အပိုင်း ၁၃၄•၂
” ခန္ဓာကိုယ်မျိုးနွယ်ရဲ့မျိုးနွယ်သခင်သုပုစီး ”
°°°
အကြီးအကဲရွှမ်နဲ့ သုပုစီးတို့ရဲ့တိုက်ခိုက်မှုက လေထဲမှာကောင်းကင်ကိုနှစ်ခြမ်းကွဲသွားစေမတတ် မီးရှုးမီးပန်းတွေဆက်တိုက်ဖြစ်ပေါ်လာခဲ့ရင်းလောင်ကျွမ်းစေခဲ့ပါတယ်။ အစိမ်းရင့်ရောင်အလင်းတန်းက သုပုစီးရဲ့အနောက်ဖက်မှာ ရေ၀ဲတစ်ခုအသွင်နဲ့ဖြစ်ပေါ်နေခဲ့ပါပြီ။ အကြီးအကဲရွှမ်ရဲ့အနောက်ဖက်မှာကတော့ မရေမတွက်နိုင်တဲ့အလင်းစက်ကွင်းတွေ ဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် ကြီးမားတဲ့ဥက္ကာပျံမိုးရွာသွန်းမှုနဲ့အတူ ရေ၀ဲကြီးကိုစတင်တိုက်ခိုက်ပါတယ်။
ဟို့ယွိဟောင်ဘ၀မှာဥက္ကပျံမိုးရွာချမှုအမျိုးအစား၀ိညာဥ်ပညာရှင်တွေကို မြင်ဖူးခဲ့တဲ့အသန်မာဆုံးကတော့ မာရှောင်ထောင့်ရဲ့ နတ်မီးငှက်မီးလျှံတွေနဲ့ ထိုက်ယွဲ့ဟန်ရဲ့ ကျားဖြူဥက္ကာပျံမိုးတွေပါပဲ။ ဒါပေမယ့် ဒီဥက္ကာပျံမိုးတွေက ပုံစံတူတုပမှုတွေသာ ဖြစ်နေခဲ့တယ်။ ဒါ့အပြင် နှစ်မီတာရာချီလောက်ကိုသာ သက်ရောက်နိုင်တာပါ။ လက်ရှိအချိန်အကြီးအကဲရွှမ်သုံးပြနေတဲ့ ဥက္ကာပျံမိုးတွေကတော့ တကယ်ကိုကြောက်စရာကောင်းလွန်လှပါတယ်။ နေရာတစ်လုလုံးနီးပါးကို လွှမ်းခြုံလို့ထားခဲ့ပြီ အဆုံးမဲ့အောင်လောင်ကျွမ်းနေခဲ့တယ်။ ကောင်းကင်ကြီးတစ်ခုလုံးတောင် ဆွဲဖြဲခံရထားတဲ့အတိုင်းပါပဲ။
ဒါပေမယ့် သုပုစီးကလဲ ထပ်တူညီစွာအင်အားကြီးနေတဲ့သူပါ။ ကြီးမားတဲ့အစိမ်းရင့်ရောင်ရေ၀ဲက ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းနေတဲ့ ရောက်ရှိလာတဲ့ဥက္ကာပျံမိုးတွေကိုဆက်တိုက်ပြန်တိုက်ခိုက်နေခဲ့ပါတယ်။ ဒီတွင်းပေါက်ကြီးထဲကို၀င်သွားချိန်တိုင်းမှာ အ၀ါရောင်အလင်းတန်းတွေကတော့ ပျောက်ကွယ်သွားခဲ့ရတယ်။
သူတို့နှစ်ယောက်က လက်ရှိအချိန်မှာ လက်ရည်ညီနေခဲ့ပါပြီ။ အစိမ်းရင့်ရောင်ဘီးလူကြီးက အကြီးအကဲရွှမ်ရဲ့ ချိုတွေကိုသွားပြီတိုက်ရိုက်ဖမ်းဆွဲလိုက်ပါတယ်။ နှစ်ဖက်ကဘယ်သူပိုသာလဲပြိုင်ဆိုင်နေကြချိန်မှာ ဘယ်သူကမှအသာစီးမရခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အလင်းတွေကလဲ အမှောင်နဲ့အလင်းဆက်တိုက်ဆိုသလို ပြောင်းလဲနေခဲ့ပါတယ်။ သူတို့ခန္ဓာကိုယ်ရဲ့တစ်၀က်မှာရှိနေတဲ့ အလင်းတန်းတွေကသာတည်ငြိမ်နေခဲ့တာပါ။
အနက်ရောင်အလင်းတန်းတွေက ဘေးမှာဖြတ်သွားနေခဲ့ပြီ ကြယ်တာရာအလင်းတန်းတွေကိုလဲ ဆက်တိုက်မြင်တွေ့နေခဲ့ရပါတယ်။ ဒါကတော့လေဟာနယ်အက်ကွဲကြောင်းတွေပါပဲ။ သူတို့တွေအချိန်ကြာကြာပိုတိုက်ခိုက်လေလေ ဒီအနက်ရောင်အက်ကွဲကြောင်းတွေ ပုံပေါ်လာလေပါပဲ။
အနက်ရောင်စက်ကွင်းတွေက သူတို့ဘေးပတ်လည်မှာဖြစ်ပေါ်လာခဲ့ပြီ အပြင်ကိုတောင်ဆန့်ထွက်လာခဲ့ပါတယ်။
” သုပုစီး မင်းတော့တကယ်ရူးနေပြီ ”
အကြီးအကဲရွှမ်ရဲ့အသံက အပြင်ကိုဟိန်းထွက်လာခဲ့ပါတယ်။
သုပုစီးကတော့ ရယ်မောနေခဲ့တယ်။
” မင်းလဲရူးနေတာပဲ ငါမင်းနဲ့မသေချင်ဘူး..ငါတို့တွေနောက်တစ်ခေါက်ပြန်တိုက်ရအောင် ”
လေထဲမှာ တစ်စုံတစ်ရာအက်ကွဲသွားတဲ့အသံတွေက ဖြစ်ပေါ်လာပါတော့တယ်။ အနက်ရောင်စက်ကွင်းတွေက ကျယ်ပါးလို့သွားခဲ့ပြီ အနက်ရောင်အလင်းတန်းတွေကလဲ နေရာအနှံ့ကိုပြန့်သွားခဲ့ပါတယ်။
အနက်ရောင်အလင်းတန်းတွေ ပြန့်သွားတဲ့နေရာတိုင်းမှာ အကြီးအကဲရွှမ်ရဲ့ ဥက္ကာပျံမိုးနဲ့ သုပုစီးရဲ့ရေ၀ဲတွေကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ အနက်ရောင်အလင်းတန်းတွေက အတော်ဝေးဝေးကိုသွားပြီချိန်မှသာ ဖြည်းဖြည်းချင်းပြန်လည်ပျောက်ကွယ်လို့သွားခဲ့တယ်။
သုပုစီးနဲ့ အကြီးအကဲရွှမ်နှစ်ယောက်ကလဲ ကွဲသွားခဲ့ပါပြီ။ သူတို့ကြားမှာမီတာတစ်ရာကျော်ကွာဝေးလို့နေခဲ့တယ်။ နောက်တစ်ကြိမ်အင်အားကိုပြန်စုစည်းလိုက်ချိန်မှာပဲ အ၀ါရောင်နဲ့ အစိမ်းရင့်ရောင်ကြားတိုက်ပွဲက ပြန်လည်စတင်လာခဲ့ပါတယ်။
” ရှောင်ရွှမ် ဒီနှစ်ပိုင်းမင်းကိုမတွေ့ရတာ ခဏပဲရှိသေးပေမဲ့ မင်းအတော်ကိုတိုးတက်လာသကိုး ”
သုပုစီးကပြောလိုက်ပါတယ်။
” မင်းလဲအတူတူပဲ ”
အကြီးအကဲရွှမ်က အေးစက်တဲ့လေသံနဲ့ပြန်ဖြေနေခဲ့တယ်။
” မင်းအခုထိဘာလို့များမသေသေတာလဲ ”
” ပေါက်ကရတွေပြောမနေနဲ့ ငါကဘာဖြစ်လို့သေရမှလဲ နောက်ပြီရင်ငါကိုမင်းအဘိုးကြီးလို့လာခေါ်နေတယ်..မင်းကိုယ်မင်း ငါထက်ဘယ်လောက်များငယ်တယ်လို့ ထင်လို့လဲ အများဆုံးငယ်မှ နှစ်နှစ်ဆယ်ပဲလေ မင်းတောင်မသေသေးရင်ငါကဘယ်လိုလုပ်သေရမှာလဲ ငါနောက်ထပ်နှစ်တစ်ရာလောက်အသက်ရှင်သန်နိုင်သေးတယ် ”
” မင်းရှင်နိုင်တယ်ဆိုရင် ငါက နောက်ထပ် အနှစ်တစ်ထောင်လောက်တောင် အသက်ရှည်ရှည်နေဦးမှာ ”
အကြီးအကဲရွှမ်က စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလိုက်ပါတယ်။
” မင်းလိုနှစ်တစ်ထောင်လိပ်အိုးကြီးကတော့လေ အားဟုတ်သားအခုမင်းအသားအရေးနဲ့လိုက်ဖက်တဲ့နာမည်ကို စဥ်းစားမိပြီး ”
” မင်းသေချင်နေတာလား ”
သုပုစီးက ဒေါသတကြီးနဲ့လက်ကို ဝှေ့ရမ်းလိုက်ပြီ တစ်စုံတစ်ရာမတင်တဲ့ပုံစံမျိုးလုပ်လိုက်ပါတော့တယ်။ သူ့နောက်ဖက်မှာရှိတဲ့အစိမ်းရောင်ရေ၀ဲတွေက ခပ်မြန်မြန်ပဲ နောက်ဆုတ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်ထဲမှာ ပြန်လည်စုစည်းလို့လာပါတော့တယ်။
အစိမ်းရင့်ရောင်တောက်ပနေတဲ့ သူ့ခန္ဓာကိုယ်က ကြည်လင်လို့သွားခဲ့ပြီ အရွယ်အစားကလဲ ပိုမိုကြီးမားလာခဲ့ပါတယ်။ လက်ရှိအချိန် သူ့ရဲ့အရပ်အမြင့်က မီတာတစ်ရာကျော်အထိကို မြင့်တက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် အနက်ရောင်အလင်းတန်းတွေကလဲ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာစုဝေးနေခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာ များပြားတဲ့လေဟာနယ်အက်ကွဲကြောင်းတွေက သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာစုဝေးနေခဲ့ကြပြီဖြစ်နေခဲ့တယ်။ အကြီးအကဲရွှမ်က ထိတ်လန့်သွားခဲ့ပေမဲ့ သူ့နောက်မှာရှိတဲ့အ၀ါရောင်အလင်းတန်းတွေကိုလဲ ပြန်သိမ်းလိုက်ပါတယ်။ နတ်ဘုရားထျောင်ထျဲ့နတ်သိုးခန္ဓာကိုယ်က ချက်ချင်းဖောင်ကြွလို့လာခဲ့ပြီ အရမ်းကိုကြောက်စရာကောင်းလွန်လှတဲ့ ဖြစ်တည်မှုကြီးအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။
သုပုစီးက အကြီးအကဲရွှမ်ကို ဒေါသတကြီးနဲ့စိုက်ကြည့်လို့နေခဲ့ရင်း တစ်စုံတစ်ရာကိုရိုက်ချလိုက်တဲ့ပုံသဏ္ဍာန်အတိုင်း လက်ဟန်ပြုလိုက်ပါတယ်။
လေဟာနယ်ထဲကိုဖောက်ထွက်လာခဲ့တဲ့ အစိမ်းရင့်ရောင်အလင်းတန်းတွေက မီတာသုံးဆယ်ကျော်အထိကို ထိုးဖောက်လို့သွားခဲ့ပြီ အကြီးအကဲရွှမ်ရဲ့ခေါင်းပေါ်ကိုရောက်လာခဲ့ပါပြီ။ အကြီးအကဲရွှမ်ကလဲ တစ်ချက်လေးတောင်အလွှတ်မပေးခဲ့ပါဘူး။ သူ့ရဲ့ချိုးတွေကြားထဲမှာစိန်ပွင့်ပုံသဏ္ဍာန်အသွင်နဲ့ အဖြူရောင်အလင်းတန်းက ချက်ချင်းတောက်ပလာခဲ့ရင်း လျှပ်စီးတန်းတွေဖြစ်ပေါ်လာပြီ အစိမ်းရင့်ရောင်အလင်းလုံးကို ၀င်တိုက်ပါတော့တယ်။
နားစည်ကွဲမတတ်ပေါက်ကွဲသံကြီးက မိုင်တစ်ထောင်ကျော်အထိကို ပဲ့တင်ထပ်လို့သွားခဲ့ပါတယ်။ အစိမ်းရင့်ရောင်အလင်းလုံးကလဲ အလင်းစက်ကွင်းတစ်ခုအဖြစ်ပြောင်းလဲလို့သွားခဲ့ပြီ ကောင်းကင်မှာပျောက်ကွယ်လို့သွားခဲ့ပါပြီ။
သုပုစီးကတော့ လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း စတင်လှုပ်ရှားပါတော့တယ်။ အကြီးအကဲရွှမ်ရဲ့ဘေးပတ်လည်မှာရှိနေတဲ့ လေဟာနယ်ကတော့ စတင်ပြီ တွန့်လိမ်လာခဲ့ပါပြီ။ အစိမ်းရင့်ရောင်အလင်းတန်းတွေကလဲ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။ ဒါ့အပြင် ကြီးမားတဲ့အနက်ရောင်အပေါက်ကြီးတွေကလဲ ထပ်မံပေါ်ထွက်လို့လာခဲ့ပြန်ပါပြီ။ ကြောက်စရာကောင်းတဲ့လေဟာနယ်အက်ကွဲကြောင်းကြီးတွေက အကြီးအကဲရွှမ်ရဲ့ခန္ဓာကိုယ်ကို ဆွဲဖြဲတော့မဲ့အတိုင်းပါပဲ။
အကြီးအကဲရွှမ်ကတော့ စိတ်ပျက်လက်ပျက်နဲ့ အံကြိတ်လိုက်ရင်း အ၀ါရောင်အလင်းတန်းအတားအဆီးတစ်ခုကို ထုတ်လွှတ်လိုက်တော့တယ်။ ဒီအလင်းတန်းတွေရဲ့အောက်မှာအနက်ရောင်အပေါက်တွေက ချက်ချင်းဆိုသလို အကောင်းပကိပြန်ဖြစ်သွားခဲ့ပါပြီ။
” ကောင်းကင်ကိုဖာထေးတယ်တဲ့လား ကောင်းလိုက်တဲ့တိုက်ကွက်ပဲ ရှောင်ရွှမ်မင်းကတကယ်ငါပြိုင်ဘက်ဖြစ်ဖို့ထိုက်ထန်တယ်…ဒါပေမယ့် မင်းအရည်အချင်းမပြည့်မီသေးဘူး ”
သုပုစီးက ထိတ်လန့်သွားပေမဲ့ သူပြောလာခဲ့ပါတယ်။
ရှိရှိသမျှအစိမ်းရင့်ရောင်အလင်းတန်းတွေအားလုံးကို ခန္ဓာကိုယ်ထဲပြန်စုပ်ယူလိုက်ပြီတဲ့နောက် သူ့ရဲ့မျက်လုံးတွေက ပိုမိုတောက်ပလာပါတော့တယ်။ မိုးပြာရောင်အလင်းတန်းက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။ ဒီပြင်းထန်တဲ့အလင်းတန်းက သူ့ကိုအစိမ်းရောင်နေမင်းကြီးတစ်စင်းလိုမျိုး တောက်ပလာစေခဲ့ပါတယ်။ အမျက်ဒေါသမြို့တော်ရဲ့ အပေါ်တစ်ခွင်လုံးကိုဒီအလင်းတန်းက ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။
သုပုစီးက သူ့ရဲ့လက်နှစ်ဖက်ကိုအရှေ့မှာထားလိုက်ရင်း သေးငယ်တဲ့ရေ၀ဲတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဒီရေ၀ဲက မီတာအနည်းငယ်သာရှိပေမဲ့ သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးနဲ့ မလိုက်မဖက်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီရေ၀ဲကြီးက အဆုံးမဲ့တဲ့စွမ်းအားတွေပါ၀င်နေခဲ့သလိုပါပဲ။ အကြီးအကဲရွှမ်ရဲ့မျက်လုံးအမူအရာကတောင် ပြောင်းလဲသွားခဲ့ပါပြီ။
အကြီးအကဲရွှမ်ရဲ့ခန္ဓာကိုယ်ပေါ်မှာလဲ အ၀ါရောင်အလင်းတန်းက ထပ်မံစီးဆင်းလို့လာပါတော့တယ်။ သူ့ရဲ့နတ်ဘုရားထျောင်ထျဲ့နတ်သိုးခန္ဓာကိုယ်က လူသားအသွင်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ဦးချိုးကသာ ထင်ထင်ရှားရှားကျန်ရစ်ခဲ့ပါတော့တယ်။ သူလဲ လက်နှစ်ဖက်ကို ပေါင်းစည်းပြီရင်ဘတ်ရှေ့တည့်တည့်မှာထုတ်ထားရင်း ရှိနေခဲ့တယ်။ လုံး၀ကို စိတ်ဆုံးဖြတ်ပြီးသားပုံပါပဲ သူရဲ့လက်နှစ်ဖက်အရှေ့ကိုဆန့်ထုတ်လိုက်ချိန်မှာတော့ ၀ိညာဥ်စက်ကွင်းကိုးကွင်းက လောင်ကျွမ်းတော့မဲ့အတိုင်းတောက်ပလာပါတော့တယ်။ အ၀ါရောင်အလင်းတန်းဘောလုံးကြီးတစ်လုံးက သူ့လက်ထဲမှာဖြည်းဖြည်းချင်း ကြီးမားလို့လာခဲ့ပြီ မြင်ရတာထူးဆန်းတဲ့လက်နက်တစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားပါတယ်။
ဒီလက်နက်က ထိပ်ပိုင်းမှာအတော်လေးကိုထူးထပ်ပြီ အောက်ပိုင်းမှာတော့ ကျဥ်းမြောင်းလို့သွားခဲ့တယ်။ အကြီးအကဲရွှမ်ရဲ့ခန္ဓာကိုယ်ကလဲ မူလသာမန်အနေအထားကို ပြန်ရောက်လို့သွားခဲ့ပါပြီ။ ဒါမှသာလက်နက်ရဲ့ အင်အားကိုသူအဆုံးအထိ သုံးနိုင်မှာပါ။ အနီးကပ်ကြည့်မယ်ဆိုရင် အကြီးအကဲရွှမ်ရဲ့လက်နက်က ကြက်ပေါင်ကြီးတစ်ချောင်းနဲ့ တူနေတာကိုမြင်တွေ့ရမှာပါ။
သုပုစီးကလဲ အော်ဟစ်ရင်းသူ့ရဲ့လက်ထဲက အစိမ်းရောင်ရေ၀ဲကြီးကို ပြစ်လွှတ်လိုက်ပါတယ်။ အလင်းလုံးကလေထဲမှာရွေ့လျားနေရင်း အနည်းငယ်ကျုံ့သွားခဲ့ပြီ ပိုနက်နက်ရှိုင်းရှိုင်းလှုပ်ရှားလို့နေခဲ့ပါတော့တယ်။ သူရဲ့ဖြစ်တည်မှုက လေဟာနယ်ကိုတော့ဘာမှမဖြစ်သွားစေခဲ့ပါဘူး။
အကြီးအကဲရွှမ် အော်ဟစ်ဟိန်းဟောက်လိုက်ချိန်မှာ သူ့ရဲ့ကြွက်သားတွေက ဖောင်းကြွလို့လာခဲ့ပါတယ်။ တစ်ကိုယ်လုံးကလဲ အကြောတွေထောင်ထလာခဲ့ပြီ ကြက်ပေါင်လက်နက်ကို ကိုင်ထားရင်းသူ့လမ်းကိုရောက်ရှိလာနေတဲ့ အစိမ်းရင့်ရောင်အလင်းတန်းကို ဖျက်ဆီးဖို့လုပ်တော့တယ်။
နှစ်ဖက်တိုက်ခိုက်နေကြချိန်မှာ အစိမ်းရင့်ရောင်ဘောလုံးက ကြက်ပေါင်တုံးကြီးကို ၀င်တိုက်ရင်းချက်ချင်းရပ်တန့်လို့သွားခဲ့ပါတယ်။ ကြီးမားတဲ့ဖိအားက ကောင်းကင်မှာဖြစ်ပေါ်လာခဲ့ပါပြီ။
အမျက်ဒေါသကျောင်းတော်ဖက်မှာရှိနေသူတွေနဲ့ ခန္ဓာကိုယ်မျိုးနွယ်ရဲ့အဖွဲ့တွေက နှစ်ခုအတူတူခပ်မြန်မြန်ပေါင်းစည်းလိုက်ကြရင်း အဆုံးမဲ့တဲ့အင်အားကြီးအရှိန်အ၀ါတွေကို ထုတ်လွှတ်ပါတော့တယ်။ မရေမတွက်နိုင်တဲ့အလင်းတန်းတွေက အလင်းတန်းအကာအကွယ်ကြီးတစ်ခုကို ပြောင်းလဲလို့သွားခဲ့ပြီ ကြောက်စရာကောင်းလွန်လှတဲ့တိုက်ခိုက်မှုကျဆင်းလာနေတာကို ခုခံပါတော့တယ်။
မာကြောကြွပ်ဆပ်တဲ့အသံကြီးက ကောင်းကင်မှာပဲ့တင်ထွက်လာခဲ့ပါပြီ။ ကြောက်စရာကောင်းတဲ့အင်အားတွေက လွှင့်စင်ထွက်လာတာမရှိခဲ့ပါဘူး။ လေထဲမှာပဲ လက်နက်နှစ်ခုစလုံးကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။ အကြီးအကဲရွှမ်ကတော့ တစ်ကိုယ်လုံးအစိမ်းရင့်ရောင်အလင်းတန်းတွေနဲ့ စွန်းထင်းခံရရင် လွှင့်ထွက်လို့သွားခဲ့ပါပြီ။ သူတိုက်ခိုက်ခံလိုက်ရတာ အသိအသာကြီးပါပဲ။
သုပုစီးကတော့ ပျော်ပျော်ကြီးရယ်မောနေခဲ့တယ်။
” ရှောင်ရွှမ် မင်းရဲ့၀ိညာဥ်စက်ကွင်းတွေက ငါထက်ကိုအားနည်းတယ်…အကယ်၍ မင်းရဲ့ကျင့်ကြံဆင့်ကသာ ငါနဲ့အတူတူဖြစ်နေမယ်ဆိုရင်တောင် ငါကထူးခြားတဲ့ခန္ဓာကိုယ်၀ိညာဥ်ပညာရှင်ကို ပိုင်ဆိုင်ထားတာလေ အဆင့်အရကြည့်မယ်ဆိုရင် မင်းကငါထက်နောက်ကျနေခဲ့တာပဲ ရှုံးတာကို၀န်ခံလိုက် မဟုတ်ရင် မင်းလိုပြိုင်ဘက်ကောင်းမျိုးလောကကြီးက ပျောက်ကွယ်သွားမှာကို ငါစိုးရိမ်နေမိတာကြောင့်သာ မဟုတ်ရင် ငါမင်းကိုအခုထဲက သတ်လိုက်မိပြီ ”
မီတာတစ်ထောင်ကျော်အထိ လွှင့်ထွက်သွားပြီတဲ့နောက်မှာသာ အကြီးအကဲရွှမ်က သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းလိုက်ရပါတယ်။ အစိမ်းရင့်ရောင်အလင်းတန်းတွေပျောက်ကွယ်သွားပြီချိန်မှာတော့ ကြီးကြီးမားမားပြောင်းလဲမှုဖြစ်မသွားပုံပါပဲ။ သူ့ရဲ့အရှိန်အ၀ါကတောင် အရမ်းကိုအားကောင်းကောင်းရှိနေခဲ့ပါတယ်။ ဒါပေမယ့် မျက်လုံးထဲမှာကတော့ စိတ်မရှည်လက်မရှည်ဖြစ်နေတာကို သိသာနေခဲ့တယ်။
” သုပုစီး သဒ္ဒါရေလောင်ပြီတော့ ချိုသာတဲ့စကားတွေနဲ့ လှည့်စားမနေနဲ့တော့ မင်းငါ့ကိုသေတဲ့အထိတိုက်ခိုက်မလို့လား ငါသေမယ်ဆိုရင်တောင် မင်းကိုအပါအ၀င်ခေါ်သွားမယ်…အနည်းဆုံးတော့မင်းအနေနဲ့ အလောင်းရှာလို့မရအောင်ငါလုပ်ပြစ်လို့ရတယ် ”
” ငါကဘာလို့မလုပ်၀ံ့ရမှာလဲ အကယ်၍ ငါမင်းကိုသတ်မယ်ဆိုရင် ငါကဒဏ်ရာပြင်းပြင်းထန်ထန် ရသွားရုံလောက်ပဲရှိမှာ ငါကိုမင်းနဲ့အတူသေအောင်ဆွဲခေါ်ထားနိုင်ဖို့ မင်းမှာအင်အားအပြည့်အ၀မရှိသေးဘူး…ဒါပေမယ့် ဒီနေရာကအမျက်ဒေါသကျောင်းတော်နယ်မြေဆိုတာ မင်းမမေ့လေနဲ့ အကယ်၍ မင်းနဲ့ငါသာဒီနေရာမှာ သေတဲ့အထိတိုက်ခိုက်မယ်ဆိုရင် တိုက်ကြီးတစ်ခုလုံးရဲ့ နယ်မြေပေါ်ကနေ မင်းရဲ့ကျောင်းတော်လဲ ပျောက်ကွယ်သွားမှာကိုငါစိုးရိမ်နေပါရဲ့ ”
အကြီးအကဲရွှမ်ရဲ့အမူအရာက ပြောင်းလဲလို့သွားခဲ့ပါပြီ။
” ငါလုပ်၀ံ့တယ် ”
” ဒီလောကမှာခန္ဓာကိုယ်မျိုးနွယ်လုပ်ဖို့ကြောက်လန့်တဲ့အရာဆိုတာ ဘာမှမရှိဘူး ”
သုပုစီးက ပြောလာခဲ့ပါတယ်။
” ကြယ်တာရာသစ်တောထဲက သားရဲကောင်လှိုင်းတွေကိုမင်းမေ့သွားပြီလား ”
” အရှက်မရှိတဲ့ကောင်စုတ် မင်းကဒီကိစ္စကို ထုတ်ပြောနေသေး၀ံ့တယ်မလား အရှက်ကွဲတယ်လို့မင်းမထင်ဘူးလား ဒါတောင်မင်းကအခုဂုဏ်ယူစရာတစ်ခုအဖြစ်ပြန်ပြောနေသေးတယ်ပေါ့ မင်းတို့ခန္ဓာကိုယ်မျိုးနွယ်အကြောင်း လူတွေအများကြီးအသက်ဆုံးရှုံးခဲ့ရတယ်…အကယ်၍ အမျက်ဒေါသကျောင်းတော်သာ သားရဲကောင်လှိုင်းတွေကို မခုခံပေးခဲ့ဘူးဆိုရင် သေချာပေါက် သွေးစီးချောင်းမှုကြီးဖြစ်နေပြီ ”
” အမျက်ဒေါသကျောင်းတော်က သားရဲကောင်လှိုင်းတွေကို ခုခံပေးခဲ့တယ်ဆိုတာ မင်းဘာကိုပြောချင်တာလဲ ငါတို့ဘာမှမလုပ်ခဲ့ဘူးလို့ပြောနေတာလား ”
” သားရဲကောင်လှိုင်းတွေကိုဖယ်ရှားလိုက်ပြီတဲ့နောက် ခန္ဓာကိုယ်မျိုးနွယ်က ဘာတွေပြောခဲ့လဲဆိုတာ မင်းမမေ့နဲ့ဦး မင်းကအဲ့ဒီကတိကို မေ့ဖျောက်ပြီဒီလိုမျိုးလာ၀ံ့နေတယ်လား ”
” ကတိတဲ့လား အချိန်တွေအများကြီးက ကုန်ဆုံးသွားခဲ့ပြီးပြီ ဘာမှမမှတ်မိတော့ပါဘူး..အကယ်၍ ငါကတိဖျက်ချင်တယ်ဆိုရင်တောင် မင်းဘာလုပ်နိုင်မှာလဲ ”
အကြီးအကဲရွှမ်က နှုတ်ခမ်းတွေတောင် တွန့်လာပါတော့တယ်။
” မင်းဒီလောက်ကြီးအရှက်အမရှိဖြစ်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူးပဲ ”
သူပြောနေချိန်မှာပဲ စိတ်ထဲမှာတော့ထိတ်လန့်နေခဲ့ပါတယ်။ သုပုစီးရဲ့ စကားတွေက လောကကြီးမှာခန္ဓာကိုယ်မျိုးနွယ်ရဲ့ ပြန်လည်တည်ရှိမှုကို မီးမှောင်ထိုးပြနေသလိုပါပဲ။ ဒါ့အပြင် သူတို့မှာကြီးမားတဲ့အကြံအစည်ရှိနေပုံပေါ်လဲရပါတယ်။
သုပုစီးကပြောလာခဲ့တယ်။
” ကောင်းပြီ ငါတို့ကတိုက်ခိုက်ပြီးပြီပဲ ခန္ဓာကိုယ်မျိုးနွယ်နဲ့ အမျက်ဒေါသကျောင်းတော်မှာလဲ နှောင်ကြိုးတွေကရှိနေသေးတယ်…ငါတို့ဒီနေရာကိုလာတာ အမျက်ဒေါသကျောင်းတော်ကို ပစ်မှတ်ထားဖို့မဟုတ်ဘူး…ဖြေရှင်းချက်တစ်ခုကို လိုချင်လို့ပဲ ပိုပြီးအရေးကြီးတဲ့အရာတွေလဲ ရှိနေတယ်…အကယ်၍ မင်းသာငါတို့ခန္ဓာကိုယ်မျိုးနွယ်လူတစ်ယောက်ကို ပြန်ပေးမယ်ဆိုရင် ငါတို့ချက်ချင်းလှည့်ထွက်သွားမှာပါ ”
” ဘယ်ခန္ဓာကိုယ်မျိုးနွယ်ရဲ့လူလဲ မင်းဘာတွေပြောနေလဲငါတော့မသိပါဘူး ”
အကြီးအကဲရွှမ်က ပြောလာခဲ့ရင်းနှာခေါင်းရှုံ့နေခဲ့ပါတော့တယ်။
အပိုင်း ၁၃၄•၂ ပြီး၏။