Switch Mode

Chapter – 132.3

အတန်းရဲ့လိပ်ခဲတဲလဲအခြေအနေ

အပိုင်း ၁၃၂•၃

” အတန်းရဲ့လိပ်ခဲတဲလဲအခြေအနေ ”
°°°
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က ရွှေရောင်လမ်းကိုထုတ်သုံးလိုက်ချိန်မှာ မူလရှိနေတဲ့အလင်းတန်းက ပတ်ပတ်လည်ဆယ်မီတာနယ်မြေကို လွှမ်းခြုံသွားပါတော့ယ်။ ဒါပေမယ့် ထိုက်ဟွပင်းနဲ့ တခြားသူတွေကတော့ ဘာဖြစ်သွားလဲဆိုတာ အတိအကျမသိနိုင်ကြပါဘူး။

ရွှေရောင်လမ်းကို ရှောင်ရှားဖို့အကောင်းဆုံးနည်းလမ်းကတော့ ဘေးဖက်တွေကိုခုန်ရှောင်ဖို့ပါပဲ။ ဒီလိုနည်းလမ်းကိုသူတို့အသုံးပြုခဲ့တာပါ။ ထိုက်ဟွပင်း ၀ူဖုန်း ကျုးလု ရှဲ့ဟွမ်ယွဲ့ အားလုံးက ဘေးဘက်ကိုခုန်ရှောင်လိုက်ပြီ ဟွမ်ချုထျန်း ချွေ့ရာကျီးနဲ့ လုံရှန်းယွဲ့တို့ကတော့ ညာဘက်ကိုရှောင်သွားခဲ့ပါတယ်။ လက်ရှိအချိန် သူတို့ခုနှစ်ယောက်ကကွဲထွက်လို့သွားခဲ့ပြီ ကိုယ်သဘောနဲ့ကိုယ်လှုပ်ရှားနေပါတော့တယ်။ အခုအချိန်မှာ ဘယ်လိုဗျူဟာမျိုးကို ထည့်သုံးရဦးမှာလဲ။

အတန်းနံပါတ်တစ်ရဲ့အနောက်ကနေ သိပ်သည်းတဲ့အပြာရောင်အလင်းတန်းက ထွက်ပေါ်လာခဲ့ပါပြီ။ မရေမတွက်နိုင်တဲ့ အပြာရောင်အလင်းတန်းတွေက ကြီးမားတဲ့ကွန်ယက်ကြီးအသွင်နဲ့ တစ်ဖက်ကိုဆန့်ထွက်လို့သွားပါတော့တယ်။

ဒီကွန်ယက်ကြီးက ဟွမ်ချုထျန်း လုံရှန်းယွဲ့နဲ့ ချွေ့ရာကျီးတို့ကို ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ ဒါကတော့ လန်စုစုနဲ့ လန်လော့လော့တို့နှစ်ယောက် ပေါင်းစည်းထားတဲ့ဆံပင်ကွန်ယက်ကြီးပါ။

အတန်းနံပါတ်တစ်က ဟို့ယွိဟောင်ရဲ့ဦးဆောင်မှုအောက်မှာ သူတို့ရဲ့စွမ်းအားအပြည့်အ၀ကို ထုတ်သုံးနိုင်နေခဲ့ပါတယ်။

ချိုက်ကျင်းရွှမ်ရဲ့ အချိန်လွှတ်မြောက်မှုနာရီကြီးကတော့ သူ့ရဲ့အနောက်ဖက်မှာတိတ်တဆိတ်ဖြစ်ပေါ်လို့လာတော့တယ်။ ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ အ၀ါရောင်အလင်းတန်းတွေနဲ့ တောက်ပလာခဲ့ပါပြီ။ ဒီအလင်းတန်းက ဟွမ်ချုထျန်းအပေါ်ကိုကျရောက်သွားပါတယ်။ ဒါကအချိန်စည်းခြားမှုပါ။

ဟွမ်ချုထျန်းက လန်စုစုနဲ့ လန်လော့လော့နှစ်ယောက်ရဲ့ အစွမ်းအစကိုအရမ်းရင်းနှီးပါတယ်။ ဒါကသူတို့ရဲ့ပထမ၀ိညာဥ်စွမ်းရည်ပါပဲ။ သုံးစွဲရတာအတော်လေးအကြပ်အတည်စိုက်ပေမဲ့ သေချာပေါက် အင်အားကောင်းကောင်းရှိမယ်ဆိုရင် ကျော်ဖြတ်နိုင်မှာပါ။ ဒါပေမယ့် လက်ရှိအချိန်သူ၀ိညာဥ်စွမ်းအားထုတ်သုံးတော့မဲ့အခိုက်အတန့်မှာပဲ ဘေးမှာရှိရှိသမျှအရာအားလုံးက နှေးကွေးလို့သွားပါတော့တယ်။ သူကတော့အဲ့ဒီနေရာမှာ မလှုပ်ရှားပဲရပ်နေခဲ့ပါတယ်။ ချိုက်ကျင်းရွှမ်ရဲ့ အချိန်စက်ကွင်းထဲမှာပိတ်မိလို့သွားခဲ့ပါတယ်။

ချိုက်ကျင်းရွှမ်က အပြင်နယ်မြေရဲ့အဓိကတပည့်သားတစ်ယောက်ဖြစ်လာခဲ့တယ်ဆိုတာ သူ့ရဲ့ထူးခြားတဲ့အချိန်အမျိုးအစား၀ိညာဥ်စွမ်းရည်ကြောင့်ပါပဲ။ ဒါကိုအလွယ်တကူဘယ်သူမှမတိုက်ခိုက်နိုင်ပါဘူး။ ဟွမ်ချုထျန်းရဲ့ကျင့်ကြံဆင့်က သူအထက်မှာရှိနေရင်တောင် နှစ်စက္ကန့်ကျော်ကျော်အထိ သေချာပေါက်ရပ်တန့်နေမှာပါ။

နှစ်စက္ကန့်က ဆံပင်ကွန်ယက်အသုံးပြုဖို့လုံလောက်တဲ့အချိန်ဖြစ်နေခဲ့တယ်။

လုံရှန်းယွဲ့နဲ့ ချွေ့ရာကျီးနှစ်ယောက်ကလဲ တွေဝေနေကြပုံပေါ်ပါတယ်။ ဆံပင်ကွန်ယက်က သူတို့အပေါ်ကျဆင်းလာခဲ့ပါပြီ။ သူတို့နှစ်ယောက်စလုံးက အမြန်နှုန်းကိုအသုံးပြုတဲ့၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။ ဒါ့အပြင် ဟွမ်ချုထျန်းလိုအင်အားမျိုးကို မပိုင်ဆိုင်ကြပါဘူး။

လန်ညီအစ်မနှစ်ယောက်ရဲ့ ဆံပင်ကွန်ယက်ကို သူတို့နားလည်သွားချိန်မှာတော့ အခက်တွေ့နေခဲ့ရပါပြီ။ ဟွမ်ချုထျန်းလဲ ပိတ်မိပြီတဲ့နောက် သူပြန်ထိုးဖောက်ထွက်လာဖို့ နောက်ကျလို့သွားခဲ့တယ်။ မရေမတွက်နိုင်တဲ့ အပ်တွေလိုဆံပင်ချွန်တွေက သူတို့ရဲ့အားနည်းနေတဲ့နေရာကို ခပ်မြန်မြန်ပဲ ဖုံးလွှမ်းလို့သွားပါတော့တယ်။ ဒါကတော့ လန်ညီအစ်မနှစ်ယောက်ရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ထိုးဖောက်မှုပါပဲ။

ဟွမ်ချုထျန်းက သန်မာကောင်းသန်မာပါလိမ့်မယ်။ ဒါပေမယ့် သူက အင်အားအမျိုးအစားကို သုံးတဲ့သူပါ။ ခုခံမှုမှာသူဘာမှမရှိပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကိုအနီးကပ်တိုက်ခိုက်ဖို့အတွက် မသုံးနိုင်သလို ဒီလိုဘက်ပေါင်းစုံက ထိုးဖောက်ဖို့အတွက်လဲ မခုခံနိုင်ပဲရှိနေခဲ့ပါတယ်။

ခုနှစ်ယောက်မှာ သုံးယောက်ကတော့ကျသွားခဲ့ပါပြီ။ ၀ိညာဥ်အကြီးအကဲတစ်ယောက်လဲ အဲ့ဒီထဲမှာပါသွားခဲ့တယ်။ ဒီထက်ပိုပြီးရိုးရှင်းတဲ့ကိစ္စထပ်မရှိနိုင်တော့ပါဘူး။ မုကျင်းကတော့ မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ တကယ်ပဲဘာတွေဖြစ်နေတာလဲ။

ဟို့ယွိဟောင်ရဲ့လှုပ်ရှားမှုက မရပ်တန့်ခဲ့ပါဘူး။ သူက ပုံစံတူတုပမှုကိုအသုံးပြုရင်း သူ့ရဲ့ပြိုင်ဘက်တွေကိုခွဲထုတ်ပြစ်လိုက်ပါတယ်။ အဲ့ဒီနောက်စိတ်၀ိညာဥ်ထောက်လှမ်းမှုအကူအညီနဲ့လန်ညီအစ်မနှစ်ယောက်ကို တိုက်ခိုက်စေလိုက်တယ်။ ချိုက်ကျင်းရွှမ်ကတော့ သူတို့ကို အကူအညီပေးတာပါ။ ဒါ့အပြင် ဒီတစ်ပြိုင်နက်ထဲမှာပဲ လုံရှန်းယွဲ့နဲ့ ချွေ့ရာကျီးနှစ်ယောက်ကို သူ့ရဲ့စိတ်၀ိညာဥ်နှောင့်ယှက်မှုနဲ့ တိုက်ခိုက်လိုက်ပါသေးတယ်။ ဒါတွေအားလုံးကို တစ်ချက်မှမနားတမ်းသူလုပ်နေခဲ့တာပါ။ သူအဲ့ဒီလိုလုပ်နေတဲ့တစ်ပြိုင်နက်ထဲမှာပဲ ထိုက်ဟွပင်းဆီကို ​ကျန်ရစ်တဲ့သူတွေအားလုံးလဲ ပြေး၀င်လို့သွားခဲ့တယ်။

ထိုက်ဟွပင်းကတော့ ကျားဟိန်းသံနဲ့ဟိန်းဟောက်လိုက်ပြီ ခေါင်းကိုတစ်ပတ်လည်လိုက်ရင်း ဟို့ယွိဟောင်ဆီကို ပြေး၀င်လာခဲ့ပါတယ်။ ကျုးလုကလဲ ထိုက်ဟွပင်းနောက်ကနေ ကပ်လိုက်လာခဲ့တယ်။ ရှဲ့ဟွမ်ယွဲ့နဲ့ ၀ူဖုန်းနှစ်ယောက်ကတော့ အနီးကပ်ရှိနေခဲ့ကြပါတယ်။

သူတို့ထဲမှာသုံးယောက်မတိုက်ခိုက်နိုင်တော့ဘူးဆိုပေမဲ့ ကျန်ရစ်တဲ့လေးယောက်က အဖွဲ့ရဲ့အဓိကတိုက်ခိုက်ရေးသမားတွေပါ။ သူတို့သာပေါင်းစည်းနေမယ်ဆိုရင် သေချာပေါက် အင်အားအပြည့်ပါပဲ။

နောက်ဆုံးတော့လဲ ဒါကပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် သူတို့ရဲ့အသက်တွေက အန္တရာယ်ကင်းကင်းရှိနေမှာပါ။ အတန်းနံပါတ်တစ်က ဟွမ်ချုထျန်းတို့ကို တားဆီးဖို့အတွက် လူသုံးယောက်ကို အသုံးပြုထားခဲ့ရပါတယ်။ ဒါကြောင့် အခုအချိန်တိုက်ခိုက်ရမယ်ဆိုရင် အခွင့်အရေးရှိနေသင့်မှန်း သူတို့သိနေခဲ့တယ်။

ရှောင်းရှောင်းရဲ့နတ်မိီးငှက်ကိုးကောက်ကိုးကွယ်မှုပုလွေက အခုအချိန်မှာအသံထွက်ပေါ်လာခဲ့ပါပြီ။ ရန်သူလေးယောက်ကလဲ ချက်ချင်းဆိုသလို အရှိန်နှုန်းလျော့ကျသွားပါတော့တယ်။ အဲ့ဒီနောက် ကြီးမားတဲ့အိုးကြီးတစ်လုံးက ခပ်မြန်မြန်ဖြစ်ပေါ်လာခဲ့ပြီ အိုးအသေးသုံးလုံးအဖြစ် ကွဲထွက်လို့သွားခဲ့တယ်။

၀မ်သုန့်က အတိတ်အချိန်မှာသူ့ရဲ့သိုင်းပညာ၀ိညာဥ်နှစ်ခုစလုံးကို တစ်ပြိုင်နက်ထဲအသုံးမပြုနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်ကလဲ သူ့ရဲ့ကြီးမားတဲ့စိတ်၀ိညာဥ်မျက်လုံးရဲ့စွမ်းအားကို အသုံးပြုနေချိန်မှာ ရေခဲဧကရီကိုမသုံးနိုင်တာအမှန်ပါ။ ဒါပေမယ့် ရှောင်းရှောင်းကတော့ နှစ်ခုစလုံးကိုထုတ်သုံးနိုင်ပါတယ်။

သူမရဲ့အစွမ်းအစတွေကို ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က အမြဲတမ်းကျော်နေခဲ့တာကြောင့်သာ သိပ်ပြီအလေးမထားခံရတာလဲဖြစ်ပါတယ်။ ဒါပေမယ့် သူမက အမြွှာသိုင်းပညာ၀ိညာဥ်ကိုပိုင်ဆိုင်သူဖြစ်နေဆဲပါပဲ။

သုံးချောင်းထောင့်အိုးကြီးက လက်ရှိအချိန်မှာအဆိုးဆုံးနေရာတစ်ခုအဖြစ်တည်ရှိလို့နေခဲ့တယ်။ ဒီအိုးတွေကြောင့် ထိုက်ဟွပင်းတို့လူတွေကွဲထွက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် အိုးတွေကသူတို့ကိုနေရာဘက်ပေါင်းစုံကနေ တားဆီးလို့ထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အရှိန်ပြင်းပြင်းနဲ့ဘယ်လိုပဲပြေးလာနေပါစေ ရပ်တန့်လိုက်ရပါတယ်။ ဒါ့အပြင် ရှောင်းရှောင်းက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကြောင့်သာ ဒီလိုမျိုးအချိန်ကိုက်လှုပ်ရှားနေခဲ့တာပါ။

ထိုက်ဟွပင်းက သူ့ဘာသာသူအရှေ့ကိုခုန်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့သားသုံးယောက်ကတော့ အိုးကြီးတွေကြောင့် အနောက်ဖက်မှာကျန်ရစ်နေခဲ့ပါပြီ။ သူက သူစိတ်သဘောနဲ့သူတမင်တကာထွက်လာပုံပါပဲ။ ဒါကိုသတိထားမိတောင်မပေါ်လှပါဘူး။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကတော့ အရှေ့ကိုတက်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်က သရဲအရိပ်ခြေရာကိုအသုံးပြုပြီး ထိုက်ဟွပင်းဆီကိုသွားနေခဲ့တယ်။ ၀မ်သုန့်ကတော့ သူ့အနောက်ဖက်မှာ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

ထိုက်ဟွပင်းက ကြောက်စရာကောင်းတဲ့တိုက်ခိုက်လိုစိတ်ကို ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်ပေမဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို ရင်ဆိုင်ရချိန်မှာတော့ သူနောက်ကျကျန်ရစ်နေဆဲပါပဲ။ ဟိန်းဟောက်လိုက်ရင်း ပထမနဲ့ တတိယ၀ိညာဥ်စွမ်းရည်တွေကို သူစတင်ထုတ်သုံးလိုက်ပါပြီ။

ထိုက်ယွဲ့ဟန်နဲ့ ထိုက်ဟွပင်းတို့က ပထမ၀ိညာဥ်စွမ်းရည်သုံးခုစလုံးတူညီကြပါတယ်။ ဒါပေမယ့် ထိုက်ဟွပင်းကို တိုက်ခိုက်ရချိန်မှာ ဟို့ယွိဟောင်အနေနဲ့ ဘာဖိအားမှမခံစားရပါဘူး။

ထိုက်ဟွပင်းရဲ့အရှိန်အ၀ါက ထိုက်ယွဲ့ဟန်ထက်ပိုပြီးတော့ စူးရှထက်မြက်ပါတယ်။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ပိုင်ဆိုင်ထားသလို တည်ငြိမ်မှုနဲ့ သည်းခံစောင့်ဆိုင်းမှုကို မပိုင်ဆိုင်ထားပါဘူး။ ထိုက်ယွဲ့ဟန်ကတော့ ဖိနှိမ့်ခံထားရတဲ့ မီးတောင်ကြီးတစ်ခုလိုမျိုး အားကောင်းနေခဲ့တယ်။

ထိုက်ဟွပင်းရဲ့တတိယ၀ိညာဥ်စက်ကွင်းတောက်ပလာချိန်မှာတော့ သူက ဟို့ယွိဟောင်တို့နဲ့ သုံးမီတာအကွာကို ရောက်နေခဲ့ပါပြီ။ ကျားဖြူရဲ့အနီလှိုင်းတွေက ဟို့ယွိဟောင်ဆီကို ဦးတည်လာပါတော့တယ်။

ဒါပေမယ့် စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုရှိနေခဲ့တဲ့အတွက် ဘာကိုမှသူဖုံးကွယ်ထားလို့မရပါဘူး။ ဟို့ယွိဟောင်က ခြေလှမ်းတွေကိုအနည်းငယ်ရှောင်ရှားလိုက်ရင်း ကျားဖြူအလင်းတန်းကို သုံးပေအကွာကနေ ကပ်သီးလေးဖြတ်ထွက်လို့သွားခဲ့ပါတယ်။ သူကထိုက်ဟွပင်းထက် အနည်းငယ်သာလွန်လို့သွားခဲ့ပါပြီ။

ထိုက်ဟွပင်းလဲ နှောင့်ယှက်ခံလိုက်ရတာကိုခံစားမိတဲ့အတွက် သူ့ရဲ့ညာဘက်လက်ကို ခပ်မြန်မြန်ပဲမြောက်လိုက်မိပါတယ်။

” ဒင် ”

ရွှေရောင်အလင်းတန်းက တခဏတာထွက်ပေါ်လာပြီတဲ့နောက် ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ သူ့ရဲ့ညာဘက်လက်မောင်းတစ်ခုလုံးထုံထိုင်သွားတာကို ထိုက်ဟွပင်းခံစားလိုက်ရပြီတဲ့နောက် သူတစ်ကိုယ်လုံးတုန်ခါရင်းနဲ့ ရပ်တန့်လို့သွားခဲ့ရတယ်။

၀မ်သုန့်ရဲ့အတောင်ပံတွေက ဒီကြောက်စရာကောင်းတဲ့ ခံစားချက်က နှလုံးသားထဲမှာ ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ပုံစံတုတူပမှုက ဖုံးကွယ်ထားတာကြောင့် ၀မ်သုန့်ရဲ့လှုပ်ရှားမှုတွေကို သူမမြင်ခဲ့ရပါဘူး။ ဘယ်လိုလုပ်ဆက်ပြီတိုက်ခိုက်လို့ရမှာလဲ။ ဒါက လူမမြင်ရပဲဖြစ်နေခဲ့ပါတယ်။ ဒါ့မပြင် ၀မ်သုန့်ကလဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်ပါ။

သူ့ရဲ့အနိုင်ယူချင်စိတ်က လက်ရှိအချိန်မှာ ဖျက်ဆီးခံလိုက်ရပါပြီ။ ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားတွေက အရက်ကထက်ပိုသာလွန်လာတာကို သူကောင်းကောင်းကြီးသိနေခဲ့ရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ တွေဝေသွားခဲ့ရတယ်။

သူ့ရဲ့အတွေးတွေက တိုက်ပွဲနဲ့အတူတူခပ်မြန်မြန်လှုပ်ရှားလို့နေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အတောင်ပံတွေက ထိုက်ဟွပင်းကို ရပ်တန့်လိုက်ချိန်မှာပဲ ဟို့ယွိဟောင်က လက်နှစ်ဖက်စလုံးကို အသုံးပြုပြီး ရိုက်ချပြစ်လိုက်ပါတယ်။ သူ့ရဲ့လက်၀ါးတွေက စိန်ပွင့်လက်အိတ်တွေ၀တ်ထားသလိုတောက်ပလို့နေခဲ့ပြီ အဆုံးစွန်းအေးစက်မှုက ဖြစ်ပေါ်လာခဲ့ပါတယ်။

ရေခဲဧကရီရဲ့ဆူးချွန်ကိုသူအသုံးပြုလိုက်တာပါ။ ထိုက်ဟွပင်းကတော့ ညာဘက်လက်မောင်းကို အသုံးပြုရင်း ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကိုတားဆီးခဲ့ပါတယ်။ အဲ့ဒီနောက် ဘယ်ဘက်လက်မောင်းကိုမြောက်လိုက်ချိန်မှာတော့ သူ့ရဲ့လက်သည်းတွေက ပွင့်ထွက်လာပါတော့တယ်။ ခုန်ရှောင်တာမျိုးမလုပ်ပဲ ဟို့ယွိဟောင်ရဲ့ ရင်ဘတ်ကိုသူကုတ်ဆွဲဖို့လုပ်လိုက်တယ်။

သူ့ရဲ့လက်က ဟို့ယွိဟောင်ရဲ့လက်နဲ့အရှည်သိပ်ပြီမကွာလှပါဘူး။ ဒါပေမယ့် ကျားလက်သည်းတွေဖြစ်နေခဲ့တယ်။ အကယ်၍ ဟို့ယွိဟောင်သာ ဆက်ပြီတိုက်ခိုက်မယ်ဆိုရင် ဟို့ယွိဟောင်ရင်ဘတ်က ကျားလက်သည်းတွေကုတ်တာခံရမှာပါ။

ထိုက်ဟွပင်းရဲ့ရွေးချယ်မှုက မှန်ကန်ခဲ့ပါတယ်။ ဟို့ယွိဟောင်က သူ့ကိုအင်အားအရာမှာ ၀မ်သုန့်ရဲ့အကူအညီရှိနေမယ်ဆိုရင်တောင် မယှဥ်သာနိုင်ပါဘူး။

ဟို့ယွိဟောင်လဲ ရွေးချယ်စရာမရှိတော့ပဲ ခုန်ရှောင်လိုက်ရပါတယ်။ သူ့အတွက်တခြားနည်းလမ်းမရှိခဲ့လို့ပါ။ အဲ့ဒီနောက် သူနောက်ပြန်ဆုတ်သွားခဲ့သလို ထိုက်ဟွပင်းကလဲ ခပ်မြန်မြန်ပဲ သူ့အသင်းဖော်ရှိရာနေရာဆီကို နောက်ဆုတ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကို သူတစ်ယောက်ထဲနဲ့တိုက်ခိုက်အနိုင်ရမယ်လို့ ယုံကြည်ချက်ထပ်မရှိနိုင်တော့ပါဘူး။

ဒါပေမယ့် ဟို့ယွိဟောင်က ဖုံးကွယ်မထားတော့ပဲ သူ့ရဲ့လက်ဖ၀ါးတွေကိုစုစည်းလိုက်ပြီ ဘယ်ဘက်လက်ကိုအသုံးပြုရင်း ထိုက်ဟွပင်းရဲ့ဘယ်ဘက်လက်ကောက်၀တ်အပြင်ဘက်နေရာကို ရိုက်ချပြစ်လိုက်ပါတယ်။ ဒါ့အပြင် ညာဘက်လက်ကတော့ ထိုက်ဟွပင်းရဲ့ ညာလက်မောင်းအတွင်းနယ်မြေကို ရိုက်ချလိုက်တယ်။

ထိုက်ဟွပင်းကတော့ ပျော်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့ သူ့ဘာသာသူသေတွင်းလာတူးနေတယ်လို့ စိတ်ထဲတွေးမိသွားတယ်။ ဒါကြောင့် ၀ိညာဥ်စွမ်းအားတွေကို ဘယ်ဘက်လက်မောင်းထဲမှာစုစည်းလိုက်ပါတော့တယ်။

ကျားဖြူဒိုင်းကာနဲ့ ကျားဖြူအသွင်ပြောင်းမှုနှစ်ခုက သူ့ရဲ့အင်အားကို တိုးမြင့်စေခဲ့တယ်။ ဒါကို၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်တောင် ဖောက်ထွက်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ပျော်ရွှင်မှုကစက္ကန့်ပိုင်းသာကြာမြင့်ခဲ့တယ်။

မာကြောကြွပ်ဆပ်တဲ့အသံတွေနဲ့အတူ အရိုးတွေကျိုးကြေးသွားတဲ့အသံပါ ဆက်တိုက်ထွက်ပေါ်လာပါတယ်။

ထိုက်ဟွပင်းရဲ့ဘယ်ဘက်လက်မောင်းတစ်ခုလုံးက ပုံပျက်လို့သွားခဲ့ပါပြီ။ သူ့ရဲ့ကျားလက်သည်းတွေအားလုံးကလဲ လိမ်ထွက်လို့သွားခဲ့ပြီ ဟို့ယွိဟောင်ရဲ့ရင်ဘတ်ကိုကုတ်ဆွဲမဲ့အစား နောက်ပြန် ပြန်လွှင့်သွားခဲ့တယ်။

ထိုက်ဟွပင်းလဲ မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ သူ့ရှေ့မှာဖြစ်နေတာတွေကိုယုံတောင်မယုံနိုင်ပါဘူး။ ဒါ့အပြင် ပြင်းထန်တဲ့နာကျင်မှုကိုလဲ မခံစားရပဲရှိနေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဆုံးစွန်းအေးစက်မှုက သူ့လက်မောင်းထဲကို၀င်ရောက်လို့သွားခဲ့ပြီတဲ့နောက် ရှိသမျှအရိုးတွေသွေးကြောတွေအားလုံးကို အေးခဲသွားစေရင်း ကျိုးကြေးသွားတဲ့အထိ ချိုးပြစ်လိုက်လို့ပါ။

ဟို့ယွိဟောင်က ထိုက်ဟွပင်းရဲ့ခန္ဓာကိုယ်ကို လေထဲမှာမတင်လိုက်ပြီတဲ့နောက် ညာဘက်ပုခုံးကိုအသုံးပြုရင်း ကိုင်ပေါက်ပြစ်လိုက်ပါတော့တယ်။ ထိုက်ဟွပင်းကတော့ လက်ရှိအချိန်လေထဲမှာ လွှင့်ထွက်လို့သွားခဲ့ပြီ ကျယ်လောင်တဲ့အသံကျယ်ကြီးတစ်ခုသာကြားလိုက်ရတယ်။ အဲ့ဒီနောက် သူ့တစ်ကိုယ်လုံးကို မြူခိုအလွှာတွေက ရိုက်ခတ်လို့သွားခဲ့ပါပြီ။

ဖြစ်ပျက်သွားတာတွေအားလုံးက တခဏတာအတွင်းဖြစ်နေခဲ့တယ်။ ဒုတိယနှစ်ရဲ့ကျောင်းသားတွေထဲမှာ တတိယနှစ်နဲ့ယှဥ်လိုက်မယ်ဆိုရင်တောင် အသန်မာဆုံးဖြစ်နေခဲ့တယ်။ ထိုက်ဟွင်းက ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့နှစ်ယောက်ပေါင်းစည်းတိုက်ခိုက်မှုကို သုံးစက္ကန့်တောင်မခုခံနိုင်ဘူးဆိုတာပါပဲ။

ဒီအချိန်မှာတော့ ကျုးလု ရှဲ့ဟွမ်ယွဲ့နဲ့ ၀ူဖုန်းတို့အားလုံးလဲ ပိတ်မိနေရာကနေ ထိုးဖောက်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ကျုးလုက ထိုက်ဟွပင်းဆီကို အထိတ်တလန့်နဲ့ ပြေးလာနေခဲ့တယ်။

ဟို့ယွိဟောင်ဆီကို ၀ူဖုန်းက အမုန်းတရားအပြည့်နဲ့ ပြေးလာနေခဲ့ပါတယ်။ ရှဲ့ဟွမ်ယွဲ့ကတော့ တခဏတာတုံ့ဆ်ိုင်လို့နေခဲ့ပါပြီ။ ဒါပေမယ့် မကြာခင်မှာပဲ သူတို့သုံးယောက်ကို နောက်တစ်ကြိမ်၀ိညာဥ်ချေဖျက်အိုးကြီးတွေက တားဆီးလိုက်ပြန်ပါတော့တယ်။

အတန်းနံပါတ်နှစ်က အရမ်းကိုဖရိုဖရဲဖြစ်နေခဲ့ပြီ အတန်းနံပါတ်တစ်ရဲ့တိုက်ခိုက်မှုအောက်မှာ ပြိုကွဲသွားရပြန်ပါတော့တယ်။

၀ူဖုန်းရဲ့ ဟို့ယွိဟောင်အပေါ်ထားရှိတဲ့ အမုန်းတရားတွေက ထိုက်ဟွပင်းထက် မနည်းပါးခဲ့ပါဘူး။ ဒါ့အပြင် တတိယ၀ိညာဥ်စက်ကွင်းကို ရပြီတဲ့နောက် သူ့ရဲ့ယုံကြည်ချက်တွေက အမြဲတမ်းမြင့်မားလို့နေခဲ့ပါတယ်။ ပါးစပ်ကနေ နဂါးအော်သံတစ်ခုထွက်လာပြီတဲ့နောက် လေထဲမှာခုန်ရင်းနဲ့ ဟို့ယွိဟောင်ရဲ့အရှေ့တည့်တည့်ကို မျက်စိတစ်မှိတ်အတွင်းရောက်လာခဲ့ပါတယ်။

အပိုင်း ၁၃၂•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset