Switch Mode

Chapter – 132.1

အတန်းရဲ့လိပ်ခဲတဲလဲအခြေအနေ

အပိုင်း ၁၃၂•၁

” အတန်းရဲ့လိပ်ခဲတဲလဲအခြေအနေ ”
°°°
” ဆရာကျိုး ”

ဟို့ယွိဟောင်က ကျိုးယိရဲ့အရှေ့ကို ရောက်လာရင်းတလေးတစားဦးညွတ်လိုက်ပါတယ်။

သူတို့တွေကျောင်းတော်ကနေ ထွက်ခွာသွားခဲ့တာ သုံးလကျော်ခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ သူ့တပည့်သားနှစ်ယောက်ကို ကျိုးယိကကြည့်နေခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးလလုံးလုံးသူတို့ကျော်ဖြတ်ခဲ့ရတဲ့ကိစ္စတွေက ဒီကလေးတွေကိုအများကြီးတည်ငြိမ်လို့သွားစေခဲ့တယ်။ သူတို့တွေက အရပ်တွေတောင်ရှည်လာခဲ့ပါပြီ။

ဒါ့အပြင် တောက်ပနေတဲ့မျက်၀န်းတွေနဲ့ ခိုင်မာလွန်တဲ့အကြည့်က ကျိုးယိကိုတောင် ပိုပြီးထိတ်လန့်လာစေခဲ့ပါတယ်။ ဒါကမယိုင်လဲနိုင်တဲ့ယုံကြည်မှုနဲ့ မတုန်လှုပ်တဲ့သစ္စာတရားပါပဲ။ ဒီလိုအကြည့်မျိုးတွေကို အတွင်းနယ်မြေတပည့်သားဆီကသာ မြင်ဖူးခဲ့တာပါ။

ဒီကလေးတွေကိုသူအများကြီးရင်းရင်းနှီးနှီးသိတဲ့အတွက် ပိုပြီးအံ့ဩနေခဲ့ပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ကျိုးယိရဲ့မျက်လုံးထဲမှာတော့ လုံး၀ပုံစံပြောင်းသွားတဲ့အတိုင်းပါပဲ။ ငယ်ရွယ်ပြီအတွေ့အကြုံနုနယ်သေးတဲ့ အရေးခွံကိုခွာချပြီ ပိုမိုရင့်ကျက်အတွေ့အကြုံရှိလာကြပုံပါပဲ။ အသက်ဆယ်သုံးနှစ်မပြည့်သေးတဲ့ကလေးတွေလို့တောင် မထင်ရတော့ပါဘူး။ ကျိုးယိလဲ သူတို့ရဲ့ မျက်၀န်းတွေထဲကနေ ထိပ်တန်းအဆင့်၀ိညာဥ်ပညာရှင်တွေရဲ့ စတင်အခြေခံတဲ့စိတ်သန္ဓေကို မြင်နေခဲ့ရတယ်။

” အားလုံးပြန်လာကြတာကို မြင်ရတာ၀မ်းသာတယ် ”

ကျိုးယိလဲ သူ့အသံတုန်ရီနေမှန်း နားလည်သွားခဲ့ရပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က အပြင်နယ်မြေမှာသူသင်ကြားဖူးသမျှကျောင်းသားတွေအားလုံးထဲ အထူးချွန်ဆုံးသူတွေကြီးပါပဲ။

ဒီကလေးသုံးယောက်ကိုအများကြီးယုံကြည်မျှော်လင့်ထားခဲ့သလို မျှော်လင့်ချက်ကြီးလေစိတ်ပျက်မှုကြီးလေပါပဲ။ ဒီကလေးသုံးယောက်မရှိတဲ့သုံးလတာကာလပတ်မှာ သူမအနေနဲ့ အတော်ကိုစိတ်မတည်မငြိမ် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျောင်းတော်ထဲမှာ သူ့ရဲ့ရာထူးက အများကြီးမမြင့်မားတာကြောင့် လျှိူ့၀ှက်ချက်တွေကိုလဲ မသိခဲ့ရပါဘူး။

တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲထဲမှာ ကလေးတွေဘယ်လိုလုပ်ခဲ့လဲဆိုတာကို ဖန်းယွီဆီကနေသာတအံ့တဩကြားသိခဲ့ရတယ်။ အများကြီးဂုဏ်ယူခဲ့ရသလို ဒီကလေးတွေကသူကျောင်းသားတွေဖြစ်တဲ့အတွက်လဲ ပိုပြီး၀မ်းသာခဲ့ရတယ်။ ဒီလိုပြန်လာစေဖို့အတွက် တောင်းတမျှော်လင့်ခဲ့ရတာကြာပါပြီ။ ဒါ့အပြင် ကလေးတွေကိုအတွင်းနယ်မြေထဲရောက်စေဖို့အတွက် သူတွေးနေခဲ့မိတယ်။

ကလေးသုံးယောက်က နောက်ဆုံးမှာပြန်လာခဲ့ပါပြီ။ အကြီးအကဲရွှမ်က ဒီကလေးတွေကိုအပြင်နယ်မြေမှာ ဆက်ပြီသင်ယူစေချင်တဲ့အကြောင်း ဆုံးဖြတ်ချက်ချခဲ့မှန်း ဖန်းယွီက ကျိုးယိကိုပြောပြခဲ့ပါတယ်။ ​ပျော်လွန်လို့သူတစ်ညလုံးတောင်အိပ်လို့မရခဲ့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့နောက်ဆက်တွဲတံခါးပိတ်ကျင့်ကြံမှုက နှစ်လတိတိကြာမြင့်ခဲ့တယ်။ ကျိုးယိနဲ့ ဒီကလေးတွေကြားမှာရှိတဲ့ ဆက်ဆံရေးက သာမန်တပည့်ဆက်ဆံရေးတောင်မဟုတ်တော့ပါဘူး။ စိတ်ပိုင်ဆိုင်ရာသံယောဇဥ်တွေက အများကြီးပါ၀င်နေခဲ့တယ်။ သူ့ရဲ့သွေးရင်းသားရင်းကလေးတွေကြီးပြင်းလာတာကို ကိုယ်တိုင်မျက်မြင်တွေ့ကြုံနေရတဲ့အတိုင်းပါပဲ။

ကျိုးယိက ပျော်ရွှင်နေခဲ့ပေမဲ့ မုကျင်းရဲ့မျက်နှာကတော့ မည်းမှောင်နေခဲ့ပါပြီ။ သူမရဲ့မောက်မာနေတဲ့အကြည့်က ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ တခြားကလေးနှစ်ယောက်လဲ အပြုအမူနဲ့ပုံစံတွေက အရင်နဲ့ကွာခြားနေတာကို သူခံစားမိပါတယ်။ သူမရဲ့အပြတ်အသတ်အနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်က လက်ရှိအချိန်မှာ ထိခိုက်လို့သွားခဲ့ရပါပြီ။

ထိုက်ဟွပင်းက သူ့အနားကိုကပ်လာရင်းခပ်တိုးတိုးပြောလိုက်တယ်။

” ကျွန်တော်တို့ သေချာပေါက် အနိုင်ရမှာပါဆရာမု စတေးရမယ်ဆိုရင်တောင် သေချာပေါက် နိုင်ရမယ် ”

သူ့ကိုကြည့်ရင်း မုကျင်းရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါတယ်။ ထိုက်ဟွပင်းက သူ့ခေါင်းကိုညိတ်ပြလိုက်တယ်။ မုကျင်းလဲ သူ့မျက်လုံးထဲက တောက်ပနေတဲ့မီးလျှံတွေကို မြင်နေခဲ့ရပါပြီ။ ဒီတိုက်ခိုက်လိုစိတ်က ဘယ်လောက်တောင်အံ့ဩစရာကောင်းလိမ့်မလဲ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို ထိုက်ဟွပင်းက ဘယ်တုန်းကမှအမြင်မကြည်ခဲ့ပါဘူး။ သူတို့ရဲ့ထွက်ပေါ်လာခဲ့မှုက သေချာပေါက် သူ့ရဲ့တိုက်ခိုက်လိုစိတ်ကို အများကြီးထိုးတက်သွားစေခဲ့ပါတယ်။

မုကျင်းက အေးစက်စက်ပြောလာခဲ့တယ်။

‘” ရိုးသားမှုဆိုတာက အကောင်းဆုံးစည်းမျဥ်းတစ်ခုပဲ ဆရာကျိုး ကြည့်ရတာမင်းကငါ့အတွက် ဒီ၀ှက်ဖဲတွေကိုအစောကြီးကထဲက ပြင်ဆင်ထားပုံရတယ်…~ဆရာကျိုးအနေနဲ့ ဒီလိုတိုက်ပွဲဗျူဟာမျိုးကို ထုတ်သုံးနေပြီဆိုတာ မမျှော်လင့်စရာကောင်းလိုက်တာ ”

ဟို့ယွိဟောင်နဲ့ ကျောင်းသားတွေကတော့ သူအမြင်အရပြန်ရောက်လာတာကြာပါပြီ။ ကျိုးယိက ဒါကိုဖုံးကွယ်ထားတာဖြစ်ပါလိမ့်မယ်။

ကျိုးယိရဲ့စိတ်ထားဆိုတာဘယ်လိုလဲ သူကသေချာပေါက်မုကျင်းကိုရှင်းပြမှာမဟုတ်ပါဘူး။

” ၀ိညာဥ်လက်ရည်ယှဥ်နယ်မြေမှာ ငါတို့တွေ့ကြမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား ငါရဲ့ကျောင်းသားတွေက ၀ိညာဥ်စွမ်းအားက အရာအားလုံးမဟုတ်ဘူးဆိုတာ နင်ကိုသေချာ​သက်သေပြလိမ့်မယ် ”

မုကျင်းကတော့ အံ့ကြိတ်ရင်းနဲ့ သူကျောင်းသားတွေကိုခေါ်ပြီ ၀ိညာဥ်လက်ရည်ယှဥ်တဲ့နယ်မြေကိုသွားခဲ့ပါပြီ။

” အစ်ကိုကြီးဟို့ရေ ပြန်လာပြီပေါ့ ”

ကျိုးစီချန်က ဟို့ယွိဟောင်ဆီကိုချက်ချင်းပြေးဖက်ရင်းနဲ့ ထအော်ပါတော့တယ်။ သူကလက်ရှိအချိန် ယာယီအတန်းခေါင်းဆောင်လုပ်နေခဲ့ရတာပါ။ ဒီကိစ္စကြီးက သူ့အတွက်အရမ်းကိုဖိအားများလွန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ပြန်လည်ရောက်ရှိလာခဲ့မှုက သူ့အတွက်တော့နွေဦးလေပြေညင်းလေတိုက်ခတ်လာသလိုပါပဲ။ သူ့ရဲ့စိတ်ပိုင်ဆိုင်ရာဖိအားတွေအားလုံးက လေထဲကိုပျောက်ကွယ်လို့သွားခဲ့ပါပြီ။

အတန်းနံပါတ်တစ်ရဲ့တခြားကျောင်းတော်တွေအားလုံးကလဲ ချက်ချင်းဆိုသလိုပြေးလာပြီ သူ့ကိုသတင်းမေးကြပါတော့တယ်။ အစောတုန်းက ကျဆင်းနေခဲ့တဲ့စိတ်ဓာတ်အခြေအနေက ချက်ချင်းဆိုသလို တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ပါပြီ။ အားလုံးကကျောင်းတော်ထဲကို လူသစ်တွေအဖြစ်နဲ့ ၀င်ရောက်လာခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံမှုအပါအ၀င် အားထုတ်မှု ကြိုးစားမှုတွေအားလုံးကိုမြင်ခဲ့ရသလို တူညီတဲ့ဆက်တိုက်တိုးတက်မှုကလဲ မျက်စိရှေ့မှာဖြစ်လာခဲ့တာပါ။ ဟို့ယွိဟောင်က အတန်းခေါင်းဆောင်ဖြစ်ပြီ အခုအချိန်ကထဲကနေ သူတို့တစ်ခါမှ စိတ်ပျက်အောင်မလုပ်ခဲ့ဖူးပါဘူး။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ပြန်လာမှုက သူတို့အတွက်အများကြီးစိတ်ခွန်အားဖြစ်စေခဲ့ပါတယ်။

အကယ်၍ အတန်းတစ်ခုလုံးကိုတည်ဆောက်ရေးအခန်းတစ်ခုအဖြစ် ချဲ့ပြောရမယ်ဆိုရင် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က အခိုင်မာဆုံးတိုင်လုံးတွေလို့ ပြောရမှာပါ သူတို့သုံးယောက်က အတန်းတစ်တန်းလုံးရဲ့ ဖိအားကိုသယ်ဆောင်ပေးနိုင်ပါတယ်။

ကျိုးစီချန် ဖက်ထားနေချိန်မှာပဲ ဟို့ယွိဟောင်ကပြောလာခဲ့တယ်။

” ကျောင်းတော်က ငါတို့ကို ရိုးရှင်းတဲ့ကိစ္စတစ်ခုခိုင်းလိုက်တာ တချို့ကိစ္စတွေကြောင့် နှောင့်နှေးသွားခဲ့ရတယ်လေ အရင်ဆုံးသွားကြမယ်…အတန်းနံပါတ်နှစ်ရဲ့ကျောင်းသားတွေစောင့်ရအောင်မလုပ်နဲ့ ”

ဟို့ယွိဟောင်ရဲ့ပုခုံးကို ကျိုးစီချန်က လက်သီးနဲ့တစ်ချက်ထိုးလိုက်ရင်း ပြောပါတယ်။

” အစ်ကိုကြီးဟို့ သူတို့ကိုအလဲထိုးပြစ်ဖို့အတွက် ယုံကြည်ချက်ရှိနေတာလား တွေးမိမှာမဟုတ်ဘူးနော် ထိုက်ဟွပင်းနဲ့ တခြားသူတွေက အစ်ကိုတို့မရှိဘူးဆိုတာနဲ့ အနိုင်ရပြီဆိုပြီမော်ကြွားနေကြတာ သူတို့ကို အတော်လေးစိတ်ရှည်နေရတာကြာပြီ ကျေးဇူးပြုပြီး ငါတို့ကို ဦးဆောင်ရင်းသင်ခန်းစာကောင်းကောင်းပေးပေးပါဦး ”

ချိုက်ကျင်းရွှမ်ကတော့ သူ့သူငယ်ချင်းကိုသူစဖို့မမေ့ပါဘူး။

” တချို့သူတွေက တအားကိုအရှက်မရှိလွန်ပါတယ်…အစောပိုင်းတုန်းက လက်ထပ်ပွဲအိမ်ဆောင်ထဲကို၀င်ဖို့ ခြောက်ခြားနေတဲ့အပျိုလေးတစ်ယောက်လို စိုးရိမ်ပူပန်နေပြီ အခုကြတော့ တအားကိုစိတ်အားထက်သန်တဲ့ ခင်ပွန်းလောင်ဖြစ်သွားတဲ့ပုံပဲ ”

” မင်းပါးစပ်ပိတ်နေရင်းသေသွားမှာမလို့လား ”

ကျိုးစီချန်က ထအော်ပါတယ်။

” သေချာတာပေါ့ ”

ချိုက်ကျင်းရွှမ်ကတော့ ရယ်နေခဲ့တယ်။

” ယုံကြည်ချက်ဆိုတာက ငါတို့ပါးစပ်ထဲမှာရှိနေတဲ့အရာမဟုတ်ဘူးလေ သက်သေပြရမဲ့အရာပဲ လာပါတိုက်ခိုက်ရအောင် ”

အဲ့ဒီနောက် ကျိုးစီချန်တို့ကို လက်ဝှေ့ရမ်းပြရင်း ကျိုးယိအနောက်ကနေလိုက်သွားပါတော့တယ်။

အတန်းနံပါတ်သုံးနဲ့ လေးကတော့ ဘေးကနေသာထိုင်ကြည့်နေခဲ့တာပါ။ အတန်းနံပါတ်သုံးရဲ့ အရှေ့ဆုံးမှာရပ်နေတဲ့သူကတော့ သူတို့အတန်းခေါင်းဆောင်နင့်ထျန်းပဲဖြစ်ပါတယ်။ သူက ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကို ပိုင်ဆိုင်တဲ့သူပါ။ သူ့ဘေးနားမှာရှိနေတဲ့ မိန်းမငယ်လေးကတော့ ခပ်တိုးတိုးပြောနေခဲ့တယ်။

” အစ်မကြီးထျန်းအယ် တခြားသူတွေက အချိန်ကိုက်ပြန်လာတာပဲ ဘယ်သူနိုင်မယ်လို့ထင်လဲ ”

နင့်ထျန်းက ဟို့ယွိဟောင်ကိုတစ်ချိန်လုံးကြည့်နေခဲ့ပြီ သူပျောက်ကွယ်သွားတော့မှသာ သက်ပြင်းချလိုက်ပါတယ်။

” ပြောဖို့ခက်တယ် ဟို့ယွိဟောင်ရဲ့တကယ်စွမ်းအားအစစ်အမှန်က ထူးဆန်းလွန်တယ်…သူက စိတ်၀ိညာဥ်အမျိုးအစားပိုင်ဆိုင်မှုမှာလဲ အရမ်းကို ပြိုင်ဘက်ကင်းလွန်တယ်…ဒါပေမယ့် အတန်းနံပါတ်နှစ်ကလဲ တိုက်ပွဲအင်အားအရာမှာသာလွန်နေသေးတယ်…ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့ တတိယ၀ိညာဥ်စက်ကွင်းတွေကိုမရသေးသရွေ့ ပြောလို့မရနိုင်ဘူး…ဟို့ယွိဟောင်က အတန်းနံပါတ်တစ်ရဲ့ အဓိကအချက်အခြာပဲ သူတို့စိတ်ပိုင်ဆိုင်ရာခေါင်းဆောင်လို့တောင်ပြောလို့ရတယ်…အတွင်းနံပါတ်တစ်က သူသာရှိနေမယ်ဆိုရင် စိတ်ဓာတ်အရမ်းကိုတက်ကြွလို့နေတယ်…တိုက်ခိုက်လိုစိတ်ကလဲ သေချာပေါက်အပြည့်အ၀ထွက်ပေါ်လာမှာပဲ ”

” စိတ်ပိုင်ဆိုင်ရာခေါင်းဆောင်တဲ့လား အစ်မနဲ့ အတန်းနံပါတ်သုံးလိုပဲလား ဒီတိုက်ခိုက်မှုက ငါတို့အတွက် မဟုတ်နေတာတော့နှမြောစရာပဲ မဟုတ်ရင် တိုက်ပွဲမှာဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စိတ်၀င်စားစရာကောင်းဦးမယ် ”

နင့်ထျန်းက မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလိုက်ပါတယ်။

” မစိုးရိမ်နဲ့ အဲ့ဒီနေ့ရောက်လာမှာပါ လာအထဲသွားမယ် ”

အတန်းနံပါတ်သုံးနဲ့လေးရဲ့ ဆရာတွေကမရှိကြပါဘူး။ အတန်းနှစ်ခုစလုံးက ဒီပြိုင်ပွဲကိုတိုက်ရိုက်မပါ၀င်ကြလို့ပါ။ နင့်ထျန်းကတော့ သူအတန်းတင်မက အတန်းနံပါတ်လေးထဲကလူတွေကိုပါဦးဆောင်ရင် အထဲကို၀င်သွားပါတော့တယ်။ ဒီအတန်းနှစ်ခုရဲ့ တိုက်ခိုက်နိုင်စွမ်းက အတန်းနံပါတ်တစ်နဲ့ နှစ်ကိုတော့ ယှဥ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် သူတို့မှာ ပုံမှန်မဟုတ်လောက်အောင် အားကောင်းတဲ့အတန်းခေါင်းဆောင်နင့်ထျန်းရှိနေခဲ့ပါတယ်။ ဒါကြောင့် အတန်းနံပါတ်သုံးနဲ့ အတန်းနံပါတ်လေးတို့ရဲ့ပူးပေါင်းမှုက အထင်ကြီးစရာကောင်းနေခဲ့တယ်။

အတန်းနံပါတ်လေးရဲ့ ကျောင်းသားတစ်ရာကျော်က ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေကို ဖြည်းဖြည်းချင်း၀င်လာခဲ့ပါပြီ။ အားလုံးက စောင့်ကြည့်သူနယ်မြေမှာရပ်လိုက်ကြပါတယ်။ ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်တို့နှစ်ယောက်စလုံးလဲ ပါ၀င်ယှဥ်ပြိုင်ခဲ့တယ်။ ဒီလိုသာမဟုတ်ဘူးဆိုရင် သူတို့အနေနဲ့ သေချာပေါက် ပြိုင်ပွဲစင်မြင့်ပေါ်မှာ လောင်းကစား၀ိုင်းထောင်နေလောက်ပါပြီ။ ဒါက အပျော်သဘောလုပ်တယ်ဆိုပေမဲ့ ပိုက်ဆံကိစ္စလဲသိပ်အရေးမကြီးသလို ပါတော့ပါနေခဲ့တယ်။ သူတို့က လောင်းကြေးထပ်မယ်ဆိုရင် သေချာပေါက်အတန်းနံပါတ်တစ်ကိုပဲ လောင်းကြေးထပ်မှာပါ။ သူတို့အနေနဲ့ သူတို့အတန်းရဲ့ဂုဏ်ကျက်သရေကအရေးကြီးဆုံးဖြစ်နေခဲ့တယ်။

” အစ်ကိုကြီး ငါတို့ရဲ့တိုက်ပွဲဗျူဟာကို စီစဥ်ပေး ”

ကျိုးစီချန်က ရှိရှိသမျှတာ၀န်၀တ္တရားတွေကို ဟို့ယွိဟောင်ပြန်လာလာချင် ထိုးအပ်ပါတော့တယ်။ ဒါကသူ့အတွက်တော့ ၀န်ထုတ်၀န်ပိုးပါပဲ။ အတန်းနံပါတ်တစ်ကို ကိုယ်စားပြုတဲ့ကျောင်းသားတွေက ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်း ကျိုးစီချန် ချိုက်ကျင်းရွှမ် လန်စုစုနဲ့ လန်လော့လော့တို့ပါ။

ကျိုးစီချန် ချိုက်ကျင်းရွှမ် လန်စုစုနဲ့ လန်လောလော့တို့က အရမ်းကိုစိတ်ဓာတ်တက်ကြွနေကြပြီ ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်းတို့ကတော့ တူညီတဲ့အမူအရာနဲ့ ရှိနေခဲ့ပါတယ်။

တိုက်ကြီးရဲ့ ကျောင်းတော်အဆင့်တက်စာမေးပွဲမှာ သူတို့ယှဥ်ပြိုင်လာခဲ့မှုက အတော်ကိုများပြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီပြိုင်ပွဲက သူတို့အတွက်ဘာမှမဟုတ်ပါဘူး။ အစောပိုင်းပြိုင်ခဲ့တဲ့ ပြိုင်ပွဲကသူတို့ရဲ့ အဆင့်ထက်အများကြီးကျော်လွန်နေခဲ့သလို တကယ်ကိုကြောက်စရာကောင်းလွန်လှပါတယ်။ အမှန်တရားကတော့ သူတို့ရဲ့ထူးခြားတဲ့ စွမ်းဆောင်မှုတွေကိုထုတ်သုံးနိုင်ဖို့အတွက် ကံတရားကလဲ အဓိကအခြေအနေမှာ ပါ၀င်နေခဲ့တယ်။ ဒါကြောင့်သာ နောက်ဆုံးမှာချန်ပီယံဖြစ်လာခဲ့တာပါ။

ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့သာ နောက်ဆုံးအချီမှာ ဒဏ်ရာမရခဲ့ကြဘူးဆိုရင် သေချာပေါက် သူတို့လဲ အမြွှာသိုင်းပညာ၀ိညာဥ်ရဲ့အစွမ်းနဲ့ အနိုင်ရဖို့တောင်မလွယ်ပါဘူး။

ဒီအချိန်မှာတော့ ကွာခြားလို့နေခဲ့တယ်။ သူတို့က ကျောင်းတော်ကိုပြန်ရောက်နေခဲ့ပါပြီ။ ဒုတိယနှစ်ကျောင်းသားတွေလဲ ဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန် သူတို့လုပ်ဖို့လိုတာက သက်တူရွယ်တူအုပ်စုတစ်ခုနဲ့ တိုက်ခိုက်ရမှာပါပဲ။ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲကိုတောင် ဖြတ်ကျော်လာခဲ့ပြီတဲ့သူတို့က ဘာကြောင့်ဖိအားများနေဦးမှာလဲ။ ဟို့ယွိဟောင်က သေချာပေါက် အားလုံးကို ညွှန်ကြားပေးတဲ့သူပါ။ သူတို့သုံးယောက်က တိုက်ပွဲရဲ့နောက်ဆုံးရလဒ်ကို ရလာစေနိုင်ဖို့အဓိကအချက်အခြာတွေဖြစ်နေခဲ့တယ်။ ဒီပြိုင်ပွဲက သူတို့အတွက်တော့ သိပ်ပြီဖိအားမကြီးပါဘူး။

” ဘာမှစီစဥ်နေဖို့မလိုဘူး ပြိုင်ပွဲမှာဒီအတိုင်းသွားကြမယ် ”

ဟို့ယွိဟောင်က ပြုံးပြရင်းသာ ဖြေလိုက်ပါတယ်။

ကျိုးစီချန်လဲ လန့်သွားခဲ့တယ်။ အကယ်၍ ဒီစကားသာတစ်ယောက်ယောက်ရဲ့ပါစပ်ထဲကနေ ထွက်လာခဲ့တာဖြစ်မယ်ဆိုရင် သေချာပေါက် မောက်မာနေတယ်လို့ ခံစားရမှာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ပြောတယ်ဆိုရင်တော့ ဒီကိစ္စက အမှန်တရားလိုဖြစ်သွားပါပြီ။ ဟို့ယွိဟောင်က ဒီစကားကိုပြောပြီတဲ့နောက် ဘာမှထူးခြားတယ်လို့ မခံစားရပါဘူး။

လန်စုစုက ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။

” အတန်းခေါင်းဆောင်ကတော့လေ တကယ်ကိုခြိမ်းခြောက်မှုအပြည့်ဖြစ်နေတာပဲ ”

ဟို့ယွိဟောင်လဲ ရယ်မောရင်းပြန်ဖြေလိုက်တယ်။

” ဒီလိုဖြစ်နေတော့လဲ နည်းနည်းတော့ကောင်းတာပေါ့ ”

အပိုင်း ၁၃၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset