အပိုင်း ၁၃၁•၁
” ထန်မျိုးနွယ် ”
°°°
၀မ်သုန့်က အရင်ဆုံးအရှေ့ကိုတိုးလာခဲ့ရင်း ပြောဖို့လုပ်ပါတော့တယ်။
” ငါအရင်သွားလိုက်မယ် ”
အကြီးအကဲမုက ရုတ်တရက်ပြောလာခဲ့တယ်။
” မင်းတို့နှစ်ယောက်စလုံး မင်းတို့ရဲ့လမ်းတွေကိုငါလက်ထဲမှာတစ်ပြိုင်နက်ထဲလာရေးလိုက်ရင်း ဘယ်လိုလဲ ”
သူပြောလိုက်ပြီတဲ့နောက် လက်ကိုဆန့်ထုတ်ပေးလိုက်ပါတယ်။
အကြီးအကဲမုရဲ့ လက်တွေက အရမ်းကိုနူးညံ့ပြီ လူငယ်တစ်ယောက်လိုမျိုး ချောမွေ့နေခဲ့ပါတယ်။ သူ့ရဲ့မျက်နှာနဲ့တောင် မတူညီပါဘူး။ လက်ဖ၀ါးတွေက ပိုမိုနွေးထွေးနေခဲ့ပြီ အသားအရေးက ကျောက်စိမ်းလိုကြည်လင်နေခဲ့ပါတယ်။ တောက်ပတဲ့အလင်းအရောင်စဥ်တန်းတွေက ၀မ်သုန့်ရဲ့တောက်ပတဲ့ အသားအရေးနဲ့တောင် မတူညီပါဘူး။ အများကြီးပိုပြီးရိုးရှင်းလို့နေခဲ့တော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့ပါတယ်။ သူတို့တွေက အရမ်းကိုသဟဇာတဖြစ်ဖြစ်နဲ့ အကြီးအကဲမုရဲ့ဘေးကိုရောက်လာခဲ့ကြတယ်။
” စလို့ရပြီ ”
အကြီးအကဲမုက ပြုံးပြရင်းပြောလာခဲ့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောက်နဲ့နှစ်ယောက်က လက်ညိုးကိုအသုံးပြုရင်း သူတို့ရှာတွေ့ခဲ့တဲ့လမ်းကို စရေးပါတော့တယ်။ ဒါကသူတို့တစ်ဘ၀တာလုံးလျှောက်လမ်းရမဲ့လမ်းပါ။
အကြီးအကဲမုကတော့ ပြုံးပြနေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့လက်ဖ၀ါးတွေကို လက်သီးအဖြစ်ပြန်ဆုပ်လိုက်ရင်း နှစ်ယောက်ကိုရပ်တန့်စေလိုက်တယ်။
“:မင်းတို့နှစ်ယောက်က တကယ်ပဲသက်ဆိုင်တဲ့လမ်းကိုရှာတွေ့သွားပြီပဲ ကောင်းတယ် ငါအတော်လေးစိတ်ချမ်းသာမိတယ် ”
သူပြောရင်းနဲ့ လက်နှစ်ဖက်ကိုပေါင်းစည်းပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုသူမျက်နှာချင်ဆိုင်လိုက်ပါတယ်။ သူ့ရဲ့လက်ပေါ်မှာတော့ တောက်ပတဲ့စာလုံးတွေက လေပေါ်ကိုပေါ်ထွက်လာခဲ့ပါပြီ။
” ထန်မျိုးနွယ် ”
” ထန်မျိုးနွယ် ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်အထိတ်တလန့်နဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြောလိုက်မိတယ်။ သူတို့တွေ တခဏတာကြာတဲ့အထိကို မျက်လုံးအပြူးသားဖြစ်နေခဲ့ပါပြီ။
ဒါကလိုက်လျောညီထွေးဖြစ်မှုပဲလား ဒီလိုလိုက်လျောညီထွေးဖြစ်မှုကို ရိုးရှင်းတဲ့စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်တော့ပါဘူး။ သူတို့ရွေးချယ်တဲ့လမ်းခရီးကလဲ လုံး၀ကိုအတူတူဖြစ်နေခဲ့တယ်။
အကြီးအကဲမုက ပြုံးပြရင်းပြောလိုက်တယ်။
“:၀မ်သုန့် မင်းဘာကြောင့်ဒီလမ်းကိုရွေးချယ်ခဲ့သလဲဆိုတာ အရင်ဆုံးပြောပြ ဒါကမင်းအတွက်ဘာကိုဆိုလိုလဲ ”
” ကျွန်တော်အစတုန်းကမသေချာခဲ့ဘူး…ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်တွေက တိုက်ခိုက်ရေးအမျိုးအစားတွေပဲလေ သေချာပေါက် ကျွန်တော်က တိုက်ခိုက်ရေးအမျိုးအစားကို အခြေခံတဲ့လမ်းစဥ်ကို ရွေးရမှာပဲ ဒါပေမယ့် လေးလေးနက်နက်တရားထိုင်နေတဲ့အချိန်ကာလမှာ ထန်မျိုးနွယ်ဆိုတဲ့စကားလုံးက အကြောင်းအရင်းမရှိပဲ ကျွန်တော်ခေါင်းထဲမှာ လာပေါ်နေခဲ့တယ်။ ဒါကြောင့်သာ ကျွန်တော်ရဲ့အင်အားက ထန်မျိုးနွယ်ရဲ့မတူညီတဲ့ စွမ်းဆောင်ရည်တွေနဲ့ဆက်တိုက် ဆက်စပ်နေမယ်ဆိုတာ ခံစားမိတာပဲ ဒါ့အပြင် မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေကိုအသုံးပြုပြီး ထန်မျိုးနွယ်ရဲ့တခြားနည်းလမ်းတွေကို ပေါင်းစည်းလို့ရတယ်…ဒါ့အပြင် အဲ့ဒီနည်းလမ်းတွေကလဲ ကျွန်တော်အစွမ်းအစတွေနဲ့လုံး၀ကို လိုက်ဖက်ညီနေသေးတယ်..ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးနည်းလမ်းတို့ ခရမ်းရောင်နတ်ဆိုးမျက်လုံးတို့အပြင် တခြားနည်းလမ်းပေါင်းစုံကလဲ ကျွန်တော်နဲ့ကိုက်ညီနေသေးတယ်…ဒါ့အပြင် တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့ ကြည်လင်ကောင်းကင်တူနှစ်ခုစလုံးက တိုက်ခိုက်ဖို့အတွက် နည်းဗျူဟာတွေကိုလိုအပ်တယ်…၀ိညာဥ်ပညာရှင်တစ်ယောက်အတွက် သူတို့ရဲ့၀ိညာဥ်စွမ်းအားကို အတိအကျထုတ်လွှတ်နိုင်လေလေ ပိုသန်မာလေပါပဲ ဒါကြောင့် ကျွန်တော်အနေနဲ့ ထန်မျိုးနွယ်ရဲ့နည်းလမ်းတွေနဲ့ ကျွန်တော်ရဲ့စွမ်းရည်တွေကို ပေါင်းစည်းချင်တယ်..ဒါကကျွန်တော်လျှောက်လမ်းချင်တဲ့လမ်းပဲ ”
” အရမ်းကောင်းတယ် ဟို့ယွိဟောင် မင်းကရောဘယ်လိုလဲ ”
ဟို့ယွိဟောင်က ၀မ်သုန့်ကိုကြည့်ရင်းပြောလာခဲ့ပါတယ်။
” ကျွန်တော်အခြေအနေကတော့ ၀မ်သုန့်ထက်ပိုပြီး ရှုပ်ထွေးတယ်…ဒါပေမယ့် ကျွန်တော်အထင် ထန်မျိုးနွယ်ကတော့ ကျွန်တော်အတွက် ပိုသင့်တော်မယ်ထင်တာပဲ ”
” ကျွန်တော်မှာ သိုင်းပညာ၀ိညာဥ်နှစ်ခုရှိတယ်..တစ်ခုကထိန်းချုပ်မှုအမျိုးအစား နောက်တစ်ခုကတိုက်ခိုက်ရေးအမျိုးအစား နှစ်ခုစလုံးကိုတစ်ပြိုင်နက်ထဲသုံးလို့ရတယ်..ကျွန်တော်ရဲ့အစွမ်းအစတွေကလဲ ကိုယ်ပိုင်အသီးသီးရှိတယ်လေ ဒါ့အပြင် ကျွန်တော်ရဲ့ အနာဂတ်ကျင့်ကြံမှုတွေက သိုင်းပညာ၀ိညာဥ်နှစ်ခုပေါင်းစည်းမှုအပေါ်မူတည်ပြီ အများကြီးတိုးတက်နိုင်တယ်..တစ်ချိန်ထဲမှာပဲ ကျွန်တော်က ၀ိညာဥ်ပညာရှင်တစ်ယောက်တင်မကဘူး ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်လဲ ဖြစ်နေသေးတယ်…အကယ်၍ ကျွန်တော်သာသိုင်းပညာ၀ိညာဥ်တစ်ခုထဲကိုပဲ လေ့ကျင့်မယိဆိုရင် သန့်စင်တဲ့၀ိညာဥ်ပညာရှင်ဖြစ်လာမှာပဲ ဒါပေမယ့် ကျွန်တော်အဲ့ဒီလိုမလုပ်ချင်ဘူး…၀ိညာဥ်လက်နက်တွေအသုံးပြုတဲ့ကိစ္စကိုလဲ လက်မလျှော့ချင်ဘူး..ဒါကြောင့်သာ ထန်မျိုးနွယ်အကြောင်းကို တွေးလိုက်မိတာ ”
” ထန်မျိုးနွယ်ရဲ့ မဟာနည်းလမ်းရဲ့ခြောက်သွယ်ကိုကျွန်တော်အားလုံး သင်ကြားပြီးပါပြီ ခရမ်းရောင်နတ်ဆိုးမျက်လုံး ထူးဆန်းကျောက်စိမ်းလက် ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီး သရဲအရိပ်ခြေရာအပြင် နောက်ထပ်လျှို့၀ှက်လက်နက်တွေနဲ့ ထူးဆန်းကောင်းကင်နည်းလမ်းကိုလဲ လေ့ကျင့်ထားပါသေးတယ်..ထူးဆန်းကောင်းကင်နည်းလမ်းနဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးကိုတော့ အကျွမ်းကျင်ဆုံးပါပဲ သူတို့တွေအပြင် နောက်ထပ် တခြားနည်းလမ်းလေးခုကိုတော့ အနည်းငယ်သာတွေ့ကြုံရသေးတယ် ”
” ဒါပေမယ့် ကျွန်တော်ထန်မျိုးနွယ်အကြောင်းတွေးတဲ့အချိန်မှာ ကျွန်တော်ရဲ့အစွမ်းအစတွေအားလုံးက ထန်မျိုးနွယ်နဲ့ဆက်စပ်နေတာကို အံ့ဩစရာကောင်းလောက်အောင်တွေ့ရှိခဲ့ရတယ်..စိတ်၀ိညာဥ်မျက်လုံးကလဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးနဲ့ ချိတ်ဆက်နေတယ်..ဒါ့အပြင် ခရမ်းရောင်နတ်ဆိုးမျက်လုံးကြောင့်လား စိတ်၀ိညာဥ်အမျိုးအစားဖြစ်တဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကိုသုံးနိုင်တာ ကျွန်တော်ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေရရှိမှုက ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေအများကြီးကိုလဲ ကောင်းကောင်းအသုံးချနိုင်ဖို့အတွက် ကူညီပေးသေးတယ်..ဒါက ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေကိုသုံးတာလဲ ပါနေခဲ့သေးတယ်…ရေခဲကျောက်စိမ်းဧကရီလဲအတူတူပါပဲ ရေခဲအမျိုးအစား၀ိညာဥ်စွမ်းရည်တွေက ထန်မျိုးနွယ်ရဲ့ ထိန်းချုပ်တဲ့နည်းလမ်းတွေခြေလှမ်းတွေကိုအသုံးပြုတဲ့နည်းလမ်းတွေနဲ့ ဆက်တိုက်ပေါင်းစည်းလို့ရနိုင်သေးတယ်..၀မ်သုန့် ပြောသလိုပါပဲ ဒါကကျွန်တော်ရဲ့အစွမ်းအစတွေကို အများကြီးတိုးတက်စေလိမ့်မယ် ”
” ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေကို ကျွန်တော်ပထမဆုံးစတင်သင်ယူတဲ့အချိန်မှာ အစ်ကိုကြီးက ကျွန်တော်ကိုပြောခဲ့တယ်…ထန်မျိုးနွယ်ရဲ့အောင်မြင်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့က ၀ိညာဥ်လက်နက်တွေနဲ့ လျှို့၀ှက်လက်နက်ပုန်းတွေကို ပေါင်းစည်းဖို့ပဲတဲ့ ဒီကိစ္စက အလုပ်ဖြစ်လာမယ်လို့ ကျွန်တော်ပိုပိုပြီးယုံကြည်လာတယ်…ဒါကြောင့် ကျွန်တော်ရဲ့လမ်းက ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေနဲ့ လျှို့၀ှက်နည်းလမ်းတွေကို ကျွန်တော်ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ပေါင်းစည်းလိုက်တာပဲဖြစ်ရမယ်..ဒါကကျွန်တော်ရဲ့ရွေးချယ်မှုပါပဲ ”
ဟို့ယွိဟောင်ရဲ့စကားတွေကိုကြားပြီတဲ့နောက် အကြီးအကဲမုက ဆက်တိုက်ခေါင်းညိတ်နေခဲ့ပါတယ်။
” ကောင်းပြီ မင်းတို့နှစ်ယောက်က ကောင်းကောင်းရွေးချယ်ခဲ့တာပဲ ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေက ထန်စန်းရဲ့လက်ထက်မှာအများကြီးစည်ပင်တိုးတက်ခဲ့တယ်…ထန်စန်းက ၀ိညာဥ်ပညာရှင်တွေရဲ့လောကကို ဒီနည်းလမ်းကြီးခြောက်သွယ်နဲ့ ကယ်တင်ခဲ့ပြီ မြန်မြန်ဆန်ဆန်ပဲ တိုးတက်နိုင်ခဲ့တယ် ”
” ထန်မျိုးနွယ်ရဲ့ ကျဆင်းပြိုလဲမှုက ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေရဲ့ ပျက်စီးမှုနဲ့မသက်ဆိုင်နေခဲ့ဘူး..ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေကို ပညာရှင်အဆင့်အထိရောက်အောင်လုပ်ဖို့ဆိုတာက သင့်တော်တဲ့သူရှားပါးတယ်လေ မင်းတို့နှစ်ယောက်စလုံးက သူမတူအောင်ထူးခြားတဲ့ပါရမီတွေ ပိုင်ဆိုင်ကြတယ်..ဒါကြောင့် ဒီလမ်းကိုဆက်ပြီလျှောက်လမ်းတယ်လို့ မျှော်လင့်တယ်…မင်းတို့အားလုံးထန်မျိုးနွယ်နဲ့ ဘိုးဘေးတွေပိုင်ဆိုင်ခဲ့တဲ့ မဟာအင်အားတွေကို အမွေဆက်ခံရရှိပြီ ကိုယ်ပိုင်ဒဏ္ဍာရီတွေကို ရေးထိုးနိုင်ပါစေ ”
အကြီးအကဲမုက သူ့ရဲ့လက်ကောက်၀တ်ကိုနောက်တစ်ကြိမ်လှည့်လိုက်ချိန်မှာတော့ လက်နှစ်ဖက်မှာ တစ်စုံတစ်ရာက ထွက်ပေါ်လာခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ရှေ့မှာ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ ဘယ်ဘက်လက်မောင်းရိုးတစ်ခုရှိနေခဲ့တယ်။ သူကြယ်အလင်းလေလံအိမ်ရဲ့လေလံပွဲတစ်ခုမှာ သူ မြင်တွေ့ခဲ့ရတာပါ။ ထူးထပ်တဲ့မြူခိုတွေက ဒီခန်းမတစ်ခုလုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။
အကြီးအကဲမုရဲ့ နောက်ထပ်လက်တစ်ဖက်မှာတော့ ညာဘက်လက်မောင်းရိုးတစ်ခုရှိနေခဲ့တယ်။ ဒီလက်မောင်းရိုးကရွှေရောင်အလင်းတန်းတွေ ဖြာထွက်နေခဲ့ပြီ အရမ်းကိုစူးရှထက်မြက်တဲ့ အရှိန်အ၀ါတွေအပြည့်ပါပဲ။
” ယွိဟောင် ဒီလက်မောင်းရိုးကို ငါလေ့လာပြီးပြီ ဒါကအနည်းဆုံးနှစ်တစ်သောင်းသက်တမ်းရှိတဲ့ ၀ိညာဥ်သားရဲကောင်ဆီကနေရလာတဲ့၀ိညာဥ်အရိုးပဲ ၀ိညာဥ်အရိုးကိုစုပ်ယူတာက ၀ိညာဥ်စက်ကွင်းမှာကြီးမားတဲ့ အင်အားတိုးတက်မှုမဖြစ်စေနိုင်ပေမဲ့ ဒီအထဲမှာရှိနေတဲ့ အဆုံးစွန်းရေခဲရဲ့အရှိန်အ၀ါကလဲကြောက်စရာကောင်းတယ်… ရေခဲပေါက်ကွယ်မှုနည်းလမ်းအကြောင်းကို ငါပြောပြမယ်ဆိုရင် မင်းယုံကြည်ချက်ရှိမှာလား ”
ဟို့ယွိဟောင်ရဲ့နှလုံးသားက တောက်ပလာခဲ့ပါပြီ။ သူတတ်နိုင်သလောက်အင်အားနဲ့ခေါင်းညိတ်နေခဲ့ပါတယ်။ အကြီးအကဲမုက ရေခဲကျောက်စိမ်းကင်းမြီးကောက်ရဲ့ ဘယ်ဘက်လက်မောင်းရိုးကို ကမ်းပေးရင်းပြောလာခဲ့တယ်။
” ဒါဆိုဒီနေရာမှာတင် စပြီပေါင်းစည်းဖို့လုပ်တော့ ”
” ၀မ်သုန့် ဒီညာဘက်လက်မောင်းရိုးက အလင်းတန်းရဲ့ ဖျက်ဆီးမှုနတ်ဆိုးလို့ခေါ်တယ်…သူ့ကိုငါငယ်ငယ်တုန်းကရခဲ့တာ အဲ့ဒီအချိန်ငါမှာ၀ိညာဥ်အရိုးခြောက်ခုရှိနေတာကြောင့် နှမြောစရာကောင်းသွားခဲ့တယ်…မဟုတ်ရင် မင်းလဲဒီအရာနဲ့ကံစပ်မှာမဟုတ်ဘူး…ဒီအရိုးက အရမ်းကိုရှားပါးတဲ့သံသတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်ဆီကနေရလာတာ သူ့ရဲ့သန်မာတဲ့ဖြစ်တည်မှုက အလင်းသတ္ထုတွေရှိတဲ့နေရာမှာပဲ မွေးမြူးပြီကြီးထွားနိုင်တယ်..ဒီအရာကနေဘယ်၀ိညာဥ်စွမ်းရည်ကိုရရှိနိုင်မလဲဆိုတာ မသေချာဘူး…ဒါပေမယ့် မင်းတို့ပေါင်းစည်းနိုင်မယ်လို့ ငါသေချာတယ်..လက်ရှိအချိန်မှာ အားကောင်းတဲ့တိုက်ခိုက်နိုင်စွမ်းတစ်ခုကိုလဲ သေချာပေါက် ပိုင်ဆိုင်နိုင်လိမ့်မယ်…ဒီအရာရဲ့စွမ်းအားက အမှောင်ထုနဲ့ မိစ္ဆာစွမ်းအင်တွေကို တားဆီးနိုင်တဲ့အစွမ်းအစရှိနေတယ်..မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကတောင် ဒါကိုမြင်မယ်ဆိုရင်ကြောက်လန့်ကြမယ်လို့ ငါယုံကြည်တယ် ”
” ၀ိညာဥ်အရိုးတွေဆိုတာက အစုံလိုက်လာကြတာ ဒါကြောင့် မင်းပိုင်ဆိုင်တဲ့ ၀ိညာဥ်အရိုးတစ်ခုနဲ့ လိုက်ဖက်ညီအောင်ရှာဖွေနိုင်တာက အကောင်းဆုံးပဲ မင်းမှာရွှေအလင်းဘယ်ဘက်လက်မောင်းအရိုးရှိနေပြီဆိုမှတော့ ဒီအရိုးကမင်းရဲ့၀ိညာဥ်စွမ်းရည်တွေအားလုံးကို အများကြီးတိုးတက်စေလိမ့်မယ်…ဒီနေရာမှာပဲ စပြီပေါင်းစည်းလိုက် မင်းတို့နှစ်ယောက်ကို ငါကာကွယ်ထားပေးမယ် ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က အံ့ဩနေခဲ့ပါတယ်။ အထူးသဖြင့်ဟို့ယွိဟောင်ပါပဲ။ အကြီးအကဲမုက သူ့ရဲ့ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီကို လက်ရှိအချိန်မှာ ထုတ်ဖော်ရင်းနဲ့ စတင်ပြီ လေးနက်တဲ့ တရားထိုင်မှုကိုလုပ်ဖို့ ပြင်ပါတော့တယ်။ ဒါပေမယ့် အကြီးအကဲမုက သူ့ကိုဒီလိုမျိုးကာကွယ်ပေးမယ်လို့ ပြောတာကြောင့် လက်ရှိအချိန်မှာ အကြီးအကဲမုရဲ့စကားတွေက မှန်ကန်ပြီစိတ်ကလဲရိုးရှင်းမယ်ဆိုတာကို နားလည်သွားခဲ့ပါပြီ။ ဒါ့အပြင် ကျောင်းတော်ကလဲ သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်မူလအရင်းအမြစ်ကို ဂရုမစိုက်ခဲ့ပါဘူး။
နှစ်ယောက်စလုံးက သက်ဆိုင်ရာ၀ိညာဥ်အရိုးတွေကို ရရှိပြီတဲ့နောက် တင်ပလ္လင်ခွေထိုင်ရင်း အကြီးအကဲမုရဲ့ဘေးမှာရှိနေခဲ့ပါတယ်။
၀မ်သုန့်ကတော့ သူ့ရဲ့၀ိညာဥ်အရိုးမျက်နှာပြင်ကို ခပ်ဖွဖွလေးကိုင်နေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ဘယ်ဘက်လက်မောင်းအရိုးကြီးမားတောက်ပတဲ့အလင်းတန်းတွေနဲ့ လင်းလက်လို့လာခဲ့ပါပြီ။ ဒီပြင်းထန်တဲ့၀ိညာဥ်အလင်းတန်းက အရမ်းကိုကြည်လင်နေခဲ့ပြီ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ကလဲ လွှင့်ထွက်မတတ်ဖြစ်သွားခဲ့ရပါတယ်။ တူညီတဲ့အလင်းတန်းနဲ့အတူ သူ့ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အတောင်ပံတွေကလဲဆန့်ထွက်လို့သွားခဲ့ပြီ သူ့တစ်ကိုယ်လုံးကလဲ လင်းလက်လို့နေခဲ့တော့တယ်။ ရွှေရောင်၀ါစဥ်တန်းတွေကတော့ သူ့ခန္ဓာကိုယ်ကိုဗဟိုပြုရင်း အပြင်ကိုဆန့်ထွက်လာခဲ့ပါပြီ။
အကြီးအကဲမု သူ့ကိုပေးလိုက်တဲ့၀ိညာဥ်အရိုးက ကျောင်းတော်ရဲ့ရတနာတစ်ခုပါပဲ။ ဒါက ပြိုင်ပွဲရဲ့ဆုလာဘ်မဟုတ်ခဲ့ပါဘူး။ အကြီးအကဲမုကိုယ်တိုင်ရွေးချယ်ပြီ သိမ်းဆည်းလာခဲ့တဲ့ ၀ိညာဥ်အရိုးပါ။ ဒါကြောင့် သူနဲ့သေချာပေါက် လိုက်ဖက်ညီနေတာ အသိအသာကြီးပါပဲ။
အလင်းတန်းတွေရဲ့ တားဆီးမှုအောက်မှာ ၀မ်သုန့်ရဲ့ညာဘက်လက်နဲ့အတူ အလင်းတန်းအရှိန်အ၀ါတွေရဲ့ ပေါင်းစည်းမှုနဲ့အတူ ၀ိညာဥ်အရိုးက ၀မ်သုန့်ရဲ့ညာဘက်လက်မောင်းနဲ့ စတင် ပေါင်းစည်းပါတယ်။ ၀မ်သုန့်လဲ နွေးထွေးနူးညံ့ကိုသာ ခံစားရပြီ ဘာနာကျင်မှုကိုမှလဲ မခံစားရပါဘူး။
၀မ်သုန့်အနေနဲ့ လက်ရှိအချိန်ဒီ၀ိညာဥ်အရိုးကို စုပ်ယူနေခဲ့ပြီ ရွှေရောင်သစ်ပင်ရဲ့ အလင်းအရှိန်အ၀ါနဲ့သန့်စင်ခံရတဲ့အတိုင်း တူညီမှုကိုစတင်ခံစားနေခဲ့ရပါတယ်။ ဒါပေမယ့် သူက ဟို့ယွိဟောင်ထက်ပိုပြီးလိုက်ဖက်ညီထွေးဖြစ်နေခဲ့တာပါ။
ဟို့ယွိဟောင်ကတော့ ဒီအရိုးနဲ့အရမ်းနီးစပ်နေတာကို ခံစားရပါတယ်။ အကယ်၍ ဒီ၀ိညာဥ်အရိုးသာတခြား၀ိညာဥ်ပညာရှင်တွေရဲ့အရှေ့မှာပေါ်နေခဲ့မယ်ဆိုရင် အဆုံးစွန်းအေးစက်မှုကြောင့်အများကြီးသက်ရောက်ခံရမှာပါပဲ။ အကြီးအကဲမုတောင် ဒါကိုသူ့ရဲ့ကိုယ်ပိုင်အလင်းတန်းစွမ်းအားသုံးပြီ ထိန်းချုပ်ထားခဲ့ရတာပါ။
ဒါပေမယ့် ဟို့ယွိဟောင်အတွက်ကတော့ မိသားစုလိုရင်းနှီးတဲ့ခံစားချက်မျိုးကိုသာ ခံစားရပါတယ်။ သူ့အတွက်တော့ အအေးဓာတ်ဆိုတာမရှိခဲ့ပါဘူး။
မိုးပြာရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ရင်ဘတ်နဲ့နောက်ကျောမှာ တောက်ပလို့လာခဲ့ပါပြီ။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ အရိုးတွေကလဲ ဒီလက်မောင်းရိုးနဲ့ထိတွေ့ချိန်မှာ နိုးထလို့လာပါတယ်။ အရှင်သခင်တစ်ယောက်ရဲ့ အရှိန်အ၀ါတွေက ဖြည်းဖြည်းချင်းထုတ်လွှတ်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်လက်ထဲမှာရှိနေတဲ့ ၀ိညာဥ်အရိုးကသူထဲ၀င်လာသလိုပါပဲ။ ခန္ဓာကိုယ်လုံးကတုန်ရီနေခဲ့ပြီ အမြင့်ကိုမြင်ရတဲ့ကလေးတစ်ယောက်လိုမျိုး စတင်ခုန်ပေါက်နေပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ လက်မောင်းထဲကို စတင်ပြီ၀င်ရောက်တော့တယ်။
ဟို့ယွိဟောင်လဲ ဒီတစ်ကြိမ်မှာအရမ်းကိုအေးစက်လို့သွားခဲ့ပါပြီ။ ရေခဲငွေ့တွေက သူ့ရဲ့ဘယ်ဘက်လက်မောင်းကနေတစ်ဆင့် ၀င်ရောက်လာရင်း သူ့ရဲ့ပုခုံးကိုထိုးဖောက်လို့လာခဲ့ပါတယ်။ အဲ့ဒီနောက် ရင်ဘတ်နဲ့ရင်ခေါင်းရိုးထဲကို ၀င်ရောက်တော့တယ်။ ပြင်းထန်တဲ့မိုးပြာရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို ဖြာထွက်ပြီတောက်ပနေခဲ့ပါပြီ။
ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ချိတ်ပိတ်ထားတဲ့စွမ်းအားတွေက ခပ်မြန်မြန်ပဲ ဒီအလင်းတန်းကိုစတင်ထိန်းချုပ်တော့တယ်။
ဟို့ယွိဟောင်ရဲ့ ဘယ်ဘက်လက်မောင်းရိုးက အစိမ်းရောင်နဲ့အပြာရောင်ရောနှောပြီတောက်ပနေခဲ့ပါပြီ။
အရိုးနဲ့ပေါင်းစည်းချိန်မှာ သူခံစားရတဲ့နာကျင်မှုက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။
အဆုံးစွန်းရေခဲနဲ့ အပူတွေဆိုတာက တစ်ခုနဲ့တစ်ခုတွန်းကန်နေတဲ့အရာတွေပါ။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ဘယ်ဘက်လက်မောင်းကသာ ဒီလိုတုန့်ပြန်မှုဖြစ်ပါတယ်။
” နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီလား ”
ဟို့ယွိဟောင်လဲ ခါးသီးမှုအပြည့်နဲ့သာ တွေးလိုက်မိတယ်။ ဒါပေမယ့် အခုအချိန်မှာ သည်းခံရုံကလွဲပြီ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
အပိုင်း ၁၃၁•၁ ပြီး၏။