အပိုင်း ၁၂၉•၂
” အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော် ”
°°°
ပေ့ပေ့နဲ့ တခြားသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပါတယ်။ အခုအချိန်မှာ သူတို့အားလုံးစိတ်ရှုပ်ထွေးနေခဲ့ပါပြီ။ ဒီစမ်းသပ်ချက်က ပြင်ပတပည့်သားတွေတော်တော်များများကို ရပ်တန့်စေနိုင်တဲ့အရာပါ။ ဒါ့အပြင် အတွင်းနယ်မြေရဲ့တပည့်သားဖြစ်လာတဲ့သူက တကယ်ကိုနည်းပါးလွန်လှပါတယ်။ သူတို့အနေနဲ့ စိတ်မရှုပ်ထွေးပဲနေဖို့မဖြစ်နိုင်ပါဘူး။ ဒီစမ်းသပ်ချက်ကို ထင်ထားတာထက် အများကြီးစောပြီးဖြတ်သန်းရမလို့ပါ။
မကြာခင်မှာပဲ နူးညံ့တဲ့အကြီးအကဲရဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။
” ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းမင်းတို့သုံးယောက်က လက်ရှိအချိန်မှာ ပင်လယ်နတ်ဘုရားကျွန်းထဲယာယီနေပြီ ငါနဲ့အတူတူ လေ့ကျင့်ရမယ်..မင်းတို့သုံးယောက်က ငါအချိန်ကြပြီလို့တွေးမှာပဲ အပြင်နယ်မြေကိုပြန်ရမယ်..ပေ့ပေ့နဲ့ ရှုစန်းရှီနှစ်ယောက်ကိုတော့ ရှောင်ရွှမ်က လမ်းညွှန်ပြသပေးလိမ့်မယ်..ကျန်းနန်နန်ကိုတော့ ချ်ိုက်မိန်အယ် နောက်ပြီ သောသော လင်းအယ် ဟယ့်ချိုက်ထို့ကိုလဲ ပိုပြီးအားစိုက်ရမယ်…အကယ်၍ သူတို့သာ စမ်းသပ်ချက်ကိုမအောင်မြင်ဘူးဆိုရင် မင်းတို့လဲဆရာအနေနဲ့ အပြစ်ပေးခံရမယ် ”
ဒီအကြီးအကဲရဲ့အသံက အရမ်းကိုနူးညံ့ညင်းသာပြီ နား၀င်ချိုလွန်ပေမဲ့ သူ့ရဲ့စကားတွေကရှိသမျှလူတွေအားလုံးကို ထိတ်လန့်စေသွားခဲ့ပါတယ်။ ဘယ်သူမှသူ့စကားကို သံသယမ၀င်ပါဘူး။ ပင်လယ်ခန်းမဆောင်ရဲ့အကြီးအကဲတွေနဲ့ ကျောင်းအုပ်လေးယောက်လဲ ချက်ချင်းထရပ်လိုက်ပြီ အကြီးအကဲကို ဦးညွတ်လိုက်ကြပါတယ်။
” အစည်းအဝေးပွဲပြီးဆုံးပြီ ”
အကြီးအကဲမုရဲ့အသံက ပိုပြီးတော့တောင်တည်ငြိမ်လာခဲ့ပါသေးတယ်။ အကြီးအကဲတွေအားလုံးက ချက်ချင်းဆိုသလို ပျောက်သွားခဲ့ပါပြီ။ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်အသစ်ကတော့ သူတို့ရဲ့လှုပ်ရှားမှုကို သေချာတောင်မမြင်လိုက်ရပါဘူး။ အကြီးအကဲရွှမ်နဲ့ ကျောင်းအုပ်လေးယောက်ရယ် ဖန်းယွီသာကျန်ရှိခဲ့ပါတယ်။
” မင်းတို့အားလုံးသွားလို့ရပြီ ယွိဟောင်နဲ့ တခြားသူနှစ်ယောက်ပဲကျန်ခဲ့ရင် အဆင်ပြေတယ် ”
အကြီးအကဲမုက လက်ဝှေ့ရမ်းလိုက်ပါတယ်။
” ကောင်းပါပြီ ဆရာ ”
ရန်ရှောင်ကျဲ့က တလေးတစားနဲ့ပြန်ဖြေရင်း တိတ်တဆိတ်သာထွက်ခွာသွားပါတော့တယ်။ ပေ့ပေ့နဲ့ ဟယ့်ချ်ိုက်ထို့ကတော့ ရှုစန်းရှီနဲ့ ကျန်းနန်နန်ကို ချီပြီခေါ်သွားခဲ့တယ်။ ဟို့ယွိဟောင်တို့ကိုတော့တချက်ကြည့်လိုက်ပါသေးတယ်။ အဲ့ဒီနောက် အားပေးတဲ့အကြည့်နဲ့ကြည့်ပြီ သူတို့လဲထွက်ခွာသွားခဲ့ပါပြီ။
ပင်လယ်နတ်ဘုရားခန်းမဆောင်ကတော့ ငြိမ်သက်လို့သွားပါတော့တယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ အခုလက်ရှိအချိန်မှာ အနည်းငယ်တုန်လှုပ်လို့နေခဲ့ကြတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်က ကျောင်းအုပ်ရန်ရှောင်ကျဲ့ရဲ့ဆရာဖြစ်တဲ့အပြင် အဓိကနေရာကြီးရဲ့အနောက်ဖက်မှာ လှဲလျောင်နေတဲ့သူပါ။ ဒါ့အပြင် ဒီကျောင်းတော်တစ်ခုလုံးထဲမှာ အရမ်းကိုအာဏာရှိတဲ့ပုံပေါ်ပါတယ်။
” ကလေးတို့ဒီကိုလာခဲ့ကြ ”
အကြီးအကဲမုက သူတို့ကိုလာဖို့လက်ဟန်ပြလိုက်ပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကလဲ စားပွဲရှည်ကြီးနားကိုလျှောက်ရင်း အကြီးအကဲရဲ့နားကိုရောက်လာခဲ့ပါပြီ။ သူတို့အားလုံးကခေါင်းကိုငုံ့ထားကြပါတယ်။
” ဘာကြောင့်များလဲမင်းတို့သုံးယောက်က ပြိုင်ပွဲမှာပြိုင်ဘက်တွေကို ဒီလိုပဲအနိုင်ယူခဲ့တာလား ပြိုင်ဘက်တွေရှေ့မှာအကြောက်အလန့်ကင်းကင်းနဲ့ရှိနေသလို ငါရှေ့မှာရော ဘာလို့ရှိမနေရတာလဲ ခေါင်းကိုမော့ကြ ငါတို့ကမိတ်ဆွေဟောင်းတွေပဲလေ ”
အကြီးအကဲမုရဲ့ ညင်းသာတဲ့အသံက အရမ်းကို စိတ်အားတက်ကြွလာပါတယ်။
ဟို့ယွိဟောင်နဲ့ ကျန်တဲ့နှစ်ယောက်လဲ ခေါင်းမော့လိုက်မိပါပြီ။ ချက်ချင်းဆိုသလို သူတို့တွေရင်းနှီးနေတဲ့ မျက်နှာနဲ့လူကိုမြင်လိုက်ရပါတယ်။ မျက်နှာတစ်ခုလုံးနူးညံ့မှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီပြုံးယောင်ယောင်လေးရှိနေတဲ့ဒီလူကိုမြင်ချိန်မှာ သူတို့ထိတ်လန့်သွားခဲ့ပါတယ်။
” အဘိုးပါလား ”
သူတို့သုံးယောက်စလုံးအထိတ်တလန့်နဲ့ ပြောမိပါတယ်။ အကယ်၍ သူတို့ကိုအကြိမ်တစ်သောင်းမက ခန့်မှန်းခိုင်းမယ်ဆိုရင်တောင် သေချာပေါက် ခန့်မှန်းနိုင်မှာမဟုတ်ပါဘူး။ သူတို့ရဲ့ကျောင်းသားဆောင်ကျောင်းသူဆောင်တွေအရှေ့မှာ အမြဲတမ်းအေးအေးဆေးဆေးလှဲလျောင်နေတတ်တဲ့ အဘိုးကြီးက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အရှင်သခင်ဖြစ်နေမယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။ သူတို့တွေမြင်မြင်ချင်ကို အထိတ်တလန့်ဖြစ်သွားကြပါတော့တယ်။
အကြီးအကဲမုကတော့ ပြုံးပြရင်းမေးလာခဲ့တယ်။
” ထူးတန်းတယ်မဟုတ်လား မင်းတို့အားလုံးမှန်တယ်..ငါကအဲ့ဒိီအဘိုးကြီးပဲ ”
” ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ငါထိန်းချုပ်နေပေမဲ့ ဒီနေရာမှာမနေချင်ဘူးလေ အရမ်းပျင်းစရာကောင်းလွန်တယ်… မင်းတို့တွေရဲ့ ကျောင်းသားဆောင်တောင် ဘယ်ပျော်ဖို့ကောင်းလိုက်မလဲ အဲ့ဒီနေရာမှာလူငယ်တွေရဲ့ ပျော်ရွှင်နေတဲ့အငွေ့အသက်တွေကို ခံစားရတယ်လေ ငါကိုယ်ငါလဲ ငယ်ရွယ်သွားတယ်လို့ထင်ရတာပေါ့ မင်းရဲ့အသက်စွမ်းအားနဲ့ စိတ်အားတက်ကြွမှုတွေက ငါရဲ့သက်တမ်းကို နှစ်နည်းနည်းတောင်ဆွဲဆန့်ပေးနိုင်သေးတယ် ”
ဟို့ယွိဟောင်ကတော့ စကားတွေတောင်ထစ်သွားတာကို ခံစားနေခဲ့မိပါတယ်။ သူရော ၀မ်သုန့်ရော ရှောင်းရှောင်းပါ ဒီအမြဲတွေ့နေကြအဘိုးနဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ဆရာသခင်ဆိုတဲ့ အရာကို မဆက်စပ်နိုင်ကြပါဘူး။
အကြီးအကဲမုက လက်တစ်ဖက်ကိုမြောက်ရင်းပြောလာခဲ့ပါတယ်။
” ထူးပေးပါဦး ”
ဟို့ယွိဟောင်က ချက်ချင်းပြေးလာရင်းအကြီးအကဲမုရဲ့လက်ကိုဆွဲကာထူးဖို့လုပ်ပါတော့တယ်။ အကြီးအကဲမုရဲ့ လှုပ်ရှားမှုတွေက အရမ်းကိုနှေးကွေးနေခဲ့ပြီ သင်္ချိုင်းကိုခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးတစ်ယောက်လိုပါပဲ။ သူက လှဲလျောင်နေတဲ့ နေရာကနေ ဖြည်းဖြည်းချင်းထလာခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ကျောကတော့ ကိုးဆယ်ဒီဂရီအတိုင်းကွေးနေဆဲပါပဲ။ မြင်ရတာတော့ ၀မ်းနည်းစရာကောင်းလို့နေခဲ့တယ်။
အကြီးအကဲမုရဲ့လက်မောင်းတွေကတော့ အရမ်းကိုနူးညံ့ပါတယ်။ ဒါ့အပြင် နွေးထွေးလို့နေခဲ့ပြီ အတော်လေးကို အရိုးကျနေခဲ့တယ်။
အကြီးအကဲမုက ချောင်းတစ်ဖက်ဟန့်ရင်းပြောလာခဲ့တယ်။
” ဒီနေရာမှာ ငါလဲအကြာကြီး မလှဲလျောင်ချင်ဘူးလေ ငါငယ်ငယ်တုန်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်..ဒါ့အပြင် ဒဏ်ရာကနေလဲ ဘယ်တော့မှပြန်မကောင်းနိုင်တော့ဘူး..ဒါကြောင့်သာ ကျောကဒီလိုပုံစံဖြစ်သွားခဲ့တာပဲ သူတို့တွေလဲ ငါအတွက်စိတ်မကောင်းပြီ တွန်းလှည်းကိုပြင်ပေးခဲ့တယ် ”
အဲ့ဒီနောက် ပြောရင်နဲ့လက်တစ်ဖက်ကိုမြောက်ပြီလက်ညိုးထိုးပြလိုက်ပါတယ်။ ဟို့ယွိဟောင်လဲ သူ့ကိုဂရုတစိုက်နဲ့အဲ့ဒီနေရာကိုခေါ်သွားခဲ့တယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ အနောက်မှာလိုက်လာခဲ့ကြပြီ အံ့ဩနေကြပုံပါပဲ။
အကြီးအကဲမုက ရယ်မောနေရင်း လမ်းလျှောက်လို့လာခဲ့ပြီတဲ့နောက် ဆက်ပြောလာခဲ့ပါတယ်။
” ဟို့ယွိဟောင် မင်းလူသစ်တွေရဲ့ကျောင်းသားဆောင်ထဲကို၀င်လာတဲ့ ပထမဆုံးအချိန်ကနေစပြီ ငါမင်းကိုသတိထားမိခဲ့တာ ဘာကြောင့်လဲဆိုတော့ ငါကိုတက်တက်ကြွကြွနှုတ်ဆက်တဲ့ ရှားရှားပါးပါးကလေးတွေထဲက တစ်ယောက်ဖြစ်နေခဲ့လို့ပဲ မင်းကအတော်လေးယဥ်ကျေးတဲ့အပြင် ကျောင်းသားဆောင်ထဲကို ၀င်တဲ့အချိန်တိုင်းလဲ ငါ့ကိုအမြဲနှုတ်ဆက်တယ်…ဒါကတော်တော်လေးကိုကောင်းတယ် ”
” ဒါကကျွန်တော်တို့လူငယ်တွေလုပ်သင့်တဲ့အရာပါ ”
ဟို့ယွိဟောင်က ခပ်တိုးတိုးပြန်ဖြေလိုက်ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ ခေါင်းသာကုတ်နေခဲ့တယ်။ သူတို့တွေက အပြင်နယ်မြေမှာ လေ့ကျင့်ဖို့နဲ့ စာသင်ဖို့ကိုပဲအာရုံစိုက်နေခဲ့တာပါ။ ဒီအရှေ့ကအဘိုးကြီးကို နှုတ်ဆက်ဖို့ဘယ်လိုလုပ် စိတ်ကူးမိမှာလဲ။
ဟို့ယွိဟောင်က အကြီးအကဲမုကို နံရံတစ်ခုအရှေ့အထိ ရောက်အောင်ဖြည်းဖြည်းချင်းတွဲသွားခဲ့ပါတယ်။ အကြီးအကဲမုက လက်ညိုးတစ်ချောင်းထဲကိုထောင်လိုက်တဲ့အချိန်မှာတော့ ရွှေရောင်အလင်းတန်းက ချက်ချင်းတောက်ပလို့လာခဲ့ပြီ သူ့ရဲ့ဘေးမှာရှိရှိသမျှအရာတွေက ပုံရိပ်ယောင်ပြောင်းသွားပါတော့တယ်။ စူးရှပြင်းထန်တဲ့ရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်နဲ့တခြားသူနေရာကို ချက်ချင်းဆိုသလို ၀န်းရံလိုက်တော့တယ်။ ရှိရှိသမျှအရာအားလုံးတောက်ပနေတာကိုသာ သူတို့ခံစားမိခဲ့တာကြောင့် မျက်လုံးတွေကို ပိတ်လိုက်ရပါပြီ။ ခြေထောက်အောက်မှာရှိတယ်လို့လဲမသိရတော့ပါဘူး။ အရှေ့ကိုဆက်သွားလိုက်ချိန်မှာတော့ ပတ်၀န်းကျင်မှာရှိနေတဲ့ရွှေရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားတာကို မြင်လိုက်ရပါတော့တယ်။
ပင်လယ်နတ်ဘုရားခန်းမဆောင်ကလဲ ပျောက်ကွယ်သွားခဲ့ပါပြီ။ လန့်စရာကောင်းလောက်အောင် ဘယ်သူတွေက ကြီးမားတဲ့ခန်းမကြီးတစ်ခုထဲရောက်နေတာကို မြင်လိုက်ရပါတော့တယ်။ ဒီခန်းမကြီးက တစ်ရာကျော်ရှည်လျားပြီလေးထောင့်ပုံသဏ္ဍာန်ရှိပါတယ်။ မျက်နှာပြင်ကတော့ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်လက်ရည်ယှဥ်ပွဲနဲ့ ပုံသဏ္ဍာန်အတော်လေးတူညီနေခဲ့တယ်။
ခန်းမကြီးရဲ့ဘေးဖက်မှာတော့ များပြားတဲ့လှိုင်းခေါင်းတွေရှိနေခဲ့ပြီ ဘယ်နေရာကိုပေါက်လို့ပေါက်မှန်းလဲ မသိနိုင်ပါဘူး။ ပြတင်းပေါက်မရှိသလို အားလုံးကလဲပိတ်ဆို့ခံထားရပါတယ်။ ဒါပေမယ့် လေထုကတော့ အရမ်းကိုသန့်စင်နေခဲ့ပြီ ခန်းမထဲမှာလဲများပြားတဲ့ရုပ်ထုတွေရှိနေခဲ့တယ်။ ဒါကအ၀င်ပေါက်ရှိတဲ့ ရုပ်ထုတွေနဲ့အတူတူပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့အဓိကတည်ထောင်သူရွှေတြိဂံနဲ့ ပထမမျိုးဆက်ရဲ့အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်တောင်ပါပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ များပြားတဲ့ရုပ်ထုတွေရှိနေခဲ့တယ်။ အားလုံးက သစ်သားနဲ့ပြုလုပ်ထားတာအသေအချာပါ။
” ပင်လယ်နတ်ဘုရားခန်းမဆောင်က ဘာကြောင့်မခမ်းနားဘူးလို့တွေးမိကြတယ်မဟုတ်လား ဒါပေမယ့် ပင်လယ်နတ်ဘုရားခန်းမဆောင်က တည်ဆောက်ထားတာမဟုတ်ပဲ လက်နဲ့ထွင်းထုထားတယ်လို့ပြောမယ်ဆိုရင် မင်းတို့ဒါကိုသတိထားမိကြမှာပါ ”
” လက်နဲ့ထွင်းထုတာလား ”
ဟို့ယွိဟောင်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်လဲ မျက်လုံးပြူးသွားခဲ့ပါတယ်။
” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့မူလအရင်းအမြစ်က ကြီးမားတဲ့သစ်ပင်ကြီးပဲ လောကမှာမြင်ဖို့ခက်ခဲလွန်တဲ့ရွှေရောင်သစ်ပင်လို့လဲပြောကြတယ်…အလင်းစွမ်းအားနဲ့ အသက်စွမ်းအားနှစ်ခုပါနေတယ် ဒီသစ်ပင်ကြီးက ပထမမျိုးဆက်တွေ အဓိကအခြေစိုက်ပြီ ဖန်တီးခဲ့တာလဲဖြစ်တယ်…သူတို့က ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ရောက်ရှိဖို့အတွက်သစ်ပင်ရဲ့ အသက်စွမ်းအားကို မထိခိုက်စေပဲ ဦးဆောင်ခဲ့ကြတယ်…ဒါ့အပြင် ပင်လယ်နတ်ဘုရားခန်းမဆောင်က တခြားနေရာတွေမှာလဲ များပြားတဲ့အလှဆင်ပစ္စည်းတွေရှိမနေရတာပဲ ဒီရွှေသစ်ပင်ကြီးက ကျောင်းတော်ရဲ့အရင်းအမြစ်လို့လဲ ပြောလို့ရနိုင်တယ်…မင်းတို့သုံးယောက်လဲ အနာဂတ်မှာကျောင်းတော်အကြောင်းကိုပိုပြီးနားလည်လာမှာပါ ”
” ၀မ်သုန့် ပထမဆုံးညာဘက်လှ်ိုင်းခေါင်းကို၀င်လိုက် ဆယ်မီတာမှာတံခါးတစ်ခုရှိလိမ့်မယ်..တံခါးကိုတွန်းပြီ ၀င်လိုက်မယ်ဆိုရင်အထဲမှာအခန်းရှိမယ်..အဲ့ဒီအခန်းကြီးထဲမှာ တရားထိုင်ဖို့အတွက်ဖျာရှိတယ်..လေ့ကျင့်ချေ ”
၀မ်သုန့်လဲမျက်လုံးပြူးသွားခဲ့ပြီတဲ့နောက် သူလဲတွေဝေနေခဲ့တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်က သူခပ်မြန်မြန်ပဲ ခေါင်းညိတ်ပြလိုက်တယ်။ အဲ့ဒီနောက် သူလဲအကြီးအကဲမုညွှန်ကြားတဲ့အတိုင်းလုပ်ခဲ့ပါပြီ။ အကြီးအကဲမုရဲ့ညွှန်ကြားချက်တွေက အားလုံးအတွက် ကောင်းဖို့ဆိုတာသိနေခဲ့တယ်။ ဒါပေမယ့် သူကဟို့ယွိဟောင်နဲ့ မခွဲချင်ပါဘူး။
” ရှောင်းရှောင်း ဘယ်ဘက်တတိယမြောက်လှိုင်းခေါင်းရဲ့ဒုတိယတံခါးကို၀င်သွားလိုက် အဲ့ဒီနေရာမှာလေ့ကျင့် မင်းတို့တွေတစ်သားထဲဖြစ်နေတဲ့အခြေအနေကနေ ပြန်ပြီးလွှတ်မြောက်ပြီဆိုရင် အပြင်နယ်မြေကိုပြန်လို့ရပြီ ”
ရှောင်းရှောင်းက ခပ်မြန်မြန်ပဲပြန်ဖြေလိုက်ပါတယ်။ သူမရဲ့ ကြီးမား၀ိုင်းစက်တဲ့မျက်လုံးတွေကတော့ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း တခြားတစ်ဖက်ဆီကိုလျှောက်သွားခဲ့တယ်။
ဟို့ယွိဟောင်ကသာ အကြီးအကဲမူနဲ့နေရစ်ခဲ့ပါတယ်။ အကြီးအကဲမုက ပြုံးပြရင်းပြောလာခဲ့တယ်။
” မင်းလဲသွားလို့ရတယ်…ညာဘက်ရဲ့ပထမဆုံးလှိုင်းခေါင်းအဆုံးအထိကိုသွား အဲ့ဒီမှာတံခါးရှိလိမ့်မယ်…အခန်းထဲ၀င်ပြီ စတင်တရားထိုင်လိုက် မင်းအဖြေရမှထွက်လာခဲ့ ”
” ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အကြီးအကဲ ”
အကြီးအကဲမုက ပြုံးပြရင်းပြောလာခဲ့ပါတယ်။
” ငါရဲ့မျိုးရိုးနာမည်က မုလို့ခေါ်တယ်…မင်းငါ့ကို အကြီးအကဲမုလို့ခေါ်လို့ရတယ် ”
” ကောင်းပါပြီအကြီးအကဲမု ”
ဟို့ယွိဟောင်က ပြန်ဖြေပေမဲ့ မထွက်ခွာသွားခဲ့ပါဘူး။
” အကြီးအကဲမု တစ်နေရာမှာအနားယူဖို့ ကျွန်တော်ခေါ်သွားပေးရမလား ”
အကြီးအကဲမုက သူ့ကိုခေါင်းတစ်ချက်စောင်းရင်းကြည့်လိုက်မိပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်ရင်းမှန်ကန်တဲ့မျက်လုံးကို သူမြင်လိုက်ရသလို ဒါကမကောင်းတဲ့စိတ်အကြံအစည်ရှိမနေခဲ့ပါဘူး။
ဟို့ယွိဟောင်ရဲ့လက်ကိုပုတ်လိုက်ပြီတဲ့နောက် သူပြုံးပြရင်းပြန်ဖြေလိုက်ပါတယ်။
” ငါလမ်းလျှောက်နိုင်ပါသေးတယ်…သွားတော့ ဒီတံခါးပိတ်ကျင့်ကြံမှုက မင်းတို့အတွက်အရေးကြီးလိမ့်မယ်…စိတ်အေးလက်အေးနဲ့ ဖြစ်ခဲ့သမျှအရာအားလုံးကို ပြန်စဥ်းစားကြည့် အဆုံးရောက်ရင်း အဖြေတစ်ခုရမှာပါ ”
” ဟုတ်ကဲ့ပါ ”
ဟို့ယွိဟောင်လဲ ဒီအချိန်မှသာ ပထမလှိုင်းခေါင်းထဲကို၀င်သွားပါတော့တယ်။ လှိုင်းခေါင်းအစွန်းကိုရောက်ချိန်မှာတော့ သူ့ရဲ့လမ်းကိုရပ်လိုက်ပြီ အကြီးအကဲမုကို တစ်ချက်လှမ်းကြည့်မိလိုက်တယ်။ အကြီးအကဲမုကလဲ သူ့ကိုကြည့်နေဆဲပါ။ ဒါပေမယ့် သူ့ရဲ့အပြုအမူကြောင့် သူ့စကားတွေက တခြားစိတ်အကြံအစည်မရှိဘူးဆိုတာ သိသာလွန်နေခဲ့တယ်။
၀မ်သုန့်က ပထမဆုံးသူသွားမဲ့နေရာကို ရောက်သွားခဲ့ပါတယ်။ တံခါးကသစ်သားတံခါးဖြစ်ပြီ ရွှေသစ်ပင်ရဲ့သစ်သားနဲ့ပြုလုပ်ထားတာပါ။ ဒါကြောင့် လက်မြောက်ပြီတံခါးကိုဖွဖွလေးတွန်းလိုက်ချိန်မှာတော့ တံခါးလဲအလွယ်တကူပွင့်သွားပါတော့တယ်။ လုံး၀ကိုအတားအဆီးမရှိသလိုပါပဲ။
တံခါးကိုဖွင့်ဖွင့်ပြီချင် အလင်းစွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲ၀င်ရောက်လာတာကို ခံစားမိလိုက်ပါတယ်။
များပြားလွန်တာကြောင့် သူ့အနေနဲ့အသက်ရှုသံတောင်ကြားနေခဲ့ရတယ်။ မကြာခင်အချိန်မှာပဲ စွမ်းငင်အားတချို့က သူ့ကိုအင်အားနဲ့ဆွဲခေါ်သွားခဲ့ပါပြီ။
၀မ်သုန့်ကတော့ အခန်းထဲကိုအသက်မဲ့တဲ့အကြည့်နဲ့သာ ကြည့်နေခဲ့ပါတယ်။ ဒီအခန်းကစတုရန်းဆယ်မီတာကျော်ရှိပြီ မရေမတွက်နိုင်တဲ့ သစ်သားစွမ်းအားတွေကလဲ နံရံလေးဖက်စလုံးမှာရှိနေခဲ့ပါတယ်။ ဒါတွေက တကယ်စွမ်းအားသာဖြစ်မယ်ဆိုရင် တကယ်လန့်နေမှာမဟုတ်ပါဘူး။ ဒါတွေအားလုံးက ရွှေရောင်ခပ်ဖျော့ဖျော့တောက်ပနေခဲ့ပြီ အသက်စွမ်းအားတွေနဲ့ ပြည့်နှက်နေတာကြောင့်သာ သူအံ့ဩနေခဲ့ရတာပါ။
အခန်းရဲ့အလယ်မှာကတော့ စက်၀ိုင်းပုံသဏ္ဍာန်ဖျာတစ်ခုရှိနေခဲ့ပြီ ရွှေရောင်အလင်းတန်းတွေတောက်ပနေခဲ့သလို သန်မာအားကောင်းလွန်လှတဲ့ အလင်းစွမ်းအားတွေကလဲအပေါ်ကနေထိုးကျနေခဲ့သေးတယ်။
ဒီအလင်းတွေရဲ့သိပ့်သည်းမှုက အရမ်းကိုများပြားလွန်တာကြောင့် အရည်ပုံစံတောင်ဖြစ်နေခဲ့ပါပြီ။
၀မ်သုန့်လဲ သူ့တစ်ကိုယ်လုံးသန့်စင်ခံလိုက်ရတာကို ခံစားလိုက်မိပါတယ်။ ဒီခံစားချက်က ရွှေရောင်အလင်းတန်းတွေနဲ့ စစချင်သန့်စင်ခံလိုက်ရသလိုပါပဲ။ ဒီရွှေရောင်အလင်းတန်းတွေက ရွှေသစ်ပင်ပိုင်ဆိုင်တဲ့စွမ်းအားဆိုတာ သူအခုမှနားလည်သွားပါတော့တယ်။ ဒါပေမယ့် ဘယ်သူကသူ့ကိုလမ်းညွှန်ပေးနေလဲဆိုတာ သူမသိပါဘူး။ ဒါကကံကောင်းတာလို့ပြောလို့မရတာမဟုတ်ပဲ တကယ်ကို ကြီးမားတဲ့ကံကောင်းမှုကြီးနဲ့လဲ ကြုံတွေနေရတာပါ။ ၀မ်သုန့်က အတော်ကိုထက်မြက်တဲ့သူဖြစ်တာကြောင့် ခပ်မြန်မြန်ပဲ ထိုင်ချလိုက်ပြီ တရားထိုင်တဲ့ပုံစံစတင်ပါတော့တယ်။
အလင်းအရှိန်အ၀ါတွေက သူ့ခြေထောက်အောက်ကနေ မြင့်တက်လို့လာခဲ့ပြီ သူ့တစ်ကိုယ်လုံးကလဲ ရွှေရောင်ရုပ်ထုကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်။ အသက်စွမ်းအားတွေက စတင်လှည့်ပတ်လို့လာခဲ့ပြီ ဘာမှလုပ်စရာမလိုခင်အချိန်မှာပဲ ဒီအလင်းတန်းတွေက သူ့ခန္ဓာကိုယ်ထဲတစ်ဟုန်ထိုး၀င်ရောက်လာခဲ့ပါတယ်။
အပိုင်း ၁၂၉•၂ ပြီး၏။