Switch Mode

Chapter – 130.1

ကိုယ်ပိုင်လမ်းကိုရှာဖွေခြင်း

အပိုင်း ၁၃၀•၁

” ကိုယ်ပိုင်လမ်းကိုရှာဖွေခြင်း ”
°°°
ရေခဲရုပ်ထုနယ်မြေကသာ သူ့ရဲ့၀ိညာဥ်စက်ကွင်းကို ဖော်ပြခဲ့တာဖြစ်တယ်ဆိုရင် သူ့အနေနဲ့ ဘယ်လိုတွေးရတော့မှာလဲ ဟို့ယွိဟောင်က အများကြီးတည်ငြိမ်လို့နေခဲ့တယ်။ အကြီးအကဲမုက အရမ်းကိုအင်အားကြီးလွန်တာကြောင့် သူအနေနဲ့ ဘယ်လိုပဲဖြစ်ပါစေ ခုခံနိုင်မှာမဟုတ်ပါဘူး။ ဒါကိုနားလည်ပြီတာကြောင့် ဘယ်အရာကိုမှ ထပ်ပြီမပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။ အကြီးအကဲမု သူ့ဘာသာသူသာပြောပါစေ ဒီလိုမျိုးတည်ငြိမ်မှုကသာ သူ့ကိုစိတ်အေးလက်အေးအများကြီးဖြစ်သွားစေခဲ့ပါတယ်။ အကြီးအကဲမုက ဒီကိစ္စတွေကို ထုတ်ပြောနေပေမဲ့ ဘယ်လိုမကောင်းတဲ့စိတ်အကြံအစည်မရှိမှန်း သူသိနေခဲ့တယ်။

အကြီးအကဲမုက ပြောလာခဲ့ပါတယ်။

” ငါက တစ်ဘ၀တာလုံးလေ့ကျင့်ပြီ နှစ်နှစ်ရာကျော်တဲ့အထိကို တိုက်ကြီးတစ်ခွင်လှည့်လည်ခဲ့တာ မရေမတွက်နိုင်တဲ့ ၀ိညာဥ်ပညာရှင်တွေကို မြင်တွေ့ခဲ့သလို သိုင်းပညာ၀ိညာဥ်တွေအများကြီးလဲ မြင်တွေ့ခဲ့ဖူးတယ်..ဒါပေမယ့် မင်းလိုအခြေအနေမျိုးတွေ့ဖူးတာတော့ ပထမဆုံးအကြိမ်ပဲ ”

” မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်မှာထူးခြားတဲ့အခြေအနေတွေရှိနေတာကို ခံစားမိတယ်…ဒါ့အပြင် ငါကမြောက်၀င်ရိုးစွန်းကိုသွားပြီ ရေခဲကျောက်စိမ်းကင်းမြီးကောက်တစ်ကောက်ကို ဖမ်းခဲ့ဖူးတယ်လေ တကယ်ကိုမတူညီတာပဲ မင်းရဲ့သိုင်းပညာ၀ိညာဥ်က ရေခဲကျောက်စိမ်းကင်းမြီးကောက်နဲ့တူပေမဲ့ ဘယ်ရေခဲကျောက်စိမ်းကင်းမြီးကောက်ကမှ မိုးပြာရောင်နဲ့အစိမ်းရောင်ရောနေပြီ အမြီးငါးဆင့်ပါတဲ့သိုင်းပညာ၀ိညာဥ်ပုံစံမျိုးရှိမနေကြဘူးတခဏတာကြာအောင် ငါလေ့လာပြီတဲ့နောက် တွေ့လိုက်ရတာက ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေက ပိုပြီးသန်မာလေလေ သူတို့ရဲ့အမြီးက ပိုစိမ်းလေပဲ ဒါကြောင့်သာ မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က သေချာပေါက် ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေရဲ့ဘုရင်ဖြစ်နေမယ်လို့ သေချာသွားခဲ့တာ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်မလား မြောက်၀င်ရိုးစွန်းရဲ့ ကောင်းကင်ဘုရင်သုံးပါးထဲက ဒုတိယမြောက်ဖြစ်တဲ့အပြင် ထိပ်တန်းရူးသွပ်ကောင်ဆယ်ကောင်ထဲမှာလဲ တစ်ကောင်ပါသေးတယ် ”

ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာနက်ရှိုင်းတဲ့အကြောက်တရားက ထွက်ပေါ်လာခဲ့ပါပြီ။ အကြီးအကဲမုက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကို အတည်ပြုဖို့အတွက် မြောက်၀င်ရိုးစွန်းကိုတောင်သွားပြီကင်းမြီးကောက်ကိုဖမ်းခဲ့ပါသေးတယ်။ သူ့အနေနဲ့ သေချာပေါက် တိကျတဲ့စမ်းသပ်ချက်တွေကို လုပ်ထားပါသေးတယ်။ အကြီးအကဲမုက အရမ်းကိုထူးချွန်ထက်မြက်လွန်နေခဲ့တယ်။ ဟို့ယွိဟောင်အနေနဲ့ ရှိရှိသမျှကိစ္စတွေအားလုံး အကြီးအကဲမုဆီမှာမိသွားပြီလို့ခံစားနေခဲ့ရပါတယ်။

အကြီးအကဲမုက အဲ့ဒီနောက်ဆက်ပြောခဲ့တယ်။

” ငါပြန်လာတဲ့အချိန်မှာ မင်းရဲ့ခန္ဓာကိုယ်အခြေအနေတွေကို လေ့လာခဲ့တယ်…ငါရလာတဲ့တစ်ခုတည်သောအဖြေကတော့ မင်းမှာနှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းပိုင်ဆိုင်ပြီ နှစ်တစ်သိန်း၀ိညာဥ်အရိုးရှိနေတယ်ဆိုတာပဲ မင်းရဲ့အခြေအနေကို ပိုပြီးကောင်းကောင်းမွန်မွန်လေ့လာဖို့အတွက် ကြယ်တာရာလော့မြို့တော်ရဲ့ပြိုင်ပွဲကိုလဲ ငါကြည့်ခဲ့တယ် ..အထူးသဖြင့်အရေးကြီးတဲ့ပွဲတွေကိုပေါ့ မင်းရဲ့အစွမ်းအစတွေက သန်မာတဲ့ ပြိုင်ဘက်ကိုရင်ဆိုင်ရတဲ့အချိန်တိုင်းမှာထွက်ပေါ်လာတယ်..အထူးသဖြင့် နယ်မြေအမျိုးအစားစွမ်းရည်ကို ထုတ်သုံးလိုက်တဲ့အချိန်မှာပဲ မင်းအရိုးတွေက ပုံမှန်အခြေအနေထက်ကို အများကြီးသာလွန်နေတာ ငါခံစားမိတယ်…ဒါကငါရဲ့အကဲဖြတ်မှုကို အတည်ပြုပေးလိုက်တယ်လေ ဒါပေမယ့် မင်းရဲ့ပုံစံတူတုပမှုစွမ်းရည်ကလဲ ကောင်းလွန်တယ်…ကောင်းကောင်းကြီးဖုံးကွယ်ထားနိုင်တာပေါ့ ငါတောင်မှအပြည့်အ၀စဥ်းစားလို့မရနိုင်ခဲ့ပါဘူး ”

” ငါအနေနဲ့ဒီလိုမျိုးသိလိုစိတ်ပြင်းပြတဲ့ ကိစ္စမျိုးမကြုံတွေ့ရတာအနည်းဆုံးနှစ်ငါးဆယ်ရှိနေပြီ ဒါပေမယ့် မင်းကတော့ ဒီလိုသိလိုစိတ်ကို နိုးထလာအောင်လုပ်လိုက်နိုင်တယ်လေ မင်းလိုမျိုးကလေးတစ်ယောက်က ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီရဲ့ ၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးကို ဘယ်လိုများရရှိပြီ ပေါင်းစည်းနိုင်တာလဲ ဒါ့အပြင် အဲ့ဒီရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်က အနည်းဆုံးနှစ်ပေါင်းနှစ်သိန်းသက်တမ်းရှိနေလောက်ပြီ ဒါ့အပြင် မင်းကသူ့ကို သိုင်းပညာ၀ိညာဥ်ပါဖြစ်အောင် လုပ်လိုက်သေးတယ် ”

” ဒီလိုမျိုး ထူးခြားတဲ့၀ိညာဥ်စက်ကွင်းပေါင်းစည်းမှုကို ခံနိုင်ရည်ရှိတဲ့သူဆိုတာ ငါတို့အမျက်ဒေါသကျောင်းတော်ထဲမှာတောင် လူငါးယောက်ထက်မပိုဘူး ဒီလူတွေကလဲ ၀ိညာဥ်စက်ကွင်းကိုးကွင်းဆီရှိနေကြပြီ ၀ိညာဥ်စက်ကွင်းကိုးကွင်းဆိုတာက သာမန်၀ိညာဥ်ပညာရှင်တွေအတွက် အကန့်အသတ်ကိုငါတို့မှာ အမြွှာသိုင်းပညာ၀ိညာဥ်လဲ မရှိဘူး…အကယ်၍ ငါတို့ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီကို ရှာတွေ့ပြီသတ်နိုင်မယ်ဆိုရင်တောင် သူ့ကို၀ိညာဥ်စက်ကွင်းအဖြစ် သုံးနိုင်မှာမဟုတ်ဘူးလေ ”

” ဒါ့အပြင် ရေခဲကျောက်စိမ်းကင်းမြီးကောက်ဧကရီရဲ့ စွမ်းအားတွေက မင်းခန္ဓာကိုယ်ထဲမှာရှိနေမယ်ဆိုရင်တောင် ငါဘယ်တော့မှရှာတွေ့နိုင်ခဲ့တယ်…ဒါပေမယ့် အဲ့ဒီစွမ်းအားတွေက ချိတ်ပိတ်ခံထားရတယ်..ချိတ်ပိတ်စည်းက ဘယ်လိုလုပ်ဖြစ်လာတာလဲ တကယ်ကိုသိချင်စရာကောင်းတဲ့ကိစ္စတွေကြီးပဲ ”

” ခြောက်လလုံးလုံးငါကောင်းကောင်းကြီး ခန့်မှန်းတွက်ချက်နေပြီတဲ့နောက် မင်းအနေနဲ့ မြောက်၀င်ရိုးစွန်းကို မသွားခင်အချိန်မှာ ဒုတိယ၀ိညာဥ်စက်ကွင်းရဖို့စီစဥ်ခဲ့တယ်လို့ တွေးမိသွားတယ်…အဲ့ဒီနောက် ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ တွေ့ခဲ့လိမ့်မယ်..သူကလဲ အဆင့်တက်နိုင်တော့မှာမဟုတ်ဘူး…ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်က သူမပျောက်ကွယ်သွားခင်အချိန်မှာ ကြောက်စရာကောင်းတဲ့အင်အားတွေကို မင်းခန္ဓာကိုယ်ချိတ်ပိတ်ပြီပေးခဲ့လိမ့်မယ်…ဒါကြောင့်သာ ဒုတိယသိုင်းပညာ၀ိညာဥ်ကို မင်းရလာတာပဲ ၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရိုးကိုလဲ ဒီလိုပဲရလာတာဖြစ်လိမ့်မယ်…ဒါကသာနည်းလမ်းကျတဲ့ဖြေရှင်းချက်ဖြစ်နေမှာ ”

” ဒါပေမယ့် အဲ့ဒီလိုမေးခွန်းထုတ်စရာက ပေါ်လာပြန်ရော ဘာကြောင့်များမင်းက စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိနေသားရဲ့ မြောက်၀င်ရိုးစွန်းအထိသွားပြီ ၀ိညာဥ်သားရဲကောင်ကို အမဲလိုက်ဖို့နဲ့ ၀ိညာဥ်စက်ကွင်းတွေကိုယူဖို့တွေးနေခဲ့တာလဲ ရေခဲကျောက်စိမ်းကင်းမြီးကောက်က မင်းစွမ်းအားတွေကိုချိတ်ပိတ်ထားတယ်ဆိုရင်တောင် ဒါကမင်းလိုသေးငယ်တဲ့လူက ခံနိုင်ရည်ရှိမှာမဟုတ်ဘူးလေ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်က ဘယ်လိုများမင်းရဲ့သိုင်းပညာ၀ိညာဥ်ဖြစ်လာရတာလဲ ငါလဲဘယ်လိုမှ အဖြေရှာလို့မရဘူး ”

ဟို့ယွိဟောင်ကတော့ လက်ရှိအချိန်မှာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင် စကားမပြောပဲရှိနေခဲ့ပါတယ်။ အကြီးအကဲမုရဲ့ခန့်မှန်းချက်က ဒီလိုကြီးမှန်နေတာမဟုတ်ပေမဲ့ သူလဲအနီးစပ်ဆုံးတွေးနေခဲ့တယ်။

အကြီးအကဲမုက ပြုံးပြရင်းပြောလာခဲ့ပါတယ်။

” မင်းခန္ဓာကိုယ်မှာ ထူးခြားတာတွေအများကြီးပဲ အကယ်၍ ငါသာမင်းခန္ဓာကိုယ်ကို သေသေချာချာအနီးကပ်လေ့လာပြီ လူသားတစ်ယောက်ဖြစ်မှာအတည်မပြုခဲ့ဘူးဆိုရင် မင်းက ၀ိညာဥ်သားရဲကောင်တစ်ကောင်မွေးဖွားလာတယ်လို့ ထင်မိမှာပဲ လူတိုင်မှာကိုယ်တိုင်ကံတရားဆိုတာရှိကြတယ်လေ မင်းရဲ့အခြေအနေကို ငါအပြည့်အ၀မပြောနိုင်ပေမဲ့ စစ်မှန်တဲ့စိတ်နဲ့တည်ငြိမ်မှုမျိုးကို မြင်တွေ့ရတယ်…ပြိုင်ပွဲမှာမင်းရဲ့ကြိုးစားအားထုတ်မှုတွေကလဲ ငါ့ကိုစိတ်သက်သာရာရစေတယ်…အကယ်၍ မင်းသာဆန္ဒရှိမယ်ဆိုရင် ဒီလောကကြီးက ငါမထွက်သွားခင်အချိန်မှာ နားထောင်ပေးသူအဖြစ်နေဖို့ငါဆန္ဒရှိပါတယ်…ဒါပေမယ့် ငါမင်းကိုတွန်းအားမပေးပါဘူး ”

” ဒါဆိုရင် ကျွန်တော်ကိုမမေးတော့ဘူးလား ”

ဒီလိုမမျှော်လင့်ထားတဲ့ အလှည့်အပြောင်းက ဟို့ယွိဟောင်ကို ပိုတုန်လှုပ်စေပါတယ် ”

” မမေးဘူး ငါရဲ့ခန့်မှန်းချက်က အမှန်တရားနဲ့သိပ်မကွာဘူးလို့ ယုံကြည်တယ်…မင်းလဲဒီလိုကံတရားမျိုးရှိနေပြီဆိုမှတော့ အကြီးအကဲတစ်ယောက်အနေနဲ့ မင်းထွက်သွားနိုင်ပေတယ်..မင်းကိုလူသားတစ်ယောက်အဖြစ် အတည်မပြုခင်အချိန်မှာ ဒီလိုကံတရားမျိုးတကယ်ပိုင်ဆိုင်ပါစေလို့ အမြဲမျှော်လင့်ခဲ့တာ အခုမင်းက အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်ရဲ့အစိတ်အပိုင်းဖြစ်နေပြီဆိုတာကို မမေ့လေနဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အောင်မြင်မှုတွေက မင်းခန္ဓာကိုယ်ထဲမှာရှိနေပြီးပြီ ဘယ်လိုလဲ လူငယ်တစ်ယောက်ရဲ့အတွေးနဲ့ လူကြီးတစ်ယောက်ရဲ့အတွေးက ကွာခြားတယ်မဟုတ်လား ”

ဟို့ယွိဟောင်က အချိန်အတော်ကြာတွေဝေနေပြီတဲ့နောက် သူအလေးအနက်ပြောလာခဲ့ပါတယ်။

” ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…အကြီးအကဲကိုကျွန်တော် စိတ်မပျက်စေရပါဘူး ”

” အဲ့ဒီအရိုးခေါင်းတွေကိုမြင်တယ်မလား ဒါကထိတ်လန့်ခြောက်ခြားမိစ္ဆာနဂါးလို့ခေါ်တယ်…သားရဲကောင်ရဲ့ ခေါင်းတွေကြီးပဲဒီထိတ်လန့်ခြောက်ခြားမိစ္ဆာနဂါးက မြေကမ္ဘာနဲ့မိစ္ဆာနှစ်မျိုးပေါင်းထားတဲ့ အင်အားဖြစ်ပေမဲ့ သိပ်ပြီမကြီးကြဘူး…ရှားပါးတဲ့စိတ်၀ိညာဥ်အမျိုးအစားနဂါးတွေပဲ ထိတ်လန့်ခြောက်ခြားမိစ္ဆာနဂါးတွေက သဘာ၀အကြောက်တရားတွေကြောင့် သေဆုံးသွားခဲ့တာ ဒါကြောင့် သူတို့ရဲ့ဦးခေါင်းခွံတွေက စိတ်၀ိညာဥ်စွမ်းအားကို ချက်ချင်းထိန်းထားနိုင်တယ် ”

” ဒီလိုနဂါးမျိုးကိုသတ်ဖို့က မခက်ခဲဘူး ဒါပေမယ့် သဘာ၀အတိုင်းသေဆုံးဖို့ဆိုတာက ပိုပြီးခက်ခဲတယ်..ဒီအခန်းထဲမှာ နဂါးဦးခေါင်းခွံပေါင်းတစ်ထောင်နဲ့တစ်ခုရှိတယ်…ကျောင်းတော်ကနှစ်ပေါင်းရှစ်ရာတိတိရှိနေပြီ စုဆောင်းခဲ့ရတာ ပြီးတော့မှသာ သူတို့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို ငါအပြင်မွေးထုတ်ခဲ့တာပဲ သူတို့ရဲ့အင်အားကလဲ ကြီးမားတဲ့ဖိအားကို ခံစားရမှာပေါ့ မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားက ကြီးမားလာလေလေ ပြင်းထန်တဲ့ဖိအားကိုခံစားဖို့လိုလေလေပဲ အကယ်၍ ဒီကျင့်ကြံမှုကသာ နားလည်နိုင်မယ်ဆိုရင် စိတ်၀ိညာဥ်မျက်လုံးအတွက် အများကြီးအသုံး၀င်လိမ့်မယ်…ဒီလိုအခွင့်အရေးမျိုးက တစ်သက်မှာတစ်ခါပဲရမှာ ”

သူပြောပြီတဲ့နောက် အကြီးအကဲမုရဲ့အရှိန်အ၀ါက ပျောက်ကွယ်သွားပါတော့တယ်။ ဒါပေမယ့် အစောပိုင်းတုန်းက ခံစားနေခဲ့ရတဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အတော်လေးပြန်သန်မာလာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာလဲ လှိုင်းတွေကဖြစ်ပေါ်လာခဲ့ပြီ ပြင်းထန်တဲ့စိတ်၀ိညာဥ်စွမ်းအားပေါင်းစည်းမှုက သူ့ကိုတိုက်ခိုက်နေတာကြောင့် အစွမ်းကုန်ခုခံနေရပါပြီ။

မြေအောက်အခန်းထဲမှာတော့ အကြီးအကဲမုက ခန်းမအလယ်မှာရှိနေဆဲပါပဲ။ ဒါပေမယ့် ထိုင်ခုံပေါ်မှာထိုင်နေခဲ့ပြီ ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်တို့က သူ့နောက်မှာရပ်နေခဲ့တယ်။

” ဆရာတကယ်ပဲ အဲ့ဒီကိစ္စတွေကို အတည်မပြုတော့ဘူးလား ”

အကြီးအကဲမုက ရန်ရှောင်ကျဲ့ရဲ့အမေးကို ခေါင်းခါလိုက်ပါတယ်။

” မလိုဘူး သူကလူသားပဲလေ သူ့ရဲ့သွေးသားက နေလကျောင်းတော်ကလဲ မဟုတ်ဘူး… ဒီနှစ်ခုသေချာနေပြီဆိုရင် ကျန်တဲ့ကိစ္စတွေက အရေးမကြီးတော့ဘူးလေ ဒီကလေးက ငယ်သေးတယ် .ပုံသွင်လို့ရသေးတယ်..သူ့ရဲ့နှလုံးသားကို ငါသံသယတွေနဲ့ အေးခဲသွားစေလို့မဖြစ်ဘူး ”

ရန်ရှောင်ကျဲ့က မျက်မှောင်ကြုတ်ရင်း ပြောလာခဲ့ပါတယ်။

” အကယ်၍ သူသာတခြားတစ်ဖက်ကပို့လွှတ်လိုက်တဲ့ သူလျှိုဖြစ်နေမယ်ဆိုရင်ရော ”

ရှန်လင်းအယ်က ရုတ်တရက်၀င်ပြောပါတော့တယ်။

” အကယ်၍ နင်သာဆိုရင်ကော အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရှိနေတဲ့သူ့ကို သူလျှိုအဖြစ်ပို့လွှတ်မှာလား ဒါ့အပြင် ယွိဟောင်ရဲ့တိုးတက်မှုတွေနဲ့ သူကျောင်းတော်ကို၀င်ပြီတဲ့နောက် အတွေ့အကြုံတွေကို သေချာငါလေ့လာပြီးပြီ သူ့ရဲ့၀ိညာဥ်စွမ်းအားက ပထမအတန်းပြီးတဲ့နောက်မှသာ တိုးတက်လာတာ ဒါ့အပြင် သူ့အနေနဲ့ အားလပ်ရက်တွေမှာကြီးမားတဲ့ကိစ္စကိုကြုံတွေ့ခဲ့ရဖြစ်လိမ့်မယ်…အကယ်၍ နင်သာဖြစ်မယ်ဆိုရင်ကော ဒီလိုကံကောင်းတဲ့ကိစ္စမျိုးကြုံတွေ့ခဲ့ရင် လူတ်ိုင်ကိုလိုက်ပြောနေမှာလား ”

ရန်ရှောင်ကျဲ့က ရှန်လင်းအယ်ရဲ့လေသံကြောင့် သူဒေါသမထွက်၀ံ့ပါဘူး။ စိတ်ထဲမှာသာပြန်ပြီးပြောနေခဲ့မိပါတယ်။

” လင်းအယ် မင်းပြောတာငါနားလည်တယ်…ဒါပေမယ့် စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိယစွမ်းရည်က တိုက်တိုက်ဆိုင်ဆိုင်ကြီး ပုံစံတူတုပမှုတူနေတယ်ဆိုတာကို မင်းသတိမထားဘူးလား တအားတိုက်ဆိုင်လွန်နေတယ်ဆိုရင် အရာအားလုံးက အစီအစဥ်ဆွဲထားသလိုဖြစ်နေမှာပေါ့ ”

ရှန်လင်းအယ်က အေးစက်တဲ့လေသံနဲ့သာ ပြောလာခဲ့ပါတယ်။

” အကယ်၍ သူသာအဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကို အံ့ဩစရာကောင်းတဲ့အခွင့်အရေးနဲ့ ရခဲ့မှန်ငါသာသိခဲ့မယ်ဆိုရင် သေချာပေါက် ငါသူ့ကိုခေါ်ပြီ အင်တိုက်အားတိုက်မင်းလိုစောင့်ရှောက်ထားမှာပဲ တစ်ချိန်ထဲမှာပဲ ငါအနေနဲ့ဒီလိုပါရမီရှင်မျိုးကို ရန်သူစခန်းထဲပို့မှာမဟုတ်ဘူးလေ အသက်ဆယ့်နှစ်နှစ်ကလေးတွေက ဘယ်လောက်တောင်ခန့်မှန်းရခက်လိုက်သလဲ ရန်ရှောင်ကျဲ့ နင်က အမြဲတမ်းစိတ်သဘောထားသေးသိမ်ပြီ ဘာမှလဲမတွေးတတ်ဘူး ”

ရန်ရှောင်ကျဲ့ကတော့ ရှန်လင်းအယ်ရဲ့စကားကြောင့် မျက်နှာပျက်နေခဲ့ပါတယ်။ ဒါကြောင့် အကြီးအကဲမုရဲ့ရှေ့မှာ သူရှန်လင်းအယ်နဲ့ ရန်မဖြစ်၀ံ့ပါဘူး။

” ကောင်းပြီမင်းတို့နှစ်ယောက်က ဒီလိုရန်ဖြစ်နေတာနှစ်တွေဆယ်စုနှစ်တောင်ချီနေပြီ ယွိဟောင်နဲ့ပတ်သက်ပြီ ငါဆုံးဖြတ်ချက်ချပြီးပြီ ဒီကလေးကိုကျောင်းတော်ကနေ ကောင်းကောင်းမွေးမြူးပြီ စောင့်ရှောက်မယ်..အမျက်ဒေါသကျောင်းတော်ရဲ့မိစ္ဆာခုနှစ်ဖော်ထဲမှာ အဓိကမျိုးဆက်ဖြစ်တဲ့အကြီးအကဲထန်စန်းတောင် သူ့ရဲ့ကိုယ်ပိုင်လျှို့၀ှက်ချက်တွေရှိနေတာပဲမဟုတ်လား ”

ရန်ရှောင်ကျဲ့က ခေါင်းညိတ်ရင်းပြောလာခဲ့ပါတယ်။

” ဆရာဒီသူတို့အတွက် အနာဂတ်စီစဥ်မှုနဲ့ပတ်သက်ပြီတော့ရော ”

” သူတို့အနေနဲ့ တံခါးပိတ်ကျင့်ကြံမှုက အချိန်တခဏတာရှိနေဦးမယ်…ပြီးဆုံးပြီဆိုရင် အပြင်နယ်မြေကိုပြန်လို့ရမယ်…နောက်ဆုံးတော့လဲ ကလေးတွေက ငယ်သေးတယ်လေ သူတို့ကိုတအားကြီးဖိအားပေးမယ်ဆိုရင် တိုးတက်မှုကအဆင်ပြေမှာမဟုတ်ဘူး…မင်းတို့နှစ်ယောက်တခြား ကျောင်းသားလေးယောက်ကို ကောင်းကောင်းစောင့်ကြည့်ပြီ အကောင်းဆုံးညွှန်ကြားမှုပေးကြ သူတို့တွေအတွင်းနယ်မြေကို ၀င်နိုင်အောင်သေချာလုပ်ရမယ်…ဒါပေမယ့် စမ်းသပ်ချက်ကို သူတို့ကိုအသိမပေးလိုက်နဲ့ အတွင်းနယ်မြေကို ရောက်ပြီးပြီဆိုရင် သူတို့ဒီနေရာကိုတစ်ခေါက်လာလို့ရမယ်..ဒါကြောင့် ပထမဆုံးအရင်ပြန်ခိုင်းလိုက်တာ ခန္ဓာကိုယ်မျိုးနွယ်က ပြိုင်ပွဲထဲမှာ ပြဿနာရှာဖို့လာခဲ့တယ် ..ဒါကသေချာပေါက် လွယ်မှာမဟုတ်ဘူး…ဒါကြောင့် မင်းတို့ကိုသေချာလေးသတိထားကြမှရမယ် ”

” ကောင်းပါပြီ ဆရာ ”

ထန်ယာ့က ပစ္စည်းကိုသိမ်းရင်းနဲ့အပြင်ရာသီဥတုကို သူ့ကြည့်နေခဲ့ပါတယ်။ သူမရဲ့ သာမန်ပျော်ရွှင်မှုက အထီးကျန်မှုအပြည့်ပါပဲ။ စိတ်ထဲမှာအတွေးတွေအများကြီးရှိနေခဲ့တာကြောင့် ခေါင်းငုံ့ရင်းနဲ့ အခန်းအပြင်ကိုထွက်သွားခဲ့ပါပြီ။

ဒီအချိန်ကာလအတွင်းသူက ပျင်းစရာကောင်းတဲ့ဘ၀ကို ဖြတ်သန်းနေခဲ့ရတာပါ။ သူမက ကျောင်းတော်ကနေလဲ တစ်ခါမှမထွက်သွားဘူးပါဘူး။

ကျောင်းတော်ရဲ့အဆောက်အအုံတွေကို ကျောက်ဖြတ်ပြီတဲ့နောက် သူမက တစ်စုံတစ်ရာကိုစဥ်းစားမိတဲ့အတိုင်း ပြန်လျှောက်လာခဲ့ပါတယ်။

” မိန်းမချောလေး ငါ့ကိုမျက်နှာသာပေး ငါနဲ့ထမင်းလိုက်စားပါလား ”

လူတစ်ယောက်ကသူ့အနားကို ကပ်လာခဲ့ပါတယ်။ သူမက ခပ်မြန်မြန်လျှောက်ရင်း အဲ့ဒီလူနဲ့ ၀င်တိုက်မိမလိုဖြစ်သွားခဲ့တယ်။

” ထွက်သွားစမ်း ”

ထန်ယာ့က ဒေါသထွက်ရင်းခေါင်းမော့ကြည့်လိုက်မိပါတယ်။ သူမနဲ့ပတ်သက်ပြီ ဘယ်လိုဆက်ဆံရေးရှိနေလဲအားလုံးက သိပြီးသားပါ အပြင်နယ်မြေမှာဘယ်သူကများ သူ့ကိုဒီလိုမျိုးလာပြော၀ံ့မှာလဲ။

ဒါပေမယ့် သူခေါင်းမော့ပြီချိန်မှာပဲ နှစ်ယောက်စလုံးက အကြည့်မခွာနိုင်ပဲဖြစ်နေပါတော့တယ်။ ဒီခမ်းနားတဲ့မျက်နှာနဲ့ နူးညံ့တဲ့အပြုံးက ထန်ယာ့ရဲ့မျက်လုံးထဲမှာ ထင်ထင်ရှားရှားပေါ်လာခဲ့တယ်။

” နင်ပြန်လာဖို့သတိရသေးတယ်ပေါ့ ”

ထန်ယာ့ရဲ့အသံက တုန်ရီနေခဲ့ပါတယ်။ ပေ့ပေ့ကတော့ ရယ်မောနေခဲ့တယ်။

” ငါဇနီးလေးဒီမှာရှိနေမှာတော့ ဘယ်လိုလုပ်ပြန်မလာပဲနေရမှာလဲ အကယ်၍ တခြားသူတစ်ယောက်ယောက်နောက်ကိုလိုက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ ”

” ဘယ်သူက နင်ဇနီးလဲ ”

ထန်ယာ့က မကျေမနပ်နဲ့ပြောပါတော့တယ်။

” ရိုင်းစိုင်းလိုက်တာ ငါကထန်မျိုးနွယ်ရဲ့ခေါင်းဆောင် နင်ရဲ့ဆရာနော် ”

ပေ့ပေ့က လက်နှစ်ဖက်ကိုဆန့်ထုတ်ရင်း သူအပြုံးကတော့ မပြောင်းလဲခဲ့ပါဘူး။

” ဆရာရေလာပါဦး တစ်ချက်လောက်ဖက်ရအောင် ”

ထန်ယာ့က နှုတ်ခမ်းတင်းတင်းစေ့ထားရင် မျက်စောင်းထိုးနေခဲ့ပါတယ်။ အဲ့ဒီနောက် ပေ့ပေ့ရဲ့လက်မောင်းတွေထဲကို ပြေး၀င်လို့သွားခဲ့တယ်။

ပေ့ပေ့ကတော့ သူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားခဲ့ရင်း ပြောနေခဲ့ပါတယ်။

” ဘာဖြစ်လို့လဲ တစ်ယောက်ယောက်မင်းကိုအနိုင်ကျင့်လို့လား ”

သူ့ရဲ့စိတ်ထဲမှာထန်ယာ့က အမြဲတမ်းတက်ကြွလန်းဆန်းနေတဲ့နတ်မိမယ်လေးတစ်ပါးပါ။ ထန်မျိုးနွယ်နဲ့ပတ်သက်တဲ့ ၀န်ထုတ်၀န်းပိုကြီးကို ပိုင်ဆိုင်ထားရပေမဲ့ သူမက လန်းဆန်းတက်ကြွနေတဲ့သူပါပဲ။ ပေ့ပေ့က သူ့နဲ့အချိန်အကြာကြီးရှိနေမယ်ဆိုရင်တောင် သေချာပေါက် စကားတချို့နဲ့ရန်တွေ့နေရဦးမှာပါ။ ဒီလောက်ကြီးအထိန်းအကွတ်မဲ့အောင် ၀မ်းနည်းနေမှာမဟုတ်ပါဘူး။

အပိုင်း ၁၃၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset