အပိုင်း ၁၃၃
” အင်အားကြီးတဲ့သူတစ်ယောက်ရဲ့ရုတ်တရက်ဆင်းသက်လာချိန် ”
°°°
ခြစ်ခြစ်တောက်ပူပြင်းနေတဲ့ နဂါးမီးလျှံတွေက သူမရဲ့ပထမ၀ိညာဥ်စက်ကွင်းကနေ ထွက်ပေါ်လာတဲ့နဂါးမီးတွေပါ။ နဂါးဒေါသကလဲ တစ်ချိန်ထဲမှာဖြစ်ပေါ်လာတော့တယ်။ လက်ရှိအချိန်မှာ၀ူဖုန်းကတော့ တောက်လောင်နေတဲ့ မီးသွေးတုံးကြီးတစ်တုံးလိုပါပဲ။
ဟို့ယွိဟောင်ကတော့ ၀ူဖုန်းပြေး၀င်လာတာကိုမြင်ချိန်မှာ မျက်နှာသေနဲ့သာရင်ဆိုင်လိုက်ပါတယ်။ သူ့ရဲ့ညာဘက်လက်က အရှေ့ကိုပြေးထွက်လို့သွားခဲ့ပါပြီ။ အခုအချိန်အထိ စိန်ပွင့်လိုလက်အိတ်က ရှိနေဆဲပါပဲ။
ဒီရိုးရှင်းတဲ့လက်၀ါးရိုက်ချက်က မရေမတွက်နိုင်တဲ့ အပြောင်းအလဲတွေနဲ့ လှည့်ပတ်လို့နေခဲ့ပါတယ်။ ၀ုဖူန်းက ဒေါသကြီးပေမဲ့ အားနည်းတဲ့သူတစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူက မာရှောင်ထောင့်ရဲ့ အားနည်းတဲ့ပုံစံလိုပါပဲ။ သူမရဲ့အသိပညာက မနှိမ့်ပါးသလို စိတ်အလောကြီးတတ်တဲ့အပြစ်လေးတစ်ခုသာရှိတာပါ။
ဒါပေမယ့် သူဘယ်လိုပဲရှောင်ရှားပါစေ ဘယ်လိုပဲပြောင်းလဲပါစေဟို့ယွိဟောင်ရဲ့ လက်၀ါးကို ဖယ်ရှောင်နိုင်မှန်း ထိတ်လန့်တကြားနားလည်သွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက် အံကြိတ်ရင်းနဲ့ ဟို့ယွိဟောင်ရဲ့ညာဘက်လက်ကို သူလက်သီးနဲ့ထိုးချလိုက်ပါပြီ။
ဒီအချိန်မှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်က ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ညာဘက်လက်ကရုတ်တရက်ပျောက်ကွယ်လို့သွားခဲ့ပြီ ၀ူဖုန်းလဲလေကိုသာ ထိုးမိခဲ့တယ်။ သူမရဲ့စွမ်းအားတွေအားလုံးနီးပါးကို အသုံးချလိုက်ပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ညာဘက်လက်က နောက်တစ်ကြိမ်ပြန်လည်ထွက်ပေါ်လို့လာခဲ့ပြီ သူမရဲ့လက်သီးကို ၀င်တိုက်ပါတော့တယ်။
” ရှဲ ”
မီးတွေခြစ်ခြစ်တောက်ပူပြင်းနေခဲ့တဲ့ မီးသွေးခဲကိုရေခဲရေဘုံထဲ ပြစ်ထည့်လိုက်သလိုမျို တရှဲရှဲမြည်သံတွေက ဖြစ်ပေါ်လာပါပြီ။ ရေနွေးငွေ့တွေက အပေါ်ကိုမြင့်တက်လာခဲ့ပြီတဲ့နောက် ၀ူဖုန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ တောက်ပနေတဲ့အနီရောင်အလင်းတန်းတွေကလဲ ထိတ်လန့်စရာကောင်းတဲ့အရှိန်အ၀ါနှုန်းနဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေပါတော့တယ်။ သူမက တတိယ၀ိညာဥ်စွမ်းရည်ကိုတောင် ထုတ်မသုံးလိုက်ရပါဘူး။
ဒီအချိန်မှာပဲ ရွှေရောင်အလင်းတန်းတွေက သူ့ဘယ်ဘက်ကနေ ၀င်တိုက်တာကြောင့် ထိတ်လန့်လို့သွားခဲ့ရတယ်။ ဒုတိယဆက်တိုက်ရောက်ရှိလာတဲ့ထိခိုက်မှုက ၀မ်သုန့်ရဲ့တိုက်ခိုက်မှုပါ။ ၀ူဖုန်းနဲ့ ထိုက်ဟွပင်းတို့နှစ်ယောက်က မတူညီတဲ့ပုံစံနဲ့တိုက်ခိုက်ခံလိုက်ရပေမဲ့ ဒါက ပြိုင်ပွဲတစ်ခုသာဖြစ်နေခဲ့တယ်။ ဒါကြောင့်သာ ၀မ်သုန့်က သူ့ရဲ့အတောင်ပံတွေကိုသုံးပြီး ၀ူဖုန်းကိုလိုက်မခုတ်တော့တာပါပဲ။
ဟို့ယွိဟောင်က ခေါင်းကိုတစ်ဖက်လှည့်ရင်း မျက်လုံးထဲကနေ ခရမ်းရွှေရောင်အလင်းတန်းတွေကို ပြစ်လွှတ်လိုက်ပါတယ်။ ဒီအလင်းတန်းတွေက သူ့မျက်လုံးအပြင်ကိုရောက်ပြီ သိပ်မကြာခင်မှာပဲ ပျောက်ကွယ်လို့သွားတော့တယ်။ ကျုးလုကတော့ ထိတ်လန့်တကြားအော်ဟစ်ရင်း မြေပြင်ပေါ်ကိုလှဲကျလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူမရဲ့နှာခေါင်းနဲ့ပါးစပ်တွေထဲကနေ သွေးတွေက စီးကျလို့နေခဲ့ပါတော့တယ်။
ကျုးလုနဲ့ပေါင်းစည်းပြီ ပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးမယ်ဆိုတဲ့ ထိုက်ဟွပင်းရဲ့မျှော်လင့်ချက်ကလဲ လက်ရှိအချိန်မှာပျောက်ကွယ်လို့သွားခဲ့ရပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက သူတို့ကိုတားဆီးလိုက်တာပါ။ ကျုးလုရဲ့အဆင့်နှစ်ဆယ်ကိုးကျင့်ကြံမှုက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကို ဘယ်လိုမှ မခုခံနိုင်ခဲ့ပါဘူး။
ဟို့ယွိဟောင်က ရှဲ့ဟွမ်ယွဲ့ကို အကြည့်နဲ့လှမ်းပြီမေးပါတယ်။
” မင်းဆက်ပြီတိုက်ခိုက်ချင်သေးလား ”
ရှဲ့ဟွမ်ယွဲ့ကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုကြည့်ရင်း ပါးစပ်ကိုပိတ်ကာနောက်ဆုံးမှာတော့ ရယ်မောရင်းခေါင်းခါပြလိုက်ပါတယ်။ ဒီနေရာမှာဆက်တိုက်ခိုက်နေမယ်ဆိုရင် ဘာမှထူးနေဦးမှာလဲ။ ဟို့ယွိဟောင်နောက်မှာ အခုအထိမတိုက်ခိုက်ရသေးတဲ့ ကျိုးစီချန်က သူ့ကိုမီး၀င်၀င်တောက်တဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်။ ထိုက်ဟွပင်းနဲ့ ၀ူဖုန်းနှစ်ယောက်စလုံးကလဲ ၀ိညာဥ်အကြီးအကဲတွေဖြစ်ကြပေမဲ့ ဒုတိယအချိန်တောင်မတိုက်ခိုက်လိုက်ရပဲ လက်ရှိအချိန်မှာ ပြိုလဲသွားခဲ့ရပြန်ပါပြီ။ ရှဲ့ဟွမ်ယွဲ့က သူ့က်ိုယ်သူမြင့်မြင့်မားမားတွေးထားခဲ့ပေမဲ့ ထိုက်ဟွပင်းထက်သန်မာတယ်လို့ တစ်ခါမှမတွေးခဲ့မိဖူးပါဘူး။
လအနည်းငယ်ပျောက်နေပြီတဲ့နောက် ဟို့ယွိဟောင်က လူသစ်တစ်ယောက်ဖြစ်သွားခဲ့သလို ခံစားနေခဲ့ရပါတယ်။ သူ့တို့အသက်အရွယ်တွေထက် လုံး၀ကိုကျော်လွန်သွားသလိုပါပဲ။ အရင်တုန်းက လက်ရည်တူတယ်လို့ ထင်ခဲ့ပေမဲ့ လက်ရှိအချိန် ပြိုင်ပွဲကအရမ်းကိုမြန်မြန်ဆန်ဆန်ပြီးဆုံးလို့သွားခဲ့ရတာကို ရှဲ့ဟွမ်ယွဲ့ လက်ခံလိုက်ရပါပြီ။
မုကျင်းကတော့ ဖြစ်သွားခဲ့တဲ့ကိစ္စတွေကို အပေါ်စီးကနေကြည့်ရင်း မလှုပ်ရှားနိုင်ပဲဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်က ထုတ်ဖော်ပြသနေခဲ့တဲ့အစွမ်းအစတွေတင်မကပါဘူး။ တည်ငြိမ်မှုနဲ့ မတုန်လှုပ်မှုကိုပါ ထုတ်ဖော်နေခဲ့တာပါ။ ဆရာတစ်ယောက်ဖြစ်တဲ့သူမတောင် ဟို့ယွိဟောင်ရဲ့တိုက်ခိုက်စဥ်တုန်းကအကြည့်ကိုကြည့်ရင်း ထိတ်လန့်နေခဲ့ရပါတယ်။
အမျှော်အမြင်ကြီးမားမှုနဲ့ ပညာဉာဏ်အပြည့်ရှိနေခဲ့တဲ့ အဲ့ဒီအကြည့်တွေက အရာအားလုံးကိုထိန်းချုပ်ထားနိုင်တဲ့သူတစ်ယောက်ရဲ့အကြည့်ပါပဲ။ ဒီပြိုင်ပွဲတစ်ခုလုံးက သူထိန်းချုပ်မှုအောက်ကို လုံလုံလားလားကျရောက်လို့နေခဲ့ပါတယ်။ အတန်းနံပါတ်နှစ်အနေနဲ့ အဆုံးအထိတိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုတောင် မရလိုက်ပါဘူး။
အတန်းနံပါတ်တစ်ရဲ့ခုနှစ်ယောက်က အတန်းနံပါတ်နှစ်ရဲ့လူခုနှစ်ယောက်နဲ့ တစ်ယောက်ချင်းယှဥ်မယ်ဆိုရင် ကျင့်ကြံဆင့်ကသိသိသာသာကို အားနည်းပါတယ်။ ဒါပေမယ့် လုံလုံလားလားကို အပြတ်အသတ်အနိုင်ယူခံလိုက်ရတယ်။ ထိုက်ဟွပင်းနဲ့ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို တစ်ခုတောင်မခုခံလိုက်နိုင်ပါဘူး။
ထိုက်ဟွပင်းရဲ့၀ိညာဥ်စွမ်းအားက အဆင့်သုံးဆယ်ကိုးကို ရောက်နေခဲ့ပါပြီ။ သူ့ရဲ့ကျားဖြူအသွင်ပြောင်းမှုနဲ့ ခန္ဓာကိုယ်ကိုအများကြီးအားဖြည့်လို့ထားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲသန်မာပါစေ ရေခဲကျောက်စိမ်းဧကရီကို မကျော်လွှားနိုင်ခဲ့ပါဘူး။
ရေခဲဧကရီရဲ့ဆူးချွန်က သန့်စင်တဲ့အင်အားအမျိုးအစား၀ိညာဥ်စွမ်းရည်တစ်ခုဖြစ်ပြီ တခြားဓာတ်သဘောသဘာ၀တွေကလဲ သူ့ကိုအထောက်အပံ့ပြုထားပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ရတနာအမျိုးမျိုးနဲ့ အားဖြည့်ပေးပြီတဲ့နောက် သူကထိုက်ဟွပင်းနဲ့သိပ်ပြီ မကွာခြားတော့ပါဘူး။ အရေးကြီးဆုံးကတော့ ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာ၀မ်သုန့်ရှိနေတာပါပဲ။ ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားက အဆင့်သုံးဆယ်ခြောက်ကိုရောက်နေခဲ့ပါပြီ။ ထိုက်ဟွပင်းနဲ့ သိပ်ပြီမကွာတော့ပါဘူး။ ဟို့ယွိဟောင်ကလဲ အဆင့်သုံးဆယ်ကိုရောက်နေခဲ့ပြီဖြစ်တယ်။ သူတို့နှစ်ယောက်ပေါင်းစည်းတဲ့ ဟောင်သုန့်စွမ်းအားက အရမ်းကိုအင်အားကြီးပါတယ်။ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်တောင်မှ ဟို့ယွိဟောင်ရဲ့ရေခဲဧကရီကင်းမြီကောက်ရဲ့ဆူးချွန်ကို တိုက်ရိုက်မထိုးဖောက်နိုင်ပါဘူး။ ဒါပေမယ့် ထိုက်ဟွပင်းက သူ့ကိုယ်သူအရမ်းမြင့်မြင့်မားမားတွေးလွန်ပြီ သူ့ရဲ့လက်က ဟို့ယွိဟောင်ကို တားဆီးနိုင်မယ်လို့ထင်ခဲ့ပါတယ်။ တကယ်တမ်းပြောရရင် သူကမှ သူသေတွင်းသူတူးသလိုဖြစ်သွားခဲ့တာပါ။
ဟို့ယွိဟောင်ထင်ထားတာထက် ပြိုင်ပွဲကပိုမြန်မြန်ဆန်ဆန်ပြီးဆုံးလို့သွားခဲ့ပါတယ်။ သူကတော့ လက်ရှိအချိန် သူ့ရဲ့သူငယ်ချင်းနှစ်ယောက်ကို လှမ်းကြည့်နေခဲ့ပါပြီ။ သူတို့အတွက်တော့ ဒီပြိုင်ပွဲကအရမ်းကို ရိုးရှင်းလို့နေခဲ့တယ်။ အင်အားအပြည့်အ၀မသုံးပဲနဲ့တောင် ပြိုင်ပွဲကပြီးသွားခဲ့တာပါ။ ဒါ့အပြင် သူတို့ရဲ့ပြိုင်ဘက်တွေက အဆင့်တူတွေထဲမှာ အထူးချွန်ဆုံးသူတွေသာဖြစ်ခဲ့ကြပါတယ်။
နောက်ဆုံးမှာတော့ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲကို ပါ၀င်ယှဥ်ပြိုင်မှုနဲ့ တံခါးပိတ်ကျင့်ကြံမှုတို့ရဲ့ အကျိုးကျေးဇူးတွေကို နားလည်သဘောပေါက်ခဲ့ရပါပြီ။ သူတို့တွေအနေနဲ့ ကိုယ်ပိုင်လမ်းတွေကို ကောင်းကောင်းနားလည်ထားခဲ့ရသလို ပိုင်ဆိုင်ထားတဲ့အစွမ်းအစတွေအကြောင်းကိုလဲ ပိုမိုသဘောပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။
ကျိုးစီချန် ချိုက်ကျင်းရွှမ်နဲ့ လန်ညီအစ်မနှစ်ယောက်ကတော့ သိပ်ပြီစိတ်မလှုပ်ရှားကြပါဘူး။ သူတို့တွေက ပိုအံ့ဩနေခဲ့ကြပါတယ်။ ဟို့ယွိဟောင်တို့ကို သူတို့ကြည့်တဲ့အကြည့်က မိတ်ဆွေအချင်းချင်းလေးစားမှုအပြင် ချစ်ခင်မြတ်နိုးစိတ်တွေပါ ပါ၀င်နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုက သူတို့ပေါင်းစည်းလိုက်ချိန်မှာ အရမ်းကိုအံ့ဖွယ်ရာကောင်းတဲ့ ရလဒ်တွေကိုဖန်တီးပေးနိုင်ပါတယ်။ သူတို့အနေနဲ့ ၀ိညာဥ်စွမ်းရည်တွေကို အသုံးချပြီ စည်းချက်နဲ့လိုက်လျောညီထွေဖြစ်အောင်လှုပ်ရှားရုံပါပဲ။
ချိုက်ကျင်းရွှမ်က အရမ်းကိုထိတ်လန့်နေခဲ့ပါတယ်။ သူက ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ပါ။ ဒါပေမယ့် သူကြုံတွေ့ခဲရတဲ့အရာကတော့ တကယ်စစ်မှန်တဲ့ထိန်းချုပ်မှုပါပဲ။ ပြိုင်ဘက်ကိုထိန်းချုပ်နိုင်တာမဟုတ်ပဲ ကိုယ်ရဲ့အသင်းဖော်တွေကိုကောင်းကောင်းထိန်းချုပ်ထားနိုင်တာပါ။ ဒီလိုနတ်ဘုရားနဲ့တူတဲ့ အဖွဲ့ခေါင်းဆောင်သာရှိနေမယ်ဆိုရင် သူ့တို့ထက်အတန်းကြီးတွေကိုသွားပြီတိုက်ခိုက်ဖို့တောင် ယုံကြည်ချက်အပြည့်ရှိနေပါပြီ။
ဟို့ယွိဟောင်က သူတို့ကို လက်ဟန်ပြလိုက်မှသာ လန်ညီအစ်မကလဲ ဆံပင်ကွန်ယက်ကိုလွှတ်ပေးလိုက်ပါတော့တယ်။
ကျိုးယိက ဟို့ယွိဟောင်ဘေးကိုရောက်လာရင်း အဝေးမှာရှိနေတဲ့ မုကျင်းကို လှမ်းကြည့်နေခဲ့တယ်။ မုကျင်းကတော့အခုအထိမလှုပ်နိုင်သေးပါဘူး။ ကျိုးယိကတော့ စိတ်လှုပ်ရှားရုံတင်မကပဲ ဂုဏ်ယူလို့နေခဲ့ပါတယ်။ ဒီလိုတပည့်မျိုးရှိတာကို ဂုဏ်မယူပဲဘယ်လိုလုပ်နေနိုင်မှာလဲ။
” ဆရာမု မင်းနဲ့မင်းရဲ့ကျောင်းသားတွေ အနာဂတ်မှာငါတို့ကျောင်းဆောင်သန့်ရှင်းမှုအတွက် သေချာလေးလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်…အကယ်၍ မင်းရဲ့ကျောင်းသားတွေဒါမျိုးမလုပ်နိုင်ဘူးဆိုရင် ငါအတန်းကိုနောက်ထပ် ထပ်ပြီစိန်ခေါ်ဖို့ဂရုစိုက်မနေနဲ့တော့ ”
သူပြောပြီးတာနဲ့ ဆရာကျိုးက လှည့်ထွက်လို့သွားခဲ့ပါတယ်။ သူကခေါင်းမော့ရင်ကော့ရင်း ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ လှည့်ထွက်လို့သွားခဲ့တာပါ။ မုကျင်းကတော့ ဖြူဖျော့လို့နေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့တယ်။ ဆရာကျိုးရဲ့ဒီလိုပုံစံကိုသူတကယ်သဘောကျပါတယ်။ ဆရာကျိုးကတကယ်တင်းကြပ်တဲ့ပုံစံနဲ့သူတို့ကို သင်ကြားခဲ့တယ်။ ဒါပေမယ့် သူမရဲ့တင်းကြပ်မှုနောက်မှ စိတ်အားထက်သန်မှုကိုသူကောင်းကောင်းခံစားမိနေပါတယ်။ သူ့ရဲ့ကိုယ်ပိုင်ကျောင်းသားတွေအပေါ်မှာ မာကြောသလိုအရမ်းလဲ ကာကွယ်ပေးလိုစိတ်ကြီးမားပါတယ်။ သူ့ကိုသေချာနားလည်တဲ့သူတွေကတော့ သေချာပေါက် မမေ့နိုင်တဲ့ဆရာကောင်းတစ်ယောက်လို့မှတ်ယူကြရမှာပါပဲ။
ကျိုးယိတစ်ယောက်ထဲထွက်လာတာမဟုတ်ပဲ အတန်းနံပါတ်တစ်ရဲ့ကျောင်းသားတွေအားလုံးလဲ အတူတူထွက်လာခဲ့ပါတယ်။ သူတို့တွေအားလုံးကတော့ တကယ်ကိုပျော်ရွှင်နေခဲ့ကြပါပြီ။
သူတို့တွေက ပြိုင်ပွဲတစ်ခုကိုနိုင်လိုက်တာတင်မကပါဘူး။ လှလှပပနဲ့ အနိုင်ယူလိုက်တာပါ။ ဒီခံစားချက်က အားလုံးကိုစိတ်ဓာတ်ပိုင်ဆိုင်ရာ မြင့်တင်မှုအများကြီးဖြစ်သွားစေခဲ့တယ်။
အမှောင်ထုအစွန်းတစ်ဖက်မှာတော့ သင်ကြားရေးတာ၀န်ခံသုဝေ့လွမ်ကလဲ တအံ့တဩကြီးရှိနေခဲ့ပါတယ်။
” သူတကယ်ပဲ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းထဲရှိတာဟုတ်ရောဟုတ်ရဲ့လား ကျောင်းအုပ် ဘာဖြစ်လို့ကျွန်တော် ဟို့ယွိဟောင်ကို မှတ်တောင်မမှတ်မိရတော့တာလဲ ”
ရန်ရှောင်ကျဲ့ကတော့ ပြုံးနေခဲ့ပါတယ်။
” မင်းတင်အံ့ဩနေတာမဟုတ်ဘူး ဆရာတွေတောင်သူ့ရဲ့အစွမ်းအစတွေကိုအံ့ဩနေရတယ်…အရေးကြီးဆုံးကတော့ ဒီကလေးက ပါရမီရှိရုံတင်မကဘူး သူကတိုးတက်မှုကို ပိုမိုအားထုတ်ကြိုးပမ်းတဲ့အတွက် ထူးချွန်နေရတာပဲ အကယ်၍ နောက်သုံးနှစ်ကနေ ငါးနှစ်အချိန်ပေးလိုက်မယ်ဆိုရင် လူငယ်မျ်ိုးဆက်သစ်တွေထဲမှာ ဦးဆောင်နိုင်သူတစ်ယောက်ဖြစ်လာလိမ့်မယ်…အစောပိုင်းတုန်းက ၀မ်သုန့်နဲ့ပေါင်းစည်းပြီတိုက်ခိုက်တဲ့အချိန် သူအင်အားရဲ့တစ်၀က်ကိုတောင် သုံးတယ်လို့ငါမထင်ဘူး ”
သုဝေ့လွမ်က အထိတ်တလန့်နဲ့ ပြောလာခဲ့ပါတယ်။
” တော်သေးတယ်..ကျောင်းအုပ်က သူ့အတွက်ခေါင်းမာမာနဲ့ တိုက်ခိုက်ပြီပြောစေခဲ့လို့ မဟုတ်ရင် ဒီလိုပါရမီရှင်လိုမျိုးကို ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကယူသွားလောက်ပြီ ”
ရန်ရှောင်ကျဲ့က သက်ပြင်းချရင်းစကားဖြတ်ပြောပါတယ်။
” ဒါကြောင့်သာ ငါက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ကျေးဇူးကြွေးတင်နေတာလေ ဒီနှစ်ကနေစပြီ ငါတို့ရဲ့တတိယအတန်းက ကျောင်းသားတွေကို အဆင့်တက်စာမေးပွဲပြီးတာနဲ့ ရွေးချယ်ပြီ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာ သင်ကြားဖို့အတွက် ခွင့်ပြုပေးရတော့မယ်…ဒါမှသာကျောင်းသားတွေလဲ အဲ့ဒီကိုသွားချင်ကြမှာ သူတို့အနေနဲ့ သူတို့သာစိတ်ရှိမယ်ဆိုရင် ကျောင်းပြောင်းချင်ရင် ပြောင်းလို့ရတယ် ”
” ကျောင်းအုပ် ကျွန်တော်တို့ပါရမီရှင်တွေအများကြီးဆုံးရှုံးသွားနိုင်တယ်နော် ”
သုဝေ့လွမ်က အထိတ်တလန့်ပြောလာခဲ့တယ်။
ရန်ရှောင်ကျဲ့က သက်ပြင်းချရင်း ပြန်ဖြေလိုက်တယ်။
” ငါဆရာပြောတာမှန်တယ်..ငါက တကယ်ရက်ရောမှုမရှိတဲ့သူပဲ အခုတလောမှာမှ ငါကိစ္စတွေတော်တော်များများကို နားလည်သွားခဲ့မိတယ်..သိုင်းပညာ၀ိညာဥ်ဌာနနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးဌာနဆိုတာ မိသားစုပဲလေ နောက်တစ်နည်းပြောရမယ်ဆိုရင် မကြာခင်မှာ ၀ိညာဥ်လက်နက်တွေကြောင့် ငါတို့ရဲ့လောကကြီးတစ်ခုလုံးက ပြောင်းလဲသွားနိုင်တယ်…၀မ်ယန်အသေးစိတ်ပြောပြတဲ့တင်ပြချက်တွေကို ငါနားထောင်ပြီးပြီ ဒီပြိုင်ပွဲတစ်လျှောက်မှာ တိုးတက်မှုတွေကအများကြီးရှိနေတယ်…အကယ်၍ ငါတို့သာ ဒါကိုဆက်ပြီတောင့်ခံနေမယ်ဆိုရင် ငါတို့ကိုသူများတွေက ကျောသွားလိမ့်မယ်…အခုပြောင်းလဲဖို့အချိန်တန်ပြီ ”
သုဝေ့လွမ်ကတော့ သိပ်ပြီနားမလည်နိုင်ဖြစ်နေပုံပါပဲ။ ရန်ရှောင်ကျဲ့က သူ့ပုခုံးကိုပုတ်ရင်း ပြောလာခဲ့တယ်။
” ငါညွှန်ကြားတဲ့အတိုင်းသာလိုက်လုပ် သွား၀မ်ယန်ကိုသွားရှာ သူဘာပြောစရာရှိမလဲ ကြည့်ကြတာပေါ့ နောက်ပိုင်း ငါဘာလုပ်မလဲဆိုတာ မင်းနားလည်လာမှာပါ ”
၀မ်ယန်က အဖွဲ့ကိုပြန်ခေါ်လာပြီတဲ့နောက် အတွင်းနယ်မြေထဲမှာသာ ကျန်ရှိခဲ့ပါတယ်။ သူက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ စာကြည့်တိုက်မှာသာ နေနေခဲ့တာပါ။ ဒါ့အပြင် ရေခြောက်နေတဲ့ဖော့တုံးကြီးတစ်တုံးလိုမျိုးရှိရှိသမျှ အသိပညာတွေအားလုံးကို ဆက်တိုက်စွန့်စားရင်းအလုပ်များနေခဲ့ပါတယ်။
သူတို့စကားပြောနေချိန်မှာပဲ ထူးဆန်းတဲ့အသံတစ်သံကရုတ်တရက်ကျောင်းတစ်ခွင်လုံးကို လွှမ်းခြုံလို့သွားခဲ့ပါတယ်။
” ရှောင်ရွှမ် အခုထွက်လာခဲ့စမ်း ”
ဒီအသံကသိပ်ပြီမကျယ်လောင်လှပါဘူး။ ဒါပေမယ့် လူတိုင်းရဲ့နားထဲကို ဖြတ်သန်း၀င်ရောက်လာခဲ့ပြီ နှလုံးသားထဲအထိကို စိမ့်၀င်လို့သွားခဲ့ပါတယ်။ ကျယ်လောင်လွန်လှတဲ့ မိုးကြိုးတစ်ခုက ခေါင်းပေါ်တည့်တည့်ကို ပြစ်ချလိုက်သလိုပါပဲ။ ပိုပြီးထိတ်လန့်စရာကောင်းတာကတော့ ဒီအသံကအမျက်ဒေါသကျောင်းတော်တစ်ခုလုံးကို ဦးတည်နေခဲ့တာပါ။ ဒီရိုးရှင်းတဲ့စကားလုံးလေးတွေက ကျောင်းတော်တစ်ခုလုံးကို မှောင်မိုက်လို့သွားစေခဲ့ပါတယ်။
ရန်ရှောင်ကျဲ့က အမူအရာလုံး၀ပြောင်းလဲလို့သွားခဲ့ပြီ ပြောလာခဲ့တယ်။
” မကောင်းတော့ဘူး အင်အားကြီးတဲ့ရန်သူရောက်လာပြီ ဝေ့လွမ်ကျောင်းသားတွေအားလုံးအခန်းထဲမှာနေဖို့ ညွှန်ကြားထားလိုက် ငါအရင်ဆုံးသွားမယ် ”
သူပြောပြီတာနဲ့ ရန်ရှောင်ကျဲ့က ချက်ချင်းဆိုသလို ပြေးထွက်လို့သွားခဲ့ပါပြီ။ သူက အသံလာရာနေရာကိုပြေးတာမဟုတ်ပါဘူး။ ၀ိညာဥ်လက်ရည်ယှဥ်နယ်မြေမှာရှိနေတဲ့ ဟို့ယွိဟောင်ဆီကို ပြေးတာပါ။
ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်က အဲ့ဒီနေရာက ထွက်ခွာလာစရှိပါသေးတယ်။ ဒီအသံကိုကြားချိန်မှာ သူလဲထိတ်လန့်လို့သွားခဲ့မိတယ်။ ဒါကြောင့် စိတ်၀ိညာဥ်ပင်လယ်တစ်ခုလုံးလှုပ်ခါလို့လာခဲ့ပြီ အသံတစ်သံထွက်လာခဲ့ပါပြီ။
” အားကောင်းလိုက်တဲ့ စိတ်၀ိညာဥ်အင်အားပါလား ဒါဘယ်သူလဲ ဒီနေရာမှာအကြီးအကဲရွှမ်ကို လာရှာတယ်ပေါ့ ”
၀မ်သုန့်ရဲ့အမူအရာကလဲ ပြောင်းလဲလို့သွားခဲ့တယ်။ ဒါပေမယ့် သူရဲ့မျက်လုံးအတွင်းအနက်ရှိုင်းဆုံးနေရာကနေ ရွှေရောင်အလင်းအလွှာတွေက ထွက်ပေါ်လာခဲ့ပါပြီ။
သူတို့နှစ်ယောက်ကလွဲပြီ ကျန်တဲ့ကျောင်းသားတွေကတော့ ကြောက်လန့်နေခဲ့ကြပါတယ်။ တချို့ကျင့်ကြံဆင့်နှိမ့်တဲ့သူတွေဆိုရင် ခြေထောက်တွေတောင်တုန်နေခဲ့ပါပြီ။
” ယွိဟောင် သတိထား ဒီပိုင်ရှင်ရဲ့အသံက ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲက အကြီးအကဲနဲ့အဆင့်အတူတူလောက်ရှိတယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက အရမ်းကိုအလေးအနက်ဖြစ်နေခဲ့ပါတယ်။ သူတင်မကပါဘူး ရေခဲဧကရီနဲ့ လျှပ်စီးဧကရာဇ်တို့တောင်မှ နိုးလာပုံရပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ဖိအားတွေရှိနေတာကို ခံစားလိုက်ရပါတယ်။
ဒီတစ်ကြိမ်မှာပဲ ဖြူဖျော့တဲ့အလင်းတန်းတချို့က ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကို လွှမ်းခြုံလို့သွားပါတယ်။
” မခုခံနဲ့ မင်းတို့သုံးယောက်ကို ပင်လယ်နတ်ဘုရားကျွန်းဆီငါခေါ်သွားမယ် ”
ရန်ရှောင်ကျဲ့ရဲ့အသံကိုသူတို့ကြားလိုက်ရပါတယ်။ အဲ့ဒီနောက် တိမ်တွေထဲမှာ ပျံသန်းနေသလို ခံစားလိုက်ရပါပြီ။ သူတို့ဘေးမှာရှိရှိသမျှအရာအားလုံးက အဖြူတွေကြီးပါပဲ။ ကျိုးယိနဲ့ အတန်းနံပါတ်တစ်ကကျောင်းသားတွေအားလုံးလဲ အဖြူရောင်လျှပ်စီးတန်းတွေကိုသာ မြင်လိုက်ရပြီတဲ့နောက် ကလေးသုံးယောက်ပျောက်ကွယ်သွားတာကို သတိထားမိပါတော့တယ်။ ကျိုးယိတစ်ယောက်ထဲကိုသာ ရန်ရှောင်ကျဲ့က ပြောပြခဲ့တယ်။
” အားလုံးမကြောက်ကြနဲ့ ငါတို့ကျောင်းခန်းကိုချက်ချင်းပြန်မယ် ”
သူမချက်ချင်းပြောလိုက်ပါပြီ။ အမျက်ဒေါသကျောင်းတော်ထဲမှာ အလုံခြုံဆုံးနေရာကဘယ်နေရာဖြစ်မလဲ သေချာပေါက် ပင်လယ်နတ်ဘုရားခန်းမဆောင်ပါ။
” အသုံးမကျတဲ့အဘိုးကြီးသု မင်းပဲလား ”
အကြီးအကဲရွှမ်ရဲ့အသံက ကျောင်းတော်အပေါ်ဘက်ကို ဟိန်းထွက်လာခဲ့တယ်။ တောက်ပတဲ့အ၀ါရောင်အလင်းတန်းက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပါပြီ။ ဒီမျက်စိကျိန်းလောက်တဲ့ အလင်းတန်းကကျောင်းတော်တစ်ခုလုံးကို ခပ်မြန်မြန်ပဲဖုံးလွှမ်းလို့သွားခဲ့ပါတယ်။ ဒါ့အပြင် ကြီးမားတဲ့အင်အားတွေက ကျောင်းတော်အထဲကနေထွက်ပေါ်လို့လာခဲ့ပြီ ကောင်းကင်ပေါ်ကိုလှိုင်းလုံးကြီးတွေအသွင်နဲ့ ပြေးတက်လို့သွားပါတော့တယ်။
” ကောင်းလိုက်တဲ့အမျက်ဒေါသကျောင်းတော်ပါလား ငါတို့ကိုအရေအတွက်နဲ့ အနိုင်ကျင့်မလို့လုပ်နေတာလား ဒါဆိုရင် ယှဥ်ပြိုင်ကြရအောင် ”
အလင်းနဲ့မီးလျှံတွေက အမျက်ဒေါသကျောင်းတော်အပြင်ဘက်ကောင်းကင်မှာဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီနေရာမှာတော့ မီးလျှံတွေတောက်ပနေတဲ့ အလင်းတန်းအခုနှစ်ဆယ်ကရှိနေခဲ့တယ်။ တစ်ဖက်မှာတော့ အစိမ်းရင့်ရောင်အလင်းတန်းတွေနဲ့လူတွေရှိနေခဲ့တာပါ။ ဒီအလင်းတန်းတွေက ကျန်ရစ်တဲ့အလင်းတန်းတွေကို ဖုံးကွယ်ထားဖို့လုံလောက်အားကောင်းနေခဲ့ပါတယ်။
အကြီးအကဲရွှမ်က ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အပေါ်ဖက်လေဟာနယ်ထဲမှာ ရပ်နေခဲ့ပြီ ၀ိုင်အရက်ကိုသောက်ရင်းပြောလာခဲ့တယ်။
” ဘာလဲအဘိုးကြီးသု မင်းကငါတို့ကျောင်းတော်ကိုလာပြီ တိုက်ခိုက်ဖို့စီစဥ်နေတာလား ”
အစိမ်းရင့်ရောင်အလင်းတန်းတွေကြားကနေ လူတစ်ယောက်ဖြည်းဖြည်းချင်းထွက်လာခဲ့ပါတယ်။
ဒါကတော့ ကိုယ်လုံးကိုယ်ထည်ကြီးမားလွန်တဲ့ လူကြီးတစ်ယောက်ပါပဲ။ သူ့ရဲ့အစိမ်းရင့်ရောင်ဆံပင်တွေက နောက်ကျောဖက်မှာ လွတ်လွတ်လပ်လပ်၀ဲကျလို့နေခဲ့တယ်။ ဒါပေမယ့် ရယ်မောစရာကောင်းတဲ့အရာကတော့ သူ့ရဲ့နှာခေါင်းထိပ်မှာ ဆံပင်တစ်မျှင်မှမရှိတာပါပဲ။ သူကအပေါ်ပိုင်းမှာတော့ ဂတုံးကြီးဖြစ်ပြီ ခေါင်းရဲ့အနောက်ဖက်တစ်၀က်ကနေမှသာ ဆံပင်ရှိတဲ့လူဖြစ်နေခဲ့ပါတယ်။
ဒီအကြီးအကဲရဲ့ အသားအရေးကနီရဲနေခဲ့ပြီ မွေးကင်းစကလေးတစ်ယောက်လိုနူးညံ့လို့နေခဲ့တယ်။ သူ့မှာအရေးကြောင်းလဲမရှိပါဘူး။ သူ့ရဲ့အသက်အရွယ်ကို အစိမ်းရင့်ရောင်မျက်လုံးတွေကိုသာကြည့်ရင်းပြောနိုင်ပါလိမ့်မယ်။ သူ့ရဲ့ဘ၀အနှိမ့်အမြင့်အတက်အကျတွေအများကြီးကို ရင်ဆိုင်လာရတဲ့ပုံပါပဲ။
ဒီအကြီးအကဲရဲ့အနောက်ဖက်မှာ ရှိနေတဲ့အလင်းတန်းတွေကလဲ ဖြည်းဖြည်းချင်းလူတွေပုံသဏ္ဍာန်ပေါ်လာခဲ့ပါပြီ။ သူတို့တွေက ပုံသဏ္ဍာန်အရွယ်အစားအမျိုးမျိုးရှိပြီ သေချာပေါက် ထိပ်တန်းအဆင့်ပညာရှင်တွေကြီးပါပဲ။
အပိုင်း ၁၃၃ ပြီး၏။