အပိုင်း ၁၃၂•၂
” အတန်းရဲ့လိပ်ခဲတဲလဲအခြေအနေ ”
°°°
ကျိုးယိက ဘေးမှာရပ်နေရင်း ငယ်ရွယ်တက်ကြွတဲ့ကလေးတွေကို ကြည့်နေခဲ့ပါတယ်။ ဒီကလေးတွေကိုနှောင့်ယှက်ဖို့သူ့မှာစိတ်ကူးမရှိပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့် ရှောင်းရှောင်းတို့တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲမှာ ဘာတွေလုပ်ခဲ့မှန်း သူတိတိကျကျကို သိနေခဲ့တယ်။ ဒီပြိုင်ပွဲက သူတို့အတွက် သေချာပေါက်ကြီးမားတဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။ မုကျင်းရေ မင်းတော့သွားပြီ။
” အချိန်ကြတော့မယ်သွားကြစို့ ”
၀မ်သုန့်က တိုက်ခိုက်လိုစိတ်အပြည့်ရှိနေခဲ့ပြီ ခြေဖျားထောက်ရင်း ပြေးထွက်သွားပါတယ်။
နှစ်ဖက်ရဲ့ဆရာတွေကတော့ သူတို့ရဲ့အတန်းသားတွေကိုခေါင်းဆောင်ရင်းရှိနေခဲ့တယ်။ ကြည့်ရှု့နေသူတွေရဲ့ ဆူပူမှုကချက်ချင်းတိတ်ဆိတ်လို့သွားခဲ့ပါပြီ။
ဒီပြိုင်ပွဲကဒုတိယနှစ်ရဲ့ အတန်းတွေထဲမှာ အမြင့်ဆုံးအဆင့်လို့ပြောရမှာပါ။ ဟို့ယွိဟောင်နဲ့ ကျန်တဲ့နှစ်ယောက်ပြန်လာပြီတဲ့နောက် အဖွဲ့နှစ်ဖွဲ့ရဲ့အဆင့်က သိပ်ပြီကွာခြားတဲ့ပုံသိပ်မပေါ်တော့ပါဘူး။ ဘယ်အတန်းက နှစ်တစ်၀က်အတွင်းမှာ ပိုတိုးတက်လာနိုင်တယ်ဆိုတာ သိချင်နေခဲ့တယ်။
ကြည့်ရှု့နေသူတွေရဲ့ စင်မြင့်အစွန်းဖက်မှာ ပုန်းအောက်ပြီကြည့်ရှု့နေတဲ့သူတွေထပ်ရှိနေတယ်ဆိုတာ တော်တော်များများက သတိမထားမိပါဘူး။ အဲ့ဒီသူတွေက သိုင်းပညာ၀ိညာဥ်ကျောင်းတော်ရဲ့ကျောင်းအုပ်ရန်ရှောင်ကျဲ့နဲ့ သူတို့ရဲ့သင်ကြားရေး ညွှန်ကြားရေးချုပ် သုဝေ့လွမ်တို့ပါပဲ။
သုဝေ့လွမ်ကတော့ ပြိုင်ပွဲအကြောင်းကို ဘာမှမသိခဲ့ပါဘူး။ အကယ်၍ သုဝေ့လွမ်သာ အားလုံးကိုသိနေမယ်ဆိုရင် ရန်ရှောင်ကျဲ့က သေချာပေါက် သူ့ကိုခေါ်လာမှာမဟုတ်တာအမှန်ပါ။
ရန်ရှောင်ကျဲ့အနေနဲ့ အပြင်နယ်မြေဒုတိယနှစ်ရဲ့ကျောင်းသားတွေကို အများကြီးအာရုံစိုက်နေတယ်ဆိုတာ သေချာပေါက် ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်းတို့ကြောင့်ပါပဲ။ သူတို့ရဲ့တံခါးပိတ်ကျင့်ကြံမှုရဲ့ရလဒ်တွေကို ဘယ်လောက်အထိတိုးတက်လဲ ကိုယ်တိုင်တွေ့ကြုံဖို့ရှိနေခဲ့တာပါ။
” ကျောင်းအုပ် ကျွန်တော်တို့ဘာဖြစ်လို့ ဒီပြိုင်ပွဲကိုအပေါ်ကနေမကြည့်ရတာလဲ ”
သုဝေ့လွမ်က မေးလာခဲ့ပါတယ်။
ရန်ရှောင်ကျဲ့ကတော့ ခေါင်းခါနေရင်းပြန်ဖြေလိုက်တယ်။
” ထားလိုက် ဒီကလေးတွေကိုငါတို့လာတဲ့အကြောင်းလေး သိချင်ကြလို့ပြောလို့မရဘူး…ယွိဟောင်တို့အပြင်နယ်မြေမှာလေ့ကျင့်နေတာကို မထိခိုက်စေဘူး…ဒီပြိုင်ပွဲကြီးပြီရင်း ကလေးတွေကိုမဟာကြယ်တာရာသစ်တောဆီခေါ်သွားချင်တယ်…သူတို့တွေ အကျိုးရှိကြမယ်လို့မျှော်လင့်တယ် ”
” ဒီလိုဖြစ်လာမယ်ဆိုတာ ကျွန်တော်ကြိုမမြင်မိခဲ့ပါလား ”
သုဝေ့လွမ်က သက်ပြင်းချနေခဲ့ပါတယ်။
ရန်ရှောင်ကျဲ့လဲ ပြုံးနေခဲ့တယ်။ အမှန်ပါပဲ သူကိုယ်တိုင်လဲ တစ်နှစ်တောင်မပြည့်သေးတဲ့အချိန်တွင်းမှာ ဟို့ယွိဟောက်တို့ဒီလောက်အထိ တိုးတက်လာမယ်လို့ မထင်ထားခဲ့မိပါဘူး။ အရင်တုန်းက ဟို့ယွိဟောင်အကြောင်းကို ဘာမှသိပ်မတွေးခဲ့ပေမဲ့ အခုအချိန်မှာ သူ့ရဲ့ဆရာကတောင် အများကြီးမျှော်လင့်ချက်ထားတဲ့ကလေးဖြစ်နေခဲ့ပါတယ်။
နှစ်ဖက်အဖွဲ့က လက်ရှိအချိန်စင်ပေါ်ရောက်သွားခဲ့ပါပြီ။
မုကျင်းက ပြောလာခဲ့တယ်။
” ဆရာကျိုး ငါတို့နှစ်ယောက်ဒီပြိုင်ပွဲအတွက် ဒိုင်လုပ်ကြရအောင်လား အကယ်၍ ပြိုင်ပွဲမှာမကောင်းတာတစ်ခုခုဖြစ်လာမယ်ဆိုရင် ကိုယ်ကျောင်သားကိုယ်ကယ်လို့ရတာပေါ့ ”
ကျိုးယိက ပြန်ဖြေလိုက်ပါတယ်။
” ငါတို့က သေချာပေါက်နိုင်မှာ ”
မုကျင်းရဲ့မျက်လုံးတွေကတော့ တောက်ပနေခဲ့တယ်။ ကျိုးယိကတော့ အေးအေးဆေးဆေးသာပြန်ဖြေခဲ့ပါတယ်။
” အကယ်၍ မင်းတို့သာဒုတိယနှစ်ရဲ့ သင်ကြားရေးနယ်မြေတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရမယ်ဆိုရင် မင်းကိုယ်တိုင်ရော မင်းလုပ်မလားဆိုတာ ငါသိချင်လိုက်တာ ”
” ကြည့်ကြရတာပေါ့ ”
” လာစမ်းပါ ”
ပြိုင်ပွဲလိုစိတ်ကြီးမားတဲ့ဆရာနှစ်ယောက်ကတော့ ကျောင်းသားတွေကို စတင်ဖို့လက်ဟန်ပြလိုက်ပါတယ်။
ထိုက်ဟွပင်းက အတန်းနံပါတ်နှစ်ရဲ့ကျောင်းသားတွေရှေ့မှာ ဦးဆောင်နေသူအဖြစ်ရှိနေခဲ့တယ်။ သူက ဟို့ယွိဟောင်ကို စိုက်ကြည့်နေခဲ့တာပါ။ ဟို့ယွိဟောင်က သူ့အကြည့်ကို ပြန်ရင်မဆိုင်ပဲ မျက်လုံးပိတ်ထားခဲ့တယ်။ တစ်စုံတစ်ရာကိုစဥ်းစားနေပုံပါပဲ။
၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေက တိုက်ကြီးရဲ့အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပြိုင်ပွဲနယ်မြေထက် အများကြီးပိုပြီးကြီးမားပါတယ်။ စင်မြင့်က စက်၀ိုင်းသဏ္ဍာန်ဖြစ်ပြီ ပြိုင်ပွဲတွေကို ပိုချောချောမွေ့မွေ့ယှဥ်ပြိုင်နိုင်စေဖို့အတွက် လုပ်ဆောင်ပေးထားခဲ့တယ်။
အတန်းနံပါတ်နှစ်ရဲ့ ခုနှစ်ယောက်ကတော့ သေချာပေါက် သဟဇာတဖြစ်စေဖို့အများကြီး အဖွဲ့လိုက်ပြိုင်ပွဲတွေလုပ်ဆောင်ထားခဲ့တာပါ။ ထိုက်ဟွပင်းက အရှေ့ဆုံးမှာရပ်နေခဲ့ပါတယ်။ ၀ူဖုန်းကတော့ ဘယ်ဘက်မှာရှိနေပြီ ဟွမ်ချုထျန်းကတော့ ညာဘက်မှာပါ။ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်သုံးယောက်က ပုခုံးချင်ယှဥ်ပြီရပ်နေခဲ့ပါတယ်။ ဒါကတင်ဖိအားအတော်များနေခဲ့ပါပြီ။ ကျုးလု ချွေ့ရာကျီး လုံရှန်းယွဲ့တို့ကတော့ သူတို့အနောက်ဖက်မှာရှိနေခဲ့ပါတယ်။ အားလုံးက အမြန်နှုန်းအမျိုးအစား သိုင်းပညာ၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။
ရှဲ့ဟွမ်ယွဲ့လိုခုခံရေးအမျိုးအစားကတော့ ဟိုနောက်ဆုံးမှာရှိနေခဲ့တယ်။
ဒီသုံးယောက် သုံးယောက် တစ်ယောက် ဗျူဟာကမြင်ရခဲတဲ့ဗျူဟာပါ။ ဒါပေမယ့် သူတို့ရဲ့တိုက်ခိုက်ရေးပုံစံကိုဘယ်သူမှမမျှော်လင့်ထားနိုင်ခဲ့ပါဘူး။
ဟို့ယွိဟောင်တို့ကလဲ အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းက ဟို့ယွိဟောင်ဘေးမှာရပ်နေခဲ့ပြီ တခြားသူတွေကတော့ ဟို့ယွိဟောင်ရဲ့အမိန့်ကိုစိတ်ရှည်လက်ရှည်စောင့်နေခဲ့တယ်။ နှစ်ဖက်စလုံးက ၀ိညာဥ်လက်ရည်ယှဥ်နယ်မြေရဲ့ အစွန်းဆုံးအထိကို နောက်ဆုတ်သွားခဲ့ပါပြီ။ မုကျင်းရဲ့ ကျ်ိုးယိတို့က လက်တွေကိုတစ်ချိန်ထဲမှာပဲ မြောက်လိုက်ပြီတဲ့နောက် တစ်ပြိုင်နက်ထဲပြောလိုက်ကြတယ်။
” စတင်မယ် ”
အတန်းနံပါတ်နှစ်ရဲ့ ခုနှစ်ယောက်က အရှေ့ကိုတက်လာခဲ့ပါတယ်။ ထိုက်ဟွပင်းက အရှေ့ဆုံးမှာပါပဲ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုထုတ်ရင်း အရှေ့ကိုခုန်၀င်လာခဲ့တယ်။ ကျားဖြူမွေးတွေနဲ့အနက်ရောင်သဏ္ဍာန်တွေက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလို့သွားခဲ့ပြီ နဖူးပေါ်မှာဘုရင်ဆိုတဲ့ စာလုံးက ထင်ထင်ရှားရှားပေါ်လာခဲ့ပါတယ်။ သူကိုပုံမှန်မဟုတ်လောက်နိုင်အောင် ကြမ်းတမ်းနေစေခဲ့တယ်။ ရုတ်တရက်ဆိုသလို အရမ်းကိုကြောက်စရာကောင်းသွားသလိုပါပဲ။ သူက ကျားဖြူမြို့စားမင်းရဲ့သားဆိုတာ ဘယ်သူမှသံသယ၀င်၀ံ့မှာမဟုတ်ပါဘူး။ အရည်အချင်း တိုက်ခိုက်လိုစိတ်နဲ့ စိတ်ဆုံးဖြတ်ချက်ခိုင်မာမှုတွေအားလုံးမှာထူးချွန်လို့နေခဲ့ပါတယ်။
ဟို့ယွိဟောင်က သူ့ကိုအကြိမ်ကြိမ်အနိုင်ယူခဲ့ပေမဲ့ အနိုင်ရမှုတစ်ခုချင်းဆီတိုင်းက သူ့ကိုပိုပြီးသန်မာလာစေခဲ့တယ်။ အကယ်၍ ဆက်တိုက်ရှုံးနှိမ့်မှုတွေကသာ လက်နက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင် သူရဲ့တိုက်ခိုက်လိုစိတ်ကို ပိုပြီးချွန်ထက်အောင်သွေးပေးနေတဲ့လက်နက်တစ်ခုပါပဲ။
အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ခုနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ခုတို့က သူခန္ဓာကိုယ်ပေါ်မှာတောက်ပလာခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားတွေကလဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းကနေ လေးကွင်းကိုအချိန်မရွေးပြောင်းလဲသွားနိုင်သလိုပါပဲ။
၀ူဖုန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ နဂါးအကြေးခွံတွေက ပိုမိုကြီးမားများပြားလို့လာခဲ့ပါတယ်။ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းကလဲ သူမရဲ့မျက်လုံးထဲမှာ လျှံထွက်လို့နေခဲ့ပါပြီ။ သိပ်သည်းတဲ့မီးနီရောင်၀ိညာဥ်စွမ်းအားတွေက သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ လှည့်ပတ်ရင်းပြင်းပြင်းထန်ထန် လောင်ကျွမ်းနေပါတော့တယ်။
ဟို့ယွိဟောင်အပေါ် သူမုန်းတဲ့အမုန်းက ထိုက်ဟွပင်းနဲ့ယှဥ်မယ်ဆိုရင် ဒုတိယနေရာမှာရောက်နေခဲ့တယ်။ ဒီအမုန်းတရားက သူမရဲ့လက်မခံလိုစိတ်ကနေအရင်တည်လာတာပါ။ ထိုက်ဟွပင်းရဲ့အရှက်တကွဲအကျိုးနည်းမှုထက်တော့ အနည်းငယ်လျှော့ပါသေးတယ်။
ဟွမ်ချုထျန်းရဲ့၀ိညာဥ်စွမ်းအားက အနက်ရောင်ပါ။ သူ့ရဲ့ဒီလူ၀ံပုံသဏ္ဍာန်သိုင်းပညာ၀ိညာဥ်က ခန္ဓာကိုယ်ကိုအများကြီးသန်မာစေပါတယ်။ အရွယ်အစားမှာ ထိုက်ဟွပင်းထက်သိပ်ပြီနောက်မကျပေမဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းက တောက်ပလာခဲ့ပါပြီ။ သူကကျိုးယိကို ကြောက်စရာအကြည့်နဲ့ လှမ်းကြည့်လိုက်ပါတယ်။
ကျိုးယိသူ့ကိုအတန်းနံပါတ်တစ်ကနေ ကန်ထုတ်ပြီမောင်းထုတ်လိုက်မယ်လို့ ဘ၀မှာတစ်သက်နဲ့တစ်ကိုယ်တွေးတောင်မတွေးဖူးပါဘူး။ ဒါကြောင့်သာ အတန်းနံပါတ်နှစ်ကိုရောက်ချိန်မှာသူအများကြီးကြိုးစားအားထုတ်ရင်း အဆင့်သုံးဆယ်ကိုဖြတ်ကျော်တိုးတက်နိုင်ခဲ့တာပါ။ သူအမြင်အရ လက်ရှိအချိန်မှာ သက်သေပြဖို့က အခွင့်အရေးရနေခဲ့ပါပြီ။ ကျိုးယိကို သူဆုံးဖြတ်ချက်ကမှားမှန်သိစေချင်ခဲ့တယ်။
အတန်းနံပါတ်တစ်ရဲ့ တိုက်ခိုက်ရေးသမားခုနှစ်ယောက်ကလဲ သက်ဆိုင်ရာသိုင်းပညာ၀ိညာဥ်တွေကို ထုတ်ထားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ ဟို့ယွိဟောင်က အော်လိုက်တယ်။
” သွားကြမယ် ”
ဟို့ယွိဟောင်ရဲ့ အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းတောက်ပလာတာကိုကြည့်ရင်း အတန်းနံပါတ်နှစ်ရဲ့ကျောင်းသားတွေကျောထဲမှာအေးစက်လို့သွားခဲ့တယ်။ ဒီအဖြူရောင်၀ိညာဥ်စက်ကွင်းတွေက တခြားသူတွေအတွက်ဆိုရင် အားနည်းချက်တစ်ခုလို့ပြောရမှာဖြစ်ပေမဲ့ ဟို့ယွိဟောင်ရဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းတွေက တကယ်ပဲ ဆယ်နှစ်၀ိညာဥ်စက်ကွင်းတွေဟုတ်လို့လား။
အတန်းနံပါတ်တစ်က မူလအခြေအနေကတစ်တန်းထဲမှာရပ်နေခဲ့တာပါ။ ဒါပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဗျူဟာကပြောင်းလဲသွားခဲ့ပါပြီ။ ဟို့ယွိဟောင်က ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်ပေမဲ့ သူကအဖွဲ့တစ်ဖွဲ့လုံးကို၀မ်သုန့်နဲ့အတူ ဦးဆောင်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာတော့ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ အံ့ဖွယ်ရာတွေကို စတင်ခံစားရတော့တယ်။
ဘယ်သူကမှဟို့ယွိဟောင် ညွှန်ကြားချက်ပေးဖို့မလိုပါဘူး။ အားလုံးရဲ့နေရာက အတည်တကျဖြစ်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က အရှေ့ဆုံးမှာရပ်နေခဲ့ပါတယ်။ ကျ်ိုးစီချန် ချိုက်ကျင်းရွှမ်နဲ့ ရှောင်းရှောင်းတို့က ဒုတိယနေရာမှာပါ။ လန်စုစုနဲ့ လန်လော့လော့တို့ကတော့ အနောက်မှာရှိနေခဲ့တယ်။
အတန်းနံပါတ်နှစ်ရဲ့ စုစုပေါင်းစွမ်းအားက ကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် သူတို့မှာအားနည်းချက်ရှိနေခဲ့တယ်။ သူတို့မှာထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်တွေမရှိပါဘူး။ ဟို့ယွိဟောင်တို့ဖက်မှာကတော့ ရှောင်းရှောင်းကိုဖယ်ထားမယ်ဆိုရင်တောင် ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်က လေးယောက်ရှိနေခဲ့တယ်။
မုကျင်းနဲ့ ကျိုးယိတို့က မထိုင်ကြပါဘူး။ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်နေရင်း ကျောင်းသားတွေကိုကြည့်နေခဲ့ပါတယ်။ သူတို့ရဲ့ကျောင်းသားတွေက သေချာပေါက် သူမတူအောင်ထူးခြားတဲ့ ပါရမီရှင်တွေပါ။ အများစုက အပြင်နယ်မြေရဲ့အဓိကတပည့်သားတွေဖြစ်နေခဲ့တယ်။ အကယ်၍ ဒီကလေးတွေတစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် အထက်အကြီးပိုင်တွေကိုဘယ်လိုပြန်ဖြေရမှာလဲ။ မုကျင်းကလဲ ကျိုးယိလို ၀ိညာဥ်စက်ကွင်းခြောက်ကွင်းရှိတဲ့ ၀ိညာဥ်ဧကရာဇ်ဖြစ်နေခဲ့တယ်။
နှစ်ဖက်စလုံးက အရှေ့ကိုလျှပ်စီးလက်သလိုမျိုးမြန်ဆန်းအရှိန်နှုန်းနဲ့ ပြေးတက်လို့လာနေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဘေးချင်ယှဥ်လျက်ရှိနေခဲ့ပြီ ဟို့ယွိဟောင်ရဲ့ဘယ်ဘက်လက်က ၀မ်သုန့်ရဲ့ညာဘက်လက်ကို ဆွဲထားခဲ့ပါတယ်။ ထူးထပ်အားကောင်းတဲ့၀ိညာဥ်စွမ်းအားတွေက သူ့တို့ခန္ဓာကိုယ်ဆီကနေ တိုက်ရိုက်လှိုင်းသဏ္ဍာန်နဲ့ ထွက်ပေါ်နေခဲ့တယ်။
နှစ်ဖက်စလုံးမီတာငါးဆယ်အထိ နီးကပ်လာပြီချိန်မှာဟို့ယွိဟောင်က သူ့ရဲ့ဘယ်ဘက်လက်ကို ခါလိုက်ပါတော့တယ်။ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က လေထဲကိုအရှိန်ပြင်းပြင်းနဲ့ လွှင့်မျောလို့သွားခဲ့ပြီ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ အတောင်ပံတွေက ချက်ချင်းနီးကပ်လို့သွားခဲ့ပါတယ်။ သူကဟို့ယွိဟောင်ကိုပွေ့ဖက်လိုက်ပါပြီ။
တောက်ပတဲ့အလင်းတန်းက သူတို့နှစ်ယောက်ကိုဗဟိုပြုရင်းပတ်ပတ်လည်ငါးမီတာအထိကြီးထွားလာပါတော့တယ်။ သူတို့ခန္ဓာကိုယ်နှစ်ခုက ပြိုင်ဘက်ကင်းအောင်တောက်ပလို့နေခဲ့ပြီ အပြာရောက် ခရမ်းရောင်နဲ့ ရွှေရောင်အလင်းတန်းတွေက ဆက်တိုက်လှည့်ပတ်လို့နေခဲ့တယ်။
၀မ်သုန့်ရဲ့အနောက်ဖက်မှာကြီးမားတဲ့အလင်းတန်းကြီးက ထွက်ပေါ်လာခဲ့ပါပြီ။ ဒါကခမ်းနားတဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ပါပဲ။
ဟို့ယွိဟောင်ရဲ့အနောက်ဖက်မှာကတော့ ကြီးမားတဲ့ဒေါင်လိုက်မျက်လုံးကြီးရှိနေခဲ့တယ်။ ဒါကရွှေရောင်တောက်ပနေခဲ့သလို ကြီးမားတဲ့ခရမ်းရောင်အငွေ့အသက်တွေလဲ စွန်းထင်လို့နေခဲ့ပါတယ်။ အလင်းတန်းနှစ်ခုက တစ်ချိန်ထဲမှာပဲ ပေါင်းစည်းလို့သွားခဲ့ပါပြီ။
” ရှောင်ရှားကြ ”
ထိုက်ဟွပင်းက အော်ဟစ်လိုက်ရင် အရှေ့ကိုပြေး၀င်တော့တယ်။
ဒီလိုထူးဆန်းတဲ့ဗျူဟာကို သူတို့အသုံးပြုတာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ထိုက်ဟွပင်း ကျုးလုနဲ့ ချွေ့ရာကျီးတို့ကို အနိုင်ယူဖို့အတွက် ဒီတိုက်ခိုက်မှုတွေကိုအသုံးပြုခဲ့တာပါ။ ထိုက်ဟွပင်းအနေနဲ့ ဒီလမ်းကိုသိသိချင်း ထအော်တာပုံမှန်ပါပဲ။
ဒါပေမယ့် သူထိတ်လန့်နေချိန်မှာပဲ ဟို့ယွိဟောင်ရူးနေပြီလို့ ခံစားမိပါတယ်။ ပြိုင်ပွဲကအခုစတုန်းရှိသေးတာပါ သူ့လဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကသာ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကိုသုံးနေခဲ့ပါပြီ။ ဒါ့အပြင် ရွှေရောင်လမ်းကကြောက်စရာကောင်းလွန်ပေမဲ့ တစ်ချက်ထဲသုံးနိုင်မှာပါ။ မျဥ်းဖြောင့်သဏ္ဍာန်အတိုင်းသုံးနိုင်မှာဖြစ်ပြီ ၀ိညာဥ်စွမ်းအားတွေကလဲ အများကြီးကုန်ဆုံးသွားပါဦးမယ်။ ဘယ်သူကဒီလိုမျိုးတိုက်ခိုက်လို့လဲ သူရူးနေတာလား ဒီလိုမျိုးတစ်ဖက်ရန်သူတွေက မျဥ်ဖြောင့်အတိုင်းအမြဲရှိနေမယ်လို့သူထင်လို့လား။
ထိုက်ဟွပင်းရဲ့ လှုပ်ရှားမှုက မြန်ဆန်းပါတယ်။ ဒါပေမယ့် အတန်းနံပါတ်နှစ်ရဲ့ကျောင်းသားတွေကလဲ မနှေးကွေးခဲ့ပါဘူး။ ချက်ချင်းဆိုသလို သူတို့ဘေးကိုရှောင်လိုက်ကြရင်း အလယ်နေရာကို ခွာချလိုက်ပါတော့တယ်။ အားလုံးက ရွှေရောင်လမ်းနဲ့ထိမိမှာကိုကြောက်နေခဲ့ကြတယ်။
တောက်ပတဲ့သုံးရောင်ခြယ်ရွှေရောင်အလင်းတန်းက ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် လေထဲမှာခဏတာအတွင်းပျောက်ကွယ်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲမူလနေရာကို ရောက်သွားခဲ့ပါပြီ။ သူတို့က သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကိုမသုံးခဲ့သလို ထိတောင်မထိခဲ့ပါဘူး။ သူတို့တွေက အမြဲတမ်းနယ်မြေရဲ့အလယ်တည့်တည့်ကို ခွာပြီရှိနေခဲ့တာပါ။ လက်ရှိအချိန် အဖွဲ့ကထိုက်ဟွပင်းနဲ့ တခြားသူတွေလူကွဲသွားချိန်မှာနေရာအသီးသီးပြောင်းသွားကြပါတော့တယ်။
ဒါကပြီးပြည့်စုံတဲ့ပုံစံတူတုပမှုပါပဲဲ။ ဟို့ယွ်ိဟောင်က စိတ်၀ိညာဥ်မျက်လုံးရဲ့လုပ်ဆောင်ချက်တွေနဲ့ သူ့ရဲ့၀ိညာဥ်စွမ်းအားတိုးတက်လာမှုကို ဘယ်လိုအသုံးချနိုင်လဲဆိုတာ ကောင်းကောင်းသိနေခဲ့ပါတယ်။ ဟို့ယွိဟောင်နားလည်သွားခဲ့ပါပြီ။ တံခါးပိတ်ကျင့်ကြံမှုပြီတဲ့နောက် သူရရှိထားတဲ့စွမ်းအားတွေအကြောင်းနားလည်သဘောပေါက်မှုက အဆုံးစွန်းအထိတက်သွားခဲ့ပါတယ်။ ဒါကြောင့်သာပုံစံတူတုပမှုရဲ့ စွမ်းအင်သက်ရောက်မှုက သုံးမိီတာကနေ ငါးမီတာအထိကို တိုးတက်သွားခဲ့တာပါ။
အပိုင်း ၁၃၂•၂ ပြီး၏။