Switch Mode

Chapter – 131.2

ထန်မျိုးနွယ်

အပိုင်း ၁၃၁•၂

” ထန်မျိုးနွယ် ”
°°°°
ရေခဲဧကရီက သူ့ကိုလေ့ကျင့်ပေးချင်တာကြောင့် အခုလိုနာကျင်နေတာမဟုတ်ခဲ့ပါဘူး။ ရေခဲဧကရီရဲ့ အရိုးတွေက ဒီအသစ်၀င်ရောက်လာတဲ့ဘယ်ဘက်လက်မောင်းကင်းမြီးကောက်အရိုးကိုသန့်စင်နေခဲ့လို့ပါ။

ဒီကင်းမြီးကောက်က ဘယ်လောက်ပဲသန်မာပါစေ သူ့ရဲ့ ကျင့်ကြံဆင့်က နှစ်ပေါင်းတစ်သောင်း၀န်ကျင်သာရှိပါတယ်။ ရေခဲဧကရီကတော့ နှစ်ပေါင်းလေးသိန်းအထိ လေ့ကျင့်ထားခဲ့တာပါ။

အရိုးစုတွေထဲမှာ ကျောရိုးကအားလုံးရဲ့ ပင်မအချက်အချာပါပဲ။ အရိုးခြောက်ခုထဲမှာလဲ အ​ရေးကြီးဆုံးဖြစ်ပါတယ်။ ကျန်ရစ်တဲ့၀ိညာဥ်အရိုးတွေက သူနဲ့ချိတ်ဆက်ပြီတော့သာ အလုပ်လုပ်ရတာပါ။ အကယ်၍ နောက်ထပ် ၀ိညာဥ်အရိုးရှိနေဦးမယ်ဆိုရင် ရေခဲဧကရီက ဂရုစိုက်နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိရှိနေတဲ့ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီ ဘယ်ဘက်လက်မောင်းအရိုးကတော့ သူမနဲ့တူညီတဲ့မူလအရင်းအမြစ်ရှိနေပါတယ်။ ဒါကြောင့် သန့်စင်ပြီအဆင့်မြင့်တင်မှုက အရမ်းကိုချောမွေ့နေခဲ့တယ်။ အဓိကသော့ချက်ကတော့ နှစ်ဖက်ရဲ့ရင်းနှီးမှုမှာ တည်ရှိနေတာပါ။

ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီရဲ့ အရိုးထဲမှာချိတ်ပိတ်ထားတဲ့များပြားလှတဲ့စွမ်းအားတွေက ဘယ်ဘက်လက်မောင်းအရိုးထဲကို ၀င်ရောက်လာပါတော့တယ်။ ဟို့ယွိဟောင်က အန္တရာယ်မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်ကြိမ်တစ်ခါတုန်းက သူခံစားဖူးတဲ့နာကျင်မှုကို ပြန်ခံစားနေခဲ့ရပါပြီ။

°°°°
အမျက်ဒေါသကျောင်းတော်အပြင်ဘက်နယ်မြေ ဒုတိယတန်းအခန်းတစ်

” ဘာလို့အားလုံးက တိတ်ဆိတ်နေကြတာလဲ မင်းတို့အားလုံးထုံထိုင်နုံအကုန်ကြတာလား ”

ကျိုးယိက စားပွဲကိုရုတ်တရက်ထရိုက်ရင်း ဒေါသတကြီးနဲ့ ပြောနေခဲ့ပါတယ်။ အောက်ဖက်မှာရှိတဲ့ကျောင်းသားအားလုံးကတော့ တိတ်ဆိတ်နေခဲ့ကြပြီ ဘယ်သူမှစကားမပြော၀ံ့ပါဘူး။

ကျိူးယိရဲ့သင်ကြားတဲ့နည်းလမ်းတွေက ရိုးရှင်းပြီထိရောက်သလို ဒီပါရမီရှင်လူငယ်တွေနဲ့ ရင်းနှီးဖို့အတွက်လဲ အတော်ကို သင့်တော်ပါတယ်။ လွန်ခဲ့တဲ့နှစ်မှာ အတန်းနံပါတ်တစ်ရဲ့ သန်မာတဲ့ကျောင်းသားတော်တော်များများက သူမရဲ့သင်ကြားမှုအောက်မှာ သိသိသာသာကို တိုးတက်လာခဲ့တယ်။ အဓိကအရေးကြီးဆုံးကတော့ သူမပြောတာကိုသူတို့နားထောင်ကြတာပါပဲ။ ဘယ်သူကမှကျိုးယိရဲ့စကားကို မသွင်ဖီး၀ံ့ပါဘူး။ အားလုံးက ကြိုးကြိုးစားစားနဲ့ သူပေးသမျှတာ၀န်တွေကို လိုက်လုပ်ခဲ့ကြပါတယ်။

ပထမကျောင်းရဲ့သင်ယူမှုနှစ်မှာ ကျိုးယိကသူတို့ထဲက အများကြီးကို ထုတ်ပယ်ခဲ့ပါတယ်။ ဒီဒုတိယကျောင်းစာသင်နှစ်မှာတော့ ကျောင်းသားတစ်ယောက်မှ မထုတ်ပယ်ခံရသေးပါဘူး။ အကယ်၍ သူတို့အမှားလုပ်ခဲ့မယ်ဆိုရင် ဆူပူလိမ့်မယ်။ သို့မဟုတ် နှစ်ချက်လောက်ကန်ရုံပါပဲ။ ဒါကြောင့်သာ ကျောင်းသားတွေက ပိုပြီးကြိုးကြိုးစားစားလေ့ကျင့်ဖို့အတွက် စိတ်အားထက်သန်လာခဲ့ကြတာပါ။

လက်ရှိအချိန်အခန်းရဲ့အခြေအနေကတော့ အတော်ကိုတင်းမာနေခဲ့ပါတယ်။ ကျောင်းသားတွေအားလုံးကလဲ ခေါင်းမဖော်ကြပါဘူး။ ကျိုးယိကလူတိုင်းကို သေသေချာချာကြည့်လိုက်ပြီတဲ့နောက် နောက်ဆုံးကျိုးစီချန်ပေါ်မှာအာရုံရောက်သွားပါတော့တယ်။

” ကျိုးစီချန် ထရပ်စမ်း ”

ခေါင်းငုံ့နေခဲ့တဲ့ ကျိုးစီချန်ကတော့ စိတ်ထဲမှာသူတော့မလွှတ်နိုင်ဘူးဆိုတာ သိနေပြီထားပြီသားပါ။ အကယ်၍ ဒါဖြစ်လာမယ်မှန်းသိခဲ့တယ်ဆိုရင် ဟို့ယွိဟေယင်နဲ့ ၀မ်သုန့်တို့ထွက်ခွာသွားပြီတဲ့နောက် အတန်းခေါင်းဆောင်အဖြစ် တာ၀န်ယူခိုင်းတာကို သူယူမိမှာမဟုတ်ပါဘူး။

ချက်ချင်းဆိုသလို သူထရပ်ရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။

” ဆရာကျိုးပြောပါ ”

” မင်းထမင်းမစားခဲ့ဘူးလား ”

ကျိုးယိက ထအော်ပါတော့တယ်။

” မင်းမှာသတ္တိရှိတဲ့ပုံတော့မပေါ်ဘူး…ယောကျ်ားတစ်ယောက်ဖြစ်ပြီ ခေါင်းမော့ရင်ကော့ထားစမ်းပါ ”

” ဟုတ်ကဲ့ဆရာ ”

ကျိုးစီချန်က သူမရဲစကားကိုကြားချိန်မှာ ခေါင်းမော့ရင်ကော့လိုက်ပါတယ်။

” ငါ့ကိုပြောစမ်း ”

” အတန်းခေါင်းဆောင်အနေနဲ့ မင်းကအတန်းနံပါတ်နှစ်နဲ့ ပြိုင်ဆိုင်ဖို့ဘာတွေလုပ်မယ်လို့ စဥ်းစားထားလဲ ”

” အဆုံးစွန်းအထိ သွားရမယ် ”

ကျိုးစီချန်က စိတ်ထဲကနေပြီတော့ အော်နေခဲ့ပါတယ်။

” ကျွန်တော်သွားမယ် ”

အဲ့ဒီနောက် ကျိုးယိရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ။

” ကောင်းပြီ ဒါမှငါကျောင်းသားတွေဖြစ်သင့်တဲ့ကိစ္စပဲ ဒီတော့မင်းရှုံးမယ်ဆိုရင်ဘယ်လိုလဲ မင်းနိုင်မယ်လို့လဲ ငါမမျှော်လင့်ထားဘူး…ဒါပေမယ့် ငါတို့မှာအရှိန်အ၀ါကောင်းကောင်းရှိရမယ်..အတန်းခေါင်းဆောင်အနေနဲ့ မင်းအနေနဲ့အဖွဲ့၀င်တွေကို စိတ်ကြိုက်ရွေးချယ်ဖို့ဩဇာအာဏာငါအပြည့်ပေးလိုက်မယ်…နောက်ထပ်မင်းနဲ့အတူရှိမဲ့ခြောက်ယောက်ကိုရွေးလိုက် ”

ဒုတိယနှစ်ရဲ့ သင်ကြားချိန်က တစ်၀က်နီးပါးကုန်ဆုံးသွားပါပြီ။ နှစ်၀က်ကြီးလဲပြီးဆုံးလို့သွားခဲ့ပြီ အတန်းနံပါတ်တစ်က အတန်းနံပါတ်နှစ်နဲ့ယှဥ်မယ်ဆိုရင် အထူးချွန်ဆုံးအဆင့်ကိုရရှိခဲ့ပါတယ်။ ဒါကဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့မပါပဲနဲ့တောင် ဖြစ်လာခဲ့တာပါ။

အတန်းနံပါတ်နှစ်က မကျေနပ်ခဲ့ပါဘူး။ ဒါကြောင့်သာ အတန်းနံပါတ်နှစ်ရဲ့ဆရာမုကျင်းက ကျိုးယိကိုအတန်းနှစ်ခုစလုံးပြိုင်ပွဲ၀င်စေဖို့တောင်းဆိုခဲ့တာလဲ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းဆီအတွက် လူခုနှစ်ယောက်ဆီကို ရွေးချယ်ရလိမ့်မယ်။ ရှုံးနှိမ့်တဲ့အဖွဲ့ကတော့ ကျန်ရှိတဲ့ကျောင်းစာသင်နှစ်အချိန်တွေမှာ ဒုတိယအဆင့်ဆိုတဲ့အရာကို ရရှိမှာပါ။

ရှုံးတဲ့အဖွဲ့က ဒုတိယအတန်းရဲ့အခန်းတွေအားလုံးကို ကျန်ရှိတဲ့စာသင်နှစ်တွေမှာသန့်ရှင်းရေးလုပ်ရမှာပါ။

အပြစ်ပေးမှုက ဘာမှမဟုတ်ပါဘူး။ ဒီလိုမျ်ိုး သန့်ရှင်းရေးလုပ်တယ်ဆိုတာက ငယ်ရွယ်တဲ့၀ိညာဥ်ပညာရှင်တွအားလုံးအတွက် လုပ်နေကြကိစ္စပါပဲ။ သူတို့က အောင်မြင်မှုအတွက်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ရှုံးနှိမ့်တဲ့အသင်းက သူတို့ရဲ့အတန်းဂုဏ်ကျက်သရေကို ထိခိုက်စေမှာပါ။

အတန်းသုံးနဲ့ အတန်းလေးတွေကတော့ မပါ၀င်ကြပါဘူး။ သူတို့တွေက များပြားပြီထူးခြားတဲ့ သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားကြသလို တိုက်ခိုက်ရေးနဲ့ ထိန်းချုပ်ရေးအမျိုးအစားတွေအပြင် ခုခံမှုနဲ့ အမြန်နှုန်းအမျိုးအစားတွေအားလုံးက ပထမနှစ်နဲ့ဒုတိယအတန်းထဲမှာ ရှိနေခဲ့လို့ပါပဲ။

ကျိုးယိနဲ့ မုကျင်းတို့နှစ်ယောက်က အချစ်ရေးအရပြိုင်ဘက်တွေဖြစ်ခဲ့ပါတယ်။ ကျိုးယိက ဒေါသကြီးတဲ့သူပါ မုကျင်းက သူ့ကိုဒီလိုဆက်တိုက်ရန်စလာခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ ပြိုင်ပွဲကိုသူစိတ်လက်မာန်ပါနဲ့ လက်ခံမိလိုက်ပါတော့တယ်။ ဒါပေမယ့် သူချက်ချင်းဆိုသလို နောင်တရလို့သွားခဲ့တယ်။

အကယ်၍ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့သာရှိနေခဲ့မယ်ဆိုရင် ဘာမှကြောက်စရာမရှိကြပါဘူး။ အတန်းနံပါတ်နှစ်မှာ ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့ ကျူးလုတို့ရှိနေခဲ့ပါတယ်။ အကယ်၍ ခုနှစ်ယောက်ခုနှစ်ယောက်ဆီသာ ယှဥ်ပြိုင်ရမယ်ဆိုရင် အတန်းနံပါတ်တစ်ကသေချာပေါက် အများကြီး အသာစီးရနေမှာပါ။

လက်ရှိအချိန်မှာ သူ့ရဲ့အထူးချွန်ဆုံးကျောင်းသားသုံးယောက်က မရှိပါဘူး။ ဒါကြောင့် ဒီပြိုင်ပွဲမှာသူမရဲ့အားသာချက်က အတော်ကိုနည်းနေခဲ့ပါတယ်။ ကောလဟာလတွေအရတော့ ထိုက်ဟွပင်းရဲ၀ိညာဥ်စွမ်းအားက အဆင့်သုံးဆယ်ကိုးကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် သူက ကျောင်းတော်ရဲ့ အငယ်ဆုံး၀ိညာဥ်ဘိုးဘေးပါပဲ။

ထိုက်ဟွပင်းက သူတစ်ယောက်ထဲနဲ့တင်အရမ်းကိုသန်မာနေခဲ့ပါပြီ။ အတန်းနံပါတ်တစ်ရဲ့ ဘယ်သူကမှ သူနဲ့တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲထဲမှာနိုင်ဖို့မလွယ်ပါဘူး။ ဒါ့အပြင် သူနဲ့ကျုးလုနှစ်ယောက်က ငရဲဘုံကျားဖြူပေါင်းစည်းတိုက်ကွက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ အကယ်၍ ခုနှစ်ယောက် ခုနှစ်ယောက်ချင်းတိုက်ပွဲသာဖြစ်ခဲ့မယ်ဆိုရင် အတန်းနံပါတ်တစ်အောင်နိုင်ဖို့အတွက် အံ့ဖွယ်ရာတစ်ခုကို ဖန်တီးမှရမှာပါ။

ဒါပေမယ့် ကျိုးယိက သူ့စကားတွေကို ပြန်ရုတ်သိမ်းလို့မရတော့ပါဘူး။ ကျိုးယိရဲ့စိတ်နဲ့ဆိုရင် သူဆုံးဖြတ်ချက်ကို နောင်တရရင်တောင် သေချာပေါက် နောက်မဆုတ်မှာအမှန်ပါပဲ။ ဒါကြောင့်သာ သူကဖိအားတွေကို သက်သာဖို့အတွက်သူကြိုးစားနေခဲ့တာပါ။ ဒီပြိုင်ပွဲကိုရှုံးနှိမ့်တာက လောကကြီးအဆုံးသတ်သွားမှာမဟုတ်ပါဘူး။ အကယ်၍ သူ့ရဲ့ကျောင်းသားတွေသာ မှန်ကန်တဲ့အစွမ်းအစကိုထုတ်ပြနိုင်မယ်ဆိုရင် သူ့အတွက်လုံလောက်နေပါပြီ။ ဒါ့အပြင် ပြိုင်ပွဲကိုမျက်စိဒေါက်ထောက်ကြည့်နေမှာဖြစ်ပြီ သူ့ကျောင်းသားတွေမထိခိုက်အောင်လဲ ကာကွယ်နေမှာဖြစ်ပါတယ်။

ဖန်းယွီဆီကနေ ဟို့ယွိဟောင်တို့ ပြန်ရောက်ပြီဆိုတဲ့အကြောင်း ကြားထားပါတယ်။ ဒါ့အပြင် သူတို့ကို ပင်လယ်နတ်ဘုရားကျွန်းဆီခေါ်သွားခဲ့ပါတယ်တဲ့ ဖန်းယွီလဲ ဘာကြောင့်ကျောင်းသားတွေ အတန်းထဲပြန်မရောက်ကြသေးလဲဆိုတာ ဖန်းယွီလဲ မသိခဲ့ရပါဘူး။ သူတို့သုံးယောက်အတွက် ကိစ္စကောင်းဖြစ်တယ်လို့သာပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ရက်တွေမှာ အကြိမ်ကြိမ်မေးမြန်ခဲ့ပေမဲ့ သူအဖြေမရခဲ့ပါဘူး။ ဖန်းယွီရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနမှာအဆင့်အတန်းက မနှိမ့်ပါးပေမဲ့ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို၀င်ဖို့နဲ့ အဲ့ဒီကသတင်းနဲ့အကြောင်းတွေကိုသိဖို့အတွက်သူမှာအခွင့်အရေးမရှိသေးပါဘူး။ ပြိုင်ပွဲကမကြာခင်မှာစတင်ပါတော့မယ်။ သူနောက်ထပ် တွေဝေနေလို့မရပါဘူး။ ဒါကြောင့်သာ အဖွဲ့၀င်တွေကိုစတင်ရွေးချယ်နေခဲ့တာပါ။

ကျိုးစီချန်ကတော့ ကျိုးယိရဲ့စကားကိုကြားပြီချိန်မှာ မချိပြုံးနဲ့ပြုံးနေခဲ့ရပါတယ်။ ထူးဆန်းတဲ့အမူအရာမျိုးစုံနဲ့ သူ့အတန်းဖော်တွေကို သူဆက်တိုက်ကြည့်နေခဲ့တယ်။ တချို့ကသူ့အကြည့်ကို ရှောင်ရှားနေကြသလို တချို့ကလဲ သူ့ကိုအကြည့်နဲ့တောင်းပန်နေခဲ့ကြတယ်။ သူတို့က ပြိုင်ရမှာမကြောက်ပါဘူး။ ဒါပေမယ့် ရှုံးမဲ့ပြိုင်ပွဲကိုသိသိချင်း ဘယ်သူကသွားရင်ဆိုင်နိုင်မှာလဲ။

ကျိုးစီချန်က သူ့ရဲ့လက်ကိုမြောက်ရင်း ဘေးနားမှာရှိတဲ့ ချိုက်ကျင်းရွှမ်ကို ထိလိုက်ပါတယ်။ အဲ့ဒီနောက် ကြောက်စရာကောင်းတဲ့စိတ်အားထက်သန်မှုအပြည့်အကြည့်နဲ့သူပြောလာခဲ့တယ်။

” ညီနောင် ငါတို့က တစ်ရက်ထဲတစ်ချိန်ထဲမွေးတာမဟုတ်ပေမဲ့ တစ်နေ့ထဲတစ်ချိန်ထဲမှာသေဖို့မျှော်လင့်ပါတယ်…ငါနဲ့တိုက်ပွဲကိုလိုက်ခဲ့ ”

ချိုက်ကျင်းရွှမ်ကတော့ နှုတ်ခမ်းတွေတောင်တုန်နေခဲ့ပြီ ကျိုးစိီချန်ကို မျက်စောင်းထိုးနေခဲ့တယ်။ သူ့ကြည့်ရတာ တတ်နိုင်သလောက်စိတ်ထဲကနေ ကျိန်ဆဲနေသလိုပါပဲ။ အတိအကျပြောရမယ်ဆိုရင် ကျိုးစီချန်တို့တစ်မိသားစုလုံးကို သူကျိန်ဆဲနေခဲ့တာပါ။ ကျိုးစီချန်ကတော့ တတ်နိုင်သလောက်မရယ်မိအောင် ထိန်းထားရင်းသူကိုယ်သူတောင့်ခံနေခဲ့ပါတယ်။

ကျိုးယိက ရှိရှိသမျှအာဏာကို ကျိုးစီချန်ဆီ လွှဲအပ်ထားတာကြောင့် သူကစိတ်ကြိုက်လုပ်နိုင်မှာပါ။ ဒါ့အပြင် စိတ်ထဲကနေ အတော်လေးစွမ်းဆောင်ရည်ရှိတဲ့သူလို့ အသိအမှတ်ပြုထားမိမှန်း သိသာနေခဲ့တယ်။ သူက ချိုက်ကျင်းရွှမ်ကို ရွေးချယ်လိုက်တယ်ဆိုတာ သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်နေခဲ့လို့ပါ။ ဒါပေမယ့် သူ့ကိုရွေးချယ်ပြီတဲ့နောက် ဘယ်သူကိုရွေးချယ််ခံရမလဲဆိုတာ အားလုံးကစိတ်၀င်စားနေခဲ့ကြတယ်။

” လန်စုစုနဲ့ လန်လော့လော့ မင်းတို့နှစ်ယောက်လဲအတူတူလာရမယ်…ရှောင်ချိုက်နဲ့အတူတူထိန်းချုပ်တဲ့သူတွေဖြစ်အောင်လုပ်ရမယ် ”

လန်စုစုနဲ့ လန်လော့လော့တို့လဲ ခေါင်းညိတ်လိုက်ပါတယ်။ သူတို့ကအတန်းထဲမှာ သဘောကောင်းတဲ့သူတွေအဖြစ်ထင်ရှားကြတယ်။ စိတ်သဘောထားကောင်းမွန်ပြီ နူးညံ့ကြတာကြောင့် အတန်းဖော်တော်တော်များများနဲ့လဲ ခင်ကြပါတယ်။ ဒီနေရာမှာရှိတဲ့သူတွေတိုင်းက ငယ်ရွယ်ကြပေမဲ့ အမျိုးသားကျောင်းသားတော်လေးတော်တော်များများကတော့ သူတို့ကို နှစ်သက်နေခဲ့ကြတာပါ။ သူတို့ကိုသာ ရွေးချယ်လိုက်မယ်ဆိုရင် လိုလိုလားလားပါ၀င်လာမဲ့သူတွေက မနည်းပါဘူး။

ကျိုးစီချန်က ခပ်မြန်မြန်ပဲ နောက်ထပ်သုံးယောက်ကိုထပ်မံရွေးချယ်လိုက်ပါတယ်။ အဲ့ဒီသုံးယောက်က တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ပညာရှင်တွေအများကြီးပါပဲ။ ဒီလိုနဲ့ ခုနှစ်ယောက်အဖွဲ့ကဖြစ်ပေါ်လာခဲ့ပါပြီ။

တိုက်ခိုက်ရေးအမျိုးအစားလေးယောက်နဲ့ ထိန်းချုပ်ရေးသုံးယောက်ဖြစ်တဲ့အတွက် အတော်လေးအဆင်ပြေတယ်လို့ ပြောလို့ရနိုင်ခဲ့တယ်။

” ကောင်းပြီ မင်းတို့ခုနှစ်ယောက်က မနက်ဖြန်နေ့လည်မှာလေ့ကျင့်ရမယ်…မနက်ဖြန်ပြိုင်ပွဲက မင်းတို့ခုနှစ်ယောက်အပေါ်မူတည်နေမှာပဲ ရှုံးနှိမ့်တဲ့အတွက်ဘာပြစ်ဒဏ်မှမရှိဘူး..ဒါပေမယ့် ဒီပြိုင်ပွဲကိုအနိုင်ရခဲ့ရင် ရလာမဲ့ရလဒ်ကတော့ အတန်းကိုနောက်ထပ် သန့်ရှင်းရေးလုပ်စရာမလိုတော့ဘူး…အတန်ဆင်းပြီအားလုံးသွားလိုရာသွားလို့ရပြီ မင်းတို့ခုနှစ်ယောက်က ငါနဲ့လိုက်ခဲ့ ”

သူပြောပြီတာနဲ့ ကျိုးယိက လှည့်ထွက်သွားပါတော့တယ်။ သူမက မနက်ဖြန်ပြိုင်ပွဲအတွက်ယုံကြည်ချက်မရှိနေပေမဲ့ လက်လျှော့မှာလဲမဟုတ်ပါဘူး။ နောက်ဆုံးအချိန်အထိ ပြင်ဆင်ဖို့လုပ်ပြီ ကျောင်းသားတွေကိုတစ်ယောက်ချင်းဆီညွှန်ကြားချက်ပေးမှာပါ။ ကျိုးစီချန် ချိုက်ကျင်းရွှမ် လန်စုစုနဲ့ လန်လော့လော့တို့အားလုံးက တစ်ဖက်ပြိုင်ဘက်တွေထက် အင်အားအရာမှာနောက်ကျကျန်ရစ်နေခဲ့ပေမဲ့ ကျောင်းတော်ရဲ့အဓိကတပည့်သားတွေကြီးပါပဲ။ သူတို့ကိုယ်တိုင်လဲမဆိုးကြပါဘူး။ အဆင့်သုံးဆယ်နီးပါးကို ရောက်လုနီးပါးဖြစ်နေခဲ့သူတွေကြီးပါပဲ။

အဆင့်အတန်းနံပါတ်နှစ်ကလဲ အဖွဲ့ကိုရွေးချယ်ပြီးပါပြီ။ သူတို့ရဲ့ပုံစံကတော့ ကွာခြားနေခဲ့တယ်။ သူတို့ကတော့ ရွေးချယ်ရတာလွယ်လွယ်ကူကူပါပဲ။

မုကျင်းက စာသင်ခုံအနောက်မှာရှိနေခဲ့ပြီ သူ့အဖွဲ့သားတွေကို တိုက်ရိုက်ရွေးချယ်လိုက်ပါတယ်။

” ထိုက်ဟွပင်း ကျုးလု ရှဲ့ဟွမ်ယွဲ့ မုဖုန်း ၀မ်ချူချန် ချွေ့ရာကျီးနဲ့ လုံရှန်းယွဲ့ မင်းတို့ခုနှစ်ယောက်မနက်ဖြန်မှာ ယှဥ်ပြိုင်ရမယ်..ငါအများကြီးမပြောတော့ဘူး…အကယ်၍ မင်းတို့အတန်းနံပါတ်တစ်ရဲ့အရိပ်ထဲမှာ ဆက်ပြီမနေချင်တော့ဘူးဆိုရင် အစွမ်းကုန်တိုက်ခိုက်ကြ အကယ်၍ မင်းတို့သာနိုင်သွားမယ်ဆိုရင် ကျိုးယိငါအရှေ့မှာထောင်လွှားနေ၀ံ့ဦးမလားဆိုတာ သိချင်တယ် ”

ထိုက်ဟွပင်းက နောက်ဆုံးအတန်းမှာ တိတ်တဆိတ်သာထိုင်နေခဲ့ပါတယ်။ သူက အများကြီးပိုမိုတည်ငြိမ်တဲ့ပုံပေါ်နေခဲ့တယ်။ အရင်တုန်းက ရှိခဲ့ဖူးတဲ့မောက်မာမှုတွေလဲ မရှိတော့သလိုပါပဲ။ သူမျက်တောင်ခတ်လိုက်တိုင်းမှာမှောင်မိုက်မှုက ပိုမိုကြီးမားလာနေခဲ့တယ်။ သူ့ရဲ့အစ်ကိုကြီးထိုက်ယွဲ့ဟန်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ပိုပြီးတော့တောင် ပေါင်းရသင်ရခက်တဲ့သူဖြစ်သွားပုံပါပဲ။

ဒါပေမယ့် သူ့ရဲ့ပါရမီကိုတော့ ဘယ်သူမှငြင်းပယ်လို့မရပါဘူး။ သူ့ရဲ့အထက်အတန်းကြီးတွေထက်တောင် အများကြီးပိုတော်နေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားအဆင့်သုံးဆယ်ကိုးဆိုတာက ဟာသတစ်ခုမဟုတ်ခဲ့ပါဘူး။ ဒါက သူ့ရဲ့စစ်မှန်တဲ့ကျင့်ကြံဆင့်ပါပဲ သုံးဆယ်ကိုးကနေ လေးဆယ်ကိုမြင့်တင်ဖို့မလွယ်ပေမဲ့ ထိုက်ယွဲ့ဟန်က တတိယနှစ်ကိုမ၀င်ခင်အချိန်မှာ ရအောင်လုပ်ရမယ်လို့ ရည်ရွယ်ထားခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကိုလဲ ရရှိချင်ပါတယ်။

ထိုက်ဟွပင်းက သူ့ရဲ့ကျင့်ကြံဆင့်ကို ဟို့ယွိဟောင်ထက် အများကြီးသာလွန်ချင်နေခဲ့တာပါ။ ဟို့ယွိဟောင်က အမြွှာသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားမယ်ဆိုရင်တောင် သူကိုဘယ်လိုမှအနိုင်မရနိုင်လောက်အောင် ဖိနှိမ့်ထားမယ်လို့ တွေးထားခဲ့ပါတယ်။ ဟို့ယွိဟောင်ဘယ်လောက်ပဲ သိုင်းပညာ၀ိညာဥ်များပါစေ ဘယ်လောက်ပဲပါရမီရှိပါစေ သူ့ကိုမသာစေရဘူးလို့ အခိုင်အမာဆုံးဖြတ်ထားခဲ့တာပါ။

ဟို့ယွိဟောင်ထက် သူဘယ်နေရာကမှ နောက်မကျဘူးလို့ ထိုက်ဟွပင်းအမြဲတမ်းယုံကြည်ထားခဲ့တယ်။ ဒါက တိုက်ဆိုက်မှုတစ်ခုဖြစ်ပေမဲ့ သန့်စင်တဲ့တစ်ယောက်တစ်ယောက်ချင်းတိုက်ပွဲမှာဆိုရင် သေချာပေါက် ဟို့ယွိဟောင်က သူ့ပြိုင်ဘက်မဟုတ်နိုင်ဘူးလို့လဲ ယုံကြည်ထားခဲ့ပါသေးတယ်။

အပိုင်း ၁၃၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset