Switch Mode

Chapter – 129.3

အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်

အပိုင်း ၁၂၉•၃

” အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော် ”
°°°
၀မ်သုန့်နဲ့အတွေးကချက်ချင်းဆိုသလို ကြည်လင်ရှင်းလင်းသွားပါတော့တယ်။ အလင်းစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသဘာ၀ကျကျစီးဆင်းလို့နေခဲ့ပြီ သူ့၀ိညာဥ်စွမ်းအားကလဲ အရှိန်ပြင်းပြင်းနဲ့စတင်လှည့်ပတ်ပါတော့တယ်။ စိတ်၀ိညာဥ်တွေက လန်းဆန်းတက်ကြွလို့လာခဲ့ပြီ အတွေးတွေအားလုံးကလဲ ကြည်လင်ရှင်းလင်းသွားသလို စိတ်တစ်ခုလုံးလဲအေးချမ်းသွားပါတော့တယ်။ ဆက်တိုက်ဆိုသလို များပြားလွန်လှတဲ့စိတ်ခံစားချက်တွေက ထွက်ပေါ်လို့လာခဲ့ပြီ အသက်ရှုချိန်တခဏတာအတွင်းမှာပဲ သူ့အနေနဲ့ တရားထိုင်တဲ့အဆင့်ကို ပြန်လည်ရောက်ရှိလို့သွားပါတယ်။

ဒါကသာမန်တရားထိုင်တဲ့ပုံစံမျိုးနဲ့မတူညီပဲ သူ့ရဲ့စိတ်ကအရှိန်ပြင်းပြင်းနဲ့ အလုပ်လုပ်နေခဲ့တာပါ။ များပြားတဲ့စွမ်းရည်တွေနဲ့ သူကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးကို ခပ်မြန်မြန်ပဲ ပြန်လည်သုံးသပ်မှုစတင်ပါတော့တယ်။

” ၀မ်သုန့် ”

ကြည်လင်နူးညံ့တဲ့အသံက ၀မ်သုန့်ရဲ့နှလုံးသားထဲမှာ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒီလိုနက်ရှိုင်းတဲ့တရားထိုင်မှုစတင်နေတာတောင် ရုတ်တရက်အသံထွက်ပေါ်လာခဲ့မှုက သူ့ကို ထခုန်မတတ်ဖြစ်သွားစေခဲ့ပါတယ်။

” အကြီးအကဲမုလား ”

၀မ်သုန့် သူ့ဘာသာသူတွေးလိုက်မိပါတယ်။

” မင်းရဲ့အတွေးတွေကို မရှုပ်ထွေးစေပဲ ဆက်တိုက်တရားထိုင် ငါစကားကိုနားထောင် ကိစ္စတွေကိုမင်းနားလည်ဖို့ အချိန်ပိုလိုသေးတယ်..မင်းရဲ့သိုင်းပညာ၀ိညာဥ်မှာ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့ ကြည်လင်ကောင်းကင်တူပဲ သူတို့နှစ်ခုစလုံးက ထူးခြားတဲ့သိုင်းပညာ၀ိညာဥ်တွေဖြစ်တယ်…ရှေးတစ်ခုကတော့ ဓာတ်သဘောသဘာ၀ဖြစ်ပြီ နောက်တစ်ခုကတော့ အင်အားအမျိုးအစားဖြစ်နေတယ်..နှစ်ခုစလုံးက မင်းရဲ့အဓိကသိုင်းပညာ၀ိညာဥ်ဖြစ်ဖို့ သင့်တော်တယ်..မင်းကြည့်ရတာ အရှေ့တစ်ခုကိုရွေးလိုက်ပုံပဲ အပြင်နယ်မြေရဲ့ သင်ကြားမှုကနေ မတူညီတဲ့သိုင်းပညာ၀ိညာဥ်တွေက မတူညီတဲ့ပတ်၀န်းကျင်မှာမွေးမြူးဖို့လိုအပ်မယ်ဆိုတာကို နားလည်ခဲ့မယ်နဲ့တူတယ်…အကယ်၍ ၀ိညာဥ်ပညာရှင်တစ်ယောက်ကသာ သူတို့နဲ့သင့်တော်တဲ့ ပတ်၀န်းကျင်မှာလေ့ကျင့်နိုင်မယ်ဆိုရင် ပိုပြီးမြန်မြန်ဆန်ဆန်တိုးတက်ပြီ အကျိုးရှိလိမ့်မယ် ”

” မင်းတို့အားလုံးက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ မြေအောက်လောကမှာရောက်နေကြတယ်…ဒီနေရာမှာ အခန်းတစ်ရာနဲ့ရှစ်ခန်းရှိတယ်..အားလုံးကလဲ မတူညီတဲ့အမျိုးအစားနဲ့သိုင်းပညာ၀ိညာဥ်တွေအတွက် တည်ဆောက်ထားတာ အတွင်းနယ်မြေရဲ့တပည့်သားတွေအားလုံးက ဒီနေရာမှာနက်ရှိုင်းတဲ့တရားထိုင်မှုလုပ်ဖို့အချိန်တစ်ခေါက်ဆီရကြတယ်…မင်းတို့တွေက အတွင်းနယ်မြေတပည့်သားတွေမဖြစ်သေးပေမဲ့ ကျောင်းတော်အတွက် ဆွဲဆောင်ခဲ့တာတွေကြောင့် ဒီနေရာမှာ တရားထိုင်ခွင့်ပြုဖို့ဆုံးဖြတ်လိုက်တာပဲ ဒါ့အပြင် မင်းတို့ရဲ့ ပါရမီရှိတဲ့ အမြွှာသိုင်းပညာ၀ိညာဥ်တွေအတွက် လုံလောက်တဲ့အတွေ့အကြုံကို ရစေဖို့ဒီလိုဆုချရတာလဲဖြစ်တယ်…မင်းတို့ဒီနေရာမှာ ပိုပြီးတော့ရိတ်သိမ်းမှုများလေလေ အနာဂတ်ကျင့်ကြံမှုအတွက် ပိုတန်ဖိုးရှိတဲ့အတွေ့အကြုံကိုရလေပဲ ဒါပေမယ့် ဒီနေရာမှာကျင့်ကြံမှုတစ်ခုထဲတင်လုပ်ရမှာမဟုတ်ဘူး…မင်းတို့ရဲ့လမ်းစဥ်ကိုလဲ ဒီနေရာမှာရှာဖွေရမယ် ”

အကြီးအကဲမုရဲ့စကားတွေကိုကြားချိန်မှာ ၀မ်သုန့်အနေနဲ့ တစ်စုံတစ်ရာကိုနားလည်သွားပုံပါပဲ။

” ၀ိညာဥ်ပညာရှင်တစ်ယောက်ချင်းဆီတိုင်းမှာ သူတို့လျှောက်လမ်းရမဲ့လမ်းခရီးတွေရှိတယ်..တိုက်ခိုက်မှု အမြန်နှုန်း ထိန်းချုပ်မှုနဲ့ အထောက်အပံ့ပြုဖို့ပဲ ဒါတွေက အပေါ်ယံကြောတွေဖြစ်တည်နေခဲ့တာပိုပြီးနက်ရှိုင်းတဲ့လမ်းစဥ်ကို တိတိကျကျနဲ့ရှောင်လွဲနိုင်ဖို့အတွက် ဘယ်သူကမှမင်းကိုဘယ်လမ်းလျှောက်ရမယ်လို့ ပြောစရာမလိုဘူး…ကိုယ်တိုင်ပဲရှာဖွေမှရမယ်..မင်းတို့က အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့သူတွေအတွက် ဒီလိုမျိုးကိုယ်ရဲ့ကိုယ်ပိုင်လမ်းကို ရှာတွေ့ဖို့က ပိုပြီးတော့တောင် အရေးကြီးသေးတယ်..ဘယ်တော့မှမတွေဝေနဲ့ ကိုယ်ရွေးချယ်တဲ့လမ်းကိုလဲ ဘယ်သူမှသံသယမဖြစ်လေနဲ့ အကောင်းဆုံးကြိုးစားပြီတော့သာ ဒီလမ်းကိုပြီးအောင်လျှောက်ဖို့လုပ် ဒါ့အပြင် မင်းဘယ်လမ်းကိုပဲရွေးပါစေ အောင်မြင်အောင်လျှောက်လမ်းနိုင်တယ် ”

အကြီးအကဲမုရဲ့ လမ်းညွှန်မှုက ဒီနေရာမှာပဲရပ်တန့်သွားပါတယ်။ သူ့အသံကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့အခန်းမှာလဲ အတူတူကြားနေခဲ့ရပါတယ်။

ရှောင်းရှောင်းရဲ့အခန်းကလဲ ထူးခြားနေခဲ့တယ်။ ဒီအခန်းထဲမှာ ကြောက်စရာစွမ်းအားတွေမရှိပဲ ကြီးမားတဲ့ခေါင်းလောင်းကြီးတစ်ခုသာရှိပါတယ်။ ပထမဆုံးအနေနဲ့ ရှောင်းရှောင်းလဲလေလံပြီ မွန်းကြပ်မှုကိုခံစားခဲ့ရတယ်။ အဲ့ဒီနေရာမှာ စတင်ပြီထိုင်ဖို့ကြိုးစားချိန်မှာပဲ ကျယ်လောင်တဲ့တ၀ုန်း၀ုန်းမြည်သံကြီးကို ကြားလိုက်ရပါတယ်။ သူမရဲ့ဘေးမှာရှိသမျှအရာအားလုံးက ပျောက်ကွယ်သွားခဲ့ပြီ သူမရဲ့စိတ်ထဲရှိလာတဲ့တစ်ခုတည်သောအရာကတော့ ဒီခေါင်းလောင်းကြီးထဲမှာ ပိတ်မိနေတာပါပဲ။

ဟို့ယွိဟောင်ရဲ့အခန်းကတော့ ပိုပြီးထူးခြားပါတယ်။ သူအထဲကို၀င်၀င်ချင် လုံး၀ကိုမှောင်မိုက်လို့နေခဲ့ပြီ အခန်းတစ်ခုလုံးကလဲ တိတ်ဆိတ်လို့နေခဲ့တယ်။

သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုအသုံးပြုပြီး အခန်းထဲကိုရှိရှိသမျှထောက်လှမ်းမှုနည်းလမ်းတွေအသုံးပြုပြီး ဖောက်ထွင်းနေဖို့ကြိုးစားပေမဲ့ ဒီနေရာမှာဘာအလင်းမှကို ရှိမနေခဲ့ပါဘူး။

ဒါပေမယ့် သူရပ်နေတဲ့နေရာမှာ ရုတ်တရက်ဆိုသလို လေဟာနယ်အသွင်းပြောင်းမှုက ဖြစ်ပေါ်လာခဲ့ပါတယ်။ သူ့ဘေးနားမှာရှိရှိသမျှနေရာတစ်ခုလုံးက ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့ပြီ သူ့ရဲ့စိတ်ကလဲ အပေါက်တစ်ပေါက်ဆီရောက်သွားခဲ့ပါတော့တယ်။

အရှေ့ကိုခြေနှစ်လမ်းတိုးလာချိန်မှာတော့ မရေမတွက်နိုင်တဲ့အ၀ါရောင်အလင်းတန်းစက်တွေက သူ့ရှေ့မှာစုဝေးလာပါတော့တယ်။ များပြားတဲ့မျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေသလိုပါပဲ။ ချက်ချင်းဆိုသလို ဆယ်မီတာကျော်ရှိတဲ့အခန်းက တောက်ပလို့လာခဲ့ပါပြီ။

ဟို့ယွိဟောင်ကြည့်လိုက်ချိန်မှာတော့ သူ့ဘေးနားက နံရံတွေကိုကြည့်ရင်း ပိုထိတ်လန့်လာပါတော့တယ်။ သူချက်ချင်းဆိုသလို ထွက်ပြေးဖို့ကြိုးစားပေမဲ့ သူတံခါးကိုလဲဘယ်လိုမှရှာလို့မရပါဘူး။ စိတ်၀ိညာဥ်မျက်လုံးနဲ့ ထောက်လှမ်းမှုတွေအားလုံးကိုအသုံးပြုပြီး တံခါးကိုရှာဖို့ကြိုးစားနေပေမဲ့ သူရှာမတွေ့နိုင်ပဲဖြစ်နေခဲ့ပါတယ်။

နံရံလေးခုနဲ့ မျက်နှာကျက်မှာတူညီတဲ့အရိုးတွေက ရှိနေခဲ့တယ်။ ဒီအရိုးတွေက လူသားတစ်ယောက်ရဲ့အရိုးတွေမဟုတ်ပါဘူး။ တြိဂံပုံသဏ္ဍာန်တစ်စုံတစ်ရာရဲ့အရိုးတွေပါ။ မျက်လုံးပေါက်ကလဲ ကြီးမားသလိုဦးခေါင်းခွံရဲ့အောက်ဖက်ကလဲ ချွန်းထွက်လို့နေခဲ့ပါတယ်။ အ၀ါရောင်မျက်လုံးတွေက သူ့ရဲ့မျက်လုံးအိမ်တွေထဲကပေါက်ကွဲထွက်တော့မလိုဖြစ်နေခဲ့ပြီ မီးလျှံကြီးတွေလိုတောက်ပလို့နေတော့တယ်။

ဟို့ယွိဟောင်လဲ အော်ဟစ်နေရင်းသူခန္ဓာကိုယ်က တုန်ခါပြီမြေပြင်ပေါ်ကိုပြုတ်ကျမတတ်ဖြစ်နေခဲ့တယ်။ ကြီးမားတဲ့စိတ်၀ိညာဥ်စွမ်းအားလှောင်အိမ်ကြီးထဲမှာ ပိတ်မိနေသလိုခံစားနေခဲ့ရပြီ အရာအားလုံးက သူ့ကို၀ါးမြိုနေသလိုပါပဲ။

သူ့အနေနဲ့ ထိတ်လန့်ရုံတင်မက နှိပ့်စက်ခံရသလိုပါ ခံစားနေခဲ့ရပါတယ်။ စိတ်၀ိညာဥ်ပင်လယ်ကလဲ စတင်ပြီပြင်းပြင်းထန်ထန်လှုပ်ရှားနေခဲ့ပါပြီ ကြောက်စရာကောင်းလွန်လှတဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကြောင့် စုတ်ဖြဲခံရတော့မဲ့အတိုင်းပါပဲ။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲဧကရီနဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်တို့ကလဲ လက်ရှိအချိန်မှာ မတုန့်ပြန်ကြပြီ သူတစ်ယောက်ထဲသာ ဒါတွေအားလုံးကို ခုခံနေခဲ့ရတယ်။

အကယ်၍ ပြိုင်ပွဲမတိုင်ခင်ကသာ ဒီလိုအခြေအနေကို ကြုံတွေ့ခဲ့မယ်ဆိုရင် သေချာပေါက် ကြောက်နေရုံကလွဲပြီ ဘာမှလုပ်၀ံ့မှာမဟုတ်ပါဘူး။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကလဲ မျက်တောင်တစ်ခတ်အတွင်းပျက်စီးသွားပါလိမ့်မယ်။ ဒါပေမယ့် နှိပ်စက်မှုနဲ့ နာကျင်မှုတွေဆိုတာက လူတစ်ယောက်ကိုတိုးတက်စေနိုင်တယ်။ ဒါ့အပြင် ရွှေလိုအသက်ကလဲ သူ့ကိုအားဖြည့်ပေးထားခဲ့တာပါ။

တခဏတာထိတ်လန့်နေပြီတဲ့နောက် သူ့ကိုယ်သူပြန်တည်ငြိမ်အောင် ထိန်းထားလိုက်ပါတော့တယ်။ သန်မာတဲ့စိတ်၀ိညာဥ်စွမ်းအားကိုခုခံရင်း အခန်းထဲကဖျာပေါ်မှာ သူသွားထိုင်လိုက်တယ်။ အဲ့ဒီနောက် စိတ်ကိုစုစည်းပြီ တည်ငြိမ်အောင်အာရုံစိုက်ပါတော့တယ်။ သူ့ရဲ့ကိုယ်ပိုင်စိတ်၀ိညာဥ်စွမ်းအားကို ထိန်းချုပ်လို့ထားရင်း အကာအကွယ်အတားအဆီးအဖြစ် စတင်ပြီဖန်တီးတော့တယ်။ အဲ့ဒီနောက် စိတ်၀ိညာဥ်အတားအဆီးတွေကို တစ်လွှာပြီတစ်လွှာ ကာရန်ထားခဲ့ရင်းပြင်ပကရောက်ရှိလာတဲ့ ကြမ်းတမ်းတဲ့စိတ်၀ိညာဥ်စွမ်းအားတိုက်ခိုက်မှုတွေကို သူစတင်ကာကွယ်ဖို့လုပ်ပါတော့တယ်။

သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ကတော့ အချိန်အကြာကြီးလေ့ကျင့်ပြီတဲ့နောက်မှာ အရမ်းကို ခံနိုင်ရည်အားကောင်းနေခဲ့ပါပြီ။ အဲ့ဒီအခြေအနေကို ခပ်မြန်မြန်ထိန်းညှိရင်း တည်ငြိမ်လို့သွားပါတော့တယ်။ ပြင်ပစိတ်၀ိညာဥ်စွမ်းအားတွေကလဲ တစ်စထက်တစ်စ ပိုမိုအားနည်းလို့လာခဲ့ပါပြီ။

အကြီးအကဲမုရဲ့အသံက ဒီအချိန်မှာပဲ ထွက်ပေါ်လို့လာခဲ့တယ်။

” ဟို့ယွိဟောင် စိတ်၀ိညာဥ်စွမ်းအားဆိုတာ ဘာလဲငါကိုပြော ”

ဟို့ယွိဟောင်က ၀မ်သုန့်တို့ ရှောင်းရှောင်းတို့နဲ့မတူညီပါဘူး။ သူက စိတ်၀ိညာဥ်တုန့်ပြန်မှုကိုအသုံးပြုတဲ့အတွက် ချက်ချင်းဆိုသလို သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အဖြေကထွက်ပေါ်လာပါတော့တယ်။

” စိတ်၀ိညာဥ်စွမ်းအားဆိုတာ စိတ်ဆန္ဒတစ်ခုပါ ”

” အမှန်ပဲ စိတ်၀ိညာဥ်စွမ်းအားဆိုတာ စိတ်ဆန္ဒတစ်ခုပဲ ကိုယ်ရဲ့စိတ်၀ိညာဥ်စွမ်းအားကိုလေ့ကျင့်ဖို့ဖိအားနဲ့တောင့်ခံမှုတွေလိုအပ်လိမ့်မယ်…မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားက ငါထင်ထားတာထက်အများကြီးပိုပြီးသန်မာနေတယ်..မင်းရဲ့ခန္ဓာကိုယ်မှာပုံမှန်မဟုတ်လောက်တဲ့ လက်ဆောင်တွေ ကောင်းချီးမင်္ဂလာတွေရှိတယ်လို့ပြောပြနိုင်တာထက် ပိုတာမရှိနိုင်တော့ဘူး..မင်းမှာအမြွှာသိုင်းပညာ၀ိညာဥ်ရှိနေပြီ အဆုံးစွန်းရေခဲကလဲ တစ်ခုရှိနေမှတော့ ဘာကြောင့်အဆုံးစွန်းရေခဲကို အဓိကသိုင်းပညာ၀ိညာဥ်အဖြစ် မရွေးချယ်ခဲ့ဘူးလဲဆိုတာပြောပြနိုင်မလား ဘာကြောင့် စိတ်၀ိညာဥ်မျက်လုံးကို ရွေးချယ်ခဲ့တာလဲ ”

ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။

” ရေခဲကျောက်စိမ်းကင်းမြီးကောက်တွေက အရမ်းကိုအင်အားကြီးနေလို့ပါ သူ့ရဲ့အင်အားက ၀ိညာဥ်စက်ကွင်းအပေါ်မူတည်ပြီမှပဲအပြည့်အ၀ထုတ်လွှတ်နိုင်တယ်..ဒါကြောင့်သာ စိတ်၀ိညာဥ်မျက်လုံးကိုအသုံးပြုပြီး အင်အားအပြည့်အ၀စုစည်းရင်း ရေခဲကျောက်စိမ်းကင်းမြီးကောက်၀ိညာဥ်စက်ကွင်းကို အနည်းဆုံး၀ိညာဥ်တစ်သောင်းနဲ့အထက်ရှိမှသာ စုဆောင်းဖို့စဥ်းစားမိလို့ပါ ”

” ကလေးမင်းရဲ့ရေခဲကျောက်စိမ်းဧကရီ ပထမ၀ိညာဥ်စက်ကွင်းက ဘယ်လိုအဆင့်ရှိလဲ ”

” ဒါက ”

ဟို့ယွိဟောင် အထိတ်တလန့်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူလိမ်လို့မရနိုင်မှန်း သိသွားခဲ့ပါပြီ။

” နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းမလား ”

အကြီးအကဲမုရဲ့စကားတွေက အဆင့်ကိုး၀ိညာဥ်အမြောက်တစ်ခုလိုမျိုး ဟို့ယွိဟောင်ကိုရိုက်ခတ်ပါတော့တယ်။

” တကယ်တော့ မင်းကောင်းကောင်းကြီးဖုံးကွယ်ထားတာပဲ မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ရဲ့ပထမ၀ိညာဥ်စက်ကွင်းကို စိတ်၀ိညာဥ်မျက်လုံးရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းအစွမ်းနဲ့ ဖုံးကွယ်ထားနိုင်ခဲ့တယ် ..တခြားသူတွေမပြောနိုင်ပေမဲ့ ငါအတွက်တော့ မတူဘူးလေ ဘာကြောင့်လဲမင်းသိရဲ့လား ”

ဟို့ယွိဟောင် ဘာမှမပြောတော့ပါဘူး။ လက်ရှိအချိန် သူ့တစ်ကိုယ်လုံးတောင့်တင်းလို့နေခဲ့ပါပြီ။ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့က သူ့အတွက်အကြီးမားဆုံးလျှို့၀ှက်ချက်တွေပါ။ အခုအချိန်မှာသူအရမ်းကိုထိတ်လန့်နေခဲ့ပါတယ်။

အကြီးအကဲမုက ပြောလာခဲ့တယ်။

” ဘာကြောင့်လဲဆိုတော့ မင်းအစောပိုင်းတုန်းက ထုတ်ဖော်ပြသခဲ့တဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ရဲ့ပထမ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နယ်မြေထိန်းချုပ်မှုအမျိုးအစား ၀ိညာဥ်စွမ်းရည်ကြောင့်ပဲလေ ငါမှာလဲ နယ်မြေထိန်းချုပ်မှု၀ိညာဥ်စက်ကွင်းအမျိုးအစားရှိတယ်..သူတို့တွေအားလုံးနီးပါးက နှစ်တစ်သိန်း၀ိညာဥ်စွမ်းရည်တွေကြီးပဲ ထူးခြားတဲ့အခြေအနေမျိုးသာရှိမနေရင်ပေါ့ ”

အပိုင်း ၁၂၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset