Chapter – 7.1 ” ကျောင်းတော်ထဲကို ၀င်လာတဲ့ လူသစ်တွေ ”
°°°
ပေ့ပေ့ရဲ့ ရှင်းပြချက်ကို ကြားပြီတဲ့အချိန်မှာ ဟို့ယွိဟောင်လဲ လန့်သွားပါတော့တယ်။
” အစ်ကိုကြီး အကယ်၍ ဆရာတွေသာ ဒီလိုကိစ္စတွေ လုပ်နေတယ်ဆိုရင် ဘာဖြစ်လို့ကျောင်းက ဂရုမစိုက်တာလဲ ”
ပေ့ပေ့က ခပ်တိုးတိုးရှင်းပြပါတော့တယ်။
” ဆရာမကျိုးယိက အတော်လေး တင်းကြပ်ပေမဲ့ သူက ရိုးရိုးသားသားပြောရမယ်ဆိုရင် အတော်လေး ထူးချွန်တဲ့သူ သူ့အတန်းကနေ အဆင့်တက်သွားတဲ့ကျောင်းသားတွေလဲ ဘယ်သူကမှ သူ့ကို ဆရာဆိုးလို့မပြောကြဘူး…ဆရာမကျိုးက အရမ်းကို စည်းကမ်းတင်းကြပ်ပေမဲ့ ဒီလိုမျိုး စည်းကမ်းတင်းကြပ်တယ်ဆိုတာကလဲ သူ့ကျောင်းသားတွေကို အများကြီး မြင့်မြင်မားမား မျှော်မှန်းထားလို့လေ ဒါ့အပြင် သင်ကြားတဲ့နည်းလမ်းတွေကလဲ ကြမ်းတမ်းတယ်…ဆရာမကျိုးသင်ကြားပေးခဲ့တဲ့ ကျောင်းတော်သားတွေထဲမှာ တော်တော်များများက အတွင်းနယ်မြေကို ၀င်သွားပြီးပြီ ဒါ့အပြင် အဲ့ဒီအထဲမှာ အတော်ဆုံးကျောင်းသားတွေလဲ ပါ၀င်နေသေးတယ်…ဒီတစ်ခေါက် လှုပ်လှုပ်ရှားရှားဖြစ်တာက အရမ်းကို ကြီးလွန်တာကြောင့်သာ ဆရာမကျိုးက လူသစ်တွေကိုသင်ကြားပေးဖို့အတွက် နေရာချခံလိုက်ရတာ ဖြစ်မယ်…ဒါပေမယ့် မင်းကောင်းကောင်းကြိုးစားပြီး ထူးချွန်မယ်ဆိုရင်တော့ ဆရာမကျိုးရဲ့ သင်ကြားပေးမှုတွေက မင်းအတွက် အများကြီးအသုံး၀င်မှာပါ ”
” ဪ ဒီလိုလား ဆရာရှောင်ယာ့နဲ့ ဆရာတူအစ်ကိုကြီး နှစ်ယောက်စလုံး တခြားလုပ်စရာကိစ္စတွေရှိသေးတယ်မလား ကျွန်တော်အခန်းကို ကျွန်တော်အရင်ပြန်နှင့်ပါ့မယ် ”
ပေ့ပေ့က ပြုံးပြရင်းပြောလိုက်ပါတယ်။
” ကောင်းပြီလေ ငါနဲ့ ဆရာရှောင်ယာ့တို့ အဆင့်တက်ဖို့စစ်ဆေးချက်ကို ဖြတ်ရတော့မှာ ဒါကို ဖြတ်သန်းနိုင်မယ်ဆိုရင် စတုတ္ထတန်းကို တက်သွားလိမ့်မယ်…. ငါက အခန်းသုံးရာတစ်ဆယ့်ခြောက်မှာနေတယ်…ဒီတော့လိုတာတစ်ခုခုရှိရင်း လာရှာလိုက် ”
ပေ့ပေ့နဲ ထန်ယာ့တို့က တကယ်ကို အလုပ်များကြပါတယ်။ ထန်ယာ့ သူမရဲ့ ၀ိညာဥ်စက်ကွင်းကို ရဖို့လုံး၀ကို အလောကြီးနေရတာလဲ ဒီအကြောင်းရင်းကြောင့်ပါပဲ။ ဒါ့အပြင် သူတို့တွေ အတန်းတက်ပြီးသွားရင် ပိုလို့များပြားတဲ့ကိစ္စတွေက စောင့်ကြိုနေပါလိမ့်မယ်။ ဟို့ယွိဟောင်လဲ မဟာကြယ်တာရာသစ်တောထဲကိုတောင် တစ်ယောက်ထဲသွားခဲ့တဲ့သူပါ။ ဒါကြောင့် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်စွမ်းကတော့ အတော်လေးကိုကောင်းပါတယ်။ သူ့ကိုသိပ်ပြီးစိုးရိမ်ပေးနေစရာ မလိုပါဘူး။
ပထမနှစ်တွေအတွက် ကျောင်းဆောင်က အဖြူရောင်ဖြစ်ပါတယ်။ ဒုတိယနှစ်နဲ့ တတိယနှစ်အတွက်ကျောင်းဆောင်တွေကတော့ အ၀ါရောင်တွေပါ။ မကြာခင်မှာပဲ ကျောင်းသားတွေနေဖို့အဆောင်တွေကို ဟို့ယွိဟောင် မြင်လိုက်ရပါတော့တယ်။ ဒီနေရာက အတော်ကို ကျယ်၀န်းနေခဲ့တယ်။ အဆောက်အဦးက တစ်ခုပဲရှိပေမဲ့ အထဲမှာတော့ အရောင်က လေးရောင်ရှိပါတယ်။ အဆောက်အဦးတွေရဲ့ အရောင်တွေက နေထိုင်သူတွေရဲ့ အတန်းကို ဖော်ပြလို့နေခဲ့ပြီး အလွှာကတော့ စုစုပေါင်း ခြောက်ထပ် ရှိနေခဲ့တယ်။
အဖြူရောင်အဆောက်အဦးရဲ့ ၀င်ပေါက်ကို ရောက်ရောက်ချင် အတော်လေး အိုမင်းနေတဲ့ အဘိုးကြီးတစ်ယောက်ကို ဟို့ယွိဟောင် တွေ့လိုက်ရပါတော့တယ်။ မီးခိုရောင်၀တ်ရုံ၀တ်ထားတဲ့ အဲ့ဒီအဘိုးကြီးက မျက်နှာတစ်ခုလုံး အရေးအကြောင်းတွေနဲ့ ပြည့်နှက်လို့နေခဲ့ပြီး သူ့အသက်က စကားနဲ့တောင် ပြောပြလို့မရအောင် အိုမင်းနေပုံပါပဲ။ မျက်လုံးတွေက ၀ါကျစ်ကျစ်အရောင် တောက်ပနေခဲ့ပြီး တစ်၀က်ကလဲ ပိတ်နေပါသေးတယ်။ အိုမင်းပြီး အားနည်းချိနဲ့နေပုံရတဲ့သူရဲ့ရုပ်သွင်က သင်္ချိုင်းကုန်းထဲ ခြေတစ်ဖက်လှမ်းနေတယ်လို့တောင် ပြောလို့ရနိုင်သေးတဲ့အထိပါပဲ။ နေရောင်ကတော့ ခန္ဓာကိုယ်ပေါ်ကို ဖြတ်သန်းကျရောက်နေခဲ့ပြီး ခုံတစ်လုံးပေါ်မှာ တစ်၀က်လှဲလျောင်ရင်း သက်သောက်သက်သာနဲ့ အေးအေးဆေးဆေးရှိတဲ့ပုံစံကို ဖော်ပြနေခဲ့တယ်။
ဟို့ယွိဟောင်က အရှေ့ကို လျှောက်သွားရင်းတလေးတစားနဲ့ ပြောလိုက်ပါတယ်။
” အဘိုးရေ ကျွန်တော်က အခုမှရောက်လာတဲ့ ကျောင်းသားသစ်ပါ ကျွန်တော်ရဲ့ လူသစ်စာတန်းကို စစ်ဆေးဦးမှာလားအဘိုး ”
အဘိုးကြီးကတော့ ခေါင်းတောင်မော့မကြည့်ပဲနဲ့ တုန်ရီနေတဲ့ လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ပြောလာခဲ့ပါတယ်။
” မင်းရဲ့သော့ကိုယူပြီး အရှေ့ကိုလာပြ ”
ဟို့ယွိဟောင်လဲ သူ့ရဲ့ကျောင်းသားကဒ်နဲ့ သော့ကိုပေးလိုက်ပါတော့တယ်။
အဘိုးကြီးက ပြန်ပေးပြီတဲ့နောက် ပြန်ဖြေလိုက်တယ်။
” ငါ့ရဲ့ညာဘက်ပထမအလွှာက တတိယမြောက်အခန်းကိုသွားလိုက် အဲ့ဒီအခန်းက အခန်းတစ်ရာရှစ်ပဲ လေးလွှာမြောက်ကစပြီး အမျိုးသမီးတွေရဲ့ အခန်းဆောင်ကိုစတယ်…အပေါ်ထပ်ကို တက်လို့မရဘူး အဲ့ဒီကိုတက်တယ်လို့ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ထုတ်ပယ်ခံရလိမ့်မယ် ”
” ကျေးဇူးအများကြီးတင်ပါတယ် အဘိုး ”
အဘိုးကြီးကို ဦးညွတ်ရင်းနဲ့ ဟို့ယွိဟောင်က နှုတ်ဆက်ပြီး အပေါ်ကိုတက်သွားပါတော့တယ်။
အဘိုးကြီးကတော့ တစ်စက်လေးတောင် မလုပ်ခဲ့ပဲ သူ့ဘာသာသူ အေးအေးဆေးဆေးသာ ပြောနေခဲ့တယ်။
” ယဥ်ကျေးမှုရှိတဲ့ကလေးမျိုး မတွေ့ရတာကြာပြီး ”
သူပြောနေချိန်မှာပဲ ကျောင်းသားသစ်တစ်ချို့က အဲ့ဒီနေရာကို ထပ်ပြီး ဖြတ်လာခဲ့ပါတယ်။ ဒါပေမယ့် အဘိုးကြီးကို တစ်ချက်လေးတောင် သတိမပြုပဲ အထဲကိုသာ တိုက်ရိုက်၀င်သွားကြတယ်။ အဘိုးကြီးကလဲ သူ့တို့ကို မတားပါဘူး။ ပျင်းရိခြောက်သွေ့မှုအပြည့်နဲ့သာ အေးအေးဆေးဆေး လှဲလျောင်နေဆဲပါ။
အဘိုးကြီးရဲ့ ညွှန်ကြားချက်အတိုင်း သွားလိုက်တာကြောင့် ဟို့ယွိဟောင်လဲ သူ့အခန်းကို ခပ်မြန်မြန်ရှာတွေ့သွားပါတော့တယ်။ အခန်းဆောင်က အတော်လေးကို ကျယ်ပြန့်လို့နေခဲ့ပြီး အခန်းနံပါတ်တွေကိုလဲ တံခါးတွေမှာ ချိတ်ဆွဲလို့ထားခဲ့ပါတယ်။ ဒါ့အပြင် အချိန်ကိုလဲ အခန်းတွေကနေ ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရတာကြောင့် ယာယီအသုံးပြုဖို့မဟုတ်ပဲ ရှည်ကြာတဲ့အချိန်အတွက်အသုံးပြုဖို့တည်ဆောက်ထားမှန်းသိသာနေခဲ့တယ်။ ၀န်ရံတာတွေရဲ့ အဆုံးသတ်မှာတော့ စုပေါင်းအသုံးပြုလို့ရတဲ့ အိမ်သာရေချိုးခန်းတွေရှိနေခဲ့ပါတယ်။
တံခါးကို ဖွင့်ပြီးပြီချင်မှာပဲ ချက်ချင်းဆိုသလို ဖုံးအနံ့တွေက အခန်းအပြင်ကို ထွက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ တံခါးဖွင့်ပြီး အပြင်မှာ ခဏစောင့်ဆိုင်းနေခဲ့တယ်။ အဲ့ဒီနောက် အသက်အောင့်ရင်း အခန်းထဲကို ပြေး၀င်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်ပါတယ်။ တစ်လနီးပါး မရှင်းမလင်းပဲ ထားခဲ့တဲ့ အခန်းက တစ်ခန်းလုံးဖုံးတက်နေခဲ့ပါပြီး ပြတင်းပေါက် ရှိနေတာကြောင့် အဲ့ဒီက၀င်လာတဲ့လေကို အသုံးပြုရင်း အခန်းရဲ့အခြေအနေကို ဟို့ယွိဟောင် ရှင်းရှင်းလင်းလင်း မြင်နိုင်လို့နေခဲ့တယ်။ ဒီအခန်းက အတော်ကို သေးငယ်လွန်တဲ့အပြင် ဆယ်မီတာပတ်လည်သာရှိတာပါ။ အိပ်ယာနှစ်ခုနဲ့တင် အခန်းတစ်ခုလုံးပြည့်နေမတတ် ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် စာပွဲခုံတစ်လုံးနဲ့ သတ္ထုနဲ့လုပ်ထားတဲ့ အ၀တ်ဗီရိုနှစ်ခုအပြင် မျက်နှာကြက်မှာတော့ မီးအိမ်နှစ်ခုရှိနေခဲ့တယ်။ ဒါ့အပြင် နံရံတွေမှာလဲ သတ္ထုနဲ့ပြုလုပ်ထားတဲ့ တစ်ချို့အရာတွေ ရှိနေပါသေးတယ်။ ပေ့ပေ့ ပြောပုံအရတော့ မီးအိမ်တွေကို ၀ိညာဥ်စွမ်းအားအသုံးပြုပြီး မီးထွန်းလို့ရပါတယ်တဲ့။ ဒါအပြင် သတ္ထုခလုတ်တွေကလဲ ၀ိညာဥ်စွမ်းအားထည့်သွင်းဖို့ပါ။
လေ၀င်လေထွက် ကောင်းပြီတဲ့နောက် ဖုံးနံ့က အတော်လေး ရှင်းသွားပါတော့တယ်။ ဟို့ယွိဟောင်လဲ အခန်းကျဥ်းလေးကိုကြည့်ရင်း စိတ်လှုပ်ရှားမှုက နှလုံးသားထဲကို ပြည့်လျှံတက်လာခဲ့ပါပြီး ဒီနေ့ကနေစပြီး အဲ့ဒီအခန်းက သူတစ်နှစ်လုံးလုံးနေရမဲ့အခန်းပါ။ သူ့မှာအခန်းဖော်တစ်ယောက် ရှိလာမဲ့ပုံပါပဲ။ သူအရင်ဆုံးရှင်းလင်းမှ ဖြစ်ပါလိမ့်မယ်။
ဆင်းရဲတဲ့ကလေးတွေက အိမ်တစ်အိမ်ကို ကောင်းကောင်းထိန်းသိမ်းနိုင်တယ်ဆိုတာ အမှန်တရားတစ်ခုပါပဲ။ မြို့စားအိမ်တော်မှာ မွေးဖွားခဲ့သူဖြစ်ပေမဲ့ ဟို့ယွိဟောင်ရဲ့ဘ၀က သာမန်ပြည်သူတွေလောက်တောင် မကောင်းမွန်ခဲ့ပါဘူး။ စုထားတဲ့ ပိုက်ဆံလေးအနည်းငယ်နဲ့ ကျောင်းသူကျောင်းသားတွေရဲ့ စတိုးဆိုင်ကနေ ဇလုံတစ်လုံးကို ၀ယ်လာပြီး နောက်ထပ် ပစ္စည်းတစ်ချို့ကိုလဲ ထပ်ပြီး၀ယ်လာပါသေးတယ်။ ဒါ့အပြင် သန့်ရှင်းရေးလုပ်ဖို့အတွက် အ၀တ်စတစ်ချို့ကို တောင်းဆိုပြီး အခန်းကိုစတင် သန့်ရှင်း ရှင်းလင်းတော့တယ်။
တစ်နာရီကြာပြီတဲ့နောက်မှာတော့ ဖုံစလေးတစ်စတောင်မကျန်တော့ပဲ ရှင်းလင်းသန့်ရပ်လို့သွားပါတော့တယ်။ အခန်းထဲမှာရှိသမျှအရာအားလုံးက နေရာတကျဖြစ်နေခဲ့ပြီး အခုအချိန်မှာတော့ သန့်ရှင်းသန့်ရပ်တဲ့ အသံထွက်ပေါ်လို့လာတော့တယ်။ ဟို့ယွိဟောင်ကတော့ သူ့အတွက် အိပ်ယာတွေဘာတွေ ၀ယ်ဖို့စိတ်ကူးမရှိခဲ့ပါဘူး။ သစ်သားအိပ်ယာက သူ့လို့လူတစ်ယောက်အတွက် အဆင်ပြေပြေ ရှိနေခဲ့တာကြောင့် စတင်ပြီး လေ့ကျင့်ပါတော့တယ်။
ဗိုက်ဆာလာတဲ့အချိန်မှာတော့ ထမင်းစားခန်းထဲကို သွားပါတယ်။ အဲ့ဒီနောက် စျေးအသက်သာဆုံးထမင်းဘူးကို၀ယ်ပြီး ထမင်းစားတော့တယ်။
ကျောင်းသားတစ်စုချင်းဆီတိုင်းမှာ သူတို့နဲ့ သက်ဆိုင်တဲ့ထမင်းစားခန်းတွေရှိပြီး အားလုံးကလဲ ကျောင်းဆောင်တွေရဲ့ အနောက်ဖက်မှာ တည်ရှိနေခဲ့တာပါ။ ဟို့ယွိဟောင်လဲ ကျောင်းသားသစ်တွေရဲ့ ထမင်းစားခန်းထဲကို လျှောက်လာချိန်မှာ လန့်သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာ ထမင်းစားခန်းထဲမှာလူတွေအများကြီးမရှိသေးပါဘူး။ ဒါကြောင့် အတော်လေးကို ကျယ်၀န်းနေခဲ့တယ်။ ဒါ့အပြင် စားပွဲခုံတစ်လုံးမှ မရှိပဲနဲ့ အရမ်းကို ဗလာဟင်လင်ဖြစ်နေခဲ့တဲ့နေရာပါ။ ပန်ကန်ဆေးလို့ရတဲ့ ဘေစင်တွေနဲ့ ပန်ကန်ဆေးဖို့နေရာတွေပဲ ရှိနေခဲ့တယ်။ ဒါ့အပြင် ထမင်းစားခန်းရဲ့ အတွင်းနေရာမှာကတော့ အစားအသောက်၀ယ်လို့ရတဲ့ ပြတင်းပေါက်လေးတစ်ချို့ရှိပြီး စျေးနှုန်းတွေလဲ ရေးထားခဲ့ပါတယ်။ စုစုပေါင်းပြတင်းပေါက် ရှစ်ခုတိတိ ရှိပြီး ဟင်းလျာအမျိုးမျိုးကို တည်ခင်းဧည့်ခံလေ့ရှိတယ်။
ထမင်းစားခန်းထဲမှာ တကယ်ကို ထိုင်စရာနေရာမရှိဘူးလား ထမင်းစားခန်းရဲ့ ၀င်ပေါက်မှာတော့ စကားလုံးတစ်ချို့ကို ရေးထားပါတယ်။
” ထမင်းစားခန်းကနေ ဘယ်အစားအသောက်ကိုမှ ပြင်ပကိုယူဆောင်ခွင့်မပြု ချွင်းချက်မရှိ ”
တခဏတာ ကြောင်အနေခဲ့တဲ့ ဟို့ယွိဟောင်လဲ ညာဘက်အကျဆုံး ပြတင်းပေါက်ဆီကို လျှောက်လာရင်း စျေးအပေါဆုံးအစားအသောက်ကို ၀ယ်ဖို့လုပ်ပါတော့တယ်။ အဲ့ဒါကတော့ အသီးအရွက်ကြော်တစ်ချို့နဲ့ ထမင်းဖြူပါ။ ဒါပေမယ့် အစားအသောက်တွေကို ဘယ်လိုပဲဖြစ်ဖြစ် သူ၀င်အောင် စားလိုက်ပါတယ်။ စားဖို့အရာရာ တစ်ခုရှိတာကတင် ကံကောင်းလွန်နေပါပြီး ဒါ့အပြင် အစားအသောက်တွေရဲ့စျေးက အတော်လေးကို စျေးပေါနေခဲ့ပြီး ကြေးပြားနှစ်ပြားသာ ကျသင့်ပါတယ်။ သူ့က တစ်လကို ရွှေပြားတစ်ပြားသာ ရတာကြောင့် အေးအေးဆေးဆေးတော့ စားလို့ရပါသေးတယ်။
စားသောက်ပြီးချိန်မှာ ထမင်းစားခန်းကို သူစပြီး လေ့လာပါတော့တယ်။ စျေးအကြီးဆုံး ပြတင်းပေါက်ကနေ ရောင်းချတဲ့အစာအစားတွေက ၀ိညာဥ်ရွှေပြားတွေအထိကို တန်ကြေးရှိနေတာသူတွေ့လိုက်ရတယ်။ ဒါက သူတွေးတောင်မတွေး၀ံ့တဲ့အရာပါ။
အစားအသောက်ကို ပြီးအောင်စားသောက်ပြိီတဲ့နောက် ဟို့ယွိဟောင်လဲ သူ့အခန်းကို ပြန်လာပါတော့တယ်။ ဆိုးရိုးစကားရှိတဲ့အတိုင်း စောစောထတဲ့ငှက်က စောစောပျံသန်းနိုင်မှာပါ။ သူနဲ့ တခြားကျောင်းသားတွေရဲ့ ကွာခြားချက်ကို နားလည်ခဲ့တာကြောင့် အချိန်ဖြုန်းနေလို့မဖြစ်ပါဘူး။
ခိုင်ခံ့တဲ့သစ်သားအိပ်ယာပေါ်မှာ တင်ပလ္လင်ခွေချိတ်ထိုင်လိုက်ရင်း ဟို့ယွိဟောင်စတင်ပြီး တရားထိုင်ပါတော့တယ်။ အဲ့ဒီနောက် ထူးဆန်းကောင်းကင်နည်းလမ်းကို သူစတင် ကျင့်ကြံတယ်။
သူ့ရဲ့အရှိန်က ပေ့ပေ့နဲ့ ထန်ယာ့တို့ထက် အများကြီးအားနည်းပေမဲ့ အတိတ်အချိန်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အတော်လေးတော့ တိုးတက်လာခဲ့ပါပြီး ကျင့်ကြံတဲ့နည်းလမ်းကို ပြောင်းလဲလိုက်ပြီတဲ့နောက် သူ့ရဲ့ သေးငယ်တဲ့တိုးတက်မှုတွေကို ကောင်းကောင်းခံစားနေခဲ့မိပါတယ်။ အရင်အချိန်ကထက် အများကြီးပိုပြီး သာလွန်နေတာကို သူသိခဲ့တယ်။ ဒါ့အပြင် ရက်အနည်းငယ်ကျင့်ကြံမှုက သူ့ရဲ့မူလမသန့်စင်ပဲ ဗရမ်းဗတာဖြစ်နေတဲ့ ၀ိညာဥ်စွမ်းအားတွေကို တည်ငြိမ်လို့သွားစေခဲ့ပါတယ်။ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ၀ိညာဥ်စွမ်းအားက သူ့အတွက် အများကြီးအသုံး၀င်နေခဲ့တယ်။ စွမ်းအင်လှည့်ပတ်မှုလမ်းကြောင်းတွေကို အားဖြည့်ပေးနိုင်ရုံတင်မကပဲ ချောမွေ့လို့သွားစေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ တိုးတက်မှုကို အများကြီးမတွေ့မြင်နိုင်ခဲ့ပေမဲ့ ရေရှည်သာ ကျင့်ကြံမယ်ဆိုရင် ခန္ဓာကိုယ်စွမ်းအားကပါ တိုးတက်နိုင်တယ်လို့ ပေ့ပေ့ပြောတာကို သူသိနေခဲ့တယ်။
အပိုင်း ၇•၁ ပြီး၏။