Switch Mode

Chapter – 129.1

အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်

အပိုင်း ၁၂၉•၁

” အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော် ”
°°°
ရန်ရှောင်ကျဲ့က ခေါင်းညိတ်ရင်ပြောလာခဲ့ပါတယ်။

” မင်းတို့တွေအားလုံးအတွက် ဒီတစ်ခေါက်အချိန်က ခက်ခဲခဲ့မှာပဲ သွားပြီရင်နားလိုက်ကြ မင်းတို့ဒီခန်းမဆောင်နဲ့ မြင်ခဲ့သမျှအရာအားလုံးကို လျှို့၀ှက်ထားရမယ်ဆိုတာမှတ်ထား ယွဲ့ဟန်မင်းကလုံလောက်တဲ့လုပ်ငန်းတာ၀န်တွေကို ပြီးမြောက်အောင်မြင်ပြီးပြီ အတွင်းနယ်မြေရဲ့ စစ်ဆေးမှုအတွက် စတင်ပြင်ဆင်လို့ရပြီ ”

” ဟုတ်ကဲ့ပါ ကျောင်းအုပ် ”

ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်နှစ်ယောက်က ပင်လယ်နတ်ဘုရားခန်းမဆောင်ကနေ အသီးသီးထွက်ခွာသွားခဲ့ပါတယ်။

သူတို့တွေလဲ ထွက်ခွာသွားပြီတဲ့နောက်မှသာ စိတ်အေးလက်အေးရှိခဲ့တော့တယ်။ လက်ရှိရှိနေခဲ့တဲ့အကြီးအကဲတွေက ဘာမှမပြောပေမဲ့ ဒီစားပွဲတစ်လျှောက်မှာရှိနေတဲ့ပြင်းထန်တဲ့ဖိအားကို ကောင်းကောင်းခံစားခဲ့ရပါတယ်။ ဒါ့အပြင် ဒီအကြီးအကဲတွေအားလုံးက သော့်လော့တွေကြီးပါပဲ။ ဒါ့အပြင် အများစုက သော့်လော့တွေထက်ကို ပိုကျော်လွန်တဲ့အဆင့်မှာရှိနေခဲ့ပါတယ်။

သူတို့ကအ​ရေးကြီးတဲ့ဆုလာဘ်ကိုမရခဲ့ပေမဲ့ အပြစ်လဲမပေးခံခဲ့ရပါဘူး။ အနည်းဆုံးတော့ပြိုင်ပွဲကြီးက ပြီးဆုံးသွားခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်ကတော့ ရန်ရှောင်ကျဲ့ပြင်ဆင်ပေးတဲ့ စမ်းသပ်ချက်ကိုသာအောင်မြင်ခဲ့မယ်ဆိုရင်သူက ကျောင်းတော်ကနေ ပြီးမြောက်အောင်မြင်တော့မှာပါ သူနိုင်ငံကိုလဲသူပြန်လို့ရပါပြီ။ ဆယ်နှစ်ကျော်ကြာအောင် မနားမနေလေ့ကျင့်ပြီတဲ့နောက် သူလဲနောက်ထပ်ခရီးစဥ်အသစ်ကို စနိုင်ပါတော့မယ်။ လက်ရှိအချိန်မှာ စိတ်လှုပ်ရှားနေခဲ့တာအမှန်ပါပဲ။

၀မ်ယန် ပေ့ပေ့ ဟယ့်ချိုက်ထို့ ရှုစန်းရှီ ကျန်းနန်နန် ဟို့ယွိဟောင် ရှောင်းရှောင်းနဲ့ ၀မ်သုန့်တို့သာ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။

ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့နှစ်ယောက်ကို ဆူပူပြီတဲ့နောက် သူတို့စိတ်လှုပ်ရှားတက်ကြွမှုက အနည်းငယ်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ မသက်မသာတောင်ဖြစ်နေခဲ့ပါတယ်။

ရန်ရှောင်ကျဲ့ကတော့ သူတို့ဖက်ကို လှည့်ရင်းပြုံးပြပြီး ပြောလာခဲ့ပါတယ်။

” ဘာများမှားလို့လဲ ကျောင်းတော်ကသူတို့ကို တင်းကြပ်လွန်တယ်လို့မင်းတို့ထင်ကြလား ကျောင်းတော်ရဲ့ အတွင်းနယ်မြေတပည့်သားဖြစ်ဖို့လိုအပ်တဲ့လိုအပ်ချက်တွေကို ပြောပြရမယ်..ကျောင်းတော်ကအတွင်းနယ်မြေရဲ့တပည့်သားတွေကို မွေးမြူးစောင့်ရှောက်ဖို့အတွက် များပြားတဲ့သယံဇာတအရင်းအမြစ်တွေကိုသုံးထားခဲ့ရတာ ဒါကြောင့် သူတို့အပေါ်မှာထားရှိတဲ့ငါတို့ရဲ့တောင်းဆိုချက်ကလဲ မြင့်မားတယ်…အနာဂတ်မှာ မင်းတို့သာ အတွင်းနယ်မြေတပည့်သားဖြစ်လာခဲ့မယ်ဆိုရင် မင်းတို့အားလုံးနားလည်ကြမှာပါ ကောင်းပြီ အခုကတော့ ဆုလာဘ်တွေအကြောင်းပြောဖို့အချိန်တန်ပြီ ဆရာ၀မ် ”

” ဟုတ်ကဲ့ပါ ကျောင်းအုပ်ရန် ”

၀မ်ယန်က အရှေ့တိုးလာခဲ့ရင်း လေးလေးစားစားနဲ့ ဦးညွတ်လိုက်ပါတယ်။

ရန်ရှောင်ကျဲ့ကတော့ အလေးအနက်ပြောလာခဲ့တယ်။

” ငါတို့ရဲ့အဖွဲ့ကလူတွေအားလုံး အပြည့်အ၀မရှိတော့ပေမဲ့ အဖွဲ့ရဲ့လေးယောက်တိတိက မယှဥ်ပြိုင်နိုင်တော့ပေမဲ့ သုံးယောက်ကဒဏ်ရာရခဲ့ပြီ မင်းကဒီအဖွဲ့ကို အောင်နိုင်တဲ့အထိ ဦးဆောင်နိုင်ခဲ့တယ်…မင်းရဲ့အစွမ်းအစဘယ်လောက်ရှိလဲဆိုတာ ငါတို့မြင်ပြီတာကြောင့် အတွင်းနယ်မြေရဲ့ထိပ်တန်းဆရာအဖြစ်ကို ရာထူးတိုးပေးလိုက်ပြီ ”

၀မ်ယန်က ခပ်မြန်မြန်ပဲပြောလာခဲ့ပါတယ်။

” ကျောင်းအုပ် ကျွန်တော်ဘာဆုလာဘ်မှမလိုချင်ပါဘူး..ဒီပြိုင်ပွဲကိုအနိုင်ရခဲ့တယ်ဆိုတာ ကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုလဲ မဟုတ်ခဲ့ဘူး…ဒီကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် သက်သက်ပါပဲ သူတို့တွေက အရာအားလုံးကိုပုံအောပြီကြိုးစားခဲ့တဲ့အပြင် သေမင်းချောက်ကမ်းပါး၀ကိုရောက်ခဲ့တာက တစ်ကြိမ်မကပါဘူး..အကယ်၍ ကျောင်းတော်ကသာဆုချီးမြင့်ချင်တယ်ဆိုရင် သေချာပေါက် သူတို့ကိုသာထိုက်ထိုက်တန်တန်ချီးမြင့်သင့်တာပါ ”

ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ရဲ့ကိစ္စတွေကြောင့် ၀မ်ယန်လဲ ကလေးတွေရဲ့ကြိုးစားအားထုတ်မှုကို လစ်လျုရှုခံရပြီ ကြောက်လန့်ပြီအထိတ်တလန့်နဲ့ တားဆီးပါတော့တယ်။

ရန်ရှောင်ကျဲ့ကတော့ ပြုံးပြရင်းနဲ့ပြန်ဖြေလိုက်ပါတယ်။

” သူတို့ကိုလဲ ဆုချမှာပါ ဒီတော့မင်းလဲဆုချရမယ်လေ ငါအစောပိုင်းတုန်းကပြောလိုက်တာက မင်းရဲ့ဆုလာဘ်ကို မပါသေးဘူး…ဒါကသာမန်ရာထူးတိုးမှုတစ်ခုပဲ တကယ်ဆုလာဘ်ကတော့ မင်းအနေနဲ့ ပင်လယ်နတ်ဘုရားပုန်းကွယ်ကမ်းခြေမှာတစ်နှစ်လုံးလုံး၀င်ထွက်သွားလာခွင့်ရမှာပဲ ဒီတစ်နှစ်အတွင်းမင်းစိတ်ကြိုက်ဖတ်ချင်သလောက်ဖတ်နိုင်တယ်..ဒါပေမယ့် ဒီပုန်းကွယ်ကမ်းခြေမှာပဲ ဖတ်လို့ရမှာ ”

” တကယ်ကြီးလား ”

ဒီဆုလာဘ်ကိုကြားပြီတဲ့နောက်မှာတော့ ၀မ်ယန်က ခံစားချက်တွေကို မထိန်းချုပ်နိုင်ပဲဖြစ်သွားပါတော့တယ်။ သူအရမ်းကိုပျော်ရွှင်လွန်လို့ ထခုန်မိခဲ့သလို သူ့မျက်နှာကလဲနီရဲလို့လာခဲ့ပါပြီ။ ပင်လယ်နတ်ဘုရားပုန်းကွယ်ကမ်းခြေဆိုတာဘာကြီးလဲ ဒါကမရေမတွက်နိုင်တဲ့ စာအုပ်မိတ္တူတွေနဲ့ အရင်းအမြစ်တွေသုတေသနတွေအားလုံးကို စုစည်းထားတဲ့နေရာကြီးပါ။ ၀မ်ယန်ရဲ့မျက်လုံးထဲမှာတော့ အမျက်ဒေါသကျောင်းတော်နဲ့ပိုင်ဆိုင်တဲ့အကြီးမားဆုံးရတနာကဒါကြီးပါပဲ။

ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အကြီးအကဲတွေတောင်မှ ဒီနေရာမှာစာဖတ်ခွင့်ရဖို့နဲ့ ၀င်ခွင့်ရဖို့အတွက် ရှုပ်ထွေးတဲ့ကြီးကြပ်မှုတွေကို ဖြတ်ကျော်ဖို့လိုပါတယ်။ တစ်နှစ်သာစာဖတ်ခွင့်ရတာက ၀မ်ယန်အတွက်တော့ အရမ်းကိုကြီးမားလွန်လှတဲ့ကိစ္စတစ်ခုပါပဲ။ ရန်ရှောင်ကျဲ့ကတော့ ၀မ်ယန်စိတ်လှုပ်ရှားပျော်ရွှင်နေတာကိုကြည့်ရင်း ပြုံးနေခဲ့တယ်။

” ဆရာ၀မ် ဒီဆုလာဘ်က မင်းနဲ့ထိုက်တန်လို့ရတာပါ ကျောင်းတော်အတွက် မင်းဘယ်လောက်အထိ ကြိုးစားအားထုတ်ခဲ့လဲဆိုတာ ငါတို့မြင်ခဲ့ပြီးပြီ ဒါ့အပြင် မင်းရဲ့သုတေသနတွေနဲ့ လေ့လာစမ်းစစ်မှုတွေပေါ်မှာ ဇွဲလဲရှိသလိုအများကြီးလဲ ကြိုးစားအားထုတ်ခဲ့တယ်..ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ပုန်းကွယ်ကမ်းခြေကနေ နောက်တစ်နှစ်မှာအများကြီးသင်ယူနိုင်ပါစေလို့မျှော်လင့်ပါတယ် ”

” ကျောင်းအုပ်ကိုကျေးဇူးတင်ပါတယ်…အကြီးအကဲတွေကိုလဲ ကျေးဇူးတင်ပါတယ် ”

၀မ်ယန်က အရမ်းကိုစိတ်လှုပ်ရှားလွန်လို့ အားလုံးကိုခေါင်းကနေမြေကြီးထိလုမတတ်ဦးညွတ်နေခဲ့တော့တယ်။ သူ့ဘ၀မှာဒီလိုအခွင့်အရေးမျိုးရလာမယ်လို့ တွေးတောင်မတွေးမိပါဘူး။

အကြီးအကဲတွေကလဲ ပြုံးရင်းခေါင်းတညိတ်ညိတ်နဲ့ကြည့်နေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ထဲမှာ အကောင်းဆုံးတွေကသာ တန်ဖိုးထားခံရတာပါ။ ဒါက သုတေသနပိုင်ဆိုင်ရာလေ့လာစမ်းစစ်မှုတွေလဲ အတူတူပါပဲ။ ဒါကကျောင်းတော်အတွက် အ​ရေးကြီးတဲ့အချက်တစ်ခုဖြစ်နေခဲ့တယ်။

လက်ရှိအချိန်ဒီလိုလေ့လာစမ်းစစ်မှုတွေကို အထူးပြုတဲ့သူတွေက ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းအကြီးအကဲတစ်ယောက်သာရှိပါတယ်။ ဒါပေမယ့် သူကသော့်လော့တွေနဲ့ယှဥ်လို့ရနိုင်လောက်တဲ့ ရှည်လျားသက်တမ်းကိုမပိုင်ဆိုင်ထားပါဘူး။ ဒါကြောင့်သာ အဲ့ဒီလိုလူတွေက ပင်လယ်နတ်ဘုရားခန်းမဆောင်ကနေ ရာထူးနှိမ့်နေခဲ့တာပါ။

ရန်ရှောင်ကျဲ့က ဟို့ယွိဟောင်တို့ဘက်ကို လှည့်ရင်းပြောလိုက်ပါတယ်။

” ဒီတော့ မင်းတို့အလှည့်ရောက်ပြီ ”

” ကလေးတို့ မင်းတို့ရဲ့လုပ်ဆောင်ခဲ့မှုကြောင့် ငါဘယ်လောက်အထိအံ့ဩထိတ်လန့်မိသလဲဆိုတာ ပြောပြဖို့တောင်မရနိုင်ပါဘူး…အမျက်ဒေါသကျောင်းတော်က ချန်ပီယံအကြိမ်ကြိမ်ဖြစ်ခဲ့တာ မရေမတွက်နိုင်အောင်ရှိနေခဲ့ပေမဲ့..ဒီတစ်ခေါက်ငါတို့ရလိုက်တဲ့ အောင်မြင်မှုကသေချာပေါက် အကြီးမားဆုံးနဲ့ အဓိပ္ပါယ်ရှိဆုံးအောင်မြင်မှုပါပဲ ငါတို့သမိုင်းထဲမှာ မှတ်တမ်းတင်ထားဖို့ထိုက်တန်လွန်လှတယ်..အမျက်ဒေါသကျောင်းတော်ကလဲ မင်းတို့အားလုံးရဲ့စွမ်းဆောင်မှုကို မှတ်မိနေမှာပါ မင်းတို့က ကျောင်းတော်ရဲ့တကယ်စစ်မှန်တဲ့သူရဲကောင်းတွေပဲ ”

ရန်ရှောင်ကျဲ့ရဲ့စကားကြောင့် အားလုံးက စိတ်လှုပ်ရှားလို့သွားခဲ့ပါတယ်။ ကျောင်းတော်ရဲ့ချီးမွမ်းမှုကိုရရှိမယ်လို့ မတွေးထားခဲ့မိပါဘူး။ မှတ်တမ်းထဲထည့်ခံရမယ်ဆိုတာကတင် အတော်ကိုကြီးမားတဲ့ဆုလာဘ်ဖြစ်နေခဲ့ပါပြီ။ အားလုံးကလဲစတင်ပြီ စိတ်အားထက်သန်စပြုလာပါတော့တယ်။

ရန်ရှောင်ကျဲ့က ပြောလိုက်တယ်။

” ကျောင်းတော်ရဲ့အုပ်ချုပ်မှုအကြီးအကဲတွေအားလုံးက မင်းတို့လုပ်ဆောင်ခဲ့တာတွေကို သိပြီးခဲ့ပြီ မင်းတို့အားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့အနာဂတ်ကို သယ်ပိုးကျရမဲ့သူတွေပဲ ဒါ့အပြင် ဒီပြိုင်ပွဲဆိုတာကလဲ မင်းတို့အားလုံးအတွက် လေ့ကျင့်မှုသက်သက်ပဲတစ်ခုဖြစ်တယ်..မင်းတို့က အားမလျော့ပဲတိုက်ခိုက်တဲ့အပြင် အစွမ်းကုန်အားထုတ်ပြီတဲ့အချိန် ချန်ပီယံအဖြစ်ရအောင်ယူနိုင်ခဲ့တယ်…မင်းတို့ရဲ့အောင်မြင်မှုက မင်းတို့အားလုံးကိုထိတ်လန့်စေတာအမှန်ပဲ ”

” ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ အစည်းအဝေးပွဲကိုကျင်းပပြီတဲ့နောက်ကို မင်းတို့ကိုမတူညီတဲ့ဆုလာဘ်ကိုပေးအပ်ဖို့ဆုံးဖြတ်လိုက်တယ်.. ကျောင်းတော်အနေနဲ့ ချန်ပီယံတွေအတွက် ၀ိညာဥ်အရိုးသုံးခုနဲ့ နောက်ထပ်အပိုတစ်ခုကိုပေးမယ်..အပိုတစ်ခုကယွိဟောင်အတွက်သင့်တော်တယ်..ဒါ့အပြင် ကျောင်းတော်ကနေပေးအပ်တဲ့၀ိညာဥ်အရိုးသုံးခုမှာ တစ်ယောက်တစ်ခုဆီလက်ခံရလိမ့်မယ်..မင်းတို့အနေနဲ့ ကျင့်ကြံမှုတွေရဲ့ ထူးခြားချက်တွေအပေါ်မူတည်ပြီ စိတ်ကြိုက်ရွေးချယ်လို့ရလိမ့်မယ် ”

နောက်ထပ်၀ိညာဥ်အရိုးသုံးခုတဲ့လား သူတို့အားလုံးပျော်သွားခဲ့တယ်။ သူတို့သာ ၀ိညာဥ်အရိုးတစ်ခုရနိုင်မယ်ဆိုရင် သေချာပေါက် ရွေးချယ်စရာမလိုတော့ပါဘူး။ ကျောင်းတော်ရဲ့ပေးအပ်တဲ့ဆုလာဘ်က ကြယ်တာရာလော့နိုင်ငံတော်ပေးအပ်တဲ့ဆုလာဘ်နဲ့တူညီလို့နေခဲ့တယ်။ ဒါပေမယ့် ပိုပြီးထိတ်လန့်စရာကောင်းတဲ့အရာကို နောက်ထပ် ထပ်ကြားလိုက်ရပါတယ်။

ရန်ရှောင်ကျဲ့က ဒီတစ်ကြိမ်မှာပိုတည်ငြိမ်တဲ့အသံနဲ့ပြောလာခဲ့ပါတယ်။

” ဒီ၀ိညာဥ်အရိုးတွေအားလုံးက မင်းတို့ရဲ့ပြိုင်ပွဲမှာ ကြိုးစားအားထုတ်ခဲ့တဲ့ကိစ္စအတွက် တွန်းအားပေးတာသက်သက်ပဲ ဒါပေမယ့် ကျောင်းတော်က ဂုဏ်သိက္ခာကိုကာကွယ်ပေးတဲ့အတွက် မင်းတို့အားလုံးကို ဂုဏ်ထူးချီးမြင့်ရမယ်..အခုအချိန်ကနေစပြီမင်းတို့အားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့မိစ္ဆာခုနှစ်ဖော်ဖြစ်သွားပြီ ”

အဲ့ဒီနောက် တခဏတာသူရပ်တန့်လိုက်ရင်းနဲ့ အလေးအနက်ပြောလာခဲ့ပါတယ်။

” တစ်သက်တာပတ်လုံးအတွက် ထာ၀ရအမျက်ဒေါသကျောင်းတော်ရဲ့မိစ္ဆာခုနှစ်ဖော်ပဲ ”

ဟို့ယွိဟောင်နဲ့တခြားသူတွေအားလုံးလဲ ဒီစကားကိုကြားပြီချိန်မှာ အရမ်းကိုထိတ်လန့်သွားခဲ့ကြပါတယ်။ ရန်ရှောင်ကျဲ့ကိုကြည့်နေရင်းမျက်လုံးအပြူးသားဖြစ်နေခဲ့ပါပြီ။ သူတို့ရဲ့ စိတ်၀ိညာဥ်တွေက ခန္ဓာကိုယ်ကနေလွှင့်ထွက်သွားသလိုပါပဲ။

အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော် ဒီစကားတွေကအရမ်းကိုရိုးရှင်းပါတယ်။ ကျောင်းတော်အတွက်လဲ နက်ရှိုင်းလွန်ပြီအဓိပ္ပာယ်ရှိသလိုသော့်လော့တိုက်ကြီးအတွက်လဲ အများကြီးအဓိပ္ပါယ်ရှိနေခဲ့တယ်။

အမျက်ဒေါသရဲ့ပထမဆုံးမိစ္ဆာခုနှစ်ဖော်မျိုးဆက်တွေရဲ့ ကြီးမားတဲ့ခမ်းနားမှုတွေက အခုအချိန်ထိတောင် တည်မြဲနေဆဲပါပဲ။ ဒါ့အပြင် ဒီနာမည်ကိုတစ်သက်စာပိုင်ဆိုင်တဲ့သူတွေက ချက်ချင်းဆိုသလို သမိုင်းကြောင်းတစ်လျှောက်မှာတူညီတဲ့အလားအလာကို ပိုင်ဆိုင်မယ်လို့လဲ ပြောလို့ရနိုင်ခဲ့တယ်။ သူတို့တွေက အတွင်းနယ်မြေတပည့်သားတွေမဟုတ်ပဲတောင် ဒီလောက်ကြီးမားတဲ့ ဘွဲ့တစ်ခုကိုပေးခံရပြီ ၀ိညာဥ်အရိုးတွေကလဲ သူတို့အတွက် တအံ့တဩဖြစ်စေခဲ့သလို တစ်သက်တာပတ်လုံး အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ဘွဲ့ထူးရမှာကလဲ ပိုပြီးအဓိပ္ပာယ်ရှိနေခဲ့ပါတယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သိက္ခာနဲ့မြင့်မြတ်မှုက သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်၀ိညာဥ်တွေထဲမှာ အခုကနေစပြီဆက်တိုက်တည်ရှိတော့မှာပါ။ ဒီတောက်ပမှုကိုလဲ တစ်ဘ၀တာလုံးသယ်ဆောင်သွားရပါလိမ့်မယ်

ဒီဆုလာဘ်က အားလုံးကိုစကားနဲ့ဖော်မပြနိုင်လောက်တဲ့အထိ ထိတ်လန့်လို့သွားစေခဲ့တယ်။ ဟို့ယွိဟောင်နဲ့တခြားသူတွေအားလုံးက လဲ စကားတောင်မပြောနိုင်ကြတော့ပါဘူး။ ရန်ရှောင်ကျဲ့အနေနဲ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်ကိုပါ ဒီခန်းမဆောင်ထဲခေါ်လာဖို့ဘာကြောင့်တအားကို စိတ်အားထက်သန်နေရလဲဆိုတာ သူတို့အခုမှနားလည်သွားပါတော့တယ်။

သူတို့ကို ဒီဆုလာဘ်ကိုယ်တိုင်လက်ခံနိုင်ဖို့အခွင့်အရေးရစေချင်လို့ပါ။ ဒါကတစ်ဘ၀တာလုံးအတွက် အရမ်းကိုအရေးကြီးတဲ့အခိုက်အတန့်ပါပဲ။ အကယ်၍ ဒီအချိန်ကိုသာလွဲချော်သွားခဲ့မယ်ဆိုရင် တစ်ဘ၀တာလုံးနောင်တရသွားနိုင်လောက်တယ်။

ရန်ရှောင်ကျဲ့က အလေးအနက်ပြောလာခဲ့ပြန်ပါတယ်။

” ပင်လယ်နတ်ဘုရားခန်းမဆောင်က ဒီဆုလာဘ်နဲ့ပတ်သက်ပြီ တစ်နေ့လုံးလုံး တိုင်ပင်ဆွေးနွေးခဲ့တယ်..အကြီးအကဲတွေအားလုံးနဲ့ မဲခွဲဆုံးဖြတ်ပြီမှသာ နောက်ဆုံးဆုံးဖြတ်ချက်ချကနေ ဆရာက ချမှတ်ပေးတာ မင်းတို့ကိုရှင်းလင်းသွားအောင်တစ်ခုပြောပါ့မယ်…မင်းတို့ရဲ့ကျောင်းတော်ထဲမှာလေ့လာသင်ကြားမှုတွေကျေးဇူးတင်ဖို့အတွက် ဒီကိစ္စကိုအားလုံးလူသိအောင်ထုတ်ဖော်ပြဖို့မရဘူး..မှတ်တမ်းတွေမှာပဲ မှတ်တမ်းတင်ထားလိမ့်မယ်..မင်းတို့အားလုံးကျောင်းတော်နဲ့မပြီးမြောက်ခဲ့တာကို လုံး၀ထိန်းသိမ်းထားရလိမ့်မယ်..ကျေးဇူးပြုပြီး လူသိရှင်ကြားမကြော်ငြာပါနဲ့ ”

ဒီလိုတားမြစ်ချက်ကို ဘာကြောင့်လိုအပ်ရလဲဆိုတာ အားလုံးနားလည်နိုင်ပါတယ်။ ဒီသတင်းသာပြန့်သွားမယ်ဆိုရင် သူတို့အားလုံးအာရုံစိုက်တာခံရမှာပါ။ ဒါကပုံမှန်လေ့ကျင့်မှုတွေနဲ့ ကျင့်ကြံမှုတွေအားလုံးကိုထိခိုက်စေနိုင်ပါတယ်။

အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ပေ့ပေ့က စတင်ပြီမေးခဲ့ပါတယ်။

” ကျောင်းအုပ်ရန် ဒါဆိုရင်ဒီလိုတစ်သက်တာအချိန်က ကျွန်တော်ကျောင်းထဲမှာနေတဲ့ကာလကိုပြောတာလား ဒါမှမဟုတ် ”

ရန်ရှောင်ကျဲ့က ပြုံးပြရင်း​ပြန်မေးလာခဲ့ပါတယ်။

” ဘာလဲနားလည်ဖို့ခက်နေလို့လား တစ်သက်တာပတ်လုံးလို့ခေါ်တယ်ဆိုတာ မင်းတို့အသက်ရှင်စဥ်ကာလပတ်လုံးပဲ ဒါ့အပြင် မင်းတို့အသက်ရှင်သရွေ့ ဒီဘွဲ့ထူးကို ဘယ်သူဆီမှပေးအပ်မှာမဟုတ်ဘူး…ဒါကြောင့်သာ မင်းတို့တွေအသက်ရှည်ရှည်နေပြီ ကောင်းကောင်းကျင့်ကြံအားထုတ်ဖို့ကြိုးစားကြ မင်းတို့အသက်ရှည်ရှည်နေဒီနာမည်ဂုဏ်သတင်းက မင်းတို့နဲ့အတူရှိလိမ့်မယ် ”

ပေ့ပေ့ကတော့ အရမ်းကိုပျော်လွန်လို့သူ့အနေနဲ့ တစ်ကိုယ်လုံးအလင်းရောင်တွေတောင် လျှံထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ကျောင်းအုပ်နဲ့ ရှိသမျှအကြီးအကဲတွေကို သူဦးညွတ်လိုက်တယ်။ ကျန်တဲ့သူတွေအားလုံးကလဲ ထပ်တူညီစွာပဲလှုပ်ရှားရင်း ဦးညွတ်ကြပါတယ်။

ရန်ရှောင်ကျဲ့က တစ်ဖက်ကိုဘေးကပ်လိုက်ရင်း စားပွဲရဲ့ထိပ်ဆုံးမှာရှိနေသူကိုတလေးတစား​မေးလာခဲ့တယ်။

” ဆရာတခြားညွှန်ကြားစရာများရှိသေးလား ”

ဒီတစ်ကြိမ်မှသာအားလုံးလဲ စားပွဲခုံရဲ့တစ်ဖက်မှာလှဲလျောင်နေတဲ့သူရှိတာကို သတိထားမိပါတော့တယ်။ သူတို့ရဲ့မြင်ကွင်းရှုထောင့်ကအဲ့ဒီတစ်ဖက်လူရဲ့မျက်နှာကို မမြင်ရပါဘူး။

” ကလေးတို့မင်းတို့လုပ်ဆောင်ချက်တွေက ငါမျှော်လင့်ထားတာထက်ကို ကျော်လွန်နေခဲ့တယ် ”

” ဒါကြောင့်သာ ဒီဆုလာဘ်တွေကိုမင်းတို့ရရှိတာပဲ မင်းတို့အနေနဲ့တစ်သက်တာပတ်လုံး အောင်မြင်နေမယ်လို့ မဆိုလိုတာကိုတော့ကောင်းကောင်းနားလည်ထားရမယ်..အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ဆိုတဲ့နာမည်နဲ့ လိုက်ဖက်ညီအောင် ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်ကြ အခုလုပ်ခဲ့သလိုမျိုးပဲ ကျောင်းတော်ရဲ့ ဂုဏ်ကျက်သရေကိုဆက်ပြီထိန်းသိမ်းကြမယ်လို့ ငါမျှော်လင့်ပါတယ် ”

” ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့ မင်းတို့လေးယောက်က ၀ိညာဥ်ဘိုးဘေးတွေထက်ကို ကျော်လွန်ပြီသွားပြီ ဒါကြောင့် ဒီစာသင်နှစ်ပြီတဲ့အချိန်မှာ အတွင်းနယ်မြေတပည့်သားအဖြစ် စမ်းသပ်ချက်ကို ဖြတ်သန်းနိုင်ဖို့ မင်းအတွက်အထူးအခွင့်ရေးတစ်ခုပေးမယ်…ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးပြီဆိုရင် မင်းတို့လေးယောက်အတွင်းနယ်မြေတပည့်သားအဖြစ် စတင်ပြီသင်ယူနိုင်လိမ့်မယ်..စမ်းသပ်ချက်ရဲ့ခက်ခဲမှုအဆင့်ကတော့ အရင်လိုအတူတူပဲ ”

အပိုင်း ၁၂၉•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset