Switch Mode

Chapter – 130.2

ကိုယ်ပိုင်လမ်းကိုရှာဖွေခြင်း

အပိုင်း ၁၃၀•၂

” ကိုယ်ပိုင်လမ်းကိုရှာဖွေခြင်း ”
°°°
ထန်ယာ့က လက်ရှိအချိန်မှာ ပြန်မဖြေပဲဆက်တိုက်ငိုကြွေးနေရင်းနဲ့သာ ပေ့ပေ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ပါတယ်။ သူမက ပေ့ပေ့ရဲ့အင်္ကျီတစ်ခုလုံးမျက်ရည်တွေနဲ့စိုရွှဲသွားတဲ့အထိကို ငိုကြွေးလို့နေခဲ့တယ်။ အဲ့ဒီနောက် ရောင်းကိုင်းနီမြန်နေတဲ့မျက်လုံးတွေနဲ့ မော့ကြည့်လာခဲ့ရင်း ပြောလာခဲ့ပါတယ်။

” ငါအဆင်ပြေတယ် ”

ပေ့ပေ့ကတော့ သူမရဲ့ခေါင်းပေါ်မှာလက်ကိုတင်ရင်း ခပ်ဖွဖွလေးခေါက်လိုက်တယ်။

” အကယ်၍ ဘာမှမဖြစ်ဘူးဆိုရင် ဘာကြောင့်အဲ့ဒီလောက်ကြီးငို​နေရတာလဲ ငါတို့အဆောင်ကိုအရင်ပြန်ရအောင်လား ”

ထန်ယာ့ရဲ့အခန်းဖော်က ကျန်းနန်နန်ပါ။ ကျန်းနန်နန်က လက်ရှိအချိန် ရှုစန်းရှီနဲ့ဆေး၀ါးကုသဆောင်မှာရောက်နေခဲ့တာကြောင့် ပြန်လာဦးမှာမဟုတ်ပါဘူး။ ပေ့ပေ့က အမျိုးသမီးအဆောင်ကို ခိုး၀င်တာ​ပထမအကြိမ်မဟုတ်တာအသေအချာပါ။ ကျောင်းတော်မှာ စည်းမျဥ်းတွေရှိပေမဲ့ ဒီလိုစည်းကမ်းဖောက်တဲ့သူအားလုံးနီးပါးကို သူတို့ဖမ်းနိုင်တာ​တော့မဟုတ်ပါဘူး။ ထန်ယာ့က တံခါးကိုဖွင့်ရင်း ပေ့ပေ့ခိုး၀င်နိုင်ဖို့အတွက် ပြတင်းပေါက်ဖွင့်လာခဲ့ပါတယ်။ သူက အမိမဖမ်းခဲ့ရပါဘူး။ အကယ်၍ သူ့ကိုဖမ်းမိမယ်ဆိုရင်တောင် ဘယ်အပြင်နယ်မြေရဲ့တပည့်သားများက သူ့ကို တိုင်၀ံ့မှာလဲ။

ထန်ယာ့နဲ့ ကျန်းနန်နန်တို့ရဲ့ အခန်းထဲမှာ များပြားတဲ့အလှဆင်ပစ္စည်းတွေရှိမနေခဲ့ပါဘူး။ ရိုးရှင်းပြီစိတ်ကျေနပ်စရာကောင်းလွန်နေခဲ့တယ်။ ရိုးရှင်းပြီတည်ငြိမ်နေခဲ့တယ်။ ကျန်းနန်နန်ရဲ့ အိပ်ရာပေါ်မှာကတော့ စောင်အထူတွေရှိနေခဲ့ပါတယ်။ ထန်ယာ့က ပေ့ပေ့ကို သူ့အိပ်ရာဆီဆွဲခေါ်သွားပြီ ထိုင်ခိုင်းလိုက်တယ်။ အဲ့ဒီနောက် ပုခုံးပေါ်မှီထားရင်းနဲ့ ဖက်ထားခဲ့ပါတယ်။

” နင်တို့အားလုံးက ဘာသတင်းမှမရပဲ အကြာကြီးပျောက်နေတာလေ ပြိုင်ပွဲကအခြေအနေဘယ်လိုလဲ ”

ပေ့ပေ့က သူမကို နက်နက်ရှိုင်းရှိုင်းသာစိုက်ကြည့်နေခဲ့တယ်။ သူနှလုံးသားထဲက သံသယကိုလက်ရှိအချိန်မှာ မထုတ်ဖော်ခဲ့ပါဘူး။ သူ့ရဲ့အတွေ့အကြုံတွေကို ထန်ယာ့ဆီအစအဆုံးပြောပြပါတော့တယ်။

သူကအမြဲတမ်းစိတ်ကိုကောင်းကောင်းထိန်းချုပ်တတ်ပြီ စိတ်ရှည်တတ်တဲ့သူပါ။ ဒါကြောင့်သာ အရာအားလုံးကို အသေးစိတ်ရှည်လက်ရှည်ရှင်းပြပြီတဲ့နောက် ညမှောင်သွားတဲ့အချိန်မှသာ ပြန်ပါတော့တယ်။

” ဘာဖြစ်တယ် ကျောင်းတော်ကအားလုံးကို အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်အဖြစ် တစ်သက်တာနာမည်သတင်းပေးလိုက်တယ်လား ”

ထန်ယာ့က မျက်လုံးအပြူးသားနဲ့ ထရပ်မိပါတယ်။ သူမက မျက်လုံးအပြူးသားနဲ့ဖြစ်နေခဲ့ပြီ မှတ်တောင်မမှတ်မိတဲ့ပုံပါပဲ။

“:ဟုတ်တယ်ငါလဲအရမ်းကို အံ့ဩမိတယ်..ဒါပေမယ့် ပျော်လဲပျော်တယ်လေ ဘာကြောင့်လဲမင်းမပျော်ဘူးလား အခုခုနှစ်ယောက်ထဲမှာ ငါးယောက်က ထန်မျိုးနွယ်ကလူတွေကြီးပဲ ”

ပေ့ပေ့က ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။ ထန်ယာ့က မျက်မှောင်ကြုတ်ရင်းခေါင်းသာခါနေခဲ့တယ်။

” အားလုံးအတွက် ၀မ်းသာမိတယ်…ဒါပေမယ့် အားလုံးကသာ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ဖြစ်သွားခဲ့မယ်ဆိုရင် ထန်မျိုးနွယ်အတွက် လုပ်ပေးနိုင်တာတွေရှိဦးမှာလား ကျောင်းတော်ရဲ့တာ၀န်၀တ္တရားတွေအများကြီးက အားလုံးအပေါ်မှာကျရောက်လာမှာလေ ”

ပေ့ပေ့ကတော့ ရယ်မောနေခဲ့ပါတယ်။

” ဘာဖြစ်လို့လဲ ကျောင်းတော်ကငါတို့ရဲ့လွတ်လပ်မှုတွေကို ချုပ်ချယ်မထားဘူးလေ ဒါ့အပြင် ကျောင်းတော်နဲ့ထန်မျိုးနွယ်ရဲ့အဆက်အသွယ်ကလဲ အတော်ကောင်းတာပဲကို ”

” ဘယ်လိုများကောင်းလို့လဲ ”

ထန်ယာ့ကဒေါသတကြီးနဲ့ ခေါင်းခါနေခဲ့ပါတယ်။ သူမရဲ့မျက်လုံးထဲမှာ ရန်လိုစိတ်တွေကပေါ်လာခဲ့ပါပြီ။

” ထန်မျိုးနွယ်ကျရှုံးတဲ့အချိန်တုန်းက ကျောင်းတော်ဘယ်ရောက်နေလဲ ငါရဲ့အိမ်ကနေ ငါမောင်းထုတ်ခံခဲ့ရတယ်…ထန်မျိုးနွယ်အဆုံးသတ်သွားတဲ့အချိန်မှာရော သူတို့ဘယ်မှာရှိနေခဲ့လဲ တိုက်ကြီးတစ်ခုလုံးရဲ့ ထိပ်တန်းကျောင်းတော်ဖြစ်နေခဲ့ပြီ ငါတို့ကိုကူညီခဲ့တာမျိုးရှိလို့လား ”

ပေ့ပေ့ကတော့ ထန်ယာ့ရဲ့အမူအရာကိုကြည့်နေခဲ့ရင်း မျက်လုံးပြူးနေခဲ့ပါတယ်။

” ရှောင်ယာ့ မင်းအဆင်ပြေရဲ့လား မင်းရဲ့စိတ်ခံစားချက်တွေက ”

ပထမဆုံးအနေနဲ့ ထန်ယာ့ ဒီလိုမျိုးစိတ်ခံစားချက်တွေပြင်းထန်ပေါက်ကွဲနေတာကို သူမြင်ဖူးတာပါ။ ထန်ယာ့က လက်ရှိအချိန် မြေပြင်ပေါ်ကိုကြည့်ရင်း ခေါင်းငိုက်စိုက်ကျကာ ပြောလာခဲ့ပါတယ်။

” ဘာမှမဖြစ်ဘူး ငါအဆင်ပြေတယ် ”

ပေ့ပေ့လဲ လက်ရှိအချိန် ထန်ယာ့ရဲ့မျက်လုံးထဲမှာ ခရမ်းရောင်အငွေ့အသက်တွေတဖျတ်ဖျတ်ပြေးနေခဲ့တာကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရပါဘူး။ ဒါက ခရမ်းရောင်နတ်ဆိုးမျက်လုံးရဲ့ အလင်းတန်းမဟုတ်ပဲ သေခြင်းတရားရဲ့အငွေ့အသက်တွေဖြစ်နေခဲ့ပါတယ်။ ပေ့ပေ့က သူမကိုနောက်တစ်ကြိမ်ပွေ့ဖက်လိုက်ရင်း ပြောလာခဲ့ပါတယ်။

” ရှောင်ယာ့ အ​ချိန်တွေမဖြုန်းရအောင် ထန်မျိုးနွယ်က ကျရှုံးခဲ့တယ်ဆိုတာ သူ့ရဲ့ကိုယ်ပိုင်လုပ်ရပ်တွေကြောင့်ပဲလေ လျှို့၀ှက်လက်နက်တွေရဲ့တိုးတက်မှုမရှိတဲ့အပြင် ထန်မျိုုးနွယ်ရဲ့ အရင်ခေါင်းဆောင်တွေကလဲ ပြဿနာအမျိုးမျိုးရှိခဲ့ကြတယ်..ဒါကြောင့်သာ ထန်မျိုးနွယ်က ကျရှုံးခဲ့ရတာ တစ်ချိန်တုန်းကအရမ်းကိုကြွယ်၀ပေမဲ့ အဆုံးသတ်ကလဲရှိနိုင်ပဲ ဒါပေမယ့် လက်ရှိအချိန်ငါတို့မှာ မျှော်လင့်ချက်ရှိနေပြီလေ ယွိဟောင် ချိုက်ထို့ ၀မ်သုန့် ရှောင်းရှောင်းအပြင် ငါလဲ မင်းဘေးမှာရှိနေတယ်..ငါတို့က ထန်မျိုးနွယ်ကိုပြန်လည်တည်ဆောက်ဖို့ကူညီပေးနိုင်တယ်..နောက်တစ်ကြိမ်အင်အားကြီးလာတာနဲ့ သေချာပေါက် ပြန်လည်စည်ပင်တိုးတက်လာမှာပဲ ငါတို့ကငယ်သေးတယ်လေ ဒီတော့ထန်မျိုးနွယ်စည်ပင်တိုးတက်ဖို့အတွက် ငါတို့ကြိုးစားရမယ် ”

ထန်ယာ့က ခါးသီးမှုအပြည့်နဲ့ရယ်မောရင်း ပြောလာခဲ့ပါတယ်။

” ဒါပေမယ့် ငါက ထန်မျိုးနွယ်ရဲ့ခေါင်းဆောင်ဖြစ်နေတယ်ဆိုရင်ကော ဘာအစွမ်းအစရှိမယ်ထင်လဲ နင်တို့အားလုံးက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ဖြစ်နေခဲ့ပြီ ဒါပေမယ့် ငါကတော့အားလုံးနဲ့ ပိုပိုပြီးအလှမ်းဝေးလာတယ်…အတွင်းနယ်မြေထဲကို မ၀င်နိုင်မှာလဲငါသိတယ်…ငါအဲ့ဒီလောက်ကြီးမထူးချွန်ဘူး…အတွင်းနယ်မြေကလဲ ငါ့ကိုထန်မျိုးနွယ်ခေါင်းဆောင်ဆိုပြီ ၀င်ခွင့်ပြုမှာမဟုတ်ဘူးလေ ”

” မဟုတ်ဘူး အဲ့ဒီလိုမတွေးပါနဲ့ ”

ပေ့ပေ့က ခပ်မြန်မြန်ပဲပြောတော့တယ်။

” မင်းကြိုးစားနေသရွေ့ မလုပ်နိုင်တာဘာမှမရှိဘူးလေ ငါတို့အကောင်းဆုံးကြိုးစားပြီ အတွင်းနယ်မြေထဲကို၀င်လို့ရတယ် ”

ထန်ယာ့က ခေါင်းခါရင်းပြောလာခဲ့ပါတယ်။

” ပေ့ပေ့ ဒီလိုမလုပ်နဲ့ ငါနင့်အတွက် ၀န်ထုန်၀န်ပိုးမဖြစ်ချင်ဘူး နားလည်ရဲ့လား နင်ကအခုအချိန်မှာ မနားမနေကြိုးစားပြီ နောက်နှစ်မှာအတွင်းနယ်မြေကို၀င်ဖို့လုပ်သင့်တယ်…ငါဘာဖြစ်လို့အခုငိုနေလဲသိလား ဘာကြောင့်လဲဆိုရင် ကျောင်းတော်ကနေ ငါထွက်ခွာဖို့ဆုံးဖြတ်လိုက်လို့ပဲ ”

” ဘာပြောတယ် ”

ပေ့ပေ့က သူမရဲ့စကားတွေကိုကြားချိန်မှာ အရမ်းကိုထိတ်လန့်သွားခဲ့ပါတယ်။ သူ့ရဲ့အပြုံးကလဲ ချက်ချင်းပျောက်ကွယ်သွားပါပြီ။

” ရှောင်ယာ့ဘာများဖြစ်လို့လဲ ”

သူမကို တစ်လကျော်ကြာအောင်မတွေ့ရတဲ့နောက် အများကြီးပြောင်းလဲသွားတာကို ခံစားမိပါတယ်။ မရင်းနှီးတဲ့အငွေ့အသက်တွေကို တွေ့ခဲ့ရသလိုသူမရဲ့ စိတ်နေစိတ်ထားကလဲ လုံး၀ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒါ့အပြင် သူပြန်လာကထဲက သူမပြုံးတာတောင်ကိုမမြင်ရပါဘူး။

ထန်ယာ့က ပေ့ပေ့ကိုခေါင်းမော့ကြည့်နေခဲ့ပါတယ်။ သူမရဲ့မျက်လုံးတွေကတော့ ၀မ်းနည်းမှုတွေအပြည့်ပါပဲ။

” ငါလဲမသွားချင်ဘူး…ဒါပေမယ့် ငါဆက်နေလို့လဲ အဓိပ္ပါယ်မရှိတော့ဘူးလေ အားလုံးကိုချည်နှောင်ထားတာပဲဖြစ်နေမှာ အတွင်းနယ်မြေကိုမ၀င်နိုင်ဘူးဆိုမှတော့ ထန်မျိုးနွယ်ရဲ့အနာဂတ်အတွက် ကိုယ်လမ်းကိုယ်ဖောက်ရတာပေါ့ ဒီလိုမျိုးငိုနေရတာ နင်နဲ့မခွဲနိုင်လို့ပဲ ပေ့ပေ့ငါတကယ်လွမ်းနေတာသိရဲ့လား ”

” စကားတွေဆက်မပြောပါနဲ့တော့ ”

ပေ့ပေ့က သူမကိုကြမ်းကြမ်းတမ်းတမ်းဖက်လိုက်ပါတယ်။

” ဒီလိုသွားလို့မရဘူးလေ နားထောင်နေရဲ့လား ”

ထန်ယာ့က ပြန်ဖြေလာခဲ့ပါတယ်။

” ငါအကြောင်းလဲနင်သိတာပဲလေ ငါကစိတ်ကိုပြောင်းလဲမှာမဟုတ်ဘူး ”

သူမရဲ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကြောင်းတွေက ဆက်တိုက်ကျဆင်းနေခဲ့ပါပြီ။ ဒါပေမယ့် သူမအော်မငိုခဲ့ပါဘူး။ မျက်လုံးထဲမှာရှိနေတဲ့ ၀မ်းနည်းစိတ်က ထင်သလောက်မရိုးရှင်းပဲနဲ့ သူမရဲ့ နာကျင်မှုကိုပိုမိုအထင်သားပေါ်နေစေခဲ့ပါတယ်။

” ရှောင်ယာ့ ငါ့စကားကိုနားထောင်ပါ ငါတို့ကငယ်သေးတာပဲလေဘာကြောင့်ဒီလောက်စိတ်မရှည်ဖြစ်နေရတာလဲ ”

ပေ့ပေ့က ခပ်တိုးတိုးပြောနေခဲ့တယ်။

ထန်ယာ့က သူ့လက်မောင်းထဲမှာခေါင်းကိုနစ်ထားရင်း ပြန်ဖြေလာခဲ့ပါတယ်။

” ငါ့ကိုဆက်ပြီမဖြောင်းဖျနဲ့တော့ ဒီဆုံးဖြတ်ချက်ကိုချဖို့ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာသိမှာမဟုတ်ဘူး…ငါသွားမှရမယ် .ဒါ့အပြင် ကျောင်းတော်ကနေ ထွက်ခွာဖို့လဲအစောကထဲက ဆုံးဖြတ်ပြီးပြီ နင်ပြန်လာတာကိုစောင့်နေတာကြောင့်သာ တွေဝေနေခဲ့တာ နင်ပြန်လာတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချနိုင်မှာကိုလဲ ကြောက်မိတယ်..ဒါပေမယ့် ငါသာရုတ်တရက်ပျောက်ကွယ်သွားခဲ့ရင်း နင်အနေနဲ့ စာသင်ကြားမှုတွေမှာအများကြီးထိခိုက်လာမှာကို ပိုစိုးရိမ်တာကြောင့် အခုလိုစောင့်နေခဲ့ရတာပဲ ဒါကြောင့်သာ အားလုံးရှင်းရှင်းလင်းလင်းပြောပြပြီမှ ထွက်ခွာဖို့ဆုံးဖြတ်လိုက်တာ ”

ပေ့ပေ့တစ်ကိုယ်လုံးက တုန်ရီနေခဲ့ပါတယ်။

” ရှောင်ယာ့ တကယ်ကြီးစိတ်ဆုံးဖြတ်ပြီးပြီလား ”

ပေ့ပေ့က သူမကိုအနားလည်ဆုံးသူပါ ဒါ့အပြင် သူမဘယ်လောက်အထိ ခေါင်းမာလဲဆိုတာအရိုးထဲအထိပြင်လို့မရတဲ့ခေါင်းမာမှုရှိနေတယ်ဆိုတာကိုသိပါတယ်။ ထန်ယာ့က ခေါင်းသာညိတ်နေခဲ့တယ်။

ပေ့ပေ့လဲ သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင်ထိန်းချုပ်နေခဲ့ရပါတယ်။

” ဒါဆိုရင် ဘယ်ကိုသွားမှာလဲ အနည်းဆုံးငါရှာနိုင်အောင်လို့ သွားမဲ့နေရာကိုပြောခဲ့ပါ ”

” ထန်မျိုးနွယ်စတင်ပြီ အခြေပြုခဲ့တဲ့ထျန်းဟွမ်နိုင်ငံတော်ကိုသွားမယ်…အဲ့ဒီမှာမြို့တော်ကိုသွားပြီ မျိုးနွယ်ကိုပြန်လည်တည်ဆောက်မယ်..ထန်မျိုးနွယ်ရဲ့မိသားစုကလဲ အဲ့ဒီမှာရှိတယ်လေ ထျန်းဟွမ်မြို့တော်က ထျန်းဟွမ်နိုင်ငံတော်တည်ရှိကထဲက အဲ့ဒီနာမည်ပေးထားတာ ဒါ့အပြင် ထန်မျိုးနွယ်ကလဲ မြို့ကြီးနဲ့ချည်နှောင်ထာပြီးပြီ ထန်မျိုးနွယ်ကယာယီမရှိပေမဲ့ လက်ရှိအချိန် ချိတ်ဆက်မှုကတော့ ရှိနေတယ်…အဲ့ဒီကိုပြန်ပြီ သူတို့နဲ့ ဆက်သွယ်လိုက်မယ်…အနည်းဆုံးတော့ မျိုးနွယ်စုတစ်ခုကိုရှာတွေ့မှာပါ ”

” ထျန်းဟွမ်နိုင်ငံတော်ကိုသွားမှဖြစ်မှာလား ထန်မျိုးနွယ်ရဲ့အစောပိုင်းလိပ်စာကတော့ အဲ့ဒီမှာရှိနေပေမဲ့ သူတို့တွေကတစ်ခုခုလုပ်မှာကို စိုးရိမ်မိတယ် ”

ပေ့ပေ့က မျက်မှောင်ကြုတ်ရင်ပြောလာခဲ့ပါတယ်။

ထန်ယာ့က ပြန်ဖြေလိုက်ပါတယ်။

” သူတို့တွေငါ့ကိုရှာမတွေ့စေရပါဘူး ငါသာနောက်ဆုံးအချိန်အထိ တွန်းမပို့ခံရသရွေ့ ထန်မျိုးနွယ်ရဲ့နယ်မြေကို တစ်နေ့တော့ပြန်ရအောင်ယူမယ် ”

ထန်ယာ့ရဲ့မျက်လုံးထဲမှာ ရန်လိုစိတ်တွေကို ပေ့ပေ့ထပ်မြင်လိုက်ရပါတယ်။ ဒီမျက်လုံးကိုမြင်ရတာက သူစိတ်မသက်မသာဖြစ်စေခဲ့တယ်။

” အကယ်၍ ငါသာမင်းကိုလွှတ်မပေးဘူးဆိုရင်ကော ဘယ်လိုဖြစ်မလဲ ”

ထန်ယာ့ရဲ့အကြည့်တွေက နူးညံ့လို့သွားပါတော့တယ်။ ဒါကြောင့်သူမက ပြန်ပြောလာခဲ့တယ်။

” ပေ့ပေ့ နင်ကတစ်လောကလုံးမှာ ငါ့ကိုနားလည်ဆုံးသူပဲ တကယ်ကိုငါ့ရဲ့အရည်အချင်းနဲ့ဆိုရင် ပြန်လည်ထူထောင်ဖို့မလွယ်ဘူး…အကယ်၍ ထန်မျိုးနွယ်ပြန်လည်တည်ထောင်ဖို့အတွက် ငါ့ကိုလွှတ်မပေးဘူးဆိုရင် ငါတစ်သက်လုံးပျော်ရွှင်နိုင်မှာမဟုတ်ဘူး…ထျန်းဟွမ်နိုင်ငံတော်မှာ ထန်မျိုးနွယ်ရဲ့အခြေခံကို ပြန်လည်တည်ထောင်ပြီ စောင့်နေမယ်..ထန်မျိုးနွယ်ရဲ့နယ်မြေကိုလဲ သိမ်းယူပြီတစ်နေ့မှာ နင်ရယ် ဟို့ယွိဟောင်ရယ် ကျန်တဲ့သူတွအားလုံးရယ်အတွက် မျိုးနွယ်စုတစ်ခုပြန်လည်တည်ထောင်ပေမဲ့ ဒါငါလုပ်ရမဲ့အရာပဲ ”

ဟို့ယွိဟောင်က ပြင်းထန်တဲ့စိတ်၀ိညာဥ်စွမ်းအားမုန်တိုင်းထဲမှာကူးခတ်နေတဲ့ လှေငယ်လေးတစ်စင်းလိုမျိုးရှိနေခဲ့တယ်။ သူ့ကိုယ်သူလေမုန်တိုင်းထဲကြားမှာ ကြံ့ကြံ့ခံနေခဲ့ပြီ ကြောက်စရာကောင်းမှုကို တုန့်ပြန်နေခဲ့ပါတယ်။ ဘယ်တော့မှအရှုံးပေးမဲ့ပုံမပေါ်ပါဘူး။

အချိန်တွေဘယ်လောက်ကုန်သွားမှန်းမသိတော့သလို သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကလဲ တူနဲ့အထုခံထားရတဲ့အတိုင်း ဆက်တိုက်ဆိုသလိုကောင်းကောင်းပုံဖော်လာခဲ့ပါတယ်။

လက်ရှိအချိန် မူလအစရှိနေစဥ်ကထက် သုံးပုံတစ်ပုံနီးပါးကျုံ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက တစ်ချိန်ထဲမှာအများကြီးပိုပြီး သိပ့်သည်းလာတာကို ခံစားနေခဲ့မိတယ်။

တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းထဲမှာရှိနေတဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက အကုန်လုံးတိုက်ခိုက်မဲ့အဆင့်ကိုသာ ရောက်နေခဲ့မယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ ခုခံဖို့တောင်မဖြစ်နိုင်ပါဘူး။ ဒီစိတ်၀ိညာဥ်စွမ်းအားတွေက သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကို ချက်ချင်းဆိုသလို ဆွဲဖြဲပြစ်ပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအချိန်ဒိီအခန်းထဲမှာ စွမ်းအားတွေက ပြန့်ကျဲ့နေခဲ့သလို ဖိအားကဖြစ်စေပြီ မတိုက်ခိုက်ခဲ့ပါဘူး။ ဒါကြောင့်သာ ဟို့ယွိဟောင် မတိုက်ခိုက်တာဖြစ်ပါတယ်။

ဒီပြင်ပတိုက်ခိုက်မှုက အားနည်းလာလေလေ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားက ပိုမိုသိပ့်သည်းလာလေပါပဲ။ ဒါ့အပြင် သူငြိမ်လဲငြိမ်သက်လို့လာခဲ့တယ်။

ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေကို နားလည်ပေးပြီတဲ့နောက် သူပိုင်ဆိုင်ထားတဲ့အစွမ်းအစအသစ်တွေကိုလဲ ပိုမိုသဘောပေါက်လာခဲ့ပါတယ်။ သူခန္ဓာကိုယ်ထဲမှာရှိတဲ့ ၀ိညာဥ်စွမ်းရည်တွေအားလုံးနဲ့ အင်အားတွေအားလုံးက ခန္ဓာကိုယ်ကိုနားလည်သဘောက်ပေါက်မှုနဲ့အတူ ပိုမိုခိုင်မာလို့လာခဲ့ပါပြီ။

အကြီးအကဲလျှပ်စီးဧကရာဇ်က သူ့ကိုတံခါးပိတ်ကျင့်ကြံမှုလုပ်သင့်တယ်လို့ ဘာကြောင့်ပြောမှန်း အခုမှပဲသူနားလည်သွားပါတော့တယ်။ မနှောင့်ယှက်ခံရတဲ့အချိန်မျိုးမှာ သူ့ရဲ့အတွေးတွေကအရမ်းကိုတိတ်ဆိတ်တည်ငြိမ်နေခဲ့ပြီ မြန်မြန်ဆန်ဆန်လဲ တိုးတက်လာနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ပိုင်ဆိုင်ထားတဲ့ အင်အားကသူ့ခန္ဓာကိုယ်နဲ့ပိုမိုပေါင်းစည်းနိုင်ပြီ တိုးတက်မှုကိုသိသိသာသာခံစားနေခဲ့ရပါတယ်။

ထူးဆန်းကောင်းကင်နည်းလမ်းကတော့ ဆက်တိုက်လှည့်ပတ်နေဆဲပါ။ ဒါပေမယ့် သူ့ရဲ့အဆင့်တက်မှုက တစ်၀က်မှာတန့်နေခဲ့ပါပြီ။ ဒီတန့်မှုက အဆင့်သုံးဆယ်ရောက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတာပါ။ သူ့အနေနဲ့ ၀ိညာဥ်စက်ကွင်းငါးကွင်းရခဲ့မယ်ဆိုရင် ၀ိညာဥ်မဟာပညာရှင်အဖြစ်ကိုတိုးတက်နိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် အဆင့်သုံးဆယ်ကိုလဲ ရောက်သွားနိုင်မှာပါ။

၀ိညာဥ်စွမ်းအားတွေရဲ့ တိုးတက်မှုက သူကိုယ်ပိုင်စွမ်းအားကိုနားလည်မှုလောက် စိတ်မချမ်းသာစေရပါဘူး။ ဒီခိုင်မာအပြောင်းအလဲက အများကြီးစိတ်ကျေနပ်စေခဲ့တယ်။

လက်ရှိအချိန် သူ့ဘ၀မှာတွေ့ကြုံခဲ့ရသမျှအရာအားလုံးနဲ့ ကျွမ်းကျင်တတ်မြောက်သမျှအရာအားလုံးကို ပြန်ပြန်လှန်လှန်စဥ်းစားနေခဲ့ရင်း ဒီပြိုင်ပွဲရဲ့ဖိအားကိုပါသုံးသပ်လို့နေခဲ့ပါတယ်။ ဒါ့အပြင် ရွှေလိုအသက်နဲ့ ပေါင်းစည်းမှုကိုပါ ပြန်ခံစားနေခဲ့မိတယ်။

အတိတ်ကိုဒီလောက်အထိ ငြိမ်ငြိမ်သက်သက်နားလည်သဘောပေါက်ဖို့အခွင့်အရေးဘယ်တုန်းကမှမရခဲ့ပါဘူး။ အခွင့်အရေးကတော့ အခုရောက်နေခဲ့ပါပြီ။

အကြီးအကဲမုက သူကိုယ်ပိုင်လမ်းရှာဖွေဖို့အတွက် ပြောပြခဲ့တာကို မှတ်မိနေခဲ့တယ်။ သူ့ရဲ့အနာဂတ်အတွက် ကိုယ်ပိုင်လမ်းကို ရှာဖွေနိုင်မယ်ဆိုရင် လမ်းခရီးကလဲပိုမိုချောမွေ့လာမှာပါ။ လမ်းပျောက်တော့မှာလဲ မဟုတ်ပါဘူး။

ဒါပေမယ့် သူ့ရဲ့လမ်းကဘာလဲ ၀ိညာဥ်ပညာရှင်လား ၀ိညာဥ်လက်နက်အတတ်ပညာရှင်တိုက်ခိုက်ရေးလား အဆုံးစွန်းရေခဲ၀ိညာဥ်ပညာရှင်လား။ ထိန်းချုပ်မှုအမျိုးအစားကိုစိတ်၀ိညာဥ်မျက်လုံး ၀ိညာဥ်ပညာရှင်လား။

အရာအားလုံးက လက်ရှိအချိန်မှာ ရှုပ်ထွေးလို့နေခဲ့ပါတယ်။ ဘာမှလဲစုစည်းပုံမရပါဘူး။ လက်ရှိအချိန်မှာ သူအင်အားတွေအားလုံးဘယ်လိုပေါင်းစည်းရမလဲဆိုတာ သင်ကြားနေခဲ့ပါတယ်။

ပြင်ပဖိအားက စိတ်၀ိညာဥ်စွမ်းအားတိုးတက်မှုနဲ့အတူ ဆက်တိုက်တိုက်ခိုက်လို့နေခဲ့ပြီ သူ့လဲပိုမိုတည်ငြိမ်လို့လာခဲ့ပါတယ်။ နောက်ထပ်လဲ စိတ်မရှုပ်ထွေးတော့ပါဘူး။ ရှိရှိသမျှအတွင်းအစွမ်းအစတွေကို သေသေချာချာနားလည်အောင် ကြိုးစားရင်းသူပိုင်ဆိုင်တဲ့လမ်းကိုရှာဖွေလို့နေခဲ့ပါတယ်။

°°°
အပိုင်း ၁၃၀•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset