Switch Mode

Chapter – 8.2

" ကြောက်စရာကောင်းတဲ့ ဆရာ "

Chapter – 8.2 ” ကြောက်စရာကောင်းတဲ့ ဆရာ ”
°°°
ဟို့ယွိဟောင်ကတော့ ကြမ်းကြမ်းတမ်းတမ်း ဟိန်းဟောက်လို့နေခဲ့ပါတယ်။

” မင်းအရှုံးပေးမလား အရှုံးမပေးဘူးလား ”

” မင်းအဖေကြီးကိုပဲ သွားအရှုံးပေးလေ ငါ့ကိုလွှတ်စမ်း ”

၀မ်သုန့်ကတော့ အရမ်းကို ဒေါသတကြီးနဲ့ ရုန်းကန်လို့နေခဲ့ပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်က ရှိသမျှစွမ်းအားတွေအားလုံးကို အသုံးချရင်း သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်လို့ထားခဲ့ပြီး ၀ိညာဥ်စွမ်းအားကိုတောင် အသုံးချလို့ထားခဲ့တယ်။ ဒီလို အခြေအနေမျိုးမှာ သိုင်းပညာ၀ိညာဥ်ကို အသုံးပြုလို့ကတော့ သူ့အတွက်လဲ လွယ်ကူမှာမဟုတ်ပါဘူး။

” မင်းရှုံးတာကို ၀န်မခံသေးဘူးလား အကယ်၍ ငါသာ အစောပိုင်းက ဓားသွားတစ်ခုကို သုံးလိုက်မယ်ဆိုရင် မင်းအစောကြီးကထဲက သေပြီးနေပြီ ”

ဟို့ယွိဟောင်က လုံး၀ကို အားနည်းဟန်မပြပဲ ဆက်တိုက်ဟိန်းဟောက်နေခဲ့ပါတယ်။ လက်ရှိအချိန် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ၀မ်သုန့်အပေါ်မှာ ထပ်ရဲ့သားရှိနေတယ်။ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အရမ်းကို နူးညံ့ရုံတင်မကပဲ အတော်လေးကို ပျော့ပျော့ပျောင်းပျောင်း ရှိနေမှန်း သတိထားမိလိုက်ပါတယ်။ ဒါ့အပြင် နူးညံ့တဲ့ခံစားချက်ကိုလဲ ခံစားနေခဲ့မိသေးတယ်။ မွှေးပျံ့တဲ့ရနံ့ကလဲ အတော်ကို ထွက်ပေါ်နေခဲ့တာပါ။

ဒါကိုကြားပြီတဲ့နောက် ၀မ်သုန့်လဲ မျက်လုံးပြူးသွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ချုပ်နှောင်ထားမှုကို သူရုန်းကန်တာကလဲ အတော်လေး လျော့သွားခဲ့ရတယ်။ သူပြောတာ အမှန်ပါပဲ ခေါင်းထဲမှာရှိတဲ့ နာကျင်မှုက အခုပျောက်သွားခဲ့ပါပြီး အကယ်၍ အဲ့ဒီအချိန်တစ်၀ိုက်မှာသာ ဟို့ယွိဟောင် သူ့ကို ထိခိုက်အောင်လုပ်ခဲ့မယ်ဆိုရင် သူလဲ သေသွားနိုင်ပါတယ်။

” ငါရှုံးသွားပြီ အမြန်ဖယ်စမ်း ”

၀မ်သုန့်က ဒေါသတကြီးရဲ့ ပြန်အော်လိုက်ပါတယ်။ မုန်းတီးနေခဲ့သလို သူ့လဲ အတော်မကျေနပ်တဲ့ပုံပါပဲ။

ဟို့ယွိဟောင်ကတော့ သူ့ကို မလွှတ်ခဲ့ပါဘူး။ အဲ့ဒီအစား အေးစက်စက်နဲ့သာ ပြန်ဖြေလိုက်ပါတယ်။

” မင်းအစောပိုင်းတုန်းက ပြောခဲ့တဲ့ စည်းမျဥ်းငါးခုဆိုတာ ငါမလုပ်ချင်လို့မဟုတ်ဘူး…ဒါပေမယ့် မင်းခြိမ်းခြောက်တာကြောင့်သာ ငါမလုပ်တာ ငါက အခန်းဖော်ရှိတဲ့အတွက် ငါ့ရဲ့အခန်းဖော်ကို လေးစားတယ်…မင်းငါ့ထက် သန်မာတာကိုလဲ ငါသိတယ်…အကယ်၍ ငါတို့နှစ်ယောက်သိုင်းပညာ၀ိညာဥ်ကို သုံးမယ်ဆိုရင် ငါက မင်းရဲ့ပြိုင်ဘက်သေချာပေါက် မဟုတ်ဘူး..ဒါပေမယ့် မှတ်ထား အကယ်၍ မင်းငါ့ကို ဒီလိုနောက်ထပ် ထပ်ပြီး အရှက်တကွဲဖြစ်အောင် လုပ်၀ံ့တယ်ဆိုရင် ငါမင်းကို သေတဲ့အထိ ရိုက်သတ်ပြစ်မယ်…မလုပ်နိုင်ရင်တောင် မင်းကို သေချာပေါက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်စေရအောင် လုပ်ပြစ်မယ် ”

ဟို့ယွိဟောင်ရဲ့ ဒီလိုကြမ်းတမ်းနေတဲ့ပုံစံက သွေးဆာနေတဲ့ သားရဲကောင်တစ်ကောင်လိုပါပဲ။ ၀မ်သုန့်မျက်၀န်းထဲမှာရှိတဲ့ အမုန်းတရားက ပျောက်ကွယ်လို့သွားခဲ့ပါပြီး အဲ့ဒီအစား တအံ့တဩပုံစံကသာ ထွက်ပေါ်လို့လာခဲ့ပါတယ်။ အင်အားအရမှာ ဟို့ယွိဟောင်က သူ့ထက်အားနည်းတာ အမှန်ပါပဲ။ ဒါပေမယ့် ခြိမ်းခြောက်နိုင်တဲ့ ပုံစံမှာတော့ သူလုံး၀ကို ရှုံးနိမ့်လို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ၀မ်သုန့်ကို ပြန်လွှတ်ရင်း မတ်တပ်ထရပ်လိုက်တယ်။ အဲ့ဒီနောက် နောက်ကိုပြန်ဆုတ်သွားခဲ့ပါပြီး နောက်ဆုံးမှာတော့ သူလဲ ပြန်လှည့်ထွက်သွားပါတော့တယ်။

၀မ်သုန့်ကတော့ မြေပေါ်မှာထိုင်နေရင်းနဲ့သာ စဥ်းစားလို့နေခဲ့တယ်။ အဲ့ဒီနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်ပါပြီး သူလဲ သူ့အခန်းသူပြန်သွားပါတော့တယ်။ အခန်းထဲမရောက်ခင် ၀င်ပေါက်မှာတင် အဘိုးကြီးရဲ့အသံကို ကြားလိုက်ရပါတယ်။

” မင်းကတကယ် ရှုံးသွားပြီပဲ တိုက်ပွဲမှာရှုံးရုံတင်မကဘူး နှလုံးသားထဲမှာလဲ ရှုံးသွားပြီး ”

” ဘာဖြစ်လို့လဲ ”

၀မ်သုန့်က ရုတ်တရက်ဆိုသလို အဘိုးကြီးကို လှည့်ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် အဘိုးကြီးကိုကြည့်ရင်း သူပြောပါတယ်။

” ကျွန်တော်က သူ့ထက် သေချာပေါက် သန်မာနေတယ်လေ…အကယ်၍ သူ့နဲ့ တကယ်တိုက်ခိုက်မယ်ဆိုရင် သူကျွန်တော်ကို ထိနိုင်မှာတောင်မဟုတ်ဘူး ဘယ်လိုနည်းနဲ့ သူက ကျွန်တော်ကို နိုင်သွားတာလဲ ”

အဘိုးကြီးက သူ့နှလုံးသားကို လက်ညိုးထိုးပြရင်း ပြောလာခဲ့ပါတယ်။

” ဒါက အခြေခံမယ်ဆိုရင် သူ့မှာအကြောက်အလန့်ကင်းတဲ့ နှလုံးသားရှိတယ်လေ…မင်းမှာတော့ မရှိသေးဘူး သေခြင်းတရားကို မကြောက်လန့်တာက လူတိုင်းရှိနိုင်တဲ့အရာမှမဟုတ်ပဲ ”

၀မ်သုန့်လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ အဲ့ဒီနောက် အဘိုးကြီးကို တလေးတစားနဲ့ သူဦးညွတ်လိုက်တယ်။

” အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အဘိုး ”

သူပြောပြီတဲ့နောက် သူတို့ရဲ့အခန်းဆောင်ရှိရာ လှေကားကို တက်သွားပါတော့တယ်။

အခန်းထဲကို ပြန်သွားချိန်မှာတော့ ဟို့ယွိဟောင်က သစ်သားအိပ်ယာပေါ်မှာ တရားထိုင်နေတာကို ၀မ်သုန့်မြင်လိုက်ရပါတော့တယ်။ သူတစ်ခုခု ပြောချင်ပေမဲ့ အဆုံးသတ်မှာတော့ သူမပြောတော့ပါဘူး။ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း သူ့ဘာသာသူ အိပ်ယာပြင်နေပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ မွဲတေနေတဲ့အခြေအနေနဲ့ယှဥ်မယ်ဆိုရင် ၀မ်သုန့်ရဲ့အိပ်ယာကတော့ အတော်လေးကို ကောင်းမွန်နေခဲ့တယ်။ ထူးထဲတဲ့အိပ်ယာခင်းရှိရုံတင်မကပဲ ၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ အမွှေးနဲ့ပြုလုပ်ထားတဲ့ အိပ်ယာပါ ရှိနေခဲ့တယ်။ ဒါ့အပြင် အတော်ကို နူးညံ့ပြီး ထူးထဲတဲ့ပုံစံပါပဲ။ ဒါ့အပြင် ခေါင်းအုံကောင်းကောင်းလဲ ရှိနေခဲ့ပါသေးတယ်။ သူ့ရဲ့ အ၀တ်အိတ်ထဲမှာပါတဲ့ အ၀တ်အစားတွေကို ထုတ်လိုက်ရုံနဲ့တင် ဘေးမှာရှိတဲ့ အ၀တ်ဗီရိုကတော့ ပြည့်သွားခဲ့ပါပြီး ဒါတောင်မှ ခုံပေါ်မှာနောက်ထပ်ပစ္စည်းတွေ အများကြီးရှိနေဆဲပါပဲ။ ၀မ်သုန့်ကတော့ ပစ္စည်းကို ထုတ်ပြီတာနဲ့ ပျင်းသွားပုံရပါတယ်။ အဲ့ဒီနောက် သူချက်ချင်းဆိုသလို အိပ်ဖို့ပြင်တော့တယ်။

နောက်နှစ်ရက်မှာလဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က သူ့ကိစ္စသူလုပ်နေခဲ့တာပါ။ တစ်ယောက်ကိုတစ်ယောက်လဲ စကားမပြောကြပါဘူး။ ၀မ်သုန့်ကို ပိုပြီး ထိတ်လန့်စေတဲ့အရာကတော့ ဟို့ယွိဟောင်က စားတဲ့အချိန်တစ်ချိန်ကလွဲပြီး တစ်ချိန်လုံး တရားထိုင်နေပြီး ကျင့်ကြံနေတဲ့ကိစ္စပါပဲ။ ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းအားကို သူခံစားမိပါတယ်။ သူပိုပြီး ခံစားမိလေလေ ပိုပြီးအံ့ဩလေပါပဲ။ ဘယ်လိုအင်အားနဲ့များ သူ့ကို အနိုင်ယူသွားနိုင်ရတာလဲ။

ကျောင်းသားအသစ်တွေအတွက် လက်ခံတဲ့အချိန်ကာလက ပြီးဆုံးလို့သွားခဲ့ပါပြီး လူသစ်တွေကလဲ သူတို့အခန်းဆောင်နဲ့သူတို့ ရှိနေခဲ့ရင်း အတော်လေးကို တက်ကြွလှုပ်ရှားနေခဲ့ပါတယ်။ အခန်းတွေက မကြီးမားပေမဲ့ လူနှစ်ယောက် ကောင်းကောင်းလေး ဆန့်တဲ့အထိ နေထိုင်လို့ရနေခဲ့တယ်။ အပြင်ဘက်ကလဲ သိပ်ပြီး မဆူညံပါဘူး။ အခန်းတွေရဲ့ အသံလုံတဲ့ အရည်အချင်းက အတော်လေး ကောင်းမွန်တာကြောင့်ပါ။

ဟို့ယွိဟောင်က ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ကျင့်ကြံနေခဲ့ပါတယ်။ အစောပိုင်း၀မ်သုန့်ရဲ့ တိုက်ပွဲက သူ့ကို အတော်လေး အမြင်ပွင့်သွားစေခဲ့တယ်။ သူ့ပြိုင်ဘက်ကို သူ့အနိုင်ယူခဲ့တာက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နိုးလာလို့ပါပဲ။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သိပ်ပြီး သန်မာတဲ့၀ိညာဥ်သားရဲကောင် မဖြစ်ပေမဲ့ သူ့ရဲ့စွမ်းရည်လေးခုက ဟို့ယွိဟောင်ဆီကို ရောက်ရှိလို့နေခဲ့တယ်။ အဲ့ဒီစွမ်းရည်လေးခုကတော့ စိတ်၀ိညာဥ်စွမ်းအား ထောက်လှမ်းရေးစိတ်၀ိညာဥ်စွမ်းအားမျှဝေရေး စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုနဲ့ စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုပါပဲ။

ဟို့ယွိဟောင်က ပထမစွမ်းရည်နှစ်ခုကို အဓိကအသုံးချပါတယ်။ ဒါက ပေ့ပေ့ကို အထင်ကြီးသွားစေခဲ့တာပါ တစ်ဖက်မှာ စိတ်၀ိညာဥ်စွမ်းအား နှောင့်ယှက်မှုကတော့ ဟို့ယွိဟောင်ရဲ့ ဘေးပတ်လည် ဆယ့်ငါးမီတာအတွင်းမှာရှိနေတဲ့ သက်ရှိတွေအားလုံးကို နှောင့်ယှက်နိုင်ပါတယ်။ ဒါပေမယ့် ဒီနှောင့်ယှက်မှုရဲ့ အစွမ်းက သိပ်မမြင့်မားပါဘူး။ သူ့ရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ဆိုရင် လူတွေကို တခဏတာ သတိလက်လွှတ် ဖြစ်သွားနိုင်အောင်ပဲ လုပ်ဆောင်နိုင်စွမ်းရှိနေခဲ့တယ်။ ဒါ့အပြင် သုံးစက္ကန့်တောင်မှ ထိန်းမထားနိုင်အောင် ရှိနေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားရဲ့ ကုန်ဆုံးမှုကလဲ အတော်ကို မြင့်မားတာကြောင့် သူအတော်လေး မသုံးနိုင်ပါဘူး။

စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုကတော့ တိုက်ခိုက်ရေးစွမ်းအား အနည်းငယ်ပါနေခဲ့ပါတယ်။ သူက ပစ်မှတ်တစ်ခုကို ရွေးချယ်ပြီး တိုက်ခိုက်နိုင်တယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုထက်ကို သန်မာတဲ့ တိုက်ခိုက်နိုင်စွမ်းကိုလဲ ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဒါပေမယ့် သူလဲ သိပ်အားမကောင်းပါဘူး။ ၀မ်သုန့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တာက သူ့ရဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးကို စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုနဲ့ ပေါင်းပြီး သုံးလိုက်လို့ပါပဲ။ ဒီနှစ်ခုရဲ့ ပေါင်းစည်းမှုက သူထင်ထားတာထက်ကို ပိုပြီး အားကောင်းနေခဲ့တယ်။ ဒါကြောင့်သာ ၀မ်သုန့်က တခဏတာ သတိလက်လွှတ်ဖြစ်သွားခဲ့တာပါ။ အကယ်၍ သူသာ သေသေချာချာ ပြင်ဆင်ထားခဲ့မယ်ဆိုရင်တော့ စိတ်၀ိညာဥ်စွမ်းအားလှုပ်ရှားမှုက သေချာပေါက် အများကြီး လျော့သွားပါလိမ့်မယ်။

ဒါပေမယ့် သူဘယ်လိုပဲလုပ်ပါစေ ဟို့ယွိဟောင်ကတော့ အဓိက စွမ်းရည်လေးခုကို အသုံးချရင်း ထိန်းချုပ်မှုစိတ်၀ိညာဥ်ပညာရှင် ဖြစ်လာဖို့အခြေခံလိုအပ်ချက်တွေကို ပြည့်မီသွားခဲ့ပါပြီး သူ့ဆရာတူအစ်ကိုကြီးက အစောပိုင်းမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ ပထမနှစ်မှာ ကျောင်းသားတွေက ဌာနမခွဲပါဘူး။ ပထမနှစ်ကို ပြီးမြောက်အောင်မြင်ပြီမှသာ ကျန်တဲ့ကိစ္စတွေ ဆက်လုပ်လို့ရမှာပါ။

” ဒီနေ့အတန်းစတော့မယ် နင်ဒီမှာ အရူးလိုထိုင်နေဦးမှာလား ”

၀မ်သုန့်ရဲ့အသံက ဟို့ယွိဟောင်ရဲ့ စဥ်းစားနေတဲ့ စိတ်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ သူက မနက်စာစားပြီး ပြန်လာရင်း ကျင့်ကြံဖို့ကို တွေးနေခဲ့တာပါ။

“အတန်းစတော့မှာလား ”

ဟို့ယွိဟောင်က အလိုအလောက်ပြန်မေးလိုက်မိပါတယ်။ သူတို့ တိုက်ခိုက်ပြီတဲ့နောက် ပထမဆုံးပြောဖြစ်တဲ့စကားပါ။ ၀မ်သုန့်ကတော့ သူ့ကိုတစ်ချက်လေးတောင် မကြည့်ပဲ ပြန်ဖြေလိုက်ပါတယ်။

” တစ်နာရီတော့ ကျန်ပါသေးတယ် ”

ဟို့ယွိဟောင်က ပြန်ဖြေပြီတဲ့နောက် မျက်လုံးပြန်ပိတ်ရင်းနဲ့ စတင် ကျင့်ကြံပါတော့တယ်။

သူဒီရက်ပိုင်းတွေမှာ ကြိုးကြိုးစားစားလှုပ်ရှားခဲ့တာကြောင့် ထူးဆန်းကောင်းကင်နည်းလမ်းကို ရင်းနှီးတဲ့နှုန်းက ပိုပြီး မြင့်မားလာခဲ့ပါတယ်။ တစ်နာရီအချိန်က ထူးဆန်းကောင်းကင်နည်းလမ်းကို တစ်ပတ်ပြည့်အောင်လှည့်ပတ်ဖို့ လုံလောက်တဲ့အချိန်ပါ။ ဒါ့အပြင် သူ့ရဲ့ ၀ိညာဥ်စွမ်းအားကိုလဲ အနည်းငယ်တော့ တိုးတက်စေပါလိမ့်မယ်။

၀မ်သုန့်ကတော့ သူ့စကားကိုတောင် နားထောင်မနေတော့ပဲ ဟို့ယွိဟောင်ကိုသာ ကြည့်နေခဲ့ပါတယ်။ ၀မ်သုန့်ကတော့ ဟို့ယွိဟောင်ပြန်မဖြေပဲ ကျင့်ကြံနေတာကိုကြည့်ရင်း စိတ်ထဲကနေ မကျေမနပ်ဖြစ်လာခဲ့မိတယ်။

” တကယ်အရူးကောင်ပဲ “‘

သူပြောပြီတာနဲ့ အခန်းထဲကနေ ထွက်ခွာသွားခဲ့ပါပြီး ဒီရက်တွေမှာ ဟို့ယွိဟောင်လှဲအိပ်တာကိုတောင် သူတစ်ခါမှမမြင်ဖူးပါဘူး။

အဖြူရောင်သင်ကြားရေးနယ်မြေက တကယ်ကို ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ပါတယ်။ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ ကျောင်းသားတွေကလဲ အထဲမှာ အပြည့်ရှိနေခဲ့တယ်။ ဒါ့အပြင် ဘယ်ဘက်ရင်ဘတ်ဆီမှာ အစိမ်းရောင်မိစ္ဆာသဏ္ဍာန်သင်္ကေတလေးကို လူတိုင်းက ရေးဆွဲထားခဲ့ပါတယ်။

မတူညီတဲ့ ကျောင်းသားနှစ်တွေကတော့ မတူညီတဲ့ အရောင်တွေကို ၀တ်ဆင်လို့ထားခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ကျောင်းသားသစ်တွေ သင်ကြားတဲ့နယ်မြေကို သူကအပြေးရောက်လာခဲ့ပါပြီး သူက ခေါင်းလောင်းသံကြားရတဲ့အချိန်မှာပဲ အပြေးရောက်လာခဲ့တာပါ။ အဲ့ဒိီနောက် အတန်းနံပါတ်တစ်ကို ချက်ချင်းဆိုသလို ၀င်လိုက်ပါတော့တယ်။ သူအခန်းထဲကို ၀င်ရောက်ပြီချိန်မှာပဲ ခေါင်းလောင်းသံကလဲ တိတ်ဆိတ်လို့သွားခဲ့ပါတယ်။

အပိုင်း ၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset