…နောက်ဆုံးတော့လဲ နဂါးနတ်ဘုရားက အရင်နဲ့တူတော့တာမှမဟုတ်ပဲကို ”

” မဟုတ်ဘူး အကြီးအကဲမု ဒီလိုပြောလို့မဖြစ်ဘူး…ဘယ်လိုပဲဖြစ်ပါစေ ကျောင်းတော်ရဲ့အဓိကပင်မထောက်တိုင်ကြီးက အကြီးအကဲမုပဲလေ ”

” ငါရဲ့ကျောရိုးက အချိုးခံလိုက်ရပြီ သုပုစီးရဲ့အစ်ကိုကြီးသုပီစီးရဲ့ သေစေနိုင်လောက်တဲ့အဆိပ်က ငါ့ရဲ့စွမ်းအားဖြတ်သန်းသွားလာနေရာတွေကို ၀င်ရောက်သွားတယ်…အသက်ကိုထိန်းထားနိုင်ပေမဲ့ ကျောကဆန့်လို့မရတော့ဘူး…ပြောရမယ်ဆိုရင် ကပ်ဆိုးကြီးထဲကနေ ကံကောင်းပြီလွှတ်မြောက်ခဲ့တာကြောင့်သာ ထိုးဖောက်တိုးတက်နိုင်ခဲ့တယ်လေ သုပီစီးကတော့ ငါလောက်ကံမကောင်းခဲ့ဘူး…ဒဏ်ရာတွေကိုတခဏတာ တောင့်ခံနေပြီတဲ့နောက် သေဆုံးသွားခဲ့တယ်…နှမြောစရာကောင်းလိုက်တာ သူလဲသူ့ခေတ်နဲ့ သူအခါမှာ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တာပဲ ”

အပိုင်း ၁၃၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset