အပိုင်း ၁၂၈•၃
” ပင်လယ်နတ်ဘုရားခန်းမဆောင်ကအလင်းတန်း ”
°°°
ပင်လယ်နတ်ဘုရားရေကန်ရဲ့ မျက်နှာပြင်ဧရိယာကြီးက အတော်ကိုကြီးမားပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့တခြားအပိုင်းတွေကိုပါ ပေါင်းထည့်မယ်ဆိုရင်တောင် သူ့နယ်မြေကြီးက ကြီးမားတာထက်ကို ပိုနေခဲ့တယ်။ လှေကလေးကတော့ မြူခိုအလွှာတွေကြားထဲကို ဖောက်ထွက်လာရင်း ဆယ့်ငါးမိနစ်ကျော်ကြာပြီတဲ့နောက်မှာတော့ ကျွန်းတစ်ကျွန်းနားကို ဆိုက်ကပ်လို့လာခဲ့ပါပြီ။ ပင်လယ်နတ်ဘုရားကျွန်းက စတုရန်နှစ်ကီလိုမီတာသာရှိပြီ သူ့ရဲ့မျက်နှာပြင်ကလဲ ချောမွေ့မနေခဲ့ပါဘူး။ အဲ့ဒီအစား တောင်ငယ်လေးတစ်ခုနဲ့တူနေခဲ့ပြီ အဆောက်အအုံတွေအများကြီးကိုလဲ ဒီတောင်ပေါ်မှာဆောက်ထားခဲ့ပါတယ်။ အဆောက်အအုံတွေက မြူခိုအလွှာအထပ်ထပ်ကြားမှာရှိနေခဲ့တာကို သူတို့မြင်လိုက်ကြရတယ်။ လက်ရှိအချိန် ကျောင်းသားတွေအားလုံးရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုကတော့ ပိုမိုတောက်ပလာခဲ့ပါပြီ။
အရာအားလုံးက မရင်းနှီးပြီကျက်သရေရှိလှပေမဲ့ ဒီကိစ္စတွေအားလုံးက သူတို့အတွက် ဒဏ္ဍာရီတစ်ခုလိုပါပဲ။
ရန်ရှောင်ကျဲ့က ရှုစန်းရှီကိုခေါ်ပြီနားစေဖို့တစ်စုံတစ်ယောက်ကို မစေလွှတ်ခဲ့ပါဘူး။ အဲ့ဒီအစားအားလုံးကိုအတူတူခေါ်လာရင်း ကျဥ်းမြောင်းတဲ့ကျောက်တုံးလမ်းဆီကို ဦးဆောင်လာခဲ့ပါတယ်။ ဒိီလမ်းကပင်လယ်နတ်ဘုရားကျွန်းရဲ့ အတွင်းနယ်မြေကိုဦးတည်နေခဲ့တာပါ။
ပင်လယ်နတ်ဘုရားကျွန်းက အရမ်းကိုတိတ်ဆိတ်နေခဲ့တယ်။ ဒီနေရာမှာလူမနေတဲ့အတိုင်းပါပဲ။ အရာအားလုံးက အရမ်းကိုကြည်လင်ပြီ ငြိမ်သက်နေခဲ့သလို နေရာတစ်ခုလုံးကလဲ သုခရိပ်မြုံကြီးလိုပုံသဏ္ဍာန်ကိုဆောင်နေခဲ့တော့တယ်။ များပြားတဲ့ခန်းမဆောင်နဲ့ အဆောက်အအုံတွေအားလုံးက လှပပြီမြင့်မားတဲ့ သစ်ပင်ပန်းပင်တွေရဲ့ကြားမှာပုန်းကွယ်လို့နေခဲ့တာပါ။ ဟို့ယွိဟောင်အနေနဲ့ ဒီကိုရောက်ဖူးတာပထအဆုံးအကြိမ်ဖြစ်ပေမဲ့ မြင်မြင်ချင်မှာတင် ဒီမြင်ကွင်းကိုအင်မတန်သဘောကျသွားပါတော့တယ်။
ဒီနေရာမှာရှိနေတဲ့ သစ်ပင်တွေပန်းပင်တွေအားလုံးက နှစ်ပေါင်းထောင်ချီတဲ့သမိုင်းကြောင်းကို ပိုင်ဆိုင်ထားခဲ့ကြတယ်။ သစ်ပင်တွေကတော့ မီတာတစ်ရာထက်ကို ရှည်လျားနေခဲ့ပါပြီ။ လမ်းတစ်လျှောက်မှာလေထုကလဲ အရမ်းကိုလတ်ဆတ်သန့်စင်နေခဲ့ပြီ သစ်ပင်ပန်းပင်တွေက လူတိုင်ရဲ့မြင်ကွင်းကိုဖုံးလွှမ်းလို့ထားခဲ့တယ်။ ဒီလိုထူးဆန်းပြီ စိတ်အားတက်ကြွဖွယ်ရာခံစားချက်က ခြေလှမ်းတစ်လှမ်းချင်းဆီလှမ်းလိုက်တိုင်မှာ ပိုမိုအားကောင်းလို့လာခဲ့ပါတယ်။ သူတို့တွေက တောင်ထဲကိုအခုမှစပြီရောက်လာခဲ့တာပါ။
လက်ရှိအချိန်မှာ သူတို့တွေအနေနဲ့ တောင်အနီးနားပတ်လည်ကို ရောက်ဖို့ကသိပ်ပြီမကြာလိုက်ပါဘူး။ ခပ်မြန်မြန်ပဲ ခန်းမဆောင်ကြီးတစ်ဆောင်ကို သူတို့မြင်လိုက်ရပါတော့တယ်။ ဒီသုံးထပ်အဆောက်အအုံကြီးတစ်ခုလုံးက မီးခိုရောင်ဖြစ်ပြီ သစ်သားနဲ့ဆောက်လုပ်ထားခဲ့တာပါ။ ရိုးရှင်းပြီဘာမှအလှမဆင်ထားခဲ့ပေမဲ့ သူ့ရဲ့ခမ်းနားပြီ ငြိမ်သက်မှုကတော့ အံ့မခန်းပါပဲ။ သေချာအနီးကပ်ကြည့်လိုက်မယ်ဆိုရင် သစ်သားကိုယ်ထည်ရဲ့အပေါ်မှာအလင်းတန်းလိုတောက်ပနေတာကို မြင်ရမှာပါ။ သုံးထပ်ဆောင်ကြီးက ဆယ်မီတာကျော်မြင့်မားပြီ ခမ်းနားမှုကိုသိပ်မခံစားစေရပါဘူး။ ဒါပေမယ့် ပထမအလွှာရဲ့ထိပ်ဆုံးမှာကြီးမားတဲ့ ဆိုင်ဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထားခဲ့ပြီ ရွှေရောင်စာလုံးတွေကလဲ အဲ့ဒီအပေါ်မှာရှိနေခဲ့တယ်။ ဒီအဆောက်အအုံကြီးရဲ့ နာမည်ကိုဖော်ပြလို့နေခဲ့ပါတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်။
ဒီစကားလုံးသုံးလုံးကိုမြင်ချိန်မှာတော့ အားလုံးကတည်ငြိမ်ပြီ လေးစားမှုအပြည့်ဖြစ်လာကြပါတော့တယ်။ အဝေးကနေကြည့်မယ်ဆိုရင်တောင် ပင်လယ်နတ်ဘုရားခန်းမဆောင်က တောင်ခြေနဲ့နီးရုံတင်မက ကျွန်းရဲ့အလယ်နီးပါးမှာရှိနေခဲ့တာပါ။
ရန်ရှောင်ကျဲ့က ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ၀င်ပေါက်ရောက်ခင်မှာ ရပ်တန့်လိုက်ပြီ အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့သားတွေကို ပြုံးပြပြီပြောလာခဲ့ပါတယ်။
” ရှုစန်းရှိီနဲ့ ကျန်းနန်နန်ကို ဒီနေရာမှာငါအနားယူဖို့ ချထားပေးမှာမဟုတ်ဘူး..ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို၀င်တဲ့အတွေ့အကြုံလဲ သူတို့ရစေချင်တယ် ”
အဲ့ဒီနောက် ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ပြန်၀င်သွားရင်း တလေးတစားဦးညွတ်ပြီ ပြောလာခဲ့ပါတယ်။
” ဆရာသူတို့ပြန်လာပါပြီ ”
ဆရာဆိုတဲ့စကားကိုကြားချိန်မှာ အားလုံးကတော့လန့်သွားခဲ့ကြတယ်။ ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့နှစ်ယောက်စလုံးကလဲ အထိတ်တလန့်ဖြစ်ကုန်ကြပါပြီ။ သူတို့တွေက အတွင်းနယ်မြေရဲ့တပည့်သားတွေဖြစ်ပေမဲ့ ဒီစကားကဘာကိုဆိုလိုမှန်းသိနေခဲ့တယ်။
ရန်ရှောင်ကျဲ့က သိုင်းပညာ၀ိညာဥ်ကျောင်းတော်ရဲ့ ကျောင်းအုပ်ပါ။ သူအဆင့်က အတွင်းနယ်မြေတပည့်သားတွေရဲ့စိတ်ထဲမှာ အတော်ကိုမြင့်မားတဲ့နေရာရရှိထားပါတယ်။ အကြီးအကဲရွှမ်တောင်မှ ရန်ရှောင်ကျဲ့လောက် ကြီးမားလေလံတဲ့တာ၀န်တွေကို မထမ်းဆောင်ရပါဘူး။ ရန်ရှောင်ကျဲ့ရဲ့ဆရာက အသက်ရှင်လျက်ရှိနေမယ်လို့ ဘယ်သူမှမထင်ထားခဲ့မိတာအမှန်ပါ။
” အားလုံးပဲ ၀င်လာကြပါ ”
အိုမင်းနေတဲ့အသံကြီးတစ်သံက ထွက်လာပါတယ်။ အားလုံးရဲ့မျက်စိရှေ့မှာ မြင်ကွင်းကလဲ ပြောင်းလဲလို့သွားခဲ့ပါပြီ။
အရှေ့မှာရှိနေခဲ့တဲ့မီးခိုရောင်အဆောက်အအုံကြီးက ရုတ်တရက်ဆိုသလို အလင်းတန်းတွေတောက်ပလာပါတော့တယ်။ ရွှေရောင်အလင်းတန်းတွေနဲ့အတူ ခန်းမဆောင်ကြီးတစ်ခုကလဲ ရွှေရောင်ပြောင်းသွားခဲ့ပါပြီ။ ရွှေချင်ရွှေသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ အဆောက်အအုံကြီးအတိုင်း လင်းထိန်းလို့သွားခဲ့ပါတယ်။
ဒီလိုထူးထပ်ပြီနူးညံ့တဲ့ရွှေရောင်အလင်းတန်းက ရှိရှိသမျှလူတိုင်းကို လွှမ်းခြုံလို့သွားခဲ့တယ်။ နွေးထွေးပြီသိပ့်သည်းတဲ့အလင်းတန်းက လူတိုင်းရဲ့ခန္ဓာကိုယ်ကို အားဖြည့်စေခဲ့ပြီ လူတိုင်လွှတ်လပ်မှုတွေအားလုံးကလဲ အိမ်ကိုပြန်ရောက်လို့အနားယူလိုက်ရတဲ့အတိုင်း နေကောင်းလို့သွားပါတော့တယ်။
ရှုစန်းရှီကတော့ နှစ်နှစ်ခြိုက်ခြိုက်ရှိနေဆဲပါ။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကလဲ ဒီအလင်းတန်းနဲ့ထိတွေ့ချိန်မှာတခဏတာတုန်ရီလို့သွားခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အတွေ့အကြုံကတော့ အနက်ရှိုင်းဆုံးပါပဲ။ သူခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်ဖျော့ဖျော့အလင်းတန်းတွေက ဖုံးလွှမ်းလို့သွားခဲ့ပြီ တောက်ပတဲ့ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လာခဲ့ပါတယ်။ သူ့ရဲ့ဘယ်ဘက်လက်မောင်းတစ်ခုလုံးကလဲ ဆက်တိုက်ဆိုသလို ရွှေရောင်အလင်းတန်းတွေပြင်းပြင်းထန်ထန်ကြီးတောက်ပနေတော့တယ်။ ဒီသန့်စင်တဲ့ရွှေရောင်အလင်းတန်းက ရှိရှိသမျှအရာအားလုံးကို လွှမ်းခြုံနိုင်ခဲ့တာပါ။
အမျက်ဒေါသကျောင်းတော်ရဲ့အဖွဲ့သားတွေတင်မကပ ၀မ်ယန်တောင်မှ ဒီရွှေရောင်အလင်းတန်းကြောင့် မျက်လုံးကိုပိတ်လိုက်ပါတယ်။ ကျောင်းအုပ်လေးယောက်ကတော့ တိတ်တဆိတ်ပဲအထဲကို ၀င်သွားခဲ့ပါပြီ။ သူတို့က ဒီလိုရုတ်တရက် လင်းထိန်းလာတာနဲ့ပတ်သက်ပြီ သိပ်မတွေးမိပါဘူး။
ပေ့ပေ့ရဲ့မျက်နှာကတော့ ထူးဆန်းနေခဲ့သလို သူ့ရဲ့ခန္ဓာကိုယ်ရဲ့၀ိညာဥ်စွမ်းအားတွေကိုလဲ ထုတ်လွှတ်နေခဲ့ပါသေးတယ်။ အပြာရောင်နဲ့ ခရမ်းရောင်ရောစပ်ထားတဲ့ လျှပ်စီးတန်းတွေက ပျောက်ကွယ်လို့သွားခဲ့ပြီ နဂါးအော်သံတချို့ကိုပါကြားလိုက်ရတယ်။
အားလုံးလဲမတူညီတဲ့ခံစားချက်အမျိုးမျိုးကို ခံစားရပါတယ်။ ဟို့ယွိဟောင်ကတော့ ၀မ်သုန့်နောက်ကြီးမားတဲ့တုန့်ပြန်မှုမရှိပေမဲ့ သူ့ရဲ့ထိတ်လန့်မှုကတော့ ထပ်တူပါပဲ။
ဒီနေရာရဲ့လေထုထဲမှာရှိနေတယ်။ မိုးကောင်းကင်နဲ့မြေကြီးရဲ့အသက်စွမ်းအားတွေက တခြားနေရာတွေထက်အများကြီးပိုပြီးသိပ့်သည်းလို့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ထဲမှာ အိပ်စက်နေခဲ့တဲ့အင်အားကြီးအသိစိတ်ရှိသုံးခုက တစ်ချိန်ထဲမှာနိုးထလို့လာခဲ့ပါပြီ။
ဒီအသိစိတ်သုံးခုက သူတို့ရဲ့သက်ဆိုင်ရာအရှိန်အ၀ါတွေကို မထုတ်လွှတ်ထားခဲ့သလို ဟို့ယွိဟောင်နဲ့လဲ စကားပြောဆိုဖို့မကြိုးစားခဲ့ပါဘူး။ အကြီးအကဲလျှပ်စီးဧကရာဇ်ကသာ ဟို့ယွိဟောင်ကို အတွေးနဲ့ဆက်သွယ်ခဲ့ပါတယ်။ ဒီလူကအရမ်းကို ကြောက်စရာကောင်းလွန်လှတဲ့ အလင်းအရှိန်အ၀ါကို ပိုင်ဆိုင်ထားတဲ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်က အသက်ရှိနေစဥ်ကာလမှာ လျှပ်စီးဧကရာဇ်နဲ့အတူတူလောက်နီးပါးဖြစ်တယ်လို့ သူပြောနေခဲ့တယ်။
ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ကတော့ သူတို့ကိုယ်သူတို့ ဖုံးကွယ်လိုက်ကြပါပြီ။ ဒီအလင်းစွမ်းအားရဲ့သခင်သူတို့ကို ရှာဖွေတွေ့ရှိသွားတာနဲ့ အန္တရာယ်လဲကျရောက်နိုင်တယ်လို့ တွေးနေခဲ့တယ်။
ဒီလူက အကြီးအကဲရွှမ်ထက်ပိုပြီး အင်အားကြီးနိုင်မှာလား ဟို့ယွိဟောင်က သူ့ရဲ့နှလုံးသားကြွက်သားတွေတောင် တင်းမာလာသလိုခံစားလိုက်မိပါတယ်။ သူ့ရဲ့မူလအတွေ့အကြုံအရ အကြီးအကဲရွှမ်နဲ့ ကျောင်းအုပ်နဲ့ကျောင်းအုပ်တွေကသာ အရမ်းကိုအင်အားကြီးတဲ့သူတွေပါ။ ဒါပေမယ့် ကျောင်းတော်ရဲ့အင်အားက ဒီနေရာမှာရပ်တန့်သွားပုံမပေါ်ပါဘူး။ ရန်ရှောင်ကျဲ့ရဲ့ဆရာတောင်ရှိနေခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့အတွေးတွေက ဒီနေရာမှာတင် ရပ်တန့်လို့သွားခဲ့ပါပြီ။ သိပ့်သည်းတဲ့အလင်းတန်းရဲ့အောက်မှာ တရားထိုင်နေတဲ့အခြေအနေကို သူ၀င်ရောက်သွားပါတော့တယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကို သူစတင်အသုံးပြုပြီး အင်အားကိုလှည့်ပတ်လိုက်ချိန်မှာတော့ သူ့ရဲ့ကျင့်ကြံဆင့်က တစ်ဆင့်ထက်တစ်ဆင့် ပိုမြင့်တက်လာပါတော့တယ်။
ရွှေလိုအသက်ရဲ့ ပေါင်းစည်းမှုနဲ့အတူ သဟဇာတဖြစ်ပြီတဲ့နောက် ခန္ဓာကိုယ်ရဲ့ တောင့်ခံနိုင်စွမ်းကအများကြီးပိုပြီးအင်အားကြီးလာခဲ့ပါပြီ။ ဒါ့အပြင် အသက်စွမ်းအားကလဲ ပိုပြီးကြွယ်၀လို့လာခဲ့ပါတယ်။ အသက်မျက်လုံးက ဒီသိပ့်သည်းတဲ့အလင်းအရှိန်အ၀ါအောက်မှာစတင်လွှင့်မျောနေရင်း အသက်စွမ်းအတွေကိုစုပ်ယူပြီ စတင်လှည့်ပတ်လာပါတော့တယ်။
ထူးဆန်းကောင်းကင်နည်းလမ်းရဲ့၀ိညာဥ်စွမ်းအားတွေက ချောချောမွေ့မွေ့လှည့်ပတ်နေခဲ့ပြီ သိပ့်သည်းတဲ့အသက်စွမ်းအားတွေက သူ့၀ိညာဥ်ထဲဆီကိုတိုက်ရိုက်စီးဆင်းလို့လာခဲ့တယ်။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားတွေက မူလမှာအဆင့်နှစ်ဆယ်ရှစ်၀န်းကျင်ရှိပြီ အဆင့်နှစ်ဆယ်ကိုးနားဖြတ်ကျော်တိုးတက်မှာပါ။ အခုလိုအချိန်အခိုက်အတန့်လေးအတွင်းမှာပဲ အဆင့်နှစ်ဆယ်ကိုးကိုတက်သွားပါတော့တယ်။
တစ်မိနစ်လောက်သာကုန်ခဲ့ပေမဲ့ ရာစုနှစ်တစ်ခုစာကြာမြင့်သလိုပါပဲ။ နွေးထွေးတောက်ပတဲ့အလင်းတန်းတွေ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီ အားလုံးလဲထူးခြားတဲ့အတွေ့အကြုံကနေ ပြန်လည်နိုးထလို့လာခဲ့ပါပြီ။
ပထမဆုံးသတိ၀င်လာသူကတော့ ထိုက်ယွဲ့ဟန်ဖြစ်ပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က အမြင့်ဆုံးပါ သူ့ရဲ့မျက်နှာပေါ်မှာလဲ မယုံနိုင်မှုက အထင်သားဖြစ်ပေါ်နေခဲ့တယ်။ လက်ရှိအချိန်မှာ ရပ်တန့်နေခဲ့တဲ့ ၀ိညာဥ်စွမ်းအားကလဲ တိုးတက်လို့လာခဲ့ပါပြီ။ အတော်လေးကို စိန်ခေါ်မှုဖြစ်စေတဲ့ အဆင့်တစ်ဆင့်ကို သူမြင့်တက်လို့သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီ၀ိညာဥ်စွမ်းအားတိုးတက်မှုက သန့်စင်ရုံတင်မက အများကြီးပိုပြီးခိုင်မာနေတာကိုပါ သူသဘောပေါက်လို့သွားခဲ့တယ်။ ဒီလိုအလင်းတန်းက မိနစ်ပိုင်းအတွင်းလေးကို တိုးမြင့်စေနိုင်တာပါ။
ဟို့ယွိဟောင်အနေနဲ့ တူညီတဲ့ခံစားချက်မျိုးကို မခံစားခဲ့ရတာကတော့ သူအနေနဲ့ အဆင့်တက်တာအရမ်းကိုမြန်နေခဲ့လို့ပါပဲ။ ရွှေလိုအသက်ရဲ့သန့်စင်မှုက လက်ရှိအချိန်မှာ သိသာတဲ့အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါကြောင့် သူ့ခန္ဓာကိုယ်အပေါ်အလင်းစွမ်းအင်ရဲ့ သက်ရောက်မှုက ၀ိညာဥ်စွမ်းအားကို သန့်စင်တဲ့အထောက်အကူဖြစ်လာစေတာပါ။
လင်းလော့ချန် ပေ့ပေ့နဲ့တခြားသူတွေအားလုံးကလဲ ထိုက်ယွဲ့ဟန်ပြီတဲ့နောက် တစ်ယောက်ပြီတစ်ယောက်သတိ၀င်လာခဲ့ပါတယ်။ ရှုစန်းရှီလဲ နိုးထလာပြီ သူ့မျက်နှာအခြေအနေက အတော်လေးကောင်းလာခဲ့ပါပြီ။ သူဆုံးရှုံးသွားခဲ့တဲ့အသက်စွမ်းအားတွေအားလုံးနီးပါးကို ပြန်လိုက်ရသလိုပါပဲ။ အရှေ့မှာရှိနေတဲ့ သုံးထပ်ဆောင်ကြီးကိုကြည့်ရင်း သူမေးလာခဲ့တယ်။
” ဒါဘယ်ကိုရောက်နေတာလဲ ”
အစောပိုင်းကထဲက ဒဏ်ရာအနည်းငယ်သက်သာစပြုလာတဲ့ကျန်းနန်နန်ရဲ့ ရွှေရောင်အလင်းတန်းတွေကို ကုသမှုကပိုမိုမြန်ဆန်လာခဲ့ပါတယ်။ သူမက ရှုစန်းရှီရဲ့ အနားနားကိုကပ်ပြီအခြေအနေတချို့ကို လိုလိုလားလားရှင်းပြနေခဲ့တယ်။
” နန်နန် မင်းအဆင်ပြေရဲ့လား ”
ရှုစန်းရှီက မေးလာခဲ့တယ်။ ကျန်းနန်နန်ကတော့ ခေါင်းသာအနည်းငယ်ခါနေခဲ့ပါတယ်။ သူမရဲ့မျက်နှာအမူအရာက ရှုပ်ထွေးနေပုံပဲ။
” သွားကြစို့ ဘာမှမဖြစ်ခင်အထဲ၀င်ကြမယ် ”
ပေ့ပေ့က ရှုစန်းရှီကို သယ်လာရင်ပြောလာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ အခုအချိန်မှာနိုးလာခဲ့ပါပြီ။ အံ့ဩစရာကောင်းလောက်အောင်ပဲ သူ့ရဲ့ ၀ိညာဥ်စွမ်းအားက ဒီအတိုင်းအဆင့်နှစ်ဆယ်ကိုးကိုတက်သွားတာ တွေ့လိုက်ရပါတယ်။ သူကြည့်လိုက်မယ်ဆိုရင် အချိန်သိပ်တောင်မကုန်သေးသလိုပါပဲ။
” ဒါကဘယ်လိုစွမ်းအားမျိုလဲ သိပ့်သည်းလွန်လှတဲ့ အသက်စွမ်းအားတွေ ပါ၀င်နေတဲ့အလင်းစွမ်းအင်ကို ၀ိညာဥ်ပညာရှင်တွေက အောင်မြင်နိုင်တာလား။
၀မ်သုန့်ကတော့နောက်ဆုံးမှာနိုးလာတဲ့သူဖြစ်နေခဲ့တယ်။ သူဘယ်လောက်အထိ အတွေ့အကြုံကောင်းကောင်းရသွားလဲဆိုတာကို ဟို့ယွိဟောင်ကြည့်ရုံနဲ့သိနေခဲ့ပါပြီ။ ဘယ်ဘက်လက်မောင်းမှာရွှေရောင်အလင်းတန်းက အခုအချိန်ထိတောင် မှိန်မသွားသေးပါဘူး။
ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို အားလုံးနိုးလာပြီမှ သူတို့၀င်ခဲ့ကြပါတယ်။ အလင်းတန်းနဲ့သန့်စင်တာခံလိုက်ရတဲ့အတွက် ဒီသုံးထပ်ဆောင်ကြီးက သူတို့မျက်လုံးထဲမှာ ပိုမိုခမ်းနားလို့လာခဲ့ပါပြီ။ အားလုံးကသန့်စင်မှုကို ခံစားနေရင်းအထဲကိုဖြည်းဖြည်းချင်း ၀င်လာခဲ့ပါတယ်။
ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ပထမအလွှာကိုရောက်ချိန်မှာအားလုံးက အင်မတန်ရိုးရှင်းနေတာကို မြင်လိုက်ရပါတယ်။ အလှဆင်ထားတာတွေနဲ့ ပရိဘောဂတွေအားလုံးက ထူးခြားတဲ့သစ်သားတွေနဲ့ ပြုလုပ်ထားသလိုပါပဲ။ ပင်လယ်နတ်ဘုရားခန်းမဆောင်နဲ့ တစ်ပုံစံထဲတူညီနေခဲ့တယ်။
ခန်းမကြီးရဲ့အလယ်ဗဟိုမှာတော့ ရှည်လျားတဲ့စားပွဲခုံကြီးတစ်ခုရှိနေပါတယ်။ ကျောင်းအုပ်လေးယောက်နဲ့ အကြီးအကဲရွှမ်တို့က ဘေးမှာထိုင်နေခဲ့ကြတယ်။ ဖန်းယွီကတော့ ရှန်လင်းအယ်နဲ့ ချင်းသောသောနောက်မှာရပ်နေခဲ့ပါတယ်။ ဒီခုံမှာထိုင်ဖို့သူတို့အနေနဲ့ အဆင့်အတန်းမပြည့်မီသေးတာ အသိအသာကြီးပါပဲ။ ဘေးမှာရပ်နေခဲ့တဲ့အကြီးအကဲတွေလဲအများကြီးရှိသလို ဟို့ယွိဟောင်အနေနဲ့ အတော်များများကို မသိပါဘူး။ ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ကတော့ တချို့ကိုသိကြပါတယ်။
ဟို့ယွိဟောင်နဲ့ တခြားသူတွေလဲ စားပွဲရှေ့မှာရပ်နေခဲ့ပြီ စိတ်လှုပ်ရှားနေခဲ့မိတယ်။ တကယ်တော့ တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့တာပါ။ ဒီနေရာက ပင်လယ်နတ်ဘုရားခန်းမဆောင်ဖြစ်နေတဲ့အပြင် သူတို့ရှေ့မှာထိုင်နေတဲ့သူတွေအားလုံးက ကျောင်းတော်ရဲ့အင်အားအကြီးဆုံးသူတွေပါပဲ။ ဒီလိုအရေးကြီးတဲ့ခံစားချက်ကောင်းနဲ့ ထိတ်လန့်မှုက ကျောင်းတော်ရဲ့ကျောင်းအုပ်လေးယောက်ထက်ပိုမြင့်တဲ့သူရှိတယ်ဆိုတာ နားလည်ပြီချိန်မှာကြီးမားလာပါတော့တယ်။ ရန်ရှောင်ကျဲ့က ပြုံးပြရင်းပြောလာခဲ့တယ်။
” ကလေးတို့ကြိုဆိုပါတယ်..မင်းတို့တွေဒါကိုကြားဖူးသည်ဖြစ်စေ မကြားဖူးသည်ဖြစ်စေ ငါရှင်းပြမယ်…ပင်လယ်နတ်ဘုရားခန်းမဆောင်က တရား၀င်စီးပွားရေးကိစ္စတွေနဲ့ အစည်းအဝေးပြုလုပ်တဲ့အဓိကနေရာကြီးပဲ ဒါ့အပြင် ဆွေးနွေးပွဲတွေကိုလဲ ဒီနေရာမှာကျင်းပကြတယ်..အနာဂတ်ရဲ့သွားရမဲ့လမ်းတွေခရ်ီးစဥ်တွေအားလုံးကိုလဲ ဒီနေရာမှာပဲ ဆုံးဖြတ်တယ်…ဒီနေရာရှိသူတွေထဲမှာ ကျောင်းအုပ်လေးယောက်နဲ့ အကြီးအကဲတွေကလဲ ကျန်တဲ့သူတွေအားလုံးက ကျောင်းတော်အတွက် ကြီးကြီးမားမားစွမ်းဆောင်ပေးထားတာတွေကြီးပဲ ”
” မင်းတို့ကကျောင်းတော်ကို ကိုယ်စားပြုပြီး လူမပြည့်တဲ့အသင်းတစ်ခုဖြစ်နေတာတောင် ချန်ပီယံကိုရအောင်ယူလာခဲ့တယ်…ငါကိစ္စတွေအားလုံးကို ကြားပြီပြီ ဒါကြောင့်သာ အားလုံးကိုဆုချပြီကျေးဇူးပြုတဲ့အနေနဲ့ ကျောင်းတော်ကနေ ဒီနေရာကိုတိုက်ရိုက်ခေါ်လာခဲ့တာပဲ ဒီအောင်မြင်မှုကို မာန်မာနမထားပဲ အနာဂတ်မှာလဲ ကြိုးကြိုးစားလုပ်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ကြပါတယ် ”
အားလုံးကတော့ ချက်ချင်းဆိုသလို ခုံဘေးပတ်လည်မှာထိုင်နေခဲ့တဲ့ အကြီးအကဲတွေကိုတလေးတစား ဦးညွတ်လိုက်ကြတော့တယ်။ ရန်ရှောင်ကျဲ့ကလဲ ဒီအကြီးအကဲတွေကိုမိတ်ဆက်မပေးတဲ့အတွက် အနည်းငယ်အံ့အားသင့်နေခဲ့မိတယ်။
ရန်ရှောင်ကျဲ့က မမေ့ခဲ့ပါဘူး။ ဒါကပင်လယ်နတ်ဘုရားနတ်ခန်းမဆောင်ရဲ့စည်းမျဥ်းပါပဲ။ ဟို့ယွိဟောင်နဲ့ တခြားသူတွေကို ခွင့်ပြုတာနဲ့တင် ချွင်းချက်ဖြစ်နေခဲ့ပါပြီ။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရှိတဲ့ အရာတွေအားလုံးက အဓိကလျှို့၀ှက်ချက်တွေကြီးပါပဲ။ ပင်လယ်နတ်ဘုရားခန်းမဆောင်လူမဟုတ်တဲ့ ဘယ်သူမဆိုသိခွင့်မရှိပါဘူး။
” ဆုလာဘ်တွေကိုကြော်ငြာပေးပါ့မယ် ”
ရန်ရှောင်ကျဲ့က လေးလေးနက်နက်နဲ့ ပြောလာခဲ့တယ်။
” ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန် ”
” ရှိပါတယ် ”
ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်က တလေးတစားဦးညွတ်လိုက်ကြတယ်။ ရန်ရှောင်ကျဲ့က ဆက်ပြောပါတယ်။
” မင်းတို့နှစ်ယောက်စလုံးက မာရှောင်ထောင့်နဲ့ အတွင်းတပည့်သားတွေဖြစ်ခဲ့တယ်…မင်းတို့အနေနဲ့ ကင်းထောက်တဲ့လုပ်ငန်းတာ၀န်မှာကိုယ်ရဲ့ညီနောင်သားချင်တွေကို မကာကွယ်နိုင်ခဲ့ဘူး..မင်းတို့ရဲ့အဖွဲ့သားတွေအားလုံးက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့သလို ဒါကလဲတိုက်ကြီးရဲ့ ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲကိုအများကြီးထိခိုက်စေခဲ့တယ်..ဒါကကြီးမားတဲ့အမှားတစ်ခုပဲ ”
ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်နှစ်ယောက်စလုံးက ဒါကိုတွေးမထားခဲ့ပါဘူး။ သူတို့နှစ်ယောက်စလုံးက ကြောက်လန့်တကြားဖြူဖျော့သွားပါတော့တယ်။
ရန်ရှောင်ကျဲ့ရဲ့မျက်နှာက မဲမှောင်လို့သွားခဲ့ပြီ သူဆက်ပြောတော့တယ်။
” ဘာလဲမင်းတို့က ဒါကိုဒီအတိုင်းကျော်သွားမယ်ထင်နေတာလား မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်နှစ်ယောက်က အဖွဲ့ရဲ့အဓိကတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေပဲ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေဆိုတာ ဘာလုပ်ရမှာလဲ သေချာပေါက် အန္တရာယ်ကိုရင်ဆိုင်ပြီ သူတို့အဖွဲ့သားတွေကိုကာကွယ်ပေးရမှာလေ မင်းတို့ဒါမျိုးလုပ်ခဲ့ရဲ့လား ”
” လင်းလော့ချန်မင်းက အဓိကထိန်းချုပ်ရေး၀ိညာဥ်ပညာရှင် ဒါပေမယ့် တိုက်ပွဲတစ်ခုကိုထိန်းချုပ်တဲ့ကိုယ်ရဲ့အခြေအနေကို တွက်ချက်မိရဲ့လား ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက အချိန်ကိုက်သတိပေးတာကြောင့်သာ မဟုတ်ရင် မင်းတစ်တဆဆီတောင် ပြန်ကောက်လို့ရမှာမဟုတ်ဘူး ဟုတ်တယ်ဟုတ် ”
” မင်းတို့ရဲ့မညီညွတ်မှုကြောင့် မင်းတို့ရဲ့မိတ်ဆွေတွေနဲ့ ညီနောင်သားချင်တွေအများကြီးထိခိုက်ခဲ့တယ်ဆိုတာ ပြောလို့ရတယ်..ဒါကရန်သူကိုမင်းတို့လျှော့တွက်ခဲ့မိလို့ပဲ အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းတပည့်သားတွေက ဘယ်လိုတိုက်ပွဲအင်အားမျိုးကို ထုတ်ဖော်ပြသခဲ့လဲဆိုတာ သိကြတယ်မလား အပြင်နယ်မြေရဲ့တပည့်သားတွေသာတောင် မင်းတို့လောက်သန်မာမယ်ဆိုရင် သေချာပေါက် သူတို့အကောင်းဆုံးကြိုးစားကြမှာပဲ ဒါပေမယ့် မင်းတို့ဘာလုပ်ခဲ့ကြလဲ ”
ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်နှစ်ယောက်ကတော့ ရန်ရှောင်ကျဲ့ရဲ့ဆူပူသံအောက်မှာ ခေါင်းငုံ့နေခဲ့ရပါတယ်။ သူ့ကိုပြန်မပြော၀ံ့ပါဘူး။ ကျောင်းအုပ်ကအမှန်တရားကိုပြောနေတယ်ဆိုတာလဲ သူတို့သိနေခဲ့ပါတယ်။ ရန်ရှောင်ကျဲ့ရဲ့အသံက အနည်းငယ်တုန်ရီလို့နေခဲ့တယ်။
” မင်းတို့တွေက အဲ့ဒီနောက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်လက်ရည်ယှဥ်ပွဲကို ၀င်ခဲ့တယ်..ဒီအကြိုအဖွဲ့က မင်းတို့ရဲ့ဒဏ်ရာတွေကို ကုသဖို့အချိန်ယူပြီအများကြီးတိုက်ခိုက်ခဲ့ရတယ်…အဲ့ဒီနောက် သူတို့အဖွဲ့လိုက် ကြိုးစားတိုက်ခိုက်ရင်း ဒီချန်ပီယံဖြစ်အောင်ရယူနိုင်ခဲ့တာပဲ ကျောင်းတော်က ဒီကြိုးစားအားထုတ်မှုကို ကောင်းကောင်းသိတယ်..ဒါပေမယ့် မင်းတို့ကအတွင်းနယ်မြေရဲ့တပည့်သားတွေ အဓိကအဖွဲ့ရဲ့လူတွေလဲဖြစ်တယ်…မင်းတို့က ယှဥ်လိုက်မယ်ဆိုရင်သေးငယ်တဲ့ဆုရလဒ်ကိုပဲရလိုက်ဦးမယ်..မင်းတို့ရဲ့အောင်မြင်မှုတွေက အမှားတွေကိုတော့ ချေဖျက်ပေးနိုင်လိမ့်မယ်…ဒါကြောင့် မင်းတို့တွေကိုမှတ်တမ်းထဲမှာထည့်ထားမှာမဟုတ်ဘူး..ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူကြမယ်လို့မျှော်လင့်ပါတယ်..ဘ၀ဆိုတာ တန်ကြေးရှိတယ် အသက်ဆိုတာနောက်တစ်ချောင်းမရှိနိုင်ဘူး..ဒီကိစ္စကိုမြဲမြဲမှတ်ထားကြ ”
” ကျေးဇူးတင်ပါတယ် ကျောင်းအုပ် ”
ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်နှစ်ယောက်လဲ သက်ပြင်းချမိပါတော့တယ်။ အကယ်၍ ဒီကိစ္စကြီးကိုသာ ကျောင်းတော်ထဲမှာမှတ်တမ်းအတင်ခံထားရမယ်ဆိုရင် သူတို့တစ်ဘ၀တာလုံးအမဲစက်ဖြစ်သွားမှာပါ။
အတွင်းနယ်မြေရဲ့ တပည့်သားတွေနဲ့ အပြင်နယ်မြေရဲ့တပည့်သားတွေထဲမှာ ကွာခြားချက်က ကြီးမားလွန်လှပါတယ်။ အတွင်းနယ်မြေရဲ့ တပည့်သားတွေက များပြားတဲ့အရင်းအမြစ်တွေ သယံဇာတတွေတောင် မြေတောင်မြောက်ပေးခံထားရသလို အကောင်းဆုံးသင်ကြားပြသမှုကိုလဲ ရရှိထားပါတယ်။ ကျောင်းတော်အနေနဲ့ သူတို့ကို အများကြီးမျှော်လင့်ထားတာက ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒါကြောင့်သာ ရန်ရှောင်ကျဲ့က သူတို့ကိုဆုလာဘ်လျှော့ပေးတာဖြစ်ပါတယ်။
အပိုင်း ၁၂၈•၃ ပြီး၏။