Switch Mode

Chapter – 8.1

" ကြောက်စရာကောင်းတဲ့ ဆရာ "

Chapter – 8.1 ” ကြောက်စရာကောင်းတဲ့ ဆရာ ”
°°°
အမျက်ဒေါသကျောင်းတော်က အရမ်းကြီးမားတဲ့ နယ်မြေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒါ့အပြင် ကျယ်ပြန့်တဲ့နယ်မြေတွေကလဲ အဆောက်အအုံတွေရဲ့ တစ်ခုပြီတစ်ခုနဲ့ ပိုင်ခြားလို့ထားခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက် ကျောင်းသားဆောင်က ထွက်လာပြီးပြီချင် ၀မ်သုန့်က ကျယ်ပြန့်တဲ့ နယ်မြေဆီကို ဦးဆောင်ပြီးခေါ်လာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို လက်သီးတွေပြန်ဆုတ်ရင်းနဲ့ စိန်ခေါ်လိုက်တယ်။

ဟို့ယွိဟောင်ရဲ့ နှလုံးသားတစ်ခုလုံးက ဒေါသတွေနဲ့ ပြည့်နှက်လို့နေခဲ့ပါပြီး ဒါပေမယ့် သူ၀မ်သုန့်ကို တိုက်ရိုက်ပြေးပြီး မတိုက်ခိုက်ခဲ့ပါဘူး။ သေရေးရှင်ရေးအခြေအနေတွေကို ဆက်တိုက်ကြုံတွေ့ပြီတဲ့နောက် သူသင်ကြားနားလည်ပေးခဲ့တာ တစ်ခုတော့ရှိပါတယ်။ ဒါကတော့ ဘယ်လိုအခြေအနေမျိုးမှ ဘယ်လိုပဲဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ပါပဲ။

ကျောင်းသားဆောင်ရဲ့ ၀င်ပေါက်မှာ အမြဲတမ်းလှဲနေလေ့ရှိတဲ့ အဘိုးကြီးကတော့ ခေါင်းအနည်းငယ်ထောင်ရင်း အကဲခတ်နေခဲ့ပါတယ်။ သူ့ရဲ့ အ၀ါရောင်မျက်၀န်းတွေမှာတော့ သိလိုစိတ်တစ်ချို့က လှည့်ပတ်ပြီး စီးဆင်းလို့နေခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ကို စိတ်၀င်တစားနဲ့ သူကြည့်နေခဲ့တာပါ။

ဟို့ယွိဟောင်ရဲ့ မျက်၀န်းထဲမှာလဲ မှိန်ဖျော့တဲ့ရွှေရောင်အလင်းတန်းက တောက်ပလာပါတော့တယ်။

အဖြူရောင်၀ိညာဥ်စက်ကွင်းက သူခြေထောက်အောက်မှာ မြင့်တက်လို့လာခဲ့ပြီး သူ့ရဲ့စိတ်၀ိညာဥ်မျက်၀န်းကို စတင်အသက်သွင်းတော့တယ်။

၀မ်သုန့်ကတော့ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းကိုမြင်ချိန်မှာ ရယ်မောလိုက်ပါတယ်။

” ဒီကျောင်းကို နင်ဘယ်လို၀င်ခွင့်ရလဲ ငါသိချင်လိုက်တာ ဒီလောက်စွမ်းရည်လေးနဲ့ ငါ့ကိုလာပြီးစိန်ခေါ်၀ံ့တယ်ပေါ့ သိုင်းပညာ၀ိညာဥ်ကိုသုံးပြီတောင် နင့်ကို ရင်ဆိုင်ဖို့မလိုဘူး ”

သူပြောပြီတဲ့နောက် ၀မ်သုန့်ရဲ့ ဘယ်ဘက်ခြေထောက်က မြေပြင်ကို ထိသွားပါတော့တယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က မြားတစ်စင်းလိုမျိုး ဟို့ယွိဟောင်ဆီကို ပြေး၀င်လာခဲ့တယ်။ သူက မြန်ဆန်ရုံတင်မက သာမန်မဟုတ်တဲ့ စွမ်းရည်တွေရှိနေပုံပါပဲ။ ဟို့ယွိဟောင်ရဲ့အရှေ့ကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလို့လာပြီး ညာဘက်ခြေထောက်ကိုမြောက်ရင်း ရင်ဘတ်ကို ကန်ချလိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ရဲ့ ခြေထောက်တစ်စုံက သာမန်လူတွေထက် အချိုးအစားပိုပြီး ကျော်ကြားလွန်နေတာကို သတိထားမိသွားတယ်။ သူဒါကို နားမလည်ခင်အချိန်မှာပဲ ခြေထောက်တွေက သူ့ရှေ့ကို ရောက်ရှိလို့လာခဲ့ပါပြီး ချက်ချင်းဆိုသလို ဟို့ယွိဟောင်က ပြန်လှုပ်ရှားလိုက်ပါတယ်။ ညာဘက်ကို ခြေတစ်လှမ်းဆုတ်ပြီးတဲ့နောက် ဘယ်ဘက်ခြေထောက်ကို အသုံးပြုပြီး ၀မ်သုန့်ရဲ့ ခြေထောက်ကိုပြန်ပြီး ကန်ချလိုက်ပါတယ်။

၀မ်သုန့်ကတော့ ဟို့ယွိဟောင်ဒီလိုမျိုး အသာလေးရှောင်လွဲလိုက်မယ်ဆိုတာကို မထင်မှတ်ထားပုံပါပဲ။ ဒါကြောင့် ညာဘက်ခြေထောက်ကို ပြန်ရုတ်ရင်း ဟို့ယွိဟောင်ရဲ့ ဘယ်ဘက်လက်ဆီကို ခုန်၀င်လာခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ နောက်တစ်ကြိမ် ထပ်ပြီး ကန်ချပြစ်လိုက်တယ်။ ဒီတစ်ခေါက် ချိန်ရွယ်မှုကတော့ ဟို့ယွိဟောင်ရဲ့လည်ပင်ကိုပါ။

၀မ်သုန့်ရဲ့ လှုပ်ရှားမှုတွေကို ကြိုမြင်နေတဲ့အတိုင်း ဟို့ယွိဟောင်ကတော့ လှုပ်ရှားနေခဲ့တယ်။ ၀မ်သုန့် သူ့ခြေထောက်ကို ထောက်လိုက်ချိန်မှာပဲ ဟို့ယွိဟောင်က သူ့ခန္ဓာကိုယ်ကို ငုံ့ကိုင်လိုက်ပြီး အောက်ကိုလိမ့်ချလိုက်တယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က အပေါ်ကို ပြန်ခုန်တက်လာပြီး ညာဘက်ပုခုံးကတော့ ၀မ်သုန့်ရဲ့ပေါင်နဲ့တိုက်မိပါတော့တယ်။

သူတို့ရဲ့ လှုပ်ရှားမှုနှစ်ခုလုံးက အရမ်းကို မြန်ဆန်လွန်တဲ့အပြင် လူတွေရဲ့အမြင်နဲ့ကြည့်မယ်ဆိုရင် ၀မ်သုန့်က ဟို့ယွိဟောင်ပုခုံးပေါ်ကို တမင်တကာ ခြေထောက်နဲ့ တင်လိုက်သလိုပါပဲ။

၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အတော်ကို သန်မာလွန်းလှပါတယ်။ သာမန်လူတွေအနေနဲ့ သူတို့ရဲ့ပေါင်ကို ဒီလိုမျိုးဟန်ချက်မညီအောင် တွန်းတင်ခံရမယ်ဆိုရင် သေချာပေါက် ဟန်ချက်ပျက်သွားမှာပါ ဒါပေမယ့် ၀မ်သုန့်ရဲ့ ညာဘက်ခြေထောက်ကတော့ အေးအေးဆေးဆေးနဲ့ အပေါ်ကို မြောက်တက်လို့သွားခဲ့ပြီး ဘယ်ဘက်ခြေထောက်နဲ့သာ သူက ရပ်နေဆဲပါ။

ဟို့ယွိဟောင်လဲ နူးညံ့မှုတစ်ချို့ကို ခံစားလိုက်ရပြီး ကြက်သီးတွေတောင် ထသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ၀မ်သုန့်ကို လုံး၀အသာစီးရခွင့်မပေးနိုင်တာကြောင့် သူချက်ချင်းဆိုသလို ပြန်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ၀မ်သုန့်ကတော့ ခြေထောက်တစ်ချောင်းထဲပေါ်မှာ ရပ်နေဆဲပါ။

အခုအချိန်ထိ ဆက်တိုက်ရှောက်လွဲနိုင်စွမ်းဖြစ်နေတဲ့ ဟို့ယွိဟောင်ကိုကြည့်ရင်း ၀မ်သုန့်က ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှုကို လုပ်ဆောင်လိုက်ပါတယ်။ သူ့ရဲ့ ညာဘက်ခြေထောက်က လေထဲကို မြင့်တက်လို့သွားခဲ့ပြီး အံ့ဩစရာကောင်းလောက်အောက်ပဲ သူ့ရဲ့ခန္ဓာကိုယ်အနောက်ဖက်အထိကို ရောက်ရှိလို့သွားခဲ့တယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်အပေါ်တစ်ခြမ်းအထိကို ခြေထောက်ရဲ့ ကွေးညွတ်နိုင်စွမ်းက ကျော်လွန်သွားခဲ့ပါပြီး တစ်ချိန်ထဲမှာပဲ ဘယ်ဘက်ခြေထောက်က ဟို့ယွိဟောင်ဆီကို ပြေး၀င်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ခြေထောက်နှစ်ဖက်ရဲ့ ဆန့်ထုတ်နေတဲ့ ပုံစံက သာမန်လူတွေတွေးထားနိုင်တဲ့အထိ အကန့်အသတ်ကို ကျော်လွန်လို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်ကတော့ သူ့ရဲ့ စိတ်၀ိညာဥ်မျက်လုံးကိုအသုံးချရင်း ဆက်တိုက်ဆိုသလို တွက်ချက်နေခဲ့တာကြောင့် ၀မ်သုန့်ရဲ့ အစောပိုင်းတိုက်ခိုက်မှုတွေကို တိတိကျကျ ရှောင်ရှားနိုင်ခဲ့တာပါ။ သူလဲ လှုပ်ရှားခဲ့ပါတယ် လက်ရှိအချိန်မှာတော့ ၀မ်သုန့်ရဲ့ လှုပ်ရှားမှုတွေကို ခံစားနိုင်ပေမဲ့ နောက်ကိုမဆုတ်နိုင်ပဲ ရှိနေခဲ့တယ်။

ပြိုင်ဘက်ရဲ့လှုပ်ရှားမှုကို တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက်ကို ကိုယ်တိုင်းမှာလဲ သင့်တော်တဲ့ အားသာချက် ရှိနေခဲ့ရမှာပါ။ ၀မ်သုန့်ရဲ့ ဘယ်ဘယ်ခြေထောက်က သူ့ရဲ့ မေးစေ့ကို တန်တန်မတ်မတ်ချိန်ရွယ်နေတာ မြင်လာခဲ့တဲ့အတွက် ဟို့ယွိဟောင်ရဲ့ လက်နှစ်ဖက်စလုံးကလဲ အဲ့ဒီခြေထောက်ကို တန်ပြန်ပြီး တွန်းချဖို့တုန့်ပြန်လိုက်ပါတယ်။

၀မ်သုန့်ရဲ့စွမ်းအားက ဟို့ယွိဟောင်ထက် သာလွန်တာအမှန်ပါပဲ။ အားကောင်းတဲ့ တုန်ခါမှုတွေအပြည့်နဲ့ သူ့ရဲ့ခြေထောက်က ဟို့ယွိဟောင်ရဲ့ လက်နှစ်ဖက်စလုံးကို ထုံကျင်သွားစေခဲ့ပါတယ်။ အဲ့ဒီနောက် သူလဲ ထူးဆန်းကျောက်စိမ်းလက်နည်းလမ်းကို ဆက်တိုက်ဆိုသလို အသုံးပြုနေခဲ့ရတယ်။ ဒီလိုအသုံးချနေခဲ့တာတောင်မှ နောက်ကိုဆက်တိုက်ဆုတ်နေရတုန်းပါပဲ။ ၀မ်သုန့်ရဲ့ ညာဘက်ခြေထောက်ကတော့ မြေပြင်ပေါ်ကို ပြန်ကျသွားခဲ့ပါပြီး အဲ့ဒီနောက် ဘယ်ဘက်ခြေထောက်က နောက်တစ်ကြိမ် ထပ်ပြီး မြင့်တက်လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကတော့ ဆက်တိုက်ဆိုသလို အကြိမ်ကြိမ် အပေါ်အောက် ပြောင်းပြန်လှန်းနေခဲ့တယ်။ ၀မ်သုန့်ရဲ့ ညာဘက်ခြေထောက်က ကြာပွတ်တစ်ခုလိုအသွင်မျိုးနဲ့ ဟို့ယွိဟောင်ရဲ့ ပုခုံးကိုလာပြီး ရိုက်ခတ်ပါတယ်။ ဟို့ယွိဟောင်ကို သူ့ပေါင်နဲ့ ဖိထားခဲ့တယ်။

ဟို့ယွိဟောင်ကတော့ ဆက်တိုက်ဆိုသလို နောက်ကိုဆုတ်နေခဲ့ရ​ရင်း ရုတ်တရက်ဆိုသလို ခြေလှမ်းတွေက မြန်လာပါတော့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့ ဘယ်ဘက်ဆီကို ခပ်မြန်မြန်ပဲ သူဦးတည်လိုက်တယ်။

သူ့ရဲ့ညာဘက်ခြေထောက်က အရှိန်ပြင်းပြင်း မြေပြင်နဲ့ ၀င်ပြီးတိုက်မိပါတော့တယ်။ ကျောက်တုံးမြေပြင်ပေါ်မှာတောင် ခြေရာက ကျန်သွားခဲ့ပါပြီး အဲ့ဒီနောက် ခန္ဓာကိုယ်တစ်ခုလုံးက လေပွေလိုတစ်ခုအသွင်နဲ့ ဟို့ယွိဟောင်ကို ပြေးလိုက်ပါတော့တယ်။ သူခြေထောက်နှစ်ခုစလုံးကလဲ လေ၀ဲတွေလည်နေသလိုမျိုး ဟို့ယွိဟောင်ဆီကို ဆက်တိုက်ဦးတည်နေခဲ့တယ်။

အစောပိုင်းတိုက်ခိုက်မှုကြောင့် တအံ့တဩဖြစ်နေခဲ့ပေမဲ့ ဟို့ယွိဟောင်က လက်ရှိအချိန်မှာ စိတ်ငြိမ်လို့သွားခဲ့ပါပြီး သူ့ရဲ့ စိတ်၀ိညာဥ်စွမ်းအား ထောက်လှမ်းရေးစွမ်းရည်ကို အသုံးပြုရင်း ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းကို ရှင်းရှင်းလင်းလင်း ရင်ဆိုင်နိုင်ခဲ့တယ်။ ၀မ်သုန့်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုအောက်မှာ သရဲအရိပ်ခြေရာက သေးငယ်တဲ့ လှေလေးတစ်စင်း ရင်ပြင်ကျယ်ထဲမှာ လူးနေရသလိုပါပဲ။

၀မ်သုန့်ကတော့ ဟို့ယွိဟောင်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ ပြင်းထန်နေတယ်လို့ အာရုံစိုက်လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ စွမ်းအားက သူ့ထက်အများကြီး ပိုပြီး အားနည်းနေတာကို သူရှင်းရှင်းလင်းလင်း မြင်နေခဲ့ရတယ်။

အရှိန်အဟုန်မှာရော အင်အားမှာရော ၀မ်သုန့်က အများကြီးသာနေခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်မှုတွေက ဟို့ယွိဟောင်ကို မထိပါးနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်က မမြန်ဆန်ပေမဲ့ သူ့ရဲ့တိုက်ခိုက်မှုတွေအားလုံးကို ကြိုကြိုတင်တင် သိနေခဲ့ပြီး အနီးကပ်လေးမှာ ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၀မ်သုန့်အနေနဲ့လဲ သူပြိုင်ဖက်ကို မလှည့်စားနိုင်ပဲ ဖြစ်နေခဲ့တယ်။

၀မ်သုန့်က မောက်မာရုံတင်မကဘူး အတော်လေးကို ခေါင်းမာတဲ့သူပါ။ ဒါကြောင့် သိုင်းပညာ၀ိညာဥ်ကို အသုံးမပြုဖို့အတွက် ပြောထားပြီဖြစ်တာကြောင့် လုံး၀ကို အသုံးမပြုခဲ့ပါဘူး။ ဆက်တိုက်ဆိုသလို ခန္ဓာကိုယ်အင်အားနဲ့သာ တိုက်ရိုက်တိုက်ခိုက်နေရင်း ဟို့ယွိဟောင်ရဲ့ တောင့်ခံနိုင်စွမ်းကို စမ်းသပ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်က တကယ်ကိုပဲ အချိန်အကြာကြီး မတောင့်ခံနိုင်ခဲ့ပါဘူး။ ၀မ်သုန့်ရဲ့ ခြေထောက်တွေက သူနောက်ထပ် မတောင့်ခံနိုင်တော့တဲ့အထိ အားကောင်းလို့နေခဲ့ပါတယ်။ ဒါ့အပြင် အရှိန်နှုန်းကလဲ သန်မာမဟုတ်အောင် မြန်ဆန်နေခဲ့တယ်။ ၀မ်သုန့်ကို စိတ်၀ိညာဥ်စွမ်းအား ထောက်လှမ်းမှုနဲ့သာ သူအခုအချိန်ထိ ရင်ဆိုင်နိုင်နေခဲ့တာပါ။ ဒါပေမယ့် အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ခန္ဓာကိုယ်နှစ်ခုရဲ့ အခြေခံတည်ဆောက်မှု ကွာခြားချက်ကလဲ သိသိသာသာ ပေါ်ထွက်လို့လာပါတယ်။

ငယ်စဥ်ကထဲက ကြမ်းတမ်းတဲ့ဘ၀မှာနေထိုင်ခဲ့ရတဲ့ ဟို့ယွိဟောင်က ထူးဆန်းကောင်းကင်နည်းလမ်းနဲ့ ခန္ဓာကိုယ်ကို အခုမှတည်ဆောက်လို့ပြီတဲ့ အချိန်ပဲရှိပါသေးတယ်။ ၀မ်သုန့်လိုမျိုး အခြေခံကောင်းလူနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူ့ခန္ဓာကိုယ်က အများကြီးကို ဆိုးရွားလို့နေခဲ့တယ်။ သိုင်းပညာ၀ိညာဥ်ကို တည်ဆောက်ခဲ့ပြီးဖြစ်ပေမဲ့ ၀မ်သုန့်က ထုတ်မသုံးသေးတာတောင် သူ့မှာ အခက်အခဲရှိနေခဲ့တာပါ။ ဒါ့အပြင် အတွင်းပိုင်းစိတ်၀ိညာဥ်စွမ်းအား တောင့်ခံနေတာကြောင့်သာ မဟုတ်ရင် သူလဲ ရင်ဆိုင်ဖို့ မလွယ်ကူပါဘူး။ သူတို့တွေ အချိန်အကြာကြီး တိုက်ခိုက်နိုင်တဲ့အထိ ဟို့ယွိဟောင်က မနိုင်နိုင်ပဲ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အမှားအယွင်းတွေကလဲ စတင် ပေါ်ထွက်လာခဲ့တယ်။ ၀မ်သုန့်ရဲ့ ခြေထောက်နှစ်ချောင်းစလုံးကတော့ သူ့ကို သိီသီလေးလွှတ်ပြီး ဖြတ်ထွက်နေဆဲပါ။ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ အတော်ကိုနာကျင်နေခဲ့ပါပြီး သရဲအရိပ်ခြေရာက သူလေ့ကျင့်တာ အချိန်သိပ်မကြာသေးတဲ့အတွက် ပိုလို့ရှုပ်ထွေးလာပါတော့တယ်။

ဒီအတိုင်းဆက်သွားနေဖို့ မဖြစ်ဘူး။ အကယ်၍ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ငါ သေချာပေါက် ရှုံးသွားရလိမ့်မယ်။ ဟို့ယွိဟောင်က မြန်နိုင်သလောက် မြန်အောင်နောက်ဆုတ်လို့လာခဲ့ရင်း ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုတွေကို ဆက်ပြီးရှောင်ရှားနေလို့မဖြစ်မှန်း သူနားလည်သွားခဲ့ပါပြီး ရုတ်တရက်ဆိုသလို သူခေါင်းမော့မိလိုက်တယ်။ ဒီလှုပ်ရှားမှုက အတော်ကို ကြီးမားတာပါ ၀မ်သုန့်ကလဲ သူ့မျက်နှာကို ကြည့်နေခဲ့ပါတယ်။ ခရမ်းရောင်အလင်းတန်းတစ်ချို့ ဟို့ယွိဟောင်ရဲ့ မျက်၀န်းထဲမှာ ပေါ်လာနေတာကို သူရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ချက်ချင်းဆိုသလို သူ့ရဲ့ ဦးနှောက်တစ်ခုလုံး အပ်တွေနဲ့ထိုးခံလိုက်ရသလို နာကျင်မှုကို ခံစားလိုက်ရပါတော့တယ်။ လက်ရှိအချိန် သူ့ရဲ့ စိတ်ကယာယီထုံထိုင်လို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်က ဒီအခွင့်အရေးကို ဘယ်လိုလုပ်လက်လွှတ်ခံလို့ဖြစ်မှာလဲ သူချက်ချင်းဆိုသလို အရှေ့ကို ခုန်၀င်လာခဲ့ရင်း လက်မောင်းနှစ်ဖက်စွမ်းအားကို အသုံးပြုပြီး ၀မ်သုန့်ရဲ့ လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆွဲလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ခြေထောက်နှစ်ခုကလဲ ၀မ်သုန့်ရဲ့ခါးကို ချိတ်ထားခဲ့ပြီး သူ့ကို မြေပြင်ပေါ် ဆွဲလှဲပြစ်လိုက်တယ်။

ခြေထောက်နှစ်ဖက်ကို အသုံးပြုရင်း ၀မ်သုန့်က ဆက်တိုက်တိုက်ခိုက်နေခဲ့တာပါ။ ဒီအချိန်မှာ ဟို့ယွိဟောင်က အတော်လေးကို စိတ်ပူပန်းနေခဲ့ပါပြီး ၀မ်သုန့်ရဲ့ ခါးကို ခြေထောက်တစ်ဖက်နဲ့ ရစ်ပတ်ထားတာကြောင့် သူဘယ်လိုလုပ် နောက်ထပ် စွမ်းအားထုတ်နိုင်တော့မှာလဲ။ သူသာ ၀မ်သုန့်ကို အညံ့ခံအောင် လုပ်နိုင်မယ်ဆိုရင် အရာအားလုံးက အဆင်ပြေသွားမှာပါ။ ဟို့ယွိဟောင်ကတော့ ဒီလိုမျှော်လင့်နေခဲ့ပါတယ်။

ပြင်းထန်တဲ့ နာကျင်မှုကြောင့် ၀မ်သုန့်လဲ မျက်မှောင်ကြုတ်ထားခဲ့ရပါတယ်။ ဒါက စက္ကန့်ပိုင်းသာ ကြာမြင့်ပြီး သူချက်ချင်းဆိုသလို ပြန်ပြီး ခေါင်းကြည်သွားပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူ့ခန္ဓာကိုယ်ကို မြေပြင်ပေါ်မှာ ဖိထားပြီး ဖြစ်နေခဲ့တဲ့အပြင် ခါးကိုလဲ ချုပ်ထားခံထားရသေးတယ်။ လက်နှစ်ဖက်ကလဲ ဟို့ယွိဟောင် ရစ်ပတ်ထားတာကို ခံရခဲ့တယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေက အရမ်းကို နီးကပ်လို့နေခဲ့ပြီး မျက်နှာတွေကလဲ တစ်လက်မတောင် မကွာတော့ပါဘူး။ တစ်ယောက်ရဲ့အသက်ရှုသံကို တစ်ယောက်ကြားနေခဲ့ရတဲ့အထိ နီးကပ်လို့နေခဲ့တယ်။

အပိုင်း ၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset