Switch Mode

Chapter – 130.3

ကိုယ်ပိုင်လမ်းကိုရှာဖွေခြင်း

အပိုင်း ၁၃၀•၃

” ကိုယ်ပိုင်လမ်းကိုရှာဖွေခြင်း ”
°°°
” မင်းရဲ့လမ်းကဘာလဲ ”

အကြီးအကဲမုက သူ့ရဲ့ခုံမှာတိတ်တဆိတ်လှဲလျောင်နေရင်း သူ့ရှေ့မှာရှိတဲ့ မိန်းမငယ်လေးကိုကြည့်နေခဲ့ပါတယ်။

ရှောင်းရှောင်းကတော့ ပိုပြီးပိန်သွယ်လို့သွားလာခဲ့ပါပြီ။ အရင်ကထဲက မ၀တဲ့ခန္ဓာကိုယ်က အခုအချိန်မှာ ပိုမိုပိန်ပါးပြီ အတော်လေးကို သေးငယ်လို့နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်လုံးတွေကတော့ ပိုမိုတောက်ပလို့လာခဲ့ပါတယ်။

” ကျွန်မရဲ့လမ်းကအထောက်အကူပြုရေးလမ်းပဲ ”

ရှောင်းရှောင်းက မတွေဝေပဲပြန်ဖြေခဲ့ပါတယ်။ အကြီးအကဲမုက မျက်လုံးပြူးသွားခဲ့တယ်။

” ဘာကြောင့် ဒီလမ်းကိုရွေးချယ်ခဲ့တာလဲ ”

ရှောင်းရှောင်းက ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။

” ကျွန်မမှာ သိုင်းပညာ၀ိညာဥ်နှစ်ခုရှိတယ်..အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးနဲ့ နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေပဲ နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေက အသံအမျိုးအစားသိုင်းပညာ၀ိညာဥ်ဖြစ်ပြီ ဘယ်လိုထိန်းချုပ်မှုအထောက်အကူပြုမှုအတွက်မဆို အသုံးချနိုင်တယ် ..ပထမဆုံး၀ိညာဥ်စွမ်းရည်ကလဲ အထောက်အကူပြုမှုပဲ ဒါကိုမဖြုန်းတီးချင်ဘူး…ဒါကြောင့်သာ နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေက အထောက်အကူပြုမှုအမျိုးအစားဖြစ်နေခဲ့တာပါ အသက်သုံးချောင်းချေဖျက်အိုးကြီးကတော့ ထိန်းချုပ်ရေးအမျိုးအစားနဲ့ ခုခံရေးအမျိုးအစားဖြစ်လို့ရတယ်..ဒါကိုတိုက်ခိုက်ဖို့တောင် သုံးလို့ရတယ်..ဒီအမျိုးအစားက ရွှေစည်းပေါင်းတစ်သောင်းရဲ့အစိတ်အပိုင်းထဲမှာပါ၀င်နေတာပါပဲ ဒီတော့ ကျွန်မရဲ့အမြင်အရဆိုရင် အထောက်အကူပြုမှုလဲ သုံးလို့ရတယ်…အကယ်၍ သိုင်းပညာနှစ်ခုလုံးသာယှဥ်တွဲလိုက်မယ်ဆိုရင် သေချာပေါက် ထိပ်တန်းအဆင့်အထောက်အကူပြုရေးတိုက်ပွဲ၀ိညာဥ်ပညာရှင်ဖြစ်လာခဲ့မယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိပါတယ် ”

” တကယ်ကိုငါအတွက်တော့ သစ်ဆန်းနေတဲ့စကားလုံးပဲ အထောက်အကူပြုရေး ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကိုပဲ ကြားဖူးတာ ”

” ကျွန်မက တိုက်ပွဲ၀ိညာဥ်ပညာရှင်ပါ ”

ရှောင်းရှောင်းက ယုံကြည်ချက်အပြည့်နဲ့ ပြောလာခဲ့တယ်။

” အကယ်၍ ကျွန်မသာ အထောက်အကူပြုမယ်ဆိုရင် သေချာပေါက် တိုက်ပွဲတွေကိုအောင်မြင်နိုင်လိမ့်မယ်..ဒါကကျွန်မရဲ့လမ်းပါပဲ ”

” ဒီလိုရွေးချယ်ရတဲ့တခြားအကြောင်းအရင်းကော ရှိသေးရဲ့လား ”

” အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က ဒီလမ်းစဥ်အတွက် တစ်စုံတစ်ယောက်ကို လိုအပ်နေလို့လေ ”

ရှောင်းရှောင်းက ခေါင်းညိတ်လိုက်ပါတယ်။

အကြီးအကဲမုကတော့ ပြုံးနေခဲ့တယ်။ သူ့ရဲ့မျက်နှာက အရေကြောင်းတွေအပြည့်ဖြစ်နေခဲ့ပြီ ကြည့်လို့မကောင်းပေမဲ့ နူးညံ့မှုကတော့ အပြည့်ပါပဲ။

” ကောင်းပြီ မင်းရဲ့လမ်းကိုရှာဖွေဖို့ပဲ ၀မ်းသာပါတယ် ”

” ဒါပေမယ့် အကြီးအကဲမု ကျွန်မဒီနေရာမှာရှိနေတာဘယ်လောက်ကြာသွားလို့လဲ တော်တော်လေးဗိုက်ဆာနေသလို ခံစားရတယ် ”

” ကလေးမင်းတရားထိုင်နေတာ သုံးဆယ်လေးရက်နဲ့ ဆယ်နှစ်နာရီရှိပြီ တစ်ခုခုသွားစားလိုက်ဦး ပြီးရင်တော့ ငါမင်းကိုဆုချတဲ့၀ိညာဥ်အရိုးနဲ့ပေါင်းစည်းလို့ရတယ် ”

အဲ့ဒီနောက် မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကြီးမားတဲ့ခရမ်းပြာရောင်မျက်လုံးတွေက ရှင်းရှင်းလင်းလင်းတောက်ပလာပါတော့တယ်။ အကြီးအကဲမုရဲ့ခန္ဓာကိုယ်ကလဲ ချောမွေ့ပြီအရမ်းကိုတောက်ပလို့လာခဲ့တယ်။ နူးညံ့တဲ့ရွှေရောင်အလင်းတန်းက တစ်ကိုယ်လုံးအနှံ့ပါပဲ။

” ငါ့ရဲ့လမ်းကိုဒီလိုဖြစ်မယ်လို့ မတွေးထားခဲ့ပါဘူး…ဒါပေမယ့် မှန်ကန်မှာဖြစ်လို့ ယုံကြည်ချက်ရှိတယ် ”

၀မ်သုန့်က ထရပ်လာခဲ့ပါတယ်။ ရွှေရောင်အလင်းတန်းတွေက ရုတ်တရက်မီးလျှံလိုတောက်ပလာခဲ့ပါပြီ။ သူ့ရဲ့နတ်ဘုရားဆန်ဆန်အရှိန်အ၀ါတွေက မီးလျှံတွေကိုအားဖြည့်လို့နေခဲ့ပါတယ်။

ဒီတရားထိုင်မှုကြောင့် သူအများကြီးနားလည်လို့နေခဲ့တယ်။ ဒါ့အပြင် ဒုတိယပေါင်းစည်းမှုနဲ့ စစ်မှန်တဲ့ပေါင်းစည်းမှုကို ပြုလုပ်ခဲ့တာပါ။ ၀ိညာဥ်အရိုးရဲ့အင်အားကိုလဲ သူကောင်းကောင်းနားလည်ခဲ့ပါပြီ။

ပိုပြီးအရေးကြီးတာကတော့ ၀ိညာဥ်စွမ်းအားတိုးတက်လာမှုပါပဲ။ ဒီနေရာကြီးကဘယ်လိုလဲ ရွှေသစ်ပင်ရဲ့ ပင်စည်ဖြစ်တဲ့အပြင် အသန့်စင်ဆုံးအလင်းစွမ်းအားတွေပါ၀င်နေတာပါ။ အလင်းစွမ်းအင်သိုင်းပညာ၀ိညာဥ်တွေအတွက် အကြီးမားဆုံးအားသာချက်က ဒီနေရာမှာပါပဲ။

လက်ရှိအချိန် ၀မ်သုန့်ရဲ့၀ိညာဥ်စွမ်းအားက အဆင့်သုံးဆယ်ခြောက်ရောက်နေခဲ့ပါပြီ။ သူမထင်ထားတဲ့အဆင့်ပါပဲ အရေးကြီးဆုံးကတော့ ဒီတိုးတက်မှုမှာ တခြားကြီးမားတဲ့ဆိုးကျိုးတွေရှိမနေခဲ့ပါဘူး။

လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်အဆင့်အတန်းကလဲ တိုးတက်လို့လာခဲ့ပါတယ်။ အလင်းရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ကိုလဲ အရင်ကထက်လဲ အများကြီးပိုပြီးနားလည်လာခဲ့ပါပြီ။

၀မ်သုန့်က အသက်ပြင်းပြင်းရှုထုတ်ရင်းနဲ့ မတ်တပ်ထရပ်လိုက်ပါတယ်။ သူ့တစ်ကိုယ်လုံးကအရမ်းကို ပေါ့ပါးလို့နေခဲ့ပါပြီ။ သူအသက်ရှုသွင်းတဲ့အချိန်နဲ့ ရှုထုတ်လိုက်တဲ့အချိန်မှာ အလင်းတန်းစွမ်းအားတွေက ပါ၀င်လို့နေခဲ့တယ်။ ဒါ့အပြင် အသားအရေးရဲ့ အရောင်ကလဲ ပိုမိုချောမွေ့ပြီနူးညံ့နေခဲ့သလို ပန်းနုရောင်ခပ်ဖျော့ဖျော့ပြေးနေတဲ့ အသားအရေးက ပိုလို့တောင်နူးညံ့လာခဲ့ပါပြီ။ အားကောင်းတဲ့နေရောင်နဲ့အောက်မှာ အာဟာရပြည့်ပြည့်စောင့်ရှောက်ခံထားရသလိုပါပဲ။

၀မ်သုန့်ရဲ့ရွှေရောင်အလင်းတန်းတွေက သူတံခါးအခန်းအပြင်ကိုထွက်သွားချိန်မှာတော့ ဖြည်းဖြည်းချင်းခန္ဓာကိုယ်ထဲပြန်၀င်လို့သွားပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကလဲ ချောချောမွေ့မွေ့လှည့်ပတ်နေခဲ့ပါပြီ။ သူ့ရဲ့စိတ်ကတော့ တံခါးအပြင်ကို ပြန်ထွက်သွားချိန်မှာ ကျင့်ကြံမှုကြောင့် ပိုမိုတည်ငြိမ်သွားသလိုပါပဲ။

” ယွိဟောင် မင်းရောဘယ်လိုလဲ ငါကတော့တိုးတက်သွားပြီ အကယ်၍ ငါတို့သာ ဟောင်သုန့်စွမ်းအားကို နောက်တစ်ကြိမ်သုံးမယ်ဆိုရင် ဘာများဖြစ်သွားမလဲ ”

ဒီတစ်ကြိမ်မှာ တစ်စုံတစ်ရာကိုသူခံစားမိလိုက်ပါတယ်။ အဲ့ဒီနောက် ရုတ်တရက်ခေါင်းလှည့်ပြီ လှိုင်းခေါင်းရဲ့အဆုံးဖက်ကို သူကြည့်လိုက်ချိန်မှာတော့ အတွင်းအကျဆုံးတံခါးတစ်ခုကနေ လျှောက်လာသူကို မြင်လိုက်ရပါတယ်။ အဲ့ဒီနေရာမှာ ဘာအလင်းမှရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ၀မ်သုန့်ကတော့ အရမ်းကိုတောက်ပနေတဲ့ မျက်လုံးတစ်စုံကိုမြင်လိုက်ရပါတယ်။

” ယွိဟောင် ”

၀မ်သုန့်က တအံ့တဩပြောရင်းသူ့ဆီကို ပြေးသွားခဲ့တယ်။

ဒါကတိုက်ဆိုင်မှုဖြစ်သလို တိုက်ဆိုင်မှုလဲမဟုတ်နိုင်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်က သူနဲ့အတူတူတစ်ချိန်မှာပဲ အပြင်ကိုပြန်ထွက်လာခဲ့တာပါ။

” ၀မ်သုန့်လား “:

၀မ်သုန့်လန့်သွားသလိုပဲ ဟို့ယွိဟောင်လဲ ထပ်တူပါပဲ။

၀မ်သုန့်က အနည်းငယ်အရပ်ပိုရှည်လာခဲ့ပြီ လက်ရှိအချိန် သူတို့နှစ်ယောက်က အရပ်အတူတူဖြစ်နေခဲ့ပါတယ်။ ၀မ်သုန့်က ပိုမိုပိန်ပါးပြီ အရပ်ပိုရှည်လာသလို သူ့ရဲ့ဆံပင်တွေကလဲ ကျောအနောက်ဖက်မှာစီးကျလို့နေခဲ့တယ်။ ဒါ့အပြင် မျက်နှာရဲ့ရုပ်သွင်ကလဲ အနည်းငယ်ပိုပြီးနူးညံ့လို့လာခဲ့ပါပြီ။ ခမ်းနားတဲ့ရုပ်သွင်ထက် ချောမောတယ်လို့ ပြောရမဲ့အခြေအနေကိုရောက်နေခဲ့တယ်။ အလင်းတန်းမိုးရွာသွန်းမှုအကရဲ့အမျိုးသမီးနဲ့အတော်လေးတူနေခဲ့တာပါ။ အကယ်၍ သူနဲ့ သူတို့နှစ်ယောက်သာ ဒီလောက်နီးနီးကပ်ကပ်မနေခဲ့ဘူးဆိုရင် သေချာပေါက် ၀မ်သုန့်ကိုအမျိုးသမီးတစ်ယောက်လို တွေးမိမှာအမှန်ပါပဲ။

ဟို့ယွိဟောင်က လက်နှစ်ဖက်ကိုဖွင့်ထားရင်းပြေးလာနေတဲ့၀မ်သုန့်ကို ဆီးကြိုလိုက်ပါတယ်။ သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေက ချက်ချင်းဆိုသလိုပေါင်းစည်းလို့သွားခဲ့ပြီ ဟောင်သုန့်စွမ်းအားကလဲ လှည့်ပတ်မှုစတင်နေပါပြီ။

ဒါကလုံး၀ကို သိသာထင်ရှားတဲ့အချက်ပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို အလယ်ဗဟိုပြုရင်း အဖြူရောင်အလင်းစက်ကွင်းကြီးတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအရာက ရေဝဲတစ်ခုလိုပုံသဏ္ဍာန်နဲ့အသွင်ပြောင်းသွားခဲ့ပြီ ၀ိညာဥ်စွမ်းအားပေါင်းစည်းမှုက နှစ်ယောက်စလုံးကိုအင်အားပြည့်သွားစေခဲ့ပါတယ်။ သူလဲ ပိုသန်မာလာခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့စိတ်ထဲမှာ ဒီအတွေးကဖြတ်ပြေးလို့သွားခဲ့တယ်။ဒါပေမယ့် သန်မာလာရုံတင်မက အင်အားကပါ အဆုံးစွန်းအထိ တိုးတက်သွားခဲ့တာပါ။ ၀ိညာဥ်စွမ်းအားတိုးတက်မှုနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူတို့ရဲ့အဖက်ဖက်တိုးတက်မှုက အရင်ကထက်ပိုပြီးသာလွန်လို့နေခဲ့တယ်။ သူတို့ရဲ့၀ိညာဥ်စွမ်းအားအဆင့်တွေက သူတို့ရဲ့စစ်မှန်တဲ့အင်အားကို ထိန်းချုပ်ထားနိုင်မဲ့ပုံမပေါ်တော့ပါဘူး။

၀မ်သုန့်က ဖက်ထားတာကိုပြန်ဖြေလျှော့ရင်းနဲ့ ဟို့ယွိဟောင်ကို မေးလိုက်ပါတယ်။

“မင်းရဲ့လမ်းကိုရှာတွေ့သွားပြီးလား ”

ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ ပြန်မေးလိုက်တယ်။

” မင်းရောဘယ်လိုလဲ ”

၀မ်သုန့်ကတော့ ဂုဏ်ယူ၀ံ့ကြွားမှုအပြည့်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။

” ဒါပေါ့ ငါတွေ့တာပေါ့ ငါကအရမ်းကိုပါရမီရှိတဲ့သူလေ သေချာပေါက် ရှာတွေ့တာပေါ့ ”

” ဒါဆိုငါလဲအတူတူပဲလေ မင်းကပါရမီရှိတယ်ဆိုမှတော့ ငါကမင်းထက်ပိုသာတာပေါ့ ငါက သေချာပေါက် ပါရမီရှင်တွေအားလုံးထဲမှာ ထိပ်ဆုံးမလား ”

” မင်းကငါထက်ဘယ်လိုသာမှာလဲ ”

ဟို့ယွိဟောင်က သူ့ရဲ့လက်မောင်းကြွက်သားတွေကို၀မ်သုန့်နဲ့ယှဥ်ပြနေရင်း ပြောလာခဲ့ပါတယ်။

” အနည်းဆုံးငါထက်မင်းထက်ပိုပြီး ကြံ့ခိုင်တယ်လေ မင်းခန္ဓာကိုယ်က အရမ်းနူးညံ့ပြီ ဖက်ရတာကောင်းပေမဲ့ လုံး၀ကိုယောကျာ်းမဆန်းဘူး ”

၀မ်သုန့်က မျက်နှာတစ်ခုလုံးနီရဲနေခဲ့ပါပြီ။

” ငါမင်းနဲ့ဆက်ပြီ မပြောတော့ဘူး ပြောလိုက် မင်းရဲ့လမ်းကဘာလဲ ”

ဟို့ယွိဟောင်က ပြောတော့မဲ့ပြင်အချိန်မှာပဲ နူးညံ့တဲ့အသံက သူတို့နှစ်ယောက်စလုံးရဲ့နားထဲကိုထွက်ပေါ်လာခဲ့ပါတော့တယ်။

” ထွက်လာပြီပြောကြ ”

” အကြီးအကဲမုလား ”

နှစ်ယောက်စလုံးလဲ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းအံ့ဩသွားခဲ့ပါတယ်။ အကြီးအကဲမု သူတို့ကိုစောင့်ဆိုင်းနေမယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါကြောင့် ခပ်မြန်မြန်ပဲ လှိုင်းခေါင်းကိုဖြတ်သွားလိုက်ချိန်မှာတော့ ခန်းမအလယ်မှာထိုင်နေခဲ့တဲ့အကြီးအကဲကို မြင်လိုက်ရပါတော့တယ်။

” အကြီးအကဲမု ”

နှစ်ယောက်စလုံးက တလေးတစားဦးညွတ်လိုက်ကြတယ်။ အကြီးအကဲကတော့ သူတို့ကိုကြည့်ရင်း ရယ်နေခဲ့ပါတယ်။

” ကြည့်ရတာ နှစ်ယောက်စလုံးက လမ်းကိုရှာတွေ့သွားပုံပဲ ”

၀မ်သုန့်က တအံ့တဩနဲ့ မေးလာခဲ့တယ်။

” ဒါဆိုရှောင်းရှောင်းရော သူလမ်းသူရှာတွေ့သွားပြီလား ”

သူက မင်းတို့ထက်နည်းနည်းပိုစောပြီ ထွက်လာတယ်လေ ပြောပါဦး မင်းတို့ရဲ့လမ်းတွေကဘာတွေလဲ ”

အပိုင်း ၁၃၀•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset