Switch Mode

Chapter – 131.3

ထန်မျိုးနွယ်

အပိုင်း ၁၃၁•၃

” ထန်မျိုးနွယ် ”
°“°
ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့သုံးယောက်က သူလောက်တောင်အင်အားမကြီးပဲမဲ့ ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကို ပါ၀င်ယှဥ်ပြိုင်နေရတယ်ဆိုတဲ့အသိနဲ့တင် ထိုက်ဟွပင်းက အတော်ကိုမကျေမနပ်ဖြစ်နေခဲ့ပါတယ်။ သူတို့တွေသွားတာအတော်ကို ကြာလှနေပါပြီ။ ဒါပေမယ့် အခုအထိပြန်ရောက်သေးပါဘူး။ ပြိုင်ပွဲမှာသေကုန်ကြတာလား မနက်ဖြန်အတန်းနံပါတ်တစ်ကို အရှက်ခွဲပြီမှ ဒီအကြောင်းကိုစုံးစမ်းဖို့အတွက် သူစဥ်းစားထားခဲ့ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကိုလူလွှတ်ပြီ လုပ်ကြံခဲ့တဲ့နောက် မအောင်မြင်ရခဲ့တာကနေလို့ သူတိုးတိုးတိတ်တိတ်သာနေပါတော့တယ်။ မနားမနေလေ့ကျင့်ပြီ အပြင်လောကနဲ့တောင်မထိတွေ့သလောက်ပါပဲ။ တခြားတစ်ဖက်မှာ ထိုက်ယွဲ့ဟန်ကတော့ အတွင်းနယ်မြေကို ပြန်ရောက်လာနေပြီတဲ့နောက် ပြိုင်ပွဲထဲကအကြောင်းဘာမှမပြောဖို့ညွှန်ကြားခံထားရပါတယ်။ ဒါ့အပြင် အတွင်းနယ်မြေကလဲ သူ့ကိုမကြာခင်ရောက်ရှိလာတော့မဲ့ကျောင်းတော်ပြီးဆုံးမှုအတွက် ဆက်တိုက်ဖိအားပေးပြီလေ့ကျင့်စေခဲ့တယ်။

ဒါကြောင့်သာ အပြင်နယ်မြေရဲ့ဘယ်သူကမှ ပြိုင်ပွဲအကြောင်းကို မသိကြတာပါ။ ကျောင်းတော်က သူတို့တွေချန်ပီယံအဖြစ်ပြန်လာကြတယ်လို့သာ ကြော်ငြာခဲ့ပါတယ်။ ဒါပေမယ့်အသေးစိတ်ကိုဘာမှမပြောခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်အနေနဲ့ နှစ်စဥ်နှစ်တိုင်းချန်ပီယံရစေဖြစ်တဲ့အတွက် ကျောင်းသားတွေရဲ့မျက်လုံးထဲမှာ ဒါကမထူးဆန်းတဲ့ကိစ္စလဲဖြစ်နေခဲ့တယ်။

အမှန်တကယ်မှာတော့ အတန်းနံပါတ်နှစ်ရဲ့ ထိုက်ဟွပင်းတင်မကပါဘူး။ ကျန်ရစ်တဲ့အတန်းနံပါတ်တစ်လဲ အတူတူပါပဲ။ ကျုးလု ရှဲ့ဟွမ်ယွဲ့ ၀ူဖုန်းနဲ့ ဟွမ်ချုထျန်းတို့အားလုံးက လန်ညီအစ်မရဲ့ မိတ်ဆွေကောင်းတွေဖြစ်ခဲ့တာပါ။ ဒါပေမယ့် အားလုံးက ၀ူဖုန်းတို့ပဲ နင်းထုတ်ခံရပါတယ်။ အတန်းနံပါတ်တစ်က တိုက်ခိုက်ရေးအမျိုးအစားနဲ့ ထိန်းချုပ်ရေးအမျိုးအစားတွေကို လက်ခံတာဖြစ်ပြီ အတန်းနံပါတ်နှစ်မှာတော့ ခုခံရေးနဲ့အမြန်နှုန်းအမျိုးအစားတွေရှိနေခဲ့တယ်။ လက်ရှိအချိန် သူတို့မှာအထောက်အကူပစ္စည်းနဲ့ ၀ိညာဥ်ပညာရှင်တွေမရှိပေမဲ့ အားလုံးကအင်အားကြီးတဲ့အဖွဲ့တွေပါပဲ။ အထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်တွေတစ်ယောက်ရဲ့ အရေးပါအရာရောက်မှုက ၀ိညာဥ်လက်နက်တွေရဲ့တိုးတက်လာမှုနဲ့ ယှဥ်လို့ရနိုင်နေခဲ့တယ်။ လောကကြီးမှာ အထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်တွေက အတော်ကို ရှားပါးလာခဲ့ပါပြီ။

နောက်တစ်နေ့မနက်စောစောမှာတော့ ရာသီဥတုက အတော်လေးကို မှုံမိုက်လို့နေခဲ့ပါတယ်။ ဒါပေမယ့် လေထုကတော့ အရမ်းကို လတ်ဆတ်သန့်ရှင်းလို့နေခဲ့တယ်။ ပင်လယ်နတ်ဘုရားရေကန်ရဲ့ ရေငွေ့တွေကိုသယ်ဆောင်လာခဲ့ပြီ အသက်ရှုသွင်းရှုထုတ်လိုက်တိုင်းမှာ လန်းဆန်းတဲ့ခံစားချက်က တစ်ကိုယ်လုံးကိုပြည့်နှက်သွားခဲ့ပါတယ်။

အပြင်နယ်မြေမှာတော့ ကျောင်းသားတွေတော်တော်များများက ၀ိညာဥ်လက်ရည်ယှဥ်တဲ့နယ်မြေမှာ စုစည်းနေခဲ့ကြပါပြီ။ အားလုံးက အပြင်နယ်မြေရဲ့တတိယတန်းကြီးတွေပါပဲ။ ပထမနဲ့ ဒုတိယအတန်းတွေတင်မဟုတ်ပဲ တတိယနဲ့ စတုတ္ထတန်းတွေသာရှိခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အရမ်းကိုရိုးရှင်းခဲ့တယ်။ သူတို့တွေက လေ့လာပြီသင်ယူကြမလို့ပါ။

ကျိုးယိကတော့ မျက်နှာဖုံးတပ်ထားတဲ့အချိန်မှာရှိနေကြအတိုင်း အရမ်းကိုအေးစက်ပြီသီးခြားဆန်တဲ့ရုပ်ရည်သွင်ပြင်နဲ့ ရှိနေခဲ့ပါတယ်။ ဘယ်သူမှသူ့အနားလာကပ်မနေနိုင်အောင် ဆက်တိုက်သတိပေးနေသလိုပါပဲ။ ကျိုးစီချန်တို့အဖွဲ့က သူမရဲ့ဘေးမှာအဆင်သင့်ပါ။ ဒါပေမယ့် အခုအချိန်ထိစိတ်လှုပ်ရှားပြီ သူစိတ်ရှုပ်ထွေးနေခဲ့တယ်ဆိုတာသိသာလို့နေခဲ့တယ်။

အတန်းနံပါတ်နှစ်ကတော့ အနည်းငယ်နောက်ကျနေပါတယ်။ မုကျင်းရဲ့ခေါင်းဆောင်မှုအောက်မှာ ထိုက်ဟွပင်းတို့အားလုံးကတော့ အရမ်းကိုတိုက်ခိုက်လိုစိတ်အပြည့်ပါပဲ။ ကျန်ရစ်တဲ့ကျောင်းသားတွေအားလုံးကလဲ သူတို့နောက်မှာ စိတ်ဓာတ်တက်ကြွမှုအပြည့်နဲ့ရှိနေခဲ့တယ်။

သူတို့တွေဒီလိုဖြစ်နေတာ အံ့ဩစရာမရှိပါဘူး။ အတန်းနံပါတ်တစ်က အမြဲတမ်းအမှတ်အကောင်းဆုံးဖြစ်ပြီ တခြားအတန်းတွေထက် သာလွန်နေခဲ့တာပါ။ ဒါပေမယ့် အတန်းနံပါတ်နှစ်မှာတော့ ထူးခြားချက်တွေရှိနေခဲ့ပါတယ်။ အတန်းနံပါတ်နှစ်က ထိုက်ဟွပင်း ဟွမ်ချုထျန်းနဲ့ တခြားအဓိကတပည့်သားတွေရှိနေခဲ့တာကြောင့် အများကြီး အင်အားကောင်းနေခဲ့တယ်။ ဒါကြောင့်သာ သူတို့ရဲ့တိုက်ခိုက်လိုစိတ်က အဆုံးစွန်းအထိရောက်နေခဲ့တာပါ။ သူတို့ရဲ့ပေါင်းစည်းစွမ်းရည်က မယှဥ်သာနိုင်ပေမဲ့ အတန်းနံပါတ်နှစ်က ဒီနေ့ပြိုင်ပွဲမှာအသာစီးရနေတုန်းပါပဲ။

အတန်းနံပါတ်နှစ်ရဲ့ကျောင်းသားတော်တော်များများက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းရှိနေမယ်ဆိုရင်တောင် အတန်းနံပါတ်တစ်က သူတို့ပြိုင်ဘက်မဟုတ်ဘူးလို့ကြွေးကြော်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့မှာခုနှစ်ယောက်သာ ရွေးချယ်နိုင်လို့ပါပဲ။ နောက်ဆုံးတော့လဲ ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်နှစ်ယောက်က ၀ိညာဥ်စက်ကွင်းနှစ်ကွင်းသာရှိနေခဲ့တယ်။

အတန်းနံပါတ်နှစ်မှာတော့ ထိုက်ဟွပင်းတစ်ယောက်ထဲနဲ့တင် အဆင့်သုံးဆယ်ကိုးရှိနေတာမဟုတ်ပါဘူး။ ရှဲ့ဟွမ်ယွဲ့က အဆင့်သုံးဆယ်ငါးပါ။ သူတို့နှစ်ယောက်က ဒုတိယအတန်းမှာထိပ်ဆုံးနှစ်ယောက်ဖြစ်နေခဲ့တယ်။ ၀ူဖုန်းနဲ့ ဟွမ်ချုထျန်းတို့က အဆင့်သုံးဆယ်ကိုဖြတ်ကျော်သွားခဲ့ပါပြီ။ ကျုးလုနဲ့ ချွေ့ရာကျီးကတော့ အဆင့်နှစ်ဆယ်ကိုးမှာရှိနေခဲ့တယ်။ ကျိုးစီချန်နဲ့ ချိုက်ကျင်းရွှမ်တို့က အဆင့်နှစ်ဆယ်ရှစ်ကိုအခုမှရောက်တာပါ။ သူတို့က အမြန်နှုန်းအမျိုးအစားထဲမှာ ထိပ်တန်းတွေဖြစ်နေခဲ့ကြသလို ဒီတစ်ကြိမ်မှာယှဥ်ပြိုင်ဖို့အတွက်လဲ ရွေးချယ်ခံထားရပါတယ်။ အတန်းနံပါတ်နှစ်ရဲ့အင်အား အနှိမ့်အမြင့်ကတော့သိသာနေခဲ့ပါပြီ။

အတန်းနံပါတ်တစ်ရဲ့ အကြီးမားဆုံးအင်အားရှိသူတွေက သာမန်လောက်သာဖြစ်နေခဲ့ပြီ သူတို့က အဆင့်နှစ်ဆယ်ငါးကိုကျော်ရုံသာရှိပါတယ်။ ဘယ်သူမှအဆင့်သုံးဆယ်ထက်မှာရှိမနေခဲ့ပါဘူး။ ကျိုးစီချန် ချ်ိုက်ကျင်းရွှမ်နဲ့ လန်စုစု လန်လော့လော့တို့အားလုံးက အဆင့်နှစ်ဆယ်ကိုးမှာပါ။ ကျန်ရစ်တဲ့သုံးယောက်ကတော့ အဆင့်နှစ်ဆယ်ရှစ်မှာရှိနေခဲ့တယ်။ အဖွဲ့လိုက်ပြိုင်ပွဲရဲ့ အရည်အချင်းမှာ သေချာပေါက် ကွာခြားချက်ကရှိနေပြီးပါပြီ။

အကယ်၍ ၀မ်သုန့် ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့သာရှိနေခဲ့မယ်ဆိုရင်လဲ သိပ်ပြီထူးခြားနိုင်မှာမဟုတ်ပါဘူး။ ၀မ်သုန့်က အဆင့်သုံးဆယ်ကိုကျော်ဖြတ်သွားပြီဖြစ်ပေမဲ့ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့လိုအမြွှာ၀ိညာဥ်ပညာရှင်တွေက လက်ရှိအချိန်အဆင့်သုံးဆယ်ကိုမကျော်သေးပါဘူး။ သူတို့တွေက တိုက်ခိုက်မယ်ဆိုရင် အခွင့်အရေးရှိနိုင်ရုံလောက်သာဖြစ်ပါတယ်။

အတန်းနံပါတ်တစ်ရဲ့ စိတ်ဓာတ်က အတော်ကိုနှိမ့်ကျနေချိန်မှာ အတန်းနံပါတ်နှစ်ကတော့မော်ကြွားလို့နေခဲ့ပါတယ်။ အတန်းနံပါတ်တစ်ကတော့ စွမ်းအားမရှိသလိုဖြစ်နေခဲ့ပြီ အတော်ကိုစိတ်မကောင်းစရာအခြေအနေပါပဲ။

ကျိုးယိကတော့ မျက်နှာဖုံးစွပ်ထားတာကြောင့် သူ့အမူအရာကိုမမြင်ရနိုင်ပါဘူး။ သူလဲဆုံးဖြတ်ချက်ကို အတော်နောင်တရနေခဲ့ပါပြီ။ နှစ်ဖက်ရဲ့စိတ်ဓာတ်ရေးရာအချိန်တွေကို သူပုံမှန်အတိုင်းသတိထားမိပါတယ်။

မုကျင်း သူ့ကိုအရင်ရန်စပြီတဲ့နောက် စိတ်လက်မာန်ပါသဘောတူမိတဲ့ကိစ္စအတွက် နောင်တရနေခဲ့တယ်။ ရှုံးမှာကိုသူမကြောက်ပါဘူး အကယ်၍ ကျောင်းသားတွေရှုံးနှိမ့်သွားခဲ့မယ်ဆိုရင် သူတို့ရဲ့တိုက်ခိုက်လိုစိတ်ကို ထိခိုက်သွားမှာကိုပဲ စိုးရိမ်နေခဲ့မိတယ်။ ဒါပေမယ့် သူယုံကြည်ချက်လုံး၀ကင်းမဲ့နေတာတော့ မဟုတ်ပါဘူး။ ရှောင်းရှောင်းက ပြန်လည်ထွက်ခွာလာပြီဆိုတဲ့ သတင်းကိုဖန်းယွီဆီကနေကြားပါတယ်။ ဒါကြောင့် အတွင်းနယ်မြေမှာရှာဖွေဖို့တောင် မေးထားခဲ့သေးတယ်။ ဒါပေမယ့် ဘာကြောင့်များ ကလေးတွေပြန်မလာသေးတာလဲ။

” ဆရာကျိုး ”

မုကျင်းက သူ့အဖွဲ့သားခုနှစ်ယောက်ကို ခေါ်လာခဲ့ပါတယ်။ သူက အေးဆေးတည်ငြိမ်တဲ့ပုံပေါ်ပေမဲ့ မျက်လုံးထဲမှာလှောင်ရယ်လိုစိတ်က အထင်သားပါပဲ။

” ဆရာမု ”

မုကျင်းက ကျိုးယိနောက်မှာရှိနေတဲ့ ကလေးခုနှစ်ယောက်ကိုကြည့်ရင်းပြုံးပြလိုက်ပါတယ်။

” အားယား ဆရာကျိုးရဲ့အတန်းကသူတွေကို သူမှတ်မိသလောက်အရဆိုရင် ကျင့်ကြံဆင့်ထူးချွန်ကြတဲ့သူတွေရှိကြတယ်မလား သူတို့တွေဘယ်ရောက်နေတာလဲ အမှားတချို့လုပ်မိလို့ထုတ်ပယ်ခံရပြီလား ”

ကျိုးယိရဲ့အကြည့်က ပိုမိုအေးစက်လာခဲ့ပါတယ်။ မုကျင်းက သိသာတဲ့မေးခွန်းကိုမေးနေခဲ့တာပါ။

” ဆရာမုဒီကိစ္စကို စိုးရိမ်ဖို့မလိုပါဘူး ငါရဲ့ကျောင်းသားတွေဘယ်လိုဖြစ်နေမလဲဆိုတဲ့ကိစ္စကငါရဲ့ပြဿနာပဲ ”

” ဒီလို့ပြောလို့မရဘူးလေ ဆရာကျိုး အတန်းတိုင်းမှာရှိတဲ့ကျောင်းသားတွေဆိုတာက အထူးချွန်ဆုံးကျောင်းသားတွေကိုပဲ ရွေးချယ်ထားတာလေ သူတို့ရဲ့တိုးတက်မှုက အရမ်းကိုအ​ရေးကြီးလွန်တယ်..ငါက အတန်းနံပါတ်နှစ်ကိုတာ၀န်ယူထားရပေမဲ့ ကျောင်းတော်ရဲ့အနာဂတ်အတွက် အာရုံစိုက်ဖို့လိုသေးတယ်လေ ”

” ဒါပေမယ့် ငါတို့အတန်းကတော့ နည်းနည်းလေးထူးခြားတယ်..ကျောင်းသားအားလုံးရဲ့အစွမ်းအစကိုကြည့်လိုက်မယ်ဆိုရင်တော့ အတန်းနံပါတ်တစ်က အသန်မာဆုံးဖြစ်နေပေမဲ့ အဆင့်မြင့်အင်အားတိုက်ခိုက်ရေးအင်အားမှာဆိုရင် အတန်းနံပါတ်နှစ်က ပိုသာတယ်လေ အဆင့်သုံးဆယ်အထက်ရောက်နေတဲ့ကျောင်းသားက လေးယောက်တောင်ငါ့အတန်းမှာရှိတယ်…ကြည့်ရတာ ဆရာကျိုးက အနာဂတ်မှာထူးချွန်တဲ့ကျောင်းသားတွေကိုမွေးမြူးတဲ့နေရာမှာ ငါကိုမယှဥ်နိုင်သေးတဲ့ပုံပဲ ”

ကျိုးယိရဲ့အနောက်ဖက်မှာ ကျိုးစီချန်က စိတ်မထိန်းနိုင်ပဲ၀င်ပြောပါတော့တယ်။

” ဆရာမု ထိုက်ဟွပင်းနဲ့ တခြားသူတွေက ”

” ပါးစပ်ပိတ်ထားလိုက် ”

ကျ်ိုးယိက သူ့ကိုနှောင့်ယှက်လိုက်တယ်။

ကျိုးစီချန်လဲလန့်သွားပြီ နောက်ထပ်မပြော၀ံ့တော့ပါဘူး။ သူလုံး၀ကိုမကျေနပ်တာအမှန်ပါ။ ဆရာမုရဲ့မျက်နှာက တကယ်ကိုအရည်ထူလွန်ပါတယ်။ အတန်းနံပါတ်နှစ်ကိုရောက်သွားတဲ့ အဆင့်သုံးဆယ်အထက်လူတွေထဲမှာ သုံးယောက်က သူတို့အတန်းနံပါတ်တစ်ကကန်ထုတ်ခံလိုက်ရတဲ့သူတွေပါပဲ။ ရှဲ့ဟွမ်ယွဲ့တစ်ယောက်သာ ချွင်းချက်ဖြစ်ပြီ ကျန်တဲ့သုံးယောက်က ကျိုးယိမောင်းထုတ်လိုက်လို့ အတန်းနံပါတ်နှစ်ကိုရောက်လာတာပါ။

” ဆရာကျိုးရဲ့ သင်ကြားတဲ့အပြုအမူက တကယ်မလိုလားချင်စရာပဲ ဘယ်လိုလုပ်ပြီ ကိုယ်ကျောင်းသားစကားပြောနေတာကို တားဆီးချင်ရတာလဲ ဒါမျိုးငါအတန်းထဲမှာဖြစ်လာမှာမဟုတ်ဘူး..ငါတို့က လွတ်လပ်မှုကိုဦးစားပေးတယ်…အကယ်၍ ကျောင်းသားတွေသာ မင်းရဲ့သင်ကြားမှုပုံစံကို လိုက်လျောညီထွေးဖြစ်အောင်မနေနိုင်ဘူးဆိုရင် ငါ့ကိုအတန်းနံပါတ်နှစ်မှာလာရှာကြ အတန်းနံပါတ်နှစ်ရဲ့တံခါးတွေက အမြဲဖွင့်ထားတယ် ”

ကျ်ိုးယိက ပိုပြီးဒေါသထွက်လာခဲ့ပါပြီ။ ဒါကြောင့် သူပြောပါတော့တယ်။

” ဆရာမု အဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းဆရာအနေနဲ့ ၀ိညာဥ်စွမ်းအားအဆင့်ဆိုတာက အရာအားလုံးကို ကိုယ်စားမပြုဘူးမှန်း မသိဘူးလား ”

” ကောင်းလိုက်တာ ဒါမျိုးပြောဖို့စောင့်နေတာလေ ငါတို့တွေ ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေမှာ တွေ့ကြမယ်…နင်ရဲ့ကျောင်းသားတွေက ၀ိညာဥ်စွမ်းအားအဆင့်နဲ့ ကိုယ်စားမပြုဘူးဆိုတာကို သက်သေပြနိုင်ဖို့မျှော်လင့်ပါတယ် ”

” သူတို့တွေသာ သက်သေပြမှာပါ အခုအချိန်အထိလဲ သက်သေပြလာခဲ့တာပဲ ဆရာမု ”

မာကြောတဲ့အသံတစ်သံက ထွက်ပေါ်လာခဲ့ပါတယ်။ ကျိုးယိရဲ့အနောက်ဖက်မှာရှိတဲ့ ကျောင်းတော်သားတွေက ဘေးကိုခွာရပ်လိုက်ရင်း လမ်းတစ်ခုကိုဖယ်ရှားပေးလိုက်ပါပြီ။ လူသုံးယောက်ကတော့ ခြေလှမ်းကျယ်ကြီးတွေနဲ့လှမ်းလာခဲ့ပါတယ်။

လက်ရှိအချိန် ကျိုးယိရဲ့ဒေါသတွေကတော့ မီးကိုရေနဲ့ငြိမ်းလိုက်သလိုပျောက်ကွယ်လို့သွားခဲ့ပြီ အံ့အားသင့်မှုတွေကထွက်ပေါ်လာပါတော့တယ်။ ဒါကြောင့် သူထအော်တော့တယ်။

” နင်တို့သုံးယောက် ပြန်လာရမဲ့အ​ချိန်တောင်မှတ်မိသေးသား ”

ဒီကျောင်းတော်သားသုံးယောက်က အတန်းနံပါတ်တစ်ရဲ့စိတ်လှုပ်ရှားနေတဲ့ ကျောင်းသားတွေကို အေးအေးဆေးဆေးဖြတ်ကျော်လာခဲ့တာပါ။ ဒါကတော့ ဟို့ယွိဟောင်ဦးဆောင်လာတဲ့၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ပါပဲ။

ရှောင်းရှောင်းက ရက်သုံးဆယ်ကျော်ကထဲက ထွက်လာခဲ့ပေမဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ ရက်ခြောက်ဆယ်ကျော်အထိ သီးခြားလေ့ကျင့်နေခဲ့တာပါ။ ဒါကြောင့် သူတို့ရဲ့စွမ်းရည်တွေက သိသိသာသာတိုးတက်လာခဲ့ပါတယ်။

ရှောင်းရှောင်းကလဲ ဒီလိုထွက်ခွာလာပြီချိန်မှာ ပြန်မလာခဲ့ပါဘူး။ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ သူ့ရဲ့၀ိညာဥ်အရိုးကိုစုပ်ယူနေခဲ့ပါတယ်။ ၀ိညာဥ်အရိုးရဲ့စွမ်းအားကို စုပ်ယူပြီတဲ့နောက် သူကအပြင်နယ်မြေကို ပြန်ဖို့လုပ်ပေမဲ့ အကြီးအကဲမုက သူ့ကိုခေါ်ထားခဲ့တယ်။ ဒါ့အပြင် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အသန်မာဆုံးအထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်ကိုခေါ်ပြီသူ့ကိုကိုယ်တိုင်းလေ့ကျင့်သင်ကြားစေခဲ့တယ်။ သူမက အထောက်အပံ့ပြုရေးတိုက်ပွဲ၀ိညာဥ်ပညာရှင်ဖြစ်ဖို့ ရွေးချယ်လိုက်တဲ့အတွက် သူမသိသေးတဲ့အရာတွေအများကြီးကို စတင်သင်ယူရပါတော့တယ်။

အကြီးအကဲမုက သူ့ကိုဒီလိုအတွင်းနယ်မြေထဲမှာ ခေါ်ထားရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်နဲ့ သူမရဲ့ကျင့်ကြံဆင့်က ဖြတ်ကျော်ရမဲ့အခြေအနေတစ်ခုမှာ ရောက်နေခဲ့လို့ပါ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် သူတို့ရဲ့တရားထိုင်မှုကို ပြီးဆုံးခဲ့ပြီဆိုရင် အကြီးအကဲမုက တစ်စုံတစ်ယောက်ကို ညွှန်ကြားပြီသင့်တော်တဲ့၀ိညာဥ်စက်ကွင်းတွေကို ရယူစေဖို့အတွက် အမဲလိုက်ဖို့လွှတ်တော့မှာဖြစ်ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ပြီးဆုံးသွားချိန်မှာ သူတို့လဲ ရှောင်းရှောင်း၀ိညာဥ်အရိုးစုပ်ယူပြီတာနဲ့ ပြန်ဆုံကြရပါတယ်။ အကြီးအကဲမုက အားလုံးကိုရက်အနည်းငယ်နားစေခဲ့ပြီတဲ့နောက် ပြန်ပြီသုံးသပ်စေခဲ့တယ်။ အဲ့ဒီနောက် တတိယ၀ိညာဥ်စက်ကွင်းကို ရယူစေချင်ပါတယ်။ ဒါကြောင့်သာ ဖန်းယွီက အတွင်းနယ်မြေကိုရောက်လာပြီ ရှောင်းရှောင်းကိုရှာတွေ့ခဲ့တာပါ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့နှစ်ယောက် သူတို့ရဲ့လေ့ကျင့်သင်ကြားမှုကို အောင်မြင်ခဲ့ပြီဆိုတာ ကျိုးယိကိုဖန်းယွီက မပြောပြခဲ့ပါဘူး။ သူမကို တအံ့တဩဖြစ်စေချင်လို့ပါပဲ။ လက်ရှိအချိန်မှာ ကျိုးယိရဲ့အကောင်းဆုံးကျောင်းသားတွေအားလုံးက ပြန်ရောက်လာခဲ့ကြပါပြီ။

အပိုင်း ၁၃၁•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset